short story 5
Viewers 9k

Short story


 တစ်ခန်းရပ်ဇာတ်လမ်း ( ၅ ) 🖌️🚨


နှာဘူးအဖိုးကြီးက ကြွက်သား၈မြောင်း ရသွားပြီတဲ့


တစ်ညတွင် သူတို့နှစ်ယောက်သား ဖက်ထုပ်စားပြီး၍ (papapaပြီး၍) စုန့်ရန်က ပင်ပန်းနွမ်းနယ်စွာဖြင့် ရေချိုးကန်ထဲတွင် လှဲနေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အနီရောင်အမှတ်အသားများဖြင့် ပြည့်နေသည်။ 


" ကျွန်တော် အရင်တည်းက တွေးနေတဲ့ကိစ္စတစ်ခုရှိတယ်... အဲ့ကိစ္စကို သေချာဖြေပေးစေချင်တယ်..."


လူကြီးမင်းဟယ်က ရေချိုးဆပ်ပြာမြှုပ်ပုလင်းကို ယူလိုက်သည်။


" ဘာများလဲ..."


သူ ပြောပြောဆိုဆိုနှင့် ဆပ်ပြာမြှုပ်လက်တစ်ဆုပ်စာကို ယူလိုက်ပြီး စုန့်ရန်၏ ပေါင်အတွင်းသားများကို ဆေးကြောပေးနေသည်။ 


စုန့်ရန်က တစ်ဖက်သို့လှည့်ပြီး သူ့ပခုံးပေါ် မှီလိုက်သည်။ 


" ကျွန်တော့်ကို အမှန်အတိုင်းဖြေနော်... ခင်ဗျား ကျွန်တော့်ကြောင့် ကွေးသွားတာလား... အရင်တည်းက ကွေးနေတာလား..."


ဟယ်ကျစ်ယွမ် ပြုံးလိုက်သည်။ 


" ဘာများ ကွာလို့လဲ..."


" ကွာတာပေါ့...ခင်ဗျားက မြန်မြန်ကြီးကွေးသွားတော့ ကျွန်တော် တစ်ခုခု ပြီးမြောက်အောင်မြင်သွားတယ်ဆိုတဲ့ ခံစားချက်မျိုးမရဘူး..."


စုန့်ရန် စောဒကတက်လိုက်သည်။ 


ဟယ်ကျစ်ယွမ်က ပူစီဖောင်းများပြည့်နေသောလက်ဖြင့် စုန့်ရန်၏ခေါင်းကိုပွတ်လိုက်သည်။


" ဘယ်လိုပြောရမလဲ.. ကိုယ်က ဖြောင့်တာ ကွေးတာတွေက်ို ဂရုမစိုက်ပါဘူး... မင်းသာ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ်က Cartesian ကိုဩဒိနိတ်စနစ်အတိုင်းသွားပြီး ယောက်ျားလေးဆိုရင်တော့ curvilinearကိုဩဒိနိတ်စနစ်အတိုင်း သွားမိမှာပေါ့..."


( T/N - Cartesian က မျဉ်းတစ်ဖြောင့်တည်းသွားတဲ့စနစ်ပါ လေယာဉ်တွေမှာသုံးပါတယ်၊ Curvilinear က မျဉ်းကွေးပါ )


စုန့်ရန် သူ့ကို ကိုက်လိုက်သည်။ 


" လူစကားပဲပြော..."


" မင်းကြောင့် ကွေးသွားတာလို့ပဲ ကိုယ်ထင်တယ်... ကဲ အခု ကျေနပ်ပြီလား..."


လူကြီးမင်းဟာ်က သူ့တင်ပါးကို တစ်ချက်ရိုက်လိုက်သည်။


" ဖုန်းထဲမှာ စကားကို အထစ်ထစ်အငေါ့ငေါ့ပြောတဲ့ပုံစံလေးက ဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာ ကိုယ့်ကိုကိုယ် မသိဘူးမလား..."


စုန့်ရန် ရေရွတ်လိုက်သည်။ 


" နှာဘူအဖိုးကြီး...ခင်ဗျား ချစ်စရာကောင်းတယ်လို့ပြောတဲ့နေရာတွေကလည်း ထူဆန်းလိုက်တာ..."


ဟယ်ကျစ်ယွမ်က သူ့မေးစေ့ကိုမော့လိုက်သည်။


" ထပ်ပြောလိုက်ပါဦး..."


စုန့်ရန်၏ မျက်နှာက အပြုံးဖြင့် ဝင်းလက်သွားသည်။


" နှာဘူး အဖိုးကြီး အာ့... အား အား..."


ချောမောလှသည့် နှာဘူးအဖိုးကြီးက စုန့်ရန်၏တင်ပါးကို ခပ်ပြင်းပြင်းဆိတ်ဆွဲလိုက်၍ အနီရောင်အရာများ ပေါ်လာပြီး အော်ဟစ်၍ ရေချိုးဇလုံပေါ် ကုတ်ကပ်တက်သွားသည်။


ရေချိုးပြီးသောအခါ အိပ်ရာဝင်ကြသည်။


စုန့်ရန်က ဟယ်ကျစ်ယွမ်ခါးပေါ် ခွထိုင်လိုက်ပြီး ညွှန်ကြားလိုက်သည်။


" အသက်ပြင်းပြင်းရှုလိုက်...."


သို့ဖြစ်၍ ဟယ်ကျစ်ယွမ် အသက်ပြင်းပြင်းရှုလိုက်ချိန်တွင် သူ့ကြွက်သားများက အပေါ်ကြွတက်လာပြီး သန့်ရှင်း၍ လှပသောလိုင်းများ ပေါ်လာသည်။ 


စုန့်ရန်က ၎င်းတို့ကို မနာလိုစွာဖြင့် ပွတ်သပ်ကိုင်တွယ်လိုက်ပြီး သွားရည်များစီးကျမတတ်ဖြစ်လာသည်။ 


" ကျွန်တော့်ကို ခင်ဗျားနဲ့အတူ လေ့ကျင့်ခန်းလုပ်ဖို့ တစ်ခါတစ်လေခေါ်သွားပေမယ့် ဘာလို့ ကျွန်တော့်မှာကျတော့ ဒီလောက်ကြည့်ကောင်းတဲ့ကြွက်သားတွေ မရှိရတာလဲ..."


" စိတ်မပူပါနဲ့..."


လူကြီးမင်းဟယ်က သူ့ကို ပြေရာပြေကြောင်းပြောလိုက်သည်။ 


" ကြွက်သား၈မြောင်း ရဖို့ဆို တစ်ဝက်က လေ့ကျင့်ခန်းလုပ်ဖို့လိုပြီး နောက်တစ်ဝက်က ဝိတ်ချရမှာ... မင်းက ပရိုတိန်းနဲ့ ကာဗိုဟိုက်ဒရိတ်စားတာ နည်းနေလို့ အာဟာရအချိုးကိုညှိဖို့လိုနေသေးတယ်... နောက်ထပ် လနည်းနည်းလောက်ကြာရင် အဆင်ပြေသွားမှာပါ..."


စုန့်ရန်၏ မျက်လုံးရှေ့မှ ကြွက်သားများက ‌မာကျောပြီး တောင့်တင်းလွန်းလှ၍ ဆွဲဆောင်မှု ရှိလွန်းပေသည်။ စုန့်ရန် ၎င်းတို့ကို ကြည့်လိုက်သည်နှင့် ခေါင်းငုံ့ပြီး မနမ်းပဲ မနေနိုင်ပေ။ 


" ကျွန်တော်လည်း လိုချင်တယ်လေ..."


ထိုကြွက်သားများကို အချိန်အတန်ကြာစိုက်ကြည့်နေပြီးနောက် လက်ဖြင့် အကြိမ်အနည်းငယ် တို့ထိလိုက်ကာ သက်ပြင်းရှည်ကြီးချလိုက်သည်။ 


လူကြီးမင်းဟယ်၏ မျက်ဆံများ မည်းမှောင်သွားသည်။


" မင်း အဲ့နားကိုတောင် နမ်းပြီးမှတော့... အောက်ကို နည်းနည်းထပ်ဆင်းရင်ရော ဘယ်လိုလဲ..."


စုန့်ရန်၏ မျက်နှာတစ်ပြင်လုံး နီရဲသွားသည်။


" ဒီ... ‌ဒီနေ့ ဖက်ထုပ်ဆိုင်ပိတ်ပြီနော်..."


လူကြီးမင်းဟယ်က ထထိုင်လိုက်ပြီးနောက် စုန့်ရန်ကို သူ့ရင်ခွင်ထဲဆွဲထည့်ကာ ကလေးဆန်ဆန် ချော့မော့ မြှောက်ပင့်လိုက်သည်။ 


" ကိုယ်က ပုံမှန်ဖောက်သည်ဖြစ်နေတဲ့အပြင် အရင်ကလည်း အများကြီးစားခဲ့ဖူးတယ်လေ ကိုယ့်အတွက် တစ်နာရီလောက်ပိုပြီး ဆိုင်ဖွင့်ပေးလို့မရဘူးလား... ကိုယ်အခုနောက်ပိုင်း ခါးလေ့ကျင့်ခန်းတွေတောင် လုပ်ထားတာ အဲဒါကြောင့်မို့ တခြား‌အချိန်တွေလိုမျိုးပဲ ကောင်းစေရမယ်လို့ အာမခံတယ်..."


စုန့်ရန်က ရှက်သွား၍ အကြည့်လွှဲလိုက်သည်။


" ခင်ဗျားကို ပျော်အောင်ထားရတာ ပုပုကိုပျော်အောင်ထားရတာထက် ဘာလို့ ပိုခက်နေပါလိမ့်..."


လူကြီးမင်းဟယ် ပြုံးလိုက်သည်။


" ကိုယ့်ကို ပျော်အောင်ထားရတာ မခက်ပါဘူး ဗိုက်ဝအောင်ကျွေးရင် ရပြီလေ..."


" ဗိုက်ဝအောင်တဲ့လား... အရင်ကရော မဝတဲ့အချိန် ရှိလို့လား..."


စုန့်ရန်က သူ့ရင်အုပ်ကို လက်သီးဖြင့် ပြင်းပြင်းထိုးလိုက်သည်။


လူကြီးမင်းဟယ်က ပြုံးချင်စိတ်ကို သည်းခံထားပြီး ကတိပေးလိုက်သည်။


" ကိုယ် ဒီနေ့ ၈၀ရာခိုင်နှုန်းလောက်တော့ ဗိုက်ပြည့်သွားပါပြီ... နောက်ဆုံးတစ်နပ်ပဲ လိုတော့တာ... ‌‌ဒါ တကယ် နောက်ဆုံးအကြိမ်လို့ ကတိပေးပါတယ်..."


စုန့်ရန်က ရွေးချယ်စရာမရှိတော့၍ သူ့ကံကြမ္မာကို လက်ခံလိုက်ရသည်။ သူ၏ မခံမရပ်နိုင်ဖြစ်မှုများကို ရမ္မက်အဖြစ်ပြောင်းလိုက်ပြီး ခေါင်းအုံးအောက်မှ ချောဆီနှင့် ကွန်ဒုံးကိုယူပြီး လူကြီးမင်းဟယ်ထံသို့ ပစ်ပေးလိုက်ကာ သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားလိုက်သည်။


" ခင်ဗျားကတော့ ဗိုက်ဝသွားပြီဆိုပေမယ့် ကျွန်တော်ကတော့ မဝသေးဘူး... နည်းနည်း ပိုကြိုးစားကြည့်လိုက်ပါ ကျွန်တော့်ကို ဗိုက်မဆာစေနဲ့တော့..."


" ကောင်းပါပြီ... ကိုယ် မင်းကို သေချာပေါက် ဗိုက်မဆာစေရပါဘူး..."


လူကြီးမင်းဟယ်က ခေါင်းငုံ့လိုက်ပြီး စုန့်ရန်၏ နားရွက်ဖျားကို နမ်းလိုက်သည်။ 


🖌️🖌️🖌️🖌️🖌️