09
Viewers 1k

သူ့နာမည်ခေါ်သံကို ကြားနေရပေမယ့် ထယ်ယောင်း လှည့်မကြည့်ဖြစ်။ 

ရှားရှားပါးပါး သူငယ်ချင်းလေးတစ်ယောက်ရထားပါတယ်... သူမကချည်း ပေါက်ပေါက်ဖောက်နေသဖြင့် သူ့နားလေးမှာအနားမရ။


"ထယ်ယောင်း နင် scholarလျှောက်ထားတယ်ဆို"


"အင်း"


ထယ်ယောင်းက အိမ်မက်လေလွင့်နေသူလိုလမ်းလျှောက်ရင်းက ဖြေသည်။

ထယ်ယောင်းတကယ်ကို ပြည်ပကိုထွက်ပြီး ပညာတော်သင်သွားချင်သည်။


"ဟဲ့အကောင် နင်ငါ့ကိုထားခဲ့တော့မလား"


"စကော်လာကဘယ်နားနေလဲမသိသေးဘူး နင်ကတစ်မျိုး"


"နင်မှမရရင် ဘယ်သူကအဲ့ဆုကိုရမှာလဲ"


"ဘာပဲဖြစ်ဖြစ် တစ်သက်လုံးသွားမှာမှမဟုတ်တာ ဒရာမာတွေမခင်းစမ်းပါနဲ့ ငါတောင်းပန်ပါတယ်ဂျူဟီးရယ်"


ထယ်ယောင်းစကားကြောင့်  မျက်ရည်တွေအပီအပြင်ညှစ်ထုတ်နေတဲ့ဂျူဟီး တွန့်သွားရသည်။


"ဟေ့ ဂျိုဂျူဟီး! !"


"နင့်ကောင်လေးလာပြီပဲ"


"အဲ့စကားကြီးမပြောစမ်းပါနဲ့ ကျက်သရေတုံးလို့ပါ"


ဘာပဲပြောပြော  ဘဲ့ဂယွန်းနှင့် အပေါင်းအဖော်တစ်စုက သူတို့အနားကို  ရောက်လာပြီဖြစ်သည်။


"ဘာဖြစ်လို့လဲ ဂျူဟီး... ဒီမှန်ကြောင်က မင်းကိုဘာပြောလို့လဲ"


"နင့်အပူဘာပါလို့လဲ လစ်စမ်း! !"


ဂျူဟီးစကားကြောင့် မျက်နှာပျက်ကျသွားသူကား ဘဲ့ဂယွန်း။


"ဟ့.. ဂျိုဂျူဟီး နင်ကရင့်လှချည်လား ငါကစိတ်ပူလို့လေ"


"နင်စိတ်ပူစရာ ဘာရှိလို့လဲ..."


"ဘာလို့ဆို ဒီကောင်က မင်းကိုအနှောင့်အယှက်ပေးနေလို့လေ"


ထယ်ယောင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောသည်။

ထယ်ယောင်းမှာ ဝင်မပါချင်တာတောင် ဆွဲထည့်ခံလိုက်ရတာမို့ နင်သွားရ၏။


"တကယ်တမ်း အနှောင့်အယှက်ပေးနေတာက ထယ်ယောင်းမဟုတ်ဘဲ နင်လေ ငါတို့ကသူငယ်ချင်းအချင်းချင်း စနောက်နေကြရုံပဲ"


"နင် နင် အရမ်းပြောင်းလဲနေပြီကဲ ဂျိုဂျူဟီး  စောင့်နေလိုက်"


"ဘာလဲ ငါ့အိမ်ရဲ့စီးပွားရေးနဲ့ထပ်ပြီး အကြပ်ကိုင်မလို့လား တော်စမ်းပါဘဲ့ဂယွန်းက ငါကအဲလိုမိဘအားကိုးနဲ့မိုက်နေတဲ့ကောင်တွေကို တကယ်အမြင်ကတ်တာ... လာ သွားရအောင် ထယ်ယောင်း"


ဘဲ့ဂယွန်းရဲ့ပုခုံးကိုတွန်းတိုက်ကာထွက်သွားတဲ့ဂျူဟီးနောက် ထယ်ယောင်းမှာအပြေးလိုက်ရသည်။


"ဂျူဟီး နင်ကလည်း ပါးစပ်ကြမ်းလိုက်တာ"


"ဒီလောက်ပြောနေတာတောင် တွယ်ကပ်နေတုန်းပဲ နင်မတွေ့ဘူးလား.. တကယ်ပါပဲ ငယ်ငယ်က ဒီကောင်ကိုကြည့်ပြီး ငါဘာတွေသဘောကျခဲ့လဲမသိတော့ပါဘူး"


ဂျူဟီးတကယ်ကို စိတ်လေနေသည်။ သူမငယ်ငယ်ကတော့ သူမရဲ့ကစားဖော်လေးကို အရမ်းသဘောကျခဲ့ရတာဖြစ်သည်။ အခုတော့ နာမည်ပင်မကြားချင်လောက်အောင် ဘဲ့ဂယွန်းက စိတ်ပျက်ဖို့ကောင်းလာသည်။

သူ့အပေါ် သူငယ်ချင်းထက်ပိုမတွေးနိုင်တော့ မိဘတွေကတစ်ဆင့် စေ့စပ်ကြောင်းလမ်းလာခဲ့၏။ စေ့စပ်ထားတော့ရော ဘာအရေးလဲ။ သူမ မချစ်တဲ့လူကိုတော့ မယူနိုင်ပါဘူး။


.

.


အလုပ်သွားရင်း လမ်းက public toiletတစ်ခုမှာဝင်ကာ ထယ်ယောင်းအဝတ်လဲရသည်။

ပြီးမှ ကျန်တဲ့လမ်းကို ဆက်သွားရသည်။


"ဘာပြောတာလဲ အဖွားကဆိုးလ်ကိုလာမလို့လား"


"ဟုတ်တယ် အဖွားကို ကျန်းမာရေးလေး သေချာစစ်ဆေးပေးချင်လို့"


ထယ်ယောင်း သူ့မိဘတွေက ဖုန်းဆက်လာ၍ ဖုန်းပြောနေခြင်း။


"ဆေးစစ်မှာလား ကျွန်တော့်ပိတ်ရက်ကိုလာခဲ့လေအမေ အဲ့နေ့ဆိုလိုက်ပို့ပေးမယ်"


"နင့်အဒေါ်နဲ့သွားမှာ"


"အဒေါ်.. ဒေါ်လေးထယ်ဟီးလား"


"အေးဟေ့ ဒီမိသားစုထဲမှာ လွတ်လွတ်လပ်လပ် အားယားနေတာ ငါကလွဲဘယ်သူရှိသေးလို့လဲ"


ထယ်ယောင်းအမေးအဆုံး ဖုန်းထဲက စူးခနဲထွက်လာတဲ့အသံကြောင့်ရယ်မိသည်။


"တကယ်ပါပဲ အပျိုကြီးတွေများ ဇီဇာကြောင်လိုက်တာ"


"ဟယ် ကောင်စုတ်လေး အဲဒါဘယ်သူ့ကြောင့်လဲ တစ်ချိန်လုံး အမေထက်ငါ့ကိုပဲကပ်ပြီး နောက်ကတကောက်ကောက်လိုက်နေတဲ့နင့်ကြောင့်လေ ငါ့ကိုအားလုံးက ကလေးအမေထင်နေကြတာ"


"စတာပါဒေါ်လေးကလည်း ကျွန်တော်ကဒေါ်လေးကို လုပ်ကျွေးမှာပေါ့လို့"


"အဟွန်း..."


"ဖုန်းချလိုက်တော့မယ်နော် ကျွန်တော်စာလုပ်ရမှာမို့"


ထယ်ယောင်း ကလပ်နားရောက်တော့ ဖုန်းချလိုက်သည်။ သူအလုပ်လုပ်နေတာကို အိမ်ကိုပေးမသိချင်။

သူကအိမ်ကိုတာဝန်ပေါ့စေချင်လို့ဆိုပေမယ့် စိတ်မကောင်းဖြစ်သွားကြမှာကိုလည်း စိုးရိမ်သည်။


ထိုအချိန် သူ့နောက်ကျောဘက်ကအရိပ်တစ်ခု။

မရင်းနှီးတဲ့ပျို့အန်ချင်စရာအနံ့တစ်ခု ရလိုက်သဖြင့် အသက်ရှူအောင့်လိုက်မိစဥ် ပုဝါတစ်ခုဖြင့် သူ့နှာခေါင်းကို အအုပ်ခံလိုက်ရသည်။

ထယ်ယောင်းချက်ချင်းမူးမေ့မသွားပေမယ့် မလှုပ်နိူင်သဖြင့် အသာလေး သတိမေ့ချင်ယောင်ဆောင်လိုက်သည်။

ပုံရိပ်တွေက ဝေဝေဝါးဝါးဖြင့်။ 

သူ့ကို ဗန်ကားအဖြူတစ်စီးရဲ့နောက်ခန်းထဲ သယ်သွားတာကို ခိုးကြည့်ရင်းသိလိုက်သည်။


"ချီးပဲ ခုမှအခွင့်အရေးရတော့တယ်... ဒီကောင်မ ငါ့ကို ထိုးထားတာ မကျေနပ်ဘူး... သိပ်တန်ဖိုးရှိနေတယ်ပေါ့လေ ငါကဖျက်ဆီးပေးရမှာပေါ့"


အသံတွေကြားနေရပေမယ့် သူဆော်ခဲ့တာ တစ်ယောက်နှစ်ယောက်ပဲမဟုတ်တာမို့ ဘယ်သူဆိုတာမခန့်မှန်းနိုင်ချေ။


"မောင်းတော့"


အမိန့်ဆန်ဆန်အသံနှင့်အတူ ကားစက်နှိုးသံကြားရသည်။

ထယ်ယောင်း မူးဝေနေတဲ့ကြားက ဖုန်းကိုထုတ်ကာ အစ်ကိုဒုံဟွန်းရဲ့ဖုန်းနံပါတ်ကိုရှာပြီး Smsတစ်ခုကို ကြိုးစားပို့လိုက်သည်။ 

ခဏအကြာမှာတော့ သူအိပ်ပျော်သွားခဲ့သည်။


ဂျောင်ဂု မမရှိတဲ့ကလပ်အနီးမှာ ဂျီမင်းနှင့်အတူ လမ်းဘေးစာတွေပတ်စားနေခြင်း။

အမေကလည်း သူ့တူပါတော့ စိတ်ချလက်ချပင် အပြင်ထွက်ခွင့်ပေးသည်။


"Clubရှိတာကို သွားရအောင် "


"မရဘူး "


မမစကားကိုမပယ်ရှားချင်တာမို့ သူတွန့်ဆုတ်ခြင်းမရှိ ငြင်းပစ်သည်။

ဒါပေမယ့် မမက ကလပ်ကိုမလာနဲ့လို့ပဲပြောထားတာ၊ ကလပ်နားမလာဖို့မပြောထားဘူးလေ။

ကံကောင်းရင် တွေ့ရမလားဆိုတဲ့အတွေးနှင့် သူရစ်သီရစ်သီလုပ်နေခြင်း။


ထိုအချိန် ကတောင်ဟူသော အသံဖြင့်ဝင်လာတဲ့message။

သူထုတ်ကာ ဖတ်ကြည့်မိတော့။

အိန်ဂျယ်ဆိုတဲ့နံပါတ်က ပို့လာခြင်းပင်။ အိန်ဂျယ် သူ့အိန်ဂျယ် သူ့ရဲ့မမ။

"ကလပ်အနောက်ဘက် အဖြူရောင်ဗန်ကား.."


စာလုံးပေါင်းတွေမမှန်ပေမယ့် ဂျောင်ဂုဖတ်တတ်နေဆဲပင်။

ထိုအချိန် ကလပ်ရှိရာလမ်းကြားလေးထဲက အဖြူရောင်ဗန်ကားတစ်စီးထွက်လာသည်။

မမဘာပြောချင်သလဲမသိပေမယ့် ငါးအူချောင်းစားနေတဲ့ ဂျီမင်းကို ခေါ်ကာ တက္ကစီတားရင်း ထိုကားနောက်ကို လိုက်မိတော့သည်။


"ချီးထဲမှ မင်းဖင်ခွေးလိုက်ဆွဲလို့လား လန့်လိုက်တာ "


ပါးစပ်ထဲတွင် fish cakeအပြည့်ဖြင့် ဂျီမင်းက သူ့ကိုအော်ဆဲသည်။

ကားက မြို့ပြင်က စွန့်ပစ်စက်ရုံကြီးအနားမှာ ရပ်သွားသည်။

ဂျောင်ဂုတို့လည်း ခပ်လှမ်းလှမ်းမှာရပ်ကာ ချောင်းကြည့်နေလိုက်သည်။


ထိုအချိန် ဗန်ကားထဲကလူ၂ဦးထွက်လာပြီး မိန်းကလေးတစ်ယောက်ကို သယ်ထုတ်လာသည်။

မမသာဆို ဆံချည်တစ်မျှင်ကအစ မှတ်မိနေတဲ့ဂျောင်ဂုတစ်ယောက် အဲဒီ့မိန်းကလေးက သူ့မမဆိုတာသေချာသွားသည်။


"ကျေးဇူးပါ ဦးလေးကြီး ပြန်လိုက်တော့နော်"


ကြာကြာနေချင်ပုံမရတဲ့ ဦးလေးကြီးကို ငွေရှင်းပေးကာ ဂျောင်ဂု ကားပေါ်ကဆင်းသည်။


"ဂျီမင်း သွေးပူလေ့ကျင့်ခန်းလုပ်မလား"


"ဘာကိုလဲ..."


ဂျောင်ဂု တုတ်ကြီးကြီးတစ်ချောင်းကို ကောက်လိုက်တော့ ဂျီမင်းကအထာပေါက်သလို ပြုံးသည်။


"ကောင်းလိုက်တာ ဒီလာပြီးထဲက ငါရိုက်စရာလူရှားလို့ပျင်းနေတာ"


ဇက်ကို ဟိုသည်ချိုးရင်း ခါးကြားထဲက ဘေ့စ်ဘောတုတ်ကို ဆွဲထုတ်တဲ့ဂျီမင်း။


"လခွမ်း နေရာတကာ ဒါကြီးယူပြီးသွားနေတာလားဟ"


"အေးလေ ရန်ပွဲကဘယ်အချိန်စမလဲ မင်းသိလို့လား"


ဂျောင်ဂုမှာ အခုမှ မနိုင်ဘူးဆိုတဲ့စကားကို အထာပေါက်တော့သည်။


နှစ်ယောက်သား စက်ရုံထဲဝင်လိုက်တော့ မင်းအရင်၊ ငါအရင်ဟုဆိုကာ အငြင်းပွားနေသူနှစ်ဦးကို တွေ့လိုက်ရသည်။

မမကမူ ဖုန်တွေတက်နေတဲ့ အခင်းပေါ် ခွေခွေလေးလဲကျကာ ညည်းညူနေလျက်။


"ခွေးမသားတွေ ! !"


ဂျောင်ဂု အော်ဟစ်ရင်းပြေးဝင်သွားတော့ ဂျီမင်းကပါ ဝမ်းသာအားရ လိုက်လာသည်။

ခြေကန်ချက်ပစ်ကျွေးလိုက်ပြီး ထိုလူနှစ်ယောက်ကို ဂျီမင်းနှင့်လွှဲကာ ဂျောင်ဂု မမထံပြေးသွားလိုက်သည်။


"မမ.. မမ! ! မမ ထပါဦး"


လက်နှင့်ပွေ့ကာထူရင်း ဆက်တိုက်ခေါ်မိချိန် မျက်လုံးဖြည်းဖြည်းချင်းဖွင့်လာတဲ့မမ။


"မမ ကျွန်တော်လေ.. မှတ်မိရဲ့လား ကျွန်တော်ဘယ်သူလဲသိလား "


"ဂျောင်ဂုဂီလား ဘယ်လိုရောက်လာတာလဲ"


"တော်သေးတာပေါ့မမရာ"


"ငတုံးလေး အန္တရာယ်များတာမသိဘူးလား"


"ဟင့်အင်း ကျွန်တော်ဘာမှမတွေးနိုင်တော့ဘူး မမကိုထပ်မတွေ့ရတော့မှာကိုပဲ ကြောက်နေခဲ့တာ"


ဂျောင်ဂု ဝမ်းသာလွန်းလို့မျက်ရည်တောင်ကျချင်လာသည်။

မမကိုရင်ခွင်ထဲဆွဲသွင်းမိတဲ့အခိုက်အတန့် ယောင်ဝါးဝါး ဖြစ်နေပုံရတဲ့ မမဆီက စကားသံတိုးတိုးကို ကြားလိုက်ရသည်။


"မင်းကြောင့် ငါကိုယ်တိုင်လည်း ရှုပ်ထွေးကုန်ပါပြီ ကောင်ဆိုးလေးရယ်"


ပြောပြီးတာနှင့် ပြန်အိပ်ပျော်သွားတဲ့မမ။

ဂျောင်ဂု မမရဲ့နှုတ်ခမ်းရဲရဲလေးတွေကို စိုက်ကြည့်နေမိ၏။


သူတကယ်ပဲ မမကို နမ်းချင်လိုက်တာ။


သူ့မျက်နှာကို တဖြည်းဖြည်းငုံ့သွားမိချိန်...


"ခွေးကောင် မင်းအဖေကိုလာကူဦးဟ"


ဂျီမင်းရဲ့အခဲမကြေတဲ့အော်သံကြောင့် ဂျောင်ဂုအသိစိတ်တွေ ပြန်ကပ်သွားခဲ့သည်။တကယ်ပါပဲ သူစည်းကျော်မိတော့မလို့။