အခန်း ၂၃
Viewers 8k

Chapter 23



ချောင်းမင်ယောင် က ပါးစပ်ကို သုတ်လိုက်ပြီး လင်းယောင်ယောင် ရှေ့ ထိုင်ချလိုက်ကာ...


"ဒါနဲ့... ငါ့အမေနဲ့ နင့်အမေက ငါတို့နှစ်ယောက် တော်တော်သင့်တော်တယ်လို့ထင်နေကြတယ် နင်ရောဘယ်လိုထင်လဲ..နင့်ရဲ့ ဟင်းချက်တတ်တဲ့ အပိုအမှတ်ကြောင့် ငါ့အတွက် ဒီလိုအစားအစာမျိုး နေ့တိုင်းချက်ကျွေးနေသရွေ့ နင့်ကို အလားအလာရှိတဲ့ အိမ်ထောင်ဖက်တစ်ယောက်အဖြစ် အယောင်အဆောင်လိုတောင် မှတ်ယူလို့ ရတယ်..."


ချောင်းမင်ယောင် စကားမဆုံးခင်မှာ သူ့ကော်လာနောက်ကို သန်မာပြီး သွယ်လျတဲ့လက်နဲ့ ဆုပ်ကိုင်ထားခြင်းခံလိုက်ရသည်။


သူ့နောက်တွင် ယဲ့ရှီက သူမ၏ ကိုယ်ပိုင်လက္ခဏာ "သေစေနိုင်တဲ့မိန်းကလေး" အပြုံးကို ပြသလိုက်ပြီး ကြည့်ကောင်းသော ဆံစများကို ယမ်းပြလိုက်သည်။


"အလှလေး ယောင်ယောင် နင့်ရဲ့အလှကို ဖော်ပြဖို့ အမှတ် ၁၀၀ နဲ့တောင် မလုံလောက်ဘူးဆိုတာ ငါသိလိုက်ရပီ ငါ့အာရုံကို ဖမ်းစားရုံတင်မကဘူး ငါ့ဗိုက်ကိုပါ ဖမ်းစားခဲ့တဲ့အတွက် တာဝန်ယူရမယ်... မဟုတ်ရင် ငါ့ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး ဘယ်သူမှချစ်မယ့်သူရှိတော့မှာမဟုတ်ဘူး.."


ဝေ့ယွမ်က လမ်းလျှောက်လာကာ နှစ်ယောက်လုံးကို ဆွဲထုတ်လိုက်ပြီး...


"ဆူညံလိုက်တာ ဘယ်လိုပေါက်ကရတွေလုပ်နေတာလဲ နောက်ထပ် အစားအစာ စားချင်သေးလားပန်းကန်မြန်မြန်သွားဆေး..."


ဘယ်လိုပင်ဖြစ်စေ ထမင်းစားပြီးနောက်မှာတော့ လင်းယောင်ယောင် အပေါ် အဖွဲ့ထဲက လူသုံးယောက်ရဲ့ သဘောထားက ဆယ်ဆထက် ပိုရိုးသားပြီး စိတ်အားထက်သန်လာခဲ့‌ေပသည်။


သို့သော် လင်းယောင်ယောင် က နောက်နေ့ အစားအစာအတွက် ဖြည့်စွက်စာ ချက်ဖို့ ကြိုးစားတော့မည်ကို သုံးယောက်သား ကြားလိုက်ရသောအခါ သူတို့ရဲ့ အမူအရာတွေက ချက်ချင်းဆိုသလို အကျပ်တွေ့လာသည်။


လူတိုင်းကတွေးနေကြသည်...


'ကျေးဇူးပြုပြီး မလုပ်ပါနဲ့ နင်က ငါတို့ကို ကမ္ဘာပေါ်မှာ အရသာအရှိဆုံးအရာနဲ့ ထိတွေ့စေပြီးမှ ခေါင်းကိုနောက်ပြန်လှည့်ပြီး ငရဲဆီပို့လိုက်လို့ မရဘူးလေ...'


သိုသော် လင်းယောင်ယောင် ကတော့ သူမစိတ်အား ပြင်ဆင်ပြီးသားဖြစ်သည်။


"ဒါပါပဲ.."


နောက်ဆုံးတွင် သူမက အားကောင်းသော ဂီနီဝက်သုံးကောင်ကို တွေ့ရှိခဲ့သည်။လူသားမဆန်မှုအနည်းငယ်ကို တောင့်ခံနိုင်လိမ့်မည်ဟု သူမ ယုံကြည်သည်။


ထို့အပြင် ဖြည့်စွက်စာအပြင် ပုံမှန်အစားအစာတွေကိုလည်း ချက်ရဦးမည်... ဤလူတွေက သူမ လုပ်ထားသော ဖြည့်စွက်စာများကို မစားချင်လျှင် ပုံမှန်အစားအစာတွေကိုလဲ စားခွင့်ရှိမှာ မဟုတ်ပေ။


ဤနည်းလမ်းက အမှန်တကယ်ပင် ချိုမြိန်သောရက်စွဲ ပေး၍ သံတူနဲ့ ရိုက်လိုက်ခြင်းပင်။


တိုက်ခိုက်ရေးတပ်ခွဲ သုံးခုက လူတွေက ဤအရာကို စိတ်ထဲကနေ ငြင်းဆိုခဲ့ကြသော်လည်း အပေါ်ယံမှာတော့..."ကောင်းပြီလေ ငါတို့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်..." ဟု ပြောခဲ့သည်။


သူတို့တစ်ယောက်နှင့်တစ်ယောက် သီးသန့်နှစ်သိမ့်ပေးနေကြလိမ့်မည်။လက်တွေ့ဘဝတွင် ဖြည့်စွက်အစားအစာများက လွယ်ကူစွာပြုလုပ်ရန် မလွယ်ကူပေ။လင်းယောင်ယောင်က ခုမှ ကျောင်းစတက်နေသော်လည်း စာသေသေချာချာမလေ့လာရသေးပေ။သူမ လုပ်ချင်သည်ဟု ပြောသော်လည်း လုံးဝမလုပ်နိုင်ဘူးဆိုတာလဲ ဖြစ်နိုင်သည်။


တိုက်ခိုက်ရေးဌာနသုံးခုက နေ့လယ်ခင်းတစ်လျှောက်လုံး အမှတ်ပေးကတ်များကို လိုက်လံရှာဖွေနေချိန် ကားထဲတွင် ဆေးလက်အိတ်ဝတ်ထားသည့် လင်းယောင်ယောင်က အချိန်ဖြုန်းမနေပေ။


သူမက ငရုတ်သီး၏ အနှစ်သာရကို အဖန်ဖန် ထုတ်ယူရန် စိတ်စွမ်းအား တင်းမာမှုများကို လေ့ကျင့်ပေးနေသည်။မခက်ခဲလှပေ သူမ ကြယ်ကွန်ရက်ပေါ်တွင် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးတာကြောင့် ဖြစ်နိုင်ပါသည်။


ငရုတ်သီးအမြောက်အမြားကို သူမလက်ဗလာဖြင့် ချေလိုက်ပြီးနောက် လင်းယောင်ယောင် ၏ စိတ်စွမ်းအင်မှ နောက်ဆုံးတွင် တောက်ပကြည်လင်သော အနီရောင်အရည်နှစ်စက်ကို အောင်မြင်စွာ ညှစ်ထုတ်ပစ်နိုင်လိုက်သည်။ ပထမတစ်ခုအောင်မြင်ပြီးလျှင် ကျန်တာတွေသည် လွယ်ကူသွား‌ေပလိမ့်မည်။


ညစာအားလုံးကို လင်းယောင်ယောင် တစ်ယောက်တည်း ပြင်ဆင်နေသည်။ အတော်လေးရိုးရှင်းသော ကြက်သွန်ဖြူနှင့် ဝက်နံရိုးစွပ်ပြုတ် အိုးကြီးတစ်လုံး၊ ကြက်သွန်ဖြူ ငရုတ်သီးအနှစ်နှင့် ဝက်သားကြော်၊ ကြက်ဥပေါင်း၊ ငရုတ်ကောင်းနှင့် ငါးကြော်တို့သာ ရှိသည်။အားလုံးမှာ သာမာန်ဖြစ်ပုံရသော်လည်း အနံ့က အလွန်မွှေးပြီး ဆွဲဆောင်မှုရှိနေသည်။


ချောင်းမင်ယောင် က... "ဘယ်ဟာက ဖြည့်စွက်စာလဲ..."


လင်းယောင်ယောင် က မဖြေဘဲ ပြုံးပြီး..."စားပြီးရင် သိမှာပေါ့"


နေ့လယ်ခင်းအချိန် လေနှင့် တိမ်များကို ရှုရှိုက်နေသလို သုံးယောက်လုံး ပုံစံပြောင်းလိုက်ကာ သူတို့၏ တူများကို ဂရုတစိုက် နှိမ့်ချလိုက်သည်။ စားပြီးသောအခါ... 'ဟေး..အကုန်လုံးက ပုံမှန်နဲ့ အရသာရှိတယ်ဟ'


ပူစပ်စပ် အစားအစာ နှစ်ခုက အစာအိမ်ထဲသို့ ဝင်သွားသည်အထိ၊ အစားအစာမှ စိတ်စွမ်းအင်များ ဖြာထွက်ပြီး ခန္ဓာကိုယ်သို့ ပျံ့နှံ့သွားသည် အထိဖြစ်ခဲ့သည်။ သုံးယောက်သားက လင်းယောင်ယောင် ကို ထိတ်လန့်စွာ ကြည့်နေကြသည်။


'ဖာခ့် ဖြည့်စွက်စာရဲ့အရသာက ဒီလောက်အရသာရှိတာလား...စောစောပြောရောပေါ့ ငါတို့ကို ဘာမဟုတ်တာကို စိတ်ပူအောင်လုပ်ခဲ့တာပဲ...'


ငရုတ်ကောင်းအနှစ်သာရ၏ ပါဝင်မှုမှာ နည်းလွန်း၍ အရန်ကုထုံးအကျိုးသက်ရောက်မှုမှာ အလွန်အားနည်းနေသော်လည်း အရန်ကုထုံး၏ အခန်းကဏ္ဍမှ ပါဝင်နေဆဲဖြစ်သည်။ ဆေးဝါးနှင့် မယှဉ်နိုင်သော်လည်း ဂီတအရန်ကုထုံးထက် များစွာအကျိုးသက်ရောက်မှုရှိသည်။


ပို၍အရေးကြီးသည်မှာ အလွန်အရသာရှိပြီးဘေးထွက်ဆိုးကျိုးမရှိပေ။ ထိုသို့သော အစားအသောက်လက်ထောက်သည် အရှင်သခင်အင်ပါယာတစ်ခုလုံးထဲတွင် ထူးခြားလှပေသည်။


ဤသည်မှာ လင်းယောင်ယောင် ဖြည့်စွက်အစားအစာများပြုလုပ်ရန် ပထမဆုံးကြိုးစားမှုသာဖြစ်သည်။ထို့အပြင် ဆရာ့လမ်းညွှန်ချက်မပါဘဲ လုပ်ထားသော ဖြည့်စွက်စာဖြစ်သည်။


လင်းယောင်ယောင်က SS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားရှိသူဖြစ်သည်။ အစားအသောက်လက်ထောက်ကုထုံးပညာရှင်အဖြစ် သူမ၏အောင်မြင်မှုများသည် အကန့်အသတ်မရှိဟု ယူဆ‌ေပသည်။


ထမင်းမစားပြီးခင်မှာ ချောင်းမင်ယောင် က အပြေးအလွှား လင်းယောင်ယောင် လက်မောင်းကို လှမ်းဆွဲလိုက်ပြီး...


"ကျောင်းသူ ယောင်ယောင် ငါ့ကိုလက်ထပ်ပါ အနာဂတ်မှာ ရင်သားကြီးတွေနဲ့ ခြေတံရှည်တွေကို မချစ်တော့ဘူး နင့်ကိုပဲ ချစ်ပေးမှာပါ"


ယဲ့ရှီက ချက်ခြင်းနောက်မှ လိုက်လာပြီး လင်းယောင်ယောင်၏ ခြေသလုံးကို ပွေ့ဖက်လိုက်သည်။ စကားလုံးအသုံးအနှုန်းမပါဘဲ သူမက


"အလှလေး ယောင်ယောင် ငါ့ကိုပဲရွေး ရသမျှငွေအကုန် ပေးပါ့မယ် နင်ကအစားအစာကို ဂရုစိုက်ပေးဖို့ပဲလိုတယ်..."


လင်းယောင်ယောင် ရှက်သွားသည်။ သူတို့ကကျီစယ်နေတာကို သိသော်လည်း ရယ်ရမလို ငိုရမလိုပင်...


"ဒီလိုမျိုး ထပ်ပြောနေကြမယ်ဆိုရင်သေခန်းပြတ်သွားမယ်နော်..."


ေ၀့ယွမ် က အတည်ငြိမ်ဆုံးပုံပေါက်ပြီး ထိုနှစ်ယောက်၏ဝိုင်းရံမှုကို သက်သာစေရန် လင်းယောင်ယောင်အား ကူညီပေးနေသည်။


"နင်တို့နှစ်ယောက် မစားချင်တော့ဘူးဆိုရင် ဟင်းကျန်တွေ အကုန် ငါထုပ်သွားလိုက်တော့မယ်နော်"


ချောင်းမင်ယောင် နှင့် ယဲ့ရှီက "မလုပ်နဲ့..." ဟုအော်ကာ ရိုးကျိုးစွာဖြင့်စားရန် ပြန်သွားခဲ့သည်။ နတ်ဆိုးနှစ်ပါး စားသောက်ပွဲတွင် တိုက်ခိုက်လေ့ရှိသည့်ပုံစံအတိုင်းပင်၊ ထမင်းစားပွဲပေါ်တွင် သူတို့ကြား ပြင်းထန်သောတိုက်ပွဲတစ်ခု ရှိနေသည့်အတိုင်းပင်။


ချောင်းမင်ယောင် နှင့် ယဲ့ရှီတို့၏ စိတ်လှုပ်ရှားစွာ ဆည်းကပ်မှုနှင့် မတူဘဲ ေ၀့ယွမ်က ပို၍တွေးတောကာ လင်းယောင်ယောင်မျက်လုံးများကို ကြည့်မိသည်။


အသင်းဖော်တွေ ပျော်ပျော်ပါးပါး စားသောက်နေတာကို ကြည့်နေသော လင်းယောင်ယောင် က ရုတ်တရက် သက်ပြင်းချရင်း


"အစ်ကိုကြီး မစားလိုက်ရတာ ၀မ်းနည်းစရာပဲ... သူ ငါတို့အဖွဲ့ကိုများ စောင့်ကြည့်နေမလား"


ေ၀့ယွမ် က "မင်းနဲ့ ဗိုလ်ချုပ်လင်း ကြားကမောင်နှမ ဆက်ဆံရေးကောင်းတယ်လို့ ကြားတယ်..."


လင်းယောင်ယောင် က ပြုံးပြီးပြောသည်


"ဟုတ်တယ် အစ်ကိုကြီးက ငါ့အပေါ် မှာ အပြင်ပိုင်းကကြည့်ရင် ခက်ထန်တယ်ထင်ရပေမယ့် အားလုံးကငါကောင်းဖို့အတွက်ပဲလေ"


ေ၀့ယွမ်က... "နင်နဲ့တူတဲ့ညီမလေးတစ်ယောက်ရှိလို့ ဗိုလ်ချုပ်လင်းကို တကယ်မနာလိုတာပဲ..."


ေ၀့ယွမ် ကံဆိုးသော သူ့၀မ်းကွဲညီမအကြောင်း တွေးနေတာကို လင်းယောင်ယောင်သိသည်။ သူမ သူ့အား ဟင်းတစ်ပန်းကန် ပေးလိုက်ပြီး...


"နင့်မိဘတွေ မဟုတ်လဲ နင့်ဦးလေးကို နောက်ထပ်ညီမလေးတစ်ယောက် တောင်းလိုက်ပေါ့..."


ေ၀့ယွမ်က ပြုံးပြီး ဟင်းကို ယူလိုက်သော်လည်း ခေါင်းယမ်းကာ စကားရပ်လိုက်သည်။


သူ့မိခင်မှာကျန်းမာရေးအရ မွေးပေးနိုင်မှာမဟုတ်တော့ဘဲ ဒုတိယဦးလေး ဝေ့လင်းမှာလဲ ဇနီးနှင့်သမီးကို ရှာဖွေရန် လွန်ခဲ့သော ဆယ့်ရှစ်နှစ်က ပျောက်ကွယ်သွားခဲ့သည်။


မော်နီတာရှေ့တွင် လင်းယောင်ယောင် အဖွဲ့အား အချိန်အကြာကြီး စိုက်ကြည့်နေသော လင်းရွမ်နှင့် ချောင်းမင်ယွမ်တို့က စကားစမြည်ပြောနေကြသည်။


လင်းယောင်ယောင် က လက်တွေ့ဘဝတွင် သူမ၏ ပထမဆုံးသော ဖြည့်စွက်အစားအစာကို ပြုလုပ်ခဲ့ကြောင်း သူတို့မသိကြသေးပေ။ ကလေးမလေးက သူမ၏ ဟင်းချက်ကျွမ်းကျင်မှုကို အားကိုးပြီး ဤတိုက်ပွဲဝင်သုံးယောက်၏ ဝမ်းဗိုက်ကို လုံး၀ အနိုင်ယူလိမ့်မည်ဟုသာ ထင်ကြသည်။


ချောင်းမင်ယွမ် က ပြုံးပြီး... " မင်းညီမလေးကို ဒီလောက်အတွင်းကျကျ ၀ှက်ထားလိမ့်မယ်လို့ ငါမထင်ထားဘူး ချောင်းလေး နဲ့ မင်းညီမလေးကို အစကတည်းက သူငယ်ချင်းဖြစ်စေချင်တယ်လို့ ငါ့အမေပြောတာ ကြားဖူးပေမယ့် ငါ့မိသားစုရဲ့ ဒီကလေးစုတ်က အဲ့တုန်းကမကြိုက်ဘူးလေ သူဘာတွေတွေးနေလဲဆိုတာဘယ်သူကသိမလဲ ဒီလေ့ကျင်းရေးပြီးမှပဲ မင်းညီမလေး တော်တာကို သိလိုက်ပုံပဲ အနာဂတ်ကျ မင်းနဲ့ငါယောက်ဖတော်ချင်တော်နေရဦးမယ်ကွ..."


လင်းရွှမ် က ရှုံ့တွနေသော မျက်နှာဖြင့် ..."အဲ့လိုဖြစ်လာဖို့မရှိပါဘူး"ဟုအေးစက်စက်ပြောလိုက်သည်။


ချောင်းမင်ယောင်ကယောင်ယောင်၏လက်မောင်းကို ပွေ့ဖက်ရန် ပြေးလာသောအခါ သူ့စိတ်ထဲ ကောင်လေးကိုသူ့အမေကပင် မမှတ်မိနိုင်တော့လောက်အောင် ရိုက်နှက်ချင်သော ရက်စက်ကြမ်းကြုတ်သည့်အတွေးများပြည့်နေသည်။


ချောင်းမင်ယွမ်က မှင်သက်သွားပြီး ချောင်းမင်ယောင် ယခင်က သူ့ညီမလေးကို အမှန်တကယ် ငြင်းပယ်ခဲ့သောကြောင့် လင်းရွှမ် စိတ်မကောင်းဖြစ်သင့်သည်ဟု တွေးလိုက်မိသည်။ သူက မြန်မြန်သဘောတူလိုက်သည် ။


"မှန်တယ် ငါ့ညီက စိတ်မြန်ပြီး သိပ်စိတ်မချရဘူး မင်းညီမလေးက ဝေ့ယွမ်လို ကြင်နာတတ်တဲ့သူမျိုး ပိုကြိုက်တာဖြစ်မယ် နူးညံ့သိမ်မွေ့ပြီး လိမ္မာပါးနပ်တဲ့ ဘေးအိမ်က အစ်ကိုကြီး ပုံစံလေ ကောင်းပါတယ် သူနဲ့ ယဲ့ရှီ တို့အပေါ်လဲကောင်းပုံရတယ်..."


ဝူးရှ် ဝူးရှ်---


လင်းရွှမ် ရင်ကို နောက်ထပ်မြှားနှစ်ချောင်းဖြင့် ပစ်ခံလိုက်သလို ခံစားလိုက်ရသည်။


သူဘယ်လောက်ကောင်းနေပါစေ လင်းယောင်ယောင် အနားရှိ ယောက်ျားမိန်းမအားလုံးကို အနိုင်မယူနိုင်ပေ။


အမှန်တကယ် အနိုင်ယူခဲ့လျှင်လဲ ယောင်ယောင်က သူ့အား အစ်ကိုတစ်ယောက်အနေဖြင့်ပင် အသိအမှတ်မပြုတော့မှာကို ကြောက်မိသည်။


ပထမနေ့မှာပင် နတ်သမီးလေးနှင့် ေ၀းကွာသွားချိန် သူမကတော့ အလွန်ချမ်းသာပြီး ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်ထားသော်လည်း သူက အလွန်ကြေကွဲနေလိမ့်မည်။


သူတောင်းစားကြက်သားသည် ရွှံ့စေးနှင့် ကြာရွက် (သို့မဟုတ် အခြားနည်းအဖြစ် ငှက်ပျောရွက် သို့မဟုတ် ဝါးရွက်) ဖြင့် ထုပ်ထားသော တရုတ်ဟင်း တစ်မျိုးဖြစ်ပြီး အပူနည်းနည်းဖြင့် ဖြည်းညှင်းစွာ ဖုတ်ရသည်။ ဟင်းကို အစဥ်လာအားဖြင့် ရွှံ့ဖြင့်ပြင်ဆင်ကြသော်လည်း ဟင်းချက်နည်းမှာ ပြောင်းလဲလာသည်။သက်သာလွယ်ကူပြီး ဘေးကင်းစေရန်အတွက် ငွေရောင်စက္ကူ၊ မီးဖိုအိတ်၊ ကြွေအိုး၊ သို့မဟုတ် အပူစီးကူးသောမီးဖိုများဖြင့် ဖုတ်လေ့ရှိကြသည်။


လင်းယောင်ယောင် က အစားအသောက်ပါဝင်ပစ္စည်းများကို စိတ်ပိုင်းဆိုင်ရာဖြင့်ကိုင်တွယ်ဖြေရှင်းရန် သင်ယူပြီး အခြားပထမအဆင့် ပါဝင်ပစ္စည်းများ သို့မဟုတ် ဆေးဖက်ဝင်ပစ္စည်းများကို စမ်းသပ်ခဲ့ပြီး သူမ ပြုလုပ်သော အစားအစာမှာ ယေဘုယျအားဖြင့် ကောင်းမွန်သည်။သို့သော် ရံဖန်ရံခါ အရသာက မျှော်လင့်ထားသလို မဟုတ်ပေ။ ဥပမာအားဖြင့် နောက်နေ့နေ့လယ်တွင် လင်းယောင်ယောင်က အဆမတန်စပ်သော ကျောက်ပုစွန်ကို မတော်တဆလုပ်မိခဲ့သည်။


သူတို့ ရေကန်ငယ်တစ်ခုတွင် ဤကျောက်ပုစွန်မျိုး တွေ့ဖူးသည်။ ထိုကဲ့သို့သော သတ္တဝါကို မြင်လိုက်ရသော တိုက်ပွဲဝင် သုံးယောက်က စိတ်ထဲတွင် အမှန်တကယ် ငြင်းဆန်နေကြသည်။ ပိုးမွှားကဲ့သို့ ရွံရှာဖွယ်ကောင်းသော ဤသတ္တဝါကို စားသောက်နိုင်ပါ့မလား။


သို့သော်လည်း လင်းယောင်ယောင်၏"စားလို့ကောင်းတယ်"ဟူသော ကတိပြုချက်နှင့်အညီ ခေါင်းတရွရွဖြစ်နေသော ခံစားမှု ကို ခုခံကာ စွမ်းအားအပြည့်ဖြင့် ကျောက်ပုစွန် အများအပြားက အံ့အားသင့်စေခဲ့သည်။


ကျောက်ပုစွန်အစပ်အိုးကြီးတစ်လုံး ပြင်ဆင်ပြီးသွားသောအခါ အနီရောင်တောက်ပြောင်နေသောအသွင်အပြင်နှင့် မွှေးမွှေးကြိုင်ကြိုင်ရနံ့တွေက ခံနိုင်ရည်မရှိနိုင်လောက်အောင်ပင်...


ပထမတစ်လုတ်မြည်းကြည့်ပြီးနောက် တိုက်ပွဲဝင် သုံးယောက်က စပ်လွန်း၍ မျက်ရည်တွေ စီးကျလာသလို ခံစားလိုက်ရပေမယ့် လက်ကို ထပ်ဆန့်ထုတ်လိုက်သည်။အရသာရှိသော အစားအစာများက စားရတာ နာကျင်ရသော်လည်း မရပ်တန့်နိုင်ကြပေ။


မကြာခင်မှာပဲ တိုက်ပွဲဝင်သုံးဦးကို လင်းယောင်ယောင် မှပြုလုပ်သော ရှေးတရုတ်အစားအစာဖြင့် လုံး၀ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ ထိုအချိန်မှစ၍ သူတို့ ကလင်းယောင်ယောင်အတွက် အမျိုးမျိုးသော ပါဝင်ပစ္စည်းများကို ရှာဖွေရာတွင် အလွန်တက်ကြွလာခဲ့သည်။


ကောင်းကင် တစ်ခုခုပျံနေတာ မြင်ရင်လဲ စားချင်နေသည်။မြေပြင်ပေါ် တစ်ခုခုပြေးလွှားနေတာမြင်ရင်လဲ စားချင်လာသည်။ရေထဲမှာ တစ်ခုခုကူးခတ်နေတာတွေ့လျှင်လဲ စားချင်လာသည်။


အသက်ရှိတဲ့အရာမှန်သမျှမြင်လိုက်တိုင်း ချောင်းမင်ယောင် က စားလို့ရလားဟုသာ မေးနေတော့သည်။ ခပ်ချောချောအမျိုးသားတစ်ဦးကနေ အစားအသောက်စားသူအဖြစ် လုံး၀လက်လျှော့လိုက်ရသည်။


အမြဲကြည့်ကောင်းချင်သော ယဲ့ရှီ ပင်လျှင် အစားအသောက်ရှေ့တွင် သူမ အပြုအမူကို ဂရုမစိုက်နိုင်တော့ပေ။ အရသာရှိမှန်းသိသော တိရိစ္ဆာန်မျိုးစုံကို မြင်လိုက်ရလျှင် သူမဗိုက်ဆာသလို ခံစားလာပြန်သည်။


နှစ်ယောက်စလုံး တစ်နေ့ငါးကြိမ်စားဖို့ပင် မစောင့်နိုင်ကြတော့။ ကံကောင်းထောက်မစွာပင် ပိုတည်ငြိမ်သော တပ်မှူး ေ၀့ယွမ် က သူတို့ကို ထိန်းချုပ်နေရသည်။


လင်းယောင်ယောင် မှပြုလုပ်သော ဖြည့်စွက်အစားအစာကို မှီခိုပြီး သူတို့အဖွဲ့က အမှတ်စာရင်းများကို ပိုမိုမြန်ဆန်စွာ စုဆောင်းခဲ့သည်။ တကယ်တမ်းတွင် သူတို့မှာ စိတ်စွမ်းအင်ကို လုံးဝအသုံးပြုဖို့ မလိုအပ်‌ေပ။ သူတို့ရဲ့ စိတ်စွမ်းအင်မောပန်းလာချိန်မှာ လင်းယောင်ယောင်အား ဖြည့်စွက်စာ ကျွေးစေလိုရန် အကြောင်းပြချက်တစ်ခုအနေနှင့် အသုံးချခဲ့ခြင်းပင်။


တိုက်ပွဲဝင်သူ၏ စိတ်စွမ်းအား တင်းမာမှု အဆုံးသည် စူးရှပြီး အတော်အတန် ရှည်လျားသော အကွာအဝေးအထိ တိုးချဲ့နိုင်သည်။ ထောက်လှမ်းကိရိယာထက် ပစ်မှတ်များကို ရှာဖွေရာတွင် ပိုမိုအဆင်ပြေပြီး တိကျသည်။ သားရဲများနှင့် တိုက်ပွဲတွင် စိတ်စွမ်းအားသည် အားကောင်းသော တတိယလူအဖြစ် အကူအညီဖြစ်စေသည်။ ပိုမိုအားကောင်းသော တိုက်ခိုက်ရေးသမားများက ကြီးမားသော စိတ်စွမ်းအင် ဓါးများကို တိုက်ခိုက်ရာတွင် သူတို့၏ စွမ်းရည်များကို အသုံးချနိုင်သည်။ အချို့အစွမ်းထက်သော တိုက်ခိုက်ရေးသမားများမှာ ဂြိုဟ်သားရဲများ၏ ဝိညာဉ်ရေးဆိုင်ရာ နယ်မြေကို ကျူးကျော်ရန်နှင့် ဖျက်ဆီးရန် ဝိညာဉ်ရေးစွမ်းအားကို အသုံးပြု၍ပင် စိတ်စွမ်းအားကို ကျွမ်းကျင်အောင် လုပ်ဆောင်နိုင်သည်။


စိတ်စွမ်းအားသည် အလွန်အဆင်ပြေပြီး အသုံးပြုရလွယ်ကူသော်လည်း လျင်မြန်စွာ သုံးစွဲရ‌ေပသည်။ အလွန်အကျွံသုံးလျှင် ပင်ပန်းလိမ့်မည်။သင့်တွင် ဖြည့်စွက်ကုသပေးမည့် ကုထုံးပညာရှင်မရှိပါက အချိန်ကြာလာသည်နှင့်အမျှ ဖျားနာလွယ်မည်ဖြစ်သည်။


ဆေး၀ါး ဂီတနှင့် အစားအသောက်ဌာနများမှ အရန်ကုထုံးပညာရှင်တစ်ဖွဲ့စီက အရန်ဆရာဝန်တစ်ဦးစီ ခေါ်ဆောင်လာသော်လည်း အခြားအဖွဲ့များမှ အရန်ကုထုံးအများစုက ဘွဲ့တံဆိပ်သက်သက်သာဖြစ်သည်။


ထို့ကြောင့် ချောင်းမင်ယောင် နှင့် ယဲ့ရှီ တို့က လင်းယောင်ယောင်အား အဖွဲ့ထဲသို့ ဖိတ်ကြားမည့်ေ၀့ယွမ်၏ စိတ်ကူးကို လုံးဝဂရုမစိုက်ခဲ့ခြင်းဖြစ်သည်။ မည့်သိုပင်ဖြစ်စေ အရန်ကုထုံးဆရာတွေအားလုံးက အယောင်အဆောင်များပင် ခေါ်လာသမျှသူအားလုံး အတူတူဖြစ်လိမ့်မည်။


လင်းယောင်ယောင်က သူတို့အား အံ့အားသင့်စေလိမ့်မည်ကို ဘယ်သူကထင်မှာလဲ။ အလွန်စစ်မှန်သော တရုတ်ရှေးဟောင်း ဟင်းလျာများ၏ ချက်ပြုတ်ခြင်း ကျွမ်းကျင်မှုကို မဆိုထားနှင့် ဖြည့်စွက်စာပင်လျှင် အလွန်အရသာရှိလှသည်။





Xxxxxx

Ei Thet Hmue