အခန်း ၆၇
Viewers 10k

Chapter 67

Chapter 67


 UNCENSORED


ကုဟွိုက် ရှက်ရွံ့မှုကို လုံးဝမထိန်းချုပ်နိုင်ပေ။ သူ့ပါးပြင်မှ အပူများက သူ့လည်ပင်းဆီသို့ ပျံ့နှံ့သွားသည်။ ကုဟွိုက်သည် 'မိတ်လိုက်' ရန် တောင်းဆိုသည့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မစဉ်းစားခဲ့ဖူးသလို အလ်ဗ်မှလွဲ၍ ဤမျှဖြူစင်နေသေးသောသူကိုလည်း မတွေ့ဖူးပေ။


သူ့ရှေ့ရှိ ငွေရောင်ကြောင်ကြီးသည် မည်သို့သောတောင်းဆိုမှုမျိုးကို သူတောင်းဆိုမှန်း သတိထားမိပုံမပေါ်ပေ။ အဲလ်ဗ်က ပြောပြီးသည့်အခါ ကုဟွိုက်ကို စိုက်ကြည့်နေခဲ့သည်။ သူ၏အမူအရာမှာ အေးစက်နေသော်လည်း နာခံမှုရှိကာ ကုဟွိုက်၏ခွင့်ပြုချက်နှင့် သင်ကြားပေးမှုကို စောင့်မျှော်နေသည်။


ထိုနေရာက စာသင်ခန်းတစ်ခန်းသာ ဖြစ်မည်ဆိုလျှင် အလ်ဗ်သည် ဆရာ၏သင်ခန်းစာများကို နားထောင်ရန်စောင့်ဆိုင်းနေသည့် ကျောင်းသားကောင်းတစ်ယောက်ကဲ့သို့ပင်။ သို့သော် စင်မြင့်တွင် ရပ်နေသည့် ဆရာတစ်ယောက်ကဲ့သို့ ကုဟွိုက်သည် ဤမေးခွန်းကို ရှင်းပြရာ၌ မတော်သည့်အကြောင်းကိုသာ သူ ပြောလိုသည်...


အဲလ်ဗ်သည် ကုဟွိုက် ရှက်ကိုးရှက်ကန်းဖြစ်နေသည်ကို မြင်နိုင်သော်လည်း ထိုသို့ရှက်ရသည့် အကြောင်းရင်းကိုတော့ သူ မသိပေ။ ကုဟွိုက် ရှက်နေသည်ကို မြင်ပြီး သူ သိသည်မှာ တစ်ခုတည်းသာရှိသည်။ သူ၏အမြီးဖြင့် ကုဟွိုက်ကို ရစ်ပတ်ထားချင်သည်။


အဘယ်ကြောင့်ဆိုသော် ကုဟွိုက်၏ရှက်နေသော မျက်နှာသည် အလွန်ကြည့်ကောင်းသည်ဟု အလ်ဗ်က ခံစားရသောကြောင့် ကုဟွိုက်ကို မည်သူမှ မမြင်နိုင်အောင် တစ်ဖက်လူကို ပတ်ရစ်ထားချင်သည်။ တစ်ဖက်တွင်မူ သူ၏အမြီးသည် ကုဟွိုက်အား နောက်တစ်ဖန်ရစ်ပတ်လိုက်သည်နှင့် သူ၏ပိုင်ဆိုင်လိုသောစိတ်ဆန္ဒမှာ အတိုင်းအတာတစ်ခုအထိ ကျေနပ်သွားပေလိမ့်မည်။


"မင်းက ငါ့ထက် အယ်လီနောပန်းနဲ့ ပိုသင့်တော်တယ်..." အဲလ်ဗ်၏အကြည့်က အနည်းငယ်စူးရှလွန်နေပြီး ကုဟွိုက် အဝေးသို့ အကြည့်မလွှဲဘဲ မနေနိုင်ပေ။


ဖြူစင်သော ချစ်သူ။ အရာအားလုံးသည် သတ်မှတ်ထားသည့်အတိုင်း အံဝင်ခွင်ကျဖြစ်နေသကဲ့သို့ ကြောင်ကြီးသည် သူ့ထက် ထိုပန်း၏ဘာသာစကားနှင့် ပိုသင့်တော်သည်မှာ ထင်ရှားသည်။ ကြည့်လိုက်လေ၊ သူက အရမ်းဖြူစင်လွန်းတယ်...


ထိုစကားကို ကြားသည့်အချိန်တွင် အဲလ်ဗ်က စကားမပြောခဲ့ပေ။ သူ ကုဟွိုက်ကိုသာ ဆက်ကြည့်နေသည်။ ထို့အပြင် သူ ထိုစကားများကိုပြောပြပြီး ကုဟွိုက်သည် အလ်ဗ်အား သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် ထည့်သွင်းထားကြောင်း ရှင်းလင်းစွာ အတည်ပြုပေးခဲ့သည်။


ယခင်က အဲလ်ဗ်က သူ့အား နမ်းခဲ့ဖူးသည်။ ကြောင်ကြီးအား ချော့မြူရန်အတွက် ကုဟွိုက်သည်လည်း သူ၏ ကိုယ်ကျင့်တရားများကို စွန့်ပစ်ကာ တစ်ဖက်လူကို တက်ကြွစွာ နမ်းခဲ့သည်။ သို့သော်လည်း  သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးနှင့်ပတ်သက်၍ အမြဲတစေ ရှုပ်ထွေးနေခဲ့သည်။


အဓိကအားဖြင့် ဤခံစားချက်အပေါ် ကုဟွိုက်၏ နားလည်မှုသည် အတော်လေး နှေးကွေးတုန့်ဆိုင်းနေခြင်းကြောင့်ဖြစ်သည်။


အပြင်ပန်းအသွင်အပြင်အရ ကုဟွိုက်သည် အရပ်ရှည်ပြီး ကြည်လင်ပြီးရှင်းလင်းသော မျက်နှာအစိတ်အပိုင်းများနှင့် လှပသောမျက်လုံးများရှိသည်။ သူ့အသားအရည်သည် ဖြူစင်ပြီး မျက်လုံးများ အနည်းငယ်ကွေးကာ ပြုံးလိုက်သည့်အခါ အရမ်းကြည့်ကောင်းပေသည်။ တခြားသူများနှင့် ကောင်းမွန်သည့် ပထမဦးဆုံး ယုံကြည်မှုတစ်ခုကို တည်ထောင်ရန် လွယ်ကူသည်။


ထိုအပြင်ပန်းအသွင်အပြင်ကို အခြေခံ၍ ကုဟွိုက်သည် သူ့မူလကမ္ဘာ၌ သူ့ကို နှစ်သက်သူများ ပြတ်လပ်သည်ဟူ၍ မရှိခဲ့ပေ။ အထူးသဖြင့် သူ့ကျောင်းသားဘဝတုန်းက သူ၏ရုပ်ရည်သွင်ပြင်နှင့် ထူးချွန်ထက်မြက်သည့် ပညာရေးစွမ်းဆောင်ရည်များကြောင့် သူ့ကို သဘောကျနေသူများ တန်းစီလိုက်လျှင်ပင် ရှည်လျားသော လူတန်းရှည်ကြီးပင် ဖန်တီးနိုင်သည်။


ထိုသို့ဆိုလျှင်တောင်မှ သူ တစ်ခါမှ မချစ်ခဲ့ဖူးပေ၊ အဘယ်ကြောင့်ဆိုသော် အကြောင်းအရင်းအများစုမှာ တစ်စုံတစ်ယောက်က သူ့အား သဘောကျနေမှန်းတောင် သူ မသိခဲ့သောကြောင့်ဖြစ်သည်။ အရိပ်အမြွက်များကို လုံးဝ မတွေ့ခဲ့ရဘဲ ရှင်းရှင်းလင်းလင်း မဖော်ပြထားသောကြောင့် ပင်။ ဆက်တိုက်ဖြောင့်တန်းစွာ ပစ်ဝင်လာသော ဘောလုံးများအနက် အဲလ်ဗ်ဟူသည့်ဘောလုံးလေးတစ်လုံးကသာ ကုဟွိုက်အား သူ၏ကိုယ်ပိုင်ခံစားချက်များကို နားလည်သဘောပေါက်လာစေခဲ့သည်။


နားလည်သဘောပေါက်ခြင်းသည် လက်ခံလိုက်ခြင်းဟု မဆိုလိုပေ။ အလ်ဗ်က ကုဟွိုက်အား သဘောကျနေသောကြောင့် မာနကြီးပြီး ခပ်ကင်းကင်းနေတတ်သော ကြောင်ကြီးသည် သူ၏စကားကို အလွန်နာခံသည်ဟုသာ မြင်ခဲ့သည်။ အလ်ဗ်သည် သူ့စကားကို ပိုနာခံလေလေ၊ အလ်ဗ်သည် သူ့အား သဘောကျနေသည်ကို ကုဟွိုက် ရှင်းရှင်းလင်းလင်း ခံစားလာရလေလေပင်။


ထိုအပြုအမူ အတွေးအခေါ်သည် တိုက်ရိုက်ဆန်လွန်းပြီး အားကောင်းလှသည်။ ကုဟွိုက် အကြိမ်ပေါင်းများစွာ ထိတွေ့ခံခဲ့ရပြီး ထိုငွေရောင်ကြောင်၏အပြုအမူသည် သူ့အား ချစ်စရာကောင်းသည်ဟု ခံစားရစေသည်။ ထို့ကြောင့် ကုဟွိုက်သည် ၎င်းကို သတိထားမိရန် တဖြည်းဖြည်း ကျရှုံးသွားခဲ့ခြင်းဖြစ်သည်။ အချစ်ကြောင့်သာလျှင် အဲလ်ဗ်သည် ချစ်စရာကောင်းသည်ဟု ခံစားမိခြင်းဖြစ်သည်။


"အားဟွိုက် ကိုယ့်ကို သင်ပေးပါ..." အလ်ဗ်သည် ကောင်းစွာသင်ယူလိုသော အမူအရာဖြင့် ကုဟွိုက်အား ငုံ့ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။


ကုဟွိုက်, "..."


ကုဟွိုက် သူ၏ရှက်ရွံ့နေမှုကို မဖယ်ရှားနိုင်ပေ။ ဒီလိုဘာသာရပ်မျိုးကို သူက ဘယ်လိုလုပ် သင်ပေးနိုင်မှာလဲ...


ကုဟွိုက် အရင်က ထိုကဲ့သို့အရာမျိုးကို လုပ်ရန်နေနေသာသာ ရည်စားပင် တစ်ခါမှ မထားခဲ့ဖူးပေ။ အလ်ဗ် သင်ယူလိုသော ဘာသာရပ်နှင့်ပတ်သက်၍ ကုဟွိုက်တွင် အခြေခံသီအိုရီကိုနားလည်သည့် အဆင့်လောက်သာရှိသည်။ လက်တွေ့တွင် သူသည် သူငယ်တန်းအဆင့်တွင်သာ။


“အဲဒါက သဘာဝအတိုင်းပဲ ဖြစ်သင့်တယ်။ မင်းဘာလို့ မ...” ကုဟွိုက် အကြောင်းအရာကို တည်ငြိမ်စွာ ပြောထွက်ရန် တုန့်ဆိုင်းနေသည်။ သူချက်ချင်း ပြောမထွက်သော်လည်း အလ်ဗ်အား အစပျိုးသင်ပေးရန် သူ့အတွက် အချိန်အနည်းငယ်တော့ ကြာနိုင်သည်...


အဲလ်ဗ်သည် စက္ကန့်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ဇက်များသည် ပုံမှန်တွင် စိတ်လှုပ်ရှားမှုနည်းပါးပြီး အလ်ဗ်၏အကျင့်စရိုက်သည် သာမန်ဇက်များထက် များစွာပို၍ ကွဲပြားသည်။ စိတ်ဆန္ဒနှင့်သက်ဆိုင်သော ဗီဇသည် အလွန်အားနည်းလှသည်။ ကုဟွိုက်ကြောင့် ထိုဗီဇက တုန့်ပြန်ပေါ်ပေါက်လာသော်လည်း အလ်ဗ်မှာ ထိုထူးဆန်းသည့်ဗီဇများကို အလွန်နားလည်နေဆဲပင်။


အဲလ်ဗ်၏အကြည့်များသည် မယိမ်းယိုင်ဘဲ အသံတိုးတိုးဖြင့် ထပ်ပြောလာသည်။ “အားဟွိုက် ကျွန်တော့်ကို သင်ပေးပါ..."


ကုဟွိုက် စကားလမ်းကြောင်းကို မပြောင်းလဲနိုင်ခဲ့ပေ။ ကြောင်ကြီးသည် သူ့ကိုယ်သူ ထိုကဲ့သို့ဆောင်ရွက်ရန် မည်သို့သင်ကြားမလဲဟု ကုဟွိုက် သံသယဖြစ်မိသည်။ မဟုတ်ရင် အလ်ဗ်က ဘာကြောင့် ဒီလောက် တိတိကျကျ ပြောနိုင်ရတာလဲ...


"မင်း တကယ် သင်ချင်တာလား" ကုဟွိုက် ထိုမေးခွန်းကို မေးပြီးသည်နှင့် လက်ကို မြှောက်ကာ သူ့မျက်လုံးများကို မအုပ်ဘဲမနေနိုင်ပေ။ သူ ဘေးတစောင်းလှဲနေချိန်တွင် စောင်ကို မ,ကာ သူ့ဘေးပတ်ပတ်လည်တွင် လွှမ်းခြုံရန် ကြိုးစားလိုက်သည်။


ချစ်သူနှစ်ယောက်ဆက်ဆံရေးတွင် သဘောကျနှစ်သက်သူနှင့် လိင်ကိစ္စများကို ပြုလုပ်ခြင်းက ပြဿနာမဟုတ်ပေ။ ၎င်းက ပုံမှန်ဖြစ်သော်လည်း သူ့ရှေ့ရှိ ကြောင်ကြီးသည် ထိုလိင်ကိစ္စကို သင်ပေးရန် ကုဟွိုက်အား လိုအပ်နေခြင်းကြောင့်သာ ပြဿနာရှိသည်ဟု သူ တွေးမိရုံပင်။


အလ်ဗ်သည် ရိုးရှင်းလွန်းသောကြောင့် ယာဉ်မောင်းလိုင်စင်ပင် မရှိခဲ့ပေ။ ထိုအချိန်တွင် ကုဟွိုက်သည် သီအိုရီဗဟုသုတများစွာရှိသော်လည်း အတွေ့အကြုံမရှိသေးသည့် ယာဉ်မောင်းတတ်ခါစသူပင်ဖြစ်သည်...


ဒီအခြေအနေက လွန်လွန်းအားကြီးတယ်...


“ကျွန်တော် သင်ချင်တယ်...” အဲလ်ဗ်က ချက်ချင်း ပြန်ဖြေလာသည်။


မေးခွန်းမေးပြီးနောက် ပြန်ဖြေလာသည်။ ကုဟွိုက် သူ့မျက်လုံးများကို အုပ်ထားသောလက်ကို အောက်သို့ချလိုက်သည်။ ထို့နောက် ကြောင်ကြီးသည် သူ၏အမြီးကို ကုဟွိုက်၏လက်ထဲသို့ နာခံစွာ ရွှေ့ထားသည်ကို တွေ့လိုက်ရသည်။ ငွေမှင်ရောင်အမြီးက သူ့လက်ကို ထိလိုက်သည်နှင့် ကုဟွိုက် အေးစက်သောအထိအတွေ့ကို ခံစားလိုက်ရသည်။ ပထမတွင် သူ ရှက်နေသော်လည်း အခုအချိန်တွင် ကူကယ်ရာမဲ့သလိုခံစားရပြီး အနည်းငယ် ရယ်စရာကောင်းသလိုလည်း ခံစားရသည်။


 “အမြီးကို မသုံးဘူး"


ကုဟွိုက် ပြောသည်ကိုကြားပြီး အဲလ်ဗ်သည် သူ့အမြီးကို ပြန်ဆွဲယူမသွားပေ။ ကုဟွိုက်၏စကားကို နာခံသည့်သဘောဖြင့် သူ့အမြီးကို အနည်းငယ်သာ ရွေ့လိုက်သည်။


ထိုတုံ့ပြန်မှုသည် ကုဟွိုက်အား ပို၍ပင်ပြုံးလာစေသည်။ 


"အမြီးကိုသာ သုံးဖို့လိုရင် အမြီးမရှိတဲ့ဇက်တွေက ဘယ်လိုလုပ်မလဲ..."


အဲလ်ဗ်၏တုံ့ပြန်မှုမှာ သူ့အမြီးဖျားကို နောက်တစ်ကြိမ် ရွှေ့လိုက်ပြီး နှုတ်ခမ်းထောင့်များက ပို၍ပင် ကွေးညွတ်သွားသည်။ အဲလ်ဗ်သည် ထိုကိစ္စကို မစဉ်းစားမိခဲ့ပေ။ သူ အရာအားလုံးကို လျစ်လျူရှုခဲ့မိသည်။ 'မိတ်လိုက်ခြင်း' ဟူသော စကားလုံးကို သူ၏ကိုယ်ပိုင်အမြင်ဖြင့်သာ နားလည်ခဲ့ပြီး စာတွေ့အတိုင်း လက်ခံခဲ့သည်။ အမြီးကို အသုံးမပြုနိုင်သော်လည်း အလ်ဗ်သည် အမြီးအား သူ့ထံသို့ ပေးထားခဲ့ပြီး ကုဟွိုက်က ၎င်းကို ကိုင်ထားခဲ့ရသည်။


သူ တည်ငြိမ်ချင်ဟန်ဆောင်နေသော်လည်း အမှန်တကယ်တွင် သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပေးနေခြင်းဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခြင်းသည် ခက်ခဲပြီး ရှက်စရာကောင်းလွန်းလှသည်။


"မင်း အရင်ဆုံး... ငါ့ကိုစနမ်းလို့ရတယ်..." ကုဟွိုက် တည်ငြိမ်သောပုံစံဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။


သူစကားပြောပြီးသည်နှင့် ကုဟွိုက်၏ ခန္ဓာကိုယ်နှင့် အာရုံကြောများမှာ တောင့်တင်းသွားသည်။ အမှန်အတိုင်းပြောရလျှင် သူ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်သေးပေ။


အဲလ်ဗ်၏သင်ယူနေသည့် အပြုအမူက ကောင်းမွန်လှသည်။ ကုဟွိုက်သင်ပေးသော နည်းလမ်းအတိုင်း သူလိုက်နာခဲ့သည်။ သူ လူငယ်လေး၏ နှုတ်ခမ်းနှင့် ပါးများကို နမ်းရန် ခေါင်းငုံ့လာကာ သူ့အမြီးသည်လည်း လူငယ်လေး၏ ပတ်ပတ်လည်တွင် အလိုအလျောက် ရစ်ပတ်ထားသည်။


ချစ်သူများကြားရှိ အနမ်းတစ်ခုသည် လျှာကို တစ်ဖက်လူထံ ထိုးသွင်းခြင်းဖြစ်သည်။ အလ်ဗ် ၎င်းကို သတိရသွားပြီး ကုဟွိုက်၏နှုတ်ခမ်းကို လျှာဖျားနှင့် လျက်လိုက်သည်။ ထို့နောက် သူ့လျှာကို ကုဟွိုက်ပါးစပ်ထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားကြည့်သည်။ ကုဟွိုက်က မငြင်းဆန်ပေ။ အလ်ဗ်၏လျှာသည် သူ့လျှာအား လာရောက်ရစ်ပတ်သည့်အချိန်တွင် သူ၏လည်ပင်းဖွေးဖွေးအထိ နီမြန်းလာခဲ့သည်။


ချစ်သူများကြားမှအနမ်းသည် သာမာန်အနမ်းနှင့် မတူညီလှပေ။ အလ်ဗ်သည် ဂရုတစိုက် စူးစမ်းသထက် စူးစမ်းပြီးနောက် သူ၏မျက်လုံးများက ကုဟွိုက်ကို မေးခွန်းထုတ်လာပြန်သည်။


နောက်ထပ် ဘာဆက်လုပ်ရမလဲ...


ဤလူသည် ယာဉ်မောင်းလိုင်စင်မရှိသေးသော်လည်း မောင်းနှင်ရမည့်နည်းကို သင်ချင်နေသည်။ ထိုသို့သင်ကြားပေးရခြင်း၏ ရှက်ရွံ့မှုကြောင့် ကုဟွိုက် ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။ သူ ကြောင်ကြီးအား အရိပ်အမြွက်ကို ဆက်လက်ပြောပြပြီး “မင်း ဒီနေရာနှစ်ခုတည်းကိုပဲ နမ်းချင်တာလား"


ကုဟွိုက်၏စကားကို ကြားသည့်အခိုက်တွင် အဲလ်ဗ်၏ ရွှေရောင်ဒေါင်လိုက် မျက်ဆံများက ကျုံ့သွားသည်။ အမှန်ပင်၊ အလ်ဗ်က ထိုနေရာနှစ်ခုတည်းကိုသာ နမ်းချင်သည် မဟုတ်ပေ။ အလ်ဗ် နမ်းချင်သည့်နေရာများ အများကြီးရှိသည်။ အတိအကျပြောရလျှင် သူသည် ကုဟွိုက်၏ခန္ဓာကိုယ်တစ်ခုလုံးကို နမ်းချင်သည်။


ကုဟွိုက်၏ သဘောတူလက်ခံမှုဖြင့် အလ်ဗ်သည် သူ့အမြီးကို လူငယ်လေး၏ခါးတွင် ရစ်ပတ်ကာ ကုဟွိုက်ကို သူ၏ခန္ဓာကိုယ်အောက်တွင် ဖိထားသည်။ ကုဟွိုက်မှာ သူနှင့် အနီးကပ်ဆုံး အနေအထားတွင် ခိုင်မာစွာ ချုပ်နှောင်ခံထားရပြီး အလ်ဗ်သည် ထိုလူငယ်လေးကို စတင်နမ်းရှိုက်လေသည်။


အလ်ဗ်၏အေးစက်သော နှုတ်ခမ်းများသည် ကုဟွိုက်၏ ဖြူဖွေးသော အသားအရည်ကို နမ်းလိုက်ပြီး ကုဟွိုက်၏ပါးပြင်မှတစ်ဆင့် သူ့လည်ပင်းဆီသို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ သူ့လည်ပင်းကို နမ်းလိုက်သည်။ ထိုဖြစ်စဉ်တွင် ကုဟွိုက်၏ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းနေပြီး အကြောင်းတစ်ခုခုကြောင့် မျက်လုံးများက မှေးကျဉ်းသွားသည်။ သူ့လည်ပင်းတစ်ဖက်ကို ရုတ်တရက် နမ်းလိုက်ပြီး ကုဟွိုက်သည် လည်ချောင်းထဲမှ ထွက်လာသည့် လူသားဆန်သည့်အသံကို နောက်ဆုံးတွင် မဖယ်ရှားနိုင်ခဲ့ပေ။


ဇက်မျိုးနွယ်တွင် နမ်းခြင်းနှင့် လျက်ခြင်း၏အဓိပ္ပါယ်သည် အထူးသီးသန့်ဆန်သော အရာများဖြစ်သည်။ ကုဟွိုက် ၎င်းကို အထူးသတိထားကာ အဲလ်ဗ်ကို မငြင်းဆန်နိုင်ပေ။


ထိုအပြုအမူသည် သူ၏ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်းပင် ဖြစ်သည်။ မူလက အဲလ်ဗ်သည် လျက်ရုံနှင့် နမ်းရုံသာဖြစ်သည်။ ထို့နောက် ကုဟွိုက်၏ တိုးဖွသောညည်းသံကို ကြားလိုက်သည်နှင့် အလ်ဗ် သူနှင့်မရင်းနှီးသော ထူးဆန်းသည့်ခံစားချက်ကို ခံစားလိုက်ရသည်။ ထိုခံစားချက်တွင် ပိုင်ဆိုင်လိုစိတ်သည် ပိုမိုများပြားလာသည်။ အဲလ်ဗ်သည် ကုဟွိုက်၏ ထိုညည်းသံကို ပိုကြားချင်လာခဲ့သည်။