Short story
တစ်ခန်းရပ်ဇာတ်လမ်း ( ၁ ) 🖌️🚨
မစ္စတာစုန့် ဖက်ထုပ်ဆိုင်၏ နေ့စဉ်စီးပွားရေးလုပ်ငန်း
တစ်ရက်တွင် ညသန်းခေါင်အချိန်၌....
ဟယ်ကျစ်ယွမ် အလုပ်အတွက် နောက်ဆုံးအီးမေးလ်တစ်စောင်ပို့ပြီးသည့်နောက်တွင် ရေချိုးခန်းထဲဝင်ပြီး ရေပူပူဖြင့် ချိုးလိုက်သည်။ သူ ပြန်ထွက်လာချိန်တွင် ရေချိုးဝတ်ရုံဝတ်ထားလိုက်ပြီး အဖြူရောင်ဂွမ်းကပ်ကြီးက ဖုဖောင်းပြီး လှုပ်စိလှုပ်စိဖြစ်နေသည်ကို မြင်လိုက်ရသည်။
သူ အိပ်ရာဘေးကို လျှောက်လာပြီး လက်ပိုက်လိုက်သော်လည်း မျက်နှာက ပြုံးနေသည်။
" ဒီနေ့ရော ဖက်ထုပ်ဆိုင်ဖွင့်တာလား..."
" ဖက်ထုပ်ဆိုင်က ဈေးရောင်းနေတာလေ မဖွင့်ပဲနေရဲပါ့မလား..."
ဂွမ်းစောင်အတွင်းမှ စုန့်ရန်၏ ခပ်အုပ်အုပ်အသံထွက်ပေါ်လာသည်။
" ခင်ဗျားအတွက်ဆို ဆိုင်တံခါးကိုတောင် ဖျက်ထားပြီးတော့ ဘယ်အချိန်မဆို ချက်ပေးရမှာပေါ့... ဘယ်လောက်စားချင်တာဖြစ်ဖြစ် ကျွေးရမှာပဲ..."
လူကြီးမင်းဟယ်က အိပ်ရာဘေးရှိ အံဆွဲကိုဖွင့်ပြီး သူ ဖက်ထုပ်စားချိန်တွင်သုံးသည့် ကိရိယာများကို ထုတ်လိုက်သည်။
၎င်းက ကွန်ဒုံးတစ်ခုနှင့် ချောဆီတစ်ပုလင်းဖြစ်သည်။
ထိုအသံကြားသည့်အခါ ဧရာမဖက်ထုပ်ဖြူဖြူကြီးက တစ်ချက် တုန်ယင်သွားသည်။ သူ ကြောက်ကြောက်လန့်လန့်ဖြင့် အိပ်ရာအစွန်းကို ဆယ်စင်တီမီတာခန့် ရွှေ့သွားချိန်တွင် ဆာလောင်မွတ်သပ်နေသော လူကြီးမင်းဟယ်က သူ့ဘက်သို့ပြန်ဆွဲခြင်းကို ခံလိုက်ရသည်။
စုန့်ရန် စောင်ထဲမှ ခေါင်းပြူထွက်လာချိန်တွင် သူ့အနက်ရောင်ဆံပင်များက ရှုပ်ပွနေသည်။
" လူကြီးမင်းဟယ် ကျွန်တော်တို့ ဒီနေ့ အေးအေးဆေးဆေးပဲ လုပ်လို့မရဘူးလားဟင်... ကျွန်တော် အလုပ်မလုပ်နိုင်တာ ရက်တော်တော်များနေပြီ..."
မတ်တပ်ရပ်ပြီး ပန်းချီဆွဲရင်လည်း တင်ပါးက နာလာတယ်...
ထိုင်ပြီးပန်းချီဆွဲရင်လည်း အတွင်းထဲက အောင့်တက်လာတယ်...
စက်ဘီးစီးပြီး ပုပုကိုသွားကြိုရင် နှစ်ခုလုံးနာနေလို့ ပုပုဆရာမကတောင် နေမကောင်းဖြစ်နေတာလားလို့ မေးယူတဲ့အထိပဲ...
" တောင်ကုန်းတွေရှိနေသရွေ့ ထင်းကုန်မှာ စိတ်ပူစရာမလိုပါဘူး... ခင်ဗျား စားဖိုမှူးကို မသေရုံတမယ်လုပ်နေရင် ဖက်ထုပ်ကောင်းကောင်းစားရတော့မှာမဟုတ်ဘူးနော်..."
စုန့်ရန်က နည်းလမ်းကျကျရှင်းပြလိုက်ပြီး ဝမ်းနည်းနေဟန်ဖြင့် ပြောလိုက်သည်။
" လူကြီးမင်းဟယ် ကျွန်တော် တောင်းဆိုတာပါ..."
လူကြီးမင်းဟယ်က ဖက်ထုပ်အစာကို ဖက်ထုပ်ရွက်ထဲမှ ထုတ်လိုက်သကဲ့သို့ စုန့်ရန်၏ အတွင်းခံဘောင်းဘီကိုချွတ်လိုက်ပြီး အိပ်ရာပေါ် ဖိထားလိုက်သည်။
" မင်း ကိုယ့်ကို ဘယ်လိုခေါ်သင့်လဲ... ဟင်..."
စုန့်ရန် မျက်တောင်ခတ်လိုက်သည်။
" လူကြီးမင်းဟယ်..."
" မှားတယ်..."
စုန့်ရန် အမှန်ပြင်လိုက်သည်။
" ကျစ်ယွမ်..."
" မှားတယ်..."
စုန့်ရန် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
" ယောက်ျား..."
" မှားတယ်..."
“…”
စုန့်ရန် သည်းမခံနိုင်တော့၍ အော်လိုက်သည်။
" ကျွန်တော့်ကို ကြိုက်တာလုပ်လို့ရတယ် အဲ့ဒါကို ခေါ်မယ့်အစား သေပဲသေလိုက်မယ်..."
လူကြီးမင်းဟယ်က စုန့်ရန်ကို မည်သည့်အခါကမှ အတင်းအကြပ်မပြုလုပ်ဖူးသည့် စိတ်ရှည်သော လက်တွဲဖော်တစ်ယောက်ဖြစ်သည်။ သူ စုန့်ရန်ကို ပြင်းပြစွာဖြင့် နမ်းလိုက်ပြီး ငြင်သာစွာပွတ်သပ်ပေးနေကာ သူ၏အဖိုးတန်ချစ်သူလေးကို အစွမ်းကုန် ချစ်ခင်ပြနေသည်။
လတ်ဆတ်သော ဖက်ထုပ်စွပ်ပြုတ်လေးမှာ တစ်ကြိမ်တွင် တစ်ကိုက်နှုန်းဖြင့် အစားခံလိုက်ရပြီးသည့်နောက်တွင် တစ်စက်မှ မကျန်တော့ပေ။
ည၏ ကျန်ရှိနေသောတစ်ဝက်တွင် စုန့်ရန်က နောက်ဆုံး၌ မတောင့်ခံနိုင်တော့ပေ။ သူ ငိုယိုပြီး ပင့်သက်ရှိုက်ကာ အော်ပြောလိုက်သည်။
" ဒ...ဒယ်ဒီ..."
အလွန်အမင်း စိတ်ကျေနပ်သွားသည့် လူကြီးမင်းဟယ်က 'ဖက်ထုပ်ဖိုး' ပေးပြီးသည့်နောက်တွင် သူ့အရာကိုဆွဲထုတ်လိုက်ပြီး ဖက်ထုပ်ဆိုင်ထဲမှ ထွက်သွားသည်။
နောက်နေ့မနက်တွင် လူကြီးမင်းဟယ်က ပုပုကို ကျောင်းလိုက်ပို့သည်။
ပုပုကပြောသည်။
" ပါပါး... သား ကိုကြီးရဲ့ဖက်ထုပ်တွေကို အရမ်းလွမ်းတယ်... သူ သားအတွက် ဖက်ထုပ်မလုပ်ပေးတာ တော်တော်ကြာပြီ ထပ်လုပ်ပေးဖို့ ပါပါးပြောပေးပါဦး..."
" ဟုတ်ပါပြီ... မနက်ဖြန်လုပ်ခိုင်းဖို့ ပါပါးပြောလိုက်ပါ့မယ်... 'ကလေးတွေကြိုက်တဲ့အရသာပေါ့' ... "
ဟယ်ကျစ်ယွမ် လျှာသပ်လိုက်သည်။
လူကြီးတွေကြိုက်တဲ့အရသာကိုတော့ သူတစ်ယောက်တည်းပဲ မြည်းလို့ရတယ်လေ...
🖌️🖌️🖌️🖌️🖌️