အခန်း ၃၉
Viewers 10k

Chapter 39

CHAPTER 39


အကျဉ်းထောင်ထဲရှိလေထုမှာ နှစ်လိုဖွယ် ကောင်းစွာ တိတ်ဆိတ်နေခဲ့သည်။ မဟုတ်သေး။ ထူးထူးဆန်းဆန်း ထိတ်လန့်ဖွယ်ကောင်းလာသည်။


ကုဟွိုက်က အရင်ဆုံး မျက်တောင်ခတ်လိုက်ပြီး သတ္တမမြောက် ကြယ်တာရာမဟာမိတ်အဖွဲ့ခွဲ၏ခေါင်းဆောင်အား သံသယဝင်သောအကြည့်များဖြင့် ကြည့်လိုက်သည်။ ၎င်းတို့ကို မည်မျှစစ်မေးမေး ဘာမှမပြောပါဟုသူပဲပြောထားခဲ့သည်မဟုတ်ပါလား။ မည်သည့်သတင်းအချက်အလက်မျှကိုလည်း သိရှိနိုင်ရန်လမ်းမမြင်ဟု ပြောခဲ့ခြင်းမဟုတ်ပါလား။


စစ်ဆေးမေးမြန်းရန် တာဝန်ကျသည့်သူက မေးခွန်းသင်္ကေတများနှင့် ပြည့်နှက်သွားရပြီး မည်သည့်တုံ့ပြန်မှုမျှ မပေးနိုင်တော့ချေ။ ထို့နောက် သူက ကုဟွိုက်၏အကြည့်အား သတိထားမိပြီး သူ၏ဝိညာဉ်က ပြန်လည်သက်ဝင်လာရသည်။ ခေါင်းဆောင်က လျင်မြန်စွာ ရှင်းပြလာ၏။ 


“အရင်တုန်းက သူတို့ တကယ်စကားမပြောကြတာ ကျွန်တော်တို့ကို ဘာတုံ့ပြန်မှုကိုမှ ပြချင်ကြတာမဟုတ်ဘူး သူတို့က ညှိနှိုင်းဖို့ကို ငြင်းပဲငြင်းနေကြတာ ဒီကိစ္စနဲ့ပက်သက်ပြီး ကျွန်တော်တို့ အရှင့်ကို မညာပါဘူး.."


စစ်ဆေးမေးမြန်းရန် တာဝန်ကျသည့်သူက ကုဟွိုက်အထင်လွဲသွားမည်ကို စိုးရိမ်ပြီး နဖူးထက်တွင် ချွေးစီးများ စီးကျလာရသည်။ ကုဟွိုက်က ယုံကြည်ခဲ့သည်။ တစ်ဖက်လူက ဤမျှထိနိမ့်ကျသည့်လိမ်ညာမှုကိုပြောဆိုမည်ဟု သူမထင်ခဲ့ပေ။ ထို့ကြောင့် သူက မယုံကြည်မှုများမရှိကြောင်းပြသရန် ခေါင်းညိတ်ပြလိုက်သည်။


မိုးမှောင်မျှော်စင်မှစစ်သားတစ်ယောက်သည်လည်း ၎င်း၏အဖော်က ထိုသို့ပြောဆိုလိုက်ခြင်းကြောင့် ထိတ်လန့်သွားရသည်။ သူက အိပ်နေရာမှ အပြင်ကလူများကို ကြည့်လျက် မျက်လုံးပြူးသွားရသည်။ ယခုတော့ တစ်ဖက်လူအား ဆူပူရန် မျက်လုံးပြူးပြူးဖြင့် အော်ပြောလိုက်သည်။ 


“မင်းဘာတွေပြော—”


သူ စကားတစ်ခွန်းကိုပင် အဆုံးသတ်သည်အထိ မပြောလိုက်နိုင်ပေ။ ကော်လင် မျက်လုံးဖွင့်ကြည့်ပြီး ဖောက်ထွင်းမြင်နိုင်သည့်နံရံအပြင်မှ ရပ်နေသောလူငယ်လေးကို တွေ့လိုက်ရသည်။ ၎င်း၏ ဦးနှောက်က မဖော်ပြနိုင်သောခံစားချက်များအချို့ကြောင့် ရုတ်တရက် ထိတ်လန့်သွားရသည်။ လည်ချောင်းထဲတွင် ပိတ်ဆို့သွားရပြီး အသံများလည်း ပျောက်ကွယ်သွားရ၏။


မူမမှန်သည့် ထူးဆန်းသောတုံ့ပြန်မှုများဖြစ်သော်လည်း ကော်လင်က သူ့အဖော်အား ထိတ်လန့်ပြီးသည့်တိုင်အောင် စူးစူးဝါးဝါးကြည့်လိုက်သည်။ ထိုအချိန်တွင် မိုးမှောင်မျှော်စင်စစ်သားက သူပြောခဲ့သည့်စကားအား ပြန်တွေးမိကာ မျက်နှာထားက ချက်ချင်းပြောင်းလဲသွားသည်။


မိုးမှောင်မျှော်စင်စစ်သားများ၏ အမူအရာကို ကုဟွိုက်က ကြည့်နေပြီး ၎င်းတို့၏ မျက်ဝန်းများကိုတွေ့သောအခါ ရင်းနှီးကျွမ်းဝင်မှုအချို့အား ခံစားလိုက်မိသည်။ သူ့အနောက်မှာရပ်နေသော ဘီတာအဆင့်ဇက်များသကဲ့သို့ ပယင်းရောင် ဒေါင်လိုက်မျက်ဆံများဖြစ်သည်။ ထိုသို့တွေ့ရှိမှုက ကုဟွိုက်အား အနည်းငယ် မှင်သက်သွားစေပြီး သူ့နှလုံးသားထဲတွင် ခန့်မှန်းမှုတချို့ပေါ်လာရသည်။ 


“မင်း…”


ကုဟွိုက်က တခြားဘာမှမပြောခဲ့ပေ။ မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်အား တိတ်တဆိတ် ငေးကြည့်နေမိသည်။ သူ့မျက်နှာထားနှင့် တိတ်ဆိတ်မှုက စစ်သားနှစ်ယောက်အား ဆေးထိုးအပ်ပေါ်တွင် ရပ်နေသလို ခံစားမိစေသည်။ ၎င်းတို့မှာ စိတ်မသက်မသာဖြစ်သွားရ၏။


သူတို့က… သူတို့က ဘာလဲ…


မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်က ၎င်းတို့၏မျက်နှာပေါ်တွင် ခံစားချက်တစ်စုံတစ်ရာ မပြသပေ။ တိတ်ဆိတ်မှုပြီးနောက်တွင် ကုဟွိုက်က သူ့အနောက်က ကြီးကြပ်ရေးမှူးကို ပြောလိုက်သည်။


 “အရင်ဆုံး ပြန်ရအောင် ဒီစစ်သားနှစ်ယောက်ကို မနက်ဖြန် မဟုတ်ရင်လည်း နောက်တစ်ခေါက်မှ လာတွေ့ကြမယ်..”


ကုဟွိုက်အနောက်ကိုလိုက်သွားရသည့် ဇက်က မည်သည့်အကြံညဏ်မှမရှိပေ။ သူတို့ဘုရင်၏ နောက်လိုက်များသာဖြစ်ချင်ကြပြီး ကုဟွိုက် ဘယ်သွားသွား လိုက်ချင်ကြသည်။ ရုတ်တရက် စိတ်ပြောင်းသွားရခြင်းနှင့် ပက်သက်ပြီး မည်သည့်ပြဿနာမျှမရှိ။ ကုဟွိုက်က သူ့ဇက်နှင့်အတူ အကျဉ်းထောင်မှထွက်လာပြီး ခေါင်းဆောင်ဖြစ်သူက သူတို့နေရမည့်နေရာသို့ လမ်းညွှန်ပြသပေးသည်။ 


ကုဟွိုက်က ဖြည်းဖြည်းချင်းထွက်ခွာသွားပြီး အကျဉ်းချခံထားရသည့် မိုးမှောင်မျှော်စင်စစ်သားနှစ်ဦးက သူသွားရာနောက်ကို အတင်းလိုက်ကြည့်ကြသည်။ သူ့နောက်ကျောကို မမြင်နိုင်တော့သော်လည်း သူတို့သည် ပျောက်ကွယ်သွားသည့်နေရာအထိ မှင်တက်စွာကြည့်၍ ကျန်ခဲ့ကြလေ၏။


ကုဟွိုက်က ဧည့်သည်အပန်းဖြေရာနေရာတွင် ထိုင်ခုံနေရာတွေ့သွားသည်။ သူက သတ္တမမြောက်အဖွဲ့ခွဲခေါင်းဆောင်အား တိုက်ရိုက်မရှောင်ကျဉ်ခြင်းမရှိပဲ နေရာတွင် ထိုင်ချပြီးနောက်ပိုင်း ပြောဆိုကြေညာလိုက်သည်။ 


“မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်မှာ ဇက်မျိုးနွယ်တွေနဲ့ပေါင်းစပ်ထားတဲ့ မျိုးရိုးဗီဇရှိတယ်..”


ကုဟွိုက် သူသိရှိထားသည့်အရာအား ဖြည်းဖြည်းချင်း ထုတ်ပြောလိုက်သည်။ ထိုဖြစ်ရပ်က သူ ကိုဗေးကြယ်အစုအဝေးကိုမလာခင်က စိတ်မကူးမိခဲ့သည့် ဖြစ်နိုင်ချေတစ်ခုဖြစ်သည်။ သူတွေ့ရှိပြီးသည့်နောက်ပိုင်း စိတ်ခံစားချက်များက အနည်းငယ် အတက်အကျဖြစ်သွားရ၏။ ကုဟွိုက်က မိုးမှောင်မျှော်စင်စစ်သားများ၏ မျက်ဝန်းကိုတွေ့လိုက်သောကြောင့် ထိုကိစ္စကို ဆုံးဖြတ်ချက်ချခဲ့ခြင်းမဟုတ်ပေ။ ဒေါင်လိုက်မျက်ဆံများက ဇက်မျိုးနွယ်စုများ၏ လက္ခဏာရပ်တစ်ခုဖြစ်နိုင်သော်လည်း ထိုသို့ အင်္ဂါရပ်မျိုးရှိခြင်းက ဇက်မျိုးနွယ်စုတစ်ခုတည်းတွင်မဟုတ်ချေ။


အမှန်တကယ်ဖြစ်သည့်အကြောင်းပြချက်မှာ ကုဟွိုက်က ဖောက်ထွင်းမြင်နိုင်သည့် အပိုင်းအခြားနားတွင် ရပ်နေစဉ် မိုးမှောင်မျှော်စင်စစ်သားများ၏ ခံစားချက်များကို အာရုံခံနိုင်သည်ဟု သူ့ကိုယ်သူထင်ခဲ့သောကြောင့်ဖြစ်သည်။ ထိုစွမ်းရည်က ဇက်များအပေါ်တွင်သာအလုပ်ဖြစ်သည့်အရာဖြစ်သင့်သည်။ သူမကြိုးပမ်းခဲ့မိသော်လည်း မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်နှင့် ဝိညာဉ်ချိတ်ဆက်မှုအား တည်ထောင်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ သေချာလုနီးပါးဖြစ်ခဲ့သည်။


အနား၌ရှိသည့် ဇက်များက ကုဟွိုက်၏ စကားကိုမတုံ့ပြန်ပေ။ ၎င်းတို့သည် ထိုဖြစ်ရပ်နှင့်ပက်သက်ပြီး ခံစားချက်ကင်းမဲ့နေဆဲဖြစ်ကာ စိတ်ခံစားချက်အတက်အကျများလည်း မရှိပေ။ 9သို့သော်လည်း သတ္တမမြောက်ကြယ်တာရာမဟာမိတ်အဖွဲ့ခွဲ၏ခေါင်းဆောင်နှင့်တော့ မတူညီပေ။


ယခုလေးတင်ဖြစ်ခဲ့သည့် မိုးမှောင်မျှော်စင်စစ်သားနှစ်ဦး၏ ထူးဆန်းသည့်တုံ့ပြန်မှုများကို ယှဉ်တွဲကြည့်ပြီး ခေါင်းဆောင်က သိမြင်ရှင်းလင်းသွားသည့်အမူအရာအား ပြသလိုက်သည်။ သူ့အရှေ့မှာရှိနေသည့် ဆံပင်အနက်ရောင်နှင့်လူငယ်လေးက ဇက်မျိုးနွယ်စုတစ်ခုလုံးအတွက် မည်သည့်အဓိပ္ပာယ်ရှိမှုများကို ဖော်ဆောင်ပါသနည်း။ ဂြိုဟ်ပေါင်းများစွာကို ထိတ်လန့်စေခဲ့သည့်ဖြစ်ရပ်ကိုကြည့်မည်ဆိုလျှင် သိသာထင်ရှားပါသည်။


ထိုဇက်အဖွဲ့သည် ၎င်းတို့၏ဘုရင်ရှေ့တွင် မည်သည့်လုပ်ပိုင်ခွင့်မျှမရှိပေ။ အလိုလိုအညံ့ခံအရှုံးပေးခြင်းတစ်ခုတည်းမဟုတ်ပဲ ထင်ရှားသိသာသည့် ချစ်ခြင်းမေတ္တာရှိသည်။ လူငယ်လေး၏မျက်ဝန်းနှင့် မျက်နှာအမူအရာများလောက်နှင့်တင် ၎င်းတို့၏ စိတ်ခံစားချက်များအား တုန်ခါနိုင်ရန်လုံလောက်သည်။


မိုးမှောင်မျှော်စင်စစ်သားများတွင် ဇက်မျိုးရိုးဗီဇများရှိနေသည်။ ထိုစစ်သားသည်လည်း မျိုးရိုးဗီဇ၏သက်ရောက်မှုကြောင့် ကုဟွိုက်အား အလိုအလျောက်အရှုံးပေးခဲ့ခြင်းများလား။ ထိုအကြောင်းကိုတွေးမိလေ ခေါင်းဆောင်ဖြစ်သူ၏ မျက်ဝန်းများက ပို၍လင်းလက်လာလေဖြစ်သည်။


“အဲဒီလိုသာဆိုရင်… စုံစမ်းစစ်ဆေးမှုက မတူညီတဲ့ရလဒ်ထွက်လာသင့်တယ်လို့ထင်တယ်..”


 ခေါင်းဆောင်သည် မထင်မှတ်ထားဘဲ ပြဿနာများကိုကျော်လွှားနိုင်ခဲ့ပြီး ၎င်း၏စိတ်လှုပ်ရှားမှုများကိုလည်း ဖိနှိပ်ချုပ်တည်းလိုက်သည်။


ကုဟွိုက်က ချက်ချင်းပြန်မဖြေသေးပဲ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်က သူ့အနားရှိဇက်များနှင့် အမျိုးအစားတူညီပြီး ၎င်းတို့နှင့် ဝိညာဉ်ချိတ်ဆက်မှုအား ဖန်တီးနိုင်သည်။ ထို့ကြောင့် ကုဟွိုက်က ၎င်းတို့အား ဘယ်လိုဆက်ဆံရမည်ကိုမသိချေ။


“စုံစမ်းစစ်ဆေးမှုက အရမ်း… သူတို့ကို အပြစ်မပေးပါနဲ့ မနက်ဖြန်အထိ သူတို့ဘာမှမပြောဘူးဆိုရင် ကျွန်တော်နည်းလမ်းရှာပါ့မယ်..” ကုဟွိုက်က တာဝန်ကျသည့်သူအား မပြောခင် သေချာတွေးခဲ့သည်။


အမှန်တွင် မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်သည် ကြယ်တာရာမဟာမိတ်အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ကုဟွိုက်က ရှုထောင့်အမျိုးမျိုးကနေ ဝင်ရောက်မစွက်ဖက်နိုင်ချေ။ သူ ထိုကိစ္စနှင့်ပက်သက်၍ သေချာစဉ်းစားရန်လိုသည်။ ခေါင်းဆောင်ဖြစ်သူက ရိုးရှင်းစွာပင်ခေါင်းညိတ်လိုက်၏။


 “ကျွန်တော်တို့လည်း သူတို့ကို အပြစ်မပေးချင်ပါဘူး.."


ညှင်းပန်းနှိပ်စက်ခြင်းများထက်ပိုပြီး ထိရောက်သည့် နည်းလမ်းကို ခေါင်းဆောင်က တွေးထားပြီးဖြစ်သည်။ အကျဉ်းထောင်ဆီသို့ ပြန်မသွားခင် တာဝန်ကျသူက ၎င်း၏အတွင်းရေးမှုးအားခေါ်လိုက်ပြီး သူ့အတွက် ပစ္စည်းတစ်ခုအားယူလာရန် ခိုင်းလိုက်သည်။


သူလိုချင်တာရပြီးသည်နှင့် ခေါင်းဆောင်ဖြစ်သူက မေးမြန်းစစ်ဆေးသူများအား မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်အား အကျဉ်းချထားသည့် ထောင်ရှိရာသို့ ခေါ်ဆောင်သွားလေတော့သည်။ ထိုအချိန်တွင် သူတို့သည် မျက်နှာချင်းဆိုင် စစ်မေးရနဖအတွက် အထဲသို့ဝင်သွားကြသည်။ မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်၏ပုံစံက ဤတစ်ခေါက်၌ အလွန်သာမန်ဖြစ်နေသည်။ ၎င်းတို့သည် သတ္တမမြောက်ကြယ်တာရာမဟာမိတ်အဖွဲ့ခွဲ၏ခေါင်းဆောင်နှင့် မေးမြန်းစစ်ဆေးသူများအား ကောင်းမွန်သည့်မျက်နှာထားကို မပြသပေ။ သူတို့၏အမူအရာများက ရေခဲဆိုင်ကဲ့သို့အေးစက်နေကြ၏။


ယခင်က မူမမှန်သည့်တုံ့ပြန်ချက်က ၎င်းတို့၏အမှားဟုယူဆနိုင်သည်။ အဖြူရောင်အကျဉ်းထောင်ထဲတွင်ရှိသော မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်သည် ယခုအချိန်၌ အေးဆေးတည်ငြိမ်နေကြပြီး ခုနလေးကမှ ၎င်းတို့၏နှလုံးသားထဲတွင်ဖြစ်ခဲ့သော ခံစားချက်များအား မျိုသိပ်ထားကြသည်။ ကြယ်တာရာမဟာမိတ်အဖွဲ့မှလူက အရင်ဆုံးနှုတ်ဟလာသည်။


“မင်းတို့ ခုနကပြောလိုက်တာ သိပ်မသဲကွဲပေမယ့် အဲဒီအဓိပ္ပာယ်က ငါတို့ကို မိုးမှောင်မျှော်စင်နဲ့ပက်သက်ပြီး သတင်းအချက်အလက်တွေပေးချင်လို့မလား..” မိုးမှောင်မျှော်စင်စစ်သားများနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေပြီး မေးမြန်းစစ်ဆေးသူများက ၎င်းတို့၏အလုပ်ကို စတင်ကြသည်။


ရေးစ်က မေးမြန်းစစ်ဆေးသူဝတ်ထားသည့် ဆွဲငင်အားလက်စွပ်ကိုကြည့်ကာ လှောင်ရယ်လိုက်၏။ “စိတ်တောင်မကူးနဲ့...”


မျှော်မှန်းထားသည့်အဖြေဖြစ်ပြီး ဤတစ်ခေါက်တွင်တော့ ခေါင်းဆောင်ဖြစ်သူက ကြားဖြတ်ပြောလာသည်။


 “ဒါမှမဟုတ် မင်းတို့ မိုးမှောင်မျှော်စင်နဲ့ပက်သက်ပြီး သတင်းတစ်ခုခုပြောပြမယ်ဆိုရင် ငါတို့နဲ့ အပေးအယူတစ်ခုခုလုပ်လို့ရတယ်...”


“ပြောလိုက်ပါ အဲဒီလိုဆိုရင် မင်းတို့ထပ်တွေ့ချင်နေတဲ့လူနဲ့ တွေ့ခွင့်ပေးမယ် ဥပမာ မင်းတို့ ခုနလေးကမှတွေ့ခဲ့တဲ့ ဇက်ဘုရင်ပေါ့..” 


ခေါင်းဆောင်က ထိုစကားကို သာမန်အနေဖြင့်ပြောလိုက်သော်လည်း မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်၏ အမူအရာကို တိတ်တဆိတ်လေ့လာနေခဲ့သည်။


ထိုစကားကို ခေါင်းဆောင်ပြောလိုက်သည့်အချိန်တွင် မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်၏ ဒေါင်လိုက်မျက်ဆံများကအနည်းငယ်စုကျုံ့သွားခဲ့သည်။ တခြားသူများမမြင်နိုင်သော်လည်း သူတို့ဖုံးကွယ်ထားသော ထူးဆန်းသည့်ခံစားချက်များက တစ်ဖန်ပြန်လည်မြင့်တက်လာကြောင်းကို ခံစားမိလိုက်သည်။


ထိုသို့မူမမှန်သည့်ခံစားချက်များက ‘ဇက်ဘုရင်’ ဆိုသောစကားကိုကြားသည့်အချိန်တွင် မူမမှန်စွာပဲ ပြင်းထန်လာကြပြီး သိပ်မကြာသေးခင်ကမှတွေ့ခဲ့သည့် အနက်ရောင်ဆံပင်လူငယ်လေးနှင့် ထိုစကားများကို ဆက်စပ်ကြည့်ကြသည်။


သူတို့သည် ထူးထူးခြားခြား ကုဟွိုက်အား တွေ့ချင်နေမိ၏။


“ငါတို့ ဘယ်သူ့ကိုမှမတွေ့ချင်ဘူး” ကော်လင် သူ့အဖော်အစား အေးစက်စက်ဖြင့်ပြောလိုက်သည်။


ရေးစ်က သူခုနကလုပ်ခဲ့သောအပြုအမူကို အမှတ်ရမိသွားသည်။ ယခုအခါတွင်တော့ သူသည် ခံစားချက်ကင်းမဲ့စွာဖြင့် သူ့အဖော်နှင့်တူညီသည့် အမူအရာအားလုပ်လိုက်သည်။ တစ်ကြိမ်တစ်ခါတည်းကလည်း လုံလောက်ပါသည်။ ထိုစကားများကို ပြောခဲ့မိခြင်းက သူ့ဦးနှောက်ပျက်စီးသွားမှုကြောင့်ဖြစ်ရမည်။ ထိုသို့သောဖြစ်ရပ်အား ဒုတိယအကြိမ်အဖြစ်မခံနိုင်တော့ပေ။


“ဖြစ်နိုင်တာကတော့… မင်းတို့တွေ့ချင်တဲ့လူကိုတွေ့ရရုံတင်မဟုတ်ပဲ သူနဲ့လည်း စကားပြောလို့ရမှာနော်...” ခေါင်းဆောင်ဖြစ်သူက စကားကိုထပ်ဆောင်းပြောဆိုလိုက်သည်။


စ…စကားပြောရမယ်တဲ့လား… သူ့နှလုံးသားအား မည်သည့်အရာက ထိုးနှက်သွားကြောင်းကို မသိလိုက်ရချေ။ ထိုစကားကိုကြားသည်နှင့် ရေးစ်က အနည်းငယ်တုန်ယင်သွားရသော်လည်း သူ့အဖော်၏စကားများက သူ့ခေါင်းပေါ်သို့ အေးစက်သောရေကို ဇလုံလိုက် လောင်းချခံလိုက်ရသလိုပင်။


“ထတော့...” ရေးစ်က ယိမ်းယိုင်တုန်လှုပ်ကာ ပို၍ အေးစက်လာသည်ကို ကော်လင်တွ့သွားသည်။ ထို့နောက်တွင်တော့ ရေးစ်က အနည်းငယ်တည်ငြိမ်သွားခဲ့သည်။ သူ့အဖော်၏ မမှိတ်မသုန် တည်ကြည်မှုနဲ့ သူ့ကိုယ်သူ ယှဉ်ကြည့်လိုက်သောအခါ အနည်းငယ်ရှက်ရွံမှုအားခံစားလိုက်ရသည်။


အလုပ်မဖြစ်သည့်အတွက်ကြောင့် သူတို့သည် သူတို့၏အကောင်းဆုံးလက်နက်ကို ထုတ်သုံးရပေတော့မည်။ မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်၏ တုံ့ပြန်မှုကိုတွေ့ရှိပြီးနောက်ပိုင်း ခေါင်းဆောင်ဖြစ်သူက သူ့အိတ်ကပ်ထဲမှ ဆံပင်အနက်ရောင်နှင့်မျက်လုံးအနက်ရောင်ရှိသည့် အရုပ်သေးသေးလေးအားထုတ်လိုက်သည်။


“ဒါနဲ့အတူ ပေါင်းစပ်ကြတာပေါ့..” ခေါင်းဆောင်က ဆက်ပြောသည်။ “တစ်ခုတည်းရှိတာဆိုတော့ အရင်ဆုံး သတင်းအချက်အလက်တွေပြောပြတဲ့သူကို ဒါလေးပေးမယ်...” 


မေးမြန်းစစ်ဆေးသူအပြင် တခြားသူတစ်ယောက်ယောက်ထပ်ရှိပါလျှင် ထိုလှည့်စားမှုက အလုပ်ဖြစ်မည်ဟု ခေါင်းဆောင်စိတ်ကူးမိလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ၎င်းတို့သည် ဇက်မျိုးနွယ်စုများနှင့် မျိုးနွယ်တူသည့် စစ်သားနှစ်ယောက်ဖြစ်ပေသည်။ ထိုနည်းလမ်းက အလွန်အသုံးဝင်လိမ့်မည်ဟု ခေါင်းဆောင်က ခံစားမိလိုက်သည်။


သတ္တမမြောက်ကြယ်တာရာမဟာမိတ်အဖွဲ့ခွဲ၏ခေါင်းဆောင်က အရုပ်သေးသေးလေးအား ဆွဲထုတ်လိုက်သည်နှင့် မည်သူတစ်ဦးတစ်ယောက်မျှမတုံ့ပြန်ခင် ကော်လင်က သူ့ဘေးကစားပွဲပေါ်ရှိအဝတ်စုတ်အားယူ၍ သူ့အဖော်၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်လေသည်။ ထို့နောက် သူက မည်သည့်အမူအရာမှမပြသပဲ တုံ့ပြန်ပြောဆိုလိုက်သည်။


 “ငါပြောမယ်..”