အပိုင်း ၇
Viewers 14k

Chapter 7


ကျင်းစစ်သည် ယင်းကျောင်းထက် ခြေတစ်လှမ်းနောက်ကျ၍လျှောက်ကာ လမ်းတစ်လျှောက်၌ လူသွားလမ်းအား စိတ်ထဲကနေ တိတ်တဆိတ်မှတ်သားနေလိုက်သည်။ 

စီရင်စုကျောင်းသည် သင်ကြားရေးအဆောက်အဦးအား ပြန်လည်ပြင်ဆင်ချိန်၌ အားကစားကွင်းကို ချဲ့လိုက်သည်။ သူတို့နှစ်ယောက် အချိန်ကြာလျှောက်ခဲ့ပြီးနောက် သူတို့၏အောက်ရှိ နူးညံ့သည့် ပလတ်စတစ်လျှောက်လမ်းအား ခံစားလိုက်ရ၏။ 

ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်သည် မပြီးဆုံးသေးသည့်အတွက် အားကစားကွင်းထဲ၌ လူအများအပြားမရှိ၍ တိတ်ဆိတ်နေကာ အဝတ်လျှော်ခန်းရှိ အဝတ်လျှော်စက်မှ ထွက်သည့်အသံပင်လျှင် ကြားနိုင်ပေသည်။

ယင်းကျောင်းသည် ကျင်းစစ်အားဘေးတစ်စောင်းကြည့်လိုက်ပြီး နှာမှုတ်လိုက်၏။ 

“ဘာလို့ ငါနဲ့ခပ်ဝေးဝေးက လျှောက်နေတာလဲ…” 

ကျင်းစစ်မငြင်းနိုင်ဆဲမှာပင် သူက ယင်းကျောင်းဘက်သို့ လက်မှ ဆွဲခံလိုက်ရသည်။ 

သူက ကျင်းစစ်၏ လက်ကောက်ဝတ်အား သူ့လက်ချောင်းလေးများဖြင့် တိုင်းထွာလိုက်ပြီးနောက်သူ့မျက်ခုံးအားပင့်လိုက်မိ၏။

“အရမ်း သွယ်လိုက်တာ....” 

ကျင်းစစ်က သူ့လက်အားခါလိုက်ကာ သူ့၏ချောမောသည့် မျက်နှာမှာမူ လမ်းမီးရောင်အောက်၌ အေးစက်နေသည်။ 

“မင်းရဲ့လက်နဲ့ခြေထောက်ကို ကိုယ်ဘာသာ ထိန်းသိမ်းမထားနိုင်ဘူးလား…”

သူကတစ်ခုခုမှားနေသည်အား အနည်းငယ်ခံစားမိ၏။ မူလစာအုပ်၌ ယင်းကျောင်းက ဇာတ်ကြောင်း တော်တော်များများတွင် ပေါ်လာလေ့မရှိကာ ဇာတ်လိုက်၏ရှုထောင့်မှ ရေးထားသော်လည်း ကျင်းစစ်သည် သူ မူလကျင်းစစ်အား မုန်းသည်ဆိုတာအား သိပေသည်။ 

သို့ပေမဲ့ ယခုတော့ သူကတကယ်ကြီး သူနှင့် အဆောင်ကိုပြန်ရန် ဖိတ်ခေါ်ခဲ့သည်။ ဤသည်က သူငယ်ချင်းကောင်းများသာ လုပ်ကြသည်မဟုတ်ပါလား…။ 

“လက်နဲ့ခြေထောက်…” 

ယင်းကျောင်းက သူ့၏ဆံပင်အား ပျင်းရိစွာ ပင့်တင်လိုက်သည်။

“ဒါက လက်နဲ့ခြေထောက်ကို သုံးတယ်လို့ခေါ်တာလား…” 

သူကနှုတ်ခမ်းများကွေးလိုက်ကာ သူ့လက်ကို ရုတ်တရက်ဆန့်လိုက်ပြီး ကျင်းစစ် နားအားပွတ်လိုက်သည်။ 

“ဒါကို ဘယ်လိုခေါ်လဲ…ငါတို့ တူတူအိပ်ကြတာလား…”

ကျင်းစစ်၏ နားများက အရမ်းဆတ်ဆတ်ထိမခံကာ ဤကဲ့သို့ သူအား လာထိလိုက်ချိန်တွင် ဓာတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ 

သူ့ပါးပြင်က ရဲလာကာ သူက ဒေါသထွက်ရုံတင်မဟုတ် ရှက်လည်း ရှက်လာပေသည်။ သူက ယင်းကျောင်း၏ လက်အားရိုက်ချလိုက်ပြီး လက်ကိုမြှောက်လိုက်ကာ သူ့နားအားကြမ်းကြမ်းတမ်းတမ်း ပွတ်ပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။ 

“မင်း ရူးနေလား…” 

သူ့တို့နှစ်ယောက်ကြား အကွာအဝေးအား ချဲ့လိုက်သည်။ 

“ကောင်းပြီ…ငါမင်းကို ဆက်မစတော့ဘူး..” 

ယင်းကျောင်းက သူ့အနောက်ကော်လံကိုကိုင်ကာ ကျင်းစစ်အား သူ့ဘက်သို့ပြန်ဆွဲလိုက်သည်။ ကျင်းစစ်ဒေါသထွက်နေသည်အား တွေ့တော့ သူကတုံးအနေဟန်ဖြင့်ပြောလာ၏။ 

“ဒေါသမထွက်ပါနဲ့ကွာ ဒါမှမဟုတ် ငါမင်းကို ပြန်ထိခွင့်ပေးရမလား….” 

သူက ရှေ့သို့တိုးလိုက်ပြီး သူ့မျက်နှာအား ကျင်းစစ်ရှေ့၌ ထားလိုက်သည်။ 

“မင်းက ငါ့ကိုအချိန်အကြာကြီး တမ်းတနေတာကိုသိရတော့ ဒီည မင်းလိုချင်ရင်မင်းရနိုင်တယ်…” 

ယင်းကျောင်းက ပြုံးလိုက်သည်။ 

“ဘယ်လိုလဲ..အစ်ကိုမင်းကို ဆက်ဆံတာဘယ်လိုလဲ..” 

“ဘယ်သူက မင်းကိုထိချင်နေလို့လဲ…” ကျင်းစစ်က သူ့မျက်နှာအား အတင်းတွန်းထုတ်လိုက်သည်။

 “မင်းသွားလို့မရဘူးလား..” 

“သွားမယ်….” ယင်းကျောင်းကရယ်လိုက်ပြီး ရှေ့သို့ မနှေးမမြန် လျှောက်ကာ ကျင်းစစ်၏နှုန်းထားနှင့်အညီ ထိန်းထားသဖြင့် ရှေ့လည်းမရောက်သလို နောက်လည်းမကျချေ။ 

ယွီကွမ်းလီ..ကျင်းစစ်က သူ့အမူအရာအား ပြင်လိုက်သည်။ သူက သူ့နှုတ်ခမ်းအားကွေးလိုက်ပြီး မျက်နှာက ခပ်ချောချော နှာတံက ခပ်မြင့်မြင့် ပြီးနောက် ကောက်ကြောင်းကလည်း လှပပေသည်။ 

ယင်းကျောင်းက သူ့လက်မနှင့်လက်ညိုးအား လိမ်ယှက်လိုက်မိသည်။ ဒီနှာဘူးလေး နားပျဉ်းလေးက နူးညံ့တာပဲ။ 

သူတို့နှစ်ယောက်က အားကစားကွင်းအားဖြတ်သွားပြီးနောက် တောအုပ်ငယ်လေးထံသို့ ဦးတည်သွားသည်။ ကျင်းစစ်က မျက်မှောင်ကျုံ့ကာ လမ်းက မှားနေသည်ဟု ခံစားမိသည်။ တောအုပ်ငယ်လေးက ကျောင်းဆေးခန်းဘေး၌ ရှိပေသည်။ သူ မနက်က ဖြတ်သွားတော့ ကျောင်းအဆောင်အား မမြင်ခဲ့ချေ။ 

သူကခေါင်းမော့လိုက်ပြီး ယင်းကျောင်းအားမမေးဘဲ မနေနိုင်တော့ပေ။ 

“ငါတို့ အဆောင်ကို ပြန်နေကြတာ မလား..” 

“အရင်တစ်ခုခု သွားဝယ်မလားလို့….” ယင်းကျောင်းက သူ့ဖုန်းအားထုတ်လိုက်ပြီး နှစ်ကြိမ်ဖိလိုက်ကာ ငွေပေးချေစာမျက်နှာအား ပေါ်လာစေပြီးနောက် နို့လက်ဖက်ရည်ဆိုင်မှ မိန်းမငယ်လေးအား ပြုံးပြလိုက်သည်။ 

“နို့လက်ဖက်ရည်နှစ်ခွက်…တစ်ခွက်ကအုတ်ဂျုံနှင့်…တစ်ခွက်က….” 

သူက နောက်လှည့်လိုက်ပြီး ကျင်းစစ်အား ကြည့်လိုက်သည်။ “မင်းဘာအရသာ လိုချင်တာလဲ..” 

နို့လက်ဖက်ရည်ဆိုင်မှ အမျိုးသမီးက သိပ်မငယ်လှချေ။ ယင်းကျောင်း၏ အပြုံးက သူမအား ရှက်ရွံ့သွားစေသည်။ 

“အိုကေ..အိုကေ…အပူလား..အအေးလား..အချိုကသာမန်ပဲလား..” 

သူ့ဆဲလ်ဖုန်း၌ မက်ဆေ့တစ်ခု ဝင်လာကာ ယင်းကျောင်းကဖွင့်ကြည့်လိုက်ပြီးနောက် မော့မကြည့်ဘဲဖြေလိုက်သည်။ 

“အုတ်ဂျုံနဲ့က အအေး ပြီးတော့သကြားနည်းပြီး ကျန်တာက…” သူကကျင်းစစ်အား လက်ညိုးထိုးပြလိုက်သည်။ “သူ့ကိုမေးလိုက်…” 

“ငါမသောက်ချင်ဘူး..” 
မိန်မငယ်လေးက မမေးနိုင်ခင် ကျင်းစစ်က ငြင်းလိုက်၏။

ယင်းကျောင်းက သက်ပြင်းချလိုက်သည်။

 “မင်းစိတ်တိုနေတုန်းလား…ငါ..မင်းကိုတောင်းပန်ပြီးပြီ မဟုတ်လား…” သူကသူ့ဖုန်းကို ချလိုက်ပြီး ကျင်းစစ်အားကြည့်လိုက်သည်။ 
 
“ဟေး..အတန်းဖော်လေး…အခုနောက်ပိုင်း မင်းစိတ်အရမ်းဆတ်လာတာ ငါတွေ့မိတယ်…” 

ကျင်းစစ် မျက်တောင်များတုန်ခါသွားပြီး ခေါင်းမာမာဖြင့် ရှင်းပြသည်။ 

“ငါဒေါသမဖြစ်ဘူး…ငါစိတ်ကလည်း မပြောင်းသွားဘူး..” 

“ကျန်တဲ့ခွက်လည်း အတူတူပဲ..” ယင်းကျောင်းက သူတစ်ခုခုအား ဖုန်းကွယ်နေကြောင်း ရိပ်မိ၍ လှည့်လိုက်ပြီး မိန်းမငယ်လေးအား ပြောလိုက်သည်။ “ကောင်းပြီး..အပူဒဏ်ကိုပျောက်ဖို့ ဒါသောက်ရအောင်…အဆောင်မှာ လေအေးပေးစက်မရှိလို့ သေလောက်အောင်ပူတယ်..” 

မကြာမှီ ကျင်းစစ်က သူ့လက်ထဲသို့ နို့လက်ဖက်ရည်အေးတစ်ခွက် အတင်းပေးခံလိုက်ရသည်။ 

“ကျေးဇူး..” 

အေးနေသည့် ခွက်ကသူ့လက်ဖဝါးထဲ၌ အဖိခံလိုက်ရကာ သူ့လက်ဖဝါးအတွင်းရှိ အပူအား ပပျောက်စေလိုက်သည်။ ကျင်းစစ်က လက်ကိုတင်းတင်းဆုပ်လိုက်ကာ အချန်တခဏကြာပြီးနောက် ပိုက်ကိုခွာလိုက်ပြီး ငြင်သာစွာ ထည့်လိုက်သည်။ 

သူငယ်စဥ်ကတည်းက ဤသည်မှာ သူ့၏ ပထမဆုံး နို့လက်ဖက်ရည် သောက်ဖူးခြင်းပင်။ 

သူက အားနည်းနည်းသာသုံးခဲ့၍ မစ်တီးအဖုံးအားမထိုးဖောက်နိုင်လိုက်ဘဲ သေးငယ်သည့်အပေါက်လေးသာ ပေါ်လာစေသည်။ အညိုရောင်ဖျော့ဖျော့ နို့လက်ဖက်ရည်များက အပေါက်ငယ်လေးမှ စိမ့်ထွက်လာပြီးနောက် မကြာမှီအတွင်း၌ မစ်တီးအဖုံးတစ်ခုလုံးကို ပြန့်နှံ့သွားသည်။ 

ကျင်းစစ်က ပိုက်ဖြင့် ဆက်ဖောက်နေသဖြင့် နို့လက်ဖက်ရည်များက ပိုမို၍စိမ့်ထွက်လာသည်။

သူကပိုက်ကိုလက်တစ်ဖက်၌ ကိုင်ထားပြီး ကျန်တစ်ဖက်၌ နို့လက်ဖက်ရည်ကို ကိုင်ထားကာ ထိုနေရာ၌ သူဘာအမှားလုပ်မိသည်အားမသိသဖြင့် ကြောင်အစွာရပ်နေမိသည်။ 

ယင်းကျောင်းက သူ့လက်ထဲမှခွက်ကို အရည်များဖိတ်ကျနေသော်လည်း ဆွဲယူလိုက်ကာ ပိုက်ကိုကိုင်ပြီး ဖိစိုက်လိုက်သည်။

“ပိုပြီး အားထည့်ပါ..” 

ထိုသို့ပြောပြီးနောက် သူက ခွက်ကို ကျင်းစစ်ထံပြန်ပေးလိုက်သည်။ 

“သောက်..” 

“ကျေးဇူးပါ…” ကျင်းစစ်ကသူ့ကို ကျေးဇူးထပ်တင်လိုက်ပြီး သူ့ပိုက်မှ တစ်ငုံသောက်လိုက်သည်။ 

ချိုသည့်အုတ်ဂျုံအရသာနို့လက်ဖက်ရည်က သူ့ပါးစပ်ထဲသို့ ဝင်ရောက်လာချိန် ကျင်းစစ်မျက်လုံးများသောက်ပလာသည်။ 

'အဲ့ဒါ အရမ်းအရသာရှိတယ်...'

“အရမ်းမချိုဘူးလား..” ယင်းကျောင်းက သူ့အမူအရာအား စောင့်ကြည့်နေသည်။ “မင်းကို အချိုပုံမှန်ရှိတဲ့ ခွက်နှင့်လဲပေးရမလား…” 

“မလိုဘူး..”ကျင်းစစ်ကသူ့ခေါင်းအား လျင်မြန်စွာ ယမ်းလိုက်သည်။ 

သူကမျက်လုံးပင့်ကာ ယင်းကျောင်းကပြုံးပြလိုက်ပြီး နို့လက်ဖက်ရည်အနံ့နှင့် သူ့နှုတ်ခမ်းများအား လျက်လိုက်သည်။

“အရသာရှိတယ်..” 

ကျင်းစစ်က ပျော်ရွင်နေသောအမူအရာအား ပြခဲလှသည်။ ဒီနေ့မှာ ယင်းကျောင်းက သူ့၏ အေးစက်စက်မျက်နှာနှင့် သူ့၏တည်ငြိမ်သည့် အပေါ်ယံမှ တုန်လှုပ်မှုများအားမြင်ဖူးသော်လည်း ဤတစ်ကြိမ်က သူပြုံးသည်အား ပထမဆုံးမြင်ဖူးခြင်းပင်။ 

သူက သူ့ရဲ့နီရဲရဲ နှုတ်ခမ်းလေးအား လျက်နေသည့် လျှာထိပ်ဖျားလေးအားကြည့်ရင်း လန့်သွားမိပြီး သူ့နှလုံးသားထဲ၌ ယားယံနေသည်ဟု ခံစားလိုက်ရသည်။ 

F*ck...!

ယင်းကျောင်းက သူ့မျက်နှာအားပွတ်လိုက်ပြီး အတွေးများမှ ရုန်းထွက်လိုက်သည်။ 

“ဒါဆို ကောင်းတယ်..” 

နို့လက်ဖက်ရည်ဆိုင်က အဆောင်နှင့်သိပ်မဝေးချေ။ သူတို့နှစ်ယောက် ယောကျ်ားလေးအဆောင်သို့ရောက်ချိန်၌ အဆောင်မှူးက တံခါးဖွင့်နေဆဲဖြစ်ကာ တစ်ယောက်ယောက်က စောစောပြန်လာသည်အား တွေ့ရခြင်းကြောင့် သူကသူ့နာရီအား ငုံ့ကြည့်လိုက်သည်။ 

ယင်းကျောင်းက ဂရုမစိုက်ကာ ကျင်းစစ်နှင့်ဝင်သွားပြီး သုံးလွှာသို့ တက်သွားသည်။ 

လမ်းသွားနေရင်းဖြင့် ကျင်းစစ်က သူ့စိတ်ထဲ၌ ယင်းကျောင်းထံမှ အခန်းနံပါတ်ထွက်လာစေရန် စကားလုံးနှင့်စာကြောင်းများအားတွေးနေသည်။ သို့သော် သူမပြောရသေးခင်၌ သူက အခန်း၃၀၁ တံခါးသို့ ခေါ်သွားခံလိုက်ရသည်။ 

“မင်းအခန်း” ယင်းကျောင်းကသူ့မေးစေ့အား‌ မော့လိုက်သည်။ “တံခါးဖွင့်လိုက်…” 

သူကဒါကိုပျော်ရွင်စွာ ပြောလာသည့်အတွက် ကျင်းစစ်က လန့်သွားပြီးနောက် သူက သူ့အိတ်ထောင်သို့ ခပ်မြန်မြန်စမ်းလိုက်သည်။ 

သို့သော်သူက အင်္ကျီဘောင်းဘီရှိ အိပ်ကပ်များနှံ့နေအောင် ရှာသော်လည်း သူက သော့အားရှာမတွေ့ရချိန် ကြောင်အသွားသည်။ 

“ဝိုး..အတန်းဖော်လေး..” ယင်းကျောင်းက သူ့လှုပ်ရှားမှုများအား ကြည့်နေကာ သူ့မျက်ခုံးများကို ပင့်လိုက်ပြီး လူယုတ်မာတစ်ယောက်လေချွန်သည့်အသံပြုလိုက်သည်။ 

“အရမ်း အကြံကြီးတာပဲ….ပထမဆုံး မင်းသော့မယူလာဘူး…အခုမင်း ငါ့အိပ်ခန်းကို သွားဦးမလား…”

ကျင်းစစ်က သူ့အားကြည့်လိုက်ပြီး သူ့အပြစ်ကင်းကြောင်းပြသည့်အနေဖြင့် နောက်သို့နှစ်လှမ်းဆုတ်လိုက်သည်။ 

“ငါ ဒီမှာပဲ လီကျိုးပြန်အလာကို စောင့်နေလိုက်မယ်..” 

“မလုပ်နဲ့…”ယင်းကျောင်းက ရယ်လိုက်ကာ သူ့အားအရှေ့သို့ ဆွဲလိုက်သည်။ “လူတိုင်းက အခန်းကိုပြန်ကုန်ကြပြီး မင်းမှာသော့မရှိကြောင်း သိရက်နှင့် မင်းကို တံခါးရှေ့ ရပ်လျက်ထားခဲ့ရမှာလား…ငါသာကောင်းကောင်းမသိထားဘူးဆိုရင် မင်းက မင်းပိုင်နက်ကို ကြေငြာနေတယ်လို့ထင်ထိမှာဘဲ…” 

သူက သူ့သော့အားထုတ်လိုက်ပြီး အခန်း၃၀၃ တံခါးရှေ့ရပ်လိုက်ကာ တံခါးကိုဖွင့်လိုက်ပြီး ပြောလာသည်။ 

“ဝင်ခဲ့လေ…”

ယင်းကျောင်း‌ဝယ်ပေးသည့် နိုလက်ဖက်ရည်အား သောက်ပြီးနောက် ကျင်းစစ်က သူ့အားငြင်းရန် အားနာမိသဖြင့် အထဲသို့ဝင်လိုက်ရသည်။ 

ယင်းကျောင်းအခန်း၌ နေရာအတော်ကျယ်ကျယ်ရှိကာ လေးယောက်နေနိုင်သော်လည်း အိပ်ယာသုံးခုက ပြောင်ရှင်းနေသဖြင့် ယင်းကျောင်းအိပ်ယာဖြစ်ကြောင်းသိသာသည့် အိပ်ယာတစ်ခုသာ ရှိနေပေသည်။ 

ကျင်းစစ်က တစ်ချက်ကြည့်ပြီး လျင်လျင်မြန်မြန် အကြည့်လွှဲလိုက်သည်။ အရှက်မရှိသည့်‌ ယင်းကျောင်း၏ အိပ်ယာက ရှုပ်ပွလွန်းလှသည်။ စောင်များက ကျပန်း ပုံထားပြီး သူ့အား စိတ်မသက်မသာခံစားရစေ၏။

မူရင်းစာအုပ်၌ စီရင်စုသုတေသနကျောင်း၏ စစ်ဆေးမှုက အလွန်တင်းကျပ်ကြောင်း သူမှတ်မိသည်။ အဆောင်အခန်းအတွင်း စက္ကူစလေးတစ်စကျနေလျှင်ပင် အဆောင်မှူးထံမှအမှတ်နှုတ်ခံရပေမည်။ သို့သော်လည်း ယင်းကျောင်းအတွက်ကရော..ကျောင်းစည်းကမ်းများက အလှပန်းလေးလိုပင်။ 

“ထိုင်လေ..” 

ယင်းကျောင်းက သူ့အိပ်ယာအား ညွှန်ပြကာ သူ့ဘေးရှိသေတ္တာထဲမှ ရေတစ်ဘူးအားထုတ်ယူလိုက်သည်။ 

“သောက်ဦးမလား…” 

“မလိုဘူး…”

ကျင်းစစ်က ပါးစပ်ထဲရှိ နို့လက်ဖက်ရည်အားမြိုချလိုက်ကာ ယင်းကျောင်းအား နို့လက်ဖက်ရည်ခွက်ကို လှုပ်ပြလိုက်သည်။ 

“ငါ နို့လက်ဖက်ရည် သောက်နေလို့…”

ယင်းကျောင်းက ခေါင်းညိမ့်လိုက်ပြီး သူ့အားမတိုက်တွန်းတော့ဘဲ ရေသန့်ဘူးအား လှည့်ဖွင့်လိုက်ကာ ရေအနည်းငယ်လောင်းထည့်လိုက်ပြီးနောက် ကျင်းစစ်ဘေး၌ထိုင်လိုက်သည်။ 

စီရင်စုကျောင်းရှိ အိပ်ယာများက သစ်သားပြားဖြင့်လုပ်ထားသည်မဟုတ်ဘဲ စပရင်ကုတင်တစ်ခုပင်။ ယင်းကျောင်းထိုင်လိုက်သည်နှင့် သူ့အောက်မှ ကုတင်လှုပ်ခါနေသည်အား ကျင်းစစ်ခံစားမိကာ ဘေးတစ်ဖက်သို့တိုးမသွားဘဲ မနေနိုင်ချေ။ 

ယင်းကျောင်းက သူ့မျက်လုံးများအားမှေးလိုက်ကာ အိပ်ယာပေါ်မှ Rubik’s cube အားယူလိုက်ကာ ကစားရင်းမေးလိုက်သည်။ 

“မင်း ပြောင်းလဲသွားတယ်လို့ ငါကြားမိတယ်…” 

ကျင်းစစ်က လန့်ဖြန့်သွားသည်။ ထိုနေ့က ကိစ္စများစွာဖြစ်ခဲ့ပေသည်။ သူပေါ့ပေါ့တန်တန် ပြောလိုက်သည့်နာမည်အား သူမေ့တော့မလိုဖြစ်နေသည်။ အနည်းငယ်စဉ်းစားပြီးနောက် သူကယင်းကျောင်းစကားတွေပြန်သုံးပြီး ထိုသူ့ပါးစပ်အားပိတ်စေလိုက်သည်။ 

“မင်းနဲ့ဝေးဝေးနေလို့ မင်းပဲပြောခဲ့တာလေ…” 

ယင်းကျောင်းက အံကြိတ်လိုက်သည်။ ထိုလူ၏ တုံ့ပြန်နှုန်းက မြန်ဆန်လွန်းလှသည်။ 

“ငါမင်းစီက ဒီလိုကြားလိုက်ရတော့ မင်းကအနည်းငယ် တွန့်ဆုတ်နေတယ်လို့ ဘာလို့ထင်နေရတာလဲ..”

သူကအပြုံးလေးဖြင့် ပြောလာ၏။ “ငါသာ အဲ့လိုမပြောခဲ့ရင်…..” 

“မဟုတ်ဘူး…” 

ကျင်းစစ်က သူနောက်ထပ်ပရမ်းပတာထပ်ပြောမည်ကို ကြောက်ကာ သူ့အားအမြန်ဖြတ်ပြောလိုက်သည်။ 

“ငါစာပိုကြိုးစားချင်လို့ပါ…” 

ယင်းကျောင်းက နှာမှုတ်လိုက်သည်။

”စာကြိုးစားတယ်..ဒါဆိုရွှယ်ကျင်ရှင်းက…..”

သူ့စကားများ မဆုံးခင်မှာပင် လျှောက်လမ်း၌ ဝံပုလွေအူသည့်အသံမျိုးကြားလိုက်ရသည်။ သူက ဘယ်အတန်းမှ ကျောင်းသားများက သူတို့အတန်းပိုင်အား ရူးသွပ်စွာမကျေမနပ်ပြောနေကြမှန်းတော့ မသိချေ။ 

“F*ck ငါတို့အတန်းပိုင်က ပြဿနာပဲ…သူက ငါတို့ကို Tuto စာအုပ်ဝယ်ခိုင်းတယ်…အများကြီးဝယ်ရမှာ…ငါမှာ ပိုက်ဆံရှိရင် ကောင်မလေးတွေနှင့်လျှောက်လည်ဖို့ သုံးလိုက်တာမှ ကောင်းဦးမယ်…” 

နောက်တစ်ယောက်က သူ့လျှာအားလိပ်ပြီး အသံပြုလိုက်သည်။

“မင်းအတန်းက လွန်ခဲ့တဲ့ရက်ကမှ တစ်အုပ်ဝယ်ခဲ့ပြီမဟုတ်လား…နောက်တစ်ကြိမ်ထပ်ဝယ်ရဦးမှာလား…” 

ပထမဆုံးပြောလိုက်သည့်အသံကဆက်ပြောသည်။ 

“ဟုတ်တယ်..မင်းအဓိပ္ပာယ်မရှိဘူးလို့ မထင်မိဘူးလား…အဲ့ဒါ ရွှယ်ကျင်ရှင်း၏ အဖြေစာအုပ်အပြည့်အစုံထင်တယ်…အစတုန်ကတော့ ဆန္ဒအရပဲ ဒါပေမဲ့ အခုတော့ မဖြစ်မနေဖြစ်သွားပြန်ပြီ…”

“ရွှယ်ကျင်ရှင်း၏ စာအုပ်အစုံကပုံမှန်ပါဘဲ…ငါတို့အတန်း သင်တဲ့ဆရာ တော်တော်များများက သူတို့ကိုဖတ်ဖို့အကြံပေးကြတယ်…” 

ယင်းကျောင်း “…”

ကျင်းစစ်သည် ဤသုံးယောက်အား ရွှယ်ကျင်ရှင်းကို မသိသည့် အထက်တန်းကျောင်းသားများဖြစ်ကြောင်း သတိထားမိသဖြင့် သူ့ပါးစပ်ထောင့်များက ကွေးလာပြီး ရယ်မောရန် သူ့မျက်နှာအားလှည့်လိုက်သည်။ 

ယင်းကျောင်းက အံကြိတ်လိုက်ပြီး သူ့မျက်နှာကမည်းမှောင်လာကာ အသံဖိပြောလိုက်သည်။ 

“အဲ့ဒါ ရယ်ရတယ် ဟုတ်တယ်မလား ဟမ်…” 

ကျင်းစစ်၏နှုတ်ခမ်းများက ကွေးနေပြီး ဘာမျှမပြောသော်လည်း သူ့မျက်လုံးထောင့်စွန်းလေးတွေကမူ ပြုံးနေလေသည်။ 

ယင်းကျောင်းက သူ့လက်အားဆန့်လိုက်ပြီး သူ့မျက်နှာအားညှစ်လိုက်သည်။ 

“ထပ်ပြုံးလိုက်…မင်းထပ်လှောင်ရယ်ရဲသေးလား..” 

ကျင်းစစ်က ပြုံးနေသည့်နူတ်ခမ်းအား ထိန်းချုပ်နိုင်ရန် ကြိုးစားလေသည်။ မရည်ရွယ်ဘဲ ယင်းကျောင်းအားကြည့်မိသွားချိန်တွင် သူ့အကြည့်အားပြန်မထိန်းနိုင်တော့ဘဲ အကျယ်ကြီးရယ်ချမိသွားသည်။ 

“တောင်းပန်ပါတယ်…ငါမရည်ရွယ်ပါဘူး…ဟားဟားဟား…”

သူက ယင်းကျောင်း၏လက်အားရှောင်ကာ သူ့အားတွန်းထားရင်းဖြင့် ခေါင်းအားရမ်းလိုက်သည်။ 

ကျင်းစစ်က ပုံမှန်ချိန်တွင် မျက်နှာအမူအရာသိပ်မရှိကာ အနည်းငယ်ပင် အေးစက်လှသည်။ ဤကဲ့သို့အပြုံးဖြင့် သူက ရုတ်တရက်နူးညံ့သွားသည်ဟုထင်ရသည်။ 

ယင်းကျောင်းစိတ်ထဲမှ ရှက်ရွံ့စိတ်အနည်းငယ်က ချက်ချင်းပျောက်ကွယ်သွားကာ သူနှလုံးသားက ငှက်မွေးဖြင့် ကလိထိုးခံနေရသကဲ့သို့ ယားယံလာသည်။

သူက လက်ကိုလွှတ်လိုက်ပြီးနောက် အားတစ်ချက်ဖြင့် ကျင်းစစ်အား သူ့အောက်၌ဖိထားလိုက်ပြီး သူ့ကိုနှိမ့်ချသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ 

“အရမ်း ရယ်ရလား…” 

“မဟုတ်ဘူး မဟုတ်ဘူး..” 

ဤအချိန်၌ ရှက်ရွံ့ရသည့်လူက ကျင်းစစ်အဖြစ်သို့ ပြောင်းသွားကာ သူက သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ယင်းကျောင်းအားတွန်းလေသည်။ 

“မင်းထတော့…” 

ယင်းကျောင်းက ကျင်းစစ်မျက်လုံးထဲရှိ အံ့အားသင့်မှုများအား မတွေ့လိုက်ရပေ။ သူက ကျင်းစစ်လက်ကောက်ဝတ်အား ကိုင်ပြီး သူ့၏ခေါင်းအထက်သို့ ပို့လိုက်ကာ သူကနူတ်ခမ်းတစ်ချက်သပ်လိုက်ပြီးနောက် ချောမောလှသည့်မျက်နှာထက်၌ နတ်ဆိုးဆန်သည့်အရိပ်အရောင်များ ပေါ်လာတော့သည်။ 

“ထရမယ်…မင်းက ဘယ်နေရာကို ထလာစေချင်တာလဲ…” 

သူက ဘာကိုထချင်သေးလို့လဲ…

ကျင်းစစ်က သူ့ပါးစပ်အားဖွင့်ကာတစ်ခုခုပြောရန်ပြင်လိုက်ချိန်တွင် တစ်ခုခုကမှားနေကြောင်း ဝိုးတိုးဝါးတား ခံစားလိုက်ရသည်။ 

သူမျက်မှောင်ကျုံ့ပြီးထပ်ပြောလိုက်၏။  

“ထ…” 

လူယုတ်မာ ယင်းကျောင်း၏အားက မြင့်တက်လာပြီး တစ်လက်မရချိန်၌ တစ်ကိုက်ပိုလိုချင်နေသည်။ သူက ကျင်းစစ်စကားအား ကြားချိန်၌ သူက ထမပေးဘဲ ကျင်းစစ်အား ပိုမို၍ဖိလိုက်သည်။

“ပြော..မင်း ဘယ်နားကို ထလာစေချင်တာလဲ..” 

ကျင်းစစ်က လူတစ်ယောက်နှင့် ဤမျှလောက်မနီးကပ်ဘူးသဖြင့် သူ့မျက်နှာက သဘာဝမကျဖြစ်လာသည်။ 

“ပြဿနာ မရှာစမ်းနဲ့..” 

ထိုသူက သူ့ခန္ဓာကိုယ်အား ပိုနိမ့်ချလိုက်ကာ ငြင်သာစွာပြောလိုက်သည်။ 

“ ပြော….ငါ့ဘယ်နေရာကို မင်းထလာစေချင်တာလဲ…”

   _