Chapter 79
‘ငါမဟုတ်ဘူး ငါမလုပ်ခဲ့ဘူး ငါအဲဒါတွေကို မလုပ်ခဲ့ဘူး’ ကုဟွိုက် သူ့စိတ်ထဲတွင် ထိုစကားများကို ထပ်တလဲလဲပြောနေရင်း ချောင်ပိတ်မိနေသည်။
ယင်းက ကျိုးကြောင်းဆီလျော်သည်။ လူမျိုးရေးသဘာဝအလျောက်ဖြစ်သည့် အကျိုးသက်ရောက်မှုသည် သူ၏နဂိုမူလအကျင့်စရိုက်နှင့် ဘာမှမသက်ဆိုင်ပေ။ ကုဟွိုက်က ထိုသို့တွေးမိသော်လည်း အလ်ဗ်၏မျက်ဝန်းများကိုတွေ့သောအခါ အပြစ်ရှိသကဲ့သို့ ခံစားနေရ၏။
သူနှင့် တချို့သောဆက်ဆံရေးမျိုးရှိခဲ့သည်။ နောက်ဆုံးတွင်တော့ ထိုလုပ်ရပ်များက သူ့နှုတ်မှ ထုတ်ဟပြောဆိုခဲ့သည့်စကားများနှင့် သူ့ခန္ဓာကိုယ်နှင့် ပြုမူခဲ့သော လုပ်ရပ်များနှင့် ပြီးဆုံးသွားခဲ့သည်။ တွက်ချက်ရန် ခဲယဉ်းသည်။ တောင်းဆိုရမည်ဆိုလျှင် သူလုပ်ခဲ့ပြီးသည့်အရာပင်ဖြစ်လေသည်။ သူ့ကိုယ်သူပင် ယုံကြည်အောင်မပြောဆိုနိုင်ခဲ့ပေ။ ကုဟွိုက်က သူ့မျက်လုံးကိုမှိတ်၍ နည်းနည်းကြာကြာပိုအိပ်ခဲ့လျှင် ကောင်းမည်ဟုတွေးမိသည်။
သူဘာလို့များ ကောင်းကောင်းမနိုးလာရတာလဲ။ အလ်ဗ်က သူ့ဘေးရှိနေချိန်ကျမှ ဘာလို့နိုးလာရတာလဲ။ ကုဟွိုက်က ထိုဆိုးရွားသည့်ဖြစ်ရပ်နှင့် ရင်ဆိုင်ရန် အဆင်သင့်မဖြစ်သေးသလို ခံစားလိုက်ရသည်။ တခြားနည်းလမ်းမရှိပေ။
သို့မဟုတ်လျှင်တော့ သူဘာလုပ်ရမလဲဟုတွေးရင်း နေပြန်မကောင်းသေးသလို ဟန်ဆောင်ရုံသာတတ်နိုင်လိမ့်မည်။ ကုဟွိုက်က ထိုနည်းလမ်းကိုကောင်းသည်ဟု တွေးမိသော်လည်း အစပိုင်းမှာတင် ချောင်ပိတ်မိသွားခဲ့သည်။
အေးစက်စက်အမူအရာကို မည်သို့ပြသရမည်နည်း။ တမင်သက်သက် လုပ်ပြရန် အတွေ့အကြုံမရှိခဲ့ပေ။ ကုဟွိုက်၏မျက်နှာက အနည်းငယ်မာတောင့်သွားပြီး ထိုမျက်နှာထားကို ဘယ်လိုကျင့်သားရအောင်လုပ်ရမလဲမသိချေ။
ကုဟွိုက်၏ အတွင်းစိတ်က အတက်အကျဖြစ်နေခဲ့သည်။ ထို့နောက် သူနိုးလာခြင်းကို အလ်ဗ်သိသွားသည့်အတွက် တွေးတောရန်အချိန်သိပ်မရှိတော့ပေ။ အလ်ဗ်က အရင်ဆုံး ကုဟွိုက်၏နဖူးမှ အပူချိန်ကို စမ်းလိုက်သည်။ အပူချိန်က သာမာန်ဖြစ်သွားသည်ကိုသိပြီး လက်ကိုပြန်ရုတ်လိုက်ကာ ကုဟွိုက်အား နှုတ်ဆိတ်စွာကြည့်နေ၏။
အလ်ဗ်က စကားစမပြောပေ။ ကုဟွိုက်အိပ်နေစဉ်အတွင်း အပေါ်တင်ထားသည့် ငွေမှင်ရောင်အမြီးက သူ့အနောက်သို့ရွေ့ရန် အဆင်သင့်ဖြစ်လျက် ကုဟွိုက်အား ကြည့်နေမိသည်။ ယခင်က ကုဟွိုက်က သူ့ကိုမထိရန် အလ်ဗ်ကို မှာထားသောကြောင့်ဖြစ်သည်။
ကုဟွိုက်က သူ့ခန္ဓာကိုယ်ပေါ်မှအမြီးက ဖယ်ရှားတော့မည်ကိုတွေ့လိုက်ပြီး အလ်ဗ်၏ ဆူပုတ်ပုတ်မျက်နှာထားကို တွေ့လိုက်လေသည်။ သူ့နှလုံးသားထဲတွင် ရုတ်တရက် လှုပ်ခါသလိုခံစားလိုက်ရသည်။ ယခင်ကဆိုလျှင် ကုဟွိုက်နိုးလာသည့်တိုင် အလ်ဗ်က သူ့အမြီးကို မဖယ်ပေးချေ။ ထိုအစား ကုဟွိုက်ထိုင်သည်အထိစောင့်ပြီး သူ့ခန္ဓာကိုယ်ကို ပတ်ခဲ့ဖူးသည်။
ထိုဖြစ်ရပ်ဆိုးက နည်းနည်းတော့ဆိုးလွန်းသည်။
ကုဟွိုက်၏နှုတ်ခမ်းက တွန့်သွားပြီး သူ့တွင် စဉ်းစားချိန်သိပ်မရှိချေ။ သူက မသိစိတ်၏လှုံ့ဆော်မှုအရ ဖယ်ရှားတော့မည်ဖြစ်သည့်အမြီးကို ဖက်လိုက်သည်။ ကုဟွိုက်က အမြီးကိုဖက်လိုက်သောကြောင့် အလ်ဗ်၏မျက်ဆံများက အနည်းငယ်စုကျုံ့သွားခဲ့သည်။
“အားဟွိုက်...”
ကုဟွိုက်ကို အသံတိုးတိုးဖြင့်ခေါ်လိုက်ပြီး သူ အလ်ဗ်ကို ချက်ချင်းပြန်မကြည့်ပေ။ ထိုအစား အပြစ်ရှိစိတ်ကြောင့် သူ့မျက်ဝန်းများက တခြားနေရာသို့ ရွှေ့ပြောင်းသွားခဲ့သည်။ သူက အရင်ဆုံး ငွေမှင်ရောင်အမြီးကို ကိုင်လိုက်ကာ သိသိသာသာ ချော့မြူပေးလိုက်သည်။
သို့သော်လည်း သူသည်လူနှင့် မျက်နှာချင်းဆိုင်ရပေဦးမည်။ ကုဟွိုက်က အိပ်ရာပေါ်ထထိုင်လိုက်ပြီး အလ်ဗ်ကို ကြည့်လိုက်သည်။
“မနေ့က… ငါမင်းကိုပြောခဲ့တာတွေက တမင်ရည်ရွယ်တာမဟုတ်ပါဘူး...”
အလ်ဗ်မတုံ့ပြန်ခင် စကားများပြောဆိုပြီးသွားသည်နှင့် ကုဟွိုက်က သူ့စကားမှာ သိပ်မသင့်လျော်မှန်း ခံစားမိလိုက်သည်။ နေပါဦး…
တမင်မရည်ရွယ်ဘူးဟုပြောခဲ့သော်လည်း နာကျင်စေသောစကားလုံးများနှင့် အေးစက်စက်အပြုအမူများကို မတော်တဆလုပ်နိုင်သည်ဆိုလျှင် ထိုအဓိပ္ပာယ်က သူ အလ်ဗ်ကို ဂရုမစိုက်ခြင်းဟု ဆိုလိုခြင်းဖြစ်ပေလိမ့်မည်။
“ငါမင်းကို အဲဒီလိုမျိုးတွေ မပြောချင်ခဲ့ပါဘူး ငါပြောခဲ့တာက ဘာလို့လဲဆိုတော့…” ကုဟွိုက်က သူ့စကားလုံးများကို စီရီနေခဲ့သည်။
“ဘာလို့လဲဆိုတော့ ငါက လွှမ်းမိုးမှုခံလိုက်ရလို့...”
သူ့အပေါ်သက်ရောက်ခဲ့သည့် ပေါင်းစပ်ခြင်းကာလ၏ လွှမ်းမိုးမှုနှင့် ဗီဇသဘာဝတရားကို ရှင်းပြရန်မလွယ်ကူပေ။ ကုဟွိုက်က သူ့အရှေ့က ကြောင်ကြီး၏ တုံ့ပြန်မှုကို ကြည့်လိုက်သည်။ အလ်ဗ်က မျက်လွှာချထားသော်လည်း စကားမပြောပေ။ သူ့စိတ်က မပျော်ရွှင်နေသောကြောင့် စကားမပြောခြင်းဖြစ်သည်။ သူစကားမပြောပဲနေလျှင် ကုဟွိုက်က လက်ဦးမှုရယူပြီး အခြေနေအားလဲလှယ်နိုင်မည်ဟု ခံစားမိသောကြောင့်လည်းဖြစ်သည်။ ထိုအရာက ကုဟွိုက်နှင့် အဆင်ပြေရန် အလ်ဗ်က အလိုအလျောက် သင်ယူနိုင်ခဲ့သည့်ဖြစ်စဉ်တစ်ရပ်ဖြစ်ပေသည်။
ကြောင်ကြီးက စောင့်မျှော်နေသောလူနှင့်တူနေသည်။ ကုဟွိုက်က ထိုပုံစံကိုတွေ့ပြီး သူကိုင်ထားသည့်ငွေမှင်ရောင်အမြီးအား ဂရုတစိုက် ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်နားကို အမြီးထားရန် လက်ဦးမှုရယူလိုက်သည်။
ဒါက အဆင်ပြေပါ့မလား…
ကုဟွိုက်က ထိုသို့ခြေလှမ်းစတင်လှမ်းလိုက်ပြီး အလ်ဗ်၏ တုံ့ပြန်မှုကို လေ့လာနေမိသည်။ သူပွတ်သပ်ပေးပြီးသည့်နောက်တွင် ကြောင်ကြီး၏အမြီးအဖျားပိုင်းက လှုပ်ခတ်သွားခဲ့သည်ကို သတိထားမိလိုက်သော်လည်း မျက်နှာကတော့ ခပ်တန်းတန်းဖြစ်နေဆဲဖြစ်ကာ တုံ့ပြန်ချက်အစစ်အမှန်ကိုမြင်နိုင်ရန် ခက်ခဲနေသည်။ သေချာမလုပ်မဖြစ်တဲ့ပုံပဲ…
ကုဟွိုက်က အလ်ဗ်၏မျက်ဝန်းထဲကိုကြည့်လိုက်သည်။ နှစ်စက္ကန့်လောက်ကြာသောအခါ မျက်နှာကိုလှည့်၍ ချောင်းဆိုးလိုက်သည်။ ထို့နောက် ကုဟွိုက်က သူ့ခေါင်းကိုပြန်လှည့်လာလိုက်ပြီး အလ်ဗ်၏နှုတ်ခမ်းကို ခပ်ဖွဖွ နမ်းလိုက်ရင်း သူ့ကိုယ်သူ အနိုင်ကျင့်လိုက်မိသည်။ အလ်ဗ်၏နှုတ်ခမ်းက ပေါ့ပါးနေသည်။ ဇက်များ၏ နိမ့်ကျသောခန္ဓာကိုယ်အပူချိန်အရ ကုဟွိုက်က သူ့နှုတ်ခမ်းကိုနမ်းလိုက်စဉ်တွင် အေးစက်သောအထိအတွေ့ကို ခံစားလိုက်ရသည်။
ကုဟွိုက်နမ်းရန် သင့်လျော်မည့် နှုတ်ခမ်းပုံစံရှိမည်ဆိုလျှင် ထိုပုံစံက အလ်ဗ်ကိုသာ ဆိုလိုခြင်းဖြစ်ပေလိမ့်မည်။ သူ့နှုတ်ခမ်းက လှပပြီး နမ်းရှုံ့ခြင်းသကဲ့သို့သော ရင်းနှီးမှုကတောင် အမြဲလိုလို ရှောင်ရှားခြင်းအဖြစ် ခံစားရခြင်းဟာ အလ်ဗ်၏ ပင်ကိုယ်စရိုက်ကြောင့် ဖြစ်နိုင်သည်။
ယခုအခါတွင်တော့ ကုဟွိုက်သည် အပေါ်ယံကိုသာ နမ်းလိုက်ခြင်းမဟုတ်ပေ။ သူ့ချစ်သူကို လုံးလုံးလျားလျား အနမ်းပေးချင်ခဲ့သော်လည်း အလ်ဗ်၏နှုတ်ခမ်းနှင့်ထိတွေ့လိုက်သည့်အခိုက်အတန့်တွင် သူ့လည်ပင်အား တစ်ဖက်လူက ဆွဲလိုက်ခြင်းကို ခံလိုက်ရလေသည်။ ကုဟွိုက်က နမ်းရှိုက်သောအနမ်းများကို အပေးခံလိုက်ရပြီး သူ့လျှာက တစ်ဖက်လူနှင့်လိမ်ယှက်ခြင်းကိုခံလိုက်ရသည်။ သူ့မျက်ဝန်းထောင့်ဖျားများက အသက်ရှုရန်မေ့သွားခဲ့ပြီး အနည်းငယ် နီရဲသွားခဲ့သည်။
ကုဟွိုက် ပြန်၍တုံ့ပြန်လိုက်သောအချိန်တွင် အလ်ဗ်က သူ့ကို ကုတင်ပေါ်သို့ တွန်းချလိုက်သည်။ သို့သော်လည်း ကုဟွိုက်က နေမကောင်းဖြစ်ထားသောသူဖြစ်သည်။ အလ်ဗ်က ခံစားချက်တုံ့ပြန်မှုရှိနေသော်လည်း ယခုအချိန်တွင် ကုဟွိုက်ကို ဘာမှမလုပ်သင့်ချေ။ ကုဟွိုက်ကလည်း အလ်ဗ်ခန္ဓာကိုယ်၏ တုံ့ပြန်မှုကို ခံစားမိလိုက်သည်။ အဖျားမကျသေးသကဲ့သို့ သူ့ပါးပြင်နှစ်ဖက်က ရုတ်တရက် နီရဲသွားသည်။ တစ်ချိန်တည်းမှာပင် အလ်ဗ်၏ အေးစက်သောမျက်နှာထားမှ သည်းခံခြင်းကို တွေ့ရှိသွားခဲ့သည်။
“အချိန်ကြာသွားရင် အဆင်… ပြေသွားမှာပါ...” နောက်ဆုံးစကားပြီးသည်နှင့် ကုဟွိုက်က သူ့လျှာကိုကိုက်လိုက်သည်။
အလ်ဗ်က ထိုစကားများကြောင့် သူ့အမြီးကို မသိမသာလှုပ်လိုက်ပြီး ဒေါင်လိုက်ဖြစ်သော ရွှေရောင်မျက်ဆံများနှင့် သူ့အောက်မှ ကုဟွိုက်ကို ငေးကြည့်နေသည်။ အလ်ဗ်က ကုဟွိုက်၏စကားများကို အလွတ်မပေးပဲ မေးလိုက်သည်။ “ဒါဆို ကျွန်တော်တို့ မိတ်လိုက်လို့ရပြီလား...”
ကုဟွိုက်က အရင်စ၍ ခေါင်းညိတ်သဘောတူခြင်းကို သူကြားချင်ခဲ့သည်။ ကုဟွိုက်က အလ်ဗ်၏မျက်နှာထားကို ဖျတ်ခနဲကြည့်လိုက်ရင်း ကြောင်ကြီးကိုချော့မြူရန် စဉ်းစားလိုက်သည်။
“...အင်း..” ကုဟွိုက်က သက်ပြင်းချလိုက်သည်။
“အဲဒါပြီးနောက်ပိုင်းရော..” အလ်ဗ်က ထပ်မေးသည်။
ကုဟွိုက်က ဥခွံထဲကိုပြန်ဝင်သွားချင်သော်လည်း ငွေရောင်ကြောင်ကြီး၏ အကြည့်များရှေ့တွင် နှုတ်ဆိတ်စွာဖြင့် ခေါင်းညိတ်လိုက်ရသည်။ “အဲဒါဆို ငါမင်းကို မနေ့က ပြောခဲ့တာတွေကို မင်းက…”
ကုဟွိုက် အခုထိ ထိုကိစ္စကို စိတ်မချသေးပေ။ တိကျသည့်အဖြေကို လိုအပ်သည်ဟု သူခံစားမိသည်။ သူ့စကားမဆုံးသေးခင်တွင် အလ်ဗ်က ထုတ်ပြောလိုက်သည်။ “မပျော်တာ မဟုတ်ပါဘူး..”
ထိုသည်က ချော့မြူပြီးမြောက်ခြင်းဖြစ်သင့်သည်။ အလ်ဗ်က အရင်ဆုံးထွက်သွားရန်ပြင်နေသောအချိန်တွင် ကုဟွိုက်က စဉ်းစားနေခဲ့ပြီး သူ့အမြီးကလည်း အဝေးသို့ရွေ့သွားနေပြီဖြစ်သည်။ အလ်ဗ်အတွက်တော့ ငွေရောင်အတောင်ပံကလွဲလျှင် အထိခိုက်မခံနိုင်ဆုံးအစိတ်အပိုင်းက သူ့အမြီးဖြစ်ပေသည်။ နှစ်ခုလုံးက တိုက်ပွဲအတွက် အပြည့်အဝ တည်ရှိနေရသောအရာများဖြစ်သည့်အတွက်ကြောင့်ပင်။ သူ့ခန္ဓာကိုယ်ကို တုံ့ပြန်နိုင်စွမ်းရပ်တန့်နိုင်ရန်အတွက်ဆိုလျှင် သူ့အမြီးက ကုဟွိုက်ကို သွားမထိမှပင်ရပေလိမ့်မည်။
ကုဟွိုက်က စက္ကန့်ပိုင်းကြာသောအခါတွင် တုံ့ပြန်လိုက်သည်။ အလ်ဗ်က သူ့ကို လုံးဝ ထိတွေ့ထားခြင်းမရှိကြောင်းကိုသိလိုက်ပြီး မျက်တောင်ခတ်လိုက်သည်။
အခန်းထဲရှိနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြသည်။ ထိုလေထုထဲတွင် အလ်ဗ်က သူ၏ စိတ်လိုက်မာန်ပါဖြစ်သောဆန္ဒများကို အေးစက်စက်မျက်နှာထားဖြင့် ဖိနှိပ်ချုပ်တည်းနေခြင်းကို ကုဟွိုက်က တွေ့လိုက်ပြီး ပြောလိုက်သည်။ “မိတ်လိုက်တာအပြင် တခြားနည်းလမ်းတွေလည်းရှိတယ်…”
ရှောင်လွှဲနိုင်သည်နှင့် ကုဟွိုက်က သူ့မျက်လုံးကိုမှိတ်ထားချင်သော်လည်း အလ်ဗ်က သူ့ကိုငေးကြည့်နေဆဲဖြစ်သည်။ ကုဟွိုက်က ကြောင်ကြီး၏မျက်ဝန်းများက အလွန်ခက်ခဲနေကြောင်းကို တွေ့လိုက်ရသည်။ သူဘာလို့များ ဒီလိုပြောရတာလဲ။ စကား၏ ရလဒ်က တစ်နာရီနီးပါးကြာမြင့်ပြီးနောက်တွင်ဖြစ်ပြီး ကုဟွိုက်က သူ့လက်ကိုပင် ခံစားထိတွေ့နိုင်ခြင်းမရှိတော့သလို ခံစားလိုက်ရသည်။ အချိန်မီပြန်သွားနိုင်မည်ဆိုလျှင် ကုဟွိုက်က သူပြောမိပြောရာပြောလိုက်မိသောပါးစပ်ကို ထိန်းချုပ်မိလိမ့်မည်ဖြစ်သည်။
အမှန်တကယ်ပိုင်ဆိုင်မှုမရှိသော်လည်း အလ်ဗ်က ကုဟွိုက်၏လက်ကို ငုံ့ကြည့်လိုက်ပြီး ပိုင်ဆိုင်ချင်သည့် သူ့ဆန္ဒများက ကျေနပ်သွားရသည်။
ကြောင်ကြီးကို ချော့ရတာကောင်းရဲ့လား… ဒါပေါ့ လုပ်ရကျိုးနပ်ပါတယ်…
ထို့နောက် ထိုအကြောင်းကိုတွေးနေရင်း သူတောင်းပန်ပြီး နှစ်သိမ့်ရန်လိုနေသေးသော မိဘအဖွဲ့လိုက်ကြီးလည်း ရှိနေသေးသည်မဟုတ်ပါလား။ ကုဟွိုက်က သူ့အခြေအနေကြောင့် ဝမ်းနည်းနေရင်း ငေးကြောင်ကြောင်ပုံစံဖြစ်နေမိသည်။ ဆိုးရွားသည့်ကိစ္စတစ်ခုကို သူလုပ်ခဲ့မိပြီး နောက်တစ်ခုနှင့် ထပ်ရင်ဆိုင်ရပေလိမ့်ဦးမည်။ သူဘယ်လိုရင်ဆိုင်ရမည်မှန်း ကုဟွိုက် အမှန်တကယ်မသိတော့ချေ။
ကုဟွိုက်တွင် သူမနေ့က ဘာလုပ်ခဲ့သလဲဆိုသည့် မှတ်ညဏ်ရှိသော်လည်း ထိုလုပ်ရပ်က သဘာဝအရသာဖြစ်ခဲ့သည်။ ထို့ကြောင့် ကုဟွိုက်က ပုံမှန်အဖြစ် ပြန်ပြောင်းချိန်မှာ မူမမှန်မှုကို ခံစားခဲ့ရခြင်းဖြစ်သည်။ သူ့ရဲ့ဇက်များကို သူဘယ်လိုများပြောထွက်ပါ့မလဲ။ ပုံမှန်အနေအထားမှာသာဆိုလျှင် ထိုစကားများကို ဘယ်တော့မှပြောလိမ့်မည်မဟုတ်ချေ။
မစစ်မှန်သည့်ခံစားချက်များကြောင့် လုပ်ခဲ့သည့်လုပ်ရပ်များဖြစ်သော်လည်း ကုဟွိုက်သည် ရုတ်တရက် နိုးထလာပြီးနောက် အပြစ်များကို ခံယူခဲ့လေသည်။
ထိုအပြစ်က ကြီးမားလွန်းသည်။
စိတ်မသက်မသာဖြစ်နေသော ကုဟွိုက်သည် ဇက်များ၏ခံစားချက်ကို အာရုံခံနိုင်ရန် သူ၏ စိတ်စွမ်းအင်ကို အရင်ဆုံးအသုံးပြုရန် ဆုံးဖြတ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်နိုင်ပေလိမ့်မည်။
အိမ်ရာ၏ ပထမထပ်။
“အရှင် နိုးလာပြီ၊ ဆေးအဖွဲ့က ပြောတယ် အရှင် ဆေးသောက်ပြီးရင် အဖျားပျောက်သွားပြီး ကောင်းကောင်းအိပ်နိုင်လိမ့်မယ်တဲ့၊ သူဒီနေ့ ကောင်းလာပါ့မလားတော့ မသိဘူး…”
“ငါအပေါ်တက်ကြည့်ချင်ပေမယ့် ငါတို့ အခန်းထဲဝင်သွားရင် အရှင်က ကြိုက်မှာမဟုတ်ဘူး..”
“ဒါဆို ငါတို့ တံခါးအပြင်မှာရပ်ပြီး အခန်းထဲက အသံကိုပဲ နားစွင့်ကြည့်ကြမလား ဒီတိုင်းနားထောင်ပြီး အထဲမဝင်ရင် အရှင်လည်း စိတ်အနှောင့်အယှက်ဖြစ်မှာမဟုတ်တော့ပါဘူး.."
ခန်းမထဲမှ ဇက်များက အပေါ်တက်ရန် ကြောက်ရွံ့နေကြသည်။ သူတို့အားလုံးသည် ကုဟွိုက်ကိုတွေ့ချင်ပြီး ဖြစ်နိုင်လျှင် ၂၄နာရီလုံး အနားမှာ အတူတကွရှိချင်ကြသည်။ ဘုရင်က နေမကောင်းဖြစ်ခဲ့သည်။ အလုပ်ကိစ္စဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဘုရင်နှင့် အတူနေရန် မည်သည့်အရာကမျှ မတားဆီးနိုင်ပေ။ သို့သော်လည်း ဘုရင်က သူတို့ကို ဘေးမှာနေရန် ခွင့်မပြု။
ထိုအကြောင်းကိုတွေးမိသည်နှင့် အိမ်ရာထဲမှ ဇက်များ၏ စိတ်ခံစားချက်များက ကျဆင်းသွားကြသည်။
ကုဟွိုက်က သူ့စွမ်းအင်ကို တိုးချဲ့လိုက်ပြီး ထိုခံစားချက်များကို သတိမူမိလိုက်၏။
ကုဟွိုက် - “...”
အပြစ်များက သူ့ကျောပေါ်တွင်ရှိနေပြီး သူသယ်ပိုးမှရပေတော့မည်။
ထိုအခြေအနေကို ဘယ်လိုပြန်ကောင်းအောင်လုပ်ရမည်နည်း။ ကုဟွိုက်က နောက်ဆုံးထိ လမ်းမရှာသေးခင် ထိုအကြောင်းကို အကြာကြီး စဉ်းစားခဲ့သည်။ ထိုနည်းလမ်းက အလုပ်ဖြစ်မလားမသိသော်လည်း ကြိုးစားကြည့်ရမည်ဖြစ်သည်။
ပထမထပ်ခန်းမထဲတွင် ဇက်များက အတွင်းစိတ်ထဲမှ စိုးရိမ်မှုများကို ကျော်လွှားနိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဘုရင် နေပြန်ကောင်းမကောင်း အပေါ်တက်၍ သွားကြည့်မှဖြစ်မည်။ သူတို့ဆုံးဖြတ်ပြီးသည်နှင့် ကြီးကြပ်ရေးမှူးနားမှ ဇက်များသည် ခန်းမထဲတွင် စုဝေးပြီး အပေါ်တက်ရန် ပြင်ဆင်နေကြသည်။
သို့သော်လည်း အနက်ရောင်ပုံစံနှင့်လူသည် လှေကားပေါ်မှဆင်းလာပြီး ခန်းမထဲရှိ ဇက်များအားလုံး၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ထိုအနက်ရောင်ပုံစံက ဇက်များထံသို့ ချဉ်းကပ်လာခဲ့သည်။ ရောက်ခါနီးလိုလိုတွင် အနက်ရောင်သားပေါက်လေးက ခေါင်းမော့၍ ဖန်ဘောလုံးကဲ့သို့ ကြည်လင်သည့် ရွှေရောင်မျက်ဝန်းများကို ပြသလိုက်လေသည်။
“ကျိုး… ကျိုး...ကျိုး...”
ဇက်များကိုကြည့်၍ အနက်ရောင်သားပေါက်လေးက နူးညံ့သည့်အသံလေးကို ပြုလုပ်လိုက်သည်။
စာရေးသူမှာ ပြောစရာရှိပါတယ်။
ခပ်မိုက်မိုက် ပေါင်း - ချော်ကျသွား
အပြစ်အိုးကြီးကို ရုတ်တရက်ရရှိလိုက်သော ဟွိုက်ပေါင်း (အိုးနင်းခွက်နင်းနှင့် ပြီးမြောက်ဖို့ကြိုးစားရင်း) - ကျိုး~ ကျိုး ကျိုး