"ဂျိုဂျူဟီး နင်ဘယ်လိုဖြစ်နေတာတုန်း"
မျက်မှန်ကိုင်းကိုပင့်တင်ရင်း သူ့ဆီကမုန့်ကိုလုစားနေတဲ့ ဂျူဟီးကိုထယ်ယောင်းမေးလိုက်သည်။
ပြိုင်ကားစီးနေတဲ့သူမက သူ့ဆီကဝမ်တစ်ထောင်တန်ရေညှိကိုမှလုစားနေ၏။
"ငါ ဒါမျိုးတစ်ခါမှမစားဖူးဘူး အရသာရှိတယ် ထပ်ဝယ်ကျွေး"
တစ်ဦးတည်းသောသူငယ်ချင်းမလေးမို့သူမပြောချင်ပေမယ့် ဂျူဟီးမက မျက်နှာပြောင်လွန်းသည်။တကယ်ဆို သူဌေးသမီးသူမကဝယ်ကျွေးရမှာမလား။
"ဒါနဲ့ထယ်ယောင်းနင်သိလား ဒီနေ့အထက်တန်းကျောင်းသားလေးတွေ လေ့လာရေးဆင်းမယ်တဲ့ သူတို့တက်မယ့်တက္ကသိုလ်ရွေးချယ်ဖို့အတွက်လေ "
"Businessဘက်မှာလူများလိမ့်မယ်ထင်တယ် "
ရေညှိချပ်ကိုဝါးရင်းထယ်ယောင်းပြန်ဖြေလိုက်သည်။
ထို့အတူအတွေးကလည်း မနေ့ညကတွေ့ခဲ့ရတဲ့ကောင်လေးကိုသတိရသွားသည်။
မျက်နှာလေးက ကလေးလေးလိုဖြူဖြူစင်စင်ယုန်ပေါက်လေးအသွင်ဖြင့်ဖြစ်၏။
သို့ပေမယ့် Body Structureကတော့မဆိုးဘူးဆိုရမည်။
သူသာစိတ်ဝင်စားရင် အားကစားသိပ္ပံကိုဝင်ပြီး နိုင်ငံတော်အဆင့်အားကစားသမားလုပ်လို့ရသည်။
ထယ်ယောင်းက ဘေ့စ်ဘောကိုစိတ်ဝင်စားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် business ကိုယူခဲ့ရသည်။
"နေ့လည်ပိုင်းကျရင် ငါနဲ့လိုက်ခဲ့ပေး"
"ဘယ်ကိုလဲ"
"ပါမောက္ခအဆောင်တွေဘက်ကိုလေ အဟီး ပြောမရဘူး ငါဘဲရဖို့ခြေတစ်လှမ်းနီးလာတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့..."
ကလေးပေါက်စတွေအထိကြံနေတာမို့ ဂျူဟီးကိုထယ်ယောင်းလက်မြှောက်လိုက်သည်။
"မအားဘူး ငါစာကြည့်တိုက်ကိုသွားရဦးမှာ"
"နင်ဘာလို့အချိန်ပြည့်စာလုပ်နေရတာလဲ အိမ်ပြန်ရောက်မှလုပ်လည်းရတာကို.."
"ငါညပိုင်းအချိန်ပိုင်းအလုပ်ရှိသေးတယ်"
"အိုက်ဂူး နင်ကတော့လေ သမ္မတထက်တောင်အလုပ်များနေသေးတယ်"
ထယ်ယောင်းပုခုံးတွန့်လိုက်ကာ စာသင်ခန်းတွေဘက်ကိုသာ ခြေလှမ်းတွေကိုဦးတည်လိုက်သည်။
"ထယ်ယောင်း နင်လိုက်ခဲ့ရမှာနော် မရဘူးသိလား လိုက်မလာရင်ငါနင့်ကိုတကယ်မခေါ်တော့ဘူး.."
"Yrr ကောင်စုတ်! ငါ့ကိုလျစ်လျူမရှုစမ်းပါနဲ့! !"
တိတ်ဆိတ်နေတဲ့ထယ်ယောင်းဘေးမှာ ဆူညံလျက်လိုက်သွားသည့်ဂျူဟီးပါပေ။
"ဘဲ့ဂယွန်း အဲတာဂျူဟီးမလား... သူကအမြဲ အဲ့မှန်ကြောင်နဲ့တပူးတွဲတွဲနော် ဒီလောက်ကြည့်ကောင်းနေတာလည်းမဟုတ်ပဲနဲ့.."
"ဂျိုဂျူဟီး မင်းဘေးကကောင်ကြောင့် ငါ့ကိုငြင်းလိုက်တာလား သူကငါ့လောက်တောင်မချောဘဲနဲ့"
ဘဲ့ဂယွန်းအံကြိတ်လိုက်သည်။
မိဘချင်းကရင်းနှီးသလို သူတို့နှစ်ယောက်ကိုမသိမသာဖြင့် သဘောတူခဲ့ကြသည်။
သူနဲ့ဂျူဟီးကငယ်စဥ်ထဲကရင်းနှီးလာကြသည်ပင်။
အခုတော့ တက္ကသိုလ်ရောက်မှသိတဲ့ကောင်နဲ့ပိုပြီးတတွဲတွဲလုပ်နေ၏။
ပိုခံပြင်းစရာကောင်းတာက သူလူတွေအားလုံးရှေ့မှာ ပန်းခင်းလမ်းလုပ်ကာ proposeလုပ်ခဲ့ပေမယ့် သူ့ကိုငြင်းခဲ့သည်။
ငါအရှက်ရခဲ့သမျှအတွက် မှတ်ထားတယ်ဂျိုဂျူဟီး၊ ကင်မ်ထယ်ယောင်း မင်းတို့ပေးဆပ်ရလိမ့်မယ်။
ရေစက်လက်ဖြင့်ရေကူးကန်ထဲကတက်လာတဲ့ဂျောင်ဂုကို ယူမင်းပုဝါဖြင့်ပစ်ပေါက်လိုက်သည်။
Gym roomပိုင်ရှင်ဖခင်ဖြစ်သူရှိတာကြောင့် မြီးကောင်ပေါက်အရွယ်ထဲက trainခံထားရတဲ့ဂျောင်ဂုရဲ့ ခန္ဓာကိုယ်အချိုးအစားက သူငယ်ချင်းအချင်းချင်းပင် မနာလိုချင်စရာကောင်းလွန်းလှသည်။
ဟိုတစ်ခါ သူဂျောင်ဂုအိမ်သွားတော့ ကံဆိုးစွာဖြင့် မေမေဆုန်းကသူငယ်ချင်းတွေနဲ့ camping ထွက်ကာသွားအိပ်နေချိန်ဖြစ်၏။
ထို့ကြောင့် နေ့လည်စာအဖြစ် ကြက်ရင်ဘုံသားကိုဆားနဲ့တို့ကာသာစားခဲ့ရသည်။
ဒါတင်မကသေး။တစ်အိမ်လုံး လေ့ကျင့်ခန်းလုပ်စရာပစ္စည်းများဖြင့်သာ ပြည့်နေပြီး ဖေဖေဂျွန်ကလည်းသူ့ကို ထိုင်ထအခါ၁၀၀လုပ်ခိုင်းသေးသည်။
အလေ့အကျင့်မရှိသူဖြစ်ရကား အဲဒါက အိမ်ကဘိုးတော်ရိုက်တာထက်ပင် ခံရခက်ပြီး ၂ရက်ခန့်လမ်းလျှောက်ရာမှာ ကွတတဖြစ်နေခဲ့ရသလို သူ့ခမျာညောင်းဖျားပါဖျားသွားချေ၏။
ထိုအချိန်ကစ ဂျောင်ယူမင်းလေးတစ်သက်စာမှတ်သွားကာ စိတ်ထဲမှသန္နိဋ္ဌာန်ချလိုက်သည်။မေမေဆုန်းမရှိလျှင် ဂျွန်သားအဖဆီကို ဘယ်တော့မှအလည်မသွားတော့ပါဟု။
"မင်းဘာလို့ဒီလောက်တောင်လေ့ကျင့်နေတာလဲ"
"ငါပြောဖူးတယ်မလား ငါကနိုင်ငံတော်အဆင့်ရေကူးအားကစားသမားဖြစ်ချင်တာလို့"
"အားကစားသိပ္ပံကိုဝင်မှာလားမင်းက"
"အင်း ဟုတ်တယ်..."
"ငါက business ကိုပဲJoinဖို့တွေးထားတယ်"
ဂျောင်ဂုခေါင်းကိုညိမ့်လိုက်ပြီး သူသုတ်နေတဲ့တဘက်ကို ယူမင်းထံပြန်ပေးလိုက်သည်။
တကယ်မစ္စဂျွန်က သူအားကစားသိပ္ပံကိုjoinချင်တာကို သိပ်ဘဝင်မကျ။
အဲရ်ကွန်းအခန်းထဲမှာ ကွန်ပျူတာတစ်လုံးနှင့်အေးဆေးနေစေချင်တာဖြစ်သည်။
ဒါပေမယ့် ဂျောင်ဂုကတော့ရေကူးရတာကိုသဘောကျသည်။
ငယ်ငယ်ကဂျောင်ဂုတို့မိသားစု ပင်လယ်ဘက်ကိုခရီးထွက်ချိန် ဖေဖေဂျွန်အနားမှာရှိမနေချိန် ဂျောင်ဂုရေနစ်ခဲ့သည်။
အဖွားတစ်ယောက်ကသူ့ကိုကယ်ပေးခဲ့တာဖြစ်၏။
သူဘာလို့ရေနစ်ခဲ့ရတာလဲ ဘယ်လိုလုပ်ရေနက်ထဲရောက်သွားရတာလဲတော့ ဂျောင်ဂုမမှတ်မိတော့ချေ။
ထိုအချိန်ကတည်းက ဂျောင်ဂုရေကူးကျွမ်းကျင်လာချင်သည်။
ပြီးတော့အခုလိုနိုင်ငံတကာရေကူးပြိုင်ပွဲမှာ ဝင်ပြိုင်ပြီးနိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဖြစ်ချင်လာတဲ့အထိ သူရေကူးရတာကိုသဘောကျလာ၏။
သူ့အိမ်မက်တွေကိုသူအကောင်အထည်ရအောင်ဖော်မှာဖြစ်သည်။
အခုတော့သူ့မှာရေကူးချန်ပီယံဆိုတဲ့ပန်းတိုင်ပြင် အခြားအိမ်မက်တစ်ခုပါတိုးလာပြီဖြစ်သည်။
အဲဒါကတော့"မမရဲ့ယောက်ျား"ဖြစ်လာဖို့ပင်ဖြစ်၏။