Chapter - 6
ဆရာလျိုက ကျင်းစစ်အကြောင်းအား တွေးတောနေမိသည်။ သူက ညစာကိုပင် ကောင်းကောင်းမစားနိုင်ပေ။ ညပိုင်းပထမဆုံးကိုယ်ပိုင်စာကြည့်ချိန်မတိုင်ခင်အထိသည်းခံနေပြီးမှ သူရဲ့ကြီးမားသည့်ရေဘူးကြီးအား သယ်ဆောင်ပြီး အတန်းထံသို့ လျင်လျင်မြန်မြန်လျှောက်သွားလိုက်၏။
သူအတန်း(၆)သို့ ရောက်ချိန်တွင် သူက တမင်ဖြေးဖြေးချင်းလျှောက်ကာ အတန်းခုနစ်၏နောက်ပေါက်သို့ တိတ်ဆိတ်စွာချည်းကပ်သွားပြီး နောက်ဆုံးပြတင်းပေါက်မှ အထဲသို့ချောင်းကြည့်လိုက်သည်။
သူ့(ကျင်းစစ်)အား မြင်လိုက်မှသာ သူချက်ချင်းစိတ်သက်သာရသွား၏။
ကျင်းစစ်ကသူ့နေရာမှာပင် ရိုးသားစွာထိုင်နေပြီး “ငါး သုံး”စာအုပ်အား သူ့ရှေ့၌ ချထားသည်။ အမြန်နှုန်းက အရမ်းမြန်နေသော်လည်း ၎င်းကအရမ်းလေးနက်သည့် မေးခွန်းမဖြစ်နိုင်လောက်ချေ။ သို့သော် သူကရေးချင်သည့် စိတ်ဓာတ်လေးပေါ်လာသည်က ကောင်းလှသည်။
ဆရာလျိုက စိတ်ကျေနပ်စွာ ခေါင်းညိမ့်လိုက်ပြီး အတန်းထဲသို့ အရှေ့တံခါးမှ ဝင်လိုက်၏။
သူဝင်လာသည်နှင့် မူလကဆူညံနေသောအတန်းခုနစ်က ရုတ်တရက်တိတ်ဆတ်သွားကာ မူလကသူတို့ဘာပဲလုပ်နေနေ လုပ်နေကြသည့် အတန်းဖော်များကလည်း ကြောက်လန့်တကြီးဖြင့် သူတို့၏စာအုပ်များအားလိုက်ရှာကြတော့သည်။
ဆရာလျိုက သင်္ချာစာအုပ်အား သူ့လက်ထဲ၌ အလိပ်တစ်ခုအဖြစ် လိပ်လိုက်ကာ အများဆုံးလှုပ်လှုပ်ရွရွဖြစ်နေသည့် ကျောင်းသားအချို့ထံသို့ ရွေ့သွားပြီးနောက် သူတို့၏ခေါင်းများအား တစ်ခေါင်းပြီးတစ်ခေါင်းခေါက်ချလိုက်ပြီးဒေါသဖြင့်အော်လိုက်သည်။
“မင်းတို့က မျောက်တွေလို ခုန်ဆွခုန်ဆွလုပ်နေကြတာလား…မင်းတို့ ငါ့အတွက် ရှေ့ထွက်ပြီး မျောက်ကပွဲလုပ်ပြချင်ကြလား..”
အရိုက်ခံရသည့် ကျောင်းသားများက သူတို့၏နေရာမှာပင် ငြိမ်ကုတ်စွာထိုင်နေပြီး စကားတစ်ခွန်းမျှမဟရဲကြတော့ချေ။
ဆရာလျိုက ၁.၉မီတာ အရပ်ရှိပြီး ကြွက်သားများဖြင့်တောင့်တင်းလှကာ သူ့၏လက်ကြီးများကလည်း ယပ်တောင်တစ်ခုကဲ့သို့ပင်။ ပြောင်နေသောဦးခေါင်းနှင့်ရွှေဆွဲကြိုးသာတပ်လိုက်ပါလျှင်သူက တစ်မိနစ်အတွင်းမှာပင် မြေအောက်ခေါင်းဆောင်တစ်ယောက်အဖြစ် ပြောင်းသွားနိုင်သဖြင့် သူ့အားမည်သူက အာခံရဲမည်နည်း။
“ဟယ့်ကျိုး..ကျန့်ချွယ်..မင်းတို့ပြောနေပုံက အရမ်းရဲတင်းနေတယ်မလား..”
ဆရာလျိုက နှာမှုတ်လိုက်သည်။
“ငါ့ကို ဒီအပတ်အတွင်း ‘ပုလွေဆရာရှင်း’အကြောင်း ပြောပြရမယ်..ငါသောကြာနေ့မှာ ရမရစစ်မယ်..”
ဟယ့်ကျိုးကငိုကြွေးလိုက်ပြီး သူ့လက်က သူ့၏ဘာသာစကားစာအုပ်အား လှုပ်ခါပြသည်။
“ဆရာ ကျွန်တော် ပုလွေဆရာကအဆင်ပြေပါ့မလား မသိဘူးဗျ…ဒါပေမဲ့ဆရာကျွန်တော့်ကို ဒီအကြောင်းရွတ်ပြစေချင်ရင် ကျွန်တော်တကယ်မရွတ်နိုင်လောက်ဘူး..”
ကျန့်ချွယ်အတွက်ကတော့ သူက”ပုလွေဆရာရှင်း”က မည်သည်ဆိုသည်ကိုပင်မသိချေ။
သူက ပုံပျက်ပန်းပျက်ဖြစ်နေဆဲဖြစ်ကာ သူကခေါင်းစဉ်ကိုကြားရချိန်တွင် ရှေးဟောင်းကဗျာတစ်ပုဒ်ဟုထင်မြင်မိပြီး ချက်ချင်းပင်သူ့ရင်ဘတ်အား ပုတ်ကာကတိပေးလိုက်သည်။
“ကိစ္စမရှိပါဘူး”
၎င်းကစကားလုံးရေတစ်ရာထက် နည်းပြီး အချိန်က လေးရက်ပင်ကျန်သေးသောကြောင့် သူက တစ်နေ့စကားလုံးနှစ်ဆယ်ရွတ်လျှင် ပြဿနာမရှိဘဲ ကောင်းစွာရွတ်နိုင်သည်ဟုတွေးလိုက်သည်။
ဟယ့်ကျိုးက သူ့အားဒေါသတကြီးကြည့်လိုက်ကာ ထိုကောင်၏ပါးစပ်အားကော်ဖြင့်ကပ်ချင်စိတ်များတဖွားဖွားပေါ်လာတော့သည်။ သူက’ပုလွေဆရာရှင်း’ ရှိသည့်စာမျက်နှာအား လှန်လိုက်ကာ စာအုပ်ကိုကျန့်ချွယ်၏မျက်လုံးထံ တိုးပေးလိုက်၏။
“ကိစ္စမရှိဘူး ဟုတ်လား…မင်းဒီဟာနဲ့တကယ်အဆင်ပြေမှာမို့လို့လား”
ကျန့်ချွယ်က ပြည့်သိပ်နေသည့် စာမျက်နှာအား တုံးအစွာကြည့်လိုက်သည်။
“ဒါဆို မရွတ်ချင် မရွတ်တော့နဲ့လေ..”
ဆရာလျိုက သိပ်ဒေါသမထွက်တော့ပေ။ သူကဟယ့်ကျိုးအား စိုက်ကြည့်လိုက်ပြီး “ဒီမနက်က ဂိမ်းစက်က…..”
ဟယ့်ကျိုးက တစ်စက္ကန့်အတွင်းမှာပင် အရှုံးပေးလိုက်၏။ “ကျွန်တော်လုပ်မယ်…ကျွန်တော်လုပ်မယ်..”
လူတချို့အားဆူငေါက်ပြီးနောက် ဆရာလျိုက ကျင်းစစ်ထံလျှောက်လာကာ သူခေါင်းအားငုံလိုက်ပြီး သူလုပ်နေသော “ငါး သုံး” သင်္ချာစာအုပ်အား ကောက်ယူလိုက်သည်။
ဆရာလျိုက သူအား လမ်းစဉ်အမှားဖြင့်မကြိုးစားရန် ပြောချင်မိသည်။ ပထမဆုံး သူကအခြေခံများအား အာရုံစိုက်ပြီး လေ့ကျင့်ခန်းများလုပ်ရန် အလျင်မလိုသင့်ပေ။
သူက မတော်တဆ ရွေးချယ်မေးခွန်းများအား စစ်လိုက်မိကာ ၎င်းတို့အားလုံးမှန်နေကြောင်း တွေ့လိုက်ရသည်။
ဆရာလျိုက သူအမြင်မှားသည် ဟုပင်တွေးလိုက်မည့်ဆဲဆဲတွင် အံဩမှုများဖြင့် အောက်သို့ဆက်ကြည့်လိုက်မိသည်။ သူကရွေးချယ်မေးခွန်းများအား ဆက်ကြည့်နေကာ သူကအမှားတစ်ခုကိုပင်ရှာမတွေ့ခဲ့ပေ။
“မင်း..” ဆရာလျိုက ကျင်းစစ်အား စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။
ကျင်းစစ်က သူ့၏စိတ်ထဲ၌ ဆရာလျိုက တစ်ခုခုသတိထားမိသွားသည်ဟုတွေးမိကာ အရေးပေါ်ခေါင်းလောင်းများစွာ မြည်သကဲ့သို့ခံစားလိုက်ရပြီး ဖြေကြားခဲ့သည့်မေးခွန်းများ အကြောင်းပြောမည့်ချိန်တွင် သူကဆရာလျှို ပြောသည်ကိုကြားလိုက်ရသည်…..။
“မင်း အနောက်ဘက်က အဖြေအားလုံးကို ကျက်ထားတာလား..”
ဆရာလျိုက ကျင်းစစ်၏ပုခုံးအား ပုတ်ကာ သူ့ကို အားပေးစကားပြောရန် သူ့ဦးနှောက်အား မနည်းတွန်းအားပေးစဉ်းစားနေရသည်။ အချိန်ကြာနောက်ဆံတင်းနေပြီးနောက် သူအသံအောအောအသံဖြင့် နောက်ဆုံးပြောထွက်လိုက်၏။
“မင်းမှာ ကောင်းမွန်တဲ့ မှတ်ဉာဏ်ရှိတာကြောင့် အခုငါ့ရဲ့အားထုတ်မှုနောက် ဆက်လိုက်နိုင်တယ်…ဒါပေမဲ့ဒီလိုမျိုး နောင်ကျထပ်မလုပ်နဲ့တော့…”
ကျင်းစစ်”….”
ကျင်းစစ်ကရှုံမဲ့နေသော မျက်နှာဖြင့်ပြန်ဖြေလိုက်သည်။ “ဟုတ်ကဲ့”
“မင်းမလုပ်နိုင်တာ တစ်ခုခုရှိရင် ရုံးခန်းလာပြီး ဆရာ့ကိုလာရှာပြီးမေးလို့ရတယ်….ညနေကိုယ်ပိုင်စာကြည့်ချိန်မှာ ဆရာတို့ အားတယ်..”
ဆရာလျိုက လေ့ကျင့်ခန်းစာအုပ်အား ကျင်းစစ်ထံပြန်ပေးလိုက်ပြီး စိတ်ကျေနပ်စေရန်ထပ်ပြောလိုက်သည်။
“ဆရာ အခြားဆရာနှင့် ဆရာမတို့ကိုလည်း မနက်ဖြန်ကြ ပြောထားပေးမယ်…ရှက်ကြောက်စရာမလိုဘူး..မင်းနားမလည်တာရှိရင် မင်းမေးရမယ်လေ..ကောင်းကောင်းမွန်မွန် စာကြိုးစားချေ…ငါတို့အတန်းက ရုံးခန်းနှင့်လည်း ဝေးတာမဟုတ်ဘူး….ငါတို့က တောက်တိုမယ်ရခိုင်းဖို့ တစ်ခါတစ်လေလိုတာကြောင့် ငါ့တို့အတွက်လည်းအရှုံးမဟုတ်ဘူးလေ….”
ကျင်းစစ်ကသူ့ရင်ထဲနွေးထွေးစွာခံစားလိုက်ရသည်။
သူက လိမ္မာရိုကျိုးဟန်ဖြင့်ခေါင်းညိမ့်ပြလိုက်သည်။
“ကျွန်တော်သိပါပြီ..ကျေးဇူးပါဆရာ..”
“စာကြိုးစားပါ”
ဆရာလျိုက သူ့အားထပ်မံအားပေးလိုက်ပြီး သူ၏ရေဘူးကြီးအားကိုင်ဆွဲကာ အတန်းတွင်းသို့ အသိပေးသည့်အကြည့်ဖြင့်ကြည့်လိုက်ပြီးနောက် အတန်းထဲမှထွက်သွားတော့သည်။
ဆရာလျိုထွက်သွားပြီးနောက် ကျင်းစစ်ကဘောပင်အား ကောက်ကိုင်လိုက်ကာ မေးခွန်းများကိုဆက်၍ ဖြေကြားလိုက်သည်။ သူက တစ်နာရီအတွင်းမှာ လေ့ကျင့်ခန်းအားလုံးကို တစ်ခုပြီးတစ်ခု ပြီးမြောက်သွား၏။ လျှပ်စီးလက်သလိုအမြန်နူန်းဖြင့် သူကမှတ်စုစာအုပ်တစ်အုပ်အား စိတ်အားတက်ကြွစွာထုတ်ပြီး ဘာသာရပ်တစ်ခုချင်းစီ၏ မှတ်သားစရာများအား ပြုစုလိုက်သည်။
ယင်းကျောင်းက သူ့ကို အချိန်အတော်ကြာစိုက်ကြည့်နေပြီးနောက် အရှေ့သို့လှည့်သွားသည်။
ဟယ့်ကျိုးက ဖဲကဒ်တစ်စုံအား ကိုင်လိုက်ပြီး မြေပိုင်ရှင်အားတိုက်ခိုက်ခြင်း [ Fight The Landlord ] ဂိမ်းကစားရန် တစ်စုံတစ်ယောက်ကို အော်ခေါ်လိုက်၏။
“အကိုကျောင်း ဒီနားလာခဲ့…Sh*t..ငါကိုလောင်ကျန့်က သတ်သွားပြီ..ငါတစ်ခြားပျော်စရာလေးတွေ ရှာမှပဲ..မဟုတ်ရင် ငါမွန်းကြပ်နေတော့မယ်..ဒီပုလွေဆရာကိစ္စကြီးက လူဖတ်ဖို့ရော ဟုတ်သေးလား..ဒီ ပိုင်ကျွီယိက ရူးနေလို့ အနာဂတ်မျိုးဆက်သစ်ကို ဒုက္ခပေးဖို့ ဒီလိုမျိုးအရာကိုရေးခဲ့တာလား…”
ကျန့်ချွယ်က သူ၏လုပ်ဆောင်ချက်များအား ဖောက်သည်ချရန်လာစဉ် ၎င်းအားကြားရချိန်တွင် ဝင်ပြောလာသည်။
“ငါ့အတွက်လည်း တစ်ခုယူပေး…ငါလည်းပါမယ်”
“ဘွန်း…”
ဟယ့်ကျိုးက သူ့ကိုဘေးသို့ တွန်းလိုက်ပြီး စားပွဲပေါ်၌ ခြေထောက်တင်လှဲလျောင်းနေသည့် ဖန်ချန်းချန်းအား ဆွဲခေါ်လိုက်ကာ လက်ထဲသို့ကဒ်များ ထိုးသိပ်ပေးပြီး နှာမှုတ်လိုက်သည်။
“မင်းကအရမ်းတုံးလွန်းလို့ငါငြင်းတယ်..”
ကျန့်ချွယ်က ဒေါသထွက်သွား၏။
“ငါကတုံးတယ်..ငါကအနည်းဆုံး အကိုကျောင်းကို ဆွဲပြီး မြေပိုင်ရှင်အားတိုက်ခိုက်ခြင်း ခေါ်ဆော့ပြီး ငါ့ကိုယ်ငါ အမြှောက်စာအဖြစ်မခံဘူး..ဒါဆို ငါတို့ထဲက ဘယ်သူက တုံးတာလဲ...”
ဟယ့်ကျိုးက ခေါင်းယမ်းလိုက်သည်။ “ငါက ဆန္ဒရှိတယ်”
ကျန့်ချွယ်က ဒေါသအရမ်းထွက်လွန်း၍ သူ့မျက်လုံးအားလှည့်ကာ သူ့ဖုန်းအားခုံပေါက်ထဲသို့ ပစ်သွင်းလိုက်ပြီးနောက် နောက်ထပ်ပေါက်ကရထပ်မပြောဘဲ ဟယ့်ကျိုးအား လက်ညိုးထိုးလိုက်သည်။
“ငါမင်းဘယ်လိုရှုံးမလဲ ဆိုတာကို ဘေးကနေ စောင့်ကြည့်နေမယ်..”
ယင်းကျောင်းက ပိုကာဆော့ရာတွင် အရမ်းတော်ပြီး လုံးဝနီးပါး မရှုံးဘူးချေ။ ဟယ့်ကျိုးနှင့် အခြားလူများက သာမန်ချိန်တွင် သူ့နှင့်အတူတူ မဆော့ချင်ကြပေ။
“Q နှစ်ခု”
ယင်းကျောင်းက ကိုယ်တစ်ဝက်အား ခုံကိုမှီလိုက်ကာ ကဒ်နှစ်ကဒ်ကို ပျင်းရိစွာ ပစ်လိုက်၏။
ဟယ့်ကျိုးက သူ့မျက်နှာအား ကြည့်လိုက်ပြီးနောက် ဖန်ချန်းချန်းဘက်သို့ ချောင်းကြည့်လိုက်သည်။ ဖန်ချန်းချန်းက နိုးနိုးကြားကြားဖြစ်သွားကာ ချက်ချင်းပင် သူ၏ကဒ်အား စာရေးခုံပေါ်သို့ မှောက်လျက်တင်လိုက်သည်။
ဟယ့်ကျိုးက သူ့အကြည့်အား ပြန်သိမ်းလိုက်သည်။
“2 နှစ်ခု”
ဖန်ချန်းချန်းက သူ့ခေါင်းအားယမ်းလိုက်ပြီး သူဆက်လိုက်မည်မဟုတ်ကြောင်း ပြသည်။
ဟယ့်ကျိုးက နောက်ထပ်ကဒ်များ ထုတ်လာ၏။
“သုံး သုံးခု”
ဖန်ချန်းချန်း : “ရှစ် သုံးခု”
ယင်းကျောင်းက သူ့၏မျက်လုံးအား မှေးလိုက်ကာ ဘာမှမပြောချေ။
သူ့စိတ်က ကဒ်ကစားနေခြင်းမဟုတ်ကာ သူစဉ်းစားနေသည့် အလုံးစုံက ရွှယ်ကျင်ရှင်းဆိုသော နာမည်ကိုပင်။
၎င်းကအနည်းငယ်ရင်းနီးနေပြီး သူတစ်နေရာရာ၌ ကြားဖူးခဲ့သည်ဟု သူထင်မိသည်။
ဟယ့်ကျိုးက နားလည်စွာ သူ့အားခေါ်သည်။
“အကိုကျောင်း မင်းအလှည့်ပဲ..”
ယင်းကျောင်းက မျက်လုံးပင့်လိုက်ပြီး ခုံပေါ်သို့ စိတ်မဝင်စားစွာ လှမ်းကြည့်လိုက်သည်။
“ရှစ်နှစ်ခု ဟုတ်လား..ငါ့ရဲ့ ကိုးနှစ်ခု..”
“လောင်ဖန်မှာ ရှစ်သုံးခုရှိတယ်” ဟယ့်ကျိုးက သူ့ကိုအမှန်ပြင်ပေးသည်။ “အကိုကျောင်း မင်းမဟုတ်သလိုဘဲ...မင်းဘာဖြစ်လို့လဲ…ဘာအကြောင်းစဉ်းစားနေတာလဲ..”
“မင်း…”
ယင်းကျောင်းက သူ့၏ကဒ်များကို ခုံပေါ် ပစ်တင်လိုက်ပြီး ပြောလိုက်သည်။
“မင်း ရွှယ်ကျင်ရှင်း ကိုသိလား…”
“ငါဒီနာမည်ကို ကြားဖူးတယ်..” ဟယ့်ကျိုးက သူ့ဦးခေါင်းအား ကိုင်လိုက်ကာ ထဲထဲဝင်ဝင် စဉ်းစားလိုက်သည်။ “ဒါပေမဲ့ ငါအဲ့တာ ဘယ်သူလဲလို့ သေချာမမှတ်မိတော့ဘူး…”
ကျန့်ချွယ်က ဝင်ပြောလာသည်။
“ငါလည်း သူ့အကြောင်းကြား ဖူးသလိုပဲ…သူကအတန်းတစ်နဲ့ အတန်းနှစ်အပြိုင်ဖြစ်နေတဲ့ အဖွဲ့ထဲကတစ်ယောက်မလား..ဆုရသွားတဲ့သူလေ..မစ္စတာလျိုကဒီအကြောင်း အများကြီးပြောဖူးတာကြောင့် ငါရင်းနှီးနေတာဖြစ်မယ်…”
ယင်းကျောင်းက သူံခုံအားတောက်လိုက်သည်။
"ဖြစ်နိုင်ပါတယ်..”
“ဘာဖြစ်လို့လဲ..အကိုကျောင်း” ဟယ့်ကျိုးက ကဒ်ကစားခြင်း၌ စိတ်မဝင်စားတော့ဘဲ သူ့လက်ထဲမှ ကဒ်များအား ချလိုက်သည်။
“သူက အမြင်မရှိဘဲ မင်းကိုရန်လာစလို့လား..သူ့ကို သင်ခန်းစာပေးဖို့ သွားကြမယ်..”
“ထားလိုက်တော့..” ယင်းကျောင်းက သူ့အောက်နှုတ်ခမ်းအား ကွေးလိုက်ကာ ပြုံးလိုက်သည်။ “အဆင်ပြေပါတယ်..”
စီရင်စုသုတေသနက အထက်တန်းပထမနှစ်နှင့် ဒုတိယနှစ်အတွက် ညနေကိုးနာရီလေးဆယ့်ငါးတွင် ပြီးဆုံးပြီး တတိယနှစ်အတွက် တစ်ဆယ်နာရီနှစ်ဆယ့်ငါးတွင် ပြီးသည်။
ကိုးနာရီလေးဆယ့်ငါးတွင် အထက်တန်းပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသားများက ကျောင်းအဆောင်သို့ ပြန်သွားနိုင်သည်။ သူတို့က တတိယနှစ်များ ကဲ့သို့ ဆယ်နာရီနှစ်ဆယ့်ငါးမတိုင်ခင်အထိ စာလေ့လာချင်ပါက လေ့လောနိုင်သေး၏။
သို့သော် အတန်းခုနစ်၏ ကျောင်းသားများက ကိုးနာရီလေးဆယ့်ငါးအထိ မနေကြဘဲ အများစုက ကိုးနာရီတစ်ဆယ့်ငါး၌ ပြေးသွားကြသည်။
ကျင်းစစ်ကညနေ၌ လီကျိုးနှင့် ကျောင်းအဆောင်သို့ ပြန်ရန်သဘောတူထားသော်လည်း လီကျိုး၏ဖုန်းသည် ဆက်တိုက်တုန်ခါနေပေသည်။ သူကခုံအောက်၌ ပုန်းလိုက်ကာ ဖုန်အားဖြေဆိုလိုက်ပြီး စကားတစ်ခွန်းသာချန်ထားခဲ့သည်။
“မင်းကျောင်းဆင်းရင် ပြန်နှင့်လိုက်တော့..ငါ့သူငယ်ချင်းတစ်ယောက်ကကောင်မလေးတစ်ယောက်နဲ့ ငါ့ကိုလာရှာနေတယ်..” သူက ပြုံးဖြဲဖြဲဖြင့်ထွက်သွားသည်။
“ဟေး…”
ကျင်းစစ်က သူ့လက်အားဆန့်လိုက်ကာ သူ့အားဆွဲရန်လုပ်သည်။ သူ့အားမဖမ်းထားနိုင်လိုက်သောကြောင့် သူတဖြည်းဖြည်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။
ထို့နောက် သူကကျောင်းအဆောင်အား မည်ကဲ့သို့ရှာရမည်ကို တိတ်တဆိတ်စိတ်ပူနေမိသည်။
ယင်းကျောင်းက သူမျက်မှောင်ကျုံ့လိုက်သည်ကို ကြည့်နေပြီးနောက် သူနှင့်လီကျိုးတို့ စကားများအားထပ်ခါထပ်ခါ ပြန်စဉ်းစားလိုက်ပြီး သူ့၏ပါးစပ်ထောင့်က ဖြည်းညင်းစွာကွေးလာသည်။
အခန်းတွင်း၌ လူတစ်ဝက်လောက်ပြန်သွားကြသည်ကို ကြည့်ပြီး ဟယ့်ကျိုးက ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ကာ ယင်းကျောင်းအားဆွဲလိုက်သည်။
“အကိုကျောင်း အချိန်ခဏလောက် အပြင်သွားချင်လား...လောင်ကျန့်က 1982မှာ နေရာတစ်နေရာ ဘိုကင်ချိတ်ထားတယ်..”
1982က ကျောင်းနားရှိ ဖျော်ဖြေရေးကလပ်တစ်ခုဖြစ်ကာ ယင်းကျောင်းနှင့် သူ့သူငယ်ချင်းများ မကြာခဏသွားကစားလေ့ရှိကြသည်။
“မင်းတို့ သွားပါ..” ယင်းကျောင်းက ငြင်းလိုက်သည်။ “ငါဒီနေ့ တစ်ခြားလုပ်စရာ ရှိတယ်..”
ဖန်ချန်းချန်းက မျက်မှောင်ကျုံ့လိုက်သည်။
“အိမ် မပြန်ဘူးလား..”
ယင်းကျောင်းကခေါင်းညိမ့်လိုက်ကာ မျက်လုံးထဲ၌ အပြုံးများဖြင့် ပြောလိုက်၏။
“ဒီည အဆောင်မှာပဲ နေမလားလို့..”
ကျန့်ချွယ်က ခန့်မှန်းကြည့်သည်။
“ဘာလို့အကိုကျောင်းက ရုတ်တရက် ကျောင်းအဆောင်မှာနေချင်သွားတာလဲ…အဆောင်က အိပ်ယာတွေကသက်တောင့်သက်သာမဖြစ်လို့ မင်းအိပ်မရဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား..”
ယင်းကျောင်းက သူ့လက်ထဲ၌ ဘောပင်အားကျွမ်းကျင်စွာ လှည့်လိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ဟုတ်တယ်..တစ်ခုခုပေါ်လာလို့..မင်းတို့ ပျော်ခဲ့ကြ ပြီးတော့ ဒီညအတွက် ငါဒကာခံမယ်…”
ဟယ့်ကျိုးက ရူးသွပ်စွာ ယင်းကျောင်းအား ရိုက်လိုက်ပြီးနောက် ချက်ချင်းပင်သူ့အား မြှောက်ပင့်ပစ်လိုက်သည်။
“ငါ့ရဲ့ အကိုကျောင်း ပီသပါတယ်…တောက်ပလိုက်တာ အကိုကြီး..”
ကျန့်ချွယ်ကပြုံးလိုက်ပြီး ယင်းကျောင်းအား အနမ်းတစ်ပွင့် ပစ်ပေးလိုက်သည်။
“ကျေးဇူးပါ ဖေကြီး”
“လျှောက်ပြီး အရူးလုပ်မနေနဲ့..” ယင်းကျောင်းက သူ့အားကန်ထည့်လိုက်ကာ ပြုံးလျက် ဆူငေါက်လိုက်သည်။
“ရွံစရာကြီး…ဒီက ထွက်သွားကြစမ်း..”
ကျန့်ချွယ်က ဂရုမစိုက်ကာ သူကဟယ့်ကျိုးအား ဆွဲခေါ်ကာ သူ့လက်များအား ဖန်ချန်းချန်းပုခုံးပေါ်၌ တင်လျက် ထွက်သွားကြတော့သည်။
ကျင်းစစ်က သူကိုယ်တိုင် လျှောက်ရှာရမည်လား သို့မဟုတ် အခြား အတန်းဖော်များ အားစောင့်ပြီး လူစုနှင့် အဆောင်သို့ လိုက်သွားရမည်လား တွေးနေမိချိန် အသံတစ်ခုက သူ့နောက်မှပေါ်ထွက်လာသည်။
ကျင်းစစ်က လှည့်ကြည့်လိုက်ချိန်တွင် ယင်းကျောင်းက ဖြောင့်မတ်သောကိုယ်၊ ပျင်းရိနေသည့် ဟန်ဖြင့် နောက်မှလျှောက်လာလေသည်။ သူက အဖြူရောင်တီရှပ်ကို ကိုယ်ပေါ်၌ပွပွ ဝတ်ထားကာ လေတိုက်လိုက်ချိန်တိုင်း သူ၏ပိန်ပြီးလှပသည့်ခန္ဓာကိုယ်အား ပေါ်လာစေသည်။
ကျင်းစစ်က လန့်သွားသည်။ “ဘာကိစ္စလဲ…”
“တူတူ သွားရအောင်..” သူက အသံလေးလေးဖြင့် ပြောလိုက်သည်။
ကျင်းစစ် ကစကားလည်းမပြော ရွေ့လည်းမရွေ့ပေ။ သူက အခုလေးတင် အတန်းထဲဖြစ်သွားသည်အား မမေ့သေးချေ။
“ဘာဖြစ်လို့လဲ…”ယင်းကျောင်းက သူ့မျက်ခုံးအားမြင့်လိုက်ကာ ပျင်းရိငြီးငွေ့နေဟန်ဖြင့်ပြုံးလိုက်သည်။
“မင်း ကျောင်းအဆောင်ကို ပြန်မှာမလား..ဘာလို့မသွားသေးတာလဲ..”
သူက ရှေ့သို့တိုးသွားပြီး မှီလိုက်ကာ “ငါမင်းကိုရောင်းစားမှာ ကြောက်လို့လား..”
ကျင်းစစ်က မျက်လုံးပင့်လိုက်ကာ သူ့အားကြည့်လိုက်သည်။ ဒီလူက ဤအကြောင်းပြောရန် မျက်နှာရှိသေးသည်လား။ သူလုပ်ခဲ့သည့်အရာအတွက် ပြန်ခံရမှာ မကြောက်ဘူးလား။
ယင်းကျောင်းက ရယ်လိုက်ပြီး ထိုသူ့အသံက အမှောင်ထဲ၌ ဆွဲဆောင်နေသလိုပင်။
“အတန်းဖော်ငယ်လေး မဟုတ်သေးဘူး..ငယ်ငယ်ရွယ်ရွယ်နှင့် ဘာလို့ဒီလောက် မှောင်ရတာလဲ…ငါမင်းကိုရောင်းစားလိုက်ရင် မင်းဘာလုပ်မှာလဲ…မင်းတိုးတိုးတိတ်တိတ် ပြောပြပါလား..မင်း နမ်းမလို့လား…မင်း…”
“ပါးစပ် ပိတ်ထားစမ်း..”
ကျင်းစစ်က အံကြိတ်လိုက်ပြီး သူ့နားများကနီရဲကာ သူ့အားခက်ထန်သည့် အကြည့်ဖြင့်ကြည့်ကာ နောက်ဆုတ်လိုက်၏။
ယင်းကျောင်းက စပ်ဖြဲဖြဲပြုံးကာ သူ့နောက်လိုက်သွားတော့သည်။
__ ___ ____