အခန်း ၁၉
Viewers 8k

Chapter 19



လင်းရွှမ် ၏ သံလက်သီးချက်သည် အရန်ကုထုံးဌာနတစ်ခုလုံးကို စိုးမိုးထားသည်။ သူသည် ကျောင်းသားများကို ရံဖန်ရံခါ စကင်န်ဖတ်ကာ စိုက်ကြည့်သော်လည်း သူ့ညီမကိုသာ အများဆုံး စိုက်ကြည့်နေသည်။


စကားပြောနည်းသည့် လက်ထောက်နည်းပြများသည် ပျင်းရိသော ကျောင်းသူများကို စိုက်ကြည့်နေကြသည်။အကယ်၍ မူးမေ့လဲသွားသူများ ရှိသည်နှင့် သူတို့ ပြန်ထလာစေရန် သက်လုံအားဖြည့်ဆေးများ ထိုးသွင်းရန်နှင့် ဆေးဘက်ဆိုင်ရာ စက်ရုပ်များကို အချိန်မီ ခေါ်ရန်ဖြစ်၏။သို့သော် မူလစည်းမျဉ်းအတိုင်းပင် ဆက်သွားမည်ဖြစ်ပြီး အချိန်ကို နှစ်ဆတိုးရန် မလိုအပ်ပေ။အချိန်ပိုင်းအတွင်းမှာ သူတို့ လေ့ကျင့်ခန်းလုပ်နိုင်လျှင် အဆင်ပြေသွားပြီဖြစ်၏။


ကျန်းရို့ နှင့်အတူ ပင်ပင်ပန်းပန်းလေ့ကျင့်နေသော လင်းယောင်ယောင်သည် လင်းရွှမ် မြင်ကွင်းထဲတွင် ရှိနေသည်။


တစ်ဖန် လေ့ကျင့်ရေးပြီးဆုံးသောအခါ သူမတို့ နှစ်ယောက်သည် မိုးလုံလေလုံ ကိုယ်ကာယလေ့ကျင့်ရေးခန်းမထဲမှအာဟာရဖျော်ရည်များဝယ်ရန် ခန်းမထဲမှ ထွက်လာခဲ့ကြသည်။ ကျန်းရို့ က စိတ်ဓာတ်ကျနေသည့်လေသံဖြင့်...


"ယောင်‌ယောင်...စတိုးဆိုင်က အာဟာရထုပ်တွေမှာ အရသာနည်းနည်းထပ်ထည့်ဖို့ နင့်အစ်ကိုကြီးကို ပြောပေးလို့ရမလား"


လင်းယောင်ယောင် လည်း မျိုချရခက်ရသည်။ မနက်ခင်းက သူမကိုယ်တိုင်လုပ်ထားသည့် မနက်စာကို ဧကရာဇ်တစ်ပါးလို တခမ်းတနားစားခဲ့သော်ငြား မွန်းတည့်ချိန်၌ သူမသည် ဆင်းရဲသားတစ်ဦးလိုပင် ကန်တင်းမှ စားကြွင်းစားကျန်များကို စားလာခဲ့ရသည်။ သို့သော်၊ ညစာအတွက်မူ...သူတောင်းစားလို စားရပြန်သည်။သူမ ခါးသီးသည့် မျက်နှာထားနှင့် ပြောလိုက်သည်။


"ငါ့အစ်ကိုက သူ့နောက်ကွယ်မှာ သူ့မ‌ကောင်းကြောင်းတွေ လျှောက်ပြောနေတာ သိပြီးကတည်းက စိတ်ဆိုးနေတာ"


သို့သော်လည်း လင်းရွှမ် သည် သူမအား လေ့ကျင့်ရေးကွင်းတွင် မည်မျှ ရက်စက်စွာ ဆက်ဆံခဲ့ပါစေ၊ သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည် C အဆင့်သို့ အမြန်ဆုံး တက်နိုင်စေရန် သူမဆန္ဒကို ဖြည့်ဆည်းပေးချင်ခဲ့သည်။ သူသည် Biying သစ်သီးနှင့် လျှို့ဝှက်ဆန်းကြယ်လက်ဆောင်များကို မြှူဆွယ်ရန်ပင် အသုံးပြုခဲ့သေးသည်။ ကျန်းရို့ က မနေ့ကထက် နည်းနည်းပိုနာကျင်နေရသည့် ယနေ့အတွေ့အကြုံကို ပြန်သတိရသွားပြီး နာကျင်စွာ ခေါင်းညိတ်လိုက်သည်။


"...သူ့မျက်နှာကလည်း အေးစက်တည်တံ့နေတာပဲဟယ်"


ထို့နောက် နှစ်ယောက်သား စတိုးဆိုင်ရှေ့က ကုလားထိုင်တွေပေါ်မှာ ထိုင်လိုက်ပြီး အာဟာရဖျော်ရည်များသောက်ခါနီးတွင် ထမင်းဘူးနှစ်ခုကို လင်းယောင်ယောင် ထံသို့ တစ်ယောက်ယောက်မှ ရုတ်တရက် ပေးလာသည်။ သူ့ ဝတ်စုံတွင် မက်ခါ တံဆိပ်ပါသော အရပ်ရှည်ရှည် ကောင်လေးတစ်ယောက် သူမ ရှေ့မှာ ရပ်နေသည်။ သူသည် အလွန်အမင်း ချောမောသော မျက်နှာထားရှိသည်။သူမ အံဩတကြီး ကြည့်လိုက်ရာ သူက ချက်ချင်း ချစ်စရာကောင်းအောင် ပြုံးပြသည်။ ထို့နောက် ခေါင်းကို ကုတ်ရင်း အနည်းငယ် ရှက်သွားဟန်ဖြင်....


"မနေ့ညက ပြန်ရောက်မှ မင်းရဲ့အရန်ကုထုံးဌာနအကြောင်း သိလိုက်ရတာ...မင်း ညစာလည်း မစားနိုင်ဘူးလို့ ကိုယ် ကြားတယ်....ကိုယ်လည်း ဘာမှ မတတ်နိုင်တာနဲ့ ဒီမှာ ထမင်းဘူးနှစ်ဘူး ယူလာခဲ့တယ်"

ကန်တင်းရှိ အစားအစာမျိုးသည် ထုတ်ယူရန်မဟုတ်ပေ နေရာတွင် စားသုံးရန်သာဖြစ်သည်။ ဤကောင်လေးက အခွင့်ထူးခံ လူတန်းစားမို့ထင်သည်ယူလာ၍ရနေ၏။


သူသည် တတိယမင်းသား ရှောင်ကျန်း.... လင်းယောင်ယောင် နှင့် သုံးနှစ်ကြာ သူငယ်ချင်းဖြစ်လာသူ အထက်တန်းကျောင်း အတန်းဖော် ဖြစ်သလို သူမကို ချစ်နေသူလည်းဖြစ်သည်။လက်ရှိ တတိယမြောက် မိဖုရား မိုယာသည် သူ၏ မိခင်ဖြစ်ပြီး ဘုရင့်တပ်မှူး မိုချန်သည် သူ့ဦးလေးဖြစ်သည်။ သူသည် ထီးနန်းအတွက် ရည်မှန်းချက်အနည်းဆုံး မင်းသားလည်း ဖြစ်ပေသည်။ သူသည် စိတ်မြန်လက်မြန်ရှိသူဖြစ်ပြီး စိတ်အားထက်သန်သူ ဖြစ်သော်လည်း၊ နုံအ,သည်။


မူရင်းဝတ္ထုတွင်၊သူက နှစ်ရှည်လများဇွဲနပဲကြီးစွာ လိုက်ခဲ့‌ေသာကြောင့် မူလပိုင်ရှင်က လက်ထပ်ခွင့်ပေးခဲ့သည်။ သို့သော် သူ၏ မရင့်ကျက်မှုနှင့် စိတ်ဆန္ဒက သူမကို မကာကွယ်နိုင်ဘဲ သူနှစ်သက်သော မိန်းကလေးကို ဒုက္ခ ပေးခဲ့သလိုဖြစ်ခဲ့ရသည်။ လင်းယောင်ယောင် အတွက်တော့ မူရင်းအမျိုးသားနှင့် အမျိုးသမီး ဇာတ်ဆောင်တွေအပြင် ဤလူကိုလည်း ဝေးဝေးရှောင်ရမည့်လူအဖြစ် စာရင်းသွင်းထားသည်။ ကြယ်ကွန်ရက် တွင်၊ ဤသူသည် သူမအား ပထမဆုံးအကြိမ် ရောင်းချသော virtual သခွားသီးကြော်နှင့် ပူစီနံ ဖြည့်စွက်စာအပေါ်ကို အပျက်သဘောဆောင်သည့် သုံးသပ်ချက်များကို ပေးခဲ့ဖူး၏။


"အရသာလည်းမရှိသလို ဈေးကြီးပါတယ်…မဝယ်သင့်ပါဘူး"


သူ၏ ရွှယ်လန် Star ခရီးသွားပါတီမှာ သူမ မပါဝင်ခဲ့တာကြောင့် သူ၏ ရည်းစားစကားပြောမည့် အစီအစဉ်သည် ပျက်ပြားသွားခဲ့သည်။ထို့ကြောင့်ကြယ်ကွန်ရက်မှ တွေ့ကရာလူတစ်ယောက်ကို ဒေါသထွက်ပြီး အပြစ်လာတင်ခြင်းဖြစ်လေသည်။ ပါတီကို မသွားခဲ့၍ သူမ အနေနှင့်တစ်ခါတည်း ငြင်းဆန်ပြီးသား ဖြစ်သော်လည်း ယခုတော့ သူသည် ထိုကိစ္စကို မေ့သွားပြီထင်သည်။


တစ်နည်းဆိုရသော် သူမ ငြင်းဆိုလိုက်ခြင်းကို သူသည် ဂရုမစိုက်ဆိုသည့်သဘောပင်။ သူသည် သူမကို ပထမဆုံးကြိုက်ခဲ့သူဖြစ်သော်လည်း မူလပိုင်ရှင်ကမူ ကြောင်သူတော် ဒုတိယအစ်ကိုကိုသာ သဘောကျသွားခဲ့သည်။


လင်းယောင်ယောင်သည် သူမကို ပေးလာသည့် ထမင်းဘူးများကို ကြည့်ပြီး လက်မခံသလို ငြင်းလည်း မငြင်းမိပေ။“မြေကြီးကို စားရတဲ့ ခံစားချက်” နှင့် နှိုင်းစာလျှင် သူ့ထမင်းဘူးကို ယူလိုက်ရမှာ ပိုကြောက်နေမိသည်။ မငြင်းပြန်လျှင်လည်း သူမကို ဆက်လိုက်ဖို့ အချက်ပြသလိုမျိုး ဖြစ်သွားပေလိမ့်မည်။သို့သော်၊ သူမ လက်မခံလျှင်လည်း သူ့ကို အရှက်ရစေမည်ဖြစ်သည်။အမှန်က ရှောင်ကျန်း သည် မင်းသားတစ်ယောက် ဖြစ်‌ေသာကြောင့် သူ့ကို လူရှေ့သူရှေ့မှာ အရှက်ခွဲလို့မရချေ။


တစ်ဖက်မှ၊ ကျန်းရို့ မျက်လုံးထဲတွင် အရသာရှိသော အစားအစာများသာ စိုးမိုးနေသည်။တစ်ခါတစ်လေလည်း လင်းယောင်ယောင်၏ မျက်နှာဖူးဖူးလေးကို ကြည့်လိုက်သေးသည်။ သူမသည် ထမင်းဘူးများကို စိတ်အားထက်သန်စွာ ကြည့်ပြီး သူငယ်ချင်းဖြစ်သူကို တစ်လှည့်စီ ကြည့်လိုက်သည်။ သူမ မျက်လုံးထဲမှ အဓိပ္ပါယ်က အတော်သိသာလှသည်။ - ငါစားချင်တယ်!


ထမင်းဘူးထဲတွင် စားသောက်ကုန်စက်ရုပ်များမှ ပြုလုပ်သော သာမန်အစားအစာများ ပါရှိသည်။ထိုအရသာက မြေကြီးကိုစားရသည်ထက် ပိုကောင်းမှာသေချာ၏။


လင်းယောင်ယောင် ချီတုံချတုံဖြစ်နေချိန်တွင် ရှောင်ကျန်း သည် သူမ စားချင်စိတ်မရှိနေမှန်း သတိပြုမိလိုက်သည်။ထို့ကြောင့် ထမင်းဘူးများကို သူတို့ဘေးက ကုလားထိုင်ပေါ် တင်ပြီး


"မင်းတို့ စားကြ....ကိုယ်က စားပြီးသွားပြီ...မင်းမလိုချင်ရင်လည်း လွှင့်ပစ်လိုက်ရုံပဲ...အစားကို ဖြုန်းတီးတာ မကောင်းဘူး...ကဲ..ကိုယ်တို့ ဌာနက စခန်းသွင်းလေ့ကျင့်မှု စတော့မယ်...သွားပြီနော်"


ထိုသို့ပြောပြီးနောက် ရှောင်ကျန်း ထွက်သွားသည်။ သူသည် မီတာအနည်းငယ်သာ ပြေးပြီးနောက် လင်းယောင်ယောင် ကို ပြန်ကြည့်လိုက်ရာ အရုပ်ကဲ့သို့ လှပသော သူမကို တွေ့လိုက်ရသည်။ ထို့နောက် ပြုံးစိစိဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။


"ယောင်‌ယောင် မနက်ဖြန်တွေ့မယ်"


ကျန်းရို့ သည် ထမင်းဘူးများကို အမြန်ဖွင့်ပြီးဖြစ်သည်။ ပထမတစ်ခုကို လင်းယောင်ယောင် အား ပေးလိုက်ပြီး ကျန်တစ်ဘူးကို သူမ ယူလိုက်သည်။ ဟင်းလျာတွေက သူမ မျှော်လင့်ထားတာထက် ပိုကောင်းနေသည်။ကန်တင်းရှိ စက်ရုပ်များသည် အကောင်းဆုံး ဟင်းလျာများကို ဖန်တီးနိုင်ပြီး အိုးထဲမှ ချက်ချင်း ထွက်လာသကဲ့သို့ အနည်းငယ် ပူနေသေးသည်။ ထို့နောက် သူမသည် ဟင်းများကို မြည်းကြည့်လိုက်သည်။


"ယောင်‌ယောင် မြန်မြန်စား... မကြာခင် ငါတို့ အလေးတွေမပြီး ပြေးရတော့မှာ"


ညနေကျလျှင် ကီလိုမီတာ 20 ပြေးရမှာ ဖြစ်ပြီး သူမ အစာအိမ်ကို ဒုက္ခမပေးချင်သဖြင့် ထမင်းဘူးကို ယူလိုက်သည်။ထို့နောက် သူမ စိတ်ထဲ တိတ်တိတ်လေး တွေးလိုက်သည်။ ဒီညပြန်သွားလျှင် သူမ အစ်ကိုကြီးအား ယခု ညစာအကြောင်းပြောဖို့ စဉ်းစားမိလိုက်သေးသည်။


ညနေခင်းတွင် အလေးမပြေးခြင်းပြီးဆုံးသောအခါ လင်းယောင်ယောင်သည် ခွေးသေတစ်ကောင်လိုပင် ပင်ပန်းနေရသည်။ သို့သော် သူမသည် မနေ့ညကလို လင်းရွှမ် အပေါ် နာကြည်းသည့် ခံစားချက်မျိုး မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ယခုအချိန်တွင် သူမစိတ်ထဲမှာ စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ သူမ အလေးအိတ်ကို သတ်မှတ်ထားသောနေရာတွင်ထားကာ ပင်ပန်းနွမ်းနယ်နေသောခန္ဓာကိုယ်ကို လင်းရွှမ် ဘက်အား ကိုင်းထားကာ လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီး...ပြန်ကြမလား"


ညပိုင်းစုဝေးပွဲမှာ သူမသည် မိနစ်ဝက်နောက်ကျသည့်အတွက် ဒဏ်ရိုက်ခံခဲ့ရသည်။ သူ့ရှေ့မှ ခြေလှမ်းအနည်းငယ်သာ ရှေ့ပိုရောက်သွားသော ကျန်းရို့ သည် အပြစ်ပေးခံရခြင်း မရှိချေ။ လင်းရွှမ် သည် သူမအား တမင်တကာ အပြစ် ရှာနေခြင်းဖြစ်၍ ယခု သူမ တစ်ယောက်တည်း အလေးမပြေးခြင်းကို လေ့ကျင့်နေရတာပင်ဖြစ်သည်။လက်ထောက်နည်းပြ နှစ်ယောက်တောင် ထွက်သွားပြီးကြလေပြီ။


လင်းရွှမ် သည် သူမကို စိုက်ကြည့်ပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။ယခုတော့ အစ်ကိုကြီးက ကျောင်းသူအိပ်ဆောင်သို့ သူမကို ပြန်မမောင်းထုတ်နိုင်ဘူးဟု ခန့်မှန်းမိသည်။သို့သော်၊ မနေ့ညကလို သူမအား ပြုစုခဲ့တာမျိုးကိုတော့ မျှော်လင့်နေ၍မရချေ။သူမ လင်းရွှမ် လက်ကို အလွန်အရှက်မရှိစွာ ပွေ့ဖက်ထားပြီး ချွဲပျစ်ပျစ်အသံနှင့်...


"အစ်ကိုကြီး..ညီမလေး အရမ်းပင်ပန်းတယ်… ဒီနေ့ စုစုပေါင်း ခံနိုင်ရည်အား ပြန်လည်ကောင်းမွန်စေတဲ့ ‌‌ဆေးငါးလုံးတောင် သောက်ခဲ့ရတယ်...မနေ့ကတောင် လေးလုံးပဲ သောက်ရတာ..."


လင်းရွှမ် သည် သူ့လက်မောင်းမှာ မှီခိုထားသော သူမကို တွန်းထုတ်ချင်သော်လည်း ဝန်လေးနေမိသည်။ လင်းယောင်ယောင် ကမူ သူသည် သူမအားမတွန်းထုတ်တော့သဖြင့် စိတ်ထဲက ကြိတ်ပြီးကျေနပ်နေမိတော့သည်။


"အစ်ကိုကြီး၊ မနက်ခင်းက ကိစ္စကြောင့် ညီမလေးကို စိတ်ဆိုးနေသေးတာလား"


စကားဆုံးဆုံးချင်း သူက လက်ကိုဘေးကိုရုတ်ဖယ်လိုက်‌ေသာကြောင့် မှီထားသော သူမတစ်ကိုယ်လုံး ယိုင်နဲ့သွားရသည်။


"မင်း လူတိုင်းရှေ့မှာ ပြောတုန်းက ဒီလို မဟုတ်ပါဘူး"


သူ့အသံက အေးစက်နေပြီး ဝမ်းနည်းသွားသလိုပင်။ထို့ကြောင့် သူမ ရင်ထဲမှာလည်း ဝမ်းနည်းလာရတော့သည်။


"... လက်တွဲဖော်ဆိုရင် အစ်ကိုကြီးလိုလူကို မကြိုက်ပေမယ့် အစ်ကိုကြီးတစ်ယောက်လိုတော့ ချစ်နေတုန်းပဲ!"


"လွန်ခဲ့တဲ့ နှစ်လလောက်က မိုးပျံကားပေါ်မှာ နောင်တစ်ချိန်ကျရင် အစ်ကိုကြီးလို လူတစ်ယောက်ကိုပဲ ရှာမယ်လို့ ဘယ်သူပြောခဲ့တာလဲ…အရပ်ရှည် ရုပ်ချောပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ရှိတဲ့ သူတစ်ယောက်ဆို...စိတ်ထား ဖြူစင်ပြီး ကြင်နာတတ်တဲ့သူမျိုးဆို"


'အိုး...'


သူမ ကိုယ့်စကားနှင့်ကိုယ် ရှက်ရွံ့သွားရသည်။


"အစ်ကိုကြီးက ဘာလို့ ဒီလောက် မှတ်မိနေတာလဲ"


လင်းရွှမ် : "... ငါက မှတ်ဉာဏ်ကောင်းတယ်လေ...အဲဒါ သဘာဝပဲ"


"အဲ့ဒီ နှစ်ခုက ဆန့်ကျင်ဘက်တွေ မဟုတ်ဘူး...အစ်ကိုကြီးရဲ့ အဲ့ဒီအချက်တွေကို ညီမလေး အရမ်းကြိုက်တယ်... အစ်ကိုကြီးလိုလူကို အစ်ကိုတော်ထားရတာ ညီမလေးအတွက် လုံလောက်နေပြီ...အဲ့ဒီတော့ အစ်ကိုကြီးလို ချစ်သူမျိုး ထပ်မလိုအပ်တော့ဘူး"


လင်းရွှမ် အကြာကြီး တိတ်ဆိတ်သွားပြီး စကားမပြောလာတော့ပေ။လင်းယောင်ယောင် က သူ့အင်္ကျီ လက်ကို ဆွဲကိုင်လိုက်မှ သတိပြန်ဝင်လာပုံရသည်။ထိုအခါ သူမလက်ကိုတွန်းဖယ်လိုက်တာကြောင့် သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။


သူက သူမကို တစ်ကယ်ဒေါသထွက်ပြီး သူမနဲ့ ရင်းနှီးဖို့ကိုတောင် မကြိုးစားချင်တော့တာလား...


သူမတို့ ပထမဆုံးတွေ့ခဲ့သည့် အချိန်ကို ပြန်သွားရသလိုပင်။ အရင်ကလိုမဟုတ်ဘဲ သူ့လက်ကိုတောင် ပြန်ရုတ်နေပြီဖြစ်သည်။ အလွန်ထူးဆန်းပြီး လျစ်လျူရှုခြင်းခံရသော မောင်နှမဆက်ဆံရေးမျိုးကို သူမ ပြန်မသွားချင်ပေ။ သူမသည် စွန့်ပစ်ခံရတော့မည့် တိရိစ္ဆာန်လေးတစ်ကောင်လို အော်ဟစ်ငိုယိုလုနီးပါး ဖြစ်နေပြီး သူ့လက်ကို အတင်းဆွဲထားလိုက်သည်။

"အစ်ကိုကြီး...ညီမလေးကို စိတ်မဆိုးနဲ့ တော့လေ"


လင်းရွှမ် အလွန်စိတ်မကောင်းဖြစ်သွားမိသည်။ သေချာသည်မှာ သူသည် အစ်ကိုကြီး တစ်ယောက်လို သူမအပေါ်ဆက်ဆံပြီး ခပ်ခွာခွာနေရန် သူ့ကိုယ်သူ ကတိပြုထားသည်။သို့သော်လည်း၊ သူမစကားတွေကို နားထောင်ပြီးနောက်တွင် ထိုအတွေးများ မရှိတော့၍ စိတ်ပျက်လက်ပျက် ဖြစ်သွားရပြန်၏။


ဟင်...ငါက သူမအပေါ်ထားတဲ့ ငါသဘောထားကို ပြောင်းလဲပြီး နူးညံ့သိမ်မွေ့အောင် ကြိုးစားသင့်တယ်လို့တောင် စဉ်းစားခဲ့တာလား...


ထိုကလေးမလေးသည် သူ အော်ငေါက်နေကျ စစ်သည်တစ်ယောက်မဟုတ်ပေ။သူမကို ချော့သည့်အနေနှင့် သူမ ခေါင်းလေးကို ခပ်ဖွဖွ ပွတ်သပ်လိုက်ပြီး အေးတိအေးစက် ပြောလိုက်သည်။


"ဘာတွေတွေးနေတာလဲ"


ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူမ ရှေ့တွင် ငုတ်တုတ်ထိုင်လိုက်သည်။


"တက်...ငါမင်းကို ကုန်းပိုးပေးမယ်...မင်း လမ်းလျှောက်တာကလည်း လိပ်ကျနေတာပဲ... ငါတို့ မိုးမလင်းခင် အိပ်ဆောင်ကို ရောက်မှ ဖြစ်မယ်"


မနေ့တုန်းက နှစ်ယောက်သား ပွေ့ဖက်ထားစဉ်က ရင်းနှီးလွန်းသော်လည်း သူမကို လျစ်လျူမရှုနိုင်တာကြောင့် သူ့နောက်ကျောမှာသာ ပိုးလာရမည် ဖြစ်သည်။


လင်းယောင်ယောင် ယခုဖြစ်နေသည့် ခံစားချက်က ရိုလာကိုစတာစီးရသလိုပင်။အမြင့်ပေါ်ကနေ အောက်ကိုဆင်းလာပြီး တစ်ဖန် တိမ်တိုက်တွေဆီ ပျံတက်သွားပြန်၏။ သူမ တခစ်ခစ်ရယ်လိုက်ကာ ချက်ချင်းပင် လင်းရွှမ် ၏ ထူထဲပြီး ခိုင်ခံ့သော နောက်ကျောပေါ်သို့ တက်ပြီး သူမ လက်များကို သူ့လည်ပင်းတွင် တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားလိုက်သည်။


လမ်းတွင် သူမက စကားလိုက်သည်။


"အစ်ကိုကြီး ကုန်းပိုးဖူးတဲ့ ပထမဆုံး မိန်းကလေးက ညီမလေးလား"


လင်းရွှမ် ၏နှလုံးသားထဲတွင်- '...ဟုတ်တယ်'


လင်းယောင်ယောင် - "အိုး…အစ်ကိုကြီး အရင်တစ်ခါ ပွေ့ချီတုန်းကလည်း ညီမလေးက သက်တောင့်သက်သာ မရှိဘူး‌ဖြစ်နေတာ...တစ်ကယ်ပဲ ဘယ်သူ့ကိုမှ မပွေ့ဖူးလို့ကိုး...တခြားသူတွေဆို ကောင်မလေးတွေကို ပွေ့ဖက်ထားရင်လေ မင်းသမီးတွေလိုမျိုးပဲ အရမ်းတော်ကြတာ"


လင်းရွှမ် နှလုံးသားထဲတွင် '...ငါနောက်ဆို ပိုပြီး ကြိုးစားပါ့မယ်'

လင်းယောင်ယောင် -" အနာဂတ် ယောင်းမလေးကတော့ ညီမကို မနာလိုဖြစ်နေမလားတော့ မသိဘူး...ဒါပေမယ့် ညီမလေး ရည်းစားမရခင် အစ်ကိုကြီးလည်း ရည်းစားရှာခွင့်မရှိဘူးလို့ ကတိပေးရမယ် ဟီးဟီး..."


လင်းယောင်ယောင် - "အစ်ကိုကြီး စတိုးဆိုင်က အာဟာရဖြည့်စွက်စာတွေကို အရသာပိုထည့်လို့ရမလား"


ယခုအခါတော့ သူ မြန်မြန်ပြန်ဖြေလိုက်သည်။


“မရဘူး”

"ဪ…မေ့နေတာ၊ ရှောင်ကျန်းက ညစာစားဖို့ လာပေးတယ်...ထမင်းဘူးလေးနဲ့... ညီမလေးလည်း မငြင်းနိုင်ခဲ့ဘူး"


လင်းရွှမ် မျက်မှောင်ကြုတ်လိုက်သည်။


"ရှောင် ပါတဲ့ ကောင်လေးတွေနဲ့ အရောမဝင်ပါနဲ့လို့ မင်းကို ငါပြောခဲ့တယ် မဟုတ်လား...သူက မင်းကို ဘာလို့ ညစာ လာပို့တာလဲ"


"အင်း အဲ့ဒါက..."


ဤမိန်းကလေး တစ်ခုခုကို ဖုံးကွယ်ထားမှန်း သူ အလိုလိုသိနေ၏။


"ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါလား...ဒါမှ ပြစ်ဒဏ်က သက်သာလိမ့်မယ်"


ရှောင်ကျန်း ကို သူမ အရောမဝင်ချင်သော်လည်း သဝန်တိုနေသည့် အစ်ကိုဖြစ်သူအား သူမ စချင်လာတာကြောင့် ပြုံးတုံ့တုံ့လုပ်ကာ ပြောလိုက်သည်။


“သူက ညီမလေးကို တိတ်တိတ်လေး ချစ်နေတာ သုံးနှစ်ရှိပြီ လို့ ပြောတယ်...ဝါး...ဘယ်သူကများ ညီမလေးကို အရမ်းချစ်ဖို့ကောင်းအောင် ဖန်ဆင်းထားပါလိမ့်...ချစ်ဖို့ကောင်းနေမှုကို ဘယ်သူကမှ မတားဆီးနိုင်တော့ဘူး"


လင်းရွှမ် ခြေလှမ်းတွေ ရပ်သွားတာကိုမြင်တော့ ဆရာကြီးလုပ်တော့မည်ဟု တွေးကာ သူမ ဆက်ပြောလိုက်သည်။


"အဟမ်း...ဒါပေမယ့် အစ်ကိုကြီး စိတ်မပူပါနဲ့...ညီမလေး သူ့ကို လုံးဝ မကြိုက်ဘူး..သူက မနက်ဖြန် လာမယ်လို့ ပြောတယ်..အဲ့ဒါကြောင့် ညီမလေးကို ပုံမှန်ညစာလေး ပေးစားလို့မရဘူးလား...ပြီးတော့ ပိုအရသာရှိတဲ့ အာဟာရ ဖျော်ရည်ထုပ် လုပ်ပေးဦး...တော်ကြာ အစားအသောက်ရဲ့ သွေးဆောင်မှုအောက်မှာ ညီမလေး ကျရှုံးတော့မယ်"


လင်းရွှမ် သက်ပြင်းချလိုက်ပြီး သူ့အဆောင်ဆီသို့ ပြန်သွားကာ အိမ်ထဲဝင်လိုက်၍ သူမကို ဆိုဖာပေါ် ပစ်ချပြီး စမ်းသပ်မှုကို စတင်ခဲ့သည်။


"မက်မွန်ပုပ်ပွင့် (ဧကရာဇ် မိသားစုကို ကြည့်မရဖြစ်နေ၍ တင်စားခြင်း)ဘယ်နှစ်ပွင့်ကို သွားစထားပြီးပြီလဲ"


"ညီမလေးက ဒီလောက်လှတာ...ညီမ‌ေလးကို ကြိုက်တဲ့သူတွေကိုလေ ဒီအင်ပါယာတစ်မြို့လုံး ဝိုင်းပြီးတန်းစီထားလို့ရတယ်.."


သို့သော် လင်းရွှမ် ၏ မျက်နှာသည် အိုးဖင်ကဲ့သို့ မည်းမှောင်နေသည်ကို မြင်လိုက်ရသဖြင့် သူ ၏ိတ်ဆိုးနေမှန်း အတပ်သိကာ နောက်ပြောင်ပြောဆို၍ မရမှန်း သူမ သဘောပေါက်လိုက်၏။ထို့ကြောင့် သူမ လေးလေးနက်နက် မျက်နှာထားနှင့် ပြောလိုက်သည်။


"အစ်ကိုကြီးက ညီမလေးကို ဆောင်းဖရဲသီးလို အရပ်ပုပု ရင်မရှိတင်မရှိနဲ့ဆို‌တော့ ရုပ်ဆိုးတယ်လို့ မြင်နေတယ်မလား...တစ်ကယ်တမ်းတော့ မျက်စိကန်းနေသူတွေကသာ ညီမလေးကို မကြိုက်ကြတာ"

သူ မကျေမနပ် စိုက်ကြည့်လာသည်။ သူမသည် အချိန်အတော်ကြာမှ အစွန်းရောက်သူဖြစ်ပြီး၊ ထိုမှော်နံသော မိန်းကလေးသည် သူ့ကိုယ်သူ ဆိုးဆိုးရွားရွား ခဏတာ ပြောဆိုနေခဲ့သည်။


'..ငါ မျက်စိကန်းတာ မဟုတ်ပါဘူး'


သူ စိတ်ထဲကနေ တိတ်တဆိတ် ပြန်ပြောလိုက်သည်။


"ဒါပေမယ့် သူတို့နှစ်ယောက်အပြင်၊ ရှောင်ချီ လို့ခေါ်တဲ့ လူတစ်ယောက်နဲ့ ကြယ်ကွန်ရက် မှာတွေ့ခဲ့တယ်....သူက ညီမလေးရဲ့ ဖြည့်စွက်စာတွေစားချင်တယ်လိိို့ ပြောလာပေမယ့် ညီမ နာမည်အရင်းနဲ့ တစ်ကယ့်ပုံစံကိုတောင် သိတာမဟုတ်ဘူး"


လင်းရွှမ် ၏ မျက်နှာသည် အေးစက်သွားရသည်။ အစားအသောက်လက်ထောက်ကုထုံးပညာရှင်များသည် သူတို့၏ ကိုယ်ပိုင်များရှိသည်။သူကသာ သူမကို အခုမှ သိလိုက်ရတာပင်။




xxxxx

Ei Thet Hmue