နီယွန်မီးရောင်စုံတို့သည် မြူးကြွသည့်သံဇဥ်တို့နှင့်အပြိုင် တစ်ဖျတ်ဖျတ်လက်လျက်။
Dance floorမှာကနေတဲ့လူတွေနှင့်အပြိုင် စားပွဲယူပြီး မျက်စိကစားနေသူတို့လည်းရှိ၏။
"ရား! ဂျောင်ဂု သေချာရဲ့လားမင်း"
"ဘာလို့မသေချာရမှာလဲ ငါတို့ပုံကိုလည်းကြည့်ဦး ဘယ်နေရာက အထက်တန်းကျောင်းသားနဲ့တူလို့လဲ"
တစ်ချက်တစ်ချက်ထွက်လာတတ်သည့် ယုန်သွားလေးတွေကိုမှအားမနာ ကွန်ဖီးလ်ဒန့်အပြည့်ဖြင့် ပြောနေသူဂျောင်ဂုကိုကြည့်ကာ ဂျောင်ယူမင်းခေါင်းခါလိုက်သည်။
"ထားပါ အိုင်ဒီကတ်ပြခိုင်းရင် အချုပ်ထဲတစ်ညတော့အောင်းရမှာနော် "
"ဘာတွေစိတ်ပူနေတာလဲ ငါပါတာပဲ"
ပထမဆုံးဖြစ်သလို အတွေ့အကြုံလိုချင်လို့သာလာခဲ့ကြရသည်။သူတို့လေးတွေက လူဆိုးလေးတွေတော့မဟုတ်ပါချေ။၁၈နှစ်ပင်မပြည့်သေးသည့်အထက်တန်းကျောင်းသားလေးများဖြစ်၏။
"ငါ့ကိုယ်ရေးမှတ်တမ်းမှာ အမည်းစက်မထင်ချင်ဘူးနော်"
တွန့်ဆုတ်ဆုတ်လုပ်နေတဲ့ယူမင်းကြောင့် ဂျောင်ဂုစိတ်ညစ်လာသည်။ဗလကြီးကိုမှသူအားမနာ။
အခုတော့ကလပ်အဝင်ဝမှာ တွန့်ဆုတ်ဆုတ်လုပ်နေရင်း ကြာလာရင်အစောင့်တွေ သံသယဝင်ပေတော့မည်။
ဂျောင်ဂု နှာခေါင်းတစ်ချက်ရှုံ့ကာ ဘာမှဆက်မပြောတော့ချေ။ပီကေတစ်ခုကိုဖောက်ကာဝါးလိုက်ပြီး ဂျစ်တိဂျစ်ကန်ပုံပေါက်အောင်ဖမ်းလိုက်သည်။
သူဦးဆောင်ဝင်သွားတော့ နောက်ကလိုက်လာ၏။
နှစ်ယောက်လုံးလူကောင်ကြီး၍ဖြစ်မည်။သံသယမဝင်ပဲ အလွယ်တကူပင် လွှတ်ပေးကြသည်။
"ဟီးဟီး ဂျောင်ဂု အလုပ်ဖြစ်တယ်ကွ!"
"ငါပြောသားပဲ"
"လာ ဟိုမှာသွားထိုင်ရအောင်"
Barကိုသွားထိုင်ပြီး ကိုကာကိုလာတစ်ခွက်ဟု ခပ်တည်တည်မှာလေသည့်ဂျောင်ဂု။ ယူမင်းကတော့ သံသယဝင်ခံရမှာကို စိုးရိမ်သဖြင့် ကော့တေးအပျော့တစ်ခွက်ယူလိုက်သည်။
"ဒီကိုလာတာပထမဆုံးထင်တယ်"
"ဟုတ်ကဲ့ ကျွန်တော်တို့အသက်ပြည့်ပြီးပါပြီ"
ဂျောင်ဂုရဲ့စကားကို ကလပ်မန်နေဂျာဖြစ်ဟန်တူသူက ခေါင်းငြိမ့်သည်။
တကယ်တော့ ဒီကလေးတွေ အသက်မပြည့်သေးတာမြင်ရုံနှင့်သိသည်။
သူ့အတွက်ကတော့ ငွေကသာအဓိကမို့ ဂရုစိုက်မနေချေ။
တိုင်တဲ့လူမရှိသရွေ့တော့ ရောင်းသူဝယ်သူအဆင်ပြေနေရင်ပြီးတာပါပဲ။
ပြီးတော့တစ်ချက်ကြည့်လိုက်တာနဲ့ ရုပ်ရှိရေလျှံသူဌေးသားလေးတွေဆိုတာ သိသာ၏။
"ညီလေးတို့ အခန်းယူမလား!"
"အခန်း?"
နားမလည်သလိုမေးသည့်ယူမင်း။
ဂျောင်ဂုကတော့ ပေါက်ကရအတွေးတွေကိုတွေးမိကာ မျက်နှာကြီးနီလာသည်။
"အာ အခြားမဟုတ်ပါဘူးကွာ ဒီမှာကဆူတယ်လေ အေးအေးဆေးဆေးအနားယူဖို့ သီးသန့်ခန်းယူချင်လားလို့မေးတာ အခြားလူတွေလည်း ဒီလိုယူနေကြတာပဲ "
"ယူမယ်ဗျ"
ကလပ်ရောက်မှတော့ လူတိုင်းလုပ်ဖူးသမျှကို သူကဘာလို့မလုပ်ဘဲနေရမှာတုန်း။
ယူမင်းကလက်ကိုကုပ်ပြီးသတိပေးပေမယ့် ဂျောင်ဂုဂရုမစိုက်ဘဲ လျစ်လျူရှုပစ်သည်။
"ဟေး ဖြောင်း ဖြောင်း ! !"
ဂျောင်ဂုဆီကအဖြေစကားရသည်နှင့် လက်ခုပ်တီးကာအချက်ပြလိုက်သည့်ထိုလူ။ကောင်မလေးတွေတန်းစီပြီး အနားရောက်လာသည်။
"ငါ့ညီတို့ ကြိုက်တဲ့တစ်ယောက်ရွေးကြ"
"ဟင် အစ်ကိုပြောတော့..."
"သူတို့ကမင်းတို့စားဖို့သောက်ဖို့ ကူညီပေးမှာလေ"
"အာ အသားကင်ပေးသလိုမျိုးလား"
"အဲတာနဲ့ခပ်ဆင်ဆင်ပါပဲ"
ဂျောင်ဂုက မေးခွန်းတွေစီနေအောင်မေးပြီးမှ အတွေ့အကြုံရှိတဲ့လူလိုလို ခေါင်းတဆတ်ဆတ်ငြိမ့်နေ၏။
"ယူမင်း သူငယ်ချင်း မင်းအရင်ရွေး"
"ဟေ့ကောင် ဖြစ်ပါ့မလား"
"ငါ့ကိုယုံစမ်းပါ ငါdramaတွေထဲမှာကြည့်ဖူးပါတယ်ဟ"
"အင်း.. အင်းပါ.."
ယူမင်းက တွန့်ဆုတ်ဆုတ်ဖြင့်ပင် လိုက်ကြည့်ပြီး မင်အာဆိုတဲ့ကောင်မလေးကိုရွေးလိုက်သည်။
ဂျောင်ဂုကတော့ သုံးလေးကြိမ်ကြည့်ပြီး သဘောကျတာမတွေ့နိုင်ဖြစ်နေရသည်။
"ငါ့ညီမြန်မြန် အခြားလူတွေရှိသေးတယ်"
"ခဏလေးပါအစ်ကိုရ.."
ထိုအချိန်မှာပင် ပန်းကန်ကျကွဲသံတွေကြားလိုက်ရသည်။
"ရား! ! ခွေးကောင် သေချင်နေတာလား! !"
စူးခနဲထွက်လာတဲ့အသံကြောင့် ကောင်မလေးတွေရော မန်နေဂျာပါမျက်လုံးပြူးကုန်သည်။
"ဆက်ရွေးထားနော် အစ်ကိုသွားကြည့်လိုက်ဦးမယ်"
ထိုအသံထွက်လာသည့်အခန်းဆီ ပြေးထွက်သွားတဲ့မန်နေဂျာကြောင့် နားမလည်သလိုလေး ဂျောင်ဂုလိုက်ကြည့်သည်။
"ဟယ် ထယ်ဟီးကတော့လုပ်ချလိုက်ပြန်ပြီထင်တယ်"
"ထယ်ဟီးကဘယ်သူလဲ"
"ကျွန်မတို့လိုပဲ ဒါပေမယ့် သူကနည်းနည်းခေါင်းမာတယ် ကြေးလည်းကြီးတယ်လေ"
တိုးတိုးလေးကပ်ပြောသည့်ကောင်မလေးကြောင့်ဂျောင်ဂုစိတ်ဝင်စားသွားရကာ ချက်ချင်းပင်မန်နေဂျာကိုမှီအောင်လိုက်သွားလိုက်သည်။
အခန်းထဲချောင်းကြည့်လိုက်တော့ အပျက်အစီးပုံတွေကြားမတ်တပ်ရပ်နေသည့် ကျောပေးထားသည့် ကောင်မလေးကိုမြင်လိုက်သည်။
ကြေးကြီးတယ်လို့သာပြောတာ နောက်ကကြည့်ရင်တော့ ပုံမှန်ပါပဲ။သူများတွေလို ဂါဝန်လှလှလေးတောင်ဝတ်မထားဘူး။
"ခွေးမ ပြန်တောင်းပန်စမ်း ငါ့ကိုထိုးရဲတယ်"
"ဘာလဲ နောက်တစ်ချက်လိုချင်လို့ ပါးစပ်ကောင်းနေတာလား လာစမ်းပါbitchရဲ့"
အင်္ကျီလက်တွေကိုဆွဲတင်ရင်း ဆံပင်ကိုခါချပြီး သူတို့ဘက်လှည့်လာတာ မြင်ရသည့်အခါ ဂျောင်ဂုတောင့်တောင့်ကြီးဖြစ်ကာ အသက်ရှူမှားကုန်သည်။
အား... နတ်သမီးလေးကျနေရော။
လှလိုက်တာ လှလိုက်တာ! ! !
"မမ..."
ပါးစပ်ကလွှတ်ခနဲခေါ်မိကာ ဆက်ပြောမိသည်က..
"အစ်ကို ကျွန်တော် ဒီမမကိုခေါ်မယ် ဒီဝိုင်းအတွက်ကုန်ကျစရိတ်ကိုလည်းရှင်းပေးမယ်"
သူ့လူကိုလာလုသဖြင့် ပါးမှာလက်သီးရာကြီးဖြင့်လူက မကျေမချမ်းလှည့်ကြည့်လာ၏။
သို့ပေမယ့် ထိုကောင်မလေးနှင့်အဆင်မပြေဖြစ်နေရကား သူတို့ဝိုင်းအတွက်လည်း ငွေမကုန်တော့ဘူးမို့ အင်တင်တင်ဖြင့်သာ ကြည့်နေရသည်။
"ဆရာ နောက်တစ်ယောက်ရွေးမလား"
မန်နေဂျာကအလိုက်တသိမေးသည့်အခါ လက်ခံသည့်သဘောဖြင့် လက်ကိုခါပြသည်။
"ထယ်ဟီးက ဒီကလေး အဲလေ ဒီကောင်လေးနဲ့လိုက်သွားလိုက်..."
သွားတွေပေါ်အောင်ရယ်ပြနေတဲ့သူ့ကိုကြည့်ပြီး ထိုမမကမျက်မှောင်ကြုတ်လိုက်တာဂျောင်ဂုတွေ့လိုက်ရသည်။
ထိုမမကပင် မန်နေဂျာကိုအဝေးကိုဆွဲခေါ်သွားသည်။
ဘာလဲ သူမချောလို့ မမကမကြိုက်တာများလား မဖြစ်နိူင်တာ သူလိုစောက်ချောကြီးက မချောစရာအကြောင်းလုံးဝမရှိဘူး။
"အစ်ကိုဒုံဟွန်း အဲ့ကလေး အသက်မပြည့်သေးဘူးမလား"
"ထယ်ယောင်း အဲလေ ထယ်ဟီး ငါက ငွေလက်ခံထားပြီးပြီဟ.."
"ဒါပေမယ့်..."
"မင်း အာ မဟုတ်ပါဘူး နင်ကလည်း ငါ့ကလပ်ကအခြေအနေသိပ်မကောင်းဘူးဟ ဒီတစ်ကြိမ်လေးပဲ မသိဟန်ဆောင်ပေး ငါဘောနပ်ပေးမယ် ဟုတ်ပြီလား "
လူတွေကြပ်သိပ်နေတဲ့အခြေအနေမကောင်းတဲ့ကလပ်ကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
"ဒီတစ်ခါပဲနော် နောက်ထပ်ဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်သွားတိုင်မှာ သိပြီလား"
"အေးပါ နောက်တစ်ခါဆိုတာနဲ့ ငါနှင်ထုတ်လိုက်ပါ့မယ်"
ထယ်ယောင်းသက်ပြင်းချကာ သူ့ပုံစံကို ပြန်ပြင်လိုက်သည်။
"ဟေ့ကောင်လေး ငါကကြေးကြီးတယ်နော်"
"မမ ကျွန်တော့်ကို လက်ခံလိုက်ပြီပေါ့ ဟူး တော်သေးတာပေါ့ဗျာ ကျွန်တော်မချောလို့ မမမကြိုက်တာလားဆိုပြီး စိတ်ပူလိုက်ရတာ"
သူ့ရှေ့ကစကားများလွန်းသည့်အကောင်ပေါက်ကို ထယ်ယောင်းထပ်ခေါက်ချင်လာသည်။
မင်းကချောပါတယ် ဟုတ်ပြီလား..။
ပြီးတော့ ကာစတန်မာလက်ခံတာလေ။
မသိရင် ရည်းစားစကားပြောပြီး အဖြေရသလို မလုပ်စမ်းပါနဲ့ ဟုတ်ပြီလား..။