အခန်း ၈၃
Viewers 10k

Chapter 83

Chapter 83


ရံဖန်ရံတွင် ဂါဗင်သည် သူခေတ်မှားမွေးလာမိသလို ခံစားရသည်။


ခေတ်ဟောင်းမှ မဆုံးနိုင်သောစစ်ပွဲများနှင့်နှိုင်းယှဉ်ပါက ငြိမ်းချမ်းသည့်ခေတ်သစ်သည် သူ့အားသေစေနိုင်လောက်သည်။ ဤကြယ်တာရာခေတ်သည် ကြောင်သူတော်ကြွက်သူခိုးများပေါများပြီး ပျင်းစရာကောင်းလှ၏။ ဤခေတ်တွင် ပေါလွန်းလှသည့် ငြိမ်းချမ်းရေးမြတ်နိုးသူများအနက် ဂါဗင်သည် သူ၏စိတ်အခြေအနေကပုံမှန်မဟုတ်ဟုယူဆထားခဲ့သည့်တိုင် ထိုသို့မတွေးခဲ့ပါချေ။


ဤကြယ်တာရာခေတ်က ပြောင်းလဲသွားပြီး စစ်ပွဲများစတင်လာသည့်အချိန် လူများစွာက သူကဲ့သို့သောစိတ်အခြေအနေမျိုးပိုဖြစ်လာကြလိမ့်မည်။ ထို့နောက် သူသည်လည်း လူများစုနည်းတူပုံမှန်ကဲ့သို့ဖြစ်လာပေမည်။ သူရူးတစ်ယောက်က ကွဲပြားခြားနားနိုင်သော်လည်းလောကကြီးအတွင်းမှလူများရူးသွပ်သွားခဲ့လျှင် တစ်ယောက်မှပုံမှန်ဖြစ်နေသူရှိတော့မည်မဟုတ်။


ထိုအတွေးက ဂါဗင်အား ကြယ်တာရာနိယာမ၏အပြင်ဘက်မှ တစုံတခုကို ရှာဖွေရန်ဖြစ်လာစေခဲ့ပြီး ကြယ်တာရာမဟာမိတ်အဖွဲ့ကိုနှစ်များစွာကြာအောင် ဆန့်ကျင်လာခဲ့သည်။ ဤငြိမ်းချမ်းသောကြယ်တာရာ

ခေတ်တွင်ပင် လောကကြီး၏ထောင့်တိုင်းက လှပမနေပေ။ ကြယ်တာရာမဟာမိတ်အဖွဲ့၏ထိန်းချုပ်မှုနှင့်ကင်းကွာနေသော မိုးမှောင်ဧရိယာ၌အရာအားလုံးကို ငွေဖြင့်ဝယ်ယူနိုင်ပေသည်။


အဖွဲ့အစည်းတိုင်းသည် ငွေအလုံအလောက်ပေးလိုက်သည်နှင့် ဘာမဆိုလုပ်မည့် လူမိုက်များနှင့်ရာဇဝတ်ကောင်များဖြင့်ပြည့်နှက်နေတတ်၏။ ဂါဗင်သည်ကား ငွေလိုအပ်နေခြင်းမရှိ။ ငွေဆိုသည်မှာ သူ့အတွက်ယူရန်အလွယ်လေးပင်။


မိုးမှောင်မျှော်စင်စစ်သားများနှင့် ဥက္ကာခဲကိုဖန်တီးခြင်းက ဂါဗင်၏ရည်ရွယ်ချက်ရှိသောလုပ်ဆောင်ချက်များသာဖြစ်သည်။ မိုးမှောင်မျှော်စင်စစ်သားများက ငြိမ်းချမ်းသည့်ခေတ်သစ်ကိုဖျက်ဆီးရာတွင်ကူညီပေးလိမ့်မည်ဟု သူမျှော်လင့်ထားသည်။ သူ၏မျှော်လင့်ချက်နှင့်ပတ်သတ်

၍ မှားယွင်းနေသည့်အရာမရှိ။ မိုးမှောင်မျှော်စင်စစ်သားများက သူမစီစဉ်ထားခဲ့သည့်ကိစ္စဖြစ်လာသည်အထိ သူမျှော်လင့်ထားခဲ့သည့်အတိုင်းပင် ဆောင်ရွက်ခဲ့ကြသည်။ သို့သော်...


***


ကုဟွိုက်နှင့်အိုင်းယီသည် တွင်းနက်ထဲသို့စုပ်ယူခံလိုက်ရပြီး နေရာလွတ်ထဲတွင် မျောချင်တိုင်းမျောနေခဲ့ကြသည်။ နေရာလွတ်မှာမမြင်နိုင်သည့်စည်းတစ်ခုနှင့်ကာရံထားသယောင်ရှိ၏။ အဆိုပါစည်းကိုသာမန်မျက်စိဖြင့်မမြင်နိုင်သည့်တိုင် ထိကိုင်၍ရနိုင်သည်။


ကုဟွိုက်သည်ကား အိပ်ရာထက်တွင်လှဲလျောင်းနေခဲ့သည့်တိုင် အိပ်မပျော်ခဲ့ပေ။ သူနိုးနေခဲ့သော်လည်း သူနှင့်အိုင်းယီမှာ တွင်းနက်ကစုပ်ယူထားခဲ့သည့်နေရာလွတ်ထဲတွင် ရှိနေကြဆဲပင်။


အနှီတွင်းနက်စွမ်းအင်မှာ ကုဟွိုက်နှင့်အိုင်းယီစိတ်ကူးထားသည်ထက်ပိုများနေခဲ့သည်။ စုပ်ယူထားမှုကိုတွန်းလှန်မရနိုင်ဘဲ တွင်းနက်ကြောင့်ဝန်းရံထားသည့်နေရာလွတ်မှာလည်း အပြင်းအထန်နှောင့်ယှက်ခံနေရ

၏။ ကုဟွိုက်က အိုင်းယီကိုခေါ်ထုတ်ရန် နေရာလွတ်ရွှေ့ပြောင်းခြင်းစွမ်းရည်ကိုအသုံးမပြုနိုင်ပေ။


"လူကနှစ်ယောက်ထဲပဲရှိတယ်..ငါ့အထင်တော့လူတွေပိုဝင်လာလောက်မယ်..."


ထူးဆန်းသောအသံက အနှီနေရာလွတ်ထဲတွင်ထွက်ပေါ်လာခဲ့သည်။ အသံအရင်းအမြစ်ထွက်မလာခင် အိုင်းယီက နေရာလွတ်အတွင်းပေါ်လာခဲ့သည့် တတိယမြောက်လူကိုတိုက်ခိုက်ရန် တုံ့ဆိုင်းနေခြင်းမပြခဲ့ပေ။ ရန်သူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေကိစ္စမရှိ၊ အိုင်းယီက အရင်ဆုံး ထိုလူကိုချုပ်နှောင်ထားရန် သူ့စွမ်းရည်ကိုသုံးလိုက်သည်။


"ဂါဗင်?"


သူ့အရှေ့မှလူငယ်လေးသည်ကား သူရရှိထားသည့် အချက်အလက်များနှင့်လုံးဝဿုံကွာခြားလင့်ကစား ကုဟွိုက်က ဆုံးဖြတ်နိုင်ပါသေးသည်။


သူ၏အပြုအမူတိုင်းကိုထိန်းချုပ်ထားသည့်လူက ဝန်ခံလာ၏။


"ငါပဲ..."


အဖြူရောင်ကုတ်နှင့် အိုင်းယီ၏စွမ်းအားကြောင့် ချုပ်နှောင်ခံထားရသော လူငယ်သည် အပြင်ဘက်ကအတိုင်းချောမောပြီး နူးညံ့ပေသည်။သူဒေါသထွက်နေသည့်ပုံစံက စူးစမ်းလေ့လာသူတစ်ယောက်ထက်ကျောင်းသားတစ်ယောက်နှင့်ပိုတူနေသည်။ သူ၏အသွင်အပြင်တစ်ခု

တည်းကိုသာကြည့်ပါက တဖက်လူသည် လူမှုရေးခေါင်းပါးပြီး စိတ်ကြီးသည့်စရိုက်ရှိလိမ့်မည်ဟု မည်သူကမှတွေးကြမည်မဟုတ်ပါချေ။


အနှီနေရာလွတ်ထဲတွင် ခြိမ်းခြောက်မည့်အရာမရှိ။ ကုဟွိုက်သည် အိုင်းယီကြောင့် လှုပ်ရှားမှုများထိန်းချုပ်ခံထားရသည့်လူကိုစောင့်ကြည့်နေပြီး အနှီနေရာလွတ်ထဲရှိ မမြင်ရသောစည်းကိုသူ့စွမ်းအားဖြင့်ကြိုးစားတိုက်ခိုက်ကြည့်နေသည်။ စည်းကမလှုပ်ရှားလာခဲ့ပေ။


ကုဟွိုက်သည် အနှီနေရာလွတ်၏ဖျက်ဆီးမှုကို ဖိအားပေးရန်လမ်းမမြင်သည့်အကြောင်း ချက်ချင်းနားလည်လိုက်သည်။ နေရာလွတ်ပြောင်းရွှေ့သည့်စွမ်းရည်ကိုအသုံးချနိုင်သော်လည်း ဤနေရာလွတ်တွင်နှုန်းကိုလည်းကန့်သတ်ထားပေသည်။


"ဘယ်လိုရှင်းကြမလဲ..."


ကုဟွိုက်သည်ကား ဂါဗင်ကို သူ၏စိတ်စွမ်းအားဖြင့်လည်ပင်းညှစ်ထားရင်းမေးလိုက်သည်။ သို့သော်လည်း ဂါဗင်စကားမပြောနိုင်သည့်အနေအထားအထိမဟုတ်ပေ။ ထိုသူအား နေထိုင်ရအဆင်မပြေနိုင်ရုံလောက်သာဖြစ်သည်။


၎င်းကသူ့လည်ပင်းကို မမြင်ရသည့်အားတစ်ခုကဆုပ်ကိုင်ထားသည်နှင့်တူပြီး ရုတ်တရက်ပင် ဂါဗင်မှာအသက်ရှူရခက်လာခဲ့သည်။


"အဟွတ်...နည်းလမ်းမရှိဘူး..."


ကုဟွိုက်၏ အနက်ရောင်မျက်ဝန်းများက ဒေါင်လိုက်ရွှေရောင်မျက်လုံးများဖြင့် နောက်တကြိမ် အစားထိုးသွားပြန်သည်။ ထို့နောက် သူသည်အမူအရာကင်းမဲ့စွာဖြင့် သူ့စွမ်းအားကိုဆက်တိုးလိုက်ပြန်၏။ ဂါဗင်အသက်ရှူကျပ်လာမှ ရပ်တန့်လိုက်သည်။


"ဘယ်လိုလုပ်မှာလဲ..."


ကုဟွိုက်၏ အမူအရာက သူ၏စွမ်းရည်ပေါင်းစည်းခြင်းကာလကအတိုင်းပင်။ 


"ငါ့ကိုသုံးခါမေးရအောင်မလုပ်နဲ့..."


မကြာသေးခင်က ကိစ္စကြောင့် စွမ်းအားအများအပြားကိုထုတ်သုံးလိုက်ရလင့်ကစား ကုဟွိုက်၏စွမ်းအားက သာမန်လူများခုခံနိုင်သည့်အရာမျိုးမဟုတ်ပေ။ ထပ်ပေါင်းပြောရမည်ဆိုပါက ကုဟွိုက်သည်ရန်သူနှင့်ရင်ဆိုင်ရလျှင် နူးညံ့မှုမရှိတော့။


အထူးသဖြင့် ဤနေရာလွတ်ထဲတွင် သူနှင့်ဂါဗင်နှစ်ယောက်တည်းရှိနေသည်မဟုတ်ဘဲ အိုင်းယီလည်းရှိနေခဲ့သည်။ အိုင်းယီက အနှီတွင်းနက်ကို သူ၏ကြိုမြင်နိုင်သောစွမ်းရည်ဖြင့်ပင်မတွေ့ခဲ့ရ၍ အလောသုံးဆယ်ဖြစ်ခဲ့ရသည်။ ကုဟွိုက်နောက်ဆုံးတွေးမိသည့်အရာမှာ သူ့ကြောင့် ဇက်တို့ကဆိုးရွားသည့်အရာတစ်ခုနှင့်ရင်ဆိုင်ရမည်ကိုပင်။


"နည်းလမ်းမရှိဘူး.."


ဂါဗင် ချောင်းတဟွတ်ဟွတ်ဆိုးနေခဲ့သည်။ သေမည့်ဘေးမှဝေးလာ၍ထူးဆန်းစွာဖြင့် အင်မတန်တည်ငြိမ်နေခဲ့၏။


"ဒါကဖျက်ဆီးလို့မရတဲ့ ကွဲပြားတဲ့နေရာလွတ်ပဲ.. ငါရှာတွေ့ခဲ့တဲ့ရလဒ်တွေထဲက ရှားပါးတဲ့အချက်ပေါ့.."


အဘယ်ကြောင့် အနှီသူကရှားပါးသည်ဟုဆိုရသနည်း။ အကြောင်းမှာအနှီနေရာလွတ်က ဂါဗင်ဖန်တီးထား၍မဟုတ်။ သူက၎င်းနေရာလွတ်ကိုဝင်လာနိုင်မည့်နည်းလမ်းအားရှာတွေ့သွားရုံသာ။ နောက်ထပ်တစ်

နည်းဖြင့်ပြောရပါက သူသည် 'တွင်းနက်' ကိုဖန်တီးနိုင်ရန် ခြေလျင်တပ်ကြောင်းများမြင်နိုင်မည့် စက်ကြီးတစ်ခုကိုတီထွင်ခဲ့သည်။


တွင်းနက်သည်ကား ဤနေရာလွတ်ကိုဝင်နိုင်မည့် လမ်းကြောင်းတစ်ခုပင်။


"မင်းမှာတကယ်ကိုစွမ်းအားကြီးအရည်အချင်းမျိုးရှိတာပဲ၊ ဘုရားသခင်သာ ဒီလောကကြီးထဲမှာ ပြီးပြည့်စုံတဲ့ဖန်တီးမှုတစ်ခုလုပ်နိုင်ခဲ့ရင် မင်းပဲဖြစ်လိမ့်မယ်..."


ဂါဗင်ကပြုံးလာပါ၏။


"မင်းကမျိုးနွယ်စုတွေရဲ့ပိရမစ်ထိပ်ဆုံးမှာ ရပ်တည်ဖို့မွေးဖွားလာတာ၊မင်းရဲ့မျိုးနွယ်စုကလည်း ကြယ်တာရာတွေထဲမှာ အကြီးဆုံးထဲကတစ်ခုပဲ၊ ဇက်မျိုးရိုးဗီဇက ငါ့အကြိုက်ပဲလေ..."


၎က ဇက်ဗီဇ၏စွမ်းအားတစ်ခုတည်းကြောင့်သာမဟုတ်၊ ဇက်တို့၏ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သည့်သဘာဝကြောင့်လည်းပါသည်။ ထိုသဘာဝမျိုးက ဂါဗင်၏မျှော်လင့်ချက်များနှင့် အလွန်သင့်လျော်နေ

ခဲ့၏။


ကုဟွိုက် တဖက်လူစကားကိုလျစ်လျုရှုထားပြီး တစ်ခွန်းတည်းသာပြောလိုက်ပါ၏။


"အပြင်ထွက်လို့ရတဲ့နည်းလမ်းမရှိမှတော့ မင်းလည်းဒီမှာပဲပိတ်မိနေလိုက်တော့..."


ဂါဗင်ကပြုံးလိုက်သည်။


"ငါအပြင်မထွက်ချင်ဘူး၊ ငါဒီကိုလာတာမင်းကိုသတ်ဖို့ပဲ.."


ထိုစကားထွက်လာသည်နှင့် ဂါဗင်၏ညာဘက်လက်ကိုအိုင်းယီကဖြတ်ပစ်လိုက်သည်။ အိုင်းယီကရန်သူကို အေးစက်စွာဖြင့်ကြည့်နေခဲ့သည်။ အလွန်တရာဖျော့တော့သည့်ရွှေရောင်မျက်ဆန်အိမ်ကို ရေခဲအလွှာပါးလေးတစ်ခုကဖုံးအုပ်ထားကာ လက်ထဲတွင်စွမ်းရည်ဖြင့်ဖန်တီးထားသော ရေခဲသားဓားရှည်တစ်ချောင်းကိုကိုင်ထားခဲ့သည်။ အစ်စဒိုရယ်မျိုးနွယ်စုမှလာသည့်ဇက်များအနေဖြင့် အိုင်းယီကအနီးကပ်တိုက်ခိုက်ရခြင်းကိုမနှစ်သက်သော်လည်း သူ့ထံတွင်လုပ်နိုင်စွမ်းမရှိဟုလည်းမဆိုလိုပေ။ 


ဂါဗင်၏ညာဘက်လက်ပြတ်သွားသည်နှင့် အိုင်းယီသည် ဓားကို ဂါဗင်၏ဘယ်ဘက်လက်သို့ပြောင်းလိုက်သည်။ ခြိမ်းခြောက်နေသည်မှာအသိသာပင်။ သူဂါဗင်ကိုတိုက်ရိုက်မသတ်သေးသည်မှာ နေရာလွတ်

ကအထူးပြုလုပ်ထားပြီး တဖက်လူကိုလည်းမေးမြန်းနေရသေးသောကြောင့်ပင်။ အနှီပြင်းထန်သောနာကျင်မှုက ဂါဗင်၏အသားအရည်ကိုဖျော့တော့လာစေပြီး နဖူးတွင်ချွေးများစို့လာသည့်တိုင် ညည်းညူသံထွက်မလာခဲ့ချေ။


"မင်းသေသွားရင် ဇက်တွေအကုန်လုံးကရူးကုန်ပြီး စကြဝဠာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်ကြလိမ့်မယ်၊ အဲဒါကငါမြင်ချင်တဲ့အရာပဲ..."


သူ၏တကိုယ်လုံးကအပြင်းအထန်နာကျင်နေသေးသော်လည်း ဂါဗင်၏စိတ်သည်ကား 'အလွန်အကျွံစိတ်လှုပ်ရှားမှုများ' ကြောင့်တက်ကြွနေလေပြီ။ သူသည်ဤစကားကို အူမြူးနေသည့်အသံဖြင့် ကုဟွိုက်အားပြောလိုက်ခြင်းဖြစ်ပါ၏။


မိုးမှောင်မျှော်စင်စစ်သားများကိစ္စအတွင်း ကုဟွိုက်၏ပုံစံမှာမျှော်လင့်မထားခဲ့သည့်ပုံစံဖြစ်နေခဲ့ပြီး ဂါဗင်၏ကြီးကျယ်သောအစီအစဉ်များထဲမှ တစ်ခုမှာလည်းဖျက်ဆီးခံလိုက်ရသည်။ သို့သော်လည်း ကုဟွိုက်ရှိနေသေးသည်ကိုသိပြီးနောက် ဂါဗင်၏ အသွင်ပြောင်းစစ်သားအုပ်စုမှာအချိန်မီလေးထွက်လာနိုင်ခဲ့ကြသည်။


သူ၏ခံတပ်ကြီးက လက်နက်လူသူများနှင့်ဝိုင်းခံထားရလျှင်ပင် မကြာမီအချိန်အတွင်း ဂါဗင်က သူရှာတွေ့ထားသည့် စက်ကြီးကိုပစ်လွှတ်လိုက်နိုင်သည်။ တွင်းနက်အတွက် ကုဟွိုက်၏တည်နေရာကိုရှာတွေ့ရန်လွယ်ကူသည့်အကြောင်းမှာ သူတပ်ဆင်ခံထားရသည်က__


ဤလောကကြီးတွင် တစ်ခုတည်းသော စွမ်းအားအကြီးဆုံးအရာအဖြစ်။


တွင်းနက်က ဝန်းရံထားသည့်အာကာသနှင့်ချိတ်ဆက်နိုင်ပြီး စွမ်းအားကြီးသူများပင်မလွတ်မြောက်နိုင်ပေ။ အနှီနေရာလွတ်ထဲသို့ ဆွဲသွင်းခံရလိမ့်မည်သာ။


ဂါဗင်က အနှီနေရာလွတ်မှလွတ်မြောက်ရန်လမ်းမရှိဟုပြောခဲ့သည်။ ၎င်းကမှန်သော်ငြား သူမပြောခဲ့သည့်နောက်ထပ်စကားတစ်ခုရှိသေးသည်။


"ဒီနေရာလွတ်ကငါတို့ကိုဆယ်မိနစ်လောက်ပဲချုပ်ထားနိုင်မှာ..."


ဂါဗင်သည် သူ့လက်နားမှချွန်ထက်နေသည့်လက်နက်ကိုစိတ်မဝင်စားဘဲ ကုဟွိုက်ကိုသာစိုက်ကြည့်နေလေသည်။ အပြင်ထွက်ရန် တစ်ယောက်မှမလိုအပ်သောကြောင့် နည်းလမ်းလည်းမလိုအပ်တော့။ အချိန်ပြည့်သွားသည်နှင့် အလိုအလျောက်ထွက်၍ရမည်ပင်။ ဂါဗင်က၎င်းကိုအကြိမ်များစွာစမ်းသပ်ကြည့်ခဲ့သည်။


ဆယ်မိနစ်ကုန်သွားခဲ့ပြီ။


ကုဟွိုက် ထိုစကားကိုကြားလိုက်ရပြီး နောက်ထပ်စက္ကန့်အနည်းငယ်အကြာတွင် သူ့၏စွမ်းအားဖြင့်ဂါဗင်၏နံရိုးများကို အေးအေးဆေးဆေးချိုးပစ်ခဲ့ပြီး အရင်ဆုံး လုပ်ဆောင်ရန်သူ၏စွမ်းရည်များကို ပြန်ရုတ်သိမ်း

လိုက်သည်။ ဂါဗင်သည် အိုင်းယီ၏စွမ်းရည်ကြောင့် ထိန်းချုပ်ခံထားရစေကာမူ ကုဟွိုက်မှာ အဆိုပါစကားများကိုနားထောင်နေရစဉ်အတွင်းတစုံတရာမှားယွင်းနေမှန်း ဝိုးတဝါးမျှခံစားမိပေသည်။


လှုပ်ရှားရန်ပိတ်ပင်ခံထားရလင့်ကစား ဂါဗင်၏မျက်လုံးများကရေသေကဲ့သို့တည်ငြိမ်နေပြီး သရဲတစ်ကောင်နှင့်ပင်တူနေတော့၏။


"မင်းမြင်တဲ့အတိုင်းပဲ၊ ငါကအရမ်းအားနည်းတယ်၊ မင်းလောက် စွမ်းအားမကြီးဘူး..."


"ဒါပေမဲ့..."


ဂါဗင်ပြော၍ပင်မဆုံးသေးခင် အိုင်းယီ၏မျက်လုံးများက ရုတ်တရက်ကျုံ့ဝင်သွားပြီး ကုဟွိုက်ဘေးသို့ပြန်ဆုတ်လိုက်သည်။ အဆိုပါ တစ်စက္ကန့်၊နှစ်စက္ကန့်အတွင်း အိုင်းယီသည် သူ၏ရှေ့ပြေးအိပ်မက်ကိုပြန်စဉ်းစားလိုက်၏။


အိပ်မက်ထဲ၌...


အရောင်အားလုံးကိုဝါးမြိုပစ်နိုင်သည့် မူးဝေဖွယ် အဖြူရောင်အလင်းတန်း။ မျက်လုံးများကိုပင်ကျိန်းစပ်လာစေနိုင်သည့်အလင်းရောင်သည် ဒီရေတက်လာသောပင်လယ်ပမာ ပို၍အားကောင်းလာခဲ့ပြီး အိုင်းယီ၏အမြင်အာရုံမှာလည်း လုံးဝမှုန်ဝါးသွားခဲ့သည်။ သူ၏နားစည်အိမ်ကို

ရိုက်ခတ်နေသည့်အသံတစ်မျိုးရှိနေကာ အကြားစွမ်းရည်မှာလည်းပျောက်ဆုံးသွားခဲ့ပြီ။ တလောကလုံးမှာ ငြိမ်သက်မှုအတိ။


အဆိုပါ အဖြူရောင်အလင်းတန်းမကျရောက်လာခင် သူ၏ခန္ဓာကိုယ်ကိုအကြမ်းခံနိုင်မည့်အနေအထားသို့ ပြန်လည်ပြောင်းလဲပစ်လိုက်သည်။ သူ့ကိုယ်က စစ်သင်္ဘောတစ်စင်းနှယ်ကြီးမားလာခဲ့ကာ အပေါ်ယံ

မျက်နှာပြင်ကို သံဖြူကဲ့သို့မာကြောသည့်အကြေးခွံများဖြင့်ဖုံးအုပ်လိုက်၏။ မျက်လုံးတို့မှာ ဒေါင်လိုက်ဖြစ်နေကာရွှေရောင်ဖျော့ဖျော့သန်းနေသည်။ ၎င်းသည်ကား အာကာသသက်ရှိတစ်ကောင်ပင်။


ဇက်တို့၏အကြမ်းခံနိုင်သည့်ပုံစံမှာ စွမ်းအားအပြင်းဆုံးခုခံမှုတစ်ခုဖြစ်သည်။ ဤပုံစံဖြင့် ခုခံကာကွယ်ပြီးတိုက်ခိုက်ခြင်းမှာ ကြီးမားသောပေါက်ကွဲမှုဖြင့်တိုက်ခိုက်ခြင်းမှန်း သံသယဝင်စရာမရှိ။


တချိန်တည်းမှာပင် အနှီအာကာသ သက်ရှိ၏အမြင်လွှာမှာ မရှင်လင်းပေ။ အိပ်မက်ထဲတွင် အိုင်းယီမှာ တဖက်ရန်သူကမည်သည့်အရာဖြင့်တူမှန်းမသိနိုင်ခဲ့။ သူသိခဲ့ရသည့်တစ်ခုတည်းသောအရာမှာ ၎င်းကအနက်ရောင်ဆံပင်ဖြင့်လူငယ်လေးတစ်ယောက်ဖြစ်နေသည့်အကြောင်း။ အိုင်းယီသည် လူငယ်လေးကိုအောက်တွင်ဖိထားလျက် ကြီးမားသောသက်ရှိသောတစ်ကောင်အဖြစ် အနှီသူအားကာကွယ်ပေးထားသည့်သူ့ကိုယ်သူပြန်မြင်ခဲ့ရသည်။


အလင်းရောင်ကသူ့အားဆွဲယူသွားခဲ့ပြီး အိပ်မက်မှာလည်း ထိုနေရာတွင်သာပြတ်တောက်သွားခဲ့၏။


အချိန်မကျလာသေးပါချေ။ 


အိုင်းယီက ကုဟွိုက်အနောက်သို့ပြန်ဆုတ်လိုက်သည့်အချိန်တွင် ကုဟွိုက်ကပြောလာခဲ့သည်။


"ဒါပေမဲ့ ငါက ငါ့ကိုယ်ရဲ့အစိတ်အပိုင်းကိုဥက္ကာခဲအဖြစ်ပြောင်းလို့ရတယ်လေ..."


သူအသတ်ခံလိုက်ရလျှင်ပင် ၎င်းကအလိုလိုလွတ်ထွက်သွားလိမ့်မည်။ ဂါဗင်သည် အစတည်းက သူ့တဖက်တည်းမှသာကြည့်၍ယူဆခဲ့ခြင်းဖြစ်ပေ၏။ ထို့နောက် အိုင်းယီအိပ်မက်ထဲတွင်မြင်ရသည့်အတိုင်းဖြစ်ပျက်ခဲ့သည်။


ထိုအဖြူရောင်အလင်း၊ ကျယ်လောင်စူးရှလှသည့်အသံ....


အိုင်းယီသည် သူ၏ရှေ့ဖြစ်အိပ်မက်ထဲမှအတိုင်း အတိအကျရွေးချယ်ခဲ့သည်။


အကြောင်းသည်ကား အိပ်မက်မှနိုးထလာသည်နှင့် အိုင်းယီသည် လူတစ်ယောက်အတွက်သေဆုံးရန်ဆန္ဒရှိရသည့်အကြောင်းရင်းကို နားလည်နိုင်ခဲ့သည်။ ပိုပြီးနားမလည်နိုင်ရသည့်အကြောင်းမှာ သူသေခြင်းတရားကိုရင်ဆိုင်ရသော်ငြားအလွန်ကိုပျော်ရွှင်နေခဲ့မိခြင်း။


ထို့နောက် သူကုဟွိုက်ကိုပထမဆုံးအကြိမ်မြင်လိုက်ရသည်နှင့်နားလည်နိုင်ခဲ့သည်။ သူပျော်ရွှင်နေရသည့်အကြောင်းအရင်းက...


အကြောင်းမှာ သူကာကွယ်ပေးနေသည့်လူက သူကာကွယ်မှုအပေးချင်ဆုံးလူဖြစ်နေသောကြောင့်။


မွှေနှောက်ဖျက်ဆီးပစ်မည့်အဖြူရောင်အလင်းက ချက်ချင်းပင် နေရာလွတ်တစ်ခုလုံးကိုပြည့်နှက်သွားခဲ့သည်။ ကြီးမားသောအာကာသသက်ရှိသည် သူ၏အရေးကြီးရတနာကိုကြံ့ကြံ့ခံကာကွယ်ပေးထားပြိီး

ကြီးမားလှသောခန္ဓာကိုယ်ကြီးသည်ကား အင်မတန်တောင့်တင်းသည့်သံဖြူခံတပ်ကြီးသဖွယ်။


ထိုအရာကြောင့်ပင် သူ၏မျက်လုံးထဲမှအလင်းရောင်မှာ တဖြည်းဖြည်းချင်းပျောက်ဆုံးသွားရလေသည်။