Short story 2
Viewers 9k

Short story


တစ်ခန်းရပ်ဇာတ်လမ်း ( ၂ ) 🖌️🚨


ယခင်နှင် လက်ရှိပါတနာများအကြားမှ အတောမသတ်နိုင်သော ပဋိပက္ခ


တစ်ညတွင်...


 ဖက်ထုပ်များကို ပြုတ်ထားပြီးဖြစ်ကာ စားပွဲပေါ်တွင်လည်း ပန်းကန်ခွက်ယောက်များ အဆင်သင့်ပြင်ထားသည်။ မစားမီအချိန်တွင် လူကြီးမင်းဟယ်က စားဖိုမှူးလေးစုန့်နှင့်အတူ ယခင်နှင့် လက်ရှိပါတနာအကြား ပဋိပက္ခကို စတင်ရန်ကြိုးပမ်းလိုက်သည်။ 


‌ယခင်ပါတနာက စောဒကတက်လိုက်သည်။ 


" ဒါလင် ကိုယ်တို့အချင်းချင်း ဆုံတောင်မဆုံဖူးသေးပဲ မင်းက ကိုယ့်ကို အရင်ပါတနာလုပ်ပစ်လိုက်ပြီး တိုက်ခိုက်ဖို့ အခွင့်အရေးလေးတောင် မပေးခဲ့ဖူးနော်... ကိုယ် အရမ်းနာကျင်ရတာပဲ... လာပါဦး ကိုယ့်ကို နှစ်သိမ့်အနမ်းလေးပေးပါဦး..."


စုန့်ရန် မျက်နှာနီရဲနေလျက် သူ့ကိုနမ်းလိုက်ရသည်။ 


လက်ရှိပါတနာက သက်ပြင်းချလိုက်သည်။ 


" သူက အရင်ပါတနာဟောင်းဖြစ်နေတာတောင်မှ မင်းက သူ့ကို နမ်းတယ်ပေါ့လေ... ကိုယ့်ဇနီးလေးက ကိုယ့်ရှေ့မှာတင် ဖောက်ပြန်နေပြီပေါ့... လာပါဦး တောင်းပန် အနမ်းလေးပေးပါဦး..."


စုန့်ရန် မျက်နှာနီရဲနေလျက် သူ့ကိုနမ်းလိုက်ရပြန်သည်။


(T/N - အရင်ပါတနာကလည်းသူ၊ အခုပါတနာကလည်းသူပါပဲ အနမ်းခံချင်လို့ လုပ်ကြံနေတာပါ နှစ်မျိုးရေးထားတော့ ရောကုန်မှာစိုးလို့ ) 


ယခင်ပါတနာက စုန့်ရန်ကိုဆွဲဆောင်နေသည်။


" ကိုယ်က ချောတယ်၊ ခန္ဓာကိုယ်လည်းတောင့်တယ်၊ စတိုင်ကျကျလည်း ဝတ်စားတတ်တယ်လေ... ကိုယ်ကမှ မင်းအကြိုက် မဟုတ်ဘူးလား...လာပါဦး ကိုယ့်ကိုနမ်းမယ်ဆို မင်းရှေ့မှာ အဝတ်တစ်ထပ်ချွတ်ပြမယ်..."


စုန့်ရန် မျက်နှာနီရဲနေလျက် သူ့ကိုနမ်းလိုက်ရပြန်သည်။


လက်ရှိပါတနာကလည်း လက်မလျှော့သေးပေ။ 


" ကိုယ့်ကိုကြည့်လေ ကိုယ်က ချမ်းသာတယ်၊ လူကြီးလူကောင်းဆန်တယ်၊ မင်းကိုလည်း အလိုလိုက်သေးတယ်... ကိုယ်ကမှ မင်းရဲ့ပါတနာဆိုတဲ့နေရာနဲ့ လိုက်ဖက်တာ မဟုတ်ဘူးလား... လာပါဦး ကိုယ့်ကိုနမ်းရင် မင်းလိုချင်တဲ့ဆုတစ်ခု ဖြည့်ဆည်းပေးမယ်..."


စုန့်ရန် မျက်နှာနီရဲနေလျက် သူ့ကိုနမ်းရပြန်သည်။


ယခင်ပါတနာ၏မျက်နှာထက်တွင် စိတ်ပျက်သည့် အမူအရာတစ်မျိုး ပေါ်လာပြန်သည်။


" ဘာပဲဖြစ်ဖြစ်လေ 'အရင်' ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက နော်တော်လေး စိတ်မလုံမခြုံ ဖြစ်သွားနိုင်တယ်... အဲဒါအတွက် ကိုယ့်ကို အနမ်းတွေနဲ့ လျော်ကြေးပေးရမယ်..."


စုန့်ရန် မျက်နှာနီရဲနေလျက် သူ့ကို အနမ်းနှစ်ပွင့် ပေးလိုက်သည်။ 


လက်ရှိပါတနာ၏မျက်နှာထက်တွင် မထီမဲ့မြင် အမူအရာမျိုး ပေါ်လာသည်။ 


" လက်ရှိပါတနာအနေနဲ့ ကိုယ်က ကြိုက်သလိုလုပ်ခွင့်လည်းရှိတယ် အနမ်းတွေလည်း ကြိုက်သလောက် တောင်းဆိုလို့ ရတယ်မလား..."


စုန့်ရန်က မျက်နှာကြီးနီရဲနေလျက် သူ့ကို အနမ်းများစွာပေးလိုက်ရသည်။ 


ယခင်ပါတနာကလည်း ပြောသည်။


" ကိုယ်က မင်းရဲ့အရင်လူဖြစ်သွားပြီဆိုတော့ မင်းကို တခြားလူက ပိုင်သွားပါပြီ... အဲဒါကြောင့်မို့ ထပ်နမ်းလို့ မရတော့ဘူး... လာပါဦး မင်းအရင်က ချစ်ခဲ့ရတဲ့လူကို တစ်ဘဝလုံးစာအနမ်းတွေ ပေးလိုက်ပါ... "


စုန့်ရန် ရှက်ရွံ့စွာဖြင့် တင်ပါးကို လှုပ်လိုက်သည်။


" ခင်ဗျားဟာကို မထည့်ခင် ဘယ်လောက်တောင် နမ်းခိုင်းစေချင်နေတာလဲ..."


(T/N - အပေါ်မှာ ဖက်ထုပ်စားဖို့ပြုတ်ထားပြီး စားပွဲပါပြင်ထားတယ်ဆိုတော့ ညစာစားမယ်‌ထင်နေတာ တကယ်တော့ papapaဖို့ကို ကုဒ်တွေနဲ့ ပြောနေတာပါရှင် ဒီနားရောက်မှသိတယ် ငါ့နှယ် T T )


လူကြီးမင်းဟယ်က လူယုတ်မာပြုံးပြုံးလိုက်သည်။


" မလောပါနဲ့... အရင်ပါတနာနဲ့ အခုပါတနာကြားမှာ ရှင်းစရာကိစ္စတွေ အများကြီးရှိသေးတယ်..."


စုန့်ရန် ငိုချင်စိတ်ပေါက်လာသည်။


" ခင်ဗျားဘာလို့ သဘောထားသေးသိမ်နေရတာလဲ... ကျွန်တော် မှားပါတယ် ဟုတ်ပြီလား... ကျွန်တော်မှားပါတယ်လို့ ဝန်ခံရင် ရပြီမလား... မြန်မြန် ထည့်ပါတော့..."


🖌️🖌️🖌️🖌️🖌️