အခန်း ၁
Viewers 8k

အခန်း_၁(ပဲတီစိမ်း စွပ်ပြုတ်နှင့် ရွှေဖရုံသီးလုံးလေးများ)


ကြယ်တာရာခေတ် 5020 နှစ်....အရှင်သခင် အင်ပါယာ၊ ဇူလိုင်လဆန်းပိုင်းခန့်တွင်...


လင်းယောင်ယောင် သည် မနက်စောစောတွင် အသိဉာဏ်ရှိသော အိမ်အကူ စက်ရုပ်က နှိုးလိုက်တာ‌ကြောင့် မထချင်ထချင်နှင့် နိုးထလာခဲ့ရသည်။ယနေ့သည် သူမ၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်း ထွက်လာမည့်နေ့ဖြစ်၍ ကိုယ်ကြိုက်ရာ မေဂျာကို စတင်လျှောက်ထားနိုင်မည့် နေ့တစ်နေ့ဖြစ်၏။ မနေ့ညက သူမသည် virtual အိမ်လေးထဲမှာ အိပ်ခဲ့ပြီး တာဝါတိုင်ဆောက်သည့် ဂိမ်းကစားနေ၍ အိပ်ယာထနောက်ကျခဲ့ရသည်။သို့သော်၊ ကြေးအဆင့်မှ ငွေအဆင့်ထိ တက်လာတာကြောင့် အိပ်ရာထနောက်ကျရကျိုးနပ်ပေသည်။ 


သူမ၏ ကိုယ်ကာယကြံ့ခိုင်မှု(physical strength)က ညံ့သော်လည်း SS အဆင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အတော်လေးအားကောင်းနေသည်။သို့သော်လည်း သူမ ဤလောကသို့ ကူးပြောင်းလာသည်က တစ်ပတ်ခန့်သာရှိသေးတာမို့ ထိုစွမ်းရည်များကို သုံးတောင်မသုံးရသေး‌ပေ။ မူလပိုင်ရှင်၏ ဆွေမျိုးများနှင့် သူငယ်ချင်းများရှေ့တွင် လူမိသွားမှာစိုး၍ ဤလောက၏ ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းများကို စူးစမ်းလေ့လာရန် Star Network သို့သွားပြီး သူမဘာသာ လေ့ကျင့်ခဲ့ရသည်။


ထို့အပြင် သူမ ကောလိပ်ဝင်ခွင့် လျှောက်တော့မှာဖြစ်၍ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေကြသည့် သူမ မိဘများလည်း ယနေ့ပြန်လာကြမှာဖြစ်သည်။ယခုအချိန်က ကူးပြောင်းပြီးနောက် ဤကမ္ဘာရှိ လင်းယောင်ယောင်၏ ဆွေမျိုးများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်သည်။


လင်းယောင်ယောင် သည် ရေကို အေးအေးဆေးဆေး ချိုးပြီးနောက် ရေချိုးခန်းမှန်ထဲက လှပပြီး မရင်းနှီးသော မျက်နှာတစ်ခုကို ကြည့်လိုက်သည်။ မှန်ထဲက ကောင်မလေးမှာ အေးစက်ပြီး သိမ်မွေ့သည့် မျက်နှာလေး ရှိကာ မိန်းမဆန်ဆန် လှပပေသည်။ သူမ၏ မျက်နှာသွင်ပြင်မှာ တရုတ်လူမျိုးများ၏ သာမာန် မျက်နှာပေါက်ရှိသော်လည်း ဆံပင်က ရွှေရောင်ဖျော့ဖျော့ဖြစ်နေပြီး လှပသော မက်မွန်သီးမျက်လုံးများသည် အစိမ်းရောင် တလက်လက် တောက်ပလျက်ရှိသည်။ထို့အပြင် သူမ မျက်လုံးများသည် ဖြူစင်ကြည်လင်ပြီး ထူးထူးခြားခြားပင် စူးရှနေသည်။သူမ မျက်နှာက ခြုံငုံကြည့်လိုက်လျှင် Green Starလူမျိုးများ၏ မျက်နှာကျကို ပိုင်ဆိုင်ထားတာဖြစ်သည်။

****(Green Star_ဂြိုလ်သားလိုမျိုး နောင် ခေတ်များမှာ ပေါ်လာမယ့် လူမျိုးသစ်)****


ဤကမ္ဘာလို ၂၁ရာစုနှင့် မတူခြားနားသည့် ခေတ်တွင် မျိုးရိုးဗီဇအရ လူတိုင်းလိုလို ရုပ်ရည်ချောမောကြသော်လည်း သူမလို ရုပ်ရည်မျိုးက အားလုံးထဲမှာ ထိပ်ဆုံးအဆင့်ဟု ဆို၍ရပေသည်။ လင်းယောင်ယောင် သည် မျက်နှာကို ဖြည်းဖြည်းချင်း ထိကိုင်လိုက်ပြီး ဝမ်းနည်းသလိုဖြစ်လာပြီး သက်ပြင်းချကာ.... 


"သူမက ခွေးတစ်ကောင်လို ဒေါသကြီးပြီး အငြိုးအတေးရှိနေတော့ ဘယ်လောက်လှလှ သနားစရာကောင်းလိုက်တာ"


ကမ္လာမြေကြီးဆီမှ လင်းယောင်ယောင် သည် ၂၁ ရာစုရှိ ထင်ရှားကျော်ကြားသော တက္ကသိုလ်တစ်ခု၏ မာစတာဘွဲ့ရတစ်ဦးဖြစ်သည်။သူမသည် တရုတ်ဘာသာစကားအဓိကဖြင့် လူသိများသော food vlogger တစ်ဦးအဖြစ် 4နှစ်ကြာ လုပ်ခဲ့သလို အစားအသောက်မဂ္ဂဇင်းတစ်ခု၏ အယ်ဒီတာအဖြစ် အလုပ်လုပ်ခဲ့သည်။သူမ၏ မာစတာဘွဲ့အတွက် ဘွဲ့နှင်းသဘင် ကျင်းပတော့မှာဖြစ်၍ သူငယ်ချင်းများစု၍ နာမည်ကြီး တောင်တစ်ခုပေါ်သို့ တက်ခဲ့ကြသည်။ထို့နောက် သူမ တောင်တက်နေရင်း တောင်စောင်း အစွန်းအနီးရှိ ခြံစည်းရိုးအကာတွင် ပြုတ်ကျလုနီးပါးဖြစ်သွားသည့် မိန်းကလေး တစ်ယောက်ကို ကယ်တင်ရင်း သူမပါ ပြုတ်ကျသွားခဲ့သည်။


တစ်ဖန် သူမ နိုးလာပြီးနောက်တွင် မကြာသေးမီက ဖတ်ပြီးခဲ့သောနာမည်ကြီးဝတ္ထု "ဒဏ္ဍာရီထဲမှ အရှင်သခင်" ထဲတွင် သူမနှင့် နာမည်တူသည့် ပလီပလာခရာတာတာနှင့် မာနထောင်လွှားသော အမျိုးသမီး ဗီလိန် ဇာတ်ကောင် လင်းယောင်ယောင် ဖြစ်လာခဲ့သည်။ 


မူလ လင်းယောင်ယောင် သည် ဘွဲ့ရ‌တော့မည်ဖြစ်၍ သူမလို လူ့ပေါ်ကြော့ သူငယ်ချင်းများနှင့် အုပ်စုဖွဲ့ပြီး ဂိမ်းကစားနေကြခြင်းဖြစ်သည်။ထိုအချိန်မှာ သူမသည် D-အတန်းစား ကိုယ်လုံးကိုယ်ပေါက်ရှိသူဖြစ်၍ သတိလစ်သွားခဲ့တာပင်။ထို့အချိန်မှာ ယခင်ကမ္ဘာက လင်းယောင်ယောင်က အသင့်ဝင်ပြီး ကူးပြောင်းသွားခဲ့သည်။


၂၁ ရာစု လင်းယောင်ယောင်သည် ငယ်ငယ်ကတည်းက မိဘများ သေဆုံးခဲ့ရခြင်းဖြစ်သည်။ သူမနှင့် အဖွားဖြစ်သူတို့သည် တစ်ဦးနှင့်တစ်ဦး မှီခိုအားထားနေခဲ့သော်လည်း အဖွားဖြစ်သူမှာ သူမ တက္ကသိုလ် ဒုတိယနှစ်တွင် သေဆုံးသွားခဲ့သည်။ထို့အခါ သူမ၏ ဦးလေးနှင့် အဒေါ်ဖြစ်သူက အဖွားထံမှ ကျန်ခဲ့သော စားသောက်ဆိုင်ဟောင်းကို ပြန်မပေးဘဲ လက်ဝါးကြီးအုပ်ထားခဲ့သည်။ယခုလည်း သူမ သေဆုံးသွားသည့်အတွက် ဝမ်းတောင်သာနေကြပေဦးမည်။ထို့အပြင်၊ သူမအတွက် ခဏတာ ဝမ်းနည်းခံစားရနိုင်သည့် အတန်းဖော်သူငယ်ချင်းများကလွဲ၍ သူမကို စိတ်ပူပေးမည့်သူမရှိချေ။


 "ဒဏ္ဍာရီထဲမှ အရှင်သခင်" သည် အလွန်လူသိများသော ကြယ်တာရာခေတ်က ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ အရှင်သခင်အင်ပါယာမှ ဒုတိယမင်းသား ရှောင်မင် သည် ဝက်ယောင်ဆောင်ထားသော ကျားတစ်ကောင်ဖြစ်ပြီး ဝတ္ထုထဲမှ အမျိုးသားဇာတ်ဆောင်လည်း ဖြစ်၏။ဇာတ်ဆောင်မင်းသမီး စုချင်းဟယ် သည် အလွန်ဥာဏ်ကောင်းသူဖြစ်သည်။ နောက်ပိုင်းတွင် သူမ ထက်ပိုလှသော အမျိုးသမီး ဗီလိန် ဇာတ်ကောင် လင်းယောင်ယောင်ကြောင့်သာ ဝတ္ထုက အထွက်အထိပ်ထိ ရောက်ခဲ့ရသည်။


ယခုတော့ သူမသည် လင်းယောင်ယောင် တစ်ဖန်ဖြစ်လာခဲ့လေပြီ။ ယုံကြည်စိတ်ချရသော သူမ၏ မိဘများ၊ မောင်နှမများနှင့်အတူ သူမ လုပ်ဆောင်ရမည့် တစ်ခုတည်းသောအရာမှာ ကောင်းမွန်စွာနေထိုင်ရန်ဖြစ်သည်။ ဝတ္ထုထဲက ဇာတ်လမ်းဇာတ်ကွက်များကို သူမ သိထားတာကြောင့် လင်း မိသားစု၏ ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားနိုင်မည်ဟု မျှော်လင့်ရသည်။


ဝတ္ထုထဲမှာ လင်းယောင်ယောင် နှင့် ဇာတ်ဆောင်မင်းသမီးတို့မှာ ယောက်ျားတစ်ယောက်အတွက် ရန်ဖြစ်ခဲ့ကြပြီး အဆုံးတွင် လင်းယောင်ယောင် တစ်ယောက် စိတ်ဆင်းရဲစွာ အဆုံးသတ်ခဲ့၏။ လင်း မိသားစု၏ အကြီးမားဆုံး မှီခိုအားထားရာဖြစ်သော သားကြီး လင်းရွှမ် သည်လည်း မှားယွင်းသော အစီအစဉ်တစ်ခုကြောင့် နာမည်ပျက်သွားခဲ့ပြီး လင်း မိသားစုသည် ထိုအချိန်မှစ၍ ဆုတ်ယုတ်သွားခဲ့သည်။ကံကောင်းစွာနှင့်၊ ဇာတ်လမ်းထဲက အရာအားလုံးက အခုမှ စနေခြင်း ဖြစ်သည်။


သူမ၏ မူလခန္ဓာကိုယ်သည် အရှင်သခင် အင်ပါယာ၏ ဒုတိယမင်းသား ရှောင်မင် ကို တိတ်တိတ်လေး ကြိတ်ကြိုက်နေခဲ့ခြင်းဖြစ်ပြီး လူတိုင်းကလည်း ထိုကိစ္စကို သတိမပြုမိခဲ့ပေ။သူမသည် ရှောင်မင် ၏ အနာဂတ်ရည်းစားအဖြစ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော်လည်း ဇာတ်ဆောင်မင်းသမီးကို အံတုနိုင်ခြင်းမရှိခဲ့ပေ။ဇာတ်ဆောင်မင်းသမီးကို ထိထိရောက်ရောက် ချောက်မတွန်းနိုင်ခဲ့သလို နိုင်လည်း မနိုင်ခဲ့ချေ။ 


ထို့ကြောင့် လင်းယောင်ယောင်သည် သူမ၏ ကံကြမ္မာကို ပြန်ရေးရန်၊ မူလပိုင်ရှင်နှင့် လုံးဝခြားနားသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရပါတော့မည်။


နံနက် ၈နာရီတွင် အဆင့်မြင့်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့သည်။ လင်းယောင်ယောင် ၏ စာမေးပွဲရမှတ်များသည် ထိပ်တန်းမဟုတ်သော်လည်း အလွန်ကောင်းမွန်သည်ဟု ယူဆ၍ ရပေသည်။ သူမ၏ SS အဆင့် စိတ်ဓာတ် ကြံ့ခိုင်မှုနှင့်ဆိုလျှင် အတူ မည်သည့် မေဂျာမဆို လျှောက်ထားနိုင်သည်။ထို့ကြောင့် သူမအတွက် အရှင်သခင်အင်ပါယာ၏ နံပါတ်တစ်စစ်ပညာရေးအကယ်ဒမီက အရန်ကုထုံးကောလိပ်သို့ တက်ရောက်မည့် အစီအစဉ်သည် ပြဿနာမဟုတ်ပေ။


သို့သော်လည်း မေဂျာရွေးချယ်ပြီးနောက် လျှောက်လွှာကို ပိုမို အလေးပေးခံရရန်အတွက် မိဘအုပ်ထိန်းသူ လက်မှတ်နှင့် သဘောတူညီချက် လိုအပ်နေသည်။ ယခု၊သူမ မိဘတွေက နေ့လည် ၁၂ နာရီအထိ အိမ်ပြန်ရောက်မှာ မဟုတ်သေးကြောင်း ဆက်သွယ်ရေးကိရိယာထဲမှတစ်ဆင့် ပြောထားပြီးဖြစ်သည်။


ထို့ကြောင့်၊လင်းယောင်ယောင် သည် မိဘများကို စောင့်ရင်း ဟင်းချက်ရန်အတွက် ပါဝင်ပစ္စည်းများနှင့် လိုအပ်သော မီးဖိုချောင်သုံးပစ္စည်းများကို Star Network တွင် ကြိုတင်မှာယူခဲ့သည်။ သူမသည် ရှည်လျားသော ရွှေရောင်ဖျော့ဖျော့ဆံပင်ကို ကျစ်ဆံမြီးကျစ်လိုက်ပြီး ခေါင်းပေါ်ပြန်ပတ်ကာ ဆန်းသစ်၍ ချစ်စဖွယ်ဖြစ်အောင် ဆံထုံး,ထုံးလိုက်သည်။ထို့နောက် သပ်ရပ်ပြီ ပေါ့ပေါ့ပါးပါးရှိသော ဘောင်းဘီတိုနှင့် တီရှပ်ကို ပြောင်းလဲဝတ်ဆင်ကာ ခါးစည်းအနီရောင်ကို စည်းထားလိုက်၏။


နာမည်ကြီး အစားအသောက်ဘလော့ဂါတစ်ဦးအနေဖြင့် လင်းယောင်ယောင် သည် အရသာရှိသော စားသောက်ဆိုင်များစွာကို စားဖူးခဲ့ပြီး အရသာရှိသော သွားရေစာများကိုလည်း ကြည့်ရှုသူများထံ review ပေး၍ မျှဝေခဲ့သည်။ သူမ ငယ်ငယ်ကတည်းက အဖွားဖြစ်သူထံမှ ချက်ပြုတ်နည်းကို သင်ယူခဲ့သည့်အတွက် ကိုယ်တိုင်ကလည်း ဟင်းကောင်းကောင်းချက်တတ်သည်။ အစားအသောက် အကောင်းကြိုက်သူတစ်ယောက်အနေဖြင့် ကိုယ်နှင့် မရင်းနှီးသော တစ်နေရာကို ရောက်လာတာကြောင့် တရုတ်အရသာ စစ်စစ်ကို စားချင်နေပါက ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရတော့မည်ဖြစ်သည်။


ကမ္ဘာကြီးသည် ၂၁ရာစုမှ ကြယ်တာယာခေတ်အထိ နှစ်ပေါင်းထောင်ချီသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်။ကြယ်တာယာခေတ်က အစားအစာများမှာ အရသာ မဆိုးရွားဘဲ မြန်ဆန်အဆင်ပြေပြီး ထိရောက်မှုရှိသည့်အပြင် စွမ်းအင်စုပ်ယူနိုင်မှု အများဆုံးလည်း ဖြစ်၏။ထို့ကြောင့် အချိန်ကုန်လူပင်ပန်းပြီး အားသိပ်မဖြစ်စေသော ရှေးခေတ်ချက်ပြုတ်နည်းများစွာကို သိပ်အသုံးမပြုကြတော့ပေ။ကံကောင်းစွာနှင့်၊တရုတ်ရိုးရာ အစားအသောက်များအတွက် ပါဝင်ပစ္စည်းများက ရှိနေဆဲဖြစ်သည်။ ပျောက်ကွယ်သွားသော ဟင်းခတ်အမွှေးအကြိုင် မျိုးကွဲအများစုအတွက်ပင် အရသာတူသော အစားထိုးပစ္စည်းများကို ရှာ၍ရနိုင်သည်။


ထို့ကြောင့် လင်းယောင်ယောင်သည် မီးဖိုချောင်ထဲတွင် ပစ္စည်းတစ်ခုချင်းစီကို အနံ့ခံကြည့်ပြီး အရသာခံကြည့်နေလေသည်။ယနေ့ နေ့လည်စာမီနူးကို ချက်ပြုတ်ဖို့ရာအတွက် အတော်စဉ်းစားပြီး နောက်ဆုံးတွင် သူမအကြိုက် အိမ်ချက်ဟင်းလျာများဖြစ်သည့် အမဲသားနှင့် ခရမ်းချဉ်သီးချက်၊ ဝက်သားပြုတ်၊ မှိုနှင့် ရွှေရောင်ကြက်သားပြုတ်၊ ငါးခေါင်းနှင့် တို့ဟူးဟင်းချို၊ ပူပူစပ်စပ် အာလူးအလွှာကြော်၊ ပဲပင်ပေါက်ဟင်းချိုနှင့် ထမင်းဖြူတို့ ဖြစ်သည်။ အချိုပွဲက ရွှေဖရုံသီးကြော်ဖြစ်ပြီး စိတ်ကိုလန်းဆန်းစေသည့် ပဲတီစိမ်းစွပ်ပြုတ်၊ ချိုမြိန်ပြီး အရသာရှိသော သစ်သီးလက်ဖက်ရည်ကိုလည်း ပြုလုပ်မည် ဖြစ်သည်။


ထို့နောက် လင်းယောင်ယောင် သည် အင်္ကျီလက်မောင်းကိုပင့်တင်ကာ အစားအသောက်များကို နည်းစနစ်တကျ စတင် ချက်ပြုတ်ပါတော့သည်။ဟင်းချက် ပြီးခါနီးလာသည်နှင့်အမျှ မီးဖိုချောင်တစ်ခုလုံးတွင် ပြင်းထန်စူးရှပြီး စွဲမက်ဖွယ်ကောင်းသော အစားအသောက်ရနံ့များက လှိုင်လှိုင်သင်းနေကြ၏။ထိုစဉ် ဗီလာအပြင်ဘက် ခြံဝင်းထဲတွင် စစ်ကားတစ်စီး၏ စက်သံများ ကြားလိုက်ရ၏။သူမ အချိန်ကို တစ်ချက်ကြည့်လိုက်လျှင် မနက် ဆယ့်တစ်နာရီသာ ရှိသေးကြောင်း တွေ့ရလေ၏။


" သူမ မိဘတွေက စောစောပြန်လာတာလား..."


အသားဟင်းကို ချက်ပြုတ်ပြီးပြီဖြစ်သော်လည်း မီးနည်းနည်းဖြင့် ဆော့စ်လုပ်ရန် လိုအပ်နေသေးသည်။ သို့သော် ၊ယခုစားမည်ဆိုပါက အာလူးအလွှာကြော်၊ ပဲပင်ပေါက်စွပ်ပြုတ်နှင့် ထမင်းအမြန်စား၍ ရပေသည်။ 


သူမသည် လတ်လတ်ဆတ်ဆတ် ကြော်ထားသော ရွှေဖရုံသီးလုံးများကို အဖြူရောင်ကြွေပန်းကန်ပြားတစ်ခုပေါ်တွင် ထည့်ပြီး ပဲတီစိမ်းစွပ်ပြုတ်ထဲကို ရေခဲထည့်ကာ အိမ်အကူ စက်ရုပ်အား ဧည့်ခန်းထဲသို့ ပို့ခိုင်းလိုက်သည်။ ယခု ပျားသစ်သီးလက်ဖက်ရည်ကို ပြုလုပ်ရန် လိုအပ်နေသေးသဖြင့် ပန်းသီး၊ သစ်တော်သီး၊ သလဲသီး၊ သံပုရာသီးနှင့် စတော်ဘယ်ရီသီးအချို့ကို အပိုင်းပိုင်းလှီးပြီး အိုးတစ်လုံးထဲတွင် ထည့်လိုက်သည်။ဤအတိုင်း ဆယ်မိနစ်ခန့် ပြုတ်ပြီး ခဏကြာလျှင် အပူချိန် အနည်းငယ် လျှော့ချကာ ပျားရည်ထည့်ရမည် ဖြစ်သည်။ပါဝင်ပစ္စည်းများကို အိုးထဲသို့ထည့်ပြီး ပွက်ပွက်ဆူလာသောအခါ မီးဖိုချောင်တံခါးအပြင်ဘက်မှ ထူးဆန်းသော်လည်း ရင်းနှီးသလိုရှိပြီး အေးစက်စက် လူငယ် အသံကို သူမ ကြားလိုက်ရသည်။ ထိုသူက အနည်းငယ် အံ့အားသင့်သွားသည့် ပုံစံဖြင့်...


 "ယောင်ယောင်…မင်းလား" 


အလုပ်ရှုပ်နေသော မိန်းကလေးသည် ခေါင်းကို လှည့်ကြည့်လိုက်ရာ စူးရှအေးစက်သော မျက်လုံးတစ်စုံကို တွေ့ရသဖြင့် အံ့အားသင့်သွားမိသည်။ မီးဖိုချောင်အဝင်ဝတွင် အရပ်ရှည်ရှည် တောင့်တောင်ဖြောင့်ဖြောင့်နှင့် ငွေ‌ရောင်ရင့်ရင့် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော ကောင်ချောလေးတစ်ဦး ရပ်နေသည်။ သူ၏ တင်းမာသော မျက်နှာထားသည် အေးစက်ပြီး ပြီးပြည့်စုံသော မျက်နှာကို ပို၍ ပေါ်လွင်သွားစေသည်။သူ့အကြည့်နှင့် သူ့မျက်နှာအသွင်အပြင်ကြောင့် သူမ စိတ်ထဲမှာ ကျယ်ဝန်းသော မီးဖိုချောင်သည် ရုတ်တရက် ကျဉ်းကျပ်သွားသလို ဖြစ်သွားသည်။


သူမ တစ်သက်တာလုံးတွင် ဤမျှ ရုပ်ချောသောယောက်ျားကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ထူးခြားသော သူ၏ မျက်နှာအသွင်အပြင်သည် အသက်မွေးဝမ်းကျောင်းပြုရန်အတွက် မျက်နှာကိုသာ အားကိုးရသော အနုပညာရှင် နာမည်ကြီးကြယ်ပွင့်များထက်ပင် ပိုကြည့်ကောင်းနေသည်။ ထိူလူချောလေး၏ အေးစက်၊ ချောမောပြီး ကြီးစိုးသော စိတ်နေသဘောထားနှင့် မကိုက်ညီသည့် တစ်ခုတည်းသော အရာမှာ သူ့လက်ထဲရှိ ပဲတီစိမ်း စွပ်ပြုတ်ဖြစ်သည်။


 "အစ်ကိုကြီး"


ဤမျှကြောက်စရာကောင်းသော မျက်နှာနှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် ဩဇာရှိသူမှာ သူမ၏ အမည်ခံအကြီးဆုံးအစ်ကို(အစ်ကိုအရင်းမဟုတ်) လင်းရွှမ် မှလွဲ၍ တစ်ခြားသူမဟုတ်ပါချေ။ သူသည် အရှင်သခင် အင်ပါယာ၏ ပထမဆုံးသော ဉာဏ်ကြီးရှင်ဖြစ်ပြီး SSS အဆင့် ကိုယ်လုံးကိုယ်ပေါက်နှင့် လိုက်လျောညီထွေမှုရှိသော စွမ်း ဆောင်ရည်များကြောင့် အင်ပါယာတွင် အသက်အငယ်ဆုံး ဗိုလ်ချုပ်ဖြစ်လာခဲ့သည်။ ပြည်သူများက သူ့ကို စစ်နတ်ဘုရားဟုတောင် တင်စားခေါ်ဝေါ်ကြသေးသည်။သူ့ကို မနာလိုသူများလည်းရှိသလို လေးစားအားကျရသူများကလည်း ဒုနှင့်ဒေးပင်။


ထီးနန်းအတွက် တိုက်ပွဲဝင်လိုကြသော မင်းသားသုံးပါးကတောင် သူ့ကို အကြောင်းပြု၍ လင်း မိသားစုကို သူတို့ဘက်ပါအောင် အပြိုင်အဆိုင်ကြိုးစားနေကြသည်။


ရှေ့တည့်တည့်မှ အေးစက်စက်ကြီးစိုးနေသည့် လင်းရွှမ် ကိုမြင်လိုက်ရ၍ လင်းယောင်ယောင် နှလုံးသားက ပွက်ပွက်ဆူသွားရသည်။ သူသည် သူမဘဝအတွက် အားကိုးအားထားရာ ရွှေတောင်ကြီးတစ်ခုပင်။သူ အနားမှာ ရှိနေသရွေ့ လင်းမိသားစု ပြိုလဲမှာ မဟုတ်ချေ။ ထို့အပြင် သူက မွေးစားညီမဖြစ်သူနှင့် မနီးစပ်သော်လည်း သူမကို အတတ်နိုင်ဆုံး ကာကွယ်ပေးတတ်သည်။


မူရင်းဝတ္ထုထဲတွင် လင်းယောင်ယောင် ၏ စိတ်ပိုင်းဆိုင်ရာ ပြိုကွဲသွားပြီးနောက်၊ သူမနှင့် အဆက်အသွယ် သိပ်မရှိသည့် အစ်ကိုဖြစ်သူ လင်းရွှမ် သည် သူမအား လက်စားချေရန် ခြေလှမ်းပြင်လာခဲ့သည်။ထိုသို့သော၊အစ်ကိုကြီးမျိုးက ရှားပါးပေသည်။ 


ချစ်စရာကောင်းပြီး လှပသည့် ကောင်မလေး၏ မျက်နှာမှာ ထက်မြက်သော အပြုံးလေးတွေ လှိုက်လှိုက်လှဲလှဲ ခုန်ဆင်းသွားရသည်။ ထို့နောက် သူမသည် ခွက်ကိုင်မထားသော လင်းရွှမ် လက်တစ်ဖက်ကို ပွေ့ဖက်ကာ ညုတုတုမုဒ်ကို ဖွင့်လိုက်ပြီး ချိုမြိန်သော အသံနှင့် ပြောလိုက်သည်။  


"အစ်ကိုကြီး ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ..ဘာသတင်းမှလဲ မရပါလား"

 

လင်းရွှမ်သည် ဇာ့ခ်(ဂြိုလ်သား မျိုးနွယ်)များကိုတိုက်ခိုက်ရန် နယ်စပ်ကြယ်တွင် တပ်စွဲထား၍ အိမ်မပြန်လာသည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။ သူတို့ မောင်နှမနှစ်ယောက်၏ အသက်အရွယ် ကွာခြားချက်မှာ ဆယ့်နှစ်နှစ် ရှိသည်။ လင်းယောင်ယောင် ကို သူ့မိဘတွေ ပြန်ခေါ်လာတုန်းက သူသည် အလယ်တန်းကျောင်းသားဖြစ်နေလေပြီ။ ငယ်ရွယ်သည့် ကလေးမလေးကို ဘယ်လို ဆက်ဆံရမလဲဆိုတာလည်း သူ မသိပေ။


လင်းယောင်ယောင် သည် ငယ်စဉ်ကတည်းက အစ်ကိုကြီးကို သဘောကျခဲ့သည်။သို့သော်လည်း သူ့ကို အမြဲကြောက်နေခဲ့သည်။ ညီအကိုမောင်နှမ ဆက်ဆံရေးက အနည်းငယ် သိပ်မကောင်းပေ။ ယခုမူ၊လင်းယောင်ယောင် ၏ ရုတ်တရက် ရင်းနှီးကျွမ်းဝင်မှုကြောင့် ဆန့်ကျင်ဘက်လိင်နှင့် ယခုလို နီးကပ်စွာ ‌မနေခဲ့ဖူးသော လင်းရွှမ် သည် အလွန် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ သူက လက်ကို ပြန်ဆုတ်ထားကာ တိုးတိုး‌လေး ပြောလိုက်၏။

 

"လျှို့ဝှက်မစ်ရှင်ကြောင့်လေ.... ရက်နည်းနည်းကြာမှ ပြန်သွားရမယ်" 


အမြဲတမ်း မာနကြီးပြီး ကြမ်းကြုတ်သည့် သူ့ညီမငယ်လေးက ဟင်းချက်‌နေ၍ သူ အတော်ပင် အံ့ဩသွားရသည်။ သူ့နှာခေါင်းဖျားမှာ မွှေးပျံ့နေသည့် အစားအစာများ၏ ရနံ့က စက်ရုပ်များ ချက်ထားသလိုမျိုး မဟုတ်ဘဲ အလွန်မွှေးပြီး ဆွဲဆောင်မှုရှိသည်။ အသိဉာဏ်ရှိသော အိမ်ထိန်း စက်ရုပ် အမ်ဘာ၏ အစီရင်ခံစာအရ၊ လင်းယောင်ယောင် ၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ရလဒ်များ ယနေ့မှ ထွက်လာကြောင်း သူ သိလိုက်ရ၏။ သူမ ကျောင်းတက်ခြင်းကိစ္စ ပြီးစီးဖို့အတွက် ယနေ့ မိဘများလည်း ပြန်လာမည်ဖြစ်သည်။ သူ့ရှေ့မှအရပ်ပိုမြင့်လာသည့် ကောင်မလေးကို ကြည့်ပြီး..


 "မင်းက ထမင်းတွေဘာတွေ ချက်နေရတယ်လို့....ဘာ‌တွေများ ဖြစ်နေတာလဲ"


လင်းယောင်ယောင် သည် အစ်ကိုကြီးက သူမ လက်ကို ဆွဲခါလိုက်သည်ကို တစ်ချက် ကြည့်လိုက်သည်။ ဤ စစ်နတ်ဘုရား အစ်ကိုက နည်းနည်းအေးသော်လည်း သူမ ဂရုမစိုက်ပေ။ချက်ချင်းပင်၊သူ၏ အေးစက်စက် အပြုအမူကို စိတ်မ၀င်စားဘဲ သူ့လက်မောင်းကို ပြန်ပွေ့ဖက်လိုက်ပြီး 


"အစ်ကိုကြီးက ဘာလို့ဒီလိုထင်နေတာလဲ... ညီမလေး အရမ်းတော်တာကို အစ်ကိုကြီး မသိဘူးလား"

  

သူမအတွက် ယခုအကြိမ်က ယောက်ျားတစ်ယောက်နှင့် အလွန်ရင်းနှီးစွာ ပူးပူးကပ်ကပ် နေခြင်းဖြစ်သော်လည်း လင်းရွှမ် ကို အစ်ကိုကြီးအဖြစ် သတ်မှတ်ထားသောကြောင့် စိတ်မသက်မသာ မဖြစ်မိပေ။ သူမ ငယ်ငယ်ကတည်းက အကိုကြီးတစ်ယောက်ရှိပါစေဟု မျှော်လင့်ခဲ့ဖူးသည်။ အရင်ဘဝတုန်းက သူမမှာ အစ်ကိုကြီး မရှိခဲ့သော်လည်း ယခုဘဝမှာ အစ်ကိုကြီးတစ်ယောက်ရှိသွားပြီဖြစ်၏။ထို့ကြောင့် သေချာပေါက် အစ်ကိုကြီးနှင့် ချစ်ချစ်ခင်ခင်နေပြီး နီးစပ်ဖို့ ကြိုးစားချင်မိသည်။ 


မူရင်းဝတ္ထုတွင် လင်းယောင်ယောင် ၏ အကြီးဆုံးအစ်ကို လင်းရွှမ် အကြောင်းကို အနည်းငယ်သာဖော်ပြခဲ့သည်။ သူက စကားသိပ်မပြောသလို လင်းယောင်ယောင် ကိုလည်း သိပ်ဂရုမစိုက်တတ်ပေ။သူမကို တစ်ခွန်းနှစ်ခွန်းသာ ပြောတတ်ပြီး ပြောတိုင်းလည်း အမိန့်ပေးပြီး ခိုင်းစေတတ်တာပင်။ 


ခေတ္တနားပြီးနောက် လင်းယောင်ယောင် က ပြန်ပြောလိုက်သည်။

 

"ညီမလေး ဘာလုပ်ချင်လဲ ဆိုတာကို နောက်မှပြောပြမယ် အစ်ကိုကြီး…အခု ညီမလေး လုပ်ထားတဲ့ ဟင်းလျာတွေစားပြီးရင် ဘယ်လိုနေလဲဆိုတာပဲ အရင်ပြော"

 

လင်းရွှမ် သည် ကလေးမလေး ပွေ့ဖက်ထားသည့် သူ့ဘယ်ဘက်လက်ကို တစ်ချက်ကြည့်လိုက်သည်။ ပါးလွှာသော အထည်အောက်မှတစ်ဆင့် သူသည် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု၏ နူးညံ့သော အထိအတွေ့နှင့် မိန်းကလေး တစ်ယောက်၏ ပေါ့ပါးသော ကိုယ်သင်းနံ့ကို သူခံစားလိုက်ရသည်။ သူမနှင့် မတွေ့တာကြာပြီဖြစ်၍ ကလေးမလေးက သူ့ကို ရင်းရင်းနှီးနှီး ကြိုဆိုလိုက်ခြင်းသာ။ထို့နောက် လင်းရွှမ် သည် ပဲတီစိမ်း စွပ်ပြုတ်ကို တစ်ငုံသောက်လိုက်ပြီး စိတ်ထဲက အဆင်မပြေမှုကို ဖုံးကွယ်ကာ...


 "ဒီအချိုပွဲက အဆင်ပြေပါတယ်....ငါ လုပ်စရာရှိတာ သွားလုပ်ဦးမယ်....မင်းလည်း ဆက်လုပ်နေလေ"


ထို့နောက် သူ့လက်ကို ပြန်ဆွဲကာ မီးဖိုခန်းထဲက ထွက်သွားလေသည်။ လင်းယောင်ယောင် သည် သူမ မျက်နှာကို အုပ်ကိုင်ထားပြီး


"ဟေး အစ်ကိုကြီး...သူ ရှက်သွားတာလား... ချစ်ဖို့ကောင်းလိုက်တာ"


သူမစကားကို ကြားလိုက်သော လင်းရွှမ်သည် ရှက်ကိုးရှက်ကန်းဖြင့် သူမနှင့် မီတာအတော်ဝေးအောင် လျှောက်လာခဲ့မိတော့သည်။


Xxxxx