အပိုင်း ၅
Viewers 14k


Chapter 5



ကျင်းစစ် ဘေးပတ်ပတ်လည်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ပြီးနောက် သူ့အလိုလို ခါးမတ်ပြီး ထိုင်လိုက်မိသည်။

" ငါ..."

သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခေါင်းငုံ့ထားလိုက်သည်။

" ကျောက်သင်ပုန်းကို တခြားနေရာတစ်ခုကနေ ကြည့်ချင်လို့ပါ..."

" ဟမ်..."

ဟယ်ကျိုးကြားသည့်အခါ သူ့မျက်နှာထက်မှ အမူအရာက ပိုပြီးထူးဆန်းသွားသည်။ သူ ကျင်းစစ်ကို မယုံကြည်နိုင်စွာကြည့်နေသည်။ 

" မင်းက ကျောက်သင်ပုန်းကိုကြည့်ဦးမယ်တဲ့လား... အဲဒါ ဘယ်နှရာစုလောက်က ဟာသကြီးလဲ...ကျောက်သင်ပုန်းကိုကြည့်တယ်တဲ့ ဟားဟားဟားဟား..."

ကျန့်ချွယ်ကလည်း ပြုံးပြလိုက်မိသည်။

" မဟုတ်သေးပါဘူး ကျင်းစစ်ရယ်... မင်းကိုလောင်လျှိုက ဝိညာဉ်ပြောင်းစွပ်ပြုတ်တွေဘာတွေများ တိုက်လိုက်လို့လား... ဆံပင်ညှပ်ပြီးတော့မှ ကျောက်သင်ပုန်းကိုကြည့်မယ်ဘာညာဖြစ်သွားတာလား... ‌ပြီးရင် စာကြိုးစားတော့မယ်လို့တော့ ငါ့ကို မပြောနဲ့နော် ဟားဟားဟားဟားဟား..."

ကျင်းစစ်၏ တည်ကြည်သောအကြည့်ကြောင့် ကျန့်ချွယ်၏အပြုံးများ ပျောက်ကွယ်သွားရသည်။ 

" ငါ... Fxxk ..."

ကျန့်ချွယ်က သူ့လက်မောင်းပေါ်တွင် ကြက်သီးထသွားသောကြောင့် ပွတ်လိုက်မိပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ 

" မင်း တကယ်ကြီး လာကစားနေတာလား..."

ကျင်းစစ်က ဝတ်ကျေတန်းကျေဖြင့်သာ အင်းဟု ဖြေလိုက်သည်။ 

ဘေးပတ်ဝန်းကျင်မှ အတန်းဖော်များ၏အကြည့်ကို စူးစမ်းနေပြီး ၎င်းတို့ထံမှ သဲလွန်စတစ်စုံတစ်ရာရရန် ကြိုးပမ်းနေမိသည်။ 

" လောင်လျှို..."

ဟယ်ကျိုးက သူ့ဗိုက်မှ အဆီပြင်ကို ပွတ်ပြီး သက်ပြင်းချလိုက်သည်။ 

" သူ ငါတို့စီရင်စုမှာ ဆရာလုပ်နေတာ အရည်အချင်းတွေ အလဟဿဖြစ်တာပေါ့... မင်းသာ MLMရောက်သွားရင် ဘာတွေဖြစ်လာမလဲမသိ..."

ကျင်းစစ်က သင်္ချာစာအုပ်ကို စားပွဲပေါ်တင်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။
" ဒီနေရာက ကောင်းတယ်လို့ ငါထင်တာပဲ ငါတို့ ဘယ်တော့လောက် နေရာပြောင်းကြမှာလဲ..."

ဟယ်ကျိုးက ရယ်လိုက်ပြီးနောက် သူ့ကို သရော်သည်။ 
" မင်း ဒါတောင်မသိပဲနဲ့ စာကြိုးစားဦးမယ်ပေါ့... ငါတို့အတန်းက နှစ်ပတ်‌တစ်ခါ နေရာတွေပြောင်းထိုင်ရတယ်လေ..."

သူက လက်ချောင်းများဖြင့် ရေတွက်နေသည်။ 
" ငါထင်ဝာာတော့ နောက်တစ်ခေါက်နေရာပြောင်းရမှာ အောက်တိုဘာလကုန်လောက်ထင်တယ်..."

သူ ကျန့်ချွယ်ကို တွန်းလိုက်သည်။
" လောင်ကျန့် ငါပြောတာဟုတ်လား..."

" ငါ့ကို လာမထိနဲ့..."

ကျန့်ချွယ်က ယခုလေးတင်မှ ဖုန်းကိုင်ပြီး ဂိမ်းဆော့သည့်အဖွဲ့ကို ပြန်ဖွဲ့လိုက်သော်လည်း ဟယ်ကျိုးက သူ့ကို အားပြင်းပြင်းဖြင့်တွန်းလိုက်၍ ထွက်ရလုနီးပါးဖြစ်သွားသည်။ သူ ကျိန်ဆဲလိုက်ပြီးနောက် ဟယ်ကျိုး၏လက်ကိုရှောင်ကာ ကျင်းစစ်ကို လှမ်းကြည့်သည်။ 

" မင်းကရော ဘာလုပ်နေတာလဲ... မင်းနေရာက ဒီခုံနဲ့  ဘာတွေများကွာသွားလို့လဲ..."

ကျင်းစစ်က ဤစကားကို စောင့်နေခဲ့သည်မှာ အလွန်ကြာပြီဖြစ်သည်။ 

ကျန့်ချွယ်ပြောသည်ကို ကြားသည်နှင့် ချက်ချင်းလှည့်ကြည့်လိုက်သောအခါ နောက်မှကြည့်ပါကတတိယတန်း၏ အလယ်နားတွင် နေရာလွတ်တစ်ခုကို မြင်လိုက်ရသည်။ 

အဲဒါက မူရင်းနေရာပဲဖြစ်မယ် ဟုတ်ပြီ...

အတန်းဖော်များက တစ်မျိုးထင်သွားမည်စိုး၍ အမြန်လျှောက်မသွားပဲ ခေါင်းငုံ့ပြီး သူ့လက်ထဲမှ သင်္ချာစာအုပ်ကို လှန်လှောကြည့်နေသည်။ 

ကျောင်းဖွင့်သည်က တစ်လကျော်ကြာပြီဖြစ်သော်လည်း စာအုပ်က အသစ်အတိုင်းဖြစ်ပြီး မှင်နံ့များလည်းစွဲနေကာ စာများရေးမှတ်ထားခြင်းလည်း မရှိပေ။ 

ကျင်းစစ် မာတိကာကိုလှမ်းကြည့်လိုက်သောအခါ မူရင်းဖတ်စာအုပ်နှင့် အလွန်ကွာခြားနေသည်ကို သိလိုက်ရသည်။ ခက်ခဲမှုက ပိုတိုးလာပြီး အထက်တန်းတတိယနှစ်နှင့်ဆိုင်သည့် အကြောင်းအရာများ ပါဝင်နေသည်ကိုလည်း မြင်လိုက်ရသည်။ 

တရုတ်ဘာသာရပ်တွင်လည်း အလားတူဖြစ်သည်။ သူ ပြန်ကျက်ရမည့်စာလုံးက ပိုများလာသည့်အပြင် မသင်မနေရ ဘာသာရပ်များလည်း ရှိလာသည်။ 

သို့ရာတွင် ကျင်းစစ်အတွက်မူ ထိုအရာက ပြဿနာမဟုတ်ပေ။ 

သူက စာအလွန်ကြိုးစားသည့်ပုံစံ မဟုတ်သကဲ့သို့ စာကျက်ပြီး ကံကြမ္မာကိုပြောင်းလဲရန် ကြိုးစားနေသည့်လူလည်းမဟုတ်ပေ။ အသစ်အသစ်သော ဗဟုသုတများ၊ အထူးသဖြင့် သိပ္ပံနှင့်ဆိုင်သော အသိပညာအသစ်များက သူ့ကို အလွန်ဆွဲဆောင်နေသည်။

မမျှော်လင့်ပဲ နေရာမှားမထိုင်လိုက်မိပါက ယခုအချိန်တွင် စာအသစ်များကို ကျက်မှတ်နေပြီဖြစ်သည်။

ကျင်းစစ်က သူ့လက်ထဲမှ စာအုပ်ကို ချထားလိုက်ပြီးနောက် စားပွဲပေါ်မှ ရှူပ်ပွနေသည့်အရာများကို သေချာစီပြီးမှ သူ့ခုံကို တည်ငြိမ်စွာပြန်သွားသည်။ 

“F**k...” 

ကျင်းစစ်၏ အစီအစဉ်တကျလုပ်ဆောင်ချက်များကြောင့် ဟယ်ကျိုးက သူ့ဘဝသူ သံသယဝင်လုနီးပါး ဖြစ်သွားသည်။ သူ ပြန်လှည့်ကြည့်လိုက်ချိန်တွင် ကျန့်ချွယ်က ဂိမ်းကစားနေသည်။ သူ့အမေတစ်ယောက်လုံး ရှေ့တွင်လာရပ်နေလျှင်ပင် သတိပြုမိမည့်ပုံမဟုတ်၍ တစ်ဖက်ကိုလှည့်ပြီး ဖမ်ချန်းချန်းကို သွားတို့လိုက်သည်။
" လောင်ဖမ်... မအိပ်နဲ့ဦး စကားပြောရအောင်..."

ဖမ်ချန်းချန်းက သူ့ကိုတစ်ချက်ကြည့်ပြီးနောက် အကြည့်လွှဲသွားသည်။ 

သူ စကားတစ်ခွန်းမှ မပြောသွားသော်လည်းဟယ်ကျိုးက သူဆိုလိုချင်သည်ကို အလိုလို နားလည်လိုက်သည်။ 

" လောင်ဖမ် ခေါင်းမမာစမ်းပါနဲ့..."

ဖမ်ချန်းချန်း : “…”

ဖမ်ချန်းချန်း : " မင်း ဘာအကြောင်း ပြောချင်လို့လဲ..."

ဟယ်ကျိုးက အံ့ဩနေဆဲဖြစ်ပြီး တီးတိုးပြောလိုက်သည်။

" ကျင်းစစ် ပြောတာအမှန်ပဲလားမသိဘူး ဘာလို့ ငါ သိပ်မယုံမိတာပါလိမ့်..."

ဖမ်ချန်းချန်းက မျက်လုံးများကိုပွတ်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ 

" နှစ်ရက်လောက် စောင့်ကြည့်လိုက်ပေါ့..."

" လောင်လျှိုက သူ့ကိုရုံးခန်းခေါ်ပြီး တစ်နေ့လယ်ခင်းလုံး ဆူနေတယ်လို့တော့ ငါကြားတယ်..."

ဟယ်ကျိုးက ကျင်းစစ်၏ကျောကိုလှမ်းကြည့်ပြီး ခေါင်းကို လက်ညှိုးထိုးပြကာ တိတ်တိတ်လေး ပြောလိုက်သည်။ 

" ‌အဲ့နေရာကို ဦးနှောက်ဆေးလို့များ ဒီလို မူမမှန်ဖြစ်သွားလားမသိ..."

ဖမ်ချန်းချန်းက အလွန်အေးတိအေးစက်ဆန်လွန်းသည်။
" အဲ‌ဒါ မင်းနဲ့ဘာဆိုင်လို့လဲ..."

" အဲဒါ ကောင်းပါတယ် အနည်းဆုံးတော့ သူ အစ်ကိုကျောင်းကို လိုက်ကပ်‌မနေတော့ဘူးလေ... သူ အရိုးမရှိသလိုကြီး ပြုမူနေတာ ငါ သည်းမခံနိုင်ဘူး..."

သူ နှုတ်ခမ်းသပ်ပြီး ပြောလိုက်သည်။ 

သူ ပြောပြီးသည်နှင့် ရယ်လိုက်ကာ အညောင်းဆန့်ပြီး နောက်ဆုံးသုံးတန်းကို လှမ်းကြည့်လိုက်သည်။

" ကံဆိုးစွာနဲ့ပဲ ငါတို့ရဲ့VIP နေရာမှာ ထိုင်‌ချင်တဲ့သူတစ်ယောက် ရှိနေတာပေါ့ ဟားဟားဟား..."

ယင်းကျောင်းက ငတုံးနှစ်ယောက်ကို ကြည့်နေသည်။ ဟယ်ကျိုးနှင့် ကျန့်ချွယ်တို့က စက်သေနတ်ပစ်နေသည့်သဖွယ် စကားပြောနေပြီး မြင်သမျှအရာတိုင်းကို ဗြောင်ကျကျ ငြင်းခုန်နေကြသည်။ 

သူ့မျက်ရိုးကို ပွတ်လိုက်မိပြီး ဟယ်ကျိုး၏ခုံကို နောက်မှကန်လိုက်သည်။ 

" နေရာပြောင်းမယ်..."

ယင်းကျောင်းနှင့် ကျန့်ချွယ်က အလယ်တန်း၏ နောက်ဆုံးခုံတွင် ဘေးချင်းကပ်လျက် ထိုင်နေကြခြင်းဖြစ်သည်။ ဟယ်ကျိုးနှင့် ဖမ်ချန်းချန်းက နောက်မှကြည့်လျှင် ဒုတိယဆန်း၌ ဘေးချင်းကပ်လျက် ထိုင်နေသည်။ သူတို့ရှေ့တွင်ရှိနေသည်က ကျင်းစစ်ဖြစ်သည်။

💛တခြားကျောင်းသား❤️ ကျင်းစစ်
💚ဖမ်ချန်းချန်း              💜 ဟယ်ကျိုး
🧡ကျန့်ချွယ်                  💙 ယင်းကျောင်း
( ဒီလိုလေးထိုင်တာပါ မျက်လုံးထဲမြင်အောင်လို့ )

" ဘာလို့လဲ..."
ဟယ်ကျိုး ကြောင်သွားသည်။

" မင်းက အဓိပ္ပါယ်မရှိတာတွေ ပြောလွန်းလို့လေ..."

ယင်းကျောင်းက စိတ်မရှည်လက်မရှည်ဖြင့် ခုံမှထလာပြီး ဟယ်ကျိုးကို အနောက်ခုံတွင် ထိုင်ခိုင်းကာ သူက ကျင်းစစ်၏ နောက်ကို ရောက်လာသည်။

( ထိုင်တာက အခု ‌ဒီလိုဖြစ်သွားပါပြီ 😂 )
💛တခြားကျောင်းသား❤️ ကျင်းစစ်
💚ဖမ်ချန်းချန်း             💙 ယင်းကျောင်း
🧡ကျန့်ချွယ်                 💜ဟယ်ကျိုး

" ဒီနေ့ မူမမှန်တာတွေ ဘာလို့အရမ်းများနေပါလိမ့်
..."

ဟယ်ကျိုးက ရေရွတ်လိုက်ပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် ထိုင်ချလိုက်သည်။

သူ့ဘောင်းဘီအိပ်ကပ်ထဲမှ ဖုန်းက တစ်ချက်တုန်သွား၍ ဖွင့်ကြည့်လိုက်သည့်အခါ ယင်းကျောင်းက သူ့ကို စာအိတ်အနီတစ်အိတ်ပို့ထားသည်။

ဟယ်ကျိုးက သိသိသာသာမျက်ခုံးပင့်လိုက်ပြီး ပြုံးမိသွားကာ ယင်းကျောင်းကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်လိုက်သည်။ 

" အို့... နေရာလေးပြောင်းတာလေးပဲကို အစ်ကိုကျောင်း ဘာလို့ စာအိတ်အနီပို့လိုက်တာလဲ အဲ့လောက်ယဉ်ကျေးစရာမလိုပါဘူး..."

ယင်းကျောင်းက သူ့ကို သနားသည့်ပုံစံဖြင့် ကြည့်လိုက်သည်။

" ဉာဏ်ကောင်းအောင် သစ်ကြားသီးလေး ဘာလေး ဝယ်စားလိုက်လေ..."

ဟယ်ကျိုး : “…”

ယင်းကျောင်းက စားပွဲပေါ် လက်ထောက်ထားပြီး ခေါင်းကို ရှေ့အနည်းငယ်စောင်းကြည့်လိုက်သည်။ ကျင်းစစ်က စာအုပ်များကို စားပွဲအံထဲထည့်နေသည်။

ကျင်းစစ်က နေရာအစီအစဉ်မကျနခြင်းနှင့်ပတ်သက်ပြီး အကဲဖတ်သူဖြစ်၍ သူ့အတွက် အရေးကြီးဆုံးအရာမှာ အနားမှ ပစ္စည်းများ သပ်ရပ်သန့်ရှင်းနေရန် ဖြစ်သည်။ သို့ရာတွင် မူရင်းစားပွဲက ရှုပ်ပွနေသည့်အပြင် အလွန်အကြူး ညစ်ပတ်နေပေသည်။ မုန့်များက စားပွဲခုံအံထဲ၌ နေရာအနှံ့ ပြန့်ကျဲနေပြီး အမှိုက်များကို သူထိလိုက်ချိန်တွင် အချို့က မှိုတက်နေသည်။ 

ကျင်းစစ်က မသက်မသာဖြစ်မှုကို တောင့်ခံထားပြီး ခုံနားမှ အဝတ်စုတ်တစ်ခုကိုရှာကာ စားပွဲအပြင်နှင့် အတွင်းကို တစ်နေရာမှမကျန်အောင် သုတ်လိုက်သည်။ 

ပေကျံနေသည်များကို သန့်ရှင်းအောင်သုတ်ပြီး စားပွဲခုံကတောက်ပလုနီးပါးဖြစ်မှ ထိုအဝတ်သုတ်ကို သေသေသပ်သပ်ခေါက်ပြီး ဖတ်စာအုပ်များကို စတင်နေရာချလိုက်သည်။

မူရင်းစားပွဲပေါ်တွင် အပြာရောင် ပလတ်စတစ်စာအုပ်စင်လေးတစ်ခုရှိသည်။ ၎င်းက သာမန်စာအုပ်စင်လေးတစ်ခုသာဖြစ်ပြီး အောက်ခြေက မညီမညာဖြစ်နေ၍ တစ်ချက်ထိရုံဖြင့် ယိမ်းထိုးနေသည်။ 

ကျင်းစစ် စိတ်အနှောင့်အယှက်ဖြစ်သွားမိပြီး စာရေးစားပွဲကို ပြန်ညီအောင်လုပ်ကာ စားပွဲ၏ညာဘက်ထောင့်တွင် ထားလိုက်သည်။ ထို့နောက် ဖတ်စာအုပ်များကို ဘာသာရပ်နှင့် ဆိုဒ်များအတိုင်းစီပြီး စာအုပ်စင်ပေါ် သေချာတင်ထားလိုက်သည်။ 

လီကျိုးက သူနှင့် ဘေးချင်းကပ်လျက်စားပွဲတွင်ထိုင်သူဖြစ်၍ သူ့လှုပ်ရှားမှုအားလုံးကို မြင်နေရသည်။ 

ကျင်းစစ် မျက်မှောင်ကြုတ်ထားပြီး သူ့ကို ဇဝေဇဝါဖြစ်နေပုံဖြင့် ကြည့်လိုက်သည်။ 

လီရှစ် ရေရွတ်လိုက်သည်။
" ငါ ဖျားနေတာတော့ မဟုတ်လောက်ပါဘူးနော်..."

သူ ကျင်းစစ်ကို မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။ 
" မင်းရူးနေတာလား..."

" ဘာဖြစ်လို့လဲ..."

" ဒီတိုင်း..."
လီကျိုးက လက်ညှိုးထိုးပြနေလျက် ပြောလိုက်သည်။

" မင်းပြောတော့ စာကြိုးစားရတာ မင်းစတိုင် မဟုတ်ဘူးဆို..."

ကျင်းစစ်က အရာအားလုံး စီစီရီရီဖြစ်သွားသည့်ခုံကိုကြည့်ပြီး စိတ်ကောင်းဝင်နေသောကြောင့် လီကျိုးကို တစ်ချက်ပြန်ကြည့်ပြီး မေးလိုက်သည်။

" ငါ့စတိုင်ဆိုတာဘာလဲ... ကျောင်းသားတွေရဲ့ အဓိကတာဝန်က စာကြိုးစားဖို့ မဟုတ်ဘူးလား..."

သူ ထိုသို့ပြောလိုက်ချိန်တွင် လီကျိုးတစ်ကိုယ်လုံး ကြက်သီးထသွားပြီးနောက် ငိုင်ကျသွားမိသည်။ အချိန်အတန်ကြာသည်အထိ လူနှင့်စိတ်နှင့် မကပ်နိုင်တော့ပေ။ 

စာအုပ်များကို ပြန်စီနေစဉ်တွင် မူလကိုယ်က စာမကြိုးစားပဲ အလေလိုက်နေသူဖြစ်၍ လေ့ကျင့်ခန်းစာအုပ်များ မဝယ်ထားသည်ကို သူ သတိပြုလိုက်မိသည်။ 

"ကောလိပ်ဝင်ခွင့်စာမေးပွဲ ၅နှစ်နှင့် ၃နှစ် အယောင်ဆောင်ခြင်း" နှင့် " အထက်တန်းကျောင်းသားများအတွက် စာသင်နည်းစနစ် ရှင်းလင်းချက်များ " ဟူသော စာအုပ်ကို သူ ယခင်က မကြားဖူးခဲ့ပေ။ သူ ယခင်က မကြားဖူးသော စာအုပ်ပေါင်းများစွာ ရှိနေသည်။ စီရင်စုအထက်တန်းကျောင်းမှ ကျောင်းသားများက သူတို့ကို မဝယ်မနေရ ဝယ်ခိုင်းထားပုံရသည်။ 

ကျင်းစစ်က ယခုချိန်၌ စာလေ့လာရန်အစီအစဉ်တစ်ခုရှိပြီးဖြစ်သည်။ ပထမဦးစွာ စာသင်ခန်းထဲတွင် သင်ခန်းစာများကို ရက်အနည်းငယ်ခန့် နားထောင်ပြီးမှ ဆရာများ၏ စာသင်ကြားနည်းကို အသေးစိတ် စူးစမ်းလေ့လာကာ ဘာသာရပ်တိုင်း၏ အဓိကအချက်များကို မှတ်စုထုတ်ပြီး လွတ်သွားသောအပိုင်းများကို စစ်ဆေးမည်ဖြစ်သည်။ 

အားလုံးကို ရှင်းလင်းစွာ စီစဉ်ထားလိုက်ပြီးနောက် သင်္ချာဖတ်စာအုပ်ကိုဖွင့်ကာ ကတော့ပုံပုစ္ဆာများကို စိတ်တည်ငြိမ်အောင် ဖြေရှင်းနေလိုက်သည်။ ထို့နောက် မူလကိုယ်၏ဖုန်းကို ထုတ်လိုက်သည်။ 

မူလကိုယ်၏ မူလစုအကြောင်း ဝတ္ထုထဲရေးထားသည်ကို ကျင်းစစ်မှတ်မိနေသေးသည်။ သူ့မိဘများက ကွာရှင်းထားပြီး သူ့မိသားစုနှင့်သူ နေကြခြင်းဖြစ်သည်။ သူ့ထံတွင် သွေးတစ်ဝက်ရောသော ညီလေးနှင့် ညီမလေးတစ်ယောက်စီရှိသည်။ 

မူလကိုယ်က အဖေဖြစ်သူနှင့် အတူနေခြင်းဖြစ်သော်လည်း ကျောင်းမှန်မှန်တက်သူမဟုတ်ပဲ သူ နေစရာနေရာတစ်ခု ရသည်ဟုသာ သတ်မှတ်ထားသူဖြစ်သည်။ 

သို့ရာတွင် ယခုအခါ သူကဝတ္ထုထဲရောက်လာပြီဖြစ်၍ အခြားနေရာတွင် အပြောင်းအလဲဖြစ်သွားသည်လား သိချင်လာ၍ အတည်ပြုကြည့်ရန် ဆုံးဖြတ်လိုက်သည်။ 

ကျင်းစစ်က ဖုန်းကို သူ့လက်ဗွေဖြင့် unlock လုပ်လိုက်ပြီးနောက် chat softwareကိုနှိပ်ပြီး စကားပြောထားသူများကို ကြည့်လိုက်သည်။ 

မူလကိုယ်က ရင်းနှီးသောသူငယ်ချင်း ရှိပုံမရပေ။ သူနှင့် စကားများများပြောသည့် တစ်ယောက်တည်းသောလူက တစ်ခုံတည်းထိုင်ကြသည့် လီကျိုးသာရှိသည်။ ကျင်းစစ် စစ်ဆေးကြည့်လိုက်သောအခါ လီကျူးက မူလကိုယ်၏ အခန်းဖော်ဖြစ်နေကြောင်း သိလိုက်ရသည်။ 

Chat logထဲမှ အဓိက အချက်အလက်များကို ရေးချလိုက်ပြီးသည့်နောက်တွင် ကျင်းစစ်က အခြားသော conversationများကို ကျော်လိုက်သည်။ ထိုသို့ဆက်ကြည့်နေစဉ်တွင် မူလကိုယ်နှင့် သူ့မိဘများအကြားမှ conversation ကို မြင်လိုက်ရသည်။ 

ဝတ္ထုထဲတွင် ရေးထားသည့်အတိုင်း မူလကိုယ်နှင့် သူ့မိဘများအကြား ဆက်ဆံရေးက တရင်းတနှီး မဟုတ်ပေ။ Conversationထဲတွင် ကျင်းစစ်မြင်လိုက်သည်က ငွေလွှဲပြေစာမှတ်တမ်းများသာဖြစ်သည်။ နေ့စဉ်စကားပြောဆိုခြင်းလည်း မရှိပေ။ 

ကျင်းစစ် ဖုန်းကိုချထားလိုက်ပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။ 

၎င်းက သူ့အတွက် သတင်းကောင်းများဖြစ်သည်။ အကယ်၍ မူလပိုင်ရှင်က မိဘများနှင့် တရင်းတနှီးဖြစ်ပါက သူ သတိလက်လွတ်နေမိပါက ရှာတွေ့သွားနိုင်ပေသည်။ လက်ရှိအနေအထားအရဆိုလျှင် အကယ်၍ သူ အလွန်ပြောင်းလဲသွားလျှင်လည်း မူလကိုယ်၏မိဘများ သတိပြုမိရန် အချိန်အတန်ကြာဦးမည်ဖြစ်သည်။ 

သို့ရာတွင် လူပျိုပေါက်အရွယ်ကလေးများက အမြဲတစေ ပြောင်းလဲနေတတ်ခြင်းက သာမန်ကိစ္စတစ်ရပ်သာဖြစ်ပြီး ထူးဆန်းသည်ဟု မပြောနိုင်ပေ။ 

" ဟေး ကျင်းစစ်..."

လီကျိုးမှာ သူ မည်သည့်အချိန်က စိတ်နှင့်ကိုယ် ကပ်သွားသည်ကိုပင် မသိလိုက်ချေ။ ကျင်းစစ်၏လက်ထဲမှဖုန်းကိုလှမ်းကြည့်ပြီး စနောက်လိုက်သည်။

" မင်း စာကြိုးစားတော့မှာမလား... ဘာလို့ ဖုန်းကိုင်နေတာလဲ... လာပါ ငါ့ကို အမှန်အတိုင်းပြောစမ်းပါ အဲဒါယင်းကျောင်းကိုလိုက်ဖို့ အကြံအစည်အသစ်လား..."

အနောက်ဘက်တွင်ထိုင်နေသော ယင်းကျောင်း၏နားရွက်က မသိမသာ ထောင်သွားသည်။ 

ကျင်းစစ်က ဖုန်းကိုပြန်ချထားလိုက်ပြီး" အထက်တန်းကျောင်းသားများအတွက် စာသင်နည်းစနစ် ရှင်းလင်းချက်များ " စာအုပ်ကို ဖွင့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ငြင်းဆန်လိုက်သည်။ 

" မဟုတ်ပါဘူး..."

လီကျိုး : " ပြောပါစမ်းပါ... ငါ ဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ ကတိပေးတယ်..."

ကျင်းစစ် ကူကယ်ရာမဲ့သွားသည်။ 
" တကယ် မဟုတ်ဘူး..."

" ငါ မယုံဘူးနော်..."
 လီကျိုးက သူ့လက်ထဲမှစာအုပ်ကို ချထားလိုက်သည်။

" မင်း တခြားတစ်ယောက်ကိုကြိုက်လို့ ပစ်မှတ်ပြောင်းသွားတာနေမှာ..."

လီကျိုး၏စိတ်ထဲ အတွေးတစ်ခု ဖျတ်ခနဲပေါ်လာသည်။ တစ်ခုခုကို သိသွားပုံဖြင့် မျက်လုံးအပြူးသားဖြစ်သွားပြီး ကျင်းစစ်ကိုလှမ်းဆွဲလိုက်သည်။

" ဟုတ်တယ်မလား မင်း တခြားတစ်ယောက်ကို ကြိုက်‌သွားတာမလား..."

" အင်း အင်း အဲ့လိုဆိုရင်လည်း အဲ့လိုပေါ့..."

" အဲ့လူက ဘယ်သူလဲ... ငါ သူ့ကိုသိလား..."

" သူက စာတော်တဲ့သူလား... အတန်းကြီးကလား..."

" နာမည်ကဘာလဲ ငါ့ကိုပြောပြ... ပြောပြလို့..."

လီကျိုးက သူ့ထင်မြင်ယူဆချက်ကို မှန်ကန်သည်ဟု ထင်နေမိသည်။ ကျင်းစစ် မည်မျှငြင်းပယ်သည်ဖြစ်စေ ကျင်းစစ် ရုတ်ချည်းပြောင်းလဲသွားခြင်းက ထိုလူကြောင့်ဟုသာ သူ ထင်လိုက်မိသည်။ 

ကျင်းစစ်က သူရစ်သည်ကို ဖြေနေရ၍ စာမလုပ်နိုင်ဖြစ်နေသည်။ ထို့နောက် " အပြည့်အဝ ဖြေရှင်းချက် " ဟူသော စာအုပ်အဖုံးကို မြင်လိုက်ရ၍ နာမည်တစ်ခုကို လှစ်ခနဲပြောလိုက်သည်။ 

" ရွှယ်ကျင်ရှင်း..."

သူ့နောက်မှ ယင်းကျောင်း၏မျက်လုံးက အရောင်လက်သွားပြီး မျက်ခွံများ အနည်းငယ် ညွတ်ကျသွားသည်။ 


.....

စာရေးသူမှာ ပြောစရာရှိပါတယ် 🌱

ငါဆိုတဲ့ယင်းကျောင်းက တစ်သက်လုံး singleအဖြစ် နေရမယ်ဆိုရင်တောင် ကျင်းစစ်ကို တွဲမှာ မဟုတ်ဘူး...

နောက်ပိုင်းတွင် ————

F**k  ရွှယ်ကျင်ရှင်းဆိုတာ ဘာကောင်လဲ...

အစ်ကိုကျောင်းရဲ့ အမှောင်ဘက်ခြမ်းကို သွားမဆွမိဖို့ သတိထားပါ...



Xxxxxx