interview 2
Viewers 9k

Interview 2

 


စုန့်ရန်နှင့် ဟယ်ကျစ်ယွမ်တို့၏ အင်တာဗျူး အမေးအဖြေ 100 🖌️ 


21. အချစ်ပြိုင်ဘက် ဒါမှမဟုတ် ဒွိဟဖြစ်စေတဲ့ဆက်ဆံရေးရှိတဲ့လူမျိုးတွေဆိုရင် ဘယ်လိုကိုင်တွယ်ကြလဲ


ဟယ်ကျစ်ယွမ် : သူ ကျွန်တော့်ကို တွေ့ပြီးတည်းက တခြားလူတွေနောက် ပါသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ကျွန်တော် အဲ့လောက်ကို ယုံကြည်ချက်ရှိတာပါ...


စုန့်ရန် : သူက သတင်းစာရှင်းလင်းပွဲမှာတည်းက လူသိရှင်ကြား come out လုပ်ထားတဲ့လူမို့ သူနဲ့ အဲ့လိုဆက်ဆံရေးမျိုးရှိနေတဲ့လူဆိုတာ မရှိနိုင်ပါဘူး ကျွန်တော့်မှာလည်း အဲ့လိုယုံကြည်ချက်ရှိပါတယ်...


–––


22. သူနဲ့တူတဲ့လူ ဒါမှမဟုတ် အကျင့်စရိုက်ချင်းတူတဲ့လူကိုတွေ့ရင် သဘောကျမိမှာလား


ဟယ်ကျစ်ယွမ် : မကျပါဘူး...


စုန့်ရန် : ကျွန်တော့်ရဲ့ လူကြီးမင်းဟယ်နဲ့ တူတဲ့လူကို မရှိတာပါ...


–––


23. တစ်ဖက်လူက သဝန်တိုနေရင်ဘာလုပ်ပါလဲ


ဟယ်ကျစ်ယွမ် : သူ့ကိုfxxkပါတယ်...


စုန့်ရန် : ခင်ဗျားဘာလို့ အဲ့လို ဗြောင်ကျကျပြောလိုက်ရတာလဲ


ဟယ်ကျစ်ယွမ် : ဒါက ဘယ်လိုရှင်းပြရမလဲ... သူ ကျွန်တော့်ကို သဝန်တိုတယ်ဆိုတာ ကျွန်တော် သူနဲ့ဝေးသွားမှာ စိတ်ပူတာမျိုးပါ၊ အဲ့လိုအခြေအနေမှာ အရေးကြီးဆုံးကိစ္စက သူ့ကို စိတ်လုံခြုံမှုပေးပြီး သူကလွဲပြီး တခြားတစ်ယောက် မရှိနိုင်ဘူးဆိုတာ သိအောင်လုပ်ပေးဖို့ပါပဲ၊ စိတ်လုံခြုံမှုဖြစ်လာအောင် တစ်ခုခု လုပ်ပေးတာမျိုးပေါ့...


စုန့်ရန် : ဥပမာပြောရရင်...


ဟယ်ကျစ်ယွမ် : fxxk တာပါပဲ...


စုန့်ရန် (လန့်သွား) : ဘာလို့ အဲ့ကိစ္စအကြောင်း ရောက်လာပြန်တာလဲ...


ဟယ်ကျစ်ယွမ် : မင်းမသိလို့ပါ၊ မင်း ကိုယ့်ကို မာလာအောင် ကျီစားတဲ့အချိန်တိုင်း မင်းမျက်လုံးတွေက အရောင်တောက်နေတာ၊ ကိုယ် မင်းကြောင့် မာလာတယ်ဆိုရင် တခြားလူတွေကို ကိုယ်သဘောကျမှာ စိတ်ပူဦးမယ်တဲ့လား...


စုန့်ရန် : အဲ့လိုလည်း ဟုတ်သားပဲ...


–––


24. တစ်ဖက်လူရဲ့ ဘယ်လိုအပြုအမူမျိုးက ကိုယ့်ကို စိတ်ပျော့သွားစေလဲ


ဟယ်ကျစ်ယွမ် : ခိုကိုးရာမဲ့နေတဲ့ပုံလေးနဲ့ "ယောက်ျား" လို့ ခေါ်လိုက်တဲ့အခါမျိုး...


စုန့်ရန် : ကျွန်တော့်ကို အရမ်းချစ်မြတ်နိုးတဲ့ပုံနဲ့ "ဘေဘီ" လို့ ခေါ်လိုက်တဲ့အချိန်မျိုး...


–––


25. တစ်ဖက်လူက မိန်းကလေးအဝတ်အစား ဝတ်ထားတာမြင်ရင် ဘယ်လိုခံစားရမလဲ


စုန့်ရန် : မဖြစ်နိုင်ဘူး တွေးကြည့်လို့တောင်မရဘူး...


ဟယ်ကျစ်ယွမ် : အရမ်းတော့မိုက်မှာပဲ၊ နောက်တစ်ခါကျ လုပ်ကြည့်ကြမယ်လေ ဇာနဲ့ချုပ်ထားတဲ့ ဂါဝန်လေးရယ် ကြောင်နားရွက်လေးရယ်ပေါ့...


–––


26. ဘယ်နေရာကို အတူတူ အသွားချင်ဆုံးလဲ


စုန့်ရန် : ကျွန်တော် ပုပုကို ကမ္ဘာပေါ်က Disneylandတိုင်း ခေါ်သွားချင်တယ်...


ဟယ်ကျစ်ယွမ် : ဒါ ကောင်းသားပဲ...


–––


27. တစ်ဖက်လူက ကိုယ့်ဘေးမှာအိပ်ပျော်နေတာကိုမြင်ရင် ဘယ်လိုတွေးမိလဲ


   


ဟယ်ကျစ်ယွမ် : ကျွန်တော် အရမ်းစိတ်အေးလက်အေးဖြစ်ရတယ်၊ ပြီးတော့ သူ့ကို ခေါင်းစခြေဆုံး နမ်းပစ်ချင်စိတ် ပေါ်လာတယ်၊ ပြီးတော့ သူ့ခါးတွေ ၊ တင်သားတွေကို ပွတ်သပ်ပြီးတော့ အိပ်ရတာ သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးချင်စိတ်ပေါ်လာတယ်...


စုန့်ရန် : အရင်က အိပ်နေရင်းနဲ့ စိတ်ထဲ အရမ်းသက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရဖူးတယ် ခင်ဗျား အဲ့လိုတွေ လုပ်နေတာလား...


ဟယ်ကျစ်ယွမ်(ရယ်လျက်) : ကိုယ်လုပ်တာလေ...


စုန့်ရန် : ခင်ဗျား ဘာလို့ အရမ်း နှာဘူးကျရတာလဲ...


ဟယ်ကျစ်ယွမ် : အချိန်အများစုမှာတော့ ကိုယ်အဲ့လို နှာဘူးမကျပါဘူး၊ မင်း အိပ်ပျော်နေတာကို တိတ်တိတ်လေး ထိုင်ကြည့်နေပြီး ကမ္ဘာကြီးက အရမ်းအေးချမ်းပြီး ပျော်စရာကောင်းတယ်လို့ တွေးနေမိတာ...


စုန့်ရန် : ကျွန်တော်ရောပဲ သူကျွန်တော့်ဘေးမှာ အိပ်ပျော်နေရင် မင်းသမီးလေးတစ်ယောက်ဘေးမှာ အိပ်ပျော်နေတဲ့ သူရဲကောင်းလိုပဲ မဟုတ်ဘူး မဟုတ်ဘူး မင်းသားလို့ပြောတာ...


ဟယ်ကျစ်ယွမ် : ဟားဟားဟား ကိုယ့်ရဲ့မင်းသမီးလေးပေါ့လေ...


–––


28. စိတ်မကြည်တဲ့အချိန်ဆိုရင် တစ်ဖက်လူက ဘာလုပ်လဲ


စုန့်ရန် : သူတစ်ယောက်ပဲ ငြိမ်နေတာများတယ်၊ ကျွန်တော် သူ့ဘေးမှာရှိရင်တော့ ကျွန်တော့်ကို ပွတ်သီးပွတ်သပ်လုပ်တယ်...


ဟယ်ကျစ်ယွမ် : သူစိတ်ကောက်ပြီး ကျွန်တော့်ကို အကြာကြီးစကားမပြောဘူး၊ သူ့ကိုဖက်ရင် တွန်းလွှတ်တယ်၊ နမ်းရင် ကိုက်ပစ်တယ်၊ အဲ့အချိန်ကျရင်တော့ လုပ်စရာက တစ်ခုပဲရှိတော့တယ်...


စုန့်ရန် : တကယ်ပါပဲ...


–––


29. နှစ်ယောက်ရဲ့ ဆက်ဆံရေးအကြားမှာ တစ်ခုခုက အဟန့်အတားဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ 


ဟယ်ကျစ်ယွမ် : အဲ့လိုကိစ္စမျိုးကြောင့်နဲ့ သူ့အပေါ် ကျွန်တော့်အချစ်တွေ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး...


စုန့်ရန် : အဲ့အကြောင်းတွေးလိုက်မိရင် ဖြေရှင်းရမယ့်နည်းလမ်းကို ကျွန်တော်မသိဘူး...


–––


30. တစ်ယောက်အတွက် နောက်တစ်ယောက်က မျက်ရည်ကျဖူးလား၊ ဘယ်လ်ုအကြောင်းအရင်းကြောင့်လဲ


စုန့်ရန် : သူ ကျွန်တော့်ကို ဖုန်းချပစ်တဲ့ ညတုန်းက ကျွန်တော် သုံးလေးနာရီလောက် ထိုင်ငိုနေခဲ့မိတယ် အရမ်းလည်း ဝမ်းနည်းခဲ့တာ...


ဟယ်ကျစ်ယွမ် : ကိုယ် တောင်းပန်ပါတယ်...


စုန့်ရန် : ခင်ဗျား ကျွန်တော့်ကြောင့် ငိုဖူးလား...


ဟယ်ကျစ်ယွမ် : ငိုဖူးတာပေါ့...


စုန့်ရန် : ကျွန်တော် ဘာလို့မသိရတာလဲ...


ဟယ်ကျစ်ယွမ် : မင်း ကိုယ့်ကိုလက်ထပ်ဖို့ သဘောတူလိုက်တဲ့နေ့ကလေ...


–––


31. တကယ်လို့ တစ်ယောက်ကိုတစ်ယောက် ဆုံးရှုံးရမယ်ဆိုရင်....


 


စုန့်ရန် : ကျွန်တော် သူ့ကို အေးအေးချမ်းချမ်းသွားနိုင်အောင် လွှတ်ပေးလိုက်မှာပါ၊ ပြီးရင် တစ်ယောက်တည်း ကောင်းကောင်းနေသွားမယ်...


ဟယ်ကျစ်ယွမ် : အဲ့လိုပါပဲ...


–––


32. တစ်ဖက်လူက တခြားလူတစ်ယောက်ယောက်ဆီက ရန်စခံရတာ၊ အနိုင်ကျင့်ပြစ်တင်ခံရတာ၊ နာကျင်ခံစားရတာတို့ ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ


စုန့်ရန် : ကျွန်တော် သူ့ကို သေချာပေါက် ကာကွယ်ပေးမှာပါ၊ ကျွန်တော့်ကို အထင်မသေးပါနဲ့ ကျွန်တော်က တိုက်ခိုက်တတ်တယ်...


ဟယ်ကျစ်ယွမ် : သူ့ဂုဏ်သိက္ခာနဲ့ လုံခြုံဘေးကင်းမှုအတွက် သူ့ဘေးမှာပဲ နေပေးမှာပါ...


–––


33. ကိုယ့်ရဲ့ အထာကျကျနေနေတဲ့ပုံစံက တစ်ထက်လူရှေ့မှာ ပျက်စီးသွားပြီး မျက်နှာပျက်စရာမျိုး ဖြစ်ခဲ့ဖူးလား


စုန့်ရန် : သူကိုယ်တိုင်ကိုက ကျွန်တော်ခုန်ချဖို့ တွင်းတူးပေးထားတာများတယ်...


ဟယ်ကျစ်ယွမ် : အဲဒါ တွင်းတူးပေးထားတယ်လို့ ပြောလို့မရပါဘူး...


–––


34. ဘယ်လို ရုပ်ပိုင်းဆိုင်ရာအထိအတွေ့မျိုးကို သဘောအကျဆုံးလဲ


စုန့်ရန် : ဘာစကားမှမပြောပဲ အကြာကြီးဖက်ထားတာမျိုး...


ဟယ်ကျစ်ယွမ် : ၁၈စင်တီမီတာရှိတဲ့ ပစ္စတို ( ပါးစပ်ကို အအုပ်ခံလိုက်ရ )...


စုန့်ရန် : ခင်ဗျားပုံမှန်အချိန်ဆို လူကြီးလူကောင်းတစ်ယောက်ပါ၊ ဒီနေ့မှ ဘာလို့ အရမ်းဆိုးနေဝာာလဲ...


ဟယ်ကျစ်ယွမ် : ပိုင်ဆိုင်ကြောင်း ကြေညာဖို့လေ...


–––


35. တစ်ယောက်ကိုတစ်ယောက် ဖော်ညွှန်းဖို့ ဘယ်လိုအရောင်မျိုးကို သုံးမလဲ


စုန့်ရန် : ရွှေရောင်လိုမျိုး တောက်ပနေတဲ့ လူကြီးမင်းဟယ်...


ဟယ်ကျစ်ယွမ် : အစိမ်းနုရောင်လေး၊ သူက ဆူးနည်းနည်းပါတဲ့ အစိမ်းရောင်အပင်လေးတွေနဲ့တူတယ်...


 


–––


36. တိရစ္ဆာန်လေးတွေနဲ့ ယှဉ်ကြည့်ရမယ်ဆိုရင်ရော 


စုန့်ရန် : ခြင်္သေ့လိုမျိုး သတ္တိရှိတဲ့ လူကြီးမင်းဟယ်...


ဟယ်ကျစ်ယွမ် : ကြောင်လို့ပဲ ပြောရမလား၊ သူက ပွတ်သီးပွတ်သပ်နေတတ်တယ်၊ ဒါမှမဟုတ် ခွေးလား သူက တော်တော်ရိုးသားတယ်လေ...


စုန့်ရန် : ခင်ဗျား ကျွန်တော့်ကို ကြီးကျယ်ခမ်းနားတဲ့ သတ္တဝါမျိုးနဲ့ နှိုင်းလို့မရဘူးလား...


ဟယ်ကျစ်ယွမ် : ခွေးအကြီးကြီး...


စုန့်ရန် : ......


–––


37. တစ်နေ့မှာ တစ်ဖက်လူက အဲ့တိရစ္ဆာန်လေးတွေထဲကတစ်ကောင် ဖြစ်သွားခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ


ဟယ်ကျစ်ယွမ် : သူ့ကို အရမ်းအလိုလိုက်မယ်၊ အကောင်းဆုံးအစာတွေ ကစားစရာတွေ ဝယ်ပေးထားပြီး သူနဲ့ နေ့တိုင်းကစားမယ်...


စုန့်ရန် : သူက ခြင်္သေ့ဆိုတော့ အစာကျွေးရမှာတော့ နည်းနည်း လန့်စရာပဲ...


–––


38. တစ်ဖက်လူက ဘယ်လိုပုံစံမျိုးနဲ့ဆို ကြည့်အကောင်းဆုံးလို့ထင်လဲ


စုန့်ရန် : ဝတ်စုံပြည့်၊ ရှပ်အင်္ကျီ၊ နက်ကတိုင်နဲ့ဆိုရင် စူပါမော်ဒယ်တစ်ယောက်လိုပဲ...


ဟယ်ကျစ်ယွမ် : သူ နိုးလာတဲ့အချိန် ဆံပင်တွေက ဖရိုဖရဲဖြစ်ပြီး အတွင်းခံပဲ ဝတ်ထားတဲ့အချိန်မျိုးမှာ အိပ်ရောပေါ်က စောင်ကိုဖက်ထားပြီး မျက်လုံးကိုပွတ်ပြီး သမ်းဝေနေတဲ့အချိန်ကို သဘောအကျဆုံးပဲ...


–––


39. တစ်ဖက်လူရဲ့ ဆွဲဆောင်မှုအရှိဆုံးအချိန်က...


စုန့်ရန် : သူ ကျွန်တော့်ကို ကုမ္ပဏီကို ခေါ်သွားတဲ့အချိန် သူ အလုပ်လုပ်နေတာကို မြင်လိုက်ရတုန်းက သူက တောက်ပနေတာပဲလို့ ထင်မိတယ်...


ဟယ်ကျစ်ယွမ် : သူ ပုပုနဲ့ စကားပြောနေတဲ့အချိန်ဆို အရမ်းထူးခြားပြီး သိမ်မွေ့တယ်လို့ ထင်မိတယ်...


–––


40. တစ်ဖက်လူက အရက်မူးနေတယ်ဆို ဘာလုပ်လဲ


ဟယ်ကျစ်ယွမ် ( တည်ငြိမ်စွာဖြင့် ) : Fuckပါတယ်...


စုန့်ရန် (ရှက်ရွံ့စွာဖြင့်) : သူလုပ်ချင်တာလုပ်ခွင့်ပြုပါတယ် ...


–––


Continue...