အပိုင်း၉
Viewers 14k

CHAPTER 9

Chapter 9




ဌာနမှူးနာမည်ကား ဖုန့်မောင်ဖြစ်ပြီး ယခုစာသင်နှစ်၌ ပြောင်းလာခဲ့ခြင်းပင်။


ဌာနမှူးတွေက ယခုကဲ့သို့ကိစ္စများအား တာဝန်ယူရပြီး စည်းကမ်းတင်းကြပ်လှသည်။ သူသည် မနက်စာမစားဘဲ စပီကာအားကိုင်ကာ စာသင်ဆောင်ရှေ့၌ မိနစ်ငါးဆယ်ကြာ ရပ်နေပြီးနောက်ဆုံး၌ ယင်းကျောင်းကဲ့သို့ ပုံစံမကျသည့်ကျောင်းသားအား အပြစ်ပေးရန် ဖမ်းမိလေသည်။


သူက အတန်းခုနစ်မှဖြစ်ကာ ဒုတိယနှစ်ဆိုသည်အား သိပြီး ဖုန့်မောင်သည် သူ့အား ဒုတိယတန်းသိပ္ပံရုံးခန်းသို့ တိုက်ရိုက်ခေါ်သွားကာ သူ့ကိုဆရာလျိုထံ တွန်းပို့လိုက်သည်။


“ဒီကောင်လေးက ဆရာတို့အတန်းကဆိုတာ ဟုတ်သလား..”


ဆရာလျိုက ပေါက်ဆီစားနေဆဲဖြစ်ပြီး သူတို့နှစ်ယောက်အား တွေ့ချိန်၌ မျက်မှောင်ကျုံ့လိုက်မိသည်။


“ဟုတ်တယ်..”


သူကမတ်တပ်ရပ်လိုက်ကာ ရုံးခန်းပိုင်ထိုင်ခုံအား တွန်းဖယ်လိုက်ပြီး ကျင်းစစ်အားကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။


“သူတို့နှစ်ယောက် ဘာလုပ်ထားလို့လဲ…”


“ဒါက..”


ဖုန့်မောင်က ယင်းကျောင်းအားလက်ညိုးထိုးပြသည်။


“သူက ကျောင်းယူနီဖောင်းဝတ်မလာတာ လက်ပူးလက်ချပ်မိတာ…”


သူက လှည့်လိုက်ပြီး ကျင်းစစ်အားဆွဲခေါ်ကာ နှာမှုတ်၍ဆိုသည်။


“ဒီတစ်ယောက်က သူ့ သူငယ်ချင်းအတွက် ကျောင်းဝတ်စုံကညစ်ပတ်နေတယ်ဆိုပြီး သက်သေခံပေးမယ်ပြောတယ်…”


ထိုသည်က ရန်ဖြစ်ခြင်းနှင့် အတန်းလစ်ခြင်းမဟုတ်ကြောင်းကြားရပြီးနောက် ဆရာလျိုက စိတ်သက်သာရကာ သက်ပြင်းချလိုက်မိသည်။


“ဒါရိုက်တာ..မစိုးရိမ်ပါနဲ့..ကျွန်တော် သူ့ကို ကျောင်းယူနီဖောင်းဝတ်ဖို့ ပြန်ခိုင်းလိုက်မယ်…”


ဖုန့်မောင်က သူ့၏ပေါ့ပေါ့တန်တန် အပြုအမူကြောင့် အလွန်မကျေမနပ်ဖြစ်နေသည်။ သူက ခုံကိုပုတ်လိုက်ပြီး ပြောသည်။


“ဆရာလျို မင်းက မင်းကျောင်းသားတွေအတွက် တာဝန်ခံရမယ်..ကျောင်းသားဆိုတာ ကျောင်းဝတ်စုံဝတ်ရမယ်…ဒါကစည်းကမ်းပဲ..သူတို့ကျောင်းမှာ ရှိနေသရွေ့ သူတို့လိုက်နာရမယ်…ငါ ဒါကိုပြောချင်လို့ မဟုတ်ပေမယ့် သူ့လိုမျိုး မသပ်မရပ် စည်းမဲ့ကမ်းမဲ့ လူမျိုးက နောင်ကြရင် ထောင်ထဲပို့ခံရလိမ့်မယ်..”


သူက ကျင်းစစ်အားကြည့်လိုက်သည်။


“ဒါကောင်းတဲ့ ကိစ္စမဟုတ်ဘူး..ဒီလိုအလိမ်စကားပြောတာ..ပထမဆုံးအကြည့်နဲ့တင် သူက ကောင်းတဲ့ စာရိတ္တမရှိတဲ့သူမှန်း ငါပြောနိုင်တယ်…”


ယင်းကျောင်းက မျက်လုံးပင့်ကာ သူ့အားကြည့်သည်။


ဖုန့်မောင်က သူ့အကြည့်ကြောင့် ပိုပေါက်ကွဲသွားသည်။


“မင်း ဘာကြည့်တာလဲ..ဘာလဲ..မကျေနပ်ဘူးလား..ဒီဆရာက မှားလို့လား..မင်းကျောင်းယူနီဖောင်းက ဘယ်မှာလဲ… မင်းဘာလို့ မဝတ်တာလဲ..”


ယင်းကျောင်းက ခုန်ကိုမှီကာ ပျင်းရိစွာ ပြောသည်။


“ အဲ့ဒါ ညစ်ပတ်နေတယ်…”


ဖုန့်မောင်က ချက်ချင်းပေါက်ကွဲသွားသည်။


“ဆရာလျို မင်းအတန်းက ကလေးကို ကြည့်စမ်း..ဒါက ဘယ်လိုအပြုအမူလဲ..ကျောင်းဝတ်စုံ မဝတ်တာက အကျိုးအကြောင်းသင့်လျော်လား..အဲ့ဒါ မင်းကောလိပ်သွားမယ့် ပုံစံလား…အဓိပ္ပာယ်မရှိလိုက်တာ.. မင်းလွယ်အိတ်လွယ်ပြီး အိမ်ပြန်တော့….”


ယင်းကျောင်းက ပြုံးလိုက်ပြီး ထရပ်ကာ လှည့်ထွက်သွားသည်။


“မင်း….” ဖုန့်မောင် ကဒေါသတကြီးအော်လိုက်၏။


“မင်း ဘယ်လိုဖြစ်နေတာလဲ…ရပ်စမ်း..မင်းဘယ်သွားတာလဲ..”


ယင်းကျောင်းက လှည့်မကြည့်ဘဲ သူ့အနောက်မှ ဖုန့်မောင်အား လျစ်လျူရှုထားသည်။


“လွယ်အိတ်လွယ်ပြီး အိမ်ပြန်မလို့..”


ဖုန့်မောက်က ရှေ့နှစ်လှမ်းတိုးကာ ပြေးလိုက်သည်။


“မင်း ငါ့စီ ပြန်လာစမ်း..ပြန်လာခဲ့..ကြားလား..”


“တောင်းပန်ပါတယ်… ထောင်သားတွေက ဘယ်တော့မှ ပြန်မသွားဘူး..”


ရုံးခန်းထဲရှိ အခြားသော ခိုးနားထောင်နေသည့် ဆရာ ဆရာမများက မနေနိုင်ဘဲ ရယ်လိုက်မိသည်။


ဖုန့်မောင်သည် အရမ်းဒေါသထွက်လွန်းသဖြင့် နေရာ၌ပင် မေ့လဲသွားလုမတတ်ပင်။


“မင်း..မင်းမှာ အပြစ်ကြီးကြီး ရှိတယ်..မင်းက စကားလုံးသုံးထောင်ပါတဲ့ တောင်းပန်စာရေးပေးပြီး ကျောင်းသားနဲ့ဆရာများရှေ့ စတိတ်စင်ပေါ်မှာ ဖတ်ပြရမယ်…”


“မဟုတ်ဘူး..” ယင်းကျောင်း မပြောနိုင်ခင်တွင် ဆရာလျိူက ပျားတုတ်ခံလိုက် သကဲ့သို့ ဝင်ပြောလိုက်သည်။


“ယင်းကျောင်းက တောင်းပန်စာ ဖတ်လို့မဖြစ်ဘူး..”


ယင်းကျောင်း အပြစ်ပေးခံရသည့် နောက်ဆုံးတစ်ကြိမ်၌ သူက တောင်းပန်စာအား ကိုယ်ရေးကိုယ်တာဟောပြောပွဲ အဖြစ်သို့ပြောင်းလဲပစ်လိုက်လေသည်။


ထိုအချိန်၌ လက်ခုပ်သံ အကျယ်ကြီးများနှင့် အားပေးသံများ အတော်လေးဆူညံသွားသေးသည်။ ဆရာလျိုက သူ့အား ဟောပြောခုံပေါ်မှသာ မဆွဲခေါ်ခဲ့လျှင် သူက ကျောင်းသားများအား လက်မှတ်ထိုးပေးဦးမည်ဆိုသည်မှာ သေချာသလောက်ရှိ၏။


ယင်းကျောင်း ဟောပြောခုံ၌ သူ့ချောမောသည့်မျက်နှာဖြင့် ရပ်နေရင်း လက်မှတ်တောင်းရန်လာသည့် ကျောင်းသားများအား “မစိုးရိမ်နဲ့ အေးဆေးပေါ့ တစ်ယောက်ပြီးတစ်ယောက်လာကြ သိပ်မကြာခင် မင်းတို့အလှည့်ရောက်လာလိမ့်မယ်…” အစရှိသဖြင့် ပြောတာကို စဉ်းစာမိရုံဖြင့် ဆရာလျို၏ မျက်နှာအားရှုံ့မဲ့သွားစေသည်။


သူက ထပ်မံ ပြောပြသည်။ “သူတကယ် လုပ်လို့မဖြစ်ဘူး..”


ဖုန့်မောင်သည် သူက သူ့အတန်းမှကျောင်းသားများအား ကာကွယ်နေသည်ဟု ထင်သောကြောင့် သူက သူ့အား မည်းမှောင်နေသည့်မျက်နှာဖြင့် ပြန်ပြောတော့မည်အလုပ်။ သို့သော်လည်း သူရုတ်တရက်ဆိုသလို ယင်းကျောင်းနာမည်အား မှတ်မိသွားသည်။


သူကြားဖူးသည့် တောက်ပလွန်းသော အဖြစ်အပျက်က သူ့ရှေ့ရှိလူနှင့် ချက်ချင်းတိုက် ကြည့်မိသွား၏။


ဘာပဲဖြစ်နေပါစေ ပြောကြသည်က သူ၏အိမ်က နောက်ခံတောင့်တင်းပြီး ဆရာတစ်ယောက်ကိုပင် ရိုက်ခဲ့ဖူးသည်။


ဖုန့်မောင်က သူကိုယ်တိုင်နှင့် ယင်းကျောင်း၏အားအင်ကို တိုင်းထွာကြည့်လိုက်သည်။


သူ့နှုတ်ခမ်းအား လက်သီးစုပ်ဖြင့်ဖိလိုက်ပြီးနောက် ချောင်းဆိုးလိုက်ကာ သူခြေတစ်လှမ်းဆုတ်ရမည်ဟု တွေးလိုက်သည်။


“မင်း တောင်းပန်စာမရေးချင်ရင်လည်း အဆင်ပြေတယ်..မင်းအတန်းက ကျောင်းသားကို ဂရုစိုက်ပါ…ပညာရေးဝန်ကြီးဌာနက ဒီရက်ပိုင်း လာစစ်လိမ့်မယ်..ပြီးတော့ ဒီကျောင်းသားတွေက ယူနီဖောင်းစီစီရီရီ ဝတ်ထားရမယ်…”


ဆရာလျိုက ခေါင်းညိမ့်ကာ သူ့၏စကားအနည်းငယ်အား ရောယောင်ချကာ နောက်ဆုံး သူ့အား ရုံးခန်းထဲမှ ပထုတ်လိုက်သည်။


သူလှည့်လိုက်သည်နှင့် ဆရာလျို၏မျက်နှာမှ အပြုံးကပျောက်သွားသည်။ သူက ကျင်းစစ်အားကြည့်ကာ တတ်နိုင်သမျှ ကြင်ကြင်နာနာ ပြောသည်။


“မင်း စာလေ့လာဖို့ သွားတော့..ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး..”


ကျင်းစစ်က စိတ်သက်သာရစွာ သက်ပြင်းချလိုက်ပြီးနောက် ဆရာလျိုအားရှက်ရွံ့စွာ ပြုံးပြကာ တံခါးဖွင့်ထွက်ခွာသွားသည်။


ယင်းကျောင်းအား မျက်နှာချင်းဆိုင်ရင်း ဆရာလျို၌ ကောင်းမွန်သည့် စိတ်အခြေအနေမရှိချေ။


“ငါနဲ့လိုက်ခဲ့…”


ဆရာလျိုက မည်းမှောင်နေသည့်မျက်နှာဖြင့် ယင်းကျောင်းအား စင်္ကြံထောင့်သို့ ခေါ်သွင်းကာ ခေါင်းကိုက်မှုအပြည့်ဖြင့် ပြောလိုက်သည်။


“မင်းရဲ့စိတ်..မင်းရဲ့စိတ်ကို ထိန်းထားလို့မရဘူးလား..ဟုတ်တယ်..သူက ကောင်းကောင်းမွန်မွန် မပြောဆိုဘူး ဒါပေမဲ့ အနည်းဆုံးတော့ သူက ဌာနမှုးဖြစ်နေတုန်းလေ.. မင်းဘာတွေ ဖြစ်နေတာလဲ…သူက မင်းကို ဘာတွေအရမ်းဒေါသထွက်သွားစေပြန်တာလဲ..”


ယင်းကျောင်းက ပြတင်းပေါက်ဘောင်၌ မှီကာ ပြုံး၏။ “ကျွန်တော်က ဒေါသဖြစ်တယ်...ဟုတ်လား သူ့နောက် ကျွန်တော် ကောင်းကောင်းမွန်မွန် လိုက်မလာလို့လား..”


“မင်း..”


ဆရာလျိုက သူစကားပိတ်ပြောခြင်းကိုခံလိုက်ရသည့်အခါ စွံ့အသွားသည်။


“ပြောပါဦး..မင်းဘာလို့ ယူနီဖောင်းမဝတ်ထားတာလဲ.."


ဆရာလျိုက ယင်းကျောင်းအား တစ်နှစ်ကျော်စာသင်လာပြီးနောက် သူ့အ​ကြောင်း ကောင်းကောင်းသိ၏။


သူက စာသင်ရသည်အားမကြိုက်သော်လည်း တခြားသောချမ်းသာသည့် ကလေးများကဲ့သို့ ကြွားဝါချင်သည့် ကလေးမျိုးမဟုတ်ကြောင်း သူသိပေသည်။ သူ့အား ရန်သွားမစသရွေ့ ယင်းကျောင်းက ကိုင်တွယ်ရ အလွန်လွယ်ကူပေသည်။


“ကျွန်တော့် အဝတ်အစားက တကယ်ညစ်ပေသွားတာ..”


ယင်းကျောင်းကပြောသည်။


“မနေ့ညက ကျောင်းအဆောင်မှာ နေလိုက်လို့ အဝတ်မလျှော်ရသေးဘူး..”


“မင်း…” ဆရာလျိုက သူ့နားထင်အား ပွတ်လိုက်မိသည်။


“ဒါဆိုရင် ငါမင်းကို အပိုတစ်စုံ ရှာပေးမယ်…”


“ကျွန်တော် အခြားလူရဲ့ အဝတ်ကို မဝတ်ဘူး..”


ယင်းကျောင်းက ဖြတ်ပြောလိုက်သည်။


“မင်းမှာ ဘာလို့ ပြဿနာ ပေါင်းစုံရှိနေရတာလဲ..”


ဆရာလျိုက သူ့အားဒေါသထွက်လွန်းသဖြင့် သူ့အား ရိုက်ပစ်ချင်သွားသည်။


“ဒါဆို မင်းဘာလိုချင်တာလဲ..ငါတို့ အတန်းက ဒီတစ်ပတ်အတွင်း အမှတ်အတော်လေး လျော့သွားပြီးပြီး မင်းကြောင့်သာထပ်လျော့ရင်...”


“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..” ယင်းကျောင်းက အသာရယ်လိုက်ပြီး ဆရာလျို၏ နောက်ကျောအားပုတ်လိုက်သည်။


“ ဒေါသမထွက်ပါနဲ့..ကျွန်တော် တစ်ယောက်ယောက်ကို ယူနီဖောင်းလာပို့ခိုင်းလိုက်မယ်..”


“သွက်သွက်လုပ်..”


ယင်းကျောင်းက ဖုန်းထုတ်ကာ စာပို့လိုက်သည်။


ဆရာလျိုက သူ့အားစိုက်ကြည့်နေသည်ကို မမြင်သကဲ့သို့ ဟန်ဆောင်လိုက်သည်။


“ကျွန်တော့် ညစ်ပေသွားတဲ့ ယူနီဖောင်းက ထပ်ဝတ်လို့မရတော့ဘူး…ကျွန်တော်အသစ် တစ်ထည်ဝယ်ဖို့လိုတယ်…”


ယင်းကျောင်းက ဖုန်းကိုသိမ်းလိုက်ပြီး ဆရာလျိုအားပြောသည်။


“ကျွန်တော့် အတွက် ပြောပေးလို့ရလား..”


“ကောင်းပြီ..”


ဆရာလျိုက သူ့လက်အားရမ်းလိုက်ပြီး “ငါ ဌာနရဲ့ ဝန်ထမ်းတွေကို ဖုန်းဆက်ပြီး မင်းဆီကို မြန်နိုင်သလောက် မြန်မြန် ပို့ပေးဖို့ ပြောလိုက်မယ်..”


ကိစ္စပြီးသွားပြီဖြစ်၍ ဆရာလျိုက သူ့အားပြန်ခိုင်းမည့်အချိန်တွင် ယင်းကျောင်းက ရုတ်တရက်ပြောလာသည်။


“ဆရာ..ကျွန်တော် ထိုင်ခုံ ပြောင်းချင်တယ်..”


ဆရာလျိုက သူ့အားစိုးရိမ်စွာ ကြည့်သည်။


“မင်းဘယ်နေရာ ကို ပြောင်းချင်လို့လဲ..”


ယင်းကျောင်းက ပြုံးလိုက်သည်။


“ကျင်းစစ်နဲ့ တစ်ခုံတည်းနေရာ..”


ဆရာလျိုက မျက်မှောင်ကျုံ့ကာပြောသည်။


“မင်းတို့နှစ်ယောက်က ဘယ်တုန်းကဆက်ဆံရေးကောင်းသွားတာလဲ..”


“ကျွန်တော်တို့ စာအတူတူလုပ် တိုးတက်အောင်လုပ်ပြီး အတန်းခုနစ်အတွက် အောင်မြင်မှုရအောင်လုပ်ရမယ်….၂၁၁ကို သတ်မယ် ပြီးရင် ၉၈၅ ကိုကျော်လွန်လို့ စီရင်စု ကျောင်းမှာ ဒဏ္ဍာရီဖန်တီးပစ်မယ်..”


ဆရာလျို “..”


ဆရာလျို : “..လူလိုပြော…”


ယင်းကျောင်းက ရယ်လိုက်သည်။


“ယောက်က်ျားနှစ်ယောက်ကြား ခင်မင်မှုက ဘာအကန့်မှမလိုဘဲ ခပ်မြန်မြန်ပဲဖြစ်သွားတတ်တယ်တယ်..”


ဆရာလျိုက သည်းမခံနိုင်တော့သဖြင့် သူ့ခေါင်းများပင်နာကျင်လာသည်။


“ငါ မင်းနဲ့ စကားပြောနေဖို့ အချိန်မရှိဘူး..အတန်းထဲပြန်သွားတော့….”


“ဒါဆို ခုံပြောင်းဖို့ကိစ္စကရော…”


ဆရာလျိုက ယခု သူ့အားမြင်နေရရုံဖြင့်ပင် မျက်လုံးများနာလာသည်ဟု ခံစားနေရသဖြင့် “ကျင်းစစ် သဘောတူမှ ပြောင်းပေးမယ်..…”


ယင်းကျောင်းက အတန်းထဲသို့ ပေါ့ပေါ့ပါးပါး ပြန်လာပြီး ကျင်းစစ်နားဖြတ်ချိန်၌ သူက အင်္ဂလိပ်စာရေးနေကြောင်း တွေ့လိုက်ရသည်။ ၎င်းစာလုံးလေးများက သူ့ဘောပင်အောက်၌ ပြန့်ပြူးပြီး လှပသည်။ ကျင်းစစ်၏ လက်ရေးအား အရင်က သူမမြင်ခဲ့ဘူးလျှင်ပင် ယင်းကျောင်းက စာဘယ်တော့မှမလေ့လာမဖတ်သည့် သူက ဤကဲ့သို့ ရေးနိုင်မည်ဟု မထင်ချေ။


သူက ခုံကိုဆွဲပြီး ထိုင်လိုက်ချိန်တွင် သူ့နူတ်ခမ်းထောင့်က အနည်းငယ် ကွေးတတ်သွား၏။


သူ၏ သိချင်စိတ်ကြောင့်လား မသိသော်လည်း အနှီကောင်လေးက သူ့အား အတော်လေးစိတ်လှုပ်ရှားစေသည်။


နောက်ဆုံး၌ သူပျင်းလာလျှင် အချိန်ဖြုန်းစရာ အရာလေးအား ရှာတွေ့ပြီးနောက် သူကလွယ်လွယ်ကူကူ လွှတ်မပေးနိုင်ချေ။


“မင်း တဏုာရယ်သံကြီးနဲ့ ရယ်နေလိုက်တာများ ဘာတွေစဉ်းစားနေတာလဲ..”


ဟယ့်ကျိုးက တိုးလာကာ စနှောက်သည်။


“ငါတို့ အကိုကျောင်း နောက်ဆုံးတော့ ချစ်ကျွမ်းဝင်သွားတာ ဖြစ်နိုင်လား..မင်းဘယ် ကောင်မလေးကို ကြိုက်နေတာလဲ…”


ယင်းကျောင်းမပြောနိုင်ခင် ဘေးမှ ကျန့်ချွယ်က သူ့မျက်လုံးများအား လှည့်ပြသည်။


“ပေါက်ကရ မပြောနဲ့ အကိုကျောင်းက လိင်စိတ်ကင်းတယ်..”


ဟယ့်ကျိုးက ကျွတ် တစ်ချက်စုတ်သတ်ကာ ပြောလိုက်သည်။


“ဟုတ်တယ်..ဟုတ်တယ်..ငါမှားတာ..”


ယင်းကျောင်းက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာပြီး ဂျူနီယာအထက်တန်းလောက်ကတည်းက လိုက်ပိုးသူမြောက်များစွာ ရှိကာ ယင်းက ကောင်လေး ကောင်မလေးအစုံပင် ပါဝင်သည်။


သို့သော် ယင်းကျောင်းက သူတို့အား တစ်ချက်ပင်လှည့် မကြည့်ကာ သူတို့ထဲကတစ်ယောက်ကမှ သူ့အားမဆွဲဆောင်နိုင်ခဲ့ချေ။ အချိန်ကြာလာပြီးနောက် သူနှင့် ကစားသည့် သူငယ်ချင်းများက သူ့အား လိင်စိတ်ကင်းမဲ့သူ ဟုပင် စနှောက်လာကြ၏။


“အဲ့ဒါ မင်းကိစ္စမဟုတ်ဘူး..”


ယင်းကျောင်းက သူ့ပါးစပ်ထဲသို့ ပီကေတစ်ခုပစ်သွင်းလိုက်ပြီး ဟယ့်ကျိုး၏ ကြီးမားသည့် မျက်နှာကြီးအား စိတ်မရှည်စွာ တွန်းဖယ်ပစ်လိုက်သည်။


“အလင်း မကွယ်စမ်းနဲ့..”


ယင်းကျောင်းက သရော်တော်တော်အကြည့်ဖြင့် သူ့အားကြည့်လိုက်သည်။


“မင်း ဘာလုပ်ချင်နေတာလဲ…သွား.ဒူးထောက်ချေ…”


“မင်း…” ဟယ့်ကျိုးက ဒေါသတကြီးဖြင့် လှည့်သွားပြီး သူ့အား လျစ်လျူရှုလိုက်သည်။


ညပိုင်းစာကြည့်ချိန်နှင့်မတူစွာ အတန်းခုနစ်၏ မနက်ပိုင်းစာကြည့်ချိန်က အရမ်းတိတ်ဆိတ်ပေသည်။ လူအများအပြားသည် သူတို့စားပွဲ၌ မှောက်အိပ်နေကြကာ သူတို့၏ ဟောက်သံများအား ရံဖန်ရံခါကြားနိုင်သည်။


ထို့ကြောင့် ယင်းကျောင်းနှင့် လူတစ်သိုက်၏ လှုပ်ရှားမှုများက အလွန်ကျယ်လောင်ကာ ကျင်းစစ်က မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိ၏။


“ဟေး…”


လီကျိုးက ဤမနက်၌ စိတ်ကျဉ်းကြပ်နေမိသည်။ ကျင်းစစ်က သူ့စာအုပ်အား လေးနက်စွာ ဖတ်နေပြီး သူ့အား စကားလုံးဝ မပြောချေ။ နောက်ဆုံး ကျင်းစစ် ရေးနေသည်အားရပ်လိုက်သည်နှင့် ချက်ချင်းခေါ်လိုက်သည်။


“မင်း အဲ့ဒါကို တစ်မနက်လုံးဖတ်နေတာ နားလည်လို့လား…”


ကျင်းစစ်က ခေါင်းညိမ့်လိုက်သည်။


“ဟုတ်တယ်..”


လီကျိုးက လှောင်ပြောင်မှုအပြည့်ဖြင့် သူ့အားကြည့်လိုက်၏။


မယုံရေးချမယုံချေ။


“မနောက်စမ်းပါနဲ့..”


ကျင်းစစ်က ပြုံးကာ ဘာမှပြန်မပြောချေ။


“ဒီနေ့ နေ့လည်စာ ဘာစားချင်လဲ…”


လီကျိုးက ကျင်းစစ်အား မေးလိုက်သည်။


“မင်း အပြင်စာ ထပ်မှာဦးမှာလား..”


စီရင်စုကျောင်းက ကျောင်းသားများအား အပြင်စာမှာခွင့်မပြုသော်လည်း အပေါ်မှာ စည်းကမ်း၊ အောက်မှာ တန်ပြန်အစီစဉ်ရှိပေသည်။ လပေါင်းများစွာ လေ့လာပြီးနောက် အတန်းခုနစ်မှ ဤလူများက အရှေ့ဘက်ကျောင်းနံရံရှိ အားနည်းချက်ကို နောက်ဆုံး၌ ရှာတွေ့သွားကြသည်။ ထို့နောက် တောင်အားသိမ်းပိုက်ပြီး ဘုရင်လုပ်ကာ ထိုနေရာအား အတန်းခုနစ်၏ အပြင်စာ မှာသည့်သီးသန့်နေရာဖြစ်သွားလေသည်။


ကျင်းစစ်က ခေါင်းမော့ကာ နံရံမှ နာရီအားကြည့်လိုက်သည်။ ၎င်းက ရှစ်နာရီပင်မတိုင်သေးသော်လည်း သူက နေ့လည်စာ စားချင်နေပေသည်။


သူက ခေါင်းရမ်းလိုက်သည်။


“တော်ပြီ..ငါကန်တင်းသွားစားမယ်….”


လီကျိုးက တခဏမျှ စဉ်းစားလိုက်သည်။


“ဒါဆို ငါလည်းသွားမယ်လေ..ငါလည်း အပြင်စာမှာရတာ ငြီးငွေ့လာပြီ..”


သူကကျင်းစစ်ပုခုံးအား ရိုက်ကာ ပြောသည်။


“အတန်းပြီးတဲ့အချိန် ခေါင်းလောင်းတီးရင် ကန်တင်းသွားတဲ့လူတွေ အရမ်းများတော့မှာ… မြန်မြန် သွားရအောင်…”


ကျင်းစစ်က ခေါင်းညိမ့်ပြီး သဘောတူလိုက်သည်။


“ကောင်းပြီ..”


မနက်ပိုင်း အတန်းချိန်လေးခုသည် ရူပဗေဒ၊ အင်္ဂလိပ်၊ သင်္ချာနှင့် ဓာတုဗေဒပင်။ သူအရင်က တက်ဖူးသည့် အထက်တန်းကျောင်းက လုံလုံလောက်လောက်ကောင်းမွန်သော်လည်း ဆရာများက စီရင်စုကျောင်းနှင့် နှိုင်းယှဉ်၍ မရချေ။


ကျင်းစစ်နားထောင်လေလေ သူပိုပြီးစိတ်လှုပ်ရှားလေလေ ဖြစ်ကာ ဤသည်ကား သူ စာအုပ်ကူးပြောင်းပေးပြီးနောက် နတ်ဘုရားတို့၏ အလျော်အစားပင်ဖြစ်ပေလိမ့်မည်။


ဆရာလျိုက ကျင်းစစ်အား အတန်းသင်ဆရာအများအပြားထံ အပ်ထားပေသည်။ သူတို့က ကျင်းစစ်ပြောင်းလဲသွားကြောင်း မယုံသော်လည်း ယခု သူ့၏ မော့ကြည့်လိုက် အတန်းစာထဲ၌ နားထောင်လိုက် လုပ်နေသည်အား မြင်ရချန်၌ သူတို့ စိတ်သက်သာရသွားသည်။


ဓာတုဆရာသည် ပုပုဝဝယောက်ျားတစ်ယောက်ဖြစ်ကာ ဆရာလျိုနှင့် အရင်ကတည်းက ရင်းနှီးပေသည်။ သူ့ မျိုးရိုးနာမည်က ဝမ်ဖြစ်သည်။ သူက စိတ်ရှည်လက်ရှည် ရှိပြီး သဘောကောင်းသည်။ သူက ကျင်းစစ်နားမလည်မည်အား စိုးရိမ်ကာ ပိုမို၍ ရည်ရွယ်ချက်ရှိရှိ ထပ်ခါထပ်ခါရှင်းပြပေး၏။


ကျင်းစစ်က အရိပ်အကဲနှင့် အသိကြွယ်သည်။ ဆရာက သူ့၏ သင်ပုံသင်နည်းအား သူနားလည်နိုင်လောက်သည့်အနေအထားသို့ပြောင်းလိုက်သည်ကိုကြည့်ကာ သူ့စိတ်ထဲ နွေးထွေးသွားသည်။


ဆရာက သူအရင်က သိတာများရှင်းပြလျှင်ပင် သူက ဂရုတစိုက်နားထောင်သည်။


မနက်ပိုင်း နောက်ဆုံးအတန်းချိန်၏ အတန်းဆင်းခေါင်းလောင်းတီးပြီးနောက် လီကျိုးက ကျင်းစစ်အား ခပ်သွက်သွက် ဆွဲကာ အပြင်သို့ပြေးသွားသည်။


“မြန်မြန်..မဟုတ်ရင် ငါတို့မှီမှာ မဟုတ်ဘူး..”


“တနင်္ဂနွေနေ့ ငါကန်တင်းသွားရချိန်တိုင်း အိုလံပစ် ပြိုင်နေရသလိုပဲ..”


ကျင်းစစ်က ကစားကွင်းထဲ၌ ပြေးလွှားနေသည့် စစ်တပ်ကြီးအားမြင်တွေ့လိုက်ရချိန်၌ ထိတ်လန့်သွားသည်။ ဤသည်ကား သူ့ အရင်ကျောင်း၌ မဖြစ်ဖူးပေ။


“နေ့တိုင်း မင်း ဒီလိုပြေးလွှားနေရ တာလား..”


“ပြေးနေရတာပဲ.”


လီကျိုးက သူ့ဘောင်းဘီအား မလိုက်သည်။


“မင်းမသိဘူးနော်..မင်းနောက်ဆုံးမှာ တန်းစီလိုက်လို့ကတော့ ပြောင်သလင်းခါနေတဲ့ စားတော်ပွဲနဲ့ပဲတိုးသွားလိမ့်မယ်….”


လီကျိုးက ပြောနေရင်းမှ သူ့ခြေထောက်အောက်ရှိ အမြန်နှုန်းက ပိုမြန်လာသဖြင့် ကျင်းစစ်က မလိုက်နိုင်တော့ပေ။


လီကျိုးက သူအရမ်းနှေးသည်ဟု ထင်မြင်မိ၏။


“ငါအရင်ပြေးနှင့်မယ်…သွားပြီး ခုံနေရာရှာထားလိုက်..”


သူက အမောတကောဖြင့် ခေါင်းလှည့်ကာထပ်ပြောသည်။


“နံပါတ်ကိုး ပြတင်းပေါက် ဘက်ကိုသွား..ငါ့ မင်းကိုလာရှာမယ်..”


ကျင်းစစ်က သူ့အသက်ရှူနှုန်းအား မထိန်းနိုင်အောင်ဖြစ်နေသော သူ့အားကြည့်ကာ အဖြေအနေဖြင့် ခေါင်းသာငြိမ့်ပြနိုင်၏။


ထိုအချိန်၌ ယင်းကျောင်းက အတန်းဘက်သို့လျှောက်လာကာ အိမ်မှကားသမားက အင်္ကျီအပိုအားယူလာပေးပြီး အချက်အပြုတ်အဒေါ်ကြီးက သူ့အား တခါတည်း အစားအသောက်များ ထည့်ပေးလိုက်သည်။


သူက ကျောင်းယူနီဖောင်းအား လက်တစ်ဖက်၌ ကိုင်ကာ အပူခံဘူးအား အခြားတစ်ဖက်၌ ကိုင်ထားပြီး ကန်တင်းသို့ ပြေးနေသည့် ကျောင်းသားများအားရှောင်ကွင်း၍ သူက လမ်းကျဉ်းလေးတစ်ခုသို့ ချိုးတော့မည့်ဆဲဆဲတွင် သူ့အကြည့်များရပ်တန့်သွားသည်။


ဆန့်ကျင်ဘက်၌ ကျင်းစစ်သည် သူ့ဘက်သို့ ပြေးလာနေကာ သူ့ပါးပြင်လေးကနီနေပြီး သူပုံစံလေးက အရမ်းကိုငယ်ရွယ်နုပျိုလန်းဆန်းနေပေ၏။


ကျင်းစစ်က လေးလေးနက်နက်ဖြင့် ရှေ့သို့ပြေးနေချိန်တွင် ရုတ်တရက် ရှေ့၌ အတားအဆီးရှိသကဲ့သို့ သူ့အမြင်များ မှောင်သွားသည်ကို ခံစားလိုက်ရသော်လည်း ထိုအချိန်၌ ရပ်တန့်ရန်နောက်ကျသွားသဖြင့် တစ်စုံတစ်ယောက်ဖြင့် ဝင်တိုက်မိသွားသည်။


“ငါတောင်းပန်ပါတယ်…တောင်းပန်ပါတယ်..”


ကျင်းစစ်က ချက်ချင်းတောင်းပန်လိုက်သည်။


သူ့ခေါင်းပေါ်မှ ရင်းနှီးနေသည့် အသံနိမ့်နိမ့် စနှောက်သည့် အသံက ပေါ်ထွက်လာသည်။


“ဒါကဘယ်သူလေးများလဲ…အိုး တစ်စုံတစ်ယောက်ရဲ့လက်မောင်းထဲ ကိုယ့်ကိုယ်ကိုယ် ပစ်သွင်းတဲ့နေရာမှာ အရမ်းအရည်အချင်းရှိတဲ့ကောင်ကလေးပဲ…”


______