အပိုင်း၁၂
Viewers 14k

Chapter 12

Chapter - 12





နောက်ဆုံးတစ်ခါက ယင်းကျောင်းကတောင်းပန်လိုက်တာကြောင့် သူတို့နှစ်ယောက်ကြားဆက်ဆံရေးက ခါတိုင်းကဲ့သို့မစိမ်းသက်တော့ချေ။


ကျင်းစစ်က ယင်းကျောင်းကို လျစ်လျူရှုဆဲဖြစ်သော်လည်းအနည်းဆုံးတော့ သူကဘုကလန်ပြန်မပြောတော့ပေ။


တစ်ချိန်တည်းမှာပဲ တန်းခွဲခုနစ်တွင်သတင်းတစ်ခုက ကျော်ကြားလာ၏…။


ကျင်းစစ်က တကယ်တော့စာတော်တဲ့ကျောင်းသားဖြစ်ပြီး အရင်ကအကျင့်ပျက်ပြားတဲ့အမှိုက်ကောင်ပုံစံက အကုန်ဟန်ဆောင်ထားတာတဲ့လေ။


၎င်းကိုလုံးဝမယုံသော လူအများအပြားလည်းရှိ‌သည်။ သူတို့က ကျင်းစစ်အတန်းတစ်ခုကိုအချိန်ကြာတက်ရောက်သည်အား မမြင်ဖူးကြ၍‌ သို့မဟုတ် သူတို့က သူမေးခွန်းတစ်ပုဒ်မျှ မှန်မှန်ကန်ကန်ဖြေသည်အားလည်း မမြင်ဖူးကြပေ။


'သူက စာတော်တယ်တဲ့။ လာနောက်နေတာလား။ '


သို့ပေမဲ့တစ်ချို့သော လူများကလည်းယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသတင်းကိုဖြန့်တဲ့သူ၏ ကျိန်ဆဲချင်လောက်အောင်စကားပြောကောင်းခြင်း ကြောင့်ဖြစ်သည်။


သူတို့ကတော်တော်လေးအားနေ၍သော်လည်းကောင်း စပ်စုချင်၍သော်လည်းကောင်း ကျောင်းဖိုရမ်တွင်ဤအကြောင်းပို့စ်တစ်ခုတက်လာသည်နှင့်……


[တန်းခွဲခုနစ်ကကျင်းစစ်ကိုသိကြလား... ငါကြားတာတော့သူက တကယ်ကြီးသင်ခန်းစာတွေမှာ ကောင်းကောင်းလိုက်နိုင်ပေမဲ့သူကစာမေးပွဲမှာ ပြောင်စာရွက်အလွတ်ကြီးပဲ ထပ်ခဲ့ပြီးဟန်ဆောင်ခဲ့တာတဲ့...]


ပထမအလွှာ : ???မူရင်းတင်တဲ့သူက လာနောက်နေတာပဲ...ကျင်းစစ်...ဒါက ငါစဉ်းစားနေတဲ့ကျင်းစစ်နဲ့အတူတူပဲလား...


ရှစ်လွှာ : အဲ့တာက ၉၀၁၂ပဲ...တစ်ချို့လူတွေကဒီလိုဟာသမျိုး လုပ်နိုင်သေးတယ်..ငါသိတဲ့ကျင်းစစ်က ချောင်းအန်ယန်းနဲ့တစ်နေ့ကမှရန်ဖြစ်ခဲ့တာလေ အခုသူကစာကောင်းကောင်းလိုက်နိုင်တယ်လား..ဟဟား...{T/n - ၉၀၁၂ = တစ်ပါးသူရဲ့အာရုံစိုက်ခြင်းကိုရှာဖွေသည်။}


တစ်ဆယ့်ငါးလွှာ : တန်းခွဲခုနစ်က တကယ်ပဲနတ်ဆိုးနှင့်သားရဲတွေစုနေတဲ့ နေရာဘဲ..အခုတောင်ဒီလိုမျိုးကောလဟာလမျိုး ထွက်လာခဲ့ပြီ..


တစ်ဆယ့်ရှစ်လွှာ : တစ်ဆယ့်ငါးယောက်မြောက်ကဘယ်သူလဲ..နောက်ထပ်တန်းခွဲခုနစ်အတွက် စကားပြောလိုက်စမ်း..မင်းမမှန်ဘဲဖော်ကောင်လုပ်ပြီး မင်းကိုရှာမတွေ့နိုင်ဘူးထင်နေလား..အရူးကောင် မင်းပါးစပ်ကိုသန့်သန့်ရှင်းရှင်း ထားလိုက်တော့..


နှစ်ဆယ့်တစ်လွှာ : အဓိကထပ်(မူရင်းပို့စ်)မဖြစ်နိုင်ဘူးနော်... ကျင်းစစ်က အမြဲတမ်းစာရွက်အလွတ်ပဲ ထပ်လေ့ရှိတာ..


နှစ်ဆယ့်ခြောက်လွှာ : ငါလည်းဒီအကြောင်းကြားတယ်..ကျင်းစစ်က သူ့မိဘတွေရဲ့အာရုံအစိုက်ခံချင်လို့ ဒီလိုလုပ်ခဲ့တာတဲ့..


နှစ်ဆယ့်ခုနစ်လွှာ : ဟဟဟားဟားဟားအပေါ်ထပ်ရေအရမ်းရယ်ရတာပဲ..ဒီလိုခေတ်ကြီးမှာဒီလိုကိစ္စက ရှိသေးတာလား..ဟားဟားဟားဟား..


အလွှာသုံးဆယ် : အတန်း(၇)..ဒါနည်းနည်းမှန်တယ်လို့ငါထင်တယ်..ကျင်းစစ်က သူ့ဆရာဆုံးမစကားကြောင့် ဉာဏ်အလင်းရပြီး ဆက်ဟန်မဆောင်ဖို့ ဆုံးဖြတ်လိုက်တာနေမှာပေါ့..


လေးဆယ့်နှစ်လွှာ : ဒါက ဘာလုပ်လို့ရလို့လဲ..နှစ်ဝက်စာမေးပွဲ လာတော့မှာ..အမှတ်စာရင်းတွေထွက်လာရင် ဒီဟာမှန်မမှန်မင်းတို့သိရမှာဘဲ..


ငါးဆယ့်ငါးလွှာ : လာကြ..လာကြ..လောင်းကြမယ်..ကျင်းစစ်ကဆရာကြီးလားအမှိုက်ကောင်လား..ဒီမှာလာလောင်းကြ..


………………………………………


စီရင်စုသုတေသနမှာထိပ်တန်းကျောင်းသားများပြားလှပြီးဖိုရမ်ကအကြောင်းအရာတွေကပျင်းရိစရာကောင်းလှသည်။ လူကြိုက်များသည့် ပို့စ်များမှာ စီရင်စုစစ်ဆေးမှုလမ်းညွှန်နှင့်ကျောင်းသားသစ်များအတွက် စီရင်စုစစ်ဆေးမှုတွင်သတိထားစရာများ စသည့်တူညီသည့်ပိုစ်များပင်။


တစ်ရက်မတိုင်မှီတွင် မှတ်ချက်သုံးရာကျော်ရရှိခဲ့ကာပိုစ်ကလည်း ရေပန်းစားပို့စ်တစ်ခုအနေဖြင့်ထိပ်သို့ရောက်သွားပြီး မူရင်းစာမျက်နှာမှာဖော်ပြထားတာကြောင့် လူအများလျစ်လျူရန်ခက်ခဲစေသည်။


ကျင်းစစ်ကသူ့ရဲ့ဖုန်းကို များစွာအသုံးပြုလေ့မရှိ‌ သောကြောင့်ဤအကြောင်းများကို လုံးဝမသိချေ။ အလွန်ဆုံးသူက သူ၏ အတန်းဖော်တွေရဲ့အကြည့်ကအနည်းငယ် ထူးဆန်းနေသည်ဟုထင်မြင်မိသော်လည်းသူက စပ်စုတတ်သူမဟုတ်သောကြောင့်ထို့ထက်ပို၍ စုံစမ်းခြင်းမရှိခဲ့ချေ။ သူအားအခြားလူများက ဘယ်လိုထင်ထင်သူ့ကိစ္စအား သူကိုယ်တိုင်လုပ်နိုင်သည်။


ဤရက်အနည်းငယ်အတွင်း၌ သူကဘာသာအရပ်ရပ်၏ မှတ်ချက်အကြမ်းဖျဉ်းကိုထုတ်နုတ်ထားပြီး သူအရင်က မလေ့လာဖူးခဲ့သောအချက်အလက်များကို မှတ်ထားကာကျက်မှတ်ခြင်းထဲ၌သာ အာရုံစိုက်ထားသည်။ သူက အကြောင်းအရာများကို အရေးပါမှုအလိုက်အမျိုးအစားခွဲထားလိုက်ပြီး ပြန်လည်ဆန်းစစ်ရန်ပြင်ဆင်သည်။


အခြားဖြစ်အံ့ဆဲဆဲအရာတစ်ခုက စီရင်စုသုတေသန၌ လတစ်လ၏လကုန်တိုင်းတွင် နှစ်ရက်ခွင့်ပေးကာ သူကအိမ်ကိုပြန်ရပေမည်။


ကျင်းစစ်ကမူရင်းပိုင်ရှင်၏ မိသားစုအပေါ်အခြေခံနားလည်မှုသာရှိပြီး သူကအခြားသူများသတိထားမိသွားမည်အား စိုးရိမ်နေခြင်းပင်။


သူကအရမ်းစိတ်လှုပ်ရှားနေသောကြောင့် အတန်းထဲ၌ထူးဆန်းတဲ့လေထုတစ်ခု တိုးပွားလာကြောင်း သတိမထားမိခဲ့ပေ။


ကျောင်းသားများကဲ့သို့ စီရင်စုသုတေသန၏ ဆရာများကလည်း ကျောင်းဖိုရမ်ကိုစစ်ဆေးလေ့ရှိကြသည်။ ယင်းမှ ကျောင်းသားကျောင်းသူများအား ပိုမိုနားလည်နိုင်မည်သာမက သဘောထားကွဲလွဲမှုများဖြစ်ပေါ်ပါကလည်း အချိန်မှီပြင်ဆင်နိုင်ပေမည်။


လူအများအပြားက ကျင်းစစ်နှင့်ပတ်သတ်သောပိုစ်တွင်ဆွေးနွေးထားသောကြောင့် ဆရာဆရာမများကလည်း သတိထားမိလိုက်ကြသည်။


တန်းခွဲတစ်ရဲ့အတန်းပိုင်က ရှေးရိုးစွဲအသက်လယ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူကတန်းခွဲတစ်ရဲ့အတိုင်းပိုင်ဖြစ်ရသည်အား ဂုဏ်ယူပြီးတန်းခွဲခုနစ်၏ ကျောင်းသားကျောင်းသူများအား အထင်မကြီးချေ။


နေ့လည်ထမင်းစားနားချိန်တွင် ဆရာများကရုံးခန်းထဲ၌ စကားဖလှယ်နေကြစဉ် တစ်ချို့သောဆရာများက ဤပို့စ်အကြောင်းစပြောလာကြသည်။


“ဖိုရမ်က အဲ့ဒီပို့စ်ကိုတွေ့ပြီးကြပြီလား..ကျင်းစစ်က တကယ်ပဲဟန်ဆောင်နေခဲ့တာလားဆိုတာကျောင်းသားမပြောနဲ့ ငါတောင်သိချင်မိတယ်..ဒါက မဖြစ်နိုင်ဘူးနော်..အထက်တန်းဝင့်ခွင့်စာမေးပွဲတုန်းက သူ့အမှတ်တွေကပေါက်ကရတွေဆိုတာ အသေချာပဲလေ..”


ကျန်းကျင်းက နှာမှုတ်လိုက်သည်။ “ပေါက်ကရတွေ..တန်းခွဲခုနစ်က အဲ့ဒီကျောင်းသားတွေရဲ့စရိုက်ကို မင်းတို့မသိကြဘူးလား..”


ဆရာလျိုက ထိုအကောင်ပေါက်လေးများအား အထူးဂရုစိုက်ပေသည်။ သူ့အတန်းကကျောင်းသားများကို သူကိုယ်တိုင် ပညာပေးခြင်းသို့မဟုတ် ရိုက်နှက်ခြင်းအမှုကိုလုပ်သော်လည်း ၎င်းတို့ကမူ ဘာမျှလုပ်လို့မရချေ။


သူကဖြောင့်မှန်သည့် နှလုံးသားရှိပြီး သူ့မျက်နှာကမည်းမှောင်သွားပြီး ကျန်းကျင်ကိုလုံးဝမျက်နှာသာမပေးပေ။


“ငါ့အတန်း မှာရှိတဲ့ ကလေးတွေက အရမ်းတော်တယ်...ဆရာမကျန်း စိုးရိမ်ပေးစရာမလိုပါဘူး..” ခဏရပ်လိုက်ပြီးနောက် သူကနှာရှုံ့ကာထပ်ပြောလိုက်သည်။


”အရင်စာမေးပွဲတုန်းက မင်းအတန်းက ဒုတိယလပတ်စာမေးပွဲကို ထပ်မအောင်ပြန်ဘူးနော်..ဆရာမကျန်း အခြားနေရာတွေမှာပဲ အာရုံအရမ်းရောက်နေတာလား..”


ကျန်းကျင်းက ဒေါသကြောင့်တုန်လာကာ သူမအသံကလည်းစူးရှစွာ ကျယ်လောင်လာသည်။


”ငါ့အတန်းက အမှားတစ်ခုလုပ်ခဲ့ရုံလေးပါ..”


တန်းခွဲနှစ်ဆရာဖြစ်သည့် ကျောက်ဖုန်က ပြုံးလိုက်ကာဘာမှမပြောချေ။


ကျန်းကျင်းက ထပ်ပြောလာ၏။ “ငါကျင်းစစ်လို့ခေါ်တဲ့ ကျောင်းသားကိုသိတယ်..ဆံပင်အဝါနဲ့ ဟိုတစ်ယောက်မလား..သူတို့က သူ့ကိုစာ‌ တော်တယ်တဲ့လား..ဟား ဟာသပဲ..”


ကျန်းကျင်းက သူ့မပါးစပ်အားစဖွင့်လိုက်သည်နှင့်ကျင်းစစ်က ဘယ်လိုအသုံးမကြဘူးစသည်ဖြင့် ဆက်တိုက်ပြောဆိုလာကာ ဆရာလျိုအားဒေါသဆွစေရန် ပြုလုပ်နေသည်။ သူမကအမျိုးသမီးတစ်ယောက်သာ မဖြစ်နေဘူးဆိုလျှင်ဆရာလျိုက သူမမျက်နှာကိုရိုက်ပြီးချေပြီ။


ဆရာလျိုက သူမအသံနားထောင်‌ နေရင်း‌ ‌ ‌ဒေါသထွက်လာသည်ကြောင့် သူကသူ့ရဲ့ရေဘူးကြီးနှင့် ရုံးခန်းထဲမှထွက်သွားကာ အတန်းဘက်ကိုလျှောက်သွားသည်။


သူကဖိုရမ်ပေါ်မှ ပို့စ်အား ဂရုမစိုက်ချေ။ သူကကျင်းစစ်ကို တစ်နှစ်ကျော်ကျော်သင်လာခဲ့တာကြောင့် သူကကျင်းစစ်အတန်းထဲ၌ ဘယ်လိုပုံစံရှိသည်အား သိပေသည်။


အတန်းလုံးဝမတက်သည့် လူတစ်ယောက်ကအဘယ်ကြောင့် စာကောင်းကောင်းရမှာလဲ။


သို့သော်ဆရာလျိုက အရင်တစ်ခါ”ငါး သုံး”‌မေးခွန်း၌ ကျင်းစစ်၏ အဖြေလွှာကိုစစ်ပြီး ပြန်မတွေးကြည့်ဘဲ မနေနိုင်ချေ။ သူက ကျင်းစစ်ရဲ့အဖြေမှန်ရွေးသည့် ပုစ္ဆာဆယ်ပုဒ်လုံးစစ်ပြီး ဖြစ်ကာအကုန်လုံးမှန်ပေသည်။


ထိုအချိန်က သူကကျင်းစစ်သည်အဖြေများအားကျက်မှတ်လာသည်ဟု ထင်ခဲ့သော်လည်းယခုဖိုရမ်ပေါ်မှ ပို့စ်ကြောင့် ၎င်းကဲ့သို့မဟုတ်လောက်‌ချေ။


ဆရာလျိုကခုံပေါ်တွင် လှဲအိပ်နေသည့် ကျင်းစစ်ကိုမကြည့်မိဘဲ မနေနိုင်ပေ။


တကယ်လို့…အဲ့ဒါသာ အမှန်ဖြစ်နေခဲ့ရင်ရော…


တစ်ခြားသောဘာသာရပ်ဆရာ၊ ဆရာမများကိုအသာထား ဆရာလျိုကဲ့သို့ ခေါင်းမာသည့် ဆရာပင်လျှင် မခန့်မှန်းချင်ပဲ မနေနိုင်ပေ။


ထို့ကြောင့် ဤရက်များတွင် ကျင်းစစ်က သူအတန်းထဲ၌ရှိနေစဉ်တိုင်း ဆရာများက သူ့ကိုထခိုင်းပြီး မေးခွန်းများအား ဖြေခိုင်းလေ့ရှိလာ၏။


အဓိကအားဖြင့် အတန်းပိုင်ဖြစ်သည့် ဆရာလျိုက ကျောက်သင်ပုန်းပေါ်မှပုစ္ဆာကိုပင်လျှင် တစ်ခါထွက်ဖြေခိုင်းခဲ့သေးသည်။


ကျင်းစစ်က သူ့ဆရာများက သူ့၏စာပေဗဟုသုတကိုစစ်နေသည်ဟု ယူဆကာ မအံ့သြသွားဘဲ အချိန်တိုင်းရိုးသားစွာဖြေဆိုပေးခဲ့သည်။


သူကမူ သူအဖြေမှန်ပြောလိုက်သည့်အချိန်တိုင်း ဆရာများက မည်မျှထိတ်လန့်အံ့ဩသွားသည်ကို သိမည်မဟုတ်ချေ။


အထက်တန်းကျောင်းသိပ္ပံရုံးခန်း၌ မစ္စတာဝမ်က သူ့၏ကတုံးပြောင်ကိုပွတ်လိုက်ပြီး မစ္စတာလျိုထံ ချဉ်းကပ်သွားကာ တီးတိုးပြောလာသည်။

”လောင်လျို ဖိုရမ်ပေါ်မှာရှိတဲ့ ပို့စ်က မှန်နေလောက်တယ်”


ဆရာလျိုက ဘာမျှမပြောဘဲ ဂန္ဓမာလက်ဘက်ရည်ကို တစ်ငုံသောက်လိုက်ကာ စဉ်းစားခန်းဝင်နေ၏။


ဆရာဝမ်က ဆက်ပြောလာသည်။ ”မင်းမသိဘူးနော် ငါဒီတလောအတန်းထဲမှာ ကျင်းစစ်ကိုမေးခွန်းတော်တော်များများရဲ့အဖြေကို မေးခဲ့သေးတယ် ဒီထဲကတစ်ချို့က နည်းနည်းခက်ပေမဲ့ သူကအကုန်လုံးကိုဖြေနိုင်ခဲ့တယ်”


ဆရာလျိုက စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် လက်ထဲမှရေဘူးအား ချလိုက်၏။


”ငါလည်း သူ့ကိုထခိုင်းပြီး မေးခွန်းတွေမေးခဲ့သေးတယ် သူက ကောင်းကောင်းဖြေနိုင်ခဲ့တယ်…”


ဆရာဝမ်က နည်းနည်းစိတ်လှုပ်ရှားသွားပြီး လက်ခုပ်တီးလိုက်သည်။


”လာပါ ငါတို့ဒီကိစ္စကို အခုဖြေရှင်းကြမယ် ကျင်းစစ် အရင်တုန်းက ဟန်ဆောင်ခဲ့လိမ့်မယ် သူဘာကြောင့်အဖြေလွာကို မဖြေဘဲ ဗလာလာလာထပ်ခဲ့တာလဲဆိုတာပါ မေးလိုက်မယ် ငါပြောမယ် သူက အဖြေကိုမှားအောင်ရေးဖို့တောင် အရမ်းပျင်းနေလို့နေမှာ..”


ဆရာဝမ် : ”ဒီကလေးက အရမ်း..သူက ဒီအဆင့်လောက်ထိ ဘာလို့ဂျစ်ကန်ကန်နိုင်ခဲ့ရတာလဲ”


ဆရာလျိုက နည်းနည်းဝမ်းသာမိသော်လည်း အခြားလူများမြင်သွားမည်ကို ကြောက်ရွံ့နေတာကြောင့် ဖုံးကွယ်ရန်လုပ်လိုက်သော်လည်း သူ့မျက်နှာပေါ်၌ အမူအရာက အရမ်းထူးဆန်းနေပေသည်။


သူက စားပွဲခုံအား ကြမ်းကြမ်းတမ်းတမ်းရိုက်လိုက်ကာ ခပ်ပြတ်ပြတ်ပြောလာ၏။


”ဒီဝမ်းမနာကလေးကတော့ လျှောက်ပြဿနာရှာဖို့ အတော်ကြိုက်တာပဲ စာမေးပွဲအမှတ်စာရင်းထွက်လာမှ သူ့(ကျင်းစစ်)ကို ငါဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်နေကြ……"


သူပြောရင်းဖြင့် မထိန်းထားနိုင်တော့၍ သူ့ထိုင်ခုံကိုတွန်းပြီး ရုံးခန်းထဲမှ လျင်မြန်စွာထထွက်သွား ပြီးနောက် အတန်း(၇)ထံသွားလိုက်ကာ ကျင်းစစ်ကိုဆွဲထုတ်လာသည်။


ကျင်းစစ်က ဆရာလျိုသူ့အား အဘယ်ကြောင့်ခေါ်လဲဆိုသည်ကို စဉ်းစားမရသော်လည်း ထိုနေရာ၌ ငြိမ်သက်စွာရပ်နေကာ ဆရာလျို၏နောက်ထပ်စကားကို စောင့်နေလိုက်သည်။


ဆရာလျိုက ကြမ်းတမ်းစွာပြောဆိုနေသော်လည်း တကယ်တော့ သူကသတိထားပြောနေခဲ့ခြင်းပင်။ သူ့ခေါင်းထဲ၌ အကြမ်းပြောစရာများစွာစဉ်းစားနေပြီး သေချာတွေးတောပြီးနောက် သူကပြောလာခဲ့သည်။


”မင်း..ငါမင်းအကြောင်း အကုန်လုံးသိတယ်နော်။”


ကျင်းစစ်က စိတ်ရှုပ်ထွေးသွားကာ ဆရာ့အား ကြောင်အစွာ ကြည့်နေမိသည်။


“စာမေးပွဲမှာ ကောင်းကောင်းဖြေခဲ့ပြီး မင်းရဲ့စွမ်းရည်အစစ်အမှန်ပြပေးပါ”


ဆရာလျိုသည် သူက ပုန်ကန်တတ်သည့်အရွယ်ဖြစ်၍ သူ့ကိုခြောက်လန့်မိကာ ပြန်ပြီးအရင်လို အဖြေကိုဗလာထပ်လာမည်ကို စိုးရိမ်သဖြင့် အများကြီး မပြောရဲချေ။


ကျင်းစစ်က ဆရာမည်သည်ကိုဆိုလိုချင်သည်အား နားမလည်သေးသော်လည်း အမှားတစ်ခုခုမတော်တဆထုတ်ဖော်သွားမိမည်အား စိုးရိမ်ကာ မမေးရဲဘဲအဖြေသာပေးလိုက်သည်။


”ဟုတ်ကဲ့..”


“ဒီလိုမျိုး နောက်ထပ်မလုပ်နဲ့တော့..”


ဆရာလျိုက သူ့ဖုန်းကို ထုတ်လိုက်ပြီး ဖိုရမ်ပေါ်မှ ပို့စ်ကို ပြလိုက်ကာ ညွှန်ပြလာသည်။


”အခုလူအများကြီးက မင်းကိုသိနေကြပြီ..မင်း..မင်းဒီလိုမျိုး ကိစ္စထပ်မလုပ်နဲ့တော့”


ကျင်းစစ်က ပို့စ်ကို ခပ်မြန်မြန်ဖတ်လိုက်ကာ အံ့ဩပြီးရင်း အံ့ဩသွားရသည်။


သူက အစ၌ နေမကောင်းဖြစ်ဆိုသောအကြောင်းပြချက်ဖြင့် သူ့မိဘများအားရူးကြောင်ကြောင်ဟန်ဆောင်ကာ သူ့အပြောင်းအလဲကို သတိမပြုမိစေချင်၍ အာရုံလွှဲရန်စီစဉ်ထားသည်။ ယင်းပိုစ့်က သူ့အတွေးဖြင့် တိုက်ဆိုင်နေပေသည်။


တကယ်တော့ သူလည်း တဖြည်းဖြည်းပြောင်းလဲသွားလို့ရမရ စဉ်းစားနေတာဖြစ်၏။


သို့ပေမဲ့ ကျင်းစစ်က စာလေ့လာခြင်း၌ အရမ်းအလေးအနက်ထားကာ သူထိုကဲ့သို့ မလုပ်နိုင်ဘဲအမှားများသာ လုပ်မိနေသည်။


ယခုပို့စ်က သူ့အားအများကြီး အကူအညီပေးသွားသည်။


“မစိုးရိမ်ပါနဲ့ဆရာ ကျွန်တော်အဲ့လိုထပ်မလုပ်တော့ပါဘူး”


ကျင်းစစ်က ထိုစကားကိုပြောပြီးနောက် ဖြည့်ပြောလိုက်၏။


”ဆရာ အရင်က ကျွန်တော့်ကို ဆုံးမပြီးတဲ့နောက် ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့တာပါ…”


“ကောင်းပြီ” ဆရာလျိုက ငြင်သာစွာပြုံးလိုက်သည်။


”ဆရာက မင်းစကားကို မှတ်ထားမယ် နောက်ပြီးစာမေးပွဲက ရောက်တော့မယ် မေးခွန်းကို သေသေချာချာဖြေပြီး မင်းအတွက်နဲ့ အတန်း(၇)အတွက် ကြိုးစားပေးပါ”


ကျင်းစစ်က ခေါင်းညိမ့်ကာ သဘောတူလိုက်၏။


အတန်းထဲသို့ သူပြန်ရောက်သည်နှင့် ဟယ့်ကျိုးကပေါ်လာပြီး စပ်စုသည်။


”လောင်လျိုက မင်းကိုဘာလို့ လာရှာတာလဲ”


ယခုရက်အနည်းငယ်အတွင်း ဟယ့်ကျိုးနှင့်ကျန့်ချွယ်က ယင်းကျောင်းအား မကြာခဏစကားလာပြောကြကာ ကျင်းစစ်နှင့်လည်း တဆက်တည်းစကားအနည်းငယ်ပြောဖြစ်ကြပြီး သူတို့ကြားဆက်ဆံရေးသည်လည်းတိုးလာခဲ့သည်။


“ဘာမှမဟုတ်ပါဘူး” ကျင်းစစ်က ခုံကိုဆွဲလိုက်ကာ ”စာမေးပွဲမှာကောင်းကောင်းဖြေဖို့အတွက်လာပြောတာ”


“ဝိုး..လောင်လျိုရဲ့ သတင်းကလည်း တိကျလိုက်တာ..” ဟယ့်ကျိုးက သက်ပြင်းချလိုက်၏။


”သူအဲ့အကြောင်းသိတာအရမ်းစောတယ်”


ထို့နောက်သူက ကျင်းစစ်ထံတိုးလာပြီး ”ဒီလိုမျိုးလှည့်ကွက်မျိုး မင်းဘယ်လိုတွေးခဲ့မိတာလဲ အဲ့တာက အရမ်းအံ့ဩစရာကောင်းတယ် အကိုကျောင်း သတိပေးတာကြောင့်မဟုတ်ရင် ငါတို့လည်း အဲ့အကြောင်းရိပ်မိမှာမဟုတ်ဘူး”


ကျင်းစစ်၏ သူ့စာအုပ်အားယူနေသည့် အပြုအမူက ရပ်သွားပြီး မေးလိုက်သည်။ ”ယင်းကျောင်းလား”


“ဟုတ်တယ်” ဟယ့်ကျိုးက ယင်းကျောင်းကို အံကြိတ်ပြလိုက်ကာ ပြောလိုက်သည်။


”ငါတို့က မင်းကို ကောက်ကျစ်တယ်လို့ပဲ ထင်နေတာ ကြည့်ရတာ မင်းဦးနှောက်ကို အကိုကျောင်းဦးနှောက်ကပဲ ခန့်မှန်းနိုင်တယ်ထင်တယ်။”


အဲ့တာက ယင်းကျောင်းဖြစ်နေတာပဲ။..


ကျင်းစစ်က ခေါင်းကိုလှည့်လိုက်ပြီး ယင်းကျောင်းကိုကြည့်လိုက်သည့်အခါ ထိုသူ၏အပြုံးမျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည်။


သူက မရည်ရွယ်ပေမဲ့လည်း ယင်းကသူ့အား တော်တော်လေးအကူအညီပေးသွား၏။


ကျင်းစစ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူက ကျေးဇူးကြွေးတင်ရသည်အား မကြိုက်ချေ။ မဟုတ်လျှင် သူ့ကိုမသက်မသာခံစားရစေသည်။


သူအချိန်ကြာ စဉ်းစားပြီးနောက် သူ့ကျေးဇူးကြွေးကို မည်သို့ဆပ်ရမည်ကို တွေးမိသွားသည်။


ထို့ကြောင့် ထိုနေ့မှာဘဲ ယင်းကျောင်းက သူ့ထိုင်ခုံဖော်အသစ်လေးထံမှ ပထမဆုံးမှတ်စုလေးရခဲ့ပေသည်။


[ကျေးဇူးပါ]


ယင်းကျောင်းက နှုတ်ခမ်းကိုကွေးကာ ပြုံးလိုက်ပြီး စကားလုံးအနည်းငယ်ရေးပြီး ပြန်ပို့လိုက်သည်။


[ဘာကြောင့် ကျေးဇူးတင်တာလဲ]


ကျင်းစစ်…


[ငါ့အတွက် ပြောပေးပြီး ငါ့ကိုကောက်ကျစ်တယ်လို့မတွေးကြအောင်လုပ်ပေးလို့]


ယင်းကျောင်းက အရှက်မရှိဂုဏ်အား ဖော်ချင်နေသေးသည်။ [မင်းအပေါ် မင်းအစ်ကိုက ဘယ်ကောင်းလဲဆိုတာ သိပြီလား မင်းဘယ်လို ငါ့ကိုပြန်ဆပ်မလဲ]


ယင်းကျောင်းက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စဉ်းစားလိုက်သည်၊


'သူတို့နောက်ကြရင် နည်းနည်းပိုအဆင်ပြေလာလောက်တယ်မလား။ '


ကျင်းစစ်က ဆရာဟိုဘက်လှည့်သွားသည်ကို အခွင့်ကောင်းယူကာ ပြန်ရေးပေးလိုက်သည်။ [အင်း...]


ယင်းကျောင်းက မျက်လုံးကို အောက်စိုက်ပြီး ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးထဲမှအပြုံးများက ပိုနက်ရှိုင်းလာကာ သူ့နှုတ်ခမ်းကိုသပ်လိုက်မိသည်။


'ဒီနှာဘူးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။'


ယင်းကျောင်းက ဘောပင်ကိုကိုင်လိုက်ပြီး သူ့မျက်နှာကိုထိလိုက်ရမလား နားရွက်လေးကိုထိလိုက်ရမလား စဉ်းစားနေမိသည်။


ထိုစဥ် ကျင်းစစ်က သူ့ကိုမှတ်စုထပ်ပေးလာသည်။ ..


[ငါမင်းကို ဘာသာစုံမှတ်စုထုတ်ပေးမယ်.. ငါအသေးစိတ် မင်းနားလည်အောင် သေချာလေးရေးထုတ်ပေးမယ်..ငါတို့စာအတူတူကြိုးစားပြီးတော့ တိုးတက်အောင်လုပ်ကြမယ်လေ]


ယင်းကျောင်း ”…”


သူအံ့တင်းတင်းကြိတ်လိုက်မိကာ ဒေါသကြောင့် သူ့လက်ထဲမှဘောပင်ကို ကျိုးမိစေတော့မလိုပင်။


' ဘယ်သူကသူနဲ့ အတူတူစာကြိုးစားပြီး တိုးတက်အောင်အတူတူလုပ်ချင်လို့လဲ။


သူကသူ့မျက်နှာလေးကို ညှစ်ပစ်လိုက်ချင်ယုံလေးပါနော်...ဘာလို့အဲ့လောက် ခက်ခဲနေရတာလဲ။ '



_____



စာရေးသူမှာ ပြောစရာရှိတယ်~



ပြဇာတ်အသေးစား...


ယင်းကျောင်း : ဒီနှာဘူးလေးက သောက်ရမ်းချစ်စရာကောင်းလိုက်တာ ဘယ်သူက ခံနိုင်ရည်ရှိတော့မှာလဲ...


_____