အခန်း၂၆
Viewers 8k

Chapter 26

(ကြီးမြတ်သောအရှင်ယောင်ယောင်)



မြေပြင်သည် အလွန်နက်လာသောကြောင့် ဤနေရာမှာ တဖြည်းဖြည်းမှောင်လာသည်။ ကံကောင်းထောက်မစွာ ချောက်၏မြေပြင်ပေါ်တွင် အပြာရောင်အလင်းတန်းများကို ထုတ်လွှတ်ပေးနေသော နော်တီလူကာရေညှိများကြောင့် အတိုင်းအတာတစ်ခုအထိ မြင်နိုင်စွမ်းရှိနေသည်။


ဤနေရာသည် သူတို့ထင်သည်ထက် ထူးဆန်းသော တိရစ္ဆာန်များ ပိုများသည်။ အများစုမှာ အမှတ်စာရင်းကတ်များ မရှိသော်လည်း အလွန်သန်မာကြသည်။


လေးယောက်ထဲသာရှိသဖြင့် ဤသားရဲများကို သေချာစွာ ကိုင်တွယ်နိုင်မည်မဟုတ်ပေ။ အထူးသဖြင့် အချိန်ပြည့် ကာကွယ်စောင့်ရှောက်ရန် လူတစ်ဦး လိုအပ်နေသော လင်းယောင်ယောင် ကို ခေါ်ဆောင်လာသောကြောင့် ဖြစ်သည်။


ေ၀့ယွမ်က ဂြိုလ်သား သတ္တဝါအများစု၏ လှုပ်ရှားမှုနယ်မြေများကို တမင်တကာ ရှောင်ရန် အရှိန်တင်ကားကို အတော်အသင့်မြင့်သော ချောက်ပတ်ပတ်လည်မှ မောင်းနှင်ရန် ညွှန်ကြားခဲ့သည်။ နောက်ဆုံးတွင် သူတို့က တောင်တံတိုင်းတစ်ခု၏ သဘာဝအတိုင်း ဖွဲ့စည်းထားသည့် တိုက်ခိုက်ရေးအကောင်းဆုံးနေရာကို ကြည့်ရှုစစ်ဆေးခဲ့သည်။ပွင့်နေသောလှိုဏ်ဂူမှာ အကျယ်အားဖြင့် သုံးမီတာမှ လေးမီတာခန့်ရှိပြီး အနက်မှာ လေးမီတာမှ ငါးမီတာခန့်သာရှိသည်။ အနီးနားရှိမြေပြင်အနေအထားကြောင့် လှိုဏ်ဂူမှာ ခုခံကာကွယ်ရန်လွယ်ကူပြီး တိုက်ခိုက်ရခက်သည့် မြင့်မားသောပလက်ဖောင်းငယ်တစ်ခုရှိနေသည်။


လှိုဏ်ဂူ၏ ဘယ်ဘက်ခြမ်းတွင် ရေစိမ့်စမ်းတစ်ခုရှိသည်။ထို့ပြင် ရေ၀င်ပေါက်နားက ကျောက်နံရံတွင် အပေါ်စီးမှပေါက်နေသော အဆင့်-ငါး သွေးစပျစ်နွယ်ပင်တစ်ခုရှိသည်။ တိရစ္ဆာန်အများစုသည် ဤနေရာကို တက်ကြွစွာ ချဉ်းကပ်ဝံ့ခြင်းမရှိပေ။


သွေးစပျစ်ပင်ပေါ်တွင်ဆွဲထားသော ၁၀ မှတ်နှင့် ၅ မှတ် ရမှတ်နှစ်ခုလည်းရှိနေသည်။


အရွယ်ရောက်နေသော အဆင့်ငါး သွေးစပျစ်နွယ်ပင်ဖြစ်ပါက အလွန်ကြောက်စရာကောင်းသောတည်ရှိမှုဖြစ်ပေလိမ့်မည်။မက်ခါ ၊ A- အဆင့် သို့မဟုတ် အထက်တိုက်ခိုက်သူ အယောက်နှစ်ဆယ်ရှိသော အဖွဲ့မပါဘဲ၊ သူတို့ တိုက်ခိုက်ရန်ပင် မကြိုးစား၀ံ့ကြပေ။


ေ၀့ယွမ် ဤသွေးစပျစ်နွယ်ပင်ကို ဂရုတစိုက်လေ့လာကြည့်ရာ အရွယ်ရောက်ပြီးသား မဟုတ်ဘဲ အပင်ပေါက်စပျစ်နွယ်ပင်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သူတို့၏ S အဆင့် တိုက်ခိုက်ရေးသမား သုံးဦး ခွန်အားဖြင့် သတ်နိုင်‌ေပလိမ့်မည်။


ဤနေရာကို သိမ်းပိုက်လိုက်လျှင် လင်းယောင်ယောင် က သူတို့အတွက် ဖြည့်စွက်စာတွေကို လှိုဏ်ဂူ၏တွင်းမြောင်းထဲတွင် ချက်နိုင်သည်။သူက ဂူဝင်ပေါက်ကို စောင့်ရှောက်ရန်သာ လိုအပ်ပြီး ချောင်းမင်ယောင် နှင့် ယဲ့ရှီးတို့က အမှတ်စာရင်းရှိသောဂြိုလ်သားရဲများကို တုံ့ပြန်လိမ့်မည်။ထို့နောက် သုံးယောက်သား လက်တွဲတိုက်ခိုက်နိုင်လိမ့်မည်။


လင်းယောင်ယောင် ဤအစီအစဉ်အပေါ် သဘောထားအမြင်မရှိခဲ့ပေ။လင်းယောင်ယောင်က အရှိန်လွန်နေသော ကားပေါ်တွင် ထိုင်နေချိန် သူတို့ သုံးဦးက သွေးစပျစ်ပင်ကို တိုက်ခိုက်ရန် သွားကြသည်။


ဤနည်းဗျူဟာသည် အချိန်မရွေး သားရဲပျံများ ၏အလစ်၀င်တိုက်ခိုက် ချဉ်းကပ်လာခြင်းခံရနိုင်သောကြောင့် အန္တရာယ်ရှိနိုင်သည်။


သို့သော် လင်းယောင်ယောင် အား စောင့်ကြည့်ရန် လူတယောက် ထားခဲ့ရမည်ဆိုလျှင် သွေးစပျစ်နွယ်ပင်တွေကို ဖြိုခွဲနိုင်မည် မဟုတ်ပေ။


ကံကောင်းထောက်မစွာ ဆက်သွယ်ရေးကိရိယာများ၏ အချက်ပေးစနစ်သည် လျှပ်စစ်လှိုင်းပျက်စီးမှုကြောင့် ပျက်တောက်သွားသော်လည်း ပြန်အသက်သွင်းနိုင်သည့် အရေးပေါ်လုပ်ဆောင်ချက်တစ်ခုရှိသည်။ဆိုလိုသည်မှာ မြန်နှုန်းမြင့်သားရဲများ သူတို့ထံချဉ်းကပ်ပါက၊ ၃၆၀ ဒီဂရီ အနီအောက်ရောင်ခြည် အာရုံခံကိရိယာကို ဖြစ်ပေါ်စေပြီး ကျောင်းသား၏ မီတာ ၃၀ အတွင်း ဝင်လာပါက အချက်ပေးသံမြည်လာလိမ့်မည်။


သို့သော် ဤဆက်သွယ်ရေးကိရိယာက အနည်းဆုံး နာရီဝက်သာ ခံလိမ့်မည်။မကြာခင်မှာ စွမ်းအင်ကုန်ခမ်းသွားပြီး အပိုင်းပိုင်းဖြစ်သွားလိမ့်မည်။


တစ်ဦးစီတွင် ကိုယ်ပိုင်ဆက်သွယ်ရေးကိရိယာရှိသည်။ မည်သို့ပင်ဖြစ်စေ ပြင်ပနှင့်အဆက်အသွယ် ဆုံးရှုံးသွားလိမ့်မည်။အလဟဿဖြစ်သွားသည်ထက် အသုံးချလိုက်တာက ပိုကောင်းပါသည်။


လင်းယောင်ယောင်က အရှိန်တင်ကားပေါ်တွင်ကိုယ့်ဘာသာကိုယ်ထိုင်နေသော်လည်း စိတ်ထဲ အနည်းငယ် ထိတ်လန့်နေသေးသည်။ အမှောင်ထဲတွင် သူမကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံရှိနေသည်ဟု အမြဲလိုလို ခံစားနေရသည်။


သူမ မသိစိတ်က စိတ်စွမ်းအားစက်ကွင်း ထုတ်နေပြီး ချွန်ထက်သော တိုက်ခိုက်ရေးပုံစံအဖြစ် ပြောင်းလဲကာ သူမ၏ ခန္ဓာကိုယ်ပတ်ပတ်လည် သုံးမီတာတွင် လွှတ်ပေးထားသည်။


ဤဆက်သွယ်ရေးစက်သေးသေးလေးက အားကိုးရလိမ့်မည်ကို မည်သူသိလိမ့်မည်နည်း။


ထို့အပြင် အန္တရာယ်ရှိသောချဉ်းကပ်မှုတွင် ရုပ်ပိုင်းဆိုင်ရာပစ္စည်းများ မလိုအပ်ပေ။ အမှောင်ထဲ ဖြန့်ထားသော ဂြိုလ်သားရဲများ၏ စိတ်ပိုင်စွမ်းရည်လည်း ဖြစ်နိုင်သလို စိတ်စွမ်းအားတိုက်ခိုက်မှုလှိုင်း စတာတွေလဲ ဖြစ်နိုင်သည်။


ဝေ့ယွမ်က ဤပြဿနာများကို မတွေးထားပေ။သူက လင်းယောင်ယောင်ကိုလဲ ဘေးကင်းစေရင်း နှစ်သက်ဖွယ်ကောင်းသောမြေပြင်ကို သိမ်းပိုက်ပြီး နောက်ဆက်တွဲ အမှတ်ပေးကတ်များကို ရယူရန်သာ စီစဉ်ထားသည်။အနည်းငယ်စွန့်စားရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။


အရာရာကိုကြောက်နေလျှင် နောက်လှည့်ပြီး အရှုံးပေးလိုက်ခြင်းက ပိုကောင်းပါလိမ့်မည်။သုံးယောက်သား သွေးစပျစ်နွယ်ပင်ကို တိုက်နေကြစဉ်တွင် လင်းယောင်ယောင်၏ အခြေအနေကို အချိန်တိုင်း အာရုံစိုက်ရန်လည်း စိတ်ထဲသတိပေးနေသည်။


ရုတ်တရက် လင်းယောင်ယောင်က အသံများကြားနေသယောင်ယောင် သံသယဝင်လာသည်။ ယောက်ျားလေးလား မိန်းကလေးလား မခွဲခြားနိုင်သော ကလေးတစ်ယောက်၏ နူးညံ့သောအသံဖြင့် ၀မ်းနည်းစွာငိုကြွေးနေသံ သူမကြားလိုက်ရသလို...


"အို... နာကျင်လိုက်တာ..."


လင်းယောင်ယောင် ခေါင်းမွှေးထောင်သွားကာ ကြောက်လန့်ပြီး နှလုံးများ ထိတ်လန့်တုန်လှုပ်သွားသည်။ ဒူးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားသော်လည်း မျက်နှာမှာခံစားမှုကင်းမဲ့နေသည်။ တောက်ပသောမျက်လုံးတစ်စုံဖြင့် သူမ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဂရုတစိုက်ကြည့်သော်လည်း ဘာမှမရှိပေ။ ကလေးတစ်ယောက် မပြောနှင့် တိရစ္ဆာန်တစ်ကောင်တောင် မမြင်ရချေ။


အသံက ပိုနီးလာသည်။


"မင်း... ငါ့ကို မရိုက်ပါနဲ့လို့ သူတို့ကို ပြောပေးပါလား အိုး...ငါဒီမှာ ကောင်းကောင်းမွန်မွန်နေတာ ဘာအမှားမှ မလုပ်မိပါဘူး... မင်းတို့ လူသားတွေ တကယ် စိတ်အနှောက်အယှက်ဖြစ်စရာပဲ...."


လင်းယောင်ယောင် ၏ အကြည့်များ နောက်ဆုံးတွင် ငြိမ်သွားသည်။ဝေ့ယွမ်နှင့် အခြားနှစ်ယောက် တိုက်ခိုက်နေသည့် သွေးစပျစ်နွယ်ပင်ကို သူမ စိုက်ကြည့်နေသည်။ဤကမ္ဘာကြီးက နည်းနည်းဆန်းကြယ်သည်ကို သူမ ရုတ်တရက် ခံစားလိုက်ရသည်။


အပင်များက ဘယ်လိုဖြစ်လို့စကားပြောနိုင်ရတာလဲ....သူမ ခန္ဓာကိုယ်ထဲက အစိမ်းရောင်ကြယ်ပွင့်လူတွေရဲ့ သွေးကြောင့် တစ်ခုခုဖြစ်နိုင်မလား...


အစိမ်းရောင်ကြယ်ဟု ခေါ်သော လူတို့သည် အမှန်အားဖြင့် သဘာ၀ပေါက်ပင်များ ဖြစ်ကြသည်။ခန္ဓာကိုယ်ထဲတွက် သတ္တမအဆင့်ထက်ကျော်လွန်နေသော ထိပ်တန်းအပင်မျိုးရိုးအနည်းနဲ့အများ ရှိကြသည်။


သွေးစပျစ်ပင်က အနည်းငယ် ဒေါသထွက်နေပုံရသည်။မျိုးရိုးတစ်ဝက်လောက်တူသော လင်းယောင်ယောင်က သူ့ကို လုံးဝ လျစ်လျူရှုနေသောကြောင့်ဖြစ်သည်။ သူမက အားအပျော့ဆုံး ကြက်တစ်ကောင်လိုပင်။သွေးစပျစ်နွယ်ပင်က ထူထဲသော စိတ်စွမ်းအားစက်ကွင်းကို ခွဲထုတ်လိုက်ပြီး လင်းယောင်ယောင်ရှိရာဆီတိုက်ရိုက်ဦးတည် ပြေးသွားသည် ။


လင်းယောင်ယောင် က သူ့အား မတိုက်ခိုက်နေတောင်မှ သူမက အခြားလူသားသုံးယောက်နှင့်တစ်အုပ်စုတည်းဖြစ်သည်။ဤအမျိုးသမီးကို ဓားစာခံအဖြစ် ဖမ်းထားလိုက်လျှင် ထိုလူသုံးယောက်က သူ့ကို ထပ်ပြီး ထိရဲတော့မည်မဟုတ်ပေ။


သွေးစပျစ်နွယ်ပင်က စိတ်စွမ်းအား တင်းမာမှုများဖြင့် အလွန်လျင်မြန်စွာ တိုက်ခိုက်ခဲ့ပြီး သူ့ပစ်မှတ်မှာ မထင်မှတ်ထားပေ။ေ၀့ယွမ် နှင့် အခြားနှစ်ယောက်က လင်းယောင်ယောင် ကို တိုက်ခိုက်လာသည့် အခြားတိရစ္ဆာန်များ ရှိမရှိကိုသာ အာရုံစိုက်နေကြချိန် ထိတ်လန့်မှုတစ်ခုဖြစ်စေခဲ့သည်။သုံးယောက်လုံး လင်းယောင်ယောင် ရှိရာသို့ အလျင်အမြန် ပြေးသွားကာ တစ်ချိန်တည်းမှာပင်..."သတိထား..." ဟု အော်လိုက်သည်။


လင်းယောင်ယောင်က ခဏတာ ကြောင်သွားပြီး မသိစိတ်က စိတ်စွမ်းအားစက်ကွင်းများကို တစ်ခုတည်းအဖြစ်သို့ ရစ်ပတ်လိုက်ပြီး ရုတ်တရက် သွေးစပျစ်ပင်၏ စိတ်စွမ်းအားစက်ကွင်းကို ရင်ဆိုင်နိုင်ခဲ့သည်။


တိုက်ပွဲသံ—


အခုလေးတင် ရက်စက်ကြမ်းကြုတ်သောသွေးစပျစ်နွယ်ပင်က ရာနဲ့ချီသော စပျစ်နွယ်ပင်များနှင့် ကြာပွတ်ကဲ့သို့ဝှေ့ယမ်းနေပေမယ့် ရုတ်တရက် တုန်တုန်ယင်ယင်ဖြစ်လာသည်။နောက်ပိုင်းမှာတော့ အကိုင်းအခက်များနှင့် အရွက်များက ကျုံ့သွားသည်။


နောက်အခိုက်အတန့်တွင် လေး ငါးမီတာအမြင့်ရှိသော သွေးစပျစ်ပင်မှ လေးဆယ်မှငါးဆယ်စင်တီမီတာသာရှိတော့သော ပျိုးပင်ငယ်တစ်ပင်အဖြစ်သို့ ပြောင်းလဲသွားသည်။ Y-717 မြို့စောင့်တပ်က အကိုင်းအခက်များနှင့် အရွက်များပေါ် တမင်ချည်ထားသော အမှတ်စာရင်းများလည်း မြေပေါ်ပြုတ်ကျသွားသည်။


သွေးစပျစ်နွယ်ပင်မှာ အပင်ပေါက်မှ စတုတ္ထအဆင့် အပင်သေးသေးလေးပုံစံသို့ ပြောင်းလဲသွားပြီး တိုက်ခိုက်နိုင်စွမ်းက ရုတ်တရက် လျော့ကျသွားသည်။


သွေးစပျစ်နွယ်ပင်၏အကိုင်းအခက်များနှင့် အရွက်များအတွက် သာမဟုတ်ခဲ့ပါက ဤမြင်ကွင်းကို သူတို့ကိုယ်တိုင်မြင်တွေ့ရမည်မဟုတ်‌ေပ။ယခင်ပုံစံနှင့် လက်ရှိပုံစံကြားက ကြီးမားသောကွာဟမှုက မမှတ်မိနိုင်တော့လောက်အောင်ပင် ဖြစ်သွားသည်။


သွေးစပျစ်ပင်က ရုတ်တရက် ဤကဲ့သို့ဖြစ်လာသည်မှာ အကြောင်းအရင်းတစ်ခုတည်းကြောင့်ဖြစ်နိုင်သည်ကို သံသယဖြစ်ဖွယ်မရှိပေ။ ေ၀့ယွမ် နှင့် အခြားသူများက ဖြူဖျော့နေသောမျက်နှာဖြင့် ထိခိုက်မှုမရှိသော လင်းယောင်ယောင်ကို မှင်တက်စွာကြည့်နေကြသည်။


အကယ်၍ သူတို့ထင်တာ မမှားပါက လင်းယောင်ယောင် သွေးစပျစ်နွယ်ပင်၏ တိုက်ခိုက်ခြင်းကို တွန်းလှန်နိုင်ရန် စိတ်စွမ်းအားကို အသုံးပြုခဲ့သည်။သူမ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုများက အရန်ကုထုံးဆရာတစ်ယောက်ရှိသင့်သည့် လုံးဝန်းသောအစွန်းများမဟုတ်ပဲတိုက်ခိုက်သူ၏ ချွန်ထက်သောပုံစံဖြစ်နေသည်။ေ၀့ယွမ်က ဦးစွာ ပြေးလာပြီး လင်းယောင်ယောင်ကို သေသေချာချာ ကြည့်ကာ


"အဆင်ပြေရဲ့လား..."


ချောင်းမင်ယောင်လည်း ကိုင်းညွှတ်လိုက်ပြီး သူမကို သေသေချာချာ စိုက်ကြည့်ရင်း

"ဖာခ့် တိုက်ခိုက်နိုင်တဲ့ အရန်ကုထုံးသမားလား ညီမလေး နင်ကအံ့ဩစရာပဲ..."


ယဲ့ရှီးက အစိမ်းရောင်ကြယ်ပွင့်မဟာမိတ် အပါအဝင် နေရာများစွာကို ရောက်ဖူးသောကြောင့် သူမ ပို၍ ဗဟုသုတကြွယ်သည်။ သူမ မေးစေ့ကိုပွတ်ရင်း...


"အစိမ်းရောင်ကြယ်ပွင့် လူတွေမှာ အရန်ကုထုံးစနစ် ဒါမှမဟုတ် တိုက်ခိုက်ရေးစနစ်ရဲ့ စွမ်းရည်နှစ်မျိုးလုံးကို သုံးနိုင်တဲ့ အထူးအကိုင်းအခက်တစ်ခု ရှိတယ်လို့ ငါကြားဖူးတယ် ဒါပေမယ့် အခုတော့ နည်းသထက်နည်းလာပြီ အကျပ်အတည်းဖြစ်စေမယ့်အခြေအနေတစ်ခုခုရှိမှ ဒီစွမ်းရည်ထွက်လာတာထင်တယ်..."


ယဲ့ရှီးက ဤစွမ်းရည်ကိုသိမြင်နိုင်တဲ့ အစိမ်းရောင်ကြယ်ပွင့်သည် တော်ဝင်မိသားစု မျိုးဆက်ဖြစ်သည်ကို မပြောခဲ့ပေ။အစိမ်းရောင်ကြယ်သည် ယခုအခါတွင် တော်ဝင်မိသားစုမရှိတော့သည်မှာ လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က ဒီမိုကရေစီမဟာမိတ် အုပ်ချုပ်မှုစနစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းသွားသောကြောင့်ဖြစ်သည်။တော်ဝင်မိသားစုမှာ ယခင်က တန်းတူညီမျှလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ပြီး အစိမ်းရောင်ကြယ်ပွင့်ပြည်သူများ အားလုံးက သူတို့အား အလွန်ကြည်ညိုလေးစားကြဆဲဖြစ်သည်။


အဖွဲ့သားသုံးဦးထံမှ နှုတ်ဆက်ကြိုဆိုစကားများအပြင် လင်းယောင်ယောင်က အဆင့်တစ်ခုတွင်ရှုံးနိမ့်သွား၍ ဝမ်းနည်းမှုအပြည့်ဖြင့် ပိုမိုနူးညံ့သော ပဲ့တင်သံကို ကြားနေဆဲဖြစ်သည်။

"အူးးး...မင်းတို့ကမကောင်းတဲ့သူတွေပဲ ကလေးတစ်ယောက်ကို နှိပ်စက်နေကြတယ် အူးးးး"


လင်းယောင်ယောင်: ...


သို့သော် သူမကို ငကြောင်တစ်ယောက်လို့ မမှတ်ယူဘဲ ဂရုစိုက်ပြီး နှစ်သိမ့်ပေးသော အသင်းဖော်များ၏ တုံ့ပြန်မှုကို မြင်လိုက်ရပြီး သူမအခြေအနေကို ကိုယ်စွမ်းသလောက်အကြောင်းအရင်းများဖြင့် ရှင်းပြနေကြသောကြောင့် လင်းယောင်ယောင် နောက်ဆုံးတွင် စိတ်အေးသွားခဲ့သည်။


ကိုယ်တိုင်က အန္တရာယ်ရှိသော တစ်နေရာပြီးတစ်နေရာရွှေ့ပြောင်းနေရသောကြောင်း သူမ၏စိတ်စွမ်းအားစက်ကွင်းများက ပြောင်းလဲသွားခြင်းဖြစ်လိမ့်မည်။ သူမ၏အတွင်းစိတ်မှာလည်း ဝိညာဉ်ရေးနယ်ပယ်သို့ ပြောင်းလဲသွားသည်။


သူမ အနည်းငယ် စိတ်ငြိမ်သွားပြီး သွေးစပျစ်နွယ်ပင်၏ စကားပြောသံကို ကြားလိုက်ရကြောင်း ရှင်းပြလိုက်သည်။ဤစိတ်သောကကြောင့် ရုတ်တရက် မူမမှန်သော မပီမပြင်စိတ်စွမ်းအားစက်ကွင်းက ချွန်ထက်လာခြင်းဖြစ်လိမ့်မည်ဟု ယူဆနိုင်သည်။


အစိမ်းရောင်ကြယ်ပွင့်သွေးရှိသူများမှာ ဉာဏ်ပညာနည်းသောအဆင့်မြင့်ဂြိုလ်သားများနှင့် ဆက်သွယ်နိုင်သည်။ ဤအမူအကျင့်မှာ ရှားပါးသော်လည်း ပြောင်းလဲနိုင်သော စိတ်စွမ်းအားထက် အနည်းဆုံး ပို၍ အဖြစ်များသည်။ဝေ့ယွမ်နှင့် အခြားသူများက သိပ်ထူးထူးဆန်းဆန်း မခံစားရပေ။


လင်းယောင်ယောင် စကားကို နားထောင်ပြီးနောက် ဝေ့ယွမ် လေးနက်စွာ ကြည့်နေခဲ့သည် ။

"ယောင်ယောင် ငါတို့ပြန်သွားရင် နင့်ရဲ့ စိတ်စွမ်းအားစက်ကွင်းအကြောင်း ရင်းနှီးတဲ့မိသားစု၀င်ကလွဲရင် ဘယ်သူ့ကိုမှ မပြောနဲ့ ငါတို့လဲအဲဒါကို လျှို့ဝှက်ထားပြီး တခြားသူတွေကို ဘယ်တော့မှမပြောဘူးလို့ ကတိပေးတယ်..."


စကားပြောပြီးနောက် သူက ချောင်းမင်ယောင်နှင့် ယဲ့ရှီး ကို ကြည့်လိုက်သည်။ ချောင်းမင်ယောင်နှင့် ယဲ့ရှီးတို့က မြင်တွေ့ခဲ့သမျှကို မည်သည့်အခါမျှ ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း သေချာစေရန် ကတိပြုခဲ့ကြသည်။


ဤစွမ်းရည်က အရှင်သခင်အင်ပါယာအတွက် အလွန်ရှားပါးပြီး ထူးခြားလွန်းသည်။လင်းယောင်ယောင် မိမိကိုယ်မိမိ ကာကွယ်ရန် လုံလောက်သော ခွန်အားမရှိသေးခင်ထိ ဤအကြောင်းကို သိသူနည်းပါးလေလေ ပိုကောင်းလေလေဖြစ်လိမ့်မည်။


မဟုတ်ပါက သူမအား လူသား၏ဝိညာဉ်ရေးဆိုင်ရာအလားအလာများကို လေ့လာနေကြသော အရှင်သခင်အင်ပါယာရှိ ဇီဝသုတေသနဌာနများ၏ ပစ်မှတ်ထားခံရဖွယ်ရှိသည်။ စွဲမက်ဖွယ်ကောင်းသော အကြောင်းပြချက်ဖြင့်သိပ္ပံပညာတိုးတက်မှုအတွက် အသုံးပြုလိမ့်မည်။

ထို့အပြင် ဉာဏ်ကြီးရှင်များက တော်သော်လည်း လူမုန်းခံရတတ်ကြ၍ သင့်အရည်အချင်းကို မှန်ကန်စွာ ၀ှက်ထားနိုင်မှသာလျှင် ကောင်းမွန်စွာရှင်သန်နိုင်မည်ဖြစ်သည်။


သူတို့က အခြားသူများကို ဤအကြောင်းပြောပြလိုက်လျှင် လင်းယောင်ယောင် အတွက် ပြဿနာများစွာ ဖြစ်စေနိုင်ပြီး လင်းမိသားစု၏ အကာအကွယ်အောက်ရှိနေသောကြောင့်လည်း ကြီးကြီးမားမားတော့ မဖြစ်နိုင်ပေ။


သို့သော် လင်း မိသားစုအပေါ် သေချာပေါက် စော်ကားရာရောက်မည်ဖြစ်ပြီး အရေးအကြီးဆုံးမှာ လင်းယောင်ယောင်ကို စိတ်အနှောက်ယှက်ဖြစ်စေလိမ့်မည်။လူမိုက်ကသာ ထိုအရာကို ထုတ်ဖော်မှာ ဖြစ်ပြီး အလားအလာကောင်းသော အစားအသောက်လက်ထောက်ကုထုံးပညာရှင်နှင့် ကောင်းမွန်သောဆက်ဆံရေးရရှိရန်အခွင့်အရေးကို ဆုံးရှုံးလိမ့်သည်။


လင်းယောင်ယောင် သန်မာလာလျှင် လင်းမိသားစု၏ အကာအကွယ်ကို အားကိုးမည့်အစား သူမ ဖော်ထုတ်လိုက်လျှင်လဲ ကိစ္စမရှိပေ။


သွေးစပျစ်နွယ်ပင်၏ အရွယ်အစားနှင့် ခွန်အားသည် အမှန်တကယ်လျော့ကျသွားသဖြင့် လူအများကို မသတ်နိုင်တော့သလို အန္တရာယ်လဲပြုနိုင်တော့မည့်ပုံ မပေါက်တော့ချေ။ထို့အပြင် လူသားများကသာ အမှန်တကယ်“မှားယွင်းသူ” များသာ ဖြစ်သည်။သွေးစပျစ်ပင်မှာ ဉာဏ်ရည်ဉာဏ်သွေး အားနည်းလာသောကြောင့် သတ်ပစ်ရန် အလျင်စလို မလုပ်သင့်ပေ။


သို့သော် သူတို့နှင့် ဆက်ဆံ၍မရသော အခြားတိရစ္ဆာန်များနှင့် အပင်များအတွက် ဝေ့ယွမ်နှင့် အခြားသူများက ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် "အပြစ်မဲ့သူများကို ခွဲခြားဆက်ဆံ" ဆဲဖြစ်သည်။ သဘာဝတရားသည်လည်း အားနည်းသူများကို အနိုင်ကျင့်ရန် ဤဥပဒေကို လိုက်နာသည်။ထိုသွေးစပျစ်နွယ်ပင်မှာ သူ့ထက်အားနည်းသော ဂြိုလ်သားရဲများ၏ အသားနှင့် သွေးအမြောက်အများကို စားသုံးမှီ၀ဲကြပြီး ယနေ့အထိ ကြီးထွားလာသည်။သွေးစပျစ်နွယ်ပင်က ဝေ့ယွမ်နှင့်အဖွဲ့ကို အနိုင်မယူနိုင်တော့မှသာ လင်းယောင်ယောင်ထံမှ ကရုဏာကို တက်ကြွစွာ တောင်းခံမည်ဖြစ်သည်။


ငြိမ်းချမ်းစွာ ဆွေးနွေးပြီးနောက်တွင်

လူသားများလောက် မသန်မာသော သွေးစပျစ်နွယ်ပင်က မျက်ရည်များဖြင့် တွားသွားကာ အမြစ်စွဲမည့်နေရာကို ခေတ္တပြောင်းခဲ့ရသည်။ထိုပိုင်နက်ကို ငှားထားသော လူထွက်သွားသည့်အခါမှ ပြန်ပြောင်းရလိမ့်မည်။


ဒုက္ခအပေးနိုင်ဆုံး သွေးစပျစ်ပင်ကို ဖြေရှင်းပြီး အမှတ်စာရင်းများကိုယူကာ ဝေ့ယွမ်၏ယခင်အစီအစဉ်အရ ထူးဆန်းသောသားရဲများကိုဆွဲဆောင်ကာ ရှင်းထုတ်ပစ်ရန် အတူတကွလုပ်ဆောင်ခဲ့ကြသည်။


လင်းယောင်ယောင်သည် သူတို့နောက်တွင် အိုးတစ်လုံးကို တပ်ဆင်ပြီး ခရမ်းရောင်လျှပ်စီးငှက်ကို စတင်ကင်လိုက်သည်။အာကာသခလုတ်တွင်ကျန်ခဲ့သော ဟင်းသီးဟင်းရွက်များမှာ သခွားသီးများသာဖြစ်သည်။ထို့ကြောင့် သူမ သခွားသီးကို နုတ်နုတ်စဉ်းထားသော အသားဖြင့် မွှေပြီး ငရုတ်သီးအနှစ်နည်းနည်းထည့်သည်။သခွားသီးကိုလည်း စိတ်စွမ်းအား ပြုပြင်ပေးခဲ့ခြင်းပင်။


Y-717 ကယ်ဆယ်ရေးအဖွဲ့က လင်းရွှမ် ရှေ့သို့ ခြေတစ်လှမ်းစောပြီး ရောက်ရှိလာခဲ့သည်။ တပ်ဖွဲ့ဝင်ငါးဦးသည် အမှောင်ထဲတွင် တိုက်လေယာဉ်များကို မောင်းနှင်ကာ ဤမြင်ကွင်းကို အဝေးမှကြည့်နေကြသည်။သိသာထင်ရှားသည်မှာ သူတို့က မွှေးကြိုင်နေသောအနံ့ကို မခံနိုင်ဖြစ်ကာ တံတွေးကို မသိစိတ်က မျိုချနေကြသည်။


ထိုအသင်းက ဘဝကို ကောင်းကောင်းပျော်မွေ့ခဲ့‌ေပသည်။ထိုအရာမှာ အန္တရာယ်အရှိဆုံး သေမင်းချောက်ကြီးမှ သူတို့က လေဟာပြင် အကင်စုံပါတီအဖြစ် ပြောင်းသွားနိုင်လေသည်။သူတို့မှာ အမှတ်စာရင်းနှင့် အစားအသောက် နှစ်ခုလုံးကို ရရှိနေပြီဖြစ်သည်။


သို့သော်လည်း ခရမ်းရောင် မိုးကြိုးငှက်နှင့် ကြော်ထားသော ဟင်းသီးဟင်းရွက်များ၏ အမွှေးရနံ့ နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်လွန်းသောကြောင့် ချောက်ကြီးအောက်ခြေရှိ ထူးဆန်းသော တိရစ္ဆာန်များ မနေနိုင်တော့ဘဲ ထိုလမ်းကြောင်းဆီသို့ ပြေးလာကြသည်။

ေ၀့ယွမ်က ဖြတ်သွားသော ထူးခြားဆန်းပြားတိရိစ္ဆာန်များ ပိုများလာသည်ကို မြင်လိုက်ပြီး တစ်ခုခု မှားနေပြီဟု သတိထားမိသည်။


လင်းယောင်ယောင် အသားကင်ပြီးသောအခါ ကျန်ပါဝင်ပစ္စည်းများအားလုံးကို အာကာသခလုတ်ထဲသို့ ချက်ချင်းကောက်ထည့်လိုက်သည်။ အာကာသခလုတ်က အဖိုးတန်အစားအစာပါဝင်ပစ္စည်းများဖြင့် ပြည့်နေပြီး အမှတ်စာရင်းများထည့်ရန် မဆံ့တော့၍ ကြိုးရှည်ကြီးနဲ့ တပ်ကာ အရှိန်တင်ကားထဲတွင် ဆွဲထားရသည်။



xxxxxx

Ei Thet Hmue