Chapter - 10
ယင်းကျောင်းသည် ကျင်းစစ်အား ရင်ခွင်ထဲ၌ဖက်ထားကာ ကောင်လေး၏ခေါင်းပေါ်ရှိ ထိုးထောင်နေသည့် ဆံစလေးများအား အပြုံးမျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်သည်။
“မင်းနဲ့ငါ တွေ့တာဖြင့် မကြာသေးဘူး..မင်းက တကယ်ပဲ မစောင့်နိုင်တော့ဘူးလား..ကျွတ်..ကျွတ်…”
ကျင်းစစ်က အနည်းငယ်အသက်ရှူမြန်နေသည်။
“ငါမရည်ရွယ်ပါဘူး…ငါဒီတိုင်း..ကောင်းကောင်းမမြင်လိုက်ရလို့….”
သူက လက်ဆန့်ကာ ယင်းကျောင်းအား အဝေးသို့ တွန်းလိုက်၏။
သိူ့သော် သူက လျင်လျင်မြန်မြန်ပြေးခဲ့သည်ကြောင့် သူ့တစ်ကိုယ်လုံးသည် ထုံကြဉ်နေကာ အင်အား လုံးဝ မစိုက်ထုတ်နိုင်သဖြင့် နှစ်ကြိမ်တွန်းပြီးနောက် ယင်းကျောင်းကား နေရာမှာပင် ရပ်နေဆဲပင်။
“အိုး..”
ယင်းကျောင်းက အသံရှည်ဆွဲလိုက်ကာ အတည်ပေါက်ပုံစံဖြင့်ပြောလိုက်သည်။
“မင်း ငါကို့ နေ့တိုင်းဝန်ခံခဲ့တယ်..ငါ့နောက်လိုက်တယ်..ငါ့အတွက်တိုက်ခိုက်ပေးတယ်..အားကစားကွင်းထဲက လူအများကြီး မင်းကိုယ်မင်း ငါ့လက်ထဲ ပစ်သွင်းလိုက်တာ ကိုမြင်ကြပေမဲ့ ငါက မင်းမရည်ရွယ်ဘဲ မတော်တဆဖြစ်တာလို့ ပြောတာကို ငါယုံပါတယ်လေ......”
ကျင်းစစ် ပါးပြင်သည် အနည်းငယ်ပူလောင်လာကာ သူက ရှင်းပြရန်ကြိုးစားလေသည်။
“တောင်းပန်ပါတယ်..တစ်မျိုးမထင်ပါနဲ့….ငါ့တကယ်မရည်ရွယ်တာ..”
သူက လီကျိုးအား အချိန်ကြာကြာ စောင့်ဆိုင်းနေမည်အား စိုးရိမ်သောကြောင့် စကားရပ်လိုက်ကာ နောက်တစ်ကြိမ် ယင်းကျောင်းအား တွန်းလိုက်ပြန်သည်။
“မင်း အရင်လွှတ်ပေး ငါပြန်ရောက်ရင် မင်းကို ထပ်ပြီးတောင်းပန်ပါ့မယ်…လီကျိုးက ကန်တင်းမှာငါ့ကို စောင့်နေသေးတယ်..”
သူ စိုးရိမ်ကြောင့်ကြမှုများလေလေ ယင်းကျောင်းက ပို၍လွှတ်မပေးလေလေ ဖြစ်ပြီး သူက လက်ကောက်ဝတ်မှ ပို၍ဆုပ်ကိုင်ခံလိုက်ရကာ သူလက်မောင်းထဲ၌ သူ့အားတိုက်ရိုက် ထွေးပွေ့ပစ်လိုက်သည်။
“ငါမင်းကိုအရင်ဖက်ထားမယ်..”
ယင်းကျောင်းက သူ့လက်မောင်းထဲ၌ ရုန်းကန်နေသည့်သူအားငုံ့ကြည့်နေရင်းဖြင့် ထိုသူ့အားပို၍ အနိုင်ကျင့်လိုစိတ်များ တဖွားဖွားဖြစ်လာမိ၏။
“မဖြစ်နိုင်ဘူး..အတန်းဖော်လေး..မင်းသာ အခွင့်ကောင်းယူရင် လူဆိုးတွေက အရင်တရားဆွဲလိမ့်မယ်..”
နေ့လည်သို့ရောက်ခါနီးပြီဖြစ်သောကြောင့် အတော်လေး ပူအိုက်လှသည်။ ငယ်ငယ်ချောချော ကောင်လေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တော်တော်ကြာ ဖက်ထားကြသဖြင့် တခဏမျှကြာချိန်၌ ကျင်းစစ်သည် ချွေးများဖြင့် လုံးနေချေပြီ။
အပူနှင့်တွဲလျက် ယင်းကျောင်းအား ယုတ္တိကျကျ ပြန်မပြောနိုင်ခြင်းက ကျင်းစစ်အား ဒေါသထွက်လာစေသည်။ သူက အသက်ပြင်းပြင်းရူလိုက်ပြီးနောက် သူ့ကိုယ်သူ စိတ်လျော့စေကာ ယင်းကျောင်းအား ညှိနှိုင်းရန်ကြိုးစားကြည့်သည်။
“ငါထမင်းစားဖို့ တကယ်သွားချင်နေပြီ..မင်းလွှတ်ပေးလို့ မရဘူးလား…”
“မင်း နားထောင်ကောင်းတာ တစ်ခုခုပြောရင် ဒီတိုင်းလွှတ်ပေးလိုက်မယ်….”
ယင်းကျောင်း၏ ဆိုးရွားသည့် အသံက သူ့ခေါင်းပေါ်မှထွက်ပေါ်လာသည်။
ကျင်းစစ်က သူ့မျက်ခွံအားချလိုက်ပြီး ပေါက်ကွဲခါနီးဆဲဆဲဒေါသအားမြိုချလိုက်သည်။
“လွှတ်ပေး..”
“မင်းကိုဘယ်သူကမှ လွှတ်မပေးဘူးလို့မပြောဘူးနော်..”
ယင်းကျောင်းက ပျင်းရိနေဟန်ဖြင့်ပြောလာသည်။
“မင်းကမပြောဘူးဆို ငါကဘယ်လိုလုပ် လွှတ်ပေးလို့ရမှာလဲ..”
ကျင်းစစ်က အောက်နှုတ်ခမ်းအားကိုက်ကာ ရုတ်တရက် လက်လှမ်းပြီး ယင်းကျောင်းနောက်မှ အင်္ကျီစအားဆွဲလိုက်သည်။ သူမတုံ့ပြန်နိုင်ခင်၌ပင် သူဒူးများက အားဖြင့်အဖိခံလိုက်ရသည်။
“F*ck…”
ယင်းကျောင်းက နာကျင်မှုအပြည့်ဖြင့် လေကိုရူရှိုက်လိုက်ရကာ သူ့မျက်နှာအမူအရာကလည်း လုံး၀ ပြောင်းလဲသွားသည်။
သူက အနည်းငယ်ငုံ့ကာ ကျင်းစစ်အား ငုံ့ကြည့်လိုက်သည်။
“မင်း…”
ကျင်းစစ်က ယင်းကျောင်းအား အေးစက်စွာကြည့်ကာ ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
“ငါဘာမှားလဲ…ပြော”
သူက ဤနေ့၌ ယင်းကျောင်းအား လုံးဝရန်စလိုက်ပြီဆိုသည်အား သိရှိသောကြောင့် သူက နေ့လည်စာအား အမြန်စားကာ ခဲချွန်ဓားတစ်လက်ဝယ်ရန် ဈေးဆိုင်ငယ်လေးတစ်ခုသို့ သွားရပေမည်။ ယင်းကျောင်းက သူ့အားလာထိခိုက်ရဲပါလျှင် သူအား ရဲရဲနီသွားစေမည်ပင်။
ကျင်းစစ်သည် သူ့၏ ရှုပ်ပွနေသည့် ကျောင်းဝတ်စုံအား ပြင်လိုက်ကာ သူ့၏ အနည်းငယ်မှေးထားသော မျက်လုံးမျက်က ရန်ဆွခြင်းများဖြင့်ပြည့်နေသည်။
သူ့ရဲ့ နှုတ်ခမ်းများကွေးကာ ခေါင်းမာနေသည့် ပုံစံလေးက မထင်မှတ်ဘဲ ချစ်စရာကောင်းလွန်းနေ၏။
ယင်းကျောင်းက စိတ်ထဲ၌ကျိန်ဆဲလိုက်ပြီး သူ့ ဒေါသအားမည်သည်နေရာ၌ ထားရမည်ကိုပင် မသိတော့ချေ။
“မင်း..”
သူ သူ့ခန္ဓာကိုယ်အောက်ပိုင်းမှ နာကျင်မှုကို အတတ်နိုင်ဆုံးလျစ်လျူရှုပြီး ကျင်းစစ်အားကြည့်လိုက်သည်။
ကျင်းစစ်က မျက်လုံးပင့်ကာ သူ့ကိုကြည့်သည်။
ယင်းကျောင်းက ရယ်လိုက်သည်။
“မင်းက အဲ့ဒါကို တိတိကျကျ ရှာတွေ့တာပဲ..မင်း အဲ့ဒါကို အချိန်ကြာကြီး ကြည့်နေခဲ့တာလား…”
ကျင်းစစ်၏မျက်နှာက တဖန် နီရဲသွားပြန်သည်။
သူက ယင်းကျောင်းအားကြည့်၍ ကျိန်ဆဲလိုက်သည်။
“မင်းက ရူးနေတာပဲ..”
သူလှည့်ကာ ထွက်ပြေးသွားတော့သည်။
ယင်းကျောင်းက သူ၏နှုတ်ခမ်းအား လျက်လိုက်ပြီး ကောင်ငယ်လေးပေးခဲ့သော ရှက်ရွံ့နေသည့် အပြုအမူလေးအား ပြန်လည်စဉ်းစားလိုက်ချိန်တွင် သူခံစားခဲ့ရသော နာကျင်မှုအနည်းငယ်က ပြယ်ပျောက်သွားသည်ဟု ခံစားလိုက်ရ၏။
စီရင်စုကျောင်း၌ ယင်းကျောင်း၏ဂုဏ်သတင်းသည် တော်တော်မြင့်သည်။ ဤအချိန်တွင် အားကစားကွင်းတစ်ခုလုံးက လူများဖြင့်ပြည့်နေသည်။ သူ ကျင်းစစ်နှင့်ဖက်ပွေ့နေခြင်းက လူအများ၏ အာရုံကို ဖမ်းစားထားသည်။ ယင်းကျောင်းက ကျင်းစစ် ထွက်ပြေးသွားသည်အားကြည့်ပြီးနောက် ပတ်ဝန်းကျင်အား ဗလာအကြည့်ဖြင့် ကြည့်လိုက်ချိန်တွင် လူတိုင်းက အကြည့်လွှဲသွားကြသည်။
သူက အပူခံဓာတ်ဘူးအား လမ်းတစ်လျှောက်သယ်လာကာ မည်သူမျှမရှိသည့် နေရာသို့ လျှောက်သွားပြီးနောက် နောက်ဆုံးတွင် နာကျင်စွာ “အား” ဟုမအော်ဟစ်ဘဲမနေနိုင်တော့ပေ။
'သေစမ်း..အဲဒါကတအားနာတယ်.နှာဘူးလေးက အရမ်းရက်စက်တာပဲ..'
“မင်း ဘာလို့အရမ်းနောက်ကျနေတာလဲ..”
ကျင်းစစ် ကန်သင်းအတွင်းဝင်လိုက်ချိန်တွင် သူက တံခါးရှိ လီကျိုးနှင့်ဆုံလေသည်။
သူက ကျင်းစစ်အား စားသောက်သည့်နေရာသို့ ဆွဲခေါ်သွားပြီး “ငါမင်းအတွက် နေ့လည်စာယူပေးထားတယ်..မှိုကြော်နဲ့ မာပိုတိုဖူးရယ်..ထမင်းရယ်..အဆင်ပြေတယ်မလား..”
“ရတယ်…အကုန်လုံး ငါ့အကြိုက်တွေပဲ…”
ကျင်းစစ်က လီကျိုးအားကျေးဇူးတင်လိုက်ပြီး စားပွဲခုံ၌ ဝင်ထိုင်လိုက်သည်။
“ဘယ်လောက်ကျခဲ့လဲ..ငါမင်းကို ပြန်ပေးမယ်..”
“မလိုဘူး..”
လီကျိုးက သူ့လက်အားဝှေ့ရမ်းပြီး ခြောက်ဒေါ်လာလောက်အား သူ့မျက်လုံးထဲသို့ မထည့်ချေ။
“မင်းနောက်တစ်ကြိမ် ငါ့ကို ဝယ်ကျွေးလို့ရတယ်..”
“ကောင်းပြီ..”
လီကျိုး၏စကားကိုသေချာ မှတ်ထားကာ လေးလေးနက်နက် ကတိပေးလိုက်သည်။
“မနက်ဖြန် ငါမင်းအတွက် မနက်စာ ထပ်ယူလာပေးမယ်…”
လီကျိုးက သူ့အား သဘောကျစွာကြည့်သည်။ ကျင်းစစ်၏ စရိုက်က တဖြည်းဖြည် ကောင်းမွန်လာသဖြင့် လီကျိုးက ပြုံးဖြဲဖြဲလုပ်မိသွားသည်။
“ဒါဆို ငါမင်းကို မနက်ဖြန် မနက်စာ ယူခဲ့ပေးဖို့ တောင်းဆိုပါတယ်..”
ကျင်းစစ်က ခေါင်းညိမ့်လိုက်သည်။
“ငါ့ကို အားကိုးလိုက်..”
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးမိသွားကြပြီး ထို့နောက် ခေါင်းငုံ့ကာ စားစရာရှိသည်အား စားလိုက်ကြ၏။
စီရင်စုကျောင်း၏ နေ့လည်စာနားချိန်သည် တစ်နာရီကြာကာ ကျင်းစစ်သည် ထမင်းစားရန်အတွက် မိနစ်နှစ်ဆယ်သာ ယူသည်။
စာသင်ခန်းက ဆူညံနေပြီး သူက သင်္ချာ “ငါး သုံး” စာအုပ်အား ထုတ်ကာ ပုဒ်စာများအား ဆက်တွက်နေလိုက်သည်။
သူ့ရဲ့ ဇွဲကောင်းသည့်ပုံစံသည် အတန်းခုနစ်၏ ကျောင်းသားများမျက်လုံးထဲ၌ မယုံနိုင်စရာပင်ဖြစ်နေသည်။
ဟယ့်ကျိုးသည် ဖန်ချန်းချန်းဖြင့် မျက်လုံးချင်းဆုံကာ ထိုအဖြစ်အပျက်အား ထိုးပြပြီး တီးတိုးပြောလိုက်သည်။
“လောင်ဖန်...သူက မနေ့ကတည်းက ရူးသွပ်စရာကောင်းတဲ့မေးခွန်းတွေကို လုပ်နေတယ်လို့ မင်းပြောတယ်နော်..သူတကယ်ပဲ တွက်နည်းကို နားလည်တာလား…ဒီတိုင်းဟန်ဆောင်နေတာလားဆိုတာ ငါမသိတော့ဘူး..”
ဖန်ချန်းချန်းက ကျင်းစစ်၏နောက်ကျောအား အမူအရာကင်းမဲ့စွာ ကြည့်လိုက်ပြီး မစဉ်းစားဘဲ ပြောလိုက်သည်။
“လျှောက်ရေးနေတာ…”
“ဒါပေမဲ..” ဟယ့်ကျိုးက ရှုတ်ထွေးနေသည်။
“ငါဘာလို့ သူအဲ့ဒါကို မှန်မှန်ကန်ကန် ရေးနေတာလို့ ထင်နေမိတာလဲ..”
သူကမတ်တပ်ရပ်လိုက်သည်။
“မဟုတ်ဘူး..ငါ အရမ်းသိချင်နေပြီ..ငါသူ့ကို စမ်းသပ်ကြည့်လိုက်မယ်..”
ယင်းကျောင်းက မျက်မှောင်ကျုံ့ကာ သူ့အား ကန်ရန်လုပ်သည်။ သူကဘာတွေးလိုက်မိသည်အား မသိ သူ့ခြေထောက်အား ပြန်ရုပ်သိမ်းလိုက်ကာ သူမျက်လုံးများက ဟယ့်ကျိုးအား လိုက်ကြည့်နေသည်။
“ကျင်းစစ်..”
ဟယ့်ကျိုးသည် ကျင်းစစ်ထံ လေ့ကျင့်ခန်းစာအုပ်ဖြင့် လျှောက်သွားပြီး စာမျက်နှာတစ်ရွက်အား ပေါ့ပေါ့တန်တန်လှန်လိုက်သည်။
“ငါ့ကို မေးခွန်းတစ်ပုဒ်ရှင်းပြပါလား..”
“ဘယ်ပုစ္ဆာလဲ…”
ကျင်းစစ်သည် အစဉ်အမြဲ စာလေ့လာခြင်း၌ အလေးအနက်ထားသည်။ သူက လက်ထဲရှိ ဘောပင်အား ချလိုက်ပြီး ဟယ့်ကျိုးညွှန်ပြသည့် ပုစ္ဆာအား ကြည့်လိုက်ကာ သူ ချက်ချင်းနီးပါးပင် အဖြေအားသိလိုက်သည်။
လီကျိုးက သူ့ခုံ၌ မရှိသောကြောင့် ကျင်းစစ်သည် ဘေးသို့နေရာပေးကာ ဟယ့်ကျိုးအား ထိုင်ရန်ညွှန်ပြပြီးနောက် အကြမ်းစာရွက်တစ်ရွက်ဖြင့် သူ့အားစတင်ရှင်းပြလေသည်။
“ဒီမေးခွန်းက တကယ်တော့ ရိုးရှင်းတယ်..ပုံသေနည်းကို မှတ်မိရင်….”
သူက များပြားလှသည့် ပုံသေနည်းများအား စာရွက်ပေါ်၌ လျင်မြန်စွာ ရေးလိုက်ပြီး သူတို့အား တစ်ခုချင်း ပြပြီးနောက် တွက်နည်းအား အသေးစိတ်ရေးပြသည်။
“ဒါကြောင့် စီ ကအဖြေမှန်ပဲ..မင်း နားလည်လား..”
သူ စကားစပြောလိုက်ကတည်းမှ ဟယ့်ကျိုးသည် စွံ့အနေမိသည်။
သူက စပရိုက်တိုက်ခံလိုက်ရပြီးနောက် ကျင်းစစ်ပြောနေသည် စကားများအား လုံးဝမကြားရတော့ပေ။
'ကျင်းစစ်က တကယ်ပဲ ဘယ်လိုတွက်ရမည်ကိုသိတယ်။ သူက သူ့လိုမျိုး ဆန်ကုန်မြေလေးမဟုတ်ဘူးလား။ ဘာလို့ ဆန်ကုန်မြေလေးမှာ ဒီလိုမျိုးအဆင့်မြင့်လှတဲ့ မေးခွန်းဖြေနည်းမျိုးရှိနေရတာလဲ။'
“နားမလည်ဘူးလား…”
ကျင်းစစ်က ပြောင်စာရွက်အား လဲလိုက်ကာ စိတ်ရှည်လက်ရှည်ရှင်းပြသည်။
“အဆင်ပြေတယ်..ငါမင်းကို ထပ်ရှင်းပြပေးမယ်…”
ကျင်းစစ် အတွေးများက ရှင်းပြီး သူ့အပြောသည် အသေးစိတ်ကျကာ ထိုအကြောင်းအရာ၌ ပါသည့် အသိပညာများအား တစ်ခုပြီးတစ်ခု စီပြသည်။ သုံးကြိမ်ဆက်တိုက် ရှင်းပြပြီးနောက် ဟယ့်ကျိုးက ကောင်းကောင်းနားလည်သွားသည်။
သူက လေ့ကျင့်ခန်းစာအုပ်အား ကိုင်ထားပြီး သူ့နေရာသို့ ကြောင်အစွာ ပြန်သွားလိုက်သည်။ သူ့မျက်လုံးများက ပြူးကျယ်နေကာ သူဝိညာဉ်ကား တခြားနေရာသို့ ပျံသန်းသွားလေချေပြီ။
“ဘယ်လို..သူတကယ် သိတာပဲ..”
အတန်းက ဆူညံနေ၍ ကျင်းစစ်အသံသည် မကျယ်ကာ ကျန့်ချွယ် သူ့နားများထောင်ကာ နားထောင်လျှင်ပင် လူနှစ်ယောက် ပြောနေကြသည်အား မကြားရပေ။
သူက ဟယ့်ကျိုးအား ရိုက်လိုက်သည်။
“ပြောစမ်း..မင်းဘာဖြစ်လာတာလဲ…”
ဟယ့်ကျိုးက သူ့လည်ပင်းအား သံချေးတက်နေသကဲ့သို့ လှည့်ကာ သူ့၏မျက်လုံးများက ဝေဝါးနေသည်။
“စုံနှင့်မက မပြောင်းသွားဘဲ သင်္ကေတတွေက လေးပုံတစ်ပုံရှိတယ်ထင်ရတယ်…”
ကျန့်ချွယ် “..”
ကျန့်ချွယ်သည် သူ့အား ကြောက်လန့်တကြား ကြည့်လိုက်ပြီး သူ့ပုခုံးအားကိုင်ကာ သူ့အား ပြင်းထန်စွာလှုပ်ခါလိုက်သည်။
“လောင်ဟယ့်..လောင်ဟယ့်..မင်း ဘာဖြစ်နေတာလဲ..မင်း နိုးနေရဲ့လား…”
“မလှုပ်နဲ့..မလှုပ်နဲ့..”
ဟယ့်ကျိုးက သူ့လက်အား ပုတ်လိုက်ပြီး သူ့မျက်နှာကို စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် ပွတ်လိုက်မိသည်။
“မင်းမသိပါဘူး..ဒီတိုင်း..”
သူက ကျင်းစစ်အား ညွှန်ပြကာ တီးတိုးပြောသည်။
“သူ အဲ့ဒါကိုတစ်ချက်ကြည့်လိုက်တာနဲ့ အဖြေကိုတန်းသိသွားတာ…အကြည့်တစ်ချက်ပဲ လောင်ကျန့်…မင်းငါဘယ်လိုခံစားနေရလဲ သိပြီလား…”
“ငါ..f*ck..”
ကျန့်ချွယ်က မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်မိ၏။
“သူ တကယ်သိတာပဲ..”
“အဲဒါတင် မဟုတ်ဘူး..”
ဟယ့်ကျိုးမျက်လုံးများက တရားများဖြင့်ပြည့်နှပ်နေသည့် ဘဝ၏အရိပ်အရောင်များ ပြသလာသည်။
“မင်းသိလား..လောင်ကျန့်…သူ မေးခွန်းကို ကြည့်ပြီး ငါ့ကိုကြည့်လိုက်တဲ့အကြည့်က သူရဲ့စိတ်ကိုသုံးပြီး ငါ့ကို ‘ဒီလိုမျိုး ရိုးရှင်းတဲ့ ပုစ္ဆာကို မဖြေနိုင်တဲ့သူ ရှိသေးပါလား’ ဆိုပြီးပြောနေသလိုပဲ...”
ကျန့်ချွယ်က အဲ့ဒါမမှန်သေးကြောင်း ခံစားရဆဲပင်ဖြစ်သည်။
“တိုက်ဆိုင်တာ မဖြစ်နိုင်ဘူးလား..”
သူက ခွေးအိမ်ကဲ့သို့ရှုပ်ပွနေသည့် ခုံပေါက်ထဲမှ လေ့ကျင့်ခန်းစာအုပ်ကို ထုတ်လိုက်ပြီး ခက်ခဲပုံပေါ်သော ပါရာဗိုလစ်ပုစ္ဆာအား ရှာပြီး မပြောဘဲ မနေနိုင်တော့ချေ။
“ငါလည်း သွားမေးကြည့်မယ်…”
ဟယ့်ကျိုး သူ့အားမတားနိုင်ခင်၌ပင် သူကကျင်းစစ်နေရာသို့ လျင်မြန်စွာပြေးသွားသည်။
“ကျင်းစစ် မင်းဒီမေးခွန်း နားလည်လား..”
ကျင်းစစ် ပထမဆုံးရောက်လာချိန်၌ သူက သင်္ချာပုံနိုပ် မည်မျှရှိကြောင်း မသိသည့် အရူးတစ်ယောက်လိုပင်။
သူက လေ့ကျင့်ခန်းစာအုပ်အား ယူကာ လေးနက်စွာပြောသည်။
“ငါ အရင်ကြည့်လိုက်ဦးမယ်…”
မေးခွန်းက ဟယ့်ကျိုးမေးသည်ထက် ပိုပြီး ရှုပ်ထွေးလှသည်။ အထက်တန်းကျောင်း တော်တော်များများအတွက် ၎င်းက ကျော်ဖြတ်ရန် ခက်သည့် အခက်အခဲဖြစ်သော်လည်း ကျင်းစစ်အတွက်မူ ကိတ်မုန့်စားသကဲ့သို့ လွယ်ကူလှသည်။
သူက အကြမ်းစာရွက်ထဲ၌ တွက်ကြည့်ပြီး ချက်ချင်း နားလည်လွယ်သည့်နည်းဖြင့် အဖြေအား သိလိုက်ပြီးနောက် မျက်လုံးပင့်ကာ ကျန့်ချွယ်အား လိုက်ကြည့်ရန် ညွှန်ပြ၏။
“ဒီမေးခွန်းက ရှုပ်တယ်ထင်ရပေမဲ့ နည်းမှန်ကို ရှာတွေ့ဖို့က သိပ်မခက်ဘူး…”
သူက ပါရာဗိုလာ တစ်ခုအားလျင်မြန်စွာ ဆွဲလိုက်ပြီး ကိုဩဒီနိတ်များကိုမှတ်လိုက်သည်။
“မေးခွန်းကို ပထမဆုံးကြည့်လိုက်…pnရဲ့ကိုဩဒီနိတ်ကိုရှာရမယ်..ခေါင်းစဉ်မှာ ပေးထားတဲ့ အချက်အလက်တွေကို ရှာရအောင်….”
သူ ပြောနေရင်း စာရွက်ပေါ်၌ တစ်ပိုင်းချင်း ရေးပြီး အဖြေကို မြန်ဆန်စွာ ရှာတွေ့သွားသည်။
ဟယ့်ကျိုး၏ မေးခွန်းက ရိုးရှင်းသည့်အပြင် သူက သင်ပေးသည်ကိုလည်း ထပ်ခါထပ်ခါနားထောင်လိုက်ရတာကြောင့် သူက နားလည်သွားပေသည်။
သို့သော် ကျန့်ချွယ်အတွက်မူကား ကွဲပြားပေသည်။ နားလည်ရန်ပင်မပြောနှင့် သူက မေးထားသည့်အကြောင်းအရာကိုပင် သေချာမဖတ်နိုင်ချေ။
သူက ကျင်းစစ်တစ်ယောက် မေးခွန်းသုံးပုဒ်၏ အဖြေအား တစ်ခါတည်းတွက်ချသွားသည်ကို ထုံကြင်စွာ ကြည့်နေမိပြီး ကျင်းစစ် သူ့အား နားလည်လားမမေးခင်မှာပင် သူက အကြမ်းစာရွက်အားဆွဲယူလိုက်ပြီး လေ့ကျင့်ခန်းစာအုပ်နောက်မှ အဖြေများဖြင့်တိုက်စစ်ကြည့်လိုက်ချိန်တွင် ၎င်းက အနည်းငယ်ဆင်တူသလိုလိုဖြစ်သည်။
ဟုတ်တာပေါ့...အဖြေနေရာ၌မူ လုံး၀ကွဲပြားနေခြင်းမရှိပေ။
သူက သူ့ခြေထောက်များအားဆွဲယူကာ သူ့နေရာသို့ ကြောင်ကြောင်အအဖြင့် ပြန်လာမိသည်။
“သူ ဖြေနိုင်လား..သူလုပ်နိုင်တယ် လို့ငါမပြောဘူးလား..”
ကမ္ဘာအသစ်တစ်ခုအား ရှာဖွေတွေ့ရှိသွားသကဲ့သို့ ဟယ့်ကျိုးက ကျန့်ချွယ်အား ဆက်တိုက်လှုပ်ခါနေသည်။
“မှန်တယ်မလား..”
ကျန့်ချွယ်က အူကြောင်ကြားအမူအယာဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
“မှန်တယ်..နောက်ပြီး အချိန်အများကြီး မယူခဲ့ရဘူး…ငါတို့အတန်းရဲ့ ပုံမှန်စာမေးပွဲမှာ ပထမရတဲ့ အဖွဲ့ခေါင်းဆောင်က သူအဲဒီ့ ပုစ္ဆာကြိးကိုမလုပ်နိုင်ခဲ့ဘူးလို့ လောင်လျိုက အမြဲပြောနေခဲ့တာ မဟုတ်ဘူးလား..”
“သေစမ်း..”
ဟယ့်ကျိုးက သူရင်ဘတ်အား ဆုပ်ကိုင်လိုက်မိပြီး သူ့မျက်လုံးများက ပြူးကျယ်သွားသည်။
“မင်းပြောချင်တာ…ကျင်းစစ်က ငါတို့အတန်းခေါင်းဆောင်ထက် သာတယ်လား…”
ဤသည်ကအရမ်းအံဩစရာကောင်းသောကြောင့် စကားနည်းသည့် ဖန်ချန်းချန်းပင် မနေနိုင်ဘဲ စကားဝိုင်းထဲသို့ ပါဝင်လာသည်။
“ဒါမဖြစ်နိုင်ဘူး…သူဘယ်တုန်းက ဒီလောက်စွမ်းအားကြီး လာရတာလဲ"
ဟယ့်ကျိုးက လန့်သွားသည်။
“သူ ဖြစ်နိုင်တာက..”
ယင်းကျောင်းက ဟယ့်ကျိုး၏ခွေးခြေခုံအား ကန်လိုက်ကာ သရော်သည်။
“မင်းဘာပြောချင်နေတာလဲ..သူက အမြဲတမ်း ပြောင်စာရွက်အလွတ်ပဲ ထပ်တာမဟုတ်ဘူးလား…”
ကျန့်ချွယ်က ခေါင်းညိမ့်သည်။
“အဲ့ဒါဟုတ်တယ်…ဒါပေမဲ့ သူက ဒီရက်ပိုင်း တစ်ခုခုလွဲနေတယ်လို့ ငါအမြဲတမ်း ခံစားနေရတယ်…”
“ဘာမှားတာလဲ…”
ယင်းကျောင်းက အောက်သို့ငုံ့ကိုင်းလိုက်ကာ ပုံမှန်ဖြစ်နေဟန်ဖြင့်ပြောလိုက်သည်။
“သူ့မိဘတွေ နှစ်ယောက်စလုံးက နောက်အိမ်ထောင်ပြုသွားကြတဲ့အပြင် ကလေးကိုယ်စီရှိနေကြပြီလို့ လောင်လျိုပြောတာ ငါကြားလိုက်တယ်….”
သူက လှောင်ရယ်လိုက်သည်။
“သူ့မိဘတွေ အာရုံအစိုက်ခံချင်လို့ ဒီလိုမျိုး တုံးအတဲ့အကျပ်ကိုင်မှုမျိုးလုပ်တာနေမှာပေါ့ အံ့ဩစရာတော့သိပ်မရှိပါဘူး…”
သူ ဤအကြောင်းပြောပြီးနောက် သူက လူများစွာ၏အတွေးကို ပြောင်းပြန်လှန်လိုက်နိုင်သည်။
ဟယ့်ကျိုးက ခုံကို ရုတ်တရက်ရိုက်လိုက်သည်။
“ဟုတ်တယ်..ဟုတ်လောက်တယ်…ဒါက အကြောင်းပြချက်ပဲ..အံ့ဩစရာမရှိဘူးဘဲ…”
သူရုတ်တရက် သဘောပေါက်သွားသည်။
“စာမေးပွဲမှာ သူအမြဲပြောင်စာရွက်ပဲ ထပ်ခဲ့တာ အံ့ဩစရာမရှိဘူးပဲ…လောင်လျိုကလည်း ဒီအကြောင်းဘာမှမပြောဘူး..ဒါကြောင့် ရှင်ဘုရင်က အရပ်သားဟန်ဆောင်နေသလို ခံစားနေရတာပဲ…”
ကျန့်ချွယ်နှင့် သူမိဘများကြား ဆက်ဆံရေးသည်လည်း သိပ်မကောင်းပေ။ ဤအကြောင်းကြားရပြီးနောက် သူရုတ်တရက် ဉာဏ်အလင်းရသကဲ့သို့ ခံစားလိုက်ရသည်။
“သူ့ရဲ့ စီနီယာအထက်တန်း၀င်ခွင့်စာမေးပွဲအဆင့်က သိပ်မဆိုးဘူးလို့ ငါကြားတယ်…သူ့အဖေက စီရင်စုကျောင်းထားဖို့အတွက် ပိုက်ဆံတော်တော် စိုက်ထုတ်ထားတာပဲ..ဟားဟားဟား….သူ့အဖေသာ သူက ဆန်ကုန်မြေလေးအဖြစ် ဟန်ဆောင်နေတာကို သိသွားရင် သူ ဒေါသထွက်လွန်းလို့သေသွားလောက်တယ်…”
“ပိုက်ဆံအများကြီး အလကားစိုက်ထုတ်လိုက်ရတယ်..အာ…ငါဒီလိုမျိုး ခွန်အားမရှိတာ သနားစရာပဲ..မဟုတ်ရင် ငါလည်းတစ်ပုံစံတည်း လိုက်လုပ်မိမှာ…အားလုံးကိုလွှမ်းမိုးနိုင်တဲ့အထိ စာတော်တယ်..သူက တကယ်ကြီးကို ဒီလို ဆိုးဆိုးရွားရွားလှည့်ကွက်မျိုး စဉ်းစားနိုင်တာပဲ…”
ဖန်ချန်းချန်းက ခေါင်းယမ်းလိုက်မိသည်။
“နှမြေစရာပဲ…ငါတို့က အခု ဒုတိယနှစ်ရောက်ပြီ..”
“သူအခု ဟန်ဆောင်တာ ရပ်လိုက်ပြီလား…”
ဟယ့်ကျိုးက ကျင်းစစ်အတွက် ယာယီပြောရေးဆိုခွင့်ရှိသူ အဖြစ်သရုပ်ဆောင်နေသည်။
“အမှန်တရားကို ပြောပြဖို့ စိတ််ဝင်စားစရာ ကောင်းတယ်လို့ ငါထင်တယ်…”
လူသုံးယောက် ခေါင်းချင်းဆိုင်နေကြပြီး သူတို့၏မျက်နှာပေါ်၌ ကျင်းစစ်အားလေးစားမှုများ အပြည့်ဖြင့် ဆွေးနွေးနေကြသည်။
သူတို့ တခြားဘာမှမတွေးနေကြတော့သည်အား ကြည့်ပြီးနောက် ယင်းကျောင်းက စကားဝိုင်းထဲဝင်မပါတော့ဘဲ စတင်ပြီး မှောက်အိပ်လိုက်တော့၏။
__