02
Viewers 2k


ထယ်ယောင်းသူတို့နှင့်အတူအခန်းထဲလိုက်သွားလိုက်သည်။အထဲရောက်တော့ သူတို့မှာထားသမျှကိုလာချပေးကြ၏။သောက်စရာတွေကိုကြည့်မိတော့ cocacolaနှင့် မိန်းကလေးတွေပင်သိပ်မသောက်ကြတဲ့ကော့တေးအပျော့။


သူ့ဘေးနားကပ်ထိုင်ပြီး cokeကိုပိုက်နဲ့စုပ်သောက်ကာ သူ့မျက်နှာကိုပြုံးပြုံးကြီးကြည့်နေတဲ့ ထိုကလေးကြောင့် ထယ်ယောင်းအနေခက်လာ၏။အတူပါလာသည့်ကောင်လေးကလည်း ကောင်မလေးသူ့အနားကပ်တိုင်း ထောင့်ကိုတိုးကပ်သွားရာ ဆိုဖာစွန်းရောက်နေချေပြီ။မျက်နှာကလည်းငိုချတော့မလိုငိုမဲ့မဲ့။

တကယ့်ကိုကလေးလေးတွေပဲ။


ဒါကိုအစ်ကိုဒုံဟွန်းက ဂျင်းထည့်ပြီးအခန်းငှားခိုင်းရုံမက မိန်းကလေးပါခေါ်ခိုင်းပြန်သည်။အဲဒီ့အစ်ကိုကတော့ ဇနီးနှင့်သားရှိတာလည်းမဟုတ် ငွေကိုဘီလူးသရဲစီးသလိုကို ကော်ယူချင်နေတော့တာပဲ။

သူ့ကလပ်အခြေအနေမကောင်းဘူးတဲ့။ သောက်ပိုတွေ၊ ဒီကလပ်လောက်လူကြပ်တာ ဒီကလပ်ပဲရှိတယ်။


"မမကထယ်ဟီးနော်"


"ဟင် အင်း နာမည်ဘယ်လိုသိတာလဲ"


"ဟိုကောင်မလေးခေါ်တုန်းက မတော်တဆကြားလာတာ"


ပြောပြီးသည်နှင့် ကုန်သွားသည့်အချိုရည်ခွက်လေးကိုစားပွဲပေါ်ပြန်ချလိုက်သည်။ရေခဲတုံးအချင်းချင်းတိုက်မိသံပင်ထွက်လာလိုက်သေးသည်။

ထယ်ယောင်းအလိုက်တသိပင် Colaကိုပြန်ဖြည့်ပေးလိုက်၏။

ကောင်လေးကတင်ပါးကိုအနည်းငယ်ကြွကာ သူ့အနားကိုမသိမသာပိုကပ်လာသည်။


"ဟိုလူကိုဘာလို့ရိုက်လိုက်လဲသိချင်လား"


မျက်လုံးဝိုင်းလေးတွေက စူးစမ်းချင်စိတ်အပြည့်ဖြင့် သူ့ကိုကြည့်လာ၏။


"ဘာလို့လဲ မမ(noona)"


"ငှဲ့ပေးတဲ့မက်ဂျူကိုအေးဆေးမသောက်ဘဲ လက်ကိုလာကိုင်လို့လေ"


အပြုံးမပျက်ပြောလိုက်တော့ ကောင်လေးကသူ့မျက်နှာကို အံ့သြတကြီးကြည့်ပြီး ငြိမ်သက်သွားသည်။သိပ်မကြာ ဖင်လေးကိုသူနှင့်ဆန့်ကျင်ဘက်ကိုရွေ့သွားပြန်တာမို့ ထယ်ယောင်းမအောင့်နိုင်ဘဲရယ်လိုက်မိတော့သည်။

ဒီချာတိတ်က ချစ်ဖို့တော့ကောင်းသား။


ဂျောင်ဂုခမျာ လက်လေးကိုင်တာတောင် ယောင်ကိုင်းအောင်အကျွေးခံလိုက်ရတဲ့ဟိုလူကြီးရဲ့ပါးကိုပြန်မြင်ယောင်ပြီး ကြက်သီးထသွားရသည်။

သူကဖြင့် မသိမသာနှင့်မမပုခုံးလေးကိုဖက်ဖို့တွေးနေတာကို။

ဒါပေမယ့် ဒီလောက်ဆို အခုထိမမကလုံးဝဖြူဖြူစင်စင်သန့်သန့်ရှင်းရှင်းလေးပဲပေါ့...

အတွေးနှင့်အတူ ဂျောင်ဂုကျေနပ်သွားရသည်။


"မမကအရမ်းလှတာပဲ ဟီးဟီး "


ထယ်ယောင်း ရယ်လိုက်သည်။

သူသာယောက်ျားလေးဆိုတာသိသွားရင် ဒီကောင်လေးအခုလို တဟီးဟီးလုပ်နိုင်ပါဦးမလားလေ။


"မမလိုလှတဲ့ကောင်မလေးက ကျွန်တော့်လိုစမတ်ကျပြီးကြည့်ကောင်းတဲ့ယောက်ျားနဲ့မှ လိုက်ဖက်တာ ဟီးဟီး "


ဘယ်လို ဘယ်လို .. ဖေ ဒီသောက်ကလေးတော့ ငါလုပ်မိတော့မယ်။

တဟီးဟီးနှင့် မျက်နှာပိုးကမသေဘူး..။


"ကောင်လေး မင်းအသက်ဘယ်လောက်လဲ"


"ဂျွန်ဂျောင်ဂု ၁၉နှစ် ကျွန်တော်အသက်ပြည့်ပြီးပြီ"


ချက်ချင်းပင်အသက်ပြည့်ကြောင်းကို အတင်းပြောပြနေတာမို့ ထယ်ယောင်းခေါင်းတညိမ့်ညိမ့်လုပ်လိုက်သည်။

အသက်မပြည့်သေးတာသေချာနေပါပြီ..။

မတော်လို့ ဒါကိုသက်ဆိုင်ရာက စစ်ဆေးမိသွားရင် သူပါအလိုတူအလိုပါ ဂျေးထဲအောင်းရမှာ။


ကျစ် အဲဒီ့ဟာဒုံဟွန်းကတော့...

ထယ်ယောင်းတွေးရင်း ရင်ထဲပူလာသလိုခံစားလာရပြီး ကောင်လေးရှေ့က အအေးခွက်ကိုယူကာ ဒေါသတကြီးမော့သောက်ပစ်သည်။ခွက်ပြန်ချလိုက်တော့  ဖန်ခွက်လေးမှာအက်ရာလေးပင်ထင်သွားပြီလားထင်ရအောင် ခွပ်ခနဲမြည်သွားသည်။


ရုတ်တရက်ကြမ်းကြမ်းတမ်းတမ်းပြုမူလိုက်တဲ့မမကြောင့် ဂျောင်ဂုခမျာ နဂိုကမှလန့်နေတာကို ပိုပြီးကြောက်သွားရသည်။

မမကတော့ ရုပ်လေးနဲ့မှမလိုက် ကြမ်းတမ်းလိုက်တာ..

သူကလည်း မျက်နှာလေးတစ်ခုထဲနဲ့ ပြုစားခံလိုက်ရတာကိုး။

မမကိုသဘောကျနေသရွေ့တော့ သူ့ခမျာ ကြောက်စိတ်ကိုမြိုသိပ်ပြီးနောက်ကလိုက်နေရအုံးမှာပင်။


"ဟေ့ကောင် ဂျောင်ဂု!"


ယူမင်းက ဂျောင်ဂုကိုခေါ်လာသည်။

ဆိုဖာအစွန်းမှာကုပ်ကုပ်လေးထိုင်နေတဲ့ဂျောင်ယူမင်းလေးခမျာ ဟိုကောင်မလေးခွံ့ကျွေးနေတဲ့ စားစရာတွေကိုငြင်းနေပြီး ငိုချမတတ်ပင်။


"ဘာတုန်း! !"


"ငါတို့ပြန်ရအောင် ငါ့ဘိုးတော်ကြီးသိရင် ငါသေမှာကွ"


အဖေကိုအသေကြောက်သည့်ယူမင်းခမျာ ကောင်မလေးဆီကရေမွှေးနံ့တွေကပ်လာမှာကိုလည်းတွေးကြောက်နေရသေးသည်။

အမေကပြောတယ် အပေါင်းအသင်းကိုကြည့်ပေါင်းတဲ့။

နောက်ဆိုအမေ့စကားနားထောင်ပါတော့မယ်။


ဂျောင်ဂု ဟန်းဖုန်းထုတ်ကာ နာရီကြည့်လိုက်တော့ ၁၀နာရီထိုးလုလု။

သူနေရတာသိပ်မကြာလိုက်သလိုပင်။

မမမျက်နှာလေးကိုတောင်ကြည့်မဝသေးချေ။

ဒါပေမယ့် မပြန်ဘဲနေလိုက်ရင် နောက်နေ့အတူလာဖို့အဖော်မရှိဘူးဖြစ်သွားလိမ့်မည်။


"မမ.."


ဂျောင်ဂုသူ့ဖုန်းကိုထိုးပေးလိုက်သည်။


"ဖုန်းနံပါတ်လေး..."


ထယ်ယောင်းမှာ များများစားစားမတွေးဘဲ သူရိုက်ချင်ရာရိုင်ထည့်ပေးလိုက်သည်။


"ဟီးဟီး ကျွန်တော်စာပို့မယ်နော်"


သူတို့အခန်းထဲကထွက်လာတော့ မမလည်းလိုက်လာ၏။

နောက်ထပ်ဧည့်သည်တွေကို လက်ခံရအုံးမှာလားတွေးမိတော့ ဂျောင်ဂုမှာမပျော်နိုင်တော့ချေ။


"မမ! !"


ဂျောင်ဂုအဝေးရောက်မှ အကျယ်ကြီးအော်ခေါ်လိုက်သည်။မမကလှည့်ကြည့်လာသည်နှင့် fly kissတစ်ခုနှင့်အတူ ပါးစပ်ကလည်း...


"အာဘွား! ! !"


Discoသီချင်းကအပိတ် ဂျောင်ဂုရဲ့အသံကျယ်ကြီးကထွက်လာသည်။

ထယ်ယောင်း ဝိုင်းကြည့်လာတဲ့လုပ်ဖော်ကိုင်ဖက်တွေကြောင့် မျက်နှာကြီးရဲတက်လာ၏။

ဘယ်လိုကလပ်တက်တဲ့အသက်ပြည့်ပြီးတဲ့လူက ဒီလို ကလေးကလားဆန်တဲ့အလုပ်ကိုလုပ်မှာတဲ့လဲ ခွေးကောင်လေးရ။


"Oppa ကြည့်ရတာ ဒီတစ်ယောက်တော့ Oppaကိုတကယ်ကြွေသွားပြီထင်တယ်"


သူနှင့်အတူရှိနေခဲ့တဲ့ မင်အာကပြောလာသည်။


"ဘာတွေပြောနေတာလဲ သူက ကလေးပဲရှိသေးတာ"


"မင်အာမြင်ပါတယ် သူOppaကို နူနား နူနားဆိုပြီး ကပ်ချွဲနေတာလေ"


"ဘုတ်ဆွန်း! !"


"ရှင်! အဲ အား အစ်ကိုဒုံဟွန်း မင်အာ့ကို အဲ့နာမည်မခေါ်နဲ့ပြောထားတာကို!"


"နင်လည်း ထယ်ဟီးကိုအလုပ်ထဲမှာ Oppaလို့မခေါ်နဲ့"


အခုမှသူလူတွေရှိနေတာကိုမေ့ပြီး ပုံမှန်လိုပြောနေမိတာကို အမှတ်ရသွားတဲ့မင်အာခမျာ မကျေနပ်ပေမယ့် ငြိမ်သွားရသည်။

ဘုတ်ဆွန်းတဲ့ ချစ်ဖို့လည်းမကောင်းဘူး အား...။


ထယ်ယောင်း သူနေတဲ့အခန်းလေးပြန်ရောက်တော့ မိတ်ကပ်တွေကိုဖျက်ကာ ရေချိုးပြီး ပေါ့ပါးသည့်တီရှပ်တစ်ထည်ကို လဲလိုက်သည်။

စတိုးဆိုင်လေးကဝယ်လာတဲ့ ခေါက်ဆွဲဘူးထဲကိုရေနွေးထည့်ကာ ကြက်ဥတစ်လုံးကိုပါဖောက်ထည့်လိုက်သည်။

ပြီးတော့ စာအုပ်ကိုလှန်ကာ စာလေ့လာတော့သည်။


ထယ်ယောင်းက တက္ကသိုလ်တက်နေတာဖြစ်၏။

သူ့အတွက် နယ်ကမိဘတွေကထောက်ပံ့ပေမယ့် သာမာန်လယ်လုပ်စားတဲ့လူတန်းစားမိသားစုဖြစ်သလို အိမ်ထောင်စုကလည်းကြီးတာကြောင့် မိဘတွေကို ဝန်မပိစေချင်တာကြောင့် အချိန်အပိုင်းအလုပ်ရှာခဲ့တာဖြစ်သည်။

သူ့ကိုမြင်တာနဲ့သဘောကျသွားတဲ့အစ်ကိုဒုံဟွန်းက စားပွဲထိုးမလုပ်ဘဲ အခုလိုမိန်းကလေးလိုဝတ်ပြီး customers လက်ခံဖို့ပြော၏။

အရက်အတူသောက်ပေးပြီး အိပ်ယာထဲအထိစခန်းသွားစရာမလိုတာမို့ ထယ်ယောင်း လက်ခံလိုက်သည်။

စားပွဲထိုးထက်တော့ လစာပိုကောင်းသဖြင့် သူ့အဆောင်ခတော့ပူစရာမလိုချေ။ချွေတာသုံးရင် စာအုပ်ဖိုးပါအပိုထွက်နိုင်သေး၏။


တကယ်လည်းစလုပ်ရော ထယ်ယောင်းပင်ကိုယ့်ဟာကိုယ်အံ့သြသွားရသည်။

ထိုအခါမှ သူ့ကိုယ်သူ ချောမှန်းသတိထားမိတော့၏။

ခပ်မြန်မြန်ပင်နာမည်ကြီးလာတဲ့ထယ်ယောင်းက အရက်တူသောက်ပေးဖို့ ကြေးအကြီးဆုံးကောင်မလေးဖြစ်လာသည်။

ဒါတောင် တစ်နေ့မှာအနည်းဆုံးကာစတန်မာတစ်ယောက်တော့ သူ့အထုအထောင်းခံရမြဲဖြစ်၏။

အရက်သောက်ဖော်ဆိုပြီး အတူသောက်ပေးရင်ရပြီလေ။

သူတို့ကဘာကိစ္စ အသားယူချင်ရတာတုန်း.. ခံသင့်တယ်။


သို့ပေမယ့်ကလပ်မှာနဲ့မတူအောင် တက္ကသိုလ်မှာတော့လူသိနည်းသည်။

များသောအားဖြင့် သူကပြင်ပြင်ဆင်ဆင်မနေသည့်အပြင် မျက်လုံးမကောင်းလို့ မျက်မှန်တပ်ရတာလည်းပါသည်။

ရုပ်မထွက်သည့်အပြင် တစ်ခါတစ်လေဘုကလန့်ကဆန်လိုက်သေးရာ အတန်းထဲမှာ သူ့ကိုသတိထားမိသူက ECနဲ့ သူ့ငယ်သူငယ်ချင်းမဂျိုဂျူဟီးသာရှိတော့သည်။


ဘာနေနေ သူကတော့ဂရုစိုက်မနေပါဘူး။

သူ့အိမ်မက်က အေးအေးချမ်းချမ်းအပူအပင်မရှိ ကျောင်းပြီးပြီး ဘွဲ့ရတာနဲ့ ဝင်ငွေကောင်းသည့်အလုပ်တစ်ခုလိုချင်ရုံမျှသာဖြစ်သည်။

သူ့ဘဝအခြေကျကာ သူ့မိဘတွေကိုထောက်ပံ့နိုင်တော့မှသာ အချစ်ရေးကိုတွေးတော့မည်။

သူ့မိဘတွေကတော့သူနှင့်အတွေးမတူချေ။

သူတို့ကဘွဲ့ရပြီးတာနှင့်အချိန်မဆွဲဘဲ သူ့ကိုလက်ထပ်စေချင်ကြသည်။

ထယ်ယောင်းကတော့ ဘူးဆိုဖရုံမသီးသူမို့ အပြတ်ငြင်းခဲ့ပြီးဖြစ်သည်။

သူ့အိမ်မက်တွေမပြည့်ဝခင် ဘယ်သူ့ကိုမှချစ်မှာမဟုတ်ဘူး.. သူ့ဖျင်နဲ့တောင်အလောင်းအထပ်လုပ်ပြီးကျိန်ရဲပါတယ်...