အခန်း ၂၄
Viewers 8k

Chapter 24

(အစားအသောက်ကုန်သွယ်မှု)



ထို့ပြင် နောက်ဆုံးရလဒ်က သူတို့စိတ်ကူးထားသည့် အမိုက်စား ဟင်းလျာများနှင့် လုံးဝကို ကွဲပြားသည်။


အရန်အစားအစာများအားလုံး ဤသို့အရသာရှိနေပါက ဆေး၏အာနိသင်ရနေလျှင် တစ်နေ့လုံးဆေးသောက်ပြီး ဘေးထွက်ဆိုးကျိုးများကို မည်သူက သည်းခံတော့မည်နည်း။


လင်းယောင်ယောင်က တောရိုင်းအသီးအနှံများ၊ တောဟင်းရွက်သုပ် နှင့် ကြက်ဥပြုတ်များကို စားသင့်သည်ဟု ပြောခဲ့သည်ကို သူတို့နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့ပြီး သူမ မတတ်သာသော်လည်း အဖိုးအခတော့ယူမှရမည်။


လင်းယောင်ယောင်မှာ အစားအသောက်အကူကုထုံးပညာရှင်တစ်ဦးဖြစ်သော်လည်း တစ်နေ့တာလုံး အစားအသောက်ချက်ပြုတ်ရန် အလုပ်များနေရန် မဖြစ်နိုင်ပေ။အားလပ်ချိန်တွင် စိတ်စွမ်းအား တင်းမာမှုများ၏ အဆုံးကို ချွန်ထက်သော ပုံစံအဖြစ် ပြောင်းလဲကာ မမြင်နိုင်သော နေရာများကို ရှာဖွေရန် စတင်ခဲ့သည်။


မြင့်မားသော စိတ်စွမ်းအားကြောင့် လင်းယောင်ယောင်က သူမ၏ စိတ်စွမ်းအား တင်းမာမှုများ ကျယ်ပြန့်လာပြီး တောရိုင်းပါဝင်ပစ္စည်းများ၏ တည်နေရာကို ရှာဖွေနိုင်ကြောင်း တွေ့ရှိခဲ့သည်။


တိုက်ပွဲဝင်သူများအကြား စိတ်ပိုင်းဆိုင်ရာ အဖုအထစ်များ နီးကပ်လာလျှင် အချင်းချင်း၏ ဖြစ်တည်မှုကို သိရှိနိုင်သည်။ လင်းယောင်ယောင် သူမ၏ အသင်းဖော်များ ရှာဖွေတွေ့ရှိသွားမည်ကို ကြောက်ရွံ့နေ‌ေပသည်။ ထို့ကြောင့် သူမ အလွန်သတိထားနေသည်။ ကြိုးစားမှုအချို့ အောင်မြင်ပြီးနောက်တွင် သူမ၏အစွမ်းအစများကို ပေါ့ပေါ့ဆဆ အသုံးမပြုခဲ့ပေ။


သို့သော် နောက်ဆုံးတွင် သူမမှာ တိုက်ခိုက်ရေးသမားနဲ့ အရန်ကုထုံးပညာရှင် နှစ်ခုစလုံးရဲ့ အရည်အချင်းတွေ ရှိပုံရသည်မှာ သေချာသွားသည်။


သူမက ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ထိန်းမထားနိုင်သော်လည်း အနည်းဆုံး အမှောင်ထဲတွင် ဝှက်ထားသော အန္တရာယ်များကို ရှာဖွေဖော်ထုတ်ရန် တတိယလူ၏ ရှုထောင့်အဖြစ် စိတ်ပိုင်းဆိုင်ရာ တင်းမာမှုကို အသုံးပြုနိုင်သည်။ အရေးကြီးသောအခိုက်အတန့်အတွက် မိမိကိုယ်ကို ကာကွယ်မှုနည်းလမ်းအချို့ဖြစ်စေလိမ့်မည်။


တောရိုင်းထဲတွင်ရှင်သန်ခြင်းသုံးရက်မြောက်နေ့ ကျော်လာပြီ လင်းယောင်ယောင် ရပ်တန့်ဖို့နှင့် ဖြည်းဖြည်းချင်းချက်ပြုတ်ရန် အချိန်များစွာ မရှိတော့ပေ။


အသင်းတိုင်းအတွက် အမှတ်ကတ်များရရှိရန် အဓိကနည်းလမ်းမှာ အပြောင်းအလဲကြီးတစ်ခုဖြစ်သည်။ အလွယ်တကူရနိုင်သော အခြေခံအမှတ်စာရင်းများက ပျောက်ကွယ်သွားပြီး ကျန်သည်မှာ ပို၍အန္တရာယ်များလာသည်။ အမှတ်များရရန် အချိန်မရွေးအလစ်သုတ်တိုက်နိုင်ဖို့ အခြားအသင်းများနှင့် အပေးအယူရှိရန်လဲလိုအပ်သည်။သူတို့လောက် အားမကောင်းသော အသင်းများနှင့် ကြုံတွေ့ရလျှင် တိုက်စစ်ဆင်ပြီး အမှတ်ပေးကတ်တွေကို ပြတ်ပြတ်သားသား ဖမ်းဆုပ်တတ်ဖို့ လိုအပ်သည်။


လင်းယောင်ယောင် က အဓိက အစားအစာအဖြစ် တောရိုင်းကောက်ညှင်းပေါင်းအိုးကြီးကို ချက်ပြုတ်ပြီး ငါးဆုပ်လုံး၊ အတောင်ပံကြော်၊ ငါးခြောက်ကြော်နှင့် ကြိုတင်သိမ်းဆည်းထားနိုင်သော အခြားအစားအစာများကို ပြုလုပ်ခဲ့သည်။စားသောက်ချိန်ရောက်လျှင် သခွားသီးအနည်းငယ်ကို သန့်စင်ပြီး ပဲငံပြာရည်၊ ရှာလကာရည်၊ ဆား၊ သကြား၊ ငရုတ်သီးနဲ့ ကြက်သွန်ဖြူတို့ ထည့်လိုက်လျှင် လန်းဆန်းပြီး အရသာရှိစေမှာဖြစ်သည်။


ဤဟင်းပွဲ၏ ရိုးရှင်းမှု မည်သို့ရှိစေကာမူ သူမက သခွားသီးနှင့် ငရုတ်သီးတို့ကို စိတ်ပိုင်းဆိုင်ရာဖြင့် စနစ်တကျဆောင်ရွက်ပေးခဲ့သည်။ ထို့ကြောင့် အရန်ကုသမှုအကျိုးသက်ရောက်မှုသည် အလွန်ကောင်းမွန်သည်။


ယေဘူယျအားဖြင့် တိုက်ပွဲတစ်ခုအတွင်း တိုက်ခိုက်သူများကြား ပုံသေမှာပြိုင်ဘက်၏အရန်ကုထုံးကို ဦးစွာတိုက်ခိုက်ရမည်ဖြစ်ပြီး ဗီဒီယိုဂိမ်းများတွင် အုပ်စုလိုက်တိုက်ခိုက်သောအခါ ပြိုင်ဘက်၏ကုသပေးသူကို ဦးစွာဖျက်စီးခြင်းနှင့် အတူတူပင်ဖြစ်သည်။


မည်သို့ပင်ဆိုစေ ကျောင်းသားအသစ်များအတွက် အရန်ကုထုံးမှာ အယောင်အဆောင်တစ်ခုသာဖြစ်သည်။ဤသည်မှာ ပြိုင်ပွဲတစ်ခုသာဖြစ်ပြီး လူတိုင်းက အတန်းဖော်များဖြစ်ကြသည်။အများအားဖြင့် အကူအညီမဲ့နေသော အခြားအဖွဲ့၏ အရန်ကုထုံးများကို အမှန်တကယ် တိုက်ခိုက်ရန် မဖြစ်နိုင်လှပေ။

ရလဒ်အနေနှင့် ဤအခြေအနေသည် အင်မတန်မှ ရှက်စရာကောင်းသော အခြေအနေကို ဖန်တီးလိုက်ခြင်းပင်။


စစ်မြေပြင်တွင် တိုက်ပွဲဝင်သူ အများအပြား ပြင်းထန်စွာ တိုက်ခိုက်နေကြသော်လည်း အရန်ကုထုံးသမားများက နောက်တွင် ကျန်ရစ်ကာ စုရုံးနေကြသည်။ နှစ်ရက်တာ စခန်းချခြင်း အတွေ့အကြုံအကြောင်း အပြည့်အ၀ စကားစမြည်ပြောဆိုနေကြသည်။


ဥပမာ လင်းယောင်ယောင်အဖွဲ့သည် ကျန်းရို့အဖွဲ့ထဲသို့ ပြေးဝင်သွားခဲ့သည်။


တိုက်ပွဲဝင်ခြောက်ယောက်က ဘာဆိုဘာမှ မတတ်နိုင်ခင်မှာဘဲ ကျန်းရို့ က လင်းယောင်ယောင်အား သူမရဲ့ ဆွေမျိုးသားချင်းတွေကို မြင်လိုက်ရသကဲ့သို့ ခြေထောက်တိုလေးတွေနဲ့ ပြေးလာခဲ့သည်။


"ယောင်ယောင် ယောင်ယောင် နင့်ကိုအရမ်းလွမ်းနေတာ ပြီးခဲ့တဲ့ နှစ်ရက်က ငါ့ဘဝ ဘယ်လောက်ဆိုးလဲ နင်မသိဘူး အစားအသောက်လုပ်တာ တစ်ခါမအောင်မြင်လို့ဝမ်းကွဲက အချိန်ကုန်ခံပြီးဘာအစားအသောက်မှ ချက်ဖို့ခွင့်မပြုတော့ဘူးတဲ့ တောရိုင်း အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် အစိမ်းတွေကိုပဲ နေ့တိုင်းစားနေရတယ် ကြက်ဥပြုတ်စားရရင်ပဲ အကောင်းဆုံးပေါ့"


ကလေးမလေးက အနည်းငယ်ပိန်သွားသည်။ ရိက္ခာသိုလှောင်ရန် နေရာနှင့် အမှတ်စာရင်း ခလုတ်က ဝေ့ယွမ်တွင် ရှိနေသောကြောင့် မဟုတ်လျှင် လင်းယောင်ယောင် က သနားစရာကျန်းရို့လေးကို ကျွေးရန် အစားအစာကို ထုတ်ယူပေးလိမ့်မိမည်ဖြစ်သည်။


တိုက်ပွဲဝင်သူများသည် ကိုယ်လုံးကိုယ်ပေါက် ကောင်းမွန်ပြီး နားလည်း ကောင်းသည်။ ကျန်းရို့ ၏ဝမ်းကွဲဖြစ်သူ ကျန်းချမ်း က မတတ်သာပဲ ကျယ်လောင်စွာ...


"ကြက်ဥတစ်လုံးပဲရှိတာ ငါနင့်ကို အကုန်ပေးလိုက်ပြီလေ ဘာလိုချင်သေးလို့လဲ နင်လုပ်ထားတဲ့အရာတွေက အရသာမှမကောင်းတာ ငါက နင့်အစ်ကိုဖြစ်နေလို့ပဲ ခေါင်းခံရမှာပေါ့"


တစ်ဖက်ရဲဘော် အလွန်စိတ်မကောင်းဖြစ်နေသည်ကို ကြားရ‌ေသာအခါ ချောင်းမင်ယောင် မရယ်မောဘဲ မနေနိုင်တော့ပေ။


ေ၀့ယွမ် အဖွဲ့မှာ အလွန်အားကောင်းသော်လည်း ကျန်းရို့၏ဝမ်းကွဲအဖွဲ့အင်အားမှာလဲ မဆိုးပေ။သူတို့ အမှတ်စာရင်းတစ်စိတ်တစ်ပိုင်းကို ရယူနိုင်သော်လည်း ဆိုးဆိုးရွားရွားမတိုက်ခိုက်ဘဲ အမှတ်စာရင်းအားလုံးကို မရယူနိုင်‌ေပ။


ေ၀့ယွမ် ဟာ အမြဲတမ်း လူကောင်းတစ်ယောက်ဖြစ်သောကြောင့် ရိုးရိုးရှင်းရှင်းဖြင့်


"လက်ထောက်ကုထုံးကောင်မလေးနှစ်ယောက်က သူငယ်ချင်းဖြစ်နေတာကြောင့် ဒီလို လုပ်ကြရအောင် မင်း ငါတို့ကို ၁၀ မှတ် ပေးရင် မင်းတို့ကိုမတိုက်ခိုက်တော့ဘူး မပင်ပန်းတော့ဘူးပေါ့ ငါတို့ တခြားအခွင့်အရေးတွေကိုလဲ ရှာလို့ရပါတယ်..."


ကျန်းချမ် က ဖြောင့်မတ်သောယောက်ျားတစ်ယောက်ဖြစ်သည်။ ခွန်အားနှင့် ပတ်သက်လာလျှင် အခြားပါတီက မခံမရပ်နိုင်ဖြစ်ကြောင်းကိုလည်း အသိအမှတ်ပြုသည်။ေ၀့ယွမ် ပြောသည်မှာ ကောင်းသောသဘောတူညီမှုဖြစ်လိမ့်မည် ခံစားမိ၍ တိုက်ခိုက်ခြင်းရပ်လိုက်ပြီး သူတို့ကို ၁၀ မှတ် ပေးလိုက်သည်။


ဝမ်းကွဲညီမက လှပတဲ့မိန်းကလေးအနားခွာဖို့ တွန့်ဆုတ်နေသေးတာကိုမြင်တော့ ကျန်းချမ်း က စိတ်မရှည်စွာဖြင့်...


"မလွှတ်နိုင်ဘူးလား မင်းမသွားသေးဘူးဆိုရင် ငါမင်းကို မလိုတော့ဘူးနော်..."


ကျန်းရို့ က "ကြည့်စမ်း ယောင်ယောင် ပုံမာန်မောင်နှမတွေက ဒီပုံစံပဲ သူတို့က ညီအကိုမောင်နှမတွေအားလုံးကိုဆို ရေနံပုလင်းတွေနဲ့ အကြွေးကောက်တဲ့သူတွေလို့ ထင်နေကြတာ နင့်ရဲ့အစ်ကိုကြီးလိုမျိုးက ရှာရခက်တယ်..."


ယှဥ်ကြည့်လိုက်လျှင် ဤဝမ်းကွဲတော်ဟာ တကယ်ကောင်းကြောင်း လင်းယောင်ယောင် တွေ့ရ‌ေပသည်။ ထွက်သွားတော့မည့် ကျန်းရို့ ကို သူမ မတတ်နိုင်ဘဲ လွှတ်လိုက်ပြီး ဝေ့ယွမ်နှင့် စကားပြောရန် လမ်းလျှောက်လာလိုက်သည်။


နောက်အခိုက်အတန့်တွင် လင်းယောင်ယောင် က ပြောင်းဖူးပြုတ်လေးခုကို ပါးလွှာသောအရွက်ဖြင့် ကိုင်ဆောင်လာကာ ကျန်းရို့၏လက်ထဲသို့ ထည့်လိုက်သည်။


ကျန်းရို့က ဤအပင်ကို မသိသောကြောင့် လင်းယောင်ယောင် ရိုးရိုးရှင်းရှင်းပြောလိုက်သည်။


. "စားလို့ရပါတယ်"


ကျန်းရို့ ယခင်က လင်းယောင်ယောင် လုပ်ဖူးသော အစားအစာကို သတိရသွားပြီး မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။


လင်းယောင်ယောင် က..."ဒါက ပြုပြင်မွမ်းမံမှုမရှိတဲ့ ရိုးရိုးပြောင်းဖူးပြုတ်ပါ အရမ်းကြီး မျှော်လင့်မနေနဲ့"


အစားအသောက်နဲ့ ပတ်သက်လာလျှင် လင်းယောင်ယောင် တခြားသူတွေကို သိပ်မရက်ရောချင်ပေ။ အသား သို့မဟုတ် ဘာမှမရှိသောကြောင့် အဆိုပါ တိရိစ္ဆာန်များကို အမဲလိုက်ရန်အတွက် တိုက်ခိုက်ရေးသမား သုံးဦးက အပြင်းအထန် ကြိုးပမ်းခဲ့ကြရသည်။သို့သော်ဤပြောင်းဖူးတွေက ကိုယ်တိုင်လက်နှင့်ခူးဆွတ်ချက်ပြုတ်ထားသောကြောင့် သူမမှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်အားလုံးရှိသည်။ထို့အပြင် ပြိုင်ဘက်၏ တိုက်ခိုက်ရေးစွမ်းအားကို အလွန်အမင်း တိုးမြှင့်စေမည်မဟုတ်ပေ။


ကျန်းရို့က သူ့ဝမ်းကွဲကို လက်ထဲတွင် ပြောင်းဖူးကိုင်ထားပြီး တီးတိုးပြောသည် ။


တစ်မိနစ်အကြာတွင် ကျန်းချမ်း က ပြောင်းဖူးအဖူးကို ဖြတ်ကာ ကိုက်လိုက်သည်။


ဤသည်မှာ သုံးရက်အတွင်း သာမာန်အရသာဖြင့် ချက်ပြုတ်ထားသော အစားအစာကို ပထမဆုံးအကြိမ် စားခြင်းပင်။ကြမ်းတမ်းတဲ့လူကြီးသုံးယောက်ဟာ အလွန်စိတ်လှုပ်ရှားဖြစ်ကာ ငိုချင်လုနီးပါးပင်ဖြစ်‌ေနသည်။


ထို့နောက် ကျန်းချမ်း က ကွက်လပ်ခလုတ်မှ ၁၀ မှတ် ကို တိုက်ရိုက်ထုတ်ကာ လင်းယောင်ယောင် ထံသို့ အမြန်လျှောက်သွားခဲ့သည်။


"ဒီအစားအစာ ရှိသေးလား မင်းနဲ့ နည်းနည်း အရောင်းအ၀ယ်လုပ်ဖို့ အမှတ်စာရင်းတွေ သုံးလို့ရမလား..."


ေ၀့ယွမ် ချောင်းမင်ယောင် နှင့် ယဲ့ရှီတို့က အလွန်အံ့အားသင့်သွားကြသည်။ ဤမျှ အမြတ်အစွန်း ရလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ စောစောက ဖြတ်သွားခဲ့သောတောရိုင်းစပါးခင်းက ပြောင်းဖူးတွေနဲ့ ပြည့်နေတယ်ဆိုတာ မသိဘူးလား...


လင်းယောင်ယောင်က အခြားအဖွဲ့နဲ့ ရှားရှားပါးပါးအမှတ်စာရင်းအတွက် ရောင်းဝယ်ဖောက်ကားရန် နေရာတိုင်းပေါက်နေသော တောရိုင်းပြောင်းကို အသုံးပြုခြင်းမှာ အနည်းငယ် မကြင်နာပုံပေါ်သော်လည်း သူမ ခွင့်ပြုချက်မရှိဘဲ ဆုံးဖြတ်ချက်မချနိုင်ပေ။ ဝေ့ယွမ်ကို ကြည့်လိုက်ပြီး သူ့အမြင်ကို တိုင်ပင်လိုက်သည်။


တခြားသူဖြစ်နေလျှင် ေ၀့ယွမ် က သူတို့ကို အမှတ်စာရင်းတွေ ပိုထုတ်စေလိမ့်မည်။သို့သော် လင်းယောင်ယောင်၏ မျှော်လင့်နေသော မျက်လုံးတွေကို မြင်လိုက်ရပြီး သူ့စိတ်ထဲ အားနည်းလာမိသည်။ဘာကြောင့်မှန်း မသိ လင်းယောင်ယောင် သူ့အပေါ် ဆိုးဆိုးရွားရွား ခံစားရမည်ကို မလိုလားချေ။


သူက ပြုံး၍ပြောလိုက်သည်... "ငါတို့မှာ ပြောင်းဖူးတွေ အများကြီးရှိပါသေးတယ် မင်းကြိုက်ရင် နည်းနည်းလောက် ပေးလို့ရတယ်အမှတ်စာရင်းပေးဖို့ မလိုပါဘူး..."


ဝေ့ယွမ်က တွက်ချက်တတ်သော်လည်း ခင်မင်ရင်းနှီးမှုမှာ အရေးမပါကြောင်းသူ မတွေးဟု ရုတ်တရက် လင်းယောင်ယောင် သိလိုက်ရသည်။ သူမက ပြောင်းဖူးပေါက်သည့် ဧရိယာအကြောင်း ကျန်းရို့ အား တိုးတိုးလေးပြောပြကာ တိုက်ရိုက်ပြုတ်ရန် လိုအပ်ပြီး အရသာလည်း မဆိုးပေ။


ကျန်းချမ်း ကလဲ လူကောင်းယောင်ဆောင်သူတစ်ယောက်မဟုတ်ပေ။ အချက်အလက်တစ်ခုနှင့်တစ်ခု ရောင်းဝယ်ဖောက်ကားသင့်သည်။ သူကကြားမိထားသောသတင်းတစ်ခုအားတိုက်ရိုက်ပြောပြလိုက်သည်။


“အက်ဖ်၁၃ ဧရိယာထဲက လေးနာရီမှာ အနည်းဆုံး အမှတ်သုံးရာအထိ ပေါင်းထည့်ထားတဲ့ အမှတ်ကတ်အများအပြားရှိတယ် ဒါပေမယ့် အဲဒီနေရာက မတ်စောက်တယ် အရမ်းကျဉ်းပြီး ချောက်ကြီးတစ်ခုဖြစ်နေတယ် အပေါ်ပိုင်းက အရှိန်တင်ကား၀င်ရုံလောက်ပဲ ဆံ့တာ အောက်ခြေအပိုင်းကို မသိပေမယ့် အန္တရာယ်များလောက်တယ် ငါတို့က အင်းအားမတောင့်တင်းဘူးဆိုတာ၀န်ခံတယ် ချောက်ထဲကိုလဲမဆင်းရဲကြဘူး ဒီသတင်းကမင်းတို့ကိုပဲပြောပြတာပါ ဘယ်သူ့ကိုမှ မပြောခဲ့ဘူး အဲဒီကို သွားချင်လား မသွားဘူးလား မင်းတို့ကိုယ်တိုင် ဆုံးဖြတ်ကြပေါ့..."


ချောက်ကြီးအောက်တွင် အမှတ်များသော ကတ်များစွာရှိသည်၊ ဆိုလိုသည်မှာ အန္တရာယ်က မြေပြင်တွင်သာမက ပုံမှန်မဟုတ်သော သားရဲများပါရှိနိုင်သည်။စွမ်းရည်ရှိသော လူကောင်ကြီးများသာလျှင် ၅ မှတ်ထက် ကျော်လွန်သော ရမှတ်များ ရနိုင်လိမ့်သည်။


ေ၀့ယွမ် ဦးဆောင်သောအဖွဲ့က ယခုအချိန်အမှတ်အရ ဒုတိယနေရာတွင်ရှိနေပြီး ပထမနှစ်ရက်မှာ အချိန်ပေးရသော အစားအသောက်ရှာဖွေရေး ရပ်ထားသောကြောင့်ဖြစ်နိုင်သည်။ သူတို့ တည်ရှိရာ သစ်တော ဧရိယာမှာလည်း လူအများဆုံး ရှိနေသည်။ဘုန်းကြီးတွေ များလာလျှင် ယာဂုနည်းသွားသည် ဆိုသောစကားကဲ့သို့ပင်။


အခြေခံအားဖြင့် သူတို့က အားနည်းသောအင်အားဖြင့်သာ အသင်းကို လုယက်ခဲ့သည်။ သို့သော် အခြားအုပ်စုအားဒေါသဖြစ်စေပြီး သို့မဟုတ် ပြိုင်ဘက်များကို စည်းလုံးစေပြီး ဆန့်ကျင်လာမည်ကို ကြောက်ရွံ့သောကြောင့် ေ၀့ယွမ် က အခြားသူများ၏ အမှတ်စာရင်းများထဲမှ အစိတ်အပိုင်းတစ်ခုကိုသာ လျောက်ပတ်စွာ အသုံးချခဲ့သည်။


ရှောင်ကျန်းအဖွဲ့မှာ ရေခဲမြစ်ဧရိယာတွင် ပြုတ်ကျခဲ့ပြီး ပထမအဆင့်တွင်ရှိသည်။ကိုယ်ပိုင်အစွမ်းသတ္တိကြောင့် သို့မဟုတ် မင်းသားတစ်ဉီးအနေနှင့် လူတိုင်းက အနည်းငယ်ချစ်ခင်ကြတာ ဖြစ်ကောင်းဖြစ်နိုင်သည်။သို့မဟုတ် ထိုအရပ်၌ အင်အားကြီးမားသောပြိုင်ဘက်များမရှိခြင်းကြောင့်လဲ ဖြစ်နိုင်သည်။ အတိုချုပ်ပြောရလျှင် ရှောင်ကျန်းအသင်းရမှတ်က သူတို့ထက် ၁၃၅မှတ်ပိုများနေသည်။


တတိယအဆင့်အသင်းမှာ မြက်ခင်းပြင်ဧရိယာတွင် တည်ရှိသည်။သူတို့၏ ခွန်အားကို အလယ်အလတ်မြင့်သည်ဟုသာ မှတ်ယူနိုင်သော်လည်း စုချင်းဟယ်ဟုခေါ်သော ဆေး၀ါး အရန်ကုထုံးဌာနတွင် ပထမဆုံးအရည်အချင်းရှိသူရှိကြောင်း ကြားသိရသည်။မြက်ခင်းပြင်တစ်ခုလုံးအား သူမ၏ဆေးများဖြင့် လွှမ်းမိုးထားကာ အမှတ်မှာ သူတို့နှင့် နီးစပ်နေပြီး လိုက်မှီရန် အမှတ်၂၀ သာ လိုတော့သည်။


သူတို့တွင် နေ့တစ်ဝက်သာ ကျန်တော့သည်။ ဂိမ်းက အဆုံးသတ်တော့မည်။


သူတို့တိုက်ခိုက်ရေးတပ်ခွဲသုံးခုသာရှိခဲ့လျှင် ဝေ့ယွမ် မဆိုင်းမတွ သွားမှာ သေချာသည်။ဘယ်လိုစွန့်စားမှုမျိုး သူတို့မလုပ်ဖူးကြလို့လဲ...ယခင်က လူထုခေါင်းဆောင် မစ်ရှင်များ လုပ်သောအခါ၊ သူတို့က ပိုအန္တရာယ်များသော နေရာတွေကို ရောက်ဖူးကြသည်။


သို့သော် ယခုမှာ မတူ...သူတို့တွင် D+ ကိုယ်လုံးကိုယ်ပေါက်သာ ရှိသည့် လင်းယောင်ယောင် ပါနေသည်။


ချောင်းမင်ယောင် က စိတ်မရှည်... "ဒီတိုင်းလျှောက်ပတ်သွားတာပဲ ဘာကိုကြောက်နေမှာလဲ...ဒီကောင်မလေးကိုကြည့်ဖို့ တစ်ယောက်ယောက်ချန်ထားပေးခဲ့တာက ကိစ္စကြီးမှမဟုတ်တာ သူ မတော်တဆဖြစ်လို့မရဘူးလေ မဟုတ်ရင် သူ့အစ်ကိုက ငါ့ကို ဆွဲဆုတ်လိမ့်မယ်..."


ယဲ့ရှီက... "ယောင်ယောင် က ဒီတိုင်းနေလဲရတယ် အရှိန်တင်ကားပေါ်မှာ သခွားသီးတွေပုံသွင်းသလိုမျိုး ရိုးရှင်းတဲ့ ဖြည့်စွက်စာတွေကို လုပ်လို့ရတယ်လေ သူက ငါတို့အတွက် အတိုက်အခံမဟုတ်ပဲ အကူအညီဖြစ်စေမှာပါ..."


ဤစစ်လေ့ကျင့်ရေးက သူရဲကောင်း စုချင်းဟယ် ၏မူရင်းဝတ္ထုတွင် လင်းလက်နေသည့်နေရာဟု လင်းယောင်ယောင်အမှတ်ရလိုက်သည်။စုချင်းဟယ်မှပြုလုပ်သော အရန်ဆေးကို အားကိုးပြီး သူမအဖွဲ့က နောက်မှလာကာ တည်ငြိမ်စွာ ပထမနေရာကို ရယူခဲ့သည်။


သို့သော်လည်း ယခု သူမ ဖြည့်စွက်စာများကိုလည်း ပြုလုပ်နိုင်နေပြီဖြစ်သည်။ ပိုအရေးကြီးတာက တိုက်ပွဲဝင်သုံးယောက်ဖြစ်သော ေ၀့ယွမ် နှင့် တခြားသူတွေသည် အလွန်အားကောင်းနေပြီဖြစ်သည်။အကယ်၍ ပထမနေရာကို မရခဲ့ပါက ဆုလာဘ်များသာမက မက်ချာဌာနနှင့် တိုက်ပွဲကွပ်ကဲမှုဌာနတွင် ပထမဆုံးအဖြစ် သူတို့၏ ဂုဏ်သတင်းလည်း ဆုံးရှုံးရလိမ့်မည်။


လင်းယောင်ယောင် က သူမကိုဒုက္ခဖြစ်စေမယ့် စုချင်းဟယ်နှင့် ယောက်ျားတစ်ယောက်ကို လုယက်နေမည် မဟုတ်၊သို့သော်လဲ စုချင်းဟယ်အား ဆုံးရှုံးလိုသည်ဟု မဆိုလိုပေ။ အစားအသောက်အကူကုထုံးပညာရှင်၏ အခန်းကဏ္ဍက ဆေး၀ါးလက်ထောက်ကုထုံးထက် မဆိုးကြောင်းကိုလည်း သူမ သက်သေပြလို‌သည်။


လင်းယောင်ယောင်က မျက်ခုံးပင့်လိုက်ပြီး... "ဘာကို ချီတုံချတုံ ဖြစ်နေကြသေးတာလဲ သွားရအောင် ဒီမိန်းမရဲ့ လက်သီးနဲ့ ကန်ချက်တွေ ပြရမယ့် အချိန်ရောက်ပြီ နင်တို့ကို ပျံသန်းဖို့ခေါ်သွားပြတာပေါ့..."


သူမက ၀င့်ကြွားစွာပြောလိုက်သော်လည်း လင်းယောင်ယောင် ပါဝင်ပစ္စည်းများကို ချက်ပြုတ်ရာတွင် လက်ဗလာဖြင့် တောက်လျှောက်သွားရမည်ကို သတိရမိသည်။ ငရုတ်သီးကို ညှစ်ပြီး သခွားသီးကို ဖိ.. သူမ မတော်တဆ ကျရှုံးသွားလျှင် အသီးက ကွဲထွက်ပြီး အရည်တွေ ထွက်လာလိမ့်မည်။


ချောင်းမင်ယောင် တည့်တည့်မကြည့်နိုင်တော့ဘဲ သူ့မျက်နှာက ထူးဆန်းနေသည်။

"တရုတ်နိုင်ငံ ရှေးမြေကြီးခေတ်တုန်းက သခွားသီးမှာ တူညီတဲ့အသုံးအနှုန်းတစ်ခုရှိတယ်လို့ ကြားဖူးတယ်... အတန်းဖော် ယောင်ယောင် မနေ့က ငါပြောခဲ့တဲ့စကားတွေကို ပြန်ရုတ်သိမ်းတယ် နင့်ကိုလက်မထပ်တော့ဖို့ ဆုံးဖြတ်လိုက်ပြီ ရင်သားကြီးပြီး ခြေထောက်ရှည်ရှည်ရှိတဲ့ညီမလေးက ငါ့ရဲ့အချစ်စစ်လို့ပဲ ထင်တယ်..."


ဝေ့ယွမ်က သူ့နဖူးကို ပုတ်လိုက်သည်... "ယောင်ယောင်လေးကို လက်ထပ်ဖို့ တကယ်စဉ်းစားနေတာလား...ဘာတွေတွေးနေတာလဲ..."


ချောင်းမင်ယောင်က ဝမ်းနည်းစွာဖြင့်..."အစ်ကိုကြီး မင်းက ငါ့အစ်ကိုလား သူ့အစ်ကိုလား..."


ချောင်းမင်ယောင်၏မိခင် ေ၀့ယမ် က ေ၀့ယွမ်ဖခင် ေ၀့ဟမ်၏ ညီမဖြစ်သည်။ချောင်းမင်ယောင်က ေ၀့ယွမ်၏ဝမ်းကွဲညီဖြစ်သော်လည်း အသက်တူသောကြောင့် ချောင်းမင်ယောင်ကအများအားဖြင့် သူ့အား အစ်ကိုဟုခေါ်ဆိုခြင်းကို မကြိုက်ပေ။အားယွမ်ဟုသာခေါ်လေ့ရှိသည်။


ချောင်းမင်ယောင် အတွက် အစ်ကိုဟာ မနှစ်မြို့ဖွယ်ကောင်းသော သတ္တဝါဖြစ်သည်။ ငယ်ငယ်လေးကတည်းက သူ့မိသားစုက သူ့ကို လက်ညှိုးထိုးပြီး...


"အို မင်းရဲ့အစ်ကိုကြီးကို ကြည့်စမ်း ချောင်းငယ်လေးက လိုက်မှီဖို့ ကြိုးကြိုးစားစား လုပ်ရဦးမှာပဲ..."


ဤသည်မှာ သူ့ကလေးဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ အရိပ်အယောင်တစ်ခုပင်။ေ၀့ယွမ်က ချောင်းမင်ယောင်အား ရွံရှာစွာ တစ်ချက်ကြည့်လိုက်ပြီး သူ့ဘာသာသူနေပါစေ။


မိန်းကလေးလည်းဖြစ်သည့် ယဲ့ရှီက ဤမကြား၀ံ့မနာသာမြင်ကွင်းအတွက် ဘာမျှမဖြစ်၊သူမက ပြုံး၍...


"ယောင်ယောင် ငါလဲပြီးခဲ့တဲ့ သုံးရက်က ပြောခဲ့တဲ့စကားတွေကို ပြန်ရုတ်သိမ်းတယ် သုံးရက်လောက်ကြာရင် နင်ငါ့ကိုချစ်မိသွားမှာ မဟုတ်တော့ပဲ ငါကပဲနင့်ကို မတတ်နိုင်ဘဲချစ်မိသွားလိမ့်မယ်..."


လင်းယောင်ယောင်က စိတ်မရှည်စွာဖြင့်...


" နင်အဲ့လိုပူညံနေရင် ဒီငရုတ်ကောင်း အရည် သခွားသီး လုပ်ပစ်လိုက်မယ် စမ်းကြည့်ချင်လား..."


ဤနာမည်က ကြားရတာ အလွန်သွေးထွက်စရာကောင်းနေသည်။


အရန်ကုထုံးအကျိုးသက်ရောက်မှုက သေချာပေါက် အလွန်ကောင်းမည်ဖြစ်သော်လည်း အရသာကတော့ စိတ်ကူးယဥ်ကြည့်၍ပင်မရပေ...


သုံးယောက်သား ရုတ်တရတ် တိတ်ဆိတ်သွားသည်။





Xxxxxx

Ei Thet Hmue