အခန်း ၈၂
Viewers 10k

Chapter 82

Chapter 82


ရန်သူ့ပစ်မှတ်သည်ကား ကုဟွိုက်ဖြစ်နိုင်ပေသည်။ ၎င်းကိုသိလိုက်ရသည့်အခါ ဇက်တို့အားလုံး၏အမူအရာမှာ အင်မတန်ဆိုးရွားသွားခဲ့၏။ အရေးကြီးရတနာတစ်ခုအားကာကွယ်နေရသောသားရဲများပမာ ၎င်းတို့အသိုက်အားကျုးကျော်ရန် ရည်ရွယ်လာသူကို ချွန်မြသည့်အစွယ်များအားပြသလိုက်ကြသည်။


ဇက်တို့အတွက်မူ ကုဟွိုက်အားသတ်ပစ်ရန်ပစ်မှတ်ထားသည့်မည်သည့်အရာမဆို အန္တရာယ်ရှိသည်။ ထိုအချက်ကြောင့် ဇက်တို့အတွက်အရှုံးပေးရန်ဆိုသည်မှာမဖြစ်နိုင်သည့်အရာပင်။


"ကြယ်တာရာမဟာမိတ်အဖွဲ့က ထွက်ပြေးသွားတဲ့သူကိုဖမ်းဖို့ အထူးသံတမန်အဖွဲ့ကိုလွှတ်ခဲ့ပေမဲ့ ဒီလောက်နှစ်တွေကြာတာတောင်မတွေ့သေးဘူးလား..."


ကြီးကြပ်ရေးမှူးက ၎င်း၏သံသယများကိုထုတ်ဖော်လာသည်။ ထိုမေးခွန်းမေးခံလိုက်ရသောကြောင့် ကြယ်တာရာမဟာမိတ်အဖွဲ့မှာ အင်မတန်အရှက်ရခဲ့ရသည်။ ၎င်းတို့မှာ လက်မခံနိုင်လင့်ကစား ဤမျှနှစ်ပေါင်းများစွာကြာသည်အထိ ဂါဗင်နှင့်ပတ်သတ်သောသဲလွန်စတခုတလေပင်မရခဲ့ကြပေ။


တဖက်လူက အလွန်ထက်မြက်ပြီးပါးနပ်သည်။ ၎င်းသည် ကြယ်တာရာမဟာမိတ်အဖွဲ့မှ သဲလွန်စမရခင်ပင် အငွေ့ပျံသွားခဲ့ပြီး သူအသက်ရှိနေခဲ့ဖူးသည့်သဲလွန်စများကိုပါဖျောက်ပစ်ခဲ့သည်။ ကြယ်တာရာမဟာမိတ်အဖွဲ့မှာ တခုတလေရှာတွေ့နိုင်ရန်ပင်မလွယ်ကူတော့ချေ။


ထိုအချိန်မှာပင် အာရွန်သည် ဌာန်ကရိုဏ်းကျကျမပြောခင် ကာ့ပါးလီယာ၏မျက်နှာထားကို တချက်လှည့်ကြည့်လိုက်ပါ၏။


"လွန်ခဲ့တဲ့နှစ်တွေလောက်တည်းက ဂါဗင်တစ်ယောက် သူ့ပုံစံကိုပြောင်းပစ်လိုက်သင့်တယ်၊ ပြစရာသက်သေအထောက်အထားတော့မရှိပေမဲ့ သူလုပ်နိုင်တယ်ဆိုတာတော့သေချာတယ်၊ သူ့စွမ်းရည်နဲ့သာဆို ကြယ်တာရာမဟာမိတ်အဖွဲ့က ဖမ်းမိဖို့လွယ်မှာမဟုတ်ဘူး.."


"တစ်ခေတ်မှာတစ်ခါပေါ်တဲ့ ဉာဏ်ကြီးရှင်တွေဆိုတာ ရန်သူလိုမျိုးလှည့်စားတတ်တာပဲလေ.."


ကြောက်မက်ဖွယ်ရာပါပေ။ သူတို့နှစ်ယောက်လုံး သိပ္ပံဆိုင်ရာစူးစမ်းလေ့လာရေးတွင်ပါဝင်ခဲ့ကြသည်။ စွမ်းရည်ဖြင့် အပြင်ဘက်လောကကြီးတွင်ထင်ရှားခဲ့ကြပြီး အာရွန်သည်လည်းဂါဗင်ကိုမရှုံးခဲ့။ သို့သော်လည်း အာရွန်သည်၎င်းက အပေါ်ယံသာဖြစ်မှန်းသိနေခဲ့၏။ လုပ်ဖော်ကိုင်ဖက်များဖြစ်နေခဲ့ကြစဉ်က အာရွန်သည်တဖက်လူ၏ ဖုံးကွယ်ထားသည့်တဖက်ကို ခပ်ရေးရေးမျှသတိပြုမိခဲ့သည်။ ဂါဗင်သည် သူ့စွမ်းရည်များ

ကိုရည်ရွယ်ချက်ရှိရှိဖြင့်ထုတ်မပြခဲ့ပေ။ အဆိုပါစွမ်ရည်များကိုထုတ်မပြခဲ့လျှင်ပင် ဂါဗင်သည် ဤကြယ်တာရာခေတ်တွင် ထိပ်ဆုံးဉာဏ်ကြီးရှင်ဖြစ်မှန်းယူဆ၍ရနေပြီပင်။


"ဒါပေါ့၊ ဒီလောက်နှစ်တွေကြာတာတောင် ကြယ်တာရာမဟာမိတ်အဖွဲ့က ဘာမှမတွေ့ဘူးဆိုတော့ ရှက်စရာပဲ..."


အာရွန်သည် ဇက်တို့နှင့်အတူရှိနေစဉ် နောက်ဆုံးအနေဖြင့်ထိုစကားကိုထပ်ပေါင်းပြောလိုက်သည်။


ကြယ်တာရာမဟာမိတ်အဖွဲ့ကလူက ဒီလိုပြောတော့ စိတ်မနာဘူးလား? ကြယ်တာရာမဟာမိတ်အဖွဲ့မှ ထိပ်သီးအဖွဲ့ဝင်များမှာ ခွေးတစ်ကောင်နှင့်ရင်ဆိုင်နေသည့်နှယ်။ အလေးအနက်ထားနေသောမျက်နှာမျိုးမှမလုပ်ထားလျှင် သူတို့၏မျက်နှာထားများကိုပြန်ရုတ်သိမ်းချင်မည်မဟုတ်ပေ။


"အကျဉ်းသားအခြေအနေက မှားယွင်းနေတယ်၊ အသင်းကသူ့ကိုယ်ကိုစစ်ဆေးပြီးပြီလား..."


ကုဟွိုက်က အနှီကွဲအက်လွယ်နေသော အခြေအနေကိုဖြတ်တောက်လိုက်၏။


"သူ့မျက်နှာပုံစံနဲ့ အခုလေးတင်သူစကားပြောလိုက်တဲ့ပုံစံက..."


ကုဟွိုက် စကားရပ်လိုက်ပြီး သင့်လျော်သလိုချိန်ညှိပြောရန်ကြိုးစားလိုက်၏။ ထို့နောက် အလ်ဗ်ကသူ့ဘေးမှနေ၍ မျက်နှာသေဖြင့်ပြောလာခဲ့သည်။


"ငြီးငွေ့စရာပဲ.."


ဟုတ်တယ်။ ငြီးငွေ့ဖို့ကောင်းတယ်။


ကုဟွိုက် အလ်ဗ်၏စကားကိုခေါင်းညိတ်ထောက်ခံပြီး အသွင်ကူးပြောင်းသည့်အခန်းထဲတွင် အဓိပ္ပါယ်မရှိတိုက်ခိုက်နေသော အသွင်ပြောင်းစစ်သားကိုလှမ်းကြည့်လိုက်သည်။


"သူ့ရဲ့ပုံစံ၊ အကျင့်စရိုက်၊ စကားပြောတဲ့အကြောင်းအရာနဲ့လေသံ...ကိုယ်တိုင်လုပ်နေသလိုမျိုးပဲ..."


"စစ်ဆေးတာကပြီးသွားပါပြီ.."


ကြယ်တာရာမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်က တုံ့ပြန်လာခဲ့သည်။ 


"အသွင်ပြောင်းထားတဲ့စစ်သားရဲ ဦးနှောက်ထဲကိုတစ်ခုခုထည့်ထားတယ်၊ ဘာလဲဆိုတာတော့မသိရသေးဘူး၊ ကျွန်တော်တို့ဖယ်ဖို့လုပ်ရင် အဲဒါကအလိုအလျောက်ခုခံလာတယ်၊ အဲဒါကြောင့် အခုထိဘာမှလုပ်လို့မရသေးတာ..."


ကုဟွိုက်က ခေါင်းလှည့်လိုက်ပြီး အာရွန်စဉ်းစားနေသည့်ပုံစံကိုတွေ့သွားခဲ့သည်။


"အာရွန်...မင်းမှာအဖြေရှိလား..."


အာရွန်က ခေါင်းမညိတ်သလိုခေါင်းလည်းမခါဘဲ ပြောလာခဲ့သည်။


"သေတော့မသေချာဘူး...ကြိုးစားကြည့်လို့တော့ရတယ်..."


"ဒါဆိုလည်းကြိုးစားကြည့်..."


ကုဟွိုက် အေးအေးလူလူပင်သဘောတူလိုက်ပြီး ကြယ်တာရာမဟာမိတ်အဖွဲ့မှလူများကိုလှမ်းကြည့်လိုက်သည်။


"မင်းတို့မငြင်းရဘူး..."


ကြယ်တာရာမဟာမိတ်အဖွဲ့မှအရာရှိများက တောင့်တင်းစွာဖြင့်ခေါင်းညိတ်ပြလာကြသည်။ အာရွန်ကကြိုးစားကြည့်မည်ဟုပြောခဲ့စေကာမူအောင်မြင်သွားရန်လည်းမလိုအပ်ပါချေ၊ ရက်အနည်းငယ်ကြာမှသူအောင်မြင်သွားခဲ့သည်။


"ချပ်စ်ပြားတစ်ပြားပဲ.."


အာရွန်ကရှင်းပြလာသည်။


"ကြယ်တာရာမဟာမိတ်အဖွဲ့ကပြောသလိုပဲ၊ ဒီချပ်စ်ပြားမှာ သူဟာသူဖျက်ဆီးပစ်နိုင်တဲ့ပရိုဂရမ်ပါတယ်၊ ချပ်စ်ပြားကိုဖယ်ဖို့လုပ်ရင် ပင်ကိုယ်ဖျက်ဆီးမယ့်ပရိုပရမ်က အလုပ်စလုပ်ပြီး စစ်သားတွေရဲ့ခေါင်းကပွင့်ထွက်သွားလိမ့်မယ်..."


အာရွန်က ဆက်မပြောခင်ရပ်နေလိုက်သေးသည်။


"ချပ်စ်ပြားနဲ့ပြောင်းလဲထားတဲ့စစ်သားတွေက ပရိုဂရမ်သွင်းထားတဲ့ စက်ရုပ်လိုပဲ၊ ဂါဗင်ရေးထားတဲ့အတိုင်း လုပ်ကြမှာ၊ ရေးထားတဲ့အထဲမှာ မင်းကိုတိုက်ခိုက်ဖို့လည်းပါလောက်တယ်.."


ချပ်စ်ပြား...


ကုဟွိုက် မျက်ခုံးများကိုကုပ်ထားလိုက်မိ၏။


" ချပ်စ်ပြားနဲ့ပြောင်းလဲထားတဲ့စစ်သားတွေမှာ ကိုယ်ပိုင်အသိစိတ်ရောရှိလား.."


"မရှိသလောက်ပဲ၊ သူတို့ရဲ့ခံစားချက်နဲ့ အသိစိတ်ကဖိနှိပ်ခံထားရတယ်.."


၎င်းသည်ကား ဂါဗင်၏ကုဟွိုက်အပေါ်ရှိ အကြောက်တရားမှလာခြင်းဖြစ်ကြောင်းအာရွန်သိရှိလိုက်သည်။ ဂါဗင်က ဤသို့သောချပ်စ်ပြားကိုပြုလုပ်ခဲ့ပြီး ပြောင်းလဲထားသည့်စစ်သားအသစ်များနှင့်ဇက်တို့၏ဗီဇကလည်း နောက်ထပ်ပေါင်းစည်းနိုင်တော့မည်မဟုတ်ချေ။ ထိုအစီအစဉ်တစ်ခါဖြစ်မြောက်သွားသည်နှင့် ဂါဗင်က နောက်တစ်ကြိမ်တူညီသောအမှားမျိုးလုပ်မိရန် သူ့ကိုယ်သူခွင့်ပြုတော့မည်မဟုတ်။ 


"သူကငါ့ကိုပစ်မှတ်ထားနေတယ်လို့ မင်းကဘာကြောင့်ထင်ရတာလဲ.."


ကုဟွိုက်သည်ကား သူက ပြောင်းလဲထားသည့်စစ်သားများ၏တိုက်ခိုက်ခံ ပစ္စည်းတစ်ခုအဖြစ်သတ်မှတ်ခံထားရသည့်အကြောင်းအရင်းနှင့်ပတ်သတ်၍ တည်ငြိမ်နေခဲ့သည့်တိုင် သူ့အနားရှိဇက်များကမူ ဒေါသထွက်နေကြလေပြီ။ 


အာရွန်က သတိထား၍ပြန်ဖြေလိုက်ပါ၏။


"မင်းကသူ့ရဲအစီအစဉ်ကိုဖျက်ဆီးမယ့်ပထမဆုံးလူလို့ထင်ပြီး စိတ်ရှုပ်နေရလို့ဖြစ်မှာပေါ့..."


"ဂါဗင်ကဘဝင်မြင့်နေတာ၊ သူ့အစီအစဉ်ကိုဘယ်လိုမှအပျက်ခံမှာမဟုတ်ဘူး..."


ယင်းမှာ လူပုဂ္ဂိုလ်တစ်ယောက်၏ရှုထောင့်မှကောက်ချက်ချခြင်းသာဖြစ်သည်။ ပိုမိုတိကျသောအကြောင်းပြချက်များအတွက် အာရွန်မှာ ဂါဗင်၏ရူးကြောင်ကြောင်အတွေးများကို အဖြေမရှာနိုင်တော့ပေ။ တဖက်လူကပုံမှန်မဟုတ်။ သူသာစိတ်ပုံမှန်မဟုတ်လျှင် ဂါဗင်ကိုနားလည်ပေးနိုင်လောက်သည်။


ကုဟွိုက်က စားပွဲခုံကိုခေါက်နေပြီး တခဏကြာမှပြန်မေးလိုက်သည်။


"ဖယ်မရသေးဘူးဆိုရင် ငါအသွင်ပြောင်းချပ်စ်ပြားကိုနောက်တခုထဲတိုက်ရိုက်ပြောင်းထည့်လိုက်မယ်၊ ပင်ကိုယ်ဖျက်ဆီးမယ့်ပရိုဂရမ်လည်းမစလောက်တော့ဘူး..."


အာရွန်က သိချင်သွားခဲ့သည်။


"မင်းဘာလုပ်မလို့လဲ..."


ကုဟွိုက်က ခပ်ရှင်းရှင်းသာပြန်ဖြေလိုက်၏။


"ငါ့စွမ်းရည်ကိုသုံးမလို့..."


သူ၏ဗီဇပေါင်းစပ်နေသည့်ကာလ ပြီးစီးသွားခဲ့ပြီးနောက် ကုဟွိုက်၏စိတ်စွမ်းရည်ထိန်းချုပ်နိုင်စွမ်းက အလုံအလောက် တိုးမြင့်လာခဲ့သည်။ သူ့ကိုသာနောက်ထပ်စမ်းသပ်သည့်စက်တစ်ခု ယူလာပေးပါက ကုဟွိုက်သည် သူ၏စမ်းသပ်သည့်ရလဒ်တန်ဖိုးကိုထိန်းချုပ်နိုင်လိမ့်မည်။


အဆိုပါတိကျမှုသည် သူ၏ခန္ဓာကိုယ်ကိုမထိခိုက်စေရဘဲ ကုဟွိုက်မှစစ်သား၏ခေါင်းထဲသို့ စိတ်စွမ်းအင်ထည့်ပေးနိုင်ကြောင်း သက်သေပြနိုင်သည်ဟုဆိုလိုသည်၊ ချပ်စ်ပြားကိုကိုင်ပြီး လျှပ်စီးလက်သွားသလိုသူ့စွမ်းရည်ကိုအသုံးပြုလိုက်သည်။ ကုဟွိုက်သည်သူ၏ 'အညီအမျှဖလှယ်သည့်စွမ်းရည်' ကိုအသုံးမပြုခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ 


ကုဟွိုက်သည်အနှီစွမ်းအင်ကို စွန့်ပစ်ဂြိုလ်ပေါ်တွင်ရှိခဲ့စဉ်က အဝတ်မပါဘဲမွေးဖွားလာခဲ့စဉ်ကနှင့် တက်ခ်ဇက်တို့ကိုမိုးမစိုအောင်ကာကွယ်ပေးခဲ့စဉ်က အသုံးပြုခဲ့ဖူးသည်။ ထို့နောက် သူ့ကိုအလ်ဗ်မှပြန်ခေါ်လာခဲ့ပြီးတူဆာပေါ်သို့ပြန်လာခဲ့ရပြီးနောက်ပိုင်း ကုဟွိုက် ထိုစွမ်းအင်ကိုထပ်သုံးရန်အခွင့်အရေးမရတော့ပေ။ ဇက်တို့က သူလိုချင်သမျှအရာတိုင်းကိုပေးနေခဲ့သည်လေ။


ကြယ်တာရာမဟာမိတ်အဖွဲ့က ကုဟွိုက်အားလုပ်ခွင့်ပေးခဲ့၍ သူနောက်တကြိမ် အကျဉ်းထောင်သို့သွားရပြန်သည်။ သည်တကြိမ်တွင်မူ သူဌာနကိုတိုက်ရိုက်သွားခဲ့သည်။ သူ့အားတိုက်ခိုက်ရန်ပြင်လာသည့် အသွင်ပြောင်းစစ်သားများကို အလ်ဗ်မှထိန်းချုပ်ထားခဲ့၏။


ကုဟွိုက် ညင်သာစွာဖြင့်မျက်တောင်ခတ်လိုက်ရာ မူလကဝိုင်းစက်နေခဲ့သောအနက်ရောင်မျက်လုံးများက ဒေါင်လိုက်ဖြစ်နေသောရွှေရောင်မျက်ဆံအိမ်များအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူသည်လက်ဆန့်ကာ လက်ညိုးဖြင့်စစ်သား၏နဖူးကိုထိလိုက်၏။ ကုဟွိုက်သည် သူ၏စိတ်စွမ်းအင်များကိုစတင်ပေါက်ကွဲစေလေပြီ။ အကယ်၍ သူ၏စိတ်စွမ်းအင်ထိန်းချုပ်မှုနှုန်းက အနည်းငယ်မျှလွဲချော်သွားခဲ့သည်ရှိသော် ချပ်စ်ပြားကမကျိုးပဲ့သွားနိုင်စေကာမူ စစ်သား၏ဦးနှောက်ကမူပျက်စီးသွားနိုင်လေသည်။


သို့သော် ကုဟွိုက်မရှုံးခဲ့ပါချေ။ စိတ်ဝိညာဉ်ဆိုင်ရာပိုင်းနှင့်ပတ်သက်လာပါက စကြဝဠာတွင်သူ့အားယှဉ်ပြိုင်နိုင်သူမရှိပေ။ ကုဟွိုက်သည် ပစ်မှတ်ကိုအတိအကျတွေ့သွားသည်နှင့် ၎င်းထံတွင်စိတ်စွမ်းအားများကိုစုပုံလိုက်ပြီး သူ့စွမ်းရည်များကိုထုတ်သုံးလိုက်သည်။


သူသည်ချပ်စ်ပြားကို အရွယ်တူသောအခြားပစ္စည်းတစ်ခုနှင့်အစားထိုးလိုက်ပါ၏။ ကုဟွိုက် သူ၏စိတ်စွမ်းအင်ကိုပြန်ရလာသည်နှင့် အလ်ဗ်ထိန်းချုပ်ထားသည့်စစ်သား၏မျက်လုံးများက သိသာစွာဖြင့်ပြောင်းလဲသွားကာ လက်ရှိအခြေအနေကိုတုန်လှုပ်စွာဖြင့်ကြည့်နေခဲ့လေသည်။


"ပစ္စည်းကိုဖယ်ထုတ်တဲ့ခွဲစိတ်မှုကတော့ပြီးမြောက်သွားပြီ.."


ကုဟွိုက် တဖက်လူကိုစိုက်ကြည့်နေလိုက်သည်။


စကားဆုံးသွားသည်နှင့် ကုဟွိုက်မှာအနည်းငယ်မူးဝေလာလေသည်။


အကြောင်းကိုမူ သေချာမသိနိုင်ပါချေ။ ပေါင်းစည်းခြင်းကာလကလွန်မြောက်သွားခဲ့ပြီး ကုဟွိုက်သည်လည်းသူ၏စွမ်းရည်နှင့်ပို၍အဆင်ပြေလာသင့်သော်လည်း စွမ်းရည်သုံးလိုက်တိုင်း သူ့အားမသက်မသာခံစားရစေသည်။ ယခင်တခါက ပြင်းထန်သည့်နာကျင်မှုကြောင့် သူမေ့လဲသွားခဲ့စဉ်က ခံစားခဲ့သော နာကျင်မှုခပ်ပါးပါးမှာ သက်သာသွားခဲ့သည့်တိုင် ကျန်ရှိနေဆဲပင်။ ဆေးအဖွဲ့က မည်သည့်ထူးခြားမှုကိုမှရှာမတွေ့ခဲ့သောကြောင့်မပြောခဲ့ခြင်းသာ။ နာကျင်မှု နှင့် ယားယံမှုမျိုးလည်းမဟုတ်သောကြောင့် ဇက်တို့ကသူ့အားစိုးရိမ်ရလောက်သည်အထိမပြင်းထန်ပေ။


ကုဟွိုက် အဆင်မပြေဖြစ်နေသည့်အခိုက်အတန့်တွင် အလ်ဗ်ကချက်ချင်းပင်သူ့အားထိန်းကိုင်ပေးခဲ့ပြီး သူ၏ချောမောလှသောမျက်နှာပေါ်မှစိုးရိမ်မှုများကို ပြသလာခဲ့သည်။ ကုဟွိုက် အလ်ဗ်၏လက်မောင်းများကြားသို့မှီလိုက်ပြီး ခေတ္တအကြာတွင် သက်သာသွားခဲ့သည်။ သူကြောင်ကြီး၏အမူအရာကိုမော့ကြည့်လိုက်ကာ ချောင်းဟန့်လိုက်၏။


"ဘာမှမဟုတ်ပါဘူး၊ စိုးရိမ်မနေနဲ့..."


အလ်ဗ်၏တုံ့ပြန်မှုသည်ကား မျက်လွှာချလိုက်ခြင်းသာ။ ကုဟွိုက်က၎င်းကိုတွေ့လိုက်ရပြီး တဖက်လူကိုနမ်းရှုံ့လိုက်သည်။ ထိုသို့ချော့မြူခြင်းနည်းလမ်းက စကားလုံးများထက်ပိုထိရောက်ပြီး အလ်ဗ်ကအနည်းငယ်မျှ စိတ်သက်သာသွားခဲ့သည်။ 


'ကြောင်ကြီးကချော့လိုက်ရင် ပျော့သွားတုန်းပဲ'


ခွဲစိတ်မှုကို ကြယ်တာရာမဟာမိတ်အဖွဲ့က တာဝန်ယူခဲ့သည်။ ကုဟွိုက်က ထိုသို့သောကုသမှုမျိုးပေးခဲ့၍ ကြယ်တာရာမဟာမိတ်အဖွဲ့ကဇက်တို့အပေါ်အကြွေးတင်သွားခဲ့ပြန်သည်။


"စစ်သည်တော်ကနိုးလာတာနဲ့ ကိစ္စတွေအများကြီးကိုပြောပြပါတယ်.."


ထို့နောက် ကြယ်တာရာမဟာမိတ်အဖွဲ့၏အကြီးတန်းအဖွဲ့ဝင်က ကုဟွိုက်အားကျေးဇူးတင်ကြောင်းပြသလိုက်သည်။


"အရေးမကြီးပါဘူး..."


ကုဟွိုက်က တည်ငြိမ်စွာဖြင့်ခပ်ပြုံးပြုံးပြောလိုက်၏။


"သာမန်ရန်သူတွေမှာလုပ်နေကျ ခွဲစိတ်မှုမျိုးပါပဲ.."


အသွင်ပြောင်းစစ်သားများမှာ ခွဲစိတ်ခံပြီးသည့်နောက် သတိရလာသည်နှင့် ကြယ်တာရာမဟာမိတ်အဖွဲ့မှအသေးစိတ်မေးမြန်းခြင်းကိုခံရရှာသည်။ ၎င်းသည်ကား ရီဝေဝေအခြေအနေဖြင့် သူမှတ်မိသမျှကိုကြယ်တာရာမဟာမိတ်အဖွဲ့ကိုပြောပြနေရရှာသည်။


အဆိုပါ မှတ်ဉာဏ်ပုံရိပ်များကိုစစ်ဆေးကြည့်ပြီးနောက် ကြယ်တာရာမဟာမိတ်အဖွဲ့သည် ဂါဗင်၏အစီအစဉ်ကိုအတိအကျသိရှိသွားခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် အနီးစပ်ဆုံးခန့်မှန်းနိုင်ခဲ့ကြ၏။


ဂါဗင်အတွက်မူ ချပ်စ်ပြားသွင်းထားသော အသွင်ပြောင်းစစ်သားများက ယခင် မိုးမှောင်မျှော်စင်စစ်သားများကိုထိန်းချုပ်သည်ထက်ပိုမိုလွယ်ကူနေခဲ့သည်။ ဂါဗင်သည် ကြယ်တာရာမဟာမိတ်အဖွဲ့ထိန်းချုပ်ရန်အလှမ်းဝေးလှသည့် မိုးမှောင်ဧရိယာတွင် ခံတပ်ကိုအခိုင်အမာတည်ဆောက်ထားသည်။


ဂါဗင်အနောက်သို့နှစ်များစွာလိုက်နေခဲ့သော ကြယ်တာရာမဟာမိတ်အဖွဲ့အတွက်မူ သူဒီဇိုင်းဆွဲထားသောဥက္ကာခဲကြောင့် ၎င်းတို့၏ဌာနချုပ်ကလွင့်ထွက်မလိုဖြစ်ခဲ့ပြီး သူတို့၏အပြင်းထန်ဆုံးသောဆန္ဒမှာ တဖက်လူအားတချက်တည်းနှင့်အပြတ်ရှင်းပစ်လိုက်ရန်ပင်။


မိုးမှောင်ဧရိယာမှာ ရှင်းလင်းနေသင့်သည်။ ကြယ်တာရာမဟာမိတ်အဖွဲ့သည် အဆိုပါဆုံးဖြတ်ချက်ကို တညီတည်းဆုံးဖြတ်ခဲ့ကြ၏။ ၎င်းမှာ လူတစ်ယောက်၏ဂုဏ်သိက္ခာကိုအဆုံးသတ်ရန်ကိစ္စပင်။ ပူးပေါင်းမှုဟုခေါ်ဆိုမည်ဆိုပါက ဤတကြိမ်တွင် ဇက်တို့ကလည်းကြယ်တာရာမဟာမိတ်အဖွဲ့နှင့်အတူတကွလုပ်ဆောင်လိမ့်မည်။ 


စစ်တပ်ကြီးနှစ်တပ်က ဂါဗင်၏ခံတပ်ကို တုန်လှုပ်ဖွယ်ရာစစ်သင်္ဘောအရေအတွက်ဖြင့် ဝန်းရံလိုက်ကြသည်။ ခိုင်မာသည့်ခံတပ်က ဂြိုလ်တစ်ခုလုံးကို အပိုင်စီးထားခဲ့သည့်တိုင် ကြယ်တာရာမဟာမိတ်အဖွဲ့နှင့်ဇက်တို့၏ပူးပေါင်းတပ်များအတွက် မတန်ပါချေ။


ဂါဗင်က ဤဂြိုလ်ပေါ်တွင်ရှိနေသည်။


ချပ်စ်ပြားနှင့်ထိန်းချုပ်ခံထားရသော အသွင်ပြောင်းစစ်သားများကားအပြစ်ကင်းစင်ကြသော်ငြား ဤစစ်ပွဲကြောင့် မြေကြီးလက်ခတ်မလွဲဖြစ်လာမည့်အရာများရှိသည်။ ကြယ်တာရာမဟာမိတ်အဖွဲ့က ဖြစ်နိုင်ချေများကိုအကျဉ်းချုပ်ပြီး ထိုးစစ်ဆင်ရန်အစီအစဉ်ကိုရေးဆွဲထားသည်။ အသက်ရှင်ခဲ့မည့်စစ်သားများကို ကုဟွိုက်က ဂါဗင်၏ထိန်းချုပ်မှုအောက်မှ ဖယ်ရှားပေးလိမ့်မည်။


မူလက ထိုအတိုင်းစီစဉ်ထားခဲ့ကြစေကာမူ ခံတပ်သို့ရောက်ရှိပြီး အနှီအသွင်ပြောင်းစစ်သားများထိန်းချုပ်ထားသည့် ရန်သူများဖြင့် ရင်ဆိုင်ရသည့်အခါ ကုဟွိုက်က ကြယ်တာရာမဟာမိတ်အဖွဲ့ကိုတိုက်ခိုက်ရန်မလိုအပ်သည့်အကြောင်းပြောခဲ့သည်။


ထို့နောက် ကုဟွိုက်က သူ့အတွက်ခက်ခဲစေမည့်ကိစ္စတစ်ခုကိုပြုလုပ်ခဲ့သည်။ ကုဟွိုက်သည် ၎င်း၏စိတ်စွမ်းအင်များကိုအရေအတွက်များစွာခွဲခြမ်းပစ်ပြီး အဆိုပါအသွင်ပြောင်းစစ်သည်များ၏ဦးနှောက်ထဲတွင်ရှိနေသော ထိန်းချုပ်ထားသည့်ချပ်စ်ပြားကိုဖောက်ခွဲပစ်လိုက်သည်။


ကုဟွိုက်သည် ပုံမှန်စွမ်းရည်ကြောင့်စိတ်ဝိညာဉ်ချိတ်ဆက်မှုက ဇက်တစ်ယောက်ချင်းစီတိုင်းကိုရှာတွေ့နိုင်သည်။ သို့သော် ဇက်များထက်စာလျှင် လူများအတွက်မှာ မျက်နှာချင်းဆိုင်မဟုတ်ပါက စိတ်ဝိညာဉ်စွမ်းအားဖြင့် ပစ်မှတ်ကိုအတိအကျရှာတွေ့နိုင်ရန်ခက်ခဲပေသည်။


ဤသို့သောအရာမျိုးက အခြားသူများအတွက် မဖြစ်နိုင်သောအရာပင်။ ထိန်းချုပ်ထားသည့်ချပ်စ်ပြားများကိုဖယ်ထုတ်လိုက်ပြီဖြစ်သည်။ ထိုနည်းလမ်းဖြင့် စစ်ပွဲထဲတွင် သံသယဖြစ်စရာလူကိုမတွေ့ခဲ့ရပေ။ သူတို့၏တစ်ဦးတည်းသောရန်သူမှာ ဂါဗင်သာဖြစ်သည်။ သူတို့ အနှီသူကိုဖမ်းမိရန် ဂြိုလ်ပေါ်သို့သွားခဲ့နေသရွေ့ အဆိုပါခွဲစိတ်မှုက အဆုံးသတ်သွားလိမ့်မည်။


သေချာပေါက်ပင် ကြယ်တာရာမဟာမိတ်အဖွဲ့နှင့်ဇက်တို့သည် သတိထားကာ ခြေလျင်တပ်များကိုခေါ်လိုက်ကြသည်။


ကုဟွိုက်၏စစ်သင်္ဘောထဲတွင် ဇက်တို့အားလုံးဒေါသထွက်နေကြလေ၏။ ဂါဗင်ဟူသောဤလူက သူတို့ဘုရင်အားထိခိုက်စေခဲ့ပြီး ထိုကဲ့သို့သောခက်ခဲသည့်အရာမျိုးကိုလည်း လုပ်ရအောင်ဖန်တီးခဲ့သည်။ ထိုပြစ်မှုမျိုးက သူတို့အတွက်ထိုလူကိုအကြိမ်

များစွာဆုတ်ဖြဲပစ်ရန်လုံလောက်နေပြီ။


ကုဟွိုက်က ကျိန်းသေ စစ်သင်္ဘောထဲတွင်အနားယူရတော့မည်ဖြစ်လေရာ ဇက်တို့ကစစ်ကြောင်းနှစ်ဖွဲ့ခွဲလိုက်ကြသည်၊ တစ်ဖွဲ့ကဂြိုလ်ပေါ်တွင်နေရမည်ဖြစ်ပြီး ကျန်တစ်ဖွဲ့က စစ်သင်္ဘောပေါ်တွင်နေရမည်။ အလ်ဗ်ကကုဟွိုက်အနားမှမခွာဘဲ အိုင်းယီမှာလည်းဆုံးဖြတ်ချက်ချရန် တုံ့ဆိုင်းနေလေသည်။


"ငါလည်းနေမယ်..."


အိုင်းယီ ခပ်ရှင်းရှင်းသာပြောလိုက်၏။ ၎င်းကလုံခြုံနိုင်လင့်ကစား ကုဟွိုက်အနားမှသွားရန်လည်း စိုးရိမ်နေမိသည်။ 


စီမိုဒိုနှင့်ကာ့ပါးလီယာတို့ကမူ ကွဲပြားစွာရွေးချယ်ကြ၏။ သူတို့

မျက်လုံးထဲတွင် စစ်သင်္ဘောကလုံးဝလုံခြုံမှုရှိသည်။ ယူးလာစစ်သင်္ဘောကို သင်္ဘောအမြောက်အများကကာကွယ်ထားသောကြောင့် အခြားစစ်တပ်ခေါင်းဆောင်နှစ်ယောက်က စစ်သင်္ဘောပေါ်တွင်ကျန်ရစ်နေခဲ့သည်။


စီမိုဒိုက သူ့ဒေါသကိုချုပ်တည်းမထားသလို ကာ့ပါးလီယာ၏မျက်နှာထားကလည်း ပုံမှန်အတိုင်းအေးစက်နေခဲ့သည်၊ သူတို့သည် သူမမျက်လုံးထဲမှမကျေနပ်မှုများကိုမြင်တွေ့နေရ၏။

သူတို့နှစ်ယောက်လုံး ဂါဗင်ဟုခေါ်သောလူ၏ခေါင်းကိုလိမ်ချိုးပစ်ချင်နေကြသည်။


ကြယ်တာရာမဟာမိတ်အဖွဲ့၏မြေပြင်အင်အားစုနှင့် ဇက်တို့ကဂြိုလ်ပေါ်တွင်အခြေချထားကြသည်။ သူတို့၏ပစ်မှတ်ကိုတွေ့လိုက်ကြပြီး ကုတ်အင်္ကျီအဖြူနှင့်လူငယ်လေးကသူတို့အားပြုံးပြနေခဲ့သည်။ အာရွန်၏ပြောစကားအရ ဂါဗင်သည်သူ၏အသွင်အပြင်ကိုလုံးဝပြောင်းထားပြီး အရင်ကပုံစံနှင့်ကွဲပြားပေသည်။


သည်နေရာသည် အချို့သောပစ္စည်းများအတွက် ကြီးမားလှသောလေ့လာရေးအခန်း သို့မဟုတ် ထိန်းချုပ်ခန်းတစ်ခန်းဖြစ်နိုင်သည်။ ဂါဗင်သည်ခြေလျင်တပ်များကိုတွေ့သည့်အချိန်တွင် ကြီးမားလှသောပစ္စည်း၏အစနေရာတွင် မတ်တပ်ရပ်နေခဲ့၏။ 


"ငါ့ဆီလာတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အစကနေအခုထိငါစိတ်မပြောင်းသေးဘူး..."


ရောက်လာသူများမှာ ဂါဗင်ကစကားပြောနေစဉ် အစခလုတ်နှိပ်လိုက်သည်ကို မတားလိုက်နိုင်ကြပေ။ ဂါဗင်၏အနောက်တွင် စကြဝဠာတွင်းနက်ဖြစ်လာရန်စက္ကန့်အနည်းငယ်သာကြာလိုက်ပြီး သူ့

အားစုပ်ယူသွားခဲ့သည်။


အစတည်းကသူ့ပန်းတိုင်က....


အနှီသူပျောက်ကွယ်သွားပုံကိုကြည့်နေရင်း ကာ့ပါးလီယာသည်သူပြောသမျှကိုပြန်တွေးကြည့်ပြီး နှလုံးသားထဲ၌မကောင်းသည့်ခံစားချက်များရလာသည်။


"အရှင်__"


......


အခြားသောစစ်သင်္ဘောများကာကွယ်ထားသည့် စစ်သင်္ဘော

ပေါ်တွင်ကုဟွိုက်မှာ စွမ်းရည်များသုံးခဲ့ပြီးပင်ပန်းနွမ်းနယ်မှု

များကြောင့်အိပ်ပျော်နေခဲ့သည်။ အလ်ဗ်အပါအဝင် အားလုံးသောဇက်တို့မှာ အပြင်တွင်သာရပ်နေခဲ့ကြသည်။ သူအနားယူ

နိုင်ရန် အပြင်ထွက်သည့်အခါတွင်လည်းတိတ်ဆိတ်နေရလေ

သည်။


ဂါဗင်က ပစ္စည်းအစခလုတ်ကိုနှိပ်လိုက်သည်နှင့် ကုဟွိုက်၏ဘေးတွင်တွင်းနက်ပွင့်လာခဲ့သည်။


မည်သူကမှ ကုဟွိုက်၏အခန်းထဲကိုအဝေးမှဝင်လာနိုင်သူရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် ဇက်တို့မှာတုံ့ပြန်ချိန်ပင်မရလိုက်။ တွင်းနက်သည်ကား စက္ကန့်အနည်းငယ်အတွင်းပွင့်လာပြီးပြန်ပိတ်သွားခဲ့သည်။


အလ်ဗ်ပင်အချိန်မီတုံ့ပြန်ရန် နှောင့်နှေးနေခဲ့ပြီး အခန်းထဲတွင်စွမ်းအားများပျံ့သွားသည်ကိုသာသိလိုက်ရသည်။ မျှော်လင့်ချက်ကတစ်ခုတည်းသာရှိတော့၏။


"အရှင်__"


စက္ကန့်အနည်းငယ်အတွင်း မည်သူမှမရောက်သွားသေးခင် အိုင်းယီကကုဟွိုက်အနားသို့အရင်ရောက်သွားခဲ့သည်။ အိုင်းယီကကုဟွိုက်ကိုလှမ်းဆွဲလိုက်သော်လည်း ခုခံရန်ခက်သည့်စွမ်းအားဖြင့်အဆွဲခံလိုက်ရသည်။ နှစ်ယောက်လုံးက တွင်းနက်၏အဆွဲကိုခံလိုက်ရကာ အခန်းထဲမှပျောက်ကွယ်သွားခဲ့ကြသည်။