အခန်း ၁၈
Viewers 8k

Chapter 18

(စိတ်ဆိုးမှုနှင့် မနာလိုမှု)



ကျန်းရို့ ပြောသည်ကို လင်းယောင်ယောင် ကြားပြီးနောက် သူမ ဒေါသတကြီး ပြုံးလိုက်သည်။


"ငါ့အစ်ကိုနဲ့ ငါက ကြိုက်နေကြတယ် ဟုတ်လား..ဟားဟား... တစ်နေ့လုံး ရေခဲတုံးမျက်နှာကြီးဖြစ်နေတဲ့ အဘိုးကြီး လင်းရွှမ် ကို ငါ ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ...သူက ငါ့ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားတာ မင်းမသိဘူးလား... ဒါမျိုး လုံးဝ ခွင့်မပြုဘူး...ခွင့်မပြုဘူး...ငါကပဲ သူ့ကို ကြိုက်တယ် ဟုတ်လား...ငါ့ကို အရူးများမှတ်နေလား"


လင်းယောင်ယောင် ထက် များစွာနောက်ကျပြီးမှ ထွက်လာသော လင်းရွှမ် သည် လေ့ကျင့်ရေးကွင်းသို့ လျှောက်သွားခဲ့သည်။ လေ့ကျင့်ရေးကွင်းတစ်ခုလုံးက ချက်ချင်း တိတ်ဆိတ်လျက်ရှိသည်။ သူမ၏ စကားသံသည် မကျယ်သလို တိုးလည်း မတိုးတာကြောင့် သူမ အသံက တစ်ခန်းလုံး ရှင်းလင်းစွာ ကြားနေရသည်။ အနီးနားရှိ လူတစ်စုက သူမအသံကို ရှင်းရှင်းလင်းလင်းကြားနိုင်သည်။ ထို့ကြောင့် လင်းရွှမ်၏ SS-plus ကိုယ်လုံးကိုယ်ပေါက်ကြောင့် နားပါးနေသဖြင့် ကြားသွားရသည်။


လေ့ကျင့်ရေးကွင်းအ၀င်ဝကို မျက်နှာမူထားသည့် လင်းယောင်ယောင် သည် သူ ရောက်ရှိလာသည်ကို လုံးဝသတိမထားမိပေ။ချက်ချင်းပင် သူ့မျက်နှာသည် တိမ်မည်းများ ဖုံးထားသလိုပင် မည်းမှောင်ဆူပုပ်သွားလေသည်။ သူမ အပြင်မထွက်ခင်မှာပင် သူ့ကို fly kissပေးရင်း"အစ်ကိုကြီးကို ချစ်တယ်" ဟု ပြောခဲ့သေးသည်။ သို့သော်၊သူ့နောက်ကွယ်မှာတော့ သူ့မကောင်းကြောင်းများကို ပြော‌နေလေပြီ။


'အရမ်းကောင်းတယ်… လင်းယောင်ယောင်!'


သူ့ အသံသည် ချက်ချင်း ရေခဲတုံးတမျှ အေးစက်သွားခဲ့လေသည်။


"ဟင့်အင်း မင်းက ငါ့အပေါ် ဒီလို သဘောထားတွေ အများကြီးရှိမှန်း ငါမသိပါလား"


ခေတ္တနားပြီးနောက် သူကဆက်ပြောလာသည်။


"မင်း နားလည်ထားတဲ့အတိုင်း ဖြစ်လာဖို့အတွက် ငါမင်းကို ရှေ့လျှောက် အဲ့ဒီလို ဆက်ဆံ ပေးမယ်"


လင်းယောင်ယောင် သည် ကြောင်စီစီဖြစ်နေကာ အစ်ကိုကြီးဆီကို လက်ကမ်းလိုက်သည်။


"နေပါဦး အစ်ကိုကြီး..ညီမလေး ပြောတာကို နားထောင်ပါဦး"


"အိမ်ထောင်ဖက်ရွေးချယ်မှုမျိုးဆိုရင် အစ်ကိုကြီး မကြိုက်ဘူး...ဒါ‌ပေမယ့် အစ်ကိုကြီးလိုတော့ ချစ်နေတုန်းပဲ...အစ်ကိုကြီးအရင်းမဟုတ်ပေမယ့် ညီမလေးရဲ့ တစ်ကယ်အစ်ကိုအရင်းထက်တောင် ပိုကောင်းနေပါသေးတယ်"


ညီအကိုမောင်နှမများမှ “ရန်သူ” ဖြစ်လာသော ဒရာမာကို လူတိုင်း ကြည့်နေကြရင်း သူမတို့သည် အမှန်တစ်ကယ် ဖြူစင်သော ညီအစ်ကို မောင်နှမများသာဖြစ်ကြောင်း ယုံကြည်ခဲ့ကြသည်။ ထို့အပြင် မာနကြီးသည့် လင်း မိန်းကလေးကို‌လည်း နည်းနည်းတော့ စာနာမိကြသည်။ သူမသည် ကောလဟလများလောက် မာနမကြီးဟု ခံစားမိကြသည်။ ဆန့်ကျင်ဘက်အနေနှင့် သူမ ပုံစံက ရူးတူးတူးလေးနှင့် ချစ်စရာကောင်းနေသည်။


မနက်ပိုင်း လေ့ကျင့်ရေးစဖို့ အချိန်တန်သဖြင့် အားလုံးက လေ့ကျင့်ရေးကွင်းမှာ စုပြီး ရှေ့ဆုံးတန်းမှ မိန်းကလေးတစ်ယောက်က ပြောစရာရှိသဖြင့် ရုတ်တရက် အော်လိုက်သည်။ သူမက ဝူလီလီ ဖြစ်သည်။


လင်းယောင်ယောင် နှင့် လင်းရွှမ် တို့သည် စောစောက စကားများကြောင့် ဤမောင်နှမသည် ဖောက်ပြန်သောဆက်ဆံရေးရှိသည်ဟု လူအများက မယုံကြည်ခဲ့ကြပေ။ သို့သော်၊ ဤသည်မှာ ဝူလီလီ မူလက လျှို့ဝှက်ထားသော ထင်ကြေးတစ်ခုမျှသာ ဖြစ်သည်။ သူမသည် လင်းယောင်ယောင် ကို လူသိရှင်ကြား အရှက်ခွဲလိုလျှင် တခြားနည်းတစ်ခု ထုတ်သုံးရမည်ဖြစ်သည်။ မောင်နှမကြားတွင် စိတ်ဖောက်ပြန်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမသည် အိပ်ဆောင်သို့ တစ်ညလုံးလုံး မပြန်ဘဲ စစ်စည်းကမ်းများကို ချိုးဖောက်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။


လင်းရွှမ် သည် သူမ ပြောစကားကိုသာ ကြားပြီး အခြေအနေကို သေချာမသိသဖြင့် သူမ အလွန်ပင်စိတ်မကောင်းဖြစ်နေရ၏။


"ဘာလဲ"


ဝူလီလီ သည် လင်းရွှမ်က အရှုံးမရှိ စစ်နတ်ဘုရား ဖြစ်သော်လည်း လူသားဆန်သေးသူဟု မူလကထင်ခဲ့သည်။ သူသည် စစ်မြေပြင်တွင်သာ ဂုဏ်သိက္ခာကြီးမားပြီး ကလေးမလေးတစ်‌ယောက်ကိုမူ ရက်စက်လွန်းမည်မဟုတ်ပေ။ သို့သော်၊လင်းရွှမ် ၏ တင်းမာသောအကြည့်ကို သူမ ရင်ဆိုင်ရသောအခါ သူမ တစ်ကိုယ်လုံးတုန်အောင် ထိတ်လန့်သွားရ၏။


"အစားအသောက် အရန်ကုထုံးဌာနက လင်းယောင်ယောင် မနေ့ညက အဆောင်ကိုမပြန်ခဲ့ပါဘူး.... စစ်ရေးလေ့ကျင့်မှု စည်းမျဉ်းအရ သူမကို ထုတ်ရပါမယ်…သူမက ရှင့်ရဲ့ ညီမ ဖြစ်နေရင်တောင်မှ ပြစ်ဒဏ်ကတော့ ခံရမှာပဲလေ... မင်းသားတွေ တော်တော်များများ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ကြပေမဲ့ ဒီလိုမျိုး ဦးစားပေးမခံကြရပါဘူး"


ဝူလီလီ သည် နောက်ဆုံးစကားကို ပြောသောအခါတွင် ယုံကြည်မှုရှိလာပြန်သည်။ လင်း မိသားစုက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဧကရာဇ်မိသားစုထက် ပိုပြီး ဦးစားပေးခံရမှာလဲ...


ဧကရာဇ်မိသားစုကို စကားထဲထည့်ပြောခဲ့တာကြောင့် သူမသည် လင်းယောင်ယောင်ကိုသာ သိက္ခာချချင်တာမဟုတ်ပေ။သူမသည် လင်း မိသားစုကို ရှုံ့ချပြီး ဧကရာဇ်မိသားစုနှင့် ရန်တိုက်ပေးလိုက်ခြင်းဖြစ်၏။သူမ စကားဆုံးသွားသည်နှင့် လူတော်တော်များများက သူမကို စိတ်ထဲကနေ လှောင်ပြောင်နေကြသည်။ သူမသည် သေခြင်းတရားကို သူ့ဘာသာသူ အတင်းလိုက်ရှာနေခြင်းပင်။ လင်း မိသားစုသည် ဧကရာဇ်မိသားစုလောက် အင်အားမရှိသည်မှာ သေချာသော်လည်း လင်းရွှမ် သည် နှစ်ရာစုတစ်ခုမှာ တစ်ကြိမ်လာတတ်သော ဇာ့ခ် လူမျိုးများကို တွန်းလှန်ရန် ကြီးမားသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။သူ ဦးဆောင်သော မီးခိုးရောင်ဝံပုလွေ တပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းအားသည် တပ်ပေါင်း ခြောက်ခုတွင် အစွမ်းအထက်ဆုံးလည်းဖြစ်သည်။ ဧကရာဇ်မိသားစုများကတောင် သူတို့အပေါ် ယဉ်ကျေးစွာ ဆက်ဆံကြရသည်။ ဤအဖြစ်အပျက်ကြောင့် စစ်မိသားစုခေါင်းဆောင် လင်း မိသားစုထံ ‌ဧကရာဇ် မိသားစုက ဘယ်လိုမှ မကောင်းမြင်မည် မဟုတ်ပါချေ။


ရှောင်မင် က လင်းယောင်ယောင် ကို မကြိုက်သော်လည်း သူမက သူ့ကို tag လိုက်တိုင်း ပြန်ပြီး reply ပြန်နေရခြင်းပင်။ ဧကရာဇ်မိသားစုတွင် မကောင်းသော အကြံဥာဏ်များ တစ်စုံတစ်ရာရှိလျှင်ပင် သီးသန့်သာ ကြံရဲကြသည်။


လင်းရွှမ် သည် အေးစက်သော မျက်လုံးများဖြင့် ဤမိန်းက‌လေးကို ကြည့်လိုက်သည်။ လင်းယောင်ယောင် အဘယ်ကြောင့် ထိုစကားကို ပြောရသည်ကိုလည်း အနည်းငယ် နားလည်သွားရသည်။ ဤမိန်းကလေးက သူ့ညီမကို ရန်စပြီး သူ့ကိုတောင် ခြိမ်းခြောက်နေပြန်သည်။ သူ လူကောင်လိုက် ရှေ့မှာရှိနေချိန်တောင် သူမက ညီမဖြစ်သူကို အရှက်ခွဲရဲတာကြောင့် သူမ၏ အပြုအမူအတွက် အဖိုးအခပေးသင့်သည်။


"လင်းယောင်ယောင် က မိဘတွေနဲ့ သူ့ဆရာ၊ဆရာမတွေဆီက အထူးခွင့်ပြုချက် နှစ်ဆရထားတာ... ပြီးတော့ သူမမှာ အထူးတာဝန်ယူမှု သဘောတူညီချက်ရှိတယ်... ဒါကြောင့် အပြင်မှာနေနိုင်တယ်…မင်းမကျေနပ်ရင် မင်းမိဘတွေကို ငါ့ကို စကားလာပြောခိုင်း..ဒါမှမဟုတ် မင်းအစ်ကိုကို နည်းပြလာလုပ်ခိုင်းလိုက်လေ… မင်းသားတွေဟာ လူပြည်သူတွေအတွက် နဂါးတွေနဲ့ ဖီးနစ်တိုက်ခိုက်ရေးသမားတွေ ဖြစ်ကြတာမို့ စစ်ရေးလေ့ကျင့်မှုလေးလောက်နဲ့ သူတို့ကို သက်ညှာပေးလို့မရဘူး...ဒါဟာ သူတို့တာဝန်ပဲ"


ခေတ္တနားပြီးနောက် သူက ဆက်လက်၍


"ဒါမျိုးက မင်းကိုယ်တိုင် ငါ့ကို တိတ်တိတ်လေး လာပြောလို့ရတယ်...ဒါပေမယ့် မင်းက တခြားသင်တန်းသူတွေ ရှိနေချိန်မှာ ပြောလိုက်တာဆိုတော့ သချောတယ်...မင်းက လေ့ကျင့်ရေးအချိန်ကို နှောင့်နှေးအောင်လုပ်ချင်နေတာမလား...အဲ့ဒီတော့သတိပေးချက်အနေနဲ့ လူတိုင်း လေ့ကျင့်ရေးချိန်ကို နာရီဝက်ကြာ ထပ်တိုးလိုက်မယ်...မင်း မကျေနပ်ရင် တခြားစခန်းကို ပြောင်းလို့ရတယ်"


ဝူလီလီ၏ မျက်နှာသည် ရုတ်တရက် ဖျော့တော့သွားသည်။ သူမ ဆက်မေးချင်မိသည်က…


အရန်ကုထုံးဌာနမှ လူတိုင်းက ပင်ပင်ပန်းပန်း လုပ်နိုင်တယ်...ဒါ‌ေပမယ့် လင်းယောင်ယောင် ကျတော့ ဘာလို့ မလုပ်ခိုင်းတာလဲ...


သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည် အောက်ခြေအဆင့်တွင်ရှိသည်။


သူမအပြစ်လား... ဒါ


သို့သော်လည်း၊ဤမေးခွန်းကို မေးစရာမလို၊ သူမမှာ အဖြေရှိပြီးသားပင်။


တစ်ကယ်တမ်းတွင်၊ လင်းရွှမ် က လင်းယောင်ယောင် ကို ကာကွယ်ချင်တာဖြစ်သည်။ သို့သော်၊နှုတ်က‌တော့ ထုတ်မပြောရဲပေ။ဆက်ပြီး စောဒကတက်မိပါက သူမ၏ စစ်ရေးလေ့ကျင့်မှု အရည်အချင်းအား ဖျက်သိမ်းမှာကို စိုးရိမ်နေမိသည်။


သူမ၏ စစ်ရေးလေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ရန် အခြားစခန်းများသို့ ပြောင်းရွှေ့ရန် လျှောက်ထားနိုင်သော်လည်း လင်းရွှမ် ကနှင်ထုတ်လိုက်သူကို မည်သူကမှ လက်ခံဝံ့မည်မဟုတ်‌ေပ။ မနေ့က သူသည် ဆိုက်ကိုသမား နည်းပြတစ်ယောက်ဖြစ်နေခဲ့သော်ငြား ယနေ့မှာတော့ နတ်ဆိုးနည်းပြဆရာတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။


လေ့ကျင့်ဖို့အတွက် စစ်ရေးလေ့ကျင့်နည်းစနစ် အသစ်များသည် သနားစရာကောင်းလောက်အောင် ရက်စက်လှသည်။ ဝူလီလီ ၏ အပြုအမူကြောင့် အရန်ကုထုံးဌာနတစ်ခုလုံးကို အပြစ်ပေးခဲ့သည်။ အစပိုင်းမှာ လူတိုင်းက စိတ်လှုပ်ရှားနေ‌ေသာကြောင့် ဘယ်သူမှ အလေးအနက်မထားခဲ့ကြသော်လည်း ယခု သူမကို လွန်စွာ မကျေမနပ်ဖြစ်နေကြလေ၏။


"ဝူလီကန်ဟွာ"အဖြစ်အပျက်ကို လူတော်တော်များများ သိကြသည်။ ဤကာလအတွင်းတွင်၊ သူမအား အပြင်မှာသိသူ သို့မဟုတ် "ဝူလီကန်ဟွာ" ကိုသိသူအများအပြားသည် မှတ်ချက်လာ ပေးပြီး ငြင်းခုန်ခဲ့ကြသေးသည်။‌နောက်ပိုင်းတွင် တစ်ယောက်ယောက်က သူမ နာမည်အရင်းကို ဖ်ောထုတ်နိုင်ခဲ့သည်။အခြားသူများက သူမ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖော်ထုတ်လာခြင်းကြောင့် အကောင့်ကို လျင်မြန်စွာ ဖျက်လိုက်သော်လည်း ဝူလီလီ သည် "ဝူလီ ကန်ဟွာ" ဖြစ်သည်ကို လူအများက သိသွားခဲ့ကြသည်။ ဤတစ်ကြိမ်တွင် သူမသည် လင်းယောင်ယောင် ကို လက်စားချေရန်သိသာထင်ရှားစွာ ပြသနာရှာနေသောကြောင့် သူမအား ဖော်ထုတ်ရန် ရေတပ်တစ်ခုကို ရှာတွေ့ခဲ့သည်။


လင်းယောင်ယောင် သည် ပြောစမှတ်တွင်လောက်အောင် မာနကြီးသည့် ဂုဏ်သတင်းရှိသည်။ သို့သော် ကျောင်းစတက်,ကတည်းက မာနကြီးပြီး အေးစက်သော သူမ သဘောထားကြောင့် ဘယ်သူနှင့်မှ အရောတဝင် မရင်းနှီးခဲ့သဖြင့် သူမ အနိုင်ကျင့်ကြောင်းကို မည်သူမျှ မမြင်ဖူးပေ။ သို့သော် Ella Star ၏ လူလတ်တန်းစား ချမ်းသာသော မိသားစုမှ ဖြစ်သော ဝူလီလီ သည် အလွန်မိုက်မဲလွန်းပြီး ရယ်စရာကောင်းလှသည်။သူမသည် လင်းယောင်ယောင် နှင့် လင်းရွှမ် တို့၏ ကောလာဟလများကို ဖန်တီးဝံ့သူဖြစ်ပြီး အဓိက လင်းယောင်ယောင်ကို ပစ်မှတ်ထားသူပင်။သို့သော်၊ လင်းရွှမ် သည် လူအများ၏ နှလုံးသားထဲတွင် အမျိုးသားနတ်ဘုရားတစ်ပါးဖြစ်သည်။သူကိုယ်တိုင် စစ်လေ့ကျင့်ရေးကွင်းမှာ သူမတို့ကို ညှဉ်းပန်းနှိပ်စက်ခဲ့လျှင်တောင် စိတ်ထဲမှာ ဘယ်လိုမှနေမှာမဟုတ်သလို တခြားစခန်းသို့လည်း မပြောင်းဝံ့ချေ။


ယခင်က ဝူလီလီ၏ ရှုပ်ယှက်ခတ်နေသည့် ကိစ္စတွေကို ဘယ်သူကမှ ဂရုမစိုက်ခဲ့ကြသော်လည်း ယခုအချိန်မှာတော့ လူတိုင်း အာရုံစိုက်လာတော့သည်။ သူမသည် လင်းယောင်ယောင် ပေါ်တွင် ချောက်ချဖို့ ကြိုးစားသော်လည်း သူမဘာသာသူမ တိုင်ပတ်သွားခဲ့သည်။


စခန်းထဲမှ လူတော်တော်များများသည် အားနည်းချက်ကို ကာကွယ်ပေးမည့် လင်းရွှမ် လိုမျိုး ချောမောပြီး ကြီးစိုးသည့် အစ်ကိုကြီးတစ်ယောက် ရှိဖို့ မျှော်လင့်နေကြသည်။ ထို‌အတွေးများကလည်း လင်းရွှမ်သည် ညီမဖြစ်သူ လင်းယောင်ယောင် အပေါ် စာနာထောက်လာမှုကြောင့် ပေါ်လာခြင်းဖြစ်ပေတော့သည်။



Xxxxx

Ei Thet Hmue