interview 1
Viewers 9k

Interview 1


စုန့်ရန်နှင့် ဟယ်ကျစ်ယွမ်တို့၏ အင်တာဗျူး အမေးအဖြေ 100 🖌️


1. တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုခေါ်ကြလဲ


ဟယ်ကျစ်ယွမ် : ဘေဘီ


စုန့်ရန် : လူကြီးမင်းဟယ်


ဟယ်ကျစ်ယွမ် : ပြီးတော့ ဘာရှိသေးလဲ...


စုန့်ရန် ( ရှက်နေဟန်ဖြင့် ) : ယောက်ျား...


ဟယ်ကျစ်ယွမ် : ပြီးတော့ရော...


စုန့်ရန် : ကျစ်ယွမ် ...


ဟယ်ကျစ်ယွမ် ( ပြုံးနေလျက် ) : ပြီးတော့ရော...


စုန့်ရန် ( ဒေါသတကြီးစိုက်ကြည့် ) : ခင်ဗျား ဘယ်နှခါလောက် အဲ့လိုလုပ်နေမှာလဲ... အဖေလား၊ အဖိုးလား၊ အဘေးလား ဘယ်ဟာခေါ်ရမှာလဲ...


ဟယ်ကျစ်ယွမ် : ဟားဟားဟားဟား...


–––


2. နှစ်ယောက်သား ပထမဆုံးအကြိမ်တွေ့တုန်းက တစ်ယောက်အပေါ်တစ်ယောက် ပထမဆုံးထင်မြင်ချက်လေးတွေ ပြောပြပါလား


စုန့်ရန် : ဒီလိုပဲ... ကျွန်တော်က အဲ့အချိန်တုန်းက ငတုံးဆိုတော့ ဒါဘယ်သူပါလိမ့် အရမ်းချောတာပဲ၊ သူ့ကို လက်ထပ်ချင်လိုက်တာ၊ သူ့ကျောကုန်းပေါ်မှာချီတာခံချင်တယ်ဆိုပြီး တွေးလိုက်မိတာပဲ...


ဟယ်ကျစ်ယွမ် : သူ့ကို ကျွန်တော် ပထမဆုံးတွေ့ဖူးတာက ရှောင်ကျူရိုက်ပြထားတဲ့ ကိုးစက္ကန့်စာ ဗီဒီယိုလေးမှာပါ... သူက ဧပရွန်အကွက်ကလေးဝတ်ထားတယ် သူ့ကိုကြည့်ရတာ ရဲတင်းပြီးတော့ သတ္တိရှိတဲ့ပုံလို့ တော့ထင်လိုက်မိပါတယ် ရယ်ရတဲ့ကောင်လေးပေါ့...


–––


3. အတိတ်က အမှတ်တရတွေထဲမှာ မမေ့နိုင်ဆုံးအရာက ဘာလဲ


စုန့်ရန် : ဟင်း... ဒုတိယမြောက်နေ့မှာ ဖုန်းခေါ်တာ သိတယ်မလား... သူက ကလေးကို ဂရုမစိုက်ဘူးလေ ကျွန်တော်နဲ့လည်း စကားအချေအတင်များပြီးတော့ ကျွန်တော့်ကိုအော်တယ် ပြီးတော့ ဖုန်းချပစ်လိုက်တယ် အဲ့အချိန်...


ဟယ်ကျစ်ယွမ် : ကြည့်ရတာ မင်း ကိုယ့်ကို အငြှိုးထားနေသလိုပဲ...


စုန့်ရန် : မထားပါဘူး... ကျွန်တော်အဲဒါကို စာအုပ်သေးလေးတစ်အုပ်ရဲ့ ပထမဆုံးစာမျက်နှာမှာ ရေးချထားတယ်...


ဟယ်ကျစ်ယွမ် : ကျွန်တော့်ဘက်က သူ့ကို အထင်အကြီးဆုံးအချိန်ကတော့... လင်းဟွေ့ ပုပုကို ငိုအောင်လုပ်ဖူးတယ်လေ... သူ ကလေးကို ကူချော့ပေးနေပေမယ့် ကျွန်တော် ခိုးနားထောင်နေတာမသိဘူး... အဲ့အချိန်ကဆို သူ ကလေးချော့နေတာနားထောင်ပြီး ကျွန်တော့်တစ်ကိုယ်လုံးက အစိတ်အပိုင်းတွေ အလုပ်မလုပ်တော့သလိုပဲ... သူက နတ်သားလေးလို့တောင် ထင်မိသွားတယ်...


–––


4. သူ့ ( ဟယ်ကျစ်ယွမ် ) ရဲ့ ပုံပန်းသွင်ပြင်နဲ့ ခန္ဓာကိုယ်အချိုးအစားကို ဘယ်လိုထင်လဲ


စုန့်ရန် ( တံတွေးမျိုချလျက် ) : သူ့ပုံစံကိုပဲ ကြည့်လိုက်ပါတော့..


ဟယ်ကျစ်ယွမ် ( ရယ်လျက် ) : ကျွန်တော်ကတော့ သူ့ရဲ့ role model ဖြစ်ရင် တော်ပါပြီ...


–––


5. တစ်ဖက်လူကို ဘယ်လိုထင်လဲ


ဟယ်ကျစ်ယွမ် : သန်မာတယ်၊ အကောင်းမြင်တတ်တယ်၊ စေ့စပ်သေချာတယ်၊ တစ်ခါတစ်လေကျရင် ဘာမှန်းမသိပဲ သိမ်ငယ်နေတတ်တယ် ဒါပေမဲ့ ကျွန်တော်က အကြောင်းရင်းကို အမြဲသိတယ် ( ဂုဏ်ယူစွာဖြင့် ရယ်မောလျက် )... မကောင်းတဲ့အချက်ကတော့ သူက စိတ်တိုလွယ်တယ် ကျွန်တော် လုပ်စရာမရှိရင် သူ့ကို စိတ်တိုအောင်စနေတာပဲ...


စုန့်ရန် : ကျွန်တော်က တခြားလူတွေရှေ့မှာ စိတ်မဆိုး တတ်ပါဘူးနော်... ခင်ဗျားက ကျွန်တော့်ကို အလိုလိုက်တယ်ဆိုတော့ စိတ်လွတ်လက်လွတ်နေမိတာပေါ့... ( ပျော်ရွှင်နေလျက် )


ဟယ်ကျစ်ယွမ် (ရိုးသားစွာဖြင့် ) : အဲ့လိုဆိုရင်တော့ ကိုယ်ပျော်တာပေါ့...


စုန့်ရန် : သူ့စကားတွေက ရင့်ကျက်တယ်၊ တည်ကြည်တယ် လူချမ်းသာတစ်ယောက်လိုပဲ ( ရယ်လျက် ) ၊ ဒါမှမဟုတ် နည်းပညာရှင်တစ်ယောက်လိုမျိုးပဲ၊ တစ်ခါတစ်လေဆို သူ ပြဿနာတစ်ခုကို စဉ်းစားတာက ကျိုးကြောင်းဆက်စပ်နိုင်လွန်းလို့ ကျွန်တော် လိုက်မမှီနိုင်ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့တွေ စကားပြောဆိုဆက်ဆံရတာတော့ အဆင်ပြေပါတယ်... ကျွန်တော်က ကိစ္စတစ်ခုကို တစ်ဆုံးအထိ တွေးလိုက်တတ်တဲ့လူဆိုပေမယ့် သူက စိတ်ရှည်လက်ရှည်နဲ့ ကျွန်တော့်ကိုရှင်းပြပြီး ပြဿနာမရှာဘူးလေ... အဲ့တော့ ကျွန်တော်တို့နှစ်ယောက်လုံး အခုနောက်ပိုင်းတော့ အထင်လွဲတာမျိုး မရှိတော့ပါဘူး...


ဟယ်ကျစ်ယွမ် : အရင်တုန်းက ဖုန်းထဲကနေ စကားအချေအတင်ဖြစ်တာက အထင်လွဲတာပါ...


စုန့်ရန် : ဟုတ်ပါတယ်လေ အဲဒါကြောင့်မို့ ကျွန်တော့်ရဲ့ စာအုပ်လေးက ဒုတိယစာမျက်နှာကစပြီး စာရွက်အလွတ်ဖြစ်သွားတာ ╮(╯▽╰)╭


ဟယ်ကျစ်ယွမ် : ဒါဆိုရင်တော့ ကောင်းတာပေါ့...


–––


6. တစ်ယောက်ရဲ့ဘာကို တစ်ယောက်က အကြိုက်ဆုံးလဲ


ဟယ်ကျစ်ယွမ် : ပညာရေး၊ ဝင်ငွေ၊ ကြွယ်ဝမှု၊ လူတွေကို မချစ်တတ်...


စုန့်ရန် : ဟဲလို...


ဟယ်ကျစ်ယွမ် ( ရယ်လျက် ) : အိုကေ မင်းအရင်ပြောလိုက်ပါ...


စုန့်ရန် ( ပျော်ရွှင်လျက် ) : အဓိကကတော့ ကျွန်တော်ပုပုကို သဘောကျတယ် သူနဲ့ ၁ရာခိုင်နှုန်းလောက်ပဲ တူတယ်လေ...


ဟယ်ကျစ်ယွမ် ‌( ခေါင်းငြိမ့်လျက် ): မင်း မရိုးသားတာကို ကိုယ်သဘောကျတယ်...


စုန့်ရန် : ...


–––


7. တစ်ယောက်နဲ့တစ်ယောက် ပြောချင်တာများရှိလား


စုန့်ရန် : သူ က ကလေးတစ်ယောက် ဘယ်လိုပျိုးထောင်ရမလဲမသိဘူးဆိုတာပေါ့...


ဟယ်ကျစ်ယွမ် : သူကတော့ ကလေးကို သည်းခံနိုင်တာထက်ပိုတယ်


စုန့်ရန် : သူ ကျွန်တော်နဲ့ အဆင်ပြေပြေနေနေတဲ့အချိန်ဆို ကျွန်တော်တွေးမိတယ် ' ဒီလိုလူက ဘာလို့ တော်တော်ဆိုးတဲ့အဖေဖြစ်နေရတာလဲ ဆိုတာပေါ့လေ... ဒါပေမဲ့ သူ ပုပုနဲ့ အဆင်ပြေနေတဲ့အချိန်ဆိုရင်တော့ ချက်ချင်းပဲ သူ့စိတ်က ပြောင်းသွားသလိုပဲ ( ကူကယ်ရာမဲ့စွာဖြင့် )


ဟယ်ကျစ်ယွမ် : ကိုယ် ကြိုးစားနေပါတယ်...


စုန့်ရန် : ကျွန်တော့်ကို စောဒကတက်ချင်တာများရှိလား...


ဟယ်ကျစ်ယွမ် : ကိုယ် မလုပ်ရဲပါဘူး...


–––


8. နှစ်ယောက်ကြားက လက်ရှိဆက်ဆံရေးက ဘယ်လိုမျိုးလဲ


ဟယ်ကျစ်ယွမ် : တည်ငြိမ်တဲ့ အိမ်ထောင်ရေးတစ်ခုပါ...


စုန့်ရန် : အတူပူးပေါင်းပြီး ကလေးကိုအုပ်ထိန်းတယ်၊ ကြောင်တူတူမွေးတယ်...


–––


9. လက်ရှိ ဆက်ဆံရေးကို စိတ်ကျေနပ်မှုရှိရဲ့လား


ဟယ်ကျစ်ယွမ် : ကျွန်တော်ကတော့ အရမ်းကျေနပ်ပါတယ် ဒီအခြေအနေလေးကို တစ်ဘဝလုံးထိန်းထားနိုင်ဖို့ မျှော်လင့်မိတယ်...


စုန့်ရန် : ကျွန်တော်ရောပဲ...


–––


10. အပြင်လူတွေက နှစ်ယောက်ကြားက ဆက်ဆံရေးကို ဘယ်လိုထင်ကြလဲ


ဟယ်ကျစ်ယွမ် : ကျွန်တော်တို့က လူသိရှင်ကြား come outထားတာပါ...မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်မိသားစုကို ဂရုစိုက်တတ်တဲ့ ခင်ပွန်းတစ်ယောက်ရှိတယ်ဆိုတာ သိကြပါတယ်...


စု့န်ရန် : စာအုပ်တိုက်က အန်တီတွေနဲ့ အစ်မတွေကလည်း ကျွန်တော်တို့ကို ကောင်းချီးပေးကြပါတယ်...


–––


11. တစ်ဖက်လူက ကိုယ့်ကို ဘယ်လိုစကားပြောတာကို အကြိုက်ဆုံးလဲ


စုန့်ရန် : ကျွန်တော်ကတော့ တဲ့တိုးဆန်တဲ့လူဆိုတော့ ‌" ဘေဘီ ကိုယ် မင်းကိုချစ်တယ် " ဆိုတဲ့စကားကို ပဲ ကြားချင်ရုံပါ...


ဟယ်ကျစ်ယွမ် : ဘေဘီ ကိုယ် မင်းကိုချစ်တယ်...


စုန့်ရန် : ဟီးဟီးဟီး...


ဟယ်ကျစ်ယွမ် : အဲ့လိုအချိန်မှာ သူပြန်ဖြေတဲ့စကားကိုတော့ ကျွန်တော်အကြားချင်ဆုံးပါပဲ...


စုန့်ရန် : ကျွန်တော်လည်း ခင်ဗျားကိုချစ်ပါတယ်...


ဟယ်ကျစ်ယွမ် : အင်းးး...


–––


12. မှတ်ထားရမယ့် နှစ်ပတ်လည်နေ့တို့ အထူးရက်တွေတို့ ရှိသေးလား... အဲ့လိုနေ့မျိုးဆို ဘယ်လို ဆင်နွှဲကြလဲ


ဟယ်ကျစ်ယွမ် : ကျွန်တော်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ပါ....


စုန့်ရန် ( ပျော်ရွှင်စွာဖြင့် ) : အဲ့ရက်က ကျွန်တော့်မွေးနေ့နဲ့ အတူတူပဲ...


ဟယ်ကျစ်ယွမ် : ကျွန်တော်တို့‌တွေ အပြင်ထွက် ထမင်းစားပြီးတော့ သူ့ကိုပျော်အောင်ထားတယ်၊ အိမ်ပြန်ရောက်ရင်တော့ အိပ်ရာပေါ်မှာ role playတာမျိုးတွေတော့ လုပ်လေ့ရှိတယ်...


စုန့်ရန် : ရှဉ့်မြီးပုံစံ ‌anal plugကိုသုံးတာတို့ဘာတို့‌‌ပေါ့...


...................


13. မွေးနေ့၊ ချစ်သူများ‌နေ့၊ ခရစ်စမတ်နေ့နဲ့ နှစ်သစ်ကူးတွေမှာ ဘာလုပ်ကြလေ့ရှိလဲ


စုန့်ရန် : စားပြီးရင်းစားနေတာပဲ...


ဟယ်ကျစ်ယွမ် : အိပ်ရာပေါ်မှာပဲ လုံးထွေးနေကြတာပါ...


စုန့်ရန် : .....


–––


14. အတူတူရှိနေတဲ့ ဘယ်လိုအချိန်မျိုးမှာ အပျော်ဆုံးလဲ


ဟယ်ကျစ်ယွမ် : သူနဲ့အတူတူ‌ရှိနေချိန် ‌စကားမပြောပဲနဲ့ ပွေ့ဖက်ထားပြီး အတွေးဝင်လာတိုင်း နမ်းနေတဲ့အချိန်မျိုးဆို နေရတာ သက်တောင့်သက်သာရှိပြီး စိတ်ဖိစီးမှုတွေလျော့သွားတယ်...


စုန့်ရန် : ကျွန်တော်တို့ နေ့တိုင်းအဲ့လိုပဲနေကြတာပါ...


–––


15. ချစ်တဲ့အကြောင်း ဝန်ခံခဲ့တဲ့အချိန်က ဘယ်လိုမျိုးဖြစ်ခဲ့သေးလဲ


ဟယ်ကျစ်ယွမ် : ကျွန်တော်သူ့ကိုသဘောကျကြောင်း ဖုန်းထဲက ဝန်ခံခဲ့တုန်းက သူတုံ့ပြန်တာ တော်တော်ရယ်စရာကောင်းတယ် ခုထိကို မယုံနိုင်သေးဘူး...


စုန့်ရန် : ဘာလို့လဲဆိုတော့ အဲဒါက အရမ်းရုတ်တရက် ဆန်လွန်းလို့လေ... ကျွန်တော်က အမြဲအတွေးလွန်တတ်တဲ့လူဆိုတော့...


–––


    


16. တစ်ဖက်လူက နေထိုင်မကောင်းဖြစ်ပြီး ဖျား‌နာနေတာမျိုးဆို ဘယ်လိုလုပ်မလဲ


ဟယ်ကျစ်ယွမ် : ဆေးရုံကိုသွားမှာပါ...


စုန့်ရန် : သူကတော့ အရမ်းတည်တည်ငြိမ်ငြိမ်နဲ့ပဲ ဖြေရှင်းမှာပါ ... ဒါပေမဲ့ ကျွန်တော်ကတော့ စိတ်ပူတယ် ပထမဆုံး ဆေးရုံကိုခေါ်သွားပြီးရင် ကျန်းယွီဝမ်ကိုလာ‌ခိုင်းပြီး ဘာလုပ်ပေးနိုင်မလဲ ကြည့်ခိုင်းမယ်ထင်တယ်...


ဟယ်ကျစ်ယွမ် : သူက တစ်ခုခုဖြစ်ရင် အလွယ်တကူ ထိတ်ထိတ်ပျာပျာ မဖြစ်တတ်ပါဘူး... ဒါပေမဲ့ ကျွန်တော် တစ်ခုခုဖြစ်မှာကိုတော့ စိတ်ပူနေလိမ့်မယ်၊ ကျွန်တော် အူယောင်လို့ နောက်ဆုံးတစ်ခေါက်က ဆေးရုံရောက်ခဲ့တုန်းကဆိုရင် သူ ကျန်းယွီဝမ်ကို ဖုန်းဆယ်ခါတောင် ဆက်ထားတာ၊ လင်းဟွေ့ကိုတောင်မှ သူ ဖုန်းဆက်ခိုင်းလိုက်သေးတယ်...


စုန့်ရန် : ......


–––


17. တစ်ဖက်လူက မင်း စိတ်မကျေမနပ်ဖြစ်အောင် ဘယ်လိုမျိုးလုပ်တတ်လဲ


ဟယ်ကျစ်ယွမ် : ကိုယ့်ကိုကိုယ်အပြစ်တင်ပြီး နှိမ့်ချတာမျိုးပေါ့၊ ကျွန်တော်တို့ ပထမဆုံးတွေ့တဲ့အချိန်ကဆို ခဏခဏဖြစ်တယ် ခုတော့ အများကြီး ကောင်းသွားပါပြီ...


စုန့်ရန် ( အံ့ဩလျက် ) : မဟုတ်ဘူး၊ ကျွန်တော်က သူပြောသလိုနေခဲ့လို့ ပြန်ကောင်းသွားခဲ့တာပါ...


–––


18. အတူရှိနေတဲ့အချိန် နှစ်ယောက်ကြားမှာ အထင်လွဲတာ စကားအချေအတင်ဖြစ်တာမျိုးဆို ဘယ်လိုဖြေရှင်းကြလဲ


ဟယ်ကျစ်ယွမ် : အဲ့‌အကြောင်းကို သေချာဆွေးနွေးပါတယ်...


စုန့်ရန် : တကယ်တော့ ကျွန်‌တော်တို့ စကားများတာမျိုး မရှိပါဘူး၊ ကျွန်တော်က ခေါင်းမာမာနဲ့ စကားနှစ်ခွန်း‌လောက် ခေါင်းမာမာနဲ့ပြောလိုက်မိရင် သူက အေးဆေးစကားပြောဖို့ ခေါ်သွားတယ်၊ ကျွန်တော် စကားမပြေချင်ဘူးဆို စိတ်ငြိမ်သွားတဲ့အထိ ဖက်ထားပေးပြီးမှ ဆက်ပြောတယ်...


–––


19. အခု အတူတူ နေနေကြပြီမလား၊ အဲ့တော့ ဘယ်သူက အိမ်မှုကိစ္စတွေလုပ်ဖို့ တာဝန်ယူထားလဲ


ဟယ်ကျစ်ယွမ် : အိမ်မှုကိစ္စတွေကိုတော့ တစ်ယောက်တစ်ဝက်ဆီပဲ လုပ်ကြပါတယ်...


စုန့်ရန် : ကျွန်တော် ဟင်းချက်ပေးရင် သူက ပန်းကန်ဆေးပါတယ်၊ ကျွန်တော် ပုပုကို ရေချိုးပေးရင် သူက ပုံပြင်ပြောပြတယ်...


–––


20. အချစ်ပြိုင်ဘက်တွေဘာတွေ ရှိကြသေးလား


ဟယ်ကျစ်ယွမ် : မရှိပါဘူး...


စုန့်ရန် : တစ်ကမ္ဘာလုံးက ကျွန်တော့်ရဲ့ အချစ်ပြိုင်ဘက်ပဲ...


ဟယ်ကျစ်ယွမ် : ( ရယ်နေသည် )


........


Continue....