Chapter 11
ဟယ့်ကျိုးနှင့်အခြာသူများက ကျင်းစစ်၏လျို့ဝှက်ချက်ကို မတော်တဆဖော်ထုတ်မိသွားပြီးနောက် သူတို့ကဘုရင့်ထံ၌ သစ္စာရှိမှုခံယူသကဲ့သို့ ကျင်းစစ်အပေါ်သူတို့၏အပြုအမူတွေက ၁၈၀ဒီဂရီပြောင်းပြန်လှန်သွားသည်။
တစ်ခါက ဟယ့်ကျိုးသည် ကျင်းစစ်အတွက် လမ်းဖယ်ပေးသည်အား ယင်းကျောင်းတွေ့လိုက်သေး၏။
ဟယ့်ကျိုးဆိုသညိက ဝပြီးသဘောမကောင်းတတ်ချေ။ သူလမ်းလျှောက်ပုံကလည်း သောင်းကျန်းလွန်းလှသည်။ တစ်ယောက်ယောက်နှင့် လမ်းကျဉ်းလေးထဲမှာ တိုက်မိသည်ဆိုလျှင်ပင် သူကလမ်းဖယ်ပေးမည့်လူတွေက လက်တစ်ဖက်မပြည့်သည်အထိနည်းသည့် လူနည်းစုသာရှိသည်။
ဟယ့်ကျိုးက သူ့ဝမ်းဗိုက်ကိုထိပြီး သက်ပြင်းချလိုက်သည်။ “အကိုကျောင်း..မင်းနားမလည်ပါဘူး..ကျင်းစစ်တစ်ယောက် ကျန်းဟူမှာ လုပ်ပြသွားတာတွေက ငါ့တစ်သက်တာအိမ်မက်ပဲလေ… ”
သူကခဏရပ်လိုက်ပြီးနောက် စာကိုအာရုံစိုက်လုပ်နေသည့် ကျင်းစစ်ကိုကြည့်လိုက်ကာ တီးတိုးဆိုလာသည်။
“နောက်ပြီး သူကတော်တော်လေးချောတယ်လို့ မင်းမထင်မိဘူးလား..”
ယင်းကျောင်းက နှာမှုတ်လိုက်ပြီးပြောသည်။ “သူကချောတယ်မချောဘူးဆိုတာ မင်းနဲ့ဘာဆိုင်လို့လဲ…”
ဟယ့်ကျိုးက ဘာမှမဆိုင်ပါဘူးဟု ပြောလိုက်ချင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အတန်းထဲ၌ နောက်ထပ်အချောကြီးတစ်ယောက်ရှိသေးကာ ထိုအကြောင်းကိုပြောရန်က မျက်နှာပြောင်ရန်လိုပေသည်။
ယင်းကျောင်းကပြောလိုက်သည်။ “သူကြိုက်တာဘယ်သူလဲဆိုတာ မင်းကိုသတိပေးရဦးမယ်…”
ဟယ့်ကျိုး : ”..”
ဟယ့်ကျိုးကမေးလိုက်၏။ ”အကိုကျောင်း မင်းတစ်ခုခုလွဲနေတာလား.. ကျင်းစစ်က မင်းကိုနှောက်ယှက်တာကို မင်းမုန်းတယ်မဟုတ်ဘူးလား….”
ယင်းကျောင်းက ရယ်လိုက်ကာ ဘာမှထပ်မပြောချေ။
သူက ခုံပေါ်ကလေ့ကျင့်ခန်းစာအုပ်ကို ကျပန်းဆွဲထုတ်လိုက်ကာ စာမျက်နှာတစ်ခုကိုလှန်လိုက်ပြီးနောက် ကျင်းစစ်၏ နေရာထံထသွားလိုက်သည်။
လီကျိုးက သူ့ကိုမြင်တော့ ချက်ချင်းထကာ သူ့နေရာကိုဖယ်ပေးသည်။
ယင်းကျောင်းက အားမနာဘဲဝင်ထိုင်လိုက်ကာ လေ့ကျင့်ခန်းစာအုပ်ကို ကျင်းစစ်ထံ တိုးပေးလိုက်၏။
“အတန်းဖော်လေး.. ငါ့ကိုဒီပုစ္ဆာလေး ရှင်းပြပေး…”
လွန်ခဲ့သည့်ရက်အနည်းငယ်က ယင်းကျောင်းဖြင့် နောက်ဆုံးတွေ့ပြီးနောက် ကျင်းစစ်က တိတ်တဆိတ်နိုးကြားစွာ ပြင်ဆင်နေခဲ့သည်။ သူက ယင်းကျောင်း၏လက်တုံ့ပြန်ခြင်းကနေ ကာကွယ်ရန် ခဲတံချွန်စက်ကိုပင် ရက်ပေါင်းများစွာ ကိုယ်နှင့်မကွာဆောင်ထားပေသည်။ သို့သော်လည်းရက်အနည်းငယ်ကြာပြီးနောက် ယင်းကျောင်းထံမှဘာသတင်းမှမကြားခဲ့ချေ။
' နောက်ဆုံးတော့ရောက်လာပြီလား။ '
အဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် သူ့သရုပ်ကလည်းပေါ်ပြီးနေပြီဖြစ်ကာ ကျင်းစစ်ကလည်း သူ့အပြုအမူကို ဖုံးကွယ်နေစရာ အကြောင်းမရှိတော့ချေ။
သူက လေ့ကျင့်ခန်းစာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပေါ့ပေါ့တန်တန်ပြောလိုက်၏။
“ဒီပုစ္ဆာက ရိုးရှင်းလွန်းတယ်…”
ယင်းကျောင်းက ရယ်လိုက်သည်။
သူက ဒေါသမထွက်ဘဲ ပုစ္ဆာကြီးတစ်ပုဒ်ထံ လှန်လိုက်ကာ “ဒါဆို ဒီပုစ္ဆာဆိုရင်ရော..”
ကျင်းစစ်၏ အသံက စိတ်မပါဆဲပင်။
“ဒီပုစ္ဆာက အရမ်းခက်တယ်..မင်းနားလည်မှာမဟုတ်ဘူး…”
ယင်းကျောင်းက သက်ပြင်းချလိုက်ကာ လေ့ကျင့်ခန်းစာအုပ်အား ဘေးပို့လိုက်ကာ စာရေးခုံပေါ်သို့ မှောက်အိပ်လိုက်ပြီးနောက် ကျင်းစစ်အား လှည့်ကြည့်လိုက်သည်။
“အကယ်၍ အခြားလူ မေးတယ်ဆိုပြန်ဖြေတယ် ဒါပေမဲ့ငါမေးတော့ ပြန်မဖြေဘူး..မင်းငါ့ကိုပြော..”
ကျင်းစစ်ကသူ့ကိုကြည့်လိုက်သည်။ သူက သူ့(ယင်ကျောင်း)ကို ဤမျှလောက် အရေထူလိမ့်မည်ဟု မထင်မိခဲ့ပေ။ သို့သော်လည်းသူက အသိစိတ်နည်းနည်းတော့ ရှိလောက်မည်ထင်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်လောက်မှာပဲ မျက်နှာကို ဖြတ်အရိုက်ခံလိုက်ရသည်။…..
ယင်းကျောင်းက အပြုံးလေးဖြင့် ပြောလာသည်။
“အတန်းဖော်လေး... ငါက မင်းအတွက် အရမ်းအရေးပါလား..”
ကျင်းစစ် “….”
ယင်းကျောင်း၏ အားသာချက်က သူ့ပါးစပ်ပင် ဖြစ်သော်လည်း သူနည်းနည်းစိတ်ပူမိသည်။
ဤနှာဘူးလေးက သူ့အား အခုမတွေ့ချင်တော့ဘူးတဲ့၊ သူ့သဘောအတိုင်းလိုက်လုပ်ဖို့ဆိုသည်က သူ့အတွက် မဖြစ်နိုင်ဘူးလေ၊ သူနည်းတစ်ခုတော့ စဉ်းစားရမယ်။….
“မင်းစိတ်ဆိုးနေတာလား..”
ယင်းကျောင်းက သူ့ရှေ့ခုံကို ထပ်မှီလိုက်သည်။
“ဟိုနေ့က မင်းငါ့ကိုထိုးတယ်ဆိုတာ ယုတ္တိရှိတယ်..ဒါကြောင့်ငါဒေါသမဖြစ်မိဘူး…”
ထိုအကြောင်းကို ပြောလာတော့ ကျင်းစစ်လည်း နည်းနည်းသဘာဝမကျသလို ခံစားလိုက်ရသည်။ သူထိုနေ့က တော်တော်လေး စိတ်လိုက်မာန်ပါလုပ်မိသွားပြီး အနည်းငယ် လွန်သွားသည်။ သူသည်လည်း ယောက်ျားတစ်ယောက်ပင်ဖြစ်ကာ ထိုနေရာက ဘယ်လောက်နူးညံ့သလဲဆိုသည်အား သိပေ၏။
သူံနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးနောက် လေ့ကျင့်ခန်းစာအုပ်ထံ လက်လှမ်းလိုက်သည်။
“ငါအဖြေကို အရင်ကြည့်လိုက်ဦးမယ်…”
“မလုပ်နဲ့..ဒီတိုင်း စကားပြောရအောင်”
ယင်းကျောင်းက လေ့ကျင့်ခန်းစာအုပ်ကို ဆွဲယူပြီး ပြုံးလိုက်၏။
“မင်းရဲ့အခုပုံစံက ကြည့်လို့ကောင်းတယ်…”
ကျင်းစစ်ကနားမလည်စွာလှည့်ကြည့်လိုက်သည်။ ”ဟမ်..”
“တက်ကြွတယ်..ကြိုးစားတယ်..အလေးနက်ထားတယ်..”
ယင်းကျောင်းက ကျင်းစစ်၏ ကောင်းကွက်များကို တစ်ခုချင်းရွတ်ပြသည်။
ကျင်းစစ်က သူ့ထံမှ ဤကဲ့သို့ချီးကျူးခံရလာတော့ အနည်းငယ် ရှက်လာသည်။
“လျှောက်ပြောမနေနဲ့…”
“အဲ့ဒါက တော်တော်လေး အားကျစရာကောင်းတယ်…”
အရိုးစွဲအမုန်းတရားများ မဟုတ်သရွေ့ ကျင်းစစ်ကလည်း မှတ်သားထားမည်မဟုတ်ကာ သူ့(ယင်းကျောင်း)စကားကိုကြားတော့ ပြန်ပြီးဖြောင်းဖျပေးသည်။
"မင်းမှာ အခုလေ့လာဖို့ အချိန်အများကြီး ရှိပါသေးတယ်...အခြားလူတွေကို အားကျစရာမလိုပါဘူး”
“ဒါဆို…”
ယင်းကျောင်းက အုတ်မြစ်ချပြီးသွားသည်နှင့် သူ၏ရည်ရွက်ချက်အစစ်အမှန်ကို ထုတ်ပြလာသည်။
”အဆင့်တက်ဖို့ဆိုရင် ငါတို့အတူတူထိုင်သင့်တယ်လို့ငါထင်တယ်..”
“ဟို ဆိုရိုးစကားလိုပေါ့.. တံငါနားနီးတံငါမုဆိုးနားနီးမုဆိုးဆိုပြီးရှိတယ်လေ..”
ကျင်းစစ် “….”
ကျင်းစစ်က မျက်တောင်အနည်းငယ်ချလိုက်ပြီး “မလိုဘူး..ထိုင်ခုံပြောင်းရအောင်အထိမလိုဘူး.. မင်းမေးစရာတစ်ခုခုရှိရင် ငါ့ကိုကြိုက်တဲ့အချိန် လာမေးလို့ရတယ်..”
ယင်းကျောင်းက ဤအကြံကိုလက်မခံချေ။
“ဒါပေမဲ့အတူတူထိုင်တာက ပိုပြီးအဆင်ပြေတယ်လို့ ငါထင်နေတုန်းပဲ..”
“ငါက လီကျိုးနဲ့အတူတူထိုင်လာတာ ကြာနေပြီ” ကျင်းစစ်ကပရိယာယ်ဖြင့်ငြင်းလိုက်၏။
“ဒါကြောင့် ထိုင်ခုံဖော် အသစ်လိုနေတာပဲ...”
ယင်းကျောင်းက လက်လျှော့ရန် ငြင်းဆိုလိုက်သည်။
”မဟုတ်ရင် အရမ်းကြာနေပြီဆိုတော့ ဆန်းဆန်းသစ်သစ်ရှိမှာမဟုတ်ဘူး..”
ကျင်းစစ်က ခေါင်းယမ်းလိုက်သည်။
”ငါနဲ့လီကျိုးက အဆင်ပြေပါတယ်..”
သူက လက်ထဲမှ ဖတ်စာအုပ်ကို ကောက်ယူလိုက်ပြီး လေးလေးနက်နက်စာဖတ်နေသည့် ပုံစံသွင်းလိုက်ကာ ယင်းကျောင်းကို အာရုံမထားတော့ချေ။
အတန်းခေါင်းလောင်းထိုးခါနီးမှာပဲ ယင်ကျောင်းက တဆတ်ဆတ်တုန်နေတဲ့လီကျိုးကို လျစ်လျူရှုလိုက်ပြီး သူနေရာသို့ အရင်ဆုံးပြန်လိုက်ရန်သာ ရွေးချယ်လိုက်၏။
နေ့လည်စာထမင်းစားချိန်တွင် ကျင်းစစ်ကသူ့ဖုန်းကိုထုတ်လိုက်ပြီးစစ်ကြည့်လိုက်သည့်အခါ သူငယ်ချင်းလာအပ်သည့်အကောင့်အသစ်အား တွေ့လိုက်ရသည်။
နာမည်က အထက်စီးဆန်သည့် အသုံးပြုသူနာမည်ဖြစ်၍ တစ်ချက်ကြည့်ရုံဖြင့် မည်သူဆိုသည်အား သိလိုက်သည်။
နောက်ဆုံးတော့ သူ(ကျင်းစစ်)က ထိုသူ၏တစ်ခုံတည်းထိုင်မည့်တောင်းဆိုချက်ကို ငြင်းခဲ့သည်။ ကျင်းစစ်က သူထိုအကြောင်း ထပ်မံပြောလာမည်ကို ကြောက်မိပြီး သူကဇာတ်ကြောင်း ကနေရှောင်ဖယ်ရန် ဆုံးဖြတ်ပြီးသားပင်။ သူ လှည့်ပတ်ကြည့်လိုက်ပြီး မည်သူမျှသတိထားမိကြောင်း တွေ့ရသည့်အခါမှ ၎င်းအကောင့်ကို အနည်းငယ်အပြစ်ရှိစိတ်လေးဖြင့် ဖျက်လိုက်ပြီး မမြင်ဟန်ဆောင်ကာအိပ်ဖို့လုပ်လိုက်သည်။
ယင်းကျောင်းက တိတ်တဆိတ်စောင့်ကြည့်နေပြီး ၎င်းအပြုအမူကိုတွေ့တော့ သူအံကြိတ်မိသွားသည်။
သူက ဖုန်းမျက်နှာပြင်ပေါ် လက်ဖြင့် နှစ်ကြိမ်ထိလိုက်ပြီးနောက် အံထပ်ကြိတ်မိသည်။
"အရမ်းကောင်းတယ် ဒီတစ်ကြိမ် သူ့ရည်ရွယ်တာမဟုတ်ပေမဲ့လည်း ဒီနှာဘူးလေးက သူ့ကိုတွန်းအားပေးနေတာပဲ '
ယခုတစ်ကြိမ်တွင် အကောင့်ပုံမှာ ယင်းကျောင်းမဟုတ်တော့ချေ။
နာမည်က လျိုရှစ်ချန်ဖြစ်ပြီး ပရိုဖိုင်ဓာတ်ပုံက အသက်အလယ်အလတ်လူကြီးပိုင်းပုံပင်။
ကျင်းစစ်က ချက်ချင်း သူငယ်ချင်းအဖြစ် လက်ခံလိုက်ကာ သူ့ကိုတက်ကြွစွာနှုတ်ဆက်လာသည်။
”ဆရာ”
ဆရာလျို၏နာမည်ရင်းက လျိုရှစ်ချန်ပင်။
ယင်းကျောင်းကအခန်းထဲ၌ ချက်ချင်းလက်ခံသွားသည့် အကောင့်ကိုကြည့်ပြီးနောက် အေးစက်စွာနှာမှုတ်လိုက်သည်။ သေချာတာပေါ့ သူထင်တာမှန်ပေသည်။
ထိုနာဘူးလေးက သူ့ကိုပဲလက်မခံချင်တာ။
သူစာကို မြန်မြန်ရိုက်လိုက်သည်။
[လျိုရှစ်ချန်] မင်္ဂလာညနေခင်းပါ
[ကျင်း] မင်္ဂလာပါ၊ ဆရာ
သူက သူ့အပေါ်မှာဆိုအေးစက်ပေမယ့် လူအိုကြီးလျိုရှစ်ချန်ကို ကြတော့ အရမ်းရိုသေလေးစားတာပဲ.....
ယင်းကျောင်းက သူ့စိတ်ထဲကျိန်ဆဲလိုက်ပြီးနောက် စာထပ်ပို့လိုက်သည်…
[လျိုရှစ်ချန်] ခုတစ်လော မင်းက အရမ်းတက်တက်ကြွကြွရှိနေပြီး ငါတို့ အတန်းခုနစ်ကို လေထုအသစ် ယူလာခဲ့ပေးတာပဲ..
[လျိုရှစ်ချန်] ငါအရမ်းကျေနပ်တယ် နောက်လည်းအခြားအတန်းဖော်တွေကို မင်းတိုက်တွန်းပေးလိုက်ပါဦး..
[လျိုရှစ်ချန်] မင်းလည်းသိတဲ့အတိုင်း အခုငါတို့အတန်းအခြေနေက ကောင်းတာမဟုတ်ဘူး.. နောက်ပြီးငါတို့က မင်းလိုမျိုးလူတစ်ယောက် ဦးဆောင်ပေးဖို့လိုအပ်နေတာ…
ကျင်းစစ်က ချက်ချင်အကြောင်းပြန်သည်။….
[ကျင်း] ဟုတ်ကဲ့ဗျ.. ကျွန်တော်ကို ဘာခိုင်းချင်လို့လဲဆရာပြောပါ..
ငါးက ငါးစာလာချိတ်တော့မယ်...
ယင်ကျောင်းက ပြုံးလိုက်ပြီးထပ်ပို့သည်။
[လျိုရှစ်ချန်] ယင်ကျောင်းကို မင်းဘယ်လိုထင်လဲ..
ကျင်းစစ် “...”
ကျင်းစစ်က ယင်ကျောင်းအပေါ် ထင်မြင်ချက်အချို့ရှိသော်လည်း သူကအခြားသူတွေ၏နောက်၌ မကောင်းပြောလေ့မရှိချေ။ ထိုအကြောင်းအား စဉ်းစားကြည့်လိုက်ပြီးနောက် စာကြောင်းတစ်ကြောင်း ညှစ်ထုတ်နိုင်ရန် အတော်လေး ကြိုးစားလိုက်ရသည်။
[ကျင်း] ကောင်းပါတယ်..
သူ ပြန်စာချက်ချင်းရလိုက်၏။
[လျိုရှစ်ချန်] ငါလည်း ယင်းကအရမ်းကောင်းတယ်ထင်တယ်..အထူးသဖြင့်တော်တယ်..
[လျိုရှစ်ချန်] စိတ်နေသဘောထားကောင်းတယ်..ကိုယ်ကျင့်တရားကောင်းပြီး တက်တက်ကြွကြွလည်းရှိတယ်.. မင်းရော ဘယ်လိုထင်လဲ..
ကျင်းစစ်က ဖုန်းမှန်ပြင်ကိုစိုက်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးတွေ ကန်းတော့မည်ဟု ခံစားလိုက်ရသည်။
' သဘောကောင်း၊ ကိုယ့်ကျင့်တရားကောင်းပြီး တက်ကြွတယ်။…
သူတို့ ယင်းကျောင်းအကြောင်း ပြောနေတာသေချာလို့လား။
ဒါက သူသိတဲ့ ယင်းကျောင်းဟုတ်လို့လား။ '
ကျင်းစစ်က အသက်ပြင်းပြင်းရူလိုက်ပြီးနောက် အကြောင်းပြန်လိုက်သည်။
[ကျင်း] ဟုတ်..
[လျိုရှစ်ချန်] ဟမ်..
[ကျင်း] ဟုတ်တယ်..မှန်တယ်ဗျ..ယင်းကျောင်းက တကယ်ကောင်းတယ်။
[လျိုရှစ်ချန်] တကယ်လား ဒါဆိုသူ့ကို မင်းနဲ့တစ်ခုံတည်း ထိုင်ခိုင်းလိုက်မယ်..မင်းရောသဘောတူလား..
ကျင်းစစ်က တိတ်ဆိတ်သွားပြီး အချိန်ကြာကြာစာမပြန်ချေ။
[လျိုရှစ်ချန်] ???
ကျင်းစစ်က လိမ်မာသည့်ကလေးတစ်ယောက်ပင်။ နောက်ပြီးဆရာလျိုကလည်း သူဒီရောက်ကတည်းက သူ့ကိုဂရုစိုက်ပေးခဲ့သည်။ သူက ယင်းကျောင်းကို မတွန့်မဆုတ်ငြင်းလိုက်နိုင်ပေမဲ့ ဆရာလျိုအား မငြင်းနိုင်ချေ။
သူက ကြိတ်မှိတ်ပြီး ဖြေးညင်းစွာစာရိုက်လိုက်သည်… ။
[ကျင်း] သဘောတူပါတယ်..
[ကျင်း] ဆရာစီစဉ်လိုက်ပါ ကျွန်တော်ဆရာ့စကား နားထောင်ပါ့မယ်..
ဤစကားရရန်စောင့်ပြီးနောက် ယင်ကျောင်းက ချက်ချင်းမှတ်တမ်းထဲဝင်ပြီး အကြောင်းအရာတွေကို ဖြတ်ညှပ်ကပ်လုပ်လိုက်ကာ ကျင်းစစ်က သူ့ကိုချီးကျူးထားသည့် စကားအနည်းငယ်ကိုပါ အာရုံစိုက်၍ထည့်လိုက်သည်။ ပြီးနောက်ဝီလ်ချက်မှ QQကိုပြောင်းလိုက်ပြီး ဆရာလျိုထံစာနှင့်အတူပုံပါပို့ပေးလိုက်သည်။
[ ယင်းကျောင်း ] ကျင်းစစ် သဘောတူပါတယ်...
[လျိုရှစ်ချန်]…ငါတွေ့ပါတယ်..
[ ယင်းကျောင်း ] ဆရာအနေနဲ့ ပြောပေးဦး..
[လျိုရှစ်ချန်] မင်းသတိပေးပါ..ဒါနဲ့မင်းအိမ်စာတွေရောပြီးပြီလား..
[ ယင်းကျောင်း ]…အိုး
ထိူ့နောက် သူမနက်ဖြန်အတန်းထဲဝင်သည်နှင့် ကျင်းစစ်က သူ့ဘေးခုံ၌ ယင်းကျောင်းရွေ့ထိုင်နေသည်အား တွေ့လိုက်ရသည်။
ကျင်းစစ်”…”
မမြန်လွန်းဘူးလား။
ရုတ်တရက် ခုံပြောင်းရန် ပြောခံလိုက်ရသည့် လီကျိုးက ယခုထိမတုံ့ပြန်နိုင်သေးချေ။ ပြောင်းရွေ့ပြီးနောက် သူကခုံအောက်ကိုကျုံ့ဝင်လိုက်ပြီး ကျင်းစစ်ထံအလောတကြီးစာပို့လိုက်သည်။….
[စကြဝဠာမှပထမဆုံးလေယာဉ်ရုံ] ငါ့ကိုအရူးမလုပ်နဲ့.. အကိုကျောင်းက နည်းနည်းထူးဆန်းနေတယ်လို့ ငါထင်တယ်..မနေ့ကလည်း မင်းကိုစာလာမေးသေးတယ်... ဘယ်အချိန်က အစ်ကိုကျောင်းက စာစိတ်ဝင်စားသွားတာလဲ..ပြော..မင်းတို့ကြားတစ်ခုခုရှိနေတာလား..
[ကျင်း] လျှောက်ပြောမနေနဲ့…
[စကြဝဠာမှပထမဆုံးလေယာဉ်ရုံ] ဒါဆိုဘာတွေဖြစ်နေတာလဲ..
[ကျင်း] ဆရာလျိုက ဝီလ်ချက်မှာ လာအပ်ပြီး ခုံပြောင်းဖို့လာပြောလို့..
[စကြဝဠာမှပထမဆုံးလေယာဉ်ရုံ] ???ဝီလ်ချက်.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဝီလ်ချက်မသုံးဘူးဆိုတာ ဆရာလျိုရဲ့နောက်ဆုံးခံယူချက်လေ..မင်းမေ့သွားပြီလား..
[စကြဝဠာမှပထမဆုံးလေယာဉ်ရုံ] ဆရာလျိုက QQကနေပဲ ငါတို့ကိုဆက်သွယ်တာလေ..
ကျင်းစစ်က လန့်သွားပြီး ချက်ချင်းchat box ကနေထွက်သွားကာ မနေ့က မှတ်တမ်းများအား ပြန်စစ်လိုက်၏။
ထို့နောက်သူက ဖုန်းစခရင်မှာ တွေ့လိုက်ရသည်။ မနေ့ညက လျိူရှစ်ချန်ဆိုသည့် လူလတ်ပိုင်းလူကြီးတစ်ယောက်က ယင်းဆိုပြီး သူ့နာမည်ကိုပြန်ပြောင်းထားကာ သူ့ပရိုဖိုင်ပုံသည်လည်းပြောင်းသွားပေသည်။..
အခုမှပဲ ကျင်းစစ်ကထိုသူက ယင်းကျောင်းမှန်းသိလိုက်ရသည်။
သူကဖုန်းကိုချလိုက်ကာ သူ့ဘေးကလူကို စိုက်ကြည့်လိုက်၏။ ”မနေ့ညက မင်းမလား”
ယင်းကျောင်းက ခုံကိုတည့်လိုက်ပြီး သူ့ကျောင်းဝတ်စုံအား ထိုင်ခုံပေါ်တင်လိုက်ကာ ပြုံးလိုက်သည်။
“အဲ့တာငါပဲလေ..”
ကျင်းစစ်က သူ့မျက်နှာကိုငုံ့လိုက်သည်။
”မင်းငါ့ကို ရည်ရွယ်ချက်ရှိရှိ နှောက်ယှက်နေတာလား..”
“ဘာကိုလဲ”
ယင်ကျောင်းက ဝန်ခံမည်မဟုတ်ချေ။ “ငါက ငါ့အကောင့်နာမည်ကို ခဏပြောင်းလိုက်တာ မင်းက ဆရာလျိုနဲ့ မှားမယ်လို့ ဘယ်သူကထင်ထားမှာလဲ..”
“ဒါဆို မင်းကဘာလို့မပြောတာလဲ”
ကျင်းစစ်က ဒေါသထွက်နေပြီး သူ့ဖြေရှင်းချက်အား နားမထောင်ပေ။ ထို့နောက် သူကခေါင်းကို ဟိုဘက်လှည့်လိုက်ပြီး ယင်းကျောင်းကဘယ်လိုပဲစနောက်လာပါစေ သူ့အား စကားမပြောတော့ပေ။
ယင်းကျောင်းက သူ့၏လျစ်လျူရှုသည့် ပုံစံအား တွေ့သည်နှင့် သူ့အပြုံးများ ပျောက်သွားကာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
သူလည်း သူ့ကိုယ်သူဘာတွေမှားနေကြောင်း မသိတော့ချေ။ သူကကျင်းစစ်ကို မစနှောက်ဘဲ မနေနိုင်ပေ။ ဒါပေမဲ့ဤအရာကကလူတွေကို တကယ်ဒေါသထွက်သွားစေကာ သူ(ကျင်းစစ်)ကိုလည်း စိတ်ထဲ၌ သူ့အပေါ် စိတ်အနှောက်အယှက်အနည်းငယ် ဖြစ်သွားစေသည်။
ယင်ကျောင်းက သက်ပြင်းချလိုက်ပြီး သူ့လက်ထဲရှိ ဘောပင်ကို ပေါ့ပေါ့ပါးပါးလှည့်လိုက်၏။
သူကလက်လျော့ရန်လည်း စိတ်ကူးမရှိသဖြင့် အခုချိန်တိုင်တစ်တိုင်ကိုသာပြေးစောင့်ပစ်ချင်တော့သည်။ ပြီးတော့ သူက ကျင်းစစ်အပေါ်လည်း ပိုပြီးဂရုစိုက်ပေးချင်လာသည်။
မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ပြီးနောက် ပထမဆုံးအချိန်က ရူပဗေဒချိန်ပင်။
ယင်းကျောင်းက အတန်းထဲမှ ထွက်သွားပြီး ခေါင်းလောင်းတီးသည်အထိ ပြန်မလာချေ။
ရူပဗေဒဆရာက လွတ်နေသည့်ထိုင်ခုံက မည်သူ့နေရာဆိုသည်ကို မေးကာ ယင်ကျောင်းမှန်းသိတော့ ဆက်မပြောဘဲ လျစ်လျူရှုလိုက်၏။
အတန်းချိန်တစ်ဝက်လောက်တွင် ရူပဗေဒဆရာက ကျောက်သင်ပုန်းပေါ်စာရေးနေချိန် အပြင်မှ ပျင်းရိဖွယ်လေသံဖြင့် ခွင့်တောင်းသံကို ကြားလိုက်ရသည်။
ရူပဗေဒဆရာက မြေဖြူအား ချလိုက်ကာ တံခါးဘက်ကိုကြည့်လိုက်သည်။ ယင်းကျောင်းက နဖူးပေါ်တွင် ချွေးများစီးကျလျက် ပလတ်စတစ်အိတ်တစ်အိတ်အား ကိုင်ထားပြီး တံခါးအပြင်၌ ရပ်နေသည်။
ရူပဗေဒဆရာက သူ့ကိုမျက်မှောင်ကျုံ့ကာ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ နေရာမှာထိုင်ဖို့သာ လက်ရမ်းပြလိုက်သည်။
တစ်တန်းလုံး၏ အကြည့်များအောက်တွင် ယင်းကျောင်းက ဟိတ်ဟန်အပြည့်ဖြင့် လျှောက်လာကာ ထိုင်ခုံဆွဲယူပြီး ထိုင်လိုက်၏။
ကျင်းစစ်က သူ့ဘေး၌ သူ(ယင်းကျောင်း)မရှိသလို စောင်း၍ပင် မကြည့်ဘဲ သူ့အာရုံများအားလုံးကို ကျောက်သင်ပုန်းပေါ်၌ သာစူးစိုက်ထားသည်။
တစ်မိနစ်လောက်ကြာတော့ မှတ်စုလေးတစ်ခု သူ့ထံရောက်လာသည်။
ကျင်းစစ်က မှတ်စုအား မကြည့်ချေ။ သို့သော်လည်း ယင်းကျောင်းက အတင်းထိုးထည့်နေ၍ သူငုံ့ကြည့်လိုက်တော့…
[စိတ်မဆိုးပါနဲ့..ငါ့အပြစ်ပါ]
ကျင်းစစ်က အဝေးသို့ကြည့်လိုက်ကာ ဂရုမစိုက်ချေ။
စက္ကန့်အနည်းကြာတော့ နောက်ထပ်မှတ်စုလေးတစ်ခု ရောက်လာပြန်သည်။
[ငါမင်းနဲ့ သူငယ်ချင်းဖြစ်ချင်ရုံပါ အခြားမရည်ရွယ်ပါဘူး...]
ထိုမှတ်စုပြီးနောက် နို့လက်ဖက်ရည်တစ်ခွက်နှင့် နောက်ထပ်မှတ်စုတစ်ခုက တိုးလာ၏။
[အစ်ကို မင်းကိုတောင်းပန်ပါတယ်.. နို့ဂျုံလက်ဖက်ရည်ကို အချိုလျှော့ထားပေးထားတယ်..အရင်တစ်ခါက မင်းကြိုက်တယ်လေ..]
____