ဂျောင်ဂုအိမ်ပြန်ရောက်တာနှင့်တက်တက်ကြွကြွပင် မမရဲ့ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး Line accကိုရှာလိုက်၏။ဗလာဖြစ်နေသည့်screenကိုစိုက်ကြည့်ရင်း သူခဏလောက်နားမလည်နိုင်ဖြစ်သွားရသည်။
Errorတက်နေတာလား..
အတွေးထက်လက်ကမြန်၏။ချက်ချင်းပင် ဂျယ်မင်းဆီကို ဂျောင်ဂုပို့တဲ့စာလေးရောက်သွားသည်။
ဘာပြဿနာမှမရှိ.. သေချာတာက မမLineမသုံးတာဖြစ်ရင်ဖြစ် မဟုတ်ရင်လည်း ဒီနံပါတ်နဲ့ Line accဖွင့်မထားလို့ပေါ့... မမက သူ့ကိုဖုန်းနံပါတ်တလွဲကြီးတော့ မပေးလောက်ပါဘူး ဟုတ်တယ်မလား...
ဂျောင်ဂု သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။
အတည်ပြုဖို့ရာ ဖုန်းခေါ်ရန်ပြင်လိုက်စဥ် အခန်းအပြင်ဘက်ကနေ တံခါးခေါက်သံနှင့်အတူ ဦးလေးကြီးရဲ့အသံကိုကြားလိုက်ရသည်။
"အထဲကမအေပေးလေးထွက်လာတော့ ညစာစားမယ်တဲ့ "
"လာပြီ အဖေရေ!"
အင်း ဦးလေးကြီးဂျွန်ကတော့ မန်နေဂျာနင်းဆူတာခံထားရပြန်ပြီထင်ပါရဲ့... မနိုင်နိုင်ရာ သူ့ကိုလာမဲနေပြန်ပါပြီ ...
ဂျောင်ဂုကဒီတစ်ကြိမ်မှာတော့ ဦးလေးကြီးကိုပြန်ပြီး စကားနိုင်လုဖို့မကြိုးစားဘဲ တက်တက်ကြွကြွပဲ အိမ်အောက်ထပ်ကိုဆင်းသွားလိုက်သည်။မန်နေဂျာနင်းဒေါသထွက်ရင် အိမ်ပေါ်ကဆင်းရမယ့်လူက ဦးလေးကြီးဂျွန်မဟုတ်ဘဲ ဂျွန်မျိုးနွယ်လက်သစ်လေးသူဖြစ်သွားနိုင်၏။
"မာမီ မာမား မေမေ"
"ကပ်ချွဲမနေဘဲ လာစား... ဒီညအိမ်ပြန်နောက်ကျတာကို
မေမေခွင့်မလွှတ်ပေးနိုင်ဘူးနော်...."
"သားက ယူမင်းနဲ့ဂိမ်းကစားရင်း နာရီကြည့်ဖို့မေ့သွားလို့ပါမေမေရာ"
မျက်နှာငယ်လေးနှင့်ပြောလိုက်တော့ မေမေကမျက်နှာကြောလျော့သွားသည်။ မျက်လုံးလေးဝိုင်းပြီး ပါးလေးဖောင်းပြလိုက်လျှင် မေမေသူ့ကိုမဆူနိုင်ချေ။
ဒါကသူ့လက်နက်ပင်။မေမေအိမ်မှာဂျာကြီးဖြစ်ပြီး အာဏာရှင်ဖြစ်၏။မန်နေဂျာကြီးရဲ့ကျောနောက်ခံရှိရကား ဂျောင်ဂုမှာ သူ့အဖေကိုမကြောက်တော့ချေ။
"သားနောက်ကိုဆင်ခြင်ပါ့မယ်နော် ဟီးဟီး"
ဒါပေါ့ ကတိတော့မပေးနိုင်ဘူးလေ... သူသာမမကိုလွမ်းလာရင် သွားတွေ့ဦးမှာကို...
"ဂျောင်ဂုဂီ သားကအထက်တန်းလည်းပြီးတော့မယ် မေမေ့ကိုမှန်မှန်ပြော ရည်းစားရှိနေပြီလား"
"မရှိသေးပါဘူးမေမေကလည်း ဒါပေမယ့်..."
သူ့ရဲ့ဒါပေမယ့်ဟူသောစကားကြောင့် ထမင်းပဲငုံ့စားနေတဲ့ဦးလေးကြီးဂျွန်တောင် အာရုံစိုက်လာ၏။
"သားသဘောကျနေတဲ့ကောင်မလေးရှိတယ် ဟီးဟီး "
မလုံသလို ရယ်ရင်းပြောတော့ ဖေဖေဂျွန်ဂျုံးဂုကသက်ပြင်းချသည်။
"မင်းကြိုက်တာခံရတဲ့ကောင်မလေးကိုသနားလိုက်တာကွာ"
"ကျွန်မသားကဘာဖြစ်နေလို့တုန်း..."
"ဘာမှမဖြစ်လို့ပြောနေတာပေါ့ကွ ဘာမှစိတ်မဝင်စား စားလိုက်သောက်လိုက်အိပ်လိုက် ဂိမ်းဆော့လိုက်နဲ့ ဘာမှမဖြစ်လွန်းလို့ပြောနေတာ"
ထိုအခါခါမေမေဆုန်းဂျီဟို(မစ္စဂျွန်)ကလည်း မျက်စောင်းလိုက်ပြီး လက်မောင်းသားကိုဆွဲဆိတ်လိုက်သည်။
"ကျွန်မသားက ရှင့်လိုငတုံးမဟုတ်ဘူး စောင့်ကြည့်နေပါ အောင်မြင်မယ့်ကလေး..."
မေမေဆုန်းရဲ့စကားကို ဂျောင်ဂုကထောက်ခံဟန် ခေါင်းတဆတ်ဆတ်ငြိမ့်သည်။
သေချာတာပေါ့ မေမေပြောသလိုပဲ သူက မမရဲ့အချစ်တွေကို အောင်အောင်မြင်မြင်နဲ့ ပြည့်ပြည့်ဝဝအရယူမှာ မမ ကျွန်တော့်ကို စောင့်နေလိုက်စမ်းပါ ဟီးဟီး ! !
"ရှူး! !"
သူ့ဘေးနားကနေ အသံကျယ်ကြီးထွက်လာသဖြင့် လန့်သွားရသည်။
ဒါနဲ့ပါတို သူလန့်နေရတာ ကိုးထောင့်ငါးရာကိုးဆယ့်နဲ့ခုနစ်ကြိမ်ရှိနေပြီ။
အခြားတော့မဟုတ်။
တစ်ဦးတည်းသော သူငယ်ချင်း " ကောင်း "လေး ဂျွန်ဂျောင်ဂုရဲ့နှာမှုတ်သံပင်။
"ဘာဖြစ်နေတာလဲမင်း တစ်နေ့လုံးတရှူးရှူးဖြစ်နေရအောင် စပိန်ကလွတ်လာတဲ့ နွားသိုးကြီးလား"
"မင်းပဲနွားဖြစ်.. စိတ်ညစ်နေတာကို မင်းကတစ်မျိူး"
ဂျောင်ဂုစိတ်ပေါက်သွားသည်။
သူ့ခမျာ လက်ထဲကဖုန်းလေးကိုကြည့်ပြီး အခဲမကျေ။
"ဘာဖြစ်နေတာလဲ မင်းပြောပြမှငါသိမှာပေါ့ဟ"
"မမ ငါ့ကိုစားသွားတယ်ကွာ အာရုံ"
ယူမင်းမှာတော့ ဂျောင်ဂုဘာကိုဆိုလိုသလဲ ဘယ်မမကိုပြောနေတာလဲ နားမလည်ချေ။
ဂျောင်ဂု ကြောင်တောင်တောင်လာကြည့်နေတဲ့ ယူမင်းကို ညကအဖြစ်ကိုပြောပြလိုက်၏။
သူညကထမင်းစားပြီးတာနှင့် မမပေးတဲ့ဖုန်းနံပါတ်ကို ဖုန်းဆက်လိုက်သည်။မမLine IDကိုတောင်းဖို့ရည်ရွယ်ပြီးတော့ပေါ့။
"ဟယ်လို..."
"ဟယ်လို မမလား!"
ဂျောင်ဂုတစ်ဖက်ကအသံထွက်လာသည်နှင့် ဝမ်းသာအားရမေးလိုက်သည်။
"ဘယ်မမကိုခေါ်နေတာတုန်း"
အသံက သိပ်မဟုတ်သလိုပဲနော်... ဘာလို့ အသက်၅၀လောက်အန်တီကြီးသံထွက်နေရတာတုန်း။
ဂျောင်ဂု နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။
"မမထယ်ဟီးလေ မဟုတ်ဘူးလား"
"အေး ငါထယ်ဟီး "
ဂျောင်ဂုဝမ်းသာသွားသည်။
မမသူ့ကိုမညာဘူးဘဲ ဖုန်းပြောရင် လူတွေအသံပြောင်းကြတာ ပုံမှန်ပဲဟာ ...
"မမ ကျွန်တော်ပါဂျောင်ဂုလေ မှတ်မိလား ဟီးဟီး ကျွန်တော်ပြောစရာရှိလို့ မမကိုကျွန်တော် စိတ်ဝင်စား..."
"ခွေးကောင်လေး နင်ဘယ်ကလဲ ကြံစရာရှားလို့အဖွားကြီးကိုလာကြောင်နေရလား သေချင်းဆိုးလေး! !..."
တစ်ဖက်ကအန်တီကြီးက ကျေနပ်အောင်အထိ ဆဲဆိုပြီးမှဖုန်းချသွား၏။ဂျောင်ဂုမှာ ဖုန်းလေးကိုနားမှာကပ်ထားရင်း ကြောင်တောင်တောင်လေးကျန်ခဲ့သည်။
"ဟား ဟား ဟား..."
"မင်းအညာခံလိုက်ရတာပေါ့ ဘယ်လိုလဲ ဆိမ့်ရဲ့လား"
"မင်းဖင်ကိုပဲဆိမ့်!"
ဂျောင်ဂု စိတ်ပေါက်ပေါက်ဖြင့် အော်လိုက်သည်။
"ယူမင်း ဒီည အဲ့ကလပ်ကိုထပ်သွားမယ် မင်းလိုက်ခဲ့"
ချက်ချင်းပင်ယူမင်းလက်တွေရောခေါင်းတွေပါခါပြလာသည်။
"မလိုက်ဘူးနော် ဒီအရွယ်ကြီးမှ ညကငါ့ကိုဘိုးတော်ဆော်တာခံရတာ တင်ပါးမှာကြိမ်လုံးရာကြီးရှိသေးတယ်.."
"ယူမင်း မင်းတင်ပါးကိုပဲရွေးမလား ငါ့ကိုရွေးမလား"
ယူမင်းစိတ်ထဲက ကျိန်ဆဲလိုက်မိသည်။
ခွေးကောင် အကျင့်ပုပ်ပြန်ပြီ.. မင်းလုပ်တာ ဘိုးတော်လက်ချက်နဲ့ ငါ့ဖျင်လည်းပုပ်တော့မှာပဲ...