အခန်း၈၅
Viewers 10k

Chapter 85

Chapter 85


နောက်ဆက်တွဲကိစ္စများကို ကြယ်တာရာမဟာမိတ်အဖွဲ့ကဆက်လက်တာဝန်ယူခဲ့သည်။ ဂြိုလ်၏ခံတပ်ကို ကြယ်တာရာမဟာမိတ်အဖွဲ့ကသိမ်းပိုက်ထားပြီး ကြယ်တာရာမဟာမိတ်အဖွဲ့၏စစ်တပ်သည် မိုးမှောင်၏ဧရိယာအတွင်းရှိနေသည့် ကြယ်တာရာနယ်ပယ်များကိုရှင်းလင်းခဲ့ကြသည်။


ကုဟွိုက်အခြေအနေကြောင့် ထိုသို့သောကိစ္စများကိုအရေးစိုက်ရန် ဇက်တို့ဦးနှောက်ထဲတွင်နေရာမရှိပါချေ။ ၎င်းတို့၏ယာဉ်ကို တူဆာသို့ပြန်ပို့လိုက်ကြသည်။


အခန်းထဲမှအိပ်ရာပေါ်တွင် ကုဟွိုက်က တစ်ရက်လုံးအိပ်ပျော်နေခဲ့သည်။ အခြားကြယ်ပေါ်မှပြန်လာသည့်အချိန်နှင့်ထပ်ပေါင်းလိုက်လျှင် ကုဟွိုက်အိပ်ပျော်နေခဲ့သည်မှာ ရက်ပေါင်းများစွာရှိခဲ့ပြီ။ ကုဟွိုက်ခေါင်းအုံး၏ဘေးနားတွင်မူ အနက်ရောင်ဥလေးတစ်လုံးရှိသည်။ ၎င်းကငြိမ်သက်စွာရှိနေပြီး အနက်ရောင်ဥအခွံက နေ့ဘက်တွင်တောက်ပြောင်နေတတ်၏။ အလ်ဗ်ကသူ၏အိပ်ရာဘေးတွင်ရှိနေပြီး ဂြိုလ်ပေါ်သို့ပြန်ရောက်လာပြီးတည်းက အမူအရာကင်းမဲ့သည့်မျက်နှာဖြင့်သာရှိနေခဲ့သည်။


ခြောက်ရက်မြောက်နေ့တွင် ကုဟွိုက်ပြန်နိုးလာခဲ့သည်။ မျက်စိနှစ်လုံးဖွင့်လာသည်နှင့် သူအရင်ဆုံးမေးလာသည်မှာ "အိုင်းယီရော? ငါနဲ့အတူပြန်ပါလာခဲ့လား..." ဟူ၍၊


အလ်ဗ်က ထိုမေးခွန်းကို ချက်ချင်းပြန်မဖြေခဲ့။ အိုင်းယီ၏လက်ရှိအခြေအနေက အကောင်းအဆိုးမှန်းရခက်သည်။ အတူတကွပြန်လာသည်ဟုယူဆရမည်လားမသိသေး။ အလ်ဗ်၏တိတ်ဆိတ်နေမှုကြောင့် ကုဟွိုက်မျက်တောင်ခတ်ကာ သူ့မျက်လုံးများက တဖြည်းဖြည်းနီရဲလာလေတော့၏။


"ဒီမှာပါ.."


အလ်ဗ်က သူ့နှုတ်ခမ်းများကိုသူဖိထားလိုက်ကာ ကုဟွိုက်သတိမထားမိသေးသော အနက်ရောင်ဥလေးကိုကောက်ပြီး ကုဟွိုက်အားပေးလိုက်သည်။


ကုဟွိုက်က ဥကိုမြင်ပြီး ဘာပြောရမှန်းမသိဖြစ်သွားလေ၏။


"ဒါက...အိုင်းယီ..ပေါ့နော်...?"


"အင်း.."


အလ်ဗ်က အသံသာပေးပြီးဖြေလာသည်။


"အားဟွိုက်.."


သူသည်ကား အသံကိုနှိမ့်၍ဆက်ပြောလိုက်၏။


"မငိုပါနဲ့.."


အလ်ဗ်ပြောမှ ကုဟွိုက်သည် သူ့မျက်နှာကအတော်အတန်စိုထိုင်းနေကြောင်း သိလိုက်ရလေသည်။ ပြီးနောက် အလ်ဗ်သည် ကိုယ်ကိုကိုင်းညွတ်ကာ သူ၏ပါးပေါ်မှစိုနေသည့်နေရာလေးကိုနမ်းရံှု့လိုက်သည်။


"ကိုယ်မင်းကိုဘယ်တော့မှ ထားရစ်ခဲ့မှာမဟုတ်ပါဘူး..."


ထိုစကားကိုမျှမပြောလိုက်ရလျှင် အလ်ဗ်မှာ စိတ်အေးနိုင်မည်မဟုတ်။


ကုဟွိုက် လက်မြှောက်ကာမျက်လုံးကိုပွတ်သပ်လိုက်သည်။ ထို့နောက် အလ်ဗ်လက်ထဲမှဥကို လက်နှစ်ဖက်ဖြင့်လှမ်းယူလိုက်၏။ အညီအမျှအသွင်ဖလှယ်ခြင်းစွမ်းရည်ကိုသုံးပြီး သူ၏အသက်စွမ်းအင်တပိုင်းကိုအဆုံးခံကာ အိုင်းယီ၏ခန္ဓာကိုယ်ကို ဥထဲသို့ထည့်ပေးခဲ့သည်။


ကုဟွိုက်လက်ဆန့်ထုတ်ပြီး အမည်းရောင်ဥကိုထိတွေ့လိုက်သည်။ သူ၏စိတ်စွမ်းအင်ဖြင့် သားပေါက်လေး၏တုံ့ပြန်မှုကိုသိရှိနိုင်သည်။ ၎င်းကလျှင်မြန်စွာဖြင့် တုံ့ပြန်လာခဲ့၏။ ကျန်းမာသည့်ဥလေးပင်။


ကုဟွိုက်က ဥလေးအားပြောလိုက်ပါ၏။


"ကောင်းကောင်းပေါက်လာရမယ်နော်..."


အိုင်းယီက ဥတစ်လုံးဖြစ်လာခဲ့ပြီး အနာဂတ်တွင်ဖြစ်လာနိုင်မည့်အရာကိုလည်းမသိနိုင်ပေ၊ သို့သော်လည်း အိုင်းယီကအသက်ရှိနေသေးသည့်အတွက်ကြောင့် ကုဟွိုက်မှာကျေးဇူးတင်နေရပေသည်။


ဥလေးက ကုဟွိုက်ကိုမတုံ့ပြန်နိုင်ပေ။ ၎င်းက ကုဟွိုက်လက်ထဲတွင်ငြိမ်သက်စွာဖြင့်ရှိနေခဲ့သည်။ ကုဟွိုက်ထိုသို့ပြောလိုက်သည့်အခိုက်ဥလေးသည် ကုဟွိုက်အားအသံတိတ်တုံ့ပြန်နေသလို ပိုတက်ကြွလာခဲ့၏။ 


ကုဟွိုက်နောက်တကြိမ် မျက်တောင်ခတ်မိကာ ရုတ်တရက် မျက်ရည်များကိုပြန်သိမ်းချင်သလို လှုပ်ရှားလိုက်သည်။


ကုဟွိုက် ဂရုတစိုက်ဖြင့် ဥလေးကိုခေါင်းအုံးပေါ်ပြန်တင်ထားလိုက်ပြီးအိပ်ရာဘေးတွင် တုံဏှိဘာဝေရပ်နေသောအလ်ဗ်ကို မော့ကြည့်လိုက်သည်။ ထိုအခါမှ ကြောင်ကြီး၏အခြေအနေကထူးခြားနေမှန်းရိပ်စားမိ

လိုက်၏။


"ငါအိပ်ပျော်သွားတာ ဘယ်လောက်ကြာပြီလဲ..."


ကုဟွိုက် ခေါင်းမော့ပြီးမေးလိုက်သည်။


အလ်ဗ်က အမှန်အတိုင်းပြန်ဖြေလာပါ၏။


"ငါးရက်ပါ..."


ကုဟွိုက်က ချက်ချင်းပြန်ချေပလေသည်။


"မင်းငါ့ဘေးမှာလာနေ နေခဲ့တာလား၊ ဘယ်ကိုမှ မသွားဘူးလား..."


"အင်း..."


ဤမျက်နှာထားအရ အလ်ဗ်သည် မည်သည့်ခံစားချက်ကိုမှအထူးတလည်မပြသဘဲ အေးစက်နေသည့်ခံစားချက်ကိုသာပေးနေလေသည်။ ကုဟွိုက်အမြင်တွင် ပုံမှန်ထက်ပို၍တင်းခံနေသလိုပင်။ အနှီသူကသူ့အားမလွတ်တမ်းစောင့်ကြည့်နေခဲ့သည်။ အလ်ဗ်က ယခုအချိန်တွင်စိတ်မလုံခြုံမှုကိုခံစားနေရရှာသည်။ အားလုံးကိုစွန့်ပစ်ထားရုံမက မစားမသောက်သည့်အပြင် အိပ်လည်းမအိပ်ပေ။


ယင်းကိုနားလည်သွားပြီး ကုဟွိုက်က အလ်ဗ်၏လက်ကိုဆွဲကာတဖက်လူကိုပြောလိုက်သည်။


"ငါဗိုက်ဆာတယ်..."


ကုဟွိုက် ချွဲပြောလိုက်လေ၏။


"ငါ ငါးရက်တောင်မစားရသေးဘူး၊ ဗိုက်ဆာတယ်.."


ကုဟွိုက်အပြောကြောင့် အလ်ဗ်ကချက်ချင်းလုပ်ဆောင်လိုက်သည်။ သို့သော်လည်း အခန်းထဲမှထွက်မသွားဘဲ စားစရာပြင်ခိုင်းလိုက်သည်။ အလ်ဗ်အမိန့်ကြောင့် ကုဟွိုက်နိုးလာပြီဖြစ်ကြောင်း အခြားဇက်များသိသွားကြကာ ၎င်းတို့မှာ အခန်းထဲသို့တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြ၏၊ ခြေလှမ်းကိုသတိထားနင်းပြီး ကုဟွိုက်လန့်သွားစေလောက်မည့် မည်သည့်အသံမျိုးကိုမှမလုပ်ရဲကြပေ။


ဘုရင်က သူတို့ကိုအလွန်တရာကြင်နာပြီး ကပ်တွယ်နေတတ်သည်။ ထို့ကြောင့်ပင် အိုင်းယီကိစ္စက ကုဟွိုက်ကို အင်မတန်ဝမ်းနည်းစေခဲ့ခြင်းဖြစ်မည်။ 


"အရှင်၊ နေရတာအဆင်ပြေရဲ့လား၊ မသက်မသာဖြစ်နေတဲ့နေရာရှိသေးလား..."


ကာ့ပါးလီယာက တတ်နိုင်သမျှအသံကိုလျှော့ကာမေးလိုက်လေသည်။


ဇက်မျိုးနွယ်စုတွင် ကာ့ပါးလီယာနှင့်စီမိုဒိုတို့က ဤကိစ္စအပေါ်အစိုးရိမ်ကြဆုံးပင်။


ကုဟွိုက်သည် ဇက်တို့၏စိုးရိမ်နေမှုများနှင့်ဝိုင်းခံထားရပြီး နွေးထွေးသည့်အသံလေးဖြင့်ပြောလိုက်၏။


"အင်း...ငါအဆင်ပြေပါတယ်..အနားယူလိုက်ပြီလေ..."


စိတ်စွမ်းအင်ကုန်ခမ်းသွားမှုက ရက်အနည်းငယ်ကြာအိ်ပ်စက်အနားယူလိုက်ပြီးနောက် အမြန်ပြန်လည်သက်သာသွားခဲ့သော်လည်း ကုဟွိုက်၏ခန္ဓာကိုယ်မှာ အတော်လေးအားနည်းနေသေးသည်။ ၎င်းမှာ သူ၏အသက်ဓာတ်ဆုံးရှုံးလိုက်ရခြင်း၏ရလဒ်ပင်။ ကုဟွိုက်သည် အိုင်းယီအ

တွက်သူ၏အသက်ဓာတ်အသက်ဓာတ်အနည်းငယ်ကိုလဲလှယ်လိုက်ကြောင်း ဇက်တို့ကိုပြောပြရန် မရည်ရွယ်ထားပေ။ ထိုသို့ပြောလိုက်ခြင်းက စိတ်ပူပင်မှုများကိုသာတိုးလာစေပြီး ကုဟွိုက်ကလည်းမလိုအပ်သလိုခံစားရသည်။ ဇက်မျိုးနွယ်စုသည် ဆင့်ကဲဖြစ်စဉ်တွင်အားကောင်းတတ်ပြီး မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်ကြောင့် အခြားမျိုးနွယ်စုများထက်အသက်ဓာတ်ပိုမိုအားကောင်းလေ၏။ ကုဟွိုက် ထိုအရာကိုသည်းခံနိုင်မည်ဟုယုံကြည်ထားသည်။


စားစရာများက မကြာမီပင်ရောက်ရှိလာခဲ့ပြီး အိပ်ရာဘေးကစားပွဲပေါ်တွင်သာပြင်ဆင်လိုက်ကြသည်။


ကုဟွိုက်က ချက်ချင်းစတင်မစားသေးဘဲ အလ်ဗ်အားလှမ်းကြည့်လိုက်သည်။


"မင်းလည်းငါနဲ့လာစားလေ..."


အနှီကြောင်ကြီးက သူ့အားရက်အတန်ကြာ နေရာမှမရွေ့ဘဲ စောင့်ရှောက်လာခဲ့ခြင်းကိုသိလိုက်ရသည်တွင် ကုဟွိုက်သည် တဖက်လူကိုစားသောက်ခွင့်ပေးသင့်သည်ဟု တွေးလိုက်သည်။ ကုဟွိုက်ကသာအလ်ဗ်ကိုတန်းပြီး အနားယူခိုင်းလိုက်လျှင် အလ်ဗ်ကလုံးဝသွားမည်မဟုတ်။ ဇက်များအတွက် ငါးရက်ခန့်မစားမသောက်၊ မအိပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုမရှိသော်လည်း ကုဟွိုက်သည်ကား အလ်ဗ်ကို ဤအခြေအနေဖြင့်မတွေ့မြင်လိုပါချေ။


အလ်ဗ်ကမတုံ့ပြန်လာသော်လည်း ကုဟွိုက်၏တောင်းဆိုချက်ကိုလက်ခံခဲ့သည်။ စားသောက်ပြီးစီးသွားသည့်အခါ ကုဟွိုက်က ခေါင်းအုံးပေါ်မှဥလေးကိုကောက်ပြီး ကြီးကြပ်ရေးမှူးအားပြောလိုက်သည်။


"မင်း ငါ့အခန်းကို နွေးအောင်လုပ်ပေးထားပါလား.."


ကုဟွိုက် သူ၏ထင်မြင်ယူဆချက်ကိုထုတ်ပြောလိုက်သည်။


"ဆောင်းတွင်းလည်းရောက်နေပြီဆိုတော့ အရမ်းအေးလာမှာစိုးရိမ်တယ်၊ ဥလေးလည်းအဆင်ပြေမှာမဟုတ်ဘူး၊ သိုလှောင်ခန်းတစ်ခန်းလောက်ရှိရင်ပိုကောင်းတာပေါ့..."


ကုဟွိုက်၏အခန်းက ကျယ်လွန်းသည်။ အပူချိန်သိုလှောင်ပေးသည့်ကိရိယာကို အခန်းထဲတွင်တပ်ဆင်တော့မည်ဖြစ်ကာ ကုဟွိုက်က ဥကိုထိုနေရာတွင်ထားမည်ဖြစ်သည်။


ယခု သူနိုးလာပြီဖြစ်၍ ကုဟွိုက်သည်ဂါဗင်အကြောင်းရှင်းပြရန်အတွက် ကြယ်တာရာမဟာမိတ်အဖွဲ့ကိုဆက်သွယ်ရန်ဆုံးဖြတ်လိုက်သည်။ ဆက်သွယ်ရေးဖန်သားပြင်ကိုကြည့်ပြီး ကုဟွိုက်သည် ပေါ်လာသောကြယ်တာရာမဟာမိတ်အားပြောလိုက်သည်။


"ဂါဗင်က သူ့ခန္ဓာကိုယ်ကို ဥက္ကာခဲအဖြစ်ပြောင်းလိုက်တယ်၊ တွင်းနက်က ကျွန်တော်တို့ကိုနေရာလွတ်ထဲဆွဲခေါ်သွားပြီး သူ့ကိုယ်သူဖောက်ခွဲပစ်လိုက်တယ်၊ ခင်ဗျားတို့သူသေဆုံးသွားပြီဆိုတာကို အတည်ပြုလို့ရပါတယ်..."


ထိုစကားတစ်ခွန်းတည်းနှင့် သတင်းအချက်အလတ်များကို များစွာရရှိလိုက်နိုင်ပြီး ကြယ်တာရာမဟာမိတ်အဖွဲ့မှာလည်း တခဏမျှ ကြေချက်ရန်ခက်ခဲနေမှန်းနားလည်လိုက်ကြသည်။ ဂါဗင်ကသေဆုံးသွားခဲ့ပြီး ကြယ်တာရာမဟာမိတ်အဖွဲ့၏ နှလုံးထဲတွင်ညပ်နေသော ဆူးကိုလည်း

ဖယ်လိုက်နိုင်ပြီဖြစ်သည်။ ကြယ်တာရာမဟာမိတ်အဖွဲ့သည်အလွန်ပျော်ရသော်လည်း ဇက်တို့နှင့်ရင်ဆိုင်ရန် အတော်လေးခက်ခဲကြောင်းသိလိုက်ရပေသည်။


ကြယ်တာရာမဟာမိတ်အဖွဲ့သည်ကား ဥက္ကာခဲကမည်မျှစွမ်းအားကြီးကြောင်းသတိထားမိကြသည်။ ဌာနချုပ်ရှိနေသော ဂြိုလ်ကိုပင်ဖောက်ခွဲပစ်လိုက်နိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ရာကောင်းသောလက်နက်ကြီးပင်။ ယခု ဇက်ဘုရင်နှင့်အခြားသောစစ်တပ်ခေါင်းဆောင်တို့က သူတို့အားကူညီပေးခဲ့ရာမှ ဒဏ်ရာအပြင်းအထန်ရခဲ့ကြပြီး ကြယ်တာရာမဟာမိတ်အဖွဲ့မှာ ဇက်တို့အပေါ်အကြွေးတင်နေသည်ဟုပြောရန်ပင်မရိုးရှင်းတော့ပေ။


ကြယ်တာရာမဟာမိတ်အဖွဲ့နှင့်ဆက်သွယ်ပြီးနောက် ဆက်သွယ်သည့်ဖန်သားပြင်ကိုပိတ်လိုက်ပြီး ကုဟွိုက်သည် သူ့ဘေးမှအလ်ဗ်၏အမြှီးကိုလှမ်းဆွဲလိုက်သည်။ သူ့ကိုယ်သူအမြှီးဖြင့်ပတ်လိုက်ပြီး အလ်ဗ်အားကွေးညွတ်သွားသည့်မျက်လုံးများဖြင့်ပြုံးပြလိုက်သည်။


"ငါအရမ်းကြောက်နေတာ၊ မင်းငါ့ကိုဒီလိုမျိုးလေးပတ်ပေးထားရင် ငါစိတ်ပေါ့သွားရော.."


ကုဟွိုက်စကားဆုံးသွားသည်နှင့် အလ်ဗ်သည် ၎င်း၏ငွေမှင်ရောင်အမြှီးဖြင့် ကုဟွိုက်ကိုဖက်ထားလိုက်သည်။ ကုဟွိုက် ထိုလူကိုစိတ်တည်ငြိမ်စွာဖြင့်ပွတ်သပ်နေလေ၏။ အလ်ဗ်ကကုဟွိုက်၏ခန္ဓာကိုယ်ကိုဖက်ထားပြီး သူ၏စိတ်ထဲမှအလောသုံးဆယ်ဖြစ်နေမှုမှာလည်းလျော့သွားခဲ့သည်။ 


နောက်ထပ်ရက်အနည်းငယ်အကြာ၌ ဥကိုနေ့တိုင်းလာကြည့်ပြီး ကုဟွိုက်သည် အလ်ဗ်ကိုစိတ်သက်သာစေရန် လုပ်ပေးလိုက်သည်။ အနှီမတော်တဆမှုကြောင့် ကြောင်ကြီးကသူ့အားတွယ်ကပ်တတ်လာသည်။ ကုဟွိုက်သွားသည့်နောက်သို့ လိုက်နေကျဖြစ်သော်လည်း ယခုမူ

အနားမှမခွာတော့ပေ။ ကုဟွိုက် ရေချိုးခန်းထဲဝင်သည်အထိကို အနောက်မှလိုက်လာတတ်သည်။


ကုဟွိုက်သည် ယခုကဲ့သို့စိတ်ရှုပ်စရာဖြစ်နေသည်က အလ်ဗ်အတွက်မကောင်းသည့်အရာဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် တစ်နေ့တွင် 'ရေချိုးခန်း' တွင်လုပ်မည့်ကိစ္စကို မငြင်းတော့ပေ။ သူသည်ဤနေရာတွင် ဖြစ်လာမည့်အရာများကိုမြင်ယောင်ကြည့်နိုင်သည်။ ကုဟွိုက်က နံရံတွင်ဖိခံထားရနိုင်ပြီး သူ့အသံကိုမနည်းထိန်းချုပ်ထားရလိမ့်မည်။


ကုဟွိုက်မှာ အင်အားကိုအလွန်အကျွံသုံးခဲ့ရပြီး အလ်ဗ်၏အခြေအနေမှာလည်း မကြမ်းတမ်းနေခဲ့ပေ။


ကုဟွိုက်သည် ဥကိုနေ့စဉ်လာကြည့်ခဲ့ပြီး ၎င်းပေါက်လာမည့်နေ့ကိုဆက်မစောင့်နိုင်တော့ပေ။ လများစွာကြာမြင့်ပြီးနောက်တွင် ဥသည် အသက်ဓာတ်ကို သိသိသာသာပြလာခဲ့စေကာမူ ဥခွံကွဲလာမည့်အခြေအနေအားမတွေ့ရသေးပေ။


သို့ထိတိုင် ဥ၏အရွယ်အစားကပြောင်းလဲသွားခဲ့ပြီး မူလကရှိခဲ့သောဘော်လီဘောအရွယ်အစားထက် ပိုကြီးလာခဲ့သည်။ ၎င်းသည်ကားပုံမှန်မဟုတ်။ သာမန်အားဖြင့် ဥအရွယ်အစားကပြောင်းမသွားတတ်ချေ။


ကနဦးတွင် အိုင်းယီ၏အခြေအနေကကုဟွိုက်နှင့်ဆင်တူခဲ့သည်။ ကုဟွိုက် ပေါက်လာစဉ်ကလည်း ဥအရွယ်အစားက မဟားတရားကြီးမားခဲ့သည်။ ကုဟွိုက်သည် သားပေါက်အရွယ်သို့မရောက်မချင်းပေါက်မ

လာခဲ့ပေ။ အပူပေးကိရိယာထဲတွင်ထားရှိပါက ဥသည် မရပ်မနားကြီးထွားလာပြီး ရပ်သွားလိမ့်မည်။


"မင်းပေါက်လာရမယ်နော်..."


ကုဟွိုက်သည် အပူပေးအခန်းထဲသို့မကြာခဏသွားတတ်ပြီး ဥကိုကိုင်ကြည့်တတ်ကာ နွေးနွေးထွေးထွေးဖြင့်အားပေးတတ်သည်။


"နွေဦးရောက်ပြီ၊ နောက်လရောက်ရင်နွေရာသီဖြစ်တော့မှာ၊ အဲဒီနှစ်ရာသီကအရမ်းကိုနွေးထွေးပြီး အသစ်သောအရာတွေမွေးဖွားလာရင်သင့်တော်တယ်တဲ့.."


စောင့်ဆိုင်းရသည့်အချိန်ကကြာမြင့်သော်လည်း ကုဟွိုက်ကစိတ်မပျက်ပေ။ ဥသည်အသက်ဓာတ်ကြွယ်ဝနေပြီး သူပြောသမျှစကားတိုင်းကိုလည်းတုံ့ပြန်နေသည်။ ထို့ကြောင့် မျှော်လင့်ချက်ရှိနေသေး၏။


နှစ်တစ်နှစ်ကအလျင်အမြန်ကုန်ဆုံးသွားခဲ့ပြီး တူဆာသည်လည်းဖြည်းဖြည်းချင်းတိုးတက်နေသလို ဂြိုလ်သည် ဒုတိယမြောက်ဆောင်းရာသီတွင် နှင်းဝေလာခဲ့သည်။ သည်နှစ်၌ တူဆာ၏ပထမဆုံးနှင်းကျချိန်မှာ

စောလွန်းပေသည်။ တူဆာတွင်ဆောင်းရာသီဝင်သည်နှင့် မနက်ခင်းရောက်လျှင် ဂြိုလ်ပေါ်၌နှင်းများကျလာတတ်သည်။ ခြံဝန်းထဲရှိအိမ်တော်မှအပင်များပေါ်တွင် နှင်းများထူသိပ်နေတတ်ကာ မြေပြင်သည်လည်း နှင်းများဖြင့်ပုံနေတတ်သည်။


တခုခုကိုသိနေသည့်နှယ် တူဆာ၏ကောင်းကင်ပေါ်မှနှင်းကျလာသည့်အခိုက် အပူပေးအခန်းထဲတွင်တိတ်တဆိတ်ရှိနေခဲ့သည့် ဥသည် နောက်ဆုံး၌လှုပ်ရှားလာခဲ့သည်။


ခလွက်...


ရှင်းလင်းပြတ်သားသည့်အသံဖြင့် အနက်ရောင်ဥအခွံပေါ်မှာ အက်ကြောင်းလိုက်လာခဲ့ပြီ။ 


လက်တလောတွင် ကုဟွိုက်သည် အိမ်တော်ပထမထပ်မှဧည့်ခန်းထဲတွင်နေထိုင်နေသည်။ ခြံဝန်းထဲတွင်နှင်းကျနေသည့်မြင်ကွင်းကိုသူမကြည့်ဘဲမနေနိုင်ခဲ့ပေ။ နေ့လည်တွင်နှင်းကျနေသည်က ရပ်သွားခဲ့၏။ နှင်းကျခြင်းရပ်သွားသည်နှင့် မြေကြီးပေါ်မှနှင်းများက နှင်းရုပ်ဖြစ်လာ

တတ်သည်။ ပြီးခဲ့သောဆောင်းရာသီတွင် ကုဟွိုက်သည် အလ်ဗ်နှင့်အခြားစစ်တပ်ခေါင်းဆောင်များအတွက် နှင်းရုပ်လုပ်ပေးမည်ဟုပြောခဲ့ဖူးသည်ကို တွေးနေမိသည်။ ထိုအချိန်က အိုင်းယီသည် သူ့အား 'နောက်နှစ်မှာ ကျွန်တော့်ပုံစံလုပ်မယ်' ဟုပြောခဲ့ဖူးသည်။


"နေ့လည်ရောက်ရင် နှင်းရုပ်သွားလုပ်ရအောင်၊ ငါတို့အိုင်းယီအတွက်လည်းလုပ်ကြမယ်..."


ကုဟွိုက်သည် ဆိုဖာပေါ်တွင်ထိုင်နေရင်း မဝေးသည့်နေရာက ကာ့ပါးလီယာအားပြောလိုက်လေ၏။


ကာ့ပါးလီယာက ပုံမှန်အတိုင်းခေါင်းညိတ်သော်လည်း သူမ ဘာမှမပြောရသေးခင် ဇက်တို့၏ရုတ်တရက်စိတ်လှုပ်ရှားစွာအော်လိုက်သံကိုကြားလိုက်ရသည်။


"အရှင်....အိုင်းယီ__!"


ကုဟွိုက် မှင်သေသွားပြီး ဇက်စစ်သည်တော်များသွားနေသည့်ဘက်သို့အမြန်ဦးတည်လိုက်သည်။ ထို့နောက် ရွှေရောင်ဖျော့ဖျော့မျက်လုံးများ၊ မျက်နှာပေါ်တွင် ကွေးနေသောဦးချိုတစ်စုံဖြင့် အင်မတန်ချောမော

ပြေပြစ်သည့်လူတစ်ယောက်ကိုတွေ့မြင်လိုက်ရပြီး ၎င်း၏မျက်နှာပေါ်တွင် အမည်းရောင်ခပ်ပါးပါးဖြင့်အရုပ်များရှိနေလေသည်။


ပုံစံအရ ၎င်းက ငါးနှစ်ခြောက်နှစ်အရွယ်သာရှိသေးပြီး ဆယ်ကျော်သက်အရွယ်ဇက်ပုံစံမဟုတ်သေးသော်လည်း အမျိုးမျိုးသောအသွင်အပြင်အရ ကုဟွိုက်သည်ထိုလူကိုမှတ်မိနေဆဲပင်။


"အိုင်းယီ.."


ကုဟွိုက်မှာ အံ့အားသင့်နေပြီး ထိုအခြေအနေကြောင့် စကားပင်မပြောနိုင်တော့ပေ။


ထိုလူသည် ကုဟွိုက်၏မည်သည့်တုံ့ပြန်မှုကိုမှစောင့်မနေ။ သူသည်လူသားပုံစံဖြစ်နိုင်လင့်ကစား ကုဟွိုက်အနားကိုချက်ချင်းချဉ်းကပ်လာသူက ဇက်သားပေါက်လေးသာဖြစ်သည်။ ၎င်း၏ပတ်လည်မှအရာအားလုံးကထူးဆန်းနေပြီး ကုဟွိုက်အားမြင်သည်နှင့်အိုင်းယီသည် တဖက်လူအနားသို့သွားသင့်မှန်းသိနေခဲ့သည်။


"အရှင်..."


အိုင်းယီသည်ကုဟွိုက်အနောက်မှကပ်လိုက်နေပြီး မသိစိတ်မှခေါ်လိုက်မိသည်။


ကုဟွိုက်သည် အိုင်းယီ၏ခေါ်သံကိုကြားပြီးမေးကြည့်လိုက်သည်။


"မင်းအရင်က ကိစ္စတွေကို မှတ်မိသေးလား..."


အိုင်းယီငယ်လေးက ကုဟွိုက်အားကြည့်နေခဲ့သည်၊ ခပ်ဖျော့ဖျော့ရွှေရောင်ဒေါင်လိုက်မျက်လုံးများမှာ အသန့်စင်ဆုံးနွေဦးပမာ ကြည်လင်နေခဲ့သည်။ ပြီးနောက် သူခေါင်းယမ်းလိုက်၏။


"မင်းမမှတ်မိလည်းရပါတယ်.."


ကုဟွိုက် အနှီသူ၏ဆံပင်ကိုထိကိုင်လိုက်သည်။ 


"မင်းနာမည်ကအိုင်းယီ၊ မင်းနာမည်တော့မင်းမှတ်ထားဖို့လိုတယ်..."


အတိတ်မှအမှတ်တရများပျောက်ကွယ်သွားခဲ့လျှင်ပင် ပြန်ရယူနိုင်ပါသေးသည်။


ကုဟွိုက် မေးကြည့်လိုက်သည်။


"မင်းနှင်းလူသားလုပ်ချင်လား..."


နှင်းလူသားလုပ်မယ်....


အိုင်းယီ၏စိတ်အစဉ်က ဝိုးတဝါးမှတ်ဉာဏ်များထံလွင့်မျောသွားပုံရသည်။ သူအသေးစိတ်မမှတ်မိသော်လည်း နှင်းလူသားနှင့်ပတ်သတ်ပုံပင်။ အဆိုပါကိစ္စက ဆောင်းရာသီတွင်ဖြစ်ခဲ့ပုံရသည်၊ သူဥထဲမှထွက်လာနိုင်ရန် စိတ်ဆန္ဒပြင်းပြနေခဲ့သည်လေ။


သည်ဆောင်းရာသီတွင် အလွန်တရာအရေးကြီးသောကတိကဝတ်ရှိခဲ့ပုံရပြီး ထိုလက်ဆောင်ကိုလွတ်သွား၍မဖြစ်ပေ။