Chapter 13
ကျင်းစစ်က စကားတည်သည့်လူမျိုးပင်။ ထိုနေ့က မှတ်စုများရေးရန် နောက်ကျနေပြီ ဖြစ်သော်လည်း တရုတ်ဘာသာရပ်၌ မှတ်စုထုတ်စရာမလိုသော အပိုင်းတစ်ချို့ရှိသည်။
နားချိန်၌ သူက တရုတ်စာစီစာကုံးစာအုပ်ကို ထုတ်လိုက်ကာ ယင်းကျောင်းကို ပြောလိုက်သည်။
”လာမည့်ရက်အနည်းငယ်တွင်းမှာ ဒီစာသင်နှစ်အတွက် ကျက်ဖို့ လိုအပ်ဆဲ့ စာကြောင်းတွေကိုထုတ်ထားပေးမယ်...ကျက်ရတာ အရမ်းလွယ်တယ်..”
သူက စာမျက်နှာတစ်ခုကို ညွှန်ပြလိုက်သည်။
” ’ပုလွေဆရာရှင်း’က နေပြီးစရအောင်..အဓိပ္ပာယ်ကို မင်း နားလည်လား..မင်းနားမလည်ရင် ငါထပ်ရှင်းပြပေးမယ်..အဓိပ္ပာယ်ကို မင်းနားလည်သွားပြီဆိုရင် ကျက်မှတ်ဖို့လွယ်သွားပြီ..”
ယင်းကျောင်းက သူ့ကိုလှည့်ကြည့်လိုက်၏။
စာနှင့်ပတ်သက်လျှင် ကျင်းစစ်၏မျက်နှာ၌ အလေးအနက်ထားသည့် အမူအရာမျိုးရှိသည်။ သူက ဆရာငယ်လေးနှင့်ပင် တူကာအရမ်းချစ်စရာကောင်းလှသည်။
ယင်းကျောင်းက လူယုတ်မာအပြုံးဖြင့် သူ့ခန္ဓာကိုယ်ကိုဖြည့်ညှင်းစွာလှည့်လိုက်ပြီး အရှက်ကင်းစွာ မကြားချင်ယောင်ဆောင်လိုက်၏။
”ဟမ်..မင်းဘာပြောလိုက်တာ..ငါကောင်းကောင်းမကြားလိုက်ရဘူး...”
စားပွဲခုံတစ်ခုံ၌ လူနှစ်ယောက်သာ ရှိသောကြောင့် ကျင်းစစ်သည် သူ့အသံက လုံလုံလောက်လောက်ကျယ်သည်ဟု ခံစားရသည်။ သို့သော်အတန်း(၇)စာသင်ခန်းမှာ အလွန်ဆူညံပြီး သူ့အသံအား ကောင်းစွာ မကြားရသည်မှာလည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့်သူက သူ့အသံကိုမြင့်လိုက်ပြီး ထပ်ရှင်းပြသည်။
“ဘာတဲ့”
ယင်းကျောင်းက မျက်မှောင်ကျုံ့လိုက်သည်။
”ကောင်းကောင်း မကြားရသေးဘူး...”
သူက သူ့ထိုင်ခုံကို ပျင်းရိစွာ မှီလိုက်ကာ သူ့နားကိုပွတ်လိုက်သည်။
”မင်းဒီဘက်တိုးပြီး ထပ်ရှင်းပြပေး...”
ကျင်းစစ်က သူတမင်လုပ်နေသည်ဟု ခံစားရ၍ နေရာမှမရွေ့ချေ။
'ဒီလောက်နီးတဲ့အကွာအဝေးနှင့် သူ့ရဲ့ ကျယ်လောင်သည့်အသံဖြင့်ဆိုလျှင် သူကနားကန်းနေတာမဟုတ်လျှင် ဘာကြောင့်သေချာမကြားရမှာလဲ...'
ယင်းကျောင်းက ရယ်လိုက်ကာ ကျင်းစစ်ကို သူ့ဒူးဖြင့်တိုက်လိုက်သည်။
”အတန်းဖော်လေး.. မင်းပြော တော့ ငါ့ကိုပြန်ပေးဆပ်ချင်တာဆို..ဒါပေမဲ့အခုဘာကြောင့် နောင်တရနေတာလဲ..”
ကျင်းစစ်က တခဏတုံ့ဆိုင်းနေမိသော်လည်း သူ့စကားကြောင့် ယင်းကျောင်းဘက်တိုး၍ ခုနကပြောခဲ့သော စာကြောင်းကိုထပ်ရှင်းပြသည်။
ကောင်လေး၏ အသံက အနည်းငယ်တိုးနေသော်လည်း သူ့အသံကအရမ်းနားဝင်ချိုလှသည်။ စာရှင်းပြနေရင်းဖြင့် ကောင်လေး၏ရှူထုတ်လိုက်သော လေကယင်းကျောင်း၏နားကို ရိုက်ခတ်လာသည်။
၎င်းက ပူပြီးယားသလိုလိုပင်။
ယင်းကျောင်းက သူ့မျက်လုံးကို ကောင်လေးထံ အာရုံစိုက်လိုက်ပြီး သူ့၏ရှည်လျားကာ ထူထဲသည့်မျက်တောင်လေးများ ညင်သာစွာလှုပ်ခတ်နေသည်ကို စိုက်ကြည့်နေမိ၏။
အနီးနားက အတန်းဖော်များထံမှ ရယ်သံများ၊ ဆော့ကစားသံများ ကြားရကာ ရံဖန်ရံခါတွင်လည်း အတန်းထဲ၌ စိတ်လှုပ်ရှားသော အော်ဟစ်သံများ ပြည့်နှက်နေသည်။
ပင်လုံးကြိုင်ပန်းအနံ့က လေထဲ၌ မွေးကြိုင်စွာ ပြန့်နှံ့နေသော်လည်း ယင်းကျောင်း၏နှာခေါင်းတွင်မူ မှေးမှိန်ကာ သေးဖျော့တဲ့ရနံ့လေးကိုသာ ရှူရှိုက်မိနေသည်။
၎င်းက ကျင်းစစ်၏ကိုယ်တိုက်ဆပ်ပြာရနံ့ဖြစ်ကာ လန်းဆန်းစေသည့် လီမွန်ရနံ့လေးပင်။
ယင်းကျောင်းက မသိစိတ်အလိုအရ သူ့ခေါင်းကိုငုံ့လိုက်ကာ နက်ရှိုင်းစွာရှူရှိုက်လိုက်၏။
ကျင်းစစ်က ရှင်းပြ၍ ပြီးသွားချိန် မည်သည့်တုံ့ပြန်မှုတစ်ခုမျှမရခဲ့ချေ။
သူက သူ့ခေါင်းကိုမော့လိုက်တော့.. “မင်း..”
တိုက်တိုက်ဆိုင်ဆိုင်ခေါင်းငုံ့နေသည့် ယင်းကျောင်းနှင့် တိုက်မိသွား၏။
နောက်စက္ကန့်မှာပဲ ကျင်းစစ်နှာခေါင်းနှင့် ယင်းကျောင်းနှုတ်ခမ်း ထိမိသွားသည်။
နှစ်ယောက်စလုံး အချိန်ခဏမျှကြောင်အသွားကြသည်။
ဤသည်က အရမ်းငြင်သာသည့်အနမ်း၊ ရိုးရိုးအနမ်းပင်မဟုတ်ခဲ့ချေ။
ယင်ကျောင်းက သူ့နှုတ်ခမ်းအား ဖြေးငြင်းစွာထိလိုက်ကာ ကျင်းစစ်ဘက်သို့ကြည့်လိုက်၏။
ကျင်းစစ်ကလည်း ချက်ချင်းနောက်ဆုတ်သွားကာ ရှက်သွေးဖြာလာသည်။
“ဝိုး..အတန်းဖော်ငယ်လေး”
ယင်းကျောင်းက ပြုံးလိုက်ကာ လေချွန်လိုက်သည်။
”မင်းအရမ်းစိတ်လောနေတာလား....”
ကျင်းစစ်က ရှက်လာကာ သူ့ခန္ဓာကိုယ်အား အဝေးသို့ရွေ့ရန်ကြိုးစားပြီး အခြားတစ်ဘက်သို့ အနည်းငယ်ရွေ့လိုက်ကာ ရှက်ရွံ့စွာတောင်းပန်လိုက်သည်။
”ငါတောင်းပန်ပါတယ်”
ယင်းကျောင်းက အရှက်မဲ့စွာ သူ့ထံမှီလိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် မေးစေ့အားပွတ်လိုက်ကာ ကျင်းစစ်ဘက်သို့ ပျင်းရိစွာ ကြည့်လာသည်။
”မင်းက တောင်းပန်ပါတယ်လို့ဆိုပေမဲ့ ဒီတိုင်းငါကလက်ခံပေးရမလား..”
ကျင်းစစ်က သူ့အောက်နှုတ်ခမ်းအား ကိုက်လိုက်သည်။
”ဒါဆိုမင်းဘာလိုချင်လို့လဲ”
တခဏမျှ ရပ်လိုက်ပြီးနောက် သူကဆက်ပြောလိုက်သည်။
”မဟုတ်ရင်လည်း ငါမင်းရဲ့မှတ်စုတွေကို အခုမင်းအတွက် စုထားပေးမယ်လေ.. ငါ….”
“ငါက အမြဲတမ်းသွားတစ်ချောင်းအတွက် သွားတစ်ချောင်းယူလေ့ရှိတယ်..”
ယင်းကျောင်းက တိုးတိုးလေးရယ်လိုက်သည်။
”မင်းငါ့ကိုတစ်ခါနမ်းတယ်..ဒါပေမဲ့ငါက ညီတူညီမျှဖြစ်အောင် လုပ်လို့မရနိုင်ဘူးလား..”
ကျင်းစစ်က ပိုပြီးရှက်သွေးဖြာလာသည်။
သူက ဘာသာစကားစာအုပ်ကို လက်မှာကိုင်လိုက်ပြီး ယင်းကျောင်းအား ရှင်းပြရန်လုပ်သည်။
”ငါမင်းကိုအတင်းနမ်းတာ မဟုတ်ပါဘူး..မတော်တဆ ဖြစ်သွားတာပါ...”
ယင်းကျောင်းက သူ့လက်ထဲ၌ မီးခြစ်ဖြင့် ကစားနေကာ ပြုံးလိုက်၏။
”ဒါက မတော်တဆဟုတ်မဟုတ် ဘယ်သူကသိမှာလဲ..”
သူခဏရပ်လိုက်ပြီး သူ့နှုတ်ခမ်းကိုသပ်လိုက်သည်။
”အရင်တစ်ခါကရော ဘယ်လိုလဲ..မင်းငါ့လက်ထဲ ပြေးဝင်လာတာလေ.....မတော်တဆတွေ အများကြီးပဲနော်..”
ကျင်းစစ်၏ ရှက်သွေးဖြာမှုက တဖြည်းဖြည်းအငွေ့တောင်ထွက်လာတော့ပေမည်။ သူက သူ့မျက်လုံးများအား အောက်သို့စိုက်လိုက်ပြီး မျက်တောင်များကလည်း တုန်ခါနေ၏။
”မင်း..မင်းတစ်ခုခုသာပြောလိုက်..”
ယင်းကျောင်းက ဤကိုမြင်သည်နှင့် ကောင်လေးအား သောကရောက်သွားစေပြီး နောက်ဆုတ်သွားမည်ကို စိုးရိမ်ကာ အခွင့်ကောင်းယူပြောလိုက်သည်။
”တစ်ခုတည်းတောင်းဆိုဖို့က အဆင်ပြေပါတယ်…”
ကျင်းစစ်က သူ့ကိုချက်ချင်းမော့ကြည့်လိုက်၏။
“မင်းငါ့ကို ကိုကိုလို့ခေါ်ပြီး မင်းမျက်နှာကိုဆွဲညှစ်ခွင့်ပေး.. ဒါဆိုဒီကိစ္စ အဆင်ပြေသွားပြီ..”
ကျင်းစစ်က သူ့ပါးစပ်ကိုဖွင့်လိုက်ပေမယ့် အသံတစ်ခုမှမထွက်နိုင်တော့ချေ။
ယင်းကျောင်းက သူ့ကိုအတင်းမတိုက်တွန်းသော်လည်း သူ့မျက်ခုံးကိုမြင့်လိုက်ပြီး ပြောလိုက်သည်။
”ခဏနေရင် အားကစားအတွက် နားချိန်ရောက်တော့မယ်..မင်းငါ့ကို ကွင်းထဲကျမှ တစ်ကျောင်းလုံးရှေ့မှာပြောလို့ရတယ်..”
သူက သူ့မျက်လုံးကို မော့လိုက်ကာ နံရံကပ်နာရီကိုကြည့်လိုက်သည်။
”ကွင်းထဲသွားတဲ့အချိန်ရောက်ဖို့ တစ်မိနစ်ကျန်သေးတယ်..”
“ကိုကို”
ကျင်းစစ်ကခေါ်လိုက်ပြီးနောက် သူ၏ပူလောင်နေသည့်မျက်နှာကို အုပ်ကိုင်ထားမိသည်။
ကျင်းစစ်က တစ်ကျောင်းလုံးရှေ့၌ခေါ်ရသည်ထက် ယခုသာသူ့ကိုခေါ်လိုက်ပေမည်။
ယင်းကျောင်းက တိတ်တခိုးရယ်လိုက်ကာ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ကျင်းစစ်၏မျက်နှာအား ညှစ်လိုက်သည်။
”အရမ်းကောင်းတယ်..”
ကျင်းစစ်၏မျက်နှာအနေအထားက သုံးဖက်မြင်ဖြစ်ကာ သူ့မျက်နှာ၌အသားအများကြီးမရှိသော်လည်း သူ့အရေပြားက နူးညံ့ပြီးတင်းရင်းကာ ကိုင်လို့အရမ်းကောင်းပေသည်။ ဒုတိယအတန်းချိန်မပြီးခင်ထိ ယင်ကျောင်းက သူ့လက်များအားပွတ်သပ်နေမိဆဲပင်။
ဟယ့်ကျိုးက သူ့ဘောင်းဘီထဲကအရေတွေကိုသွန်ချပြီးနောက် သူ့ခေါင်းကိုလှည့်ကြည့်လိုက်သည့်အခါ ယင်းကျောင်းက အတွေးလေလွင့်နေသည်ကိုတွေ့လိုက်ရသည်။
သူကနိမ့်ချသည့်အမူအရာဖြင့် မှီလိုက်သည်။
”အကိုကျောင်း မင်းဘာလုပ်နေတာလဲ..အရေပြားဖြတ်ကုသမှုလုပ်ပြီးတော့ ဘောင်းဘီကို မချွတ်ရဲတော့တာလား...”
ယင်ကျောင်းက သူ့မျက်တောင်ကို ပင့်လိုက်ကာ သူ့အား လှည့်ကြည့်လိုက်ပြီး သနားသည့်အကြည့်ဖြင့် ပြုံးပြသည်။
”ငါ့ ဘောင်းဘီသာချွတ်လိုက်ရင် မင်းရဲ့ယောက်ျားမာနထိခိုက်သွားမှာ ကြောက်မိတယ်..”
ဟယ့်ကျိုး၊ ကျန့်ချွယ်၊ ဖန်ချန်းချန်း: “….”
ဟယ့်ကျိုးက သူ့ကိုစွန့်အစွာ ကြည့်လိုက်မိသည်။
”အကိုကျောင်း..မင်းဘာလို့အခုနောက်ပိုင်း အရမ်းအလုပ်များနေရတာလဲ.. ငါတို့မသိလိုက်တာ တစ်ခုခုဖြစ်သွားသေးလား..”
ယင်းကျောင်းက အောက်နှုတ်ခမ်းကိုဖိကိုက်ကာပြုံးလိုက်ပြီးနောက် တီးတိုးစွာရယ်လိုက်သည်။
”ခန့်မှန်းကြည့်...”
စီရင်စုသုတေသန၏ မနက်ခင်းဒုတိယအတန်းပြီးချိန်၌ တန်းခွဲများကြား အားကစားချိန် ရောက်လာပေသည်။
အထက်တန်းကျောင်း၏ ပထမနှစ်မှ တတိယနှစ်အထိ ဆောင်းတွင်းမက နေပူသည်အထိ သူတို့၏လုပ်ငန်းစဉ်က ကွင်းကိုအပတ်များစွာပြေးရခြင်းပင်။
ဤအချိန်က အားကစားကွင်း၏ လူအကြပ်ဆုံးအချိန်လည်းဖြစ်သည်။
နှစ်အသီးသီး၏ ကျောင်းသားများအားလုံး အားကစားကွင်းထဲ၌ စုစည်းကြပြီး ရယ်မောပျော်ရွှင်စွာကစားနေကြသည်။
ကောင်လေးများ၏မျက်လုံးက ကြည့်ကောင်းသည့်ကောင်မလေးများထံ၌ ရောက်နေပြီး ကောင်မလေးများကလည်း နှစ်ယောက် သို့ သုံးယောက်ဝိုင်းဖွဲ့ကာ ချောမောသည့်ကောင်လေးများ အကြောင်းပြောနေကြ၏။
ကျင်းစစ်နှင့် လီကျိုးက လူအုပ်ကြီးထံမှ ခက်ခဲစွာရုန်းထွက်လာပြီး အတန်း(၇)၏တန်းစီရာကို လျှောက်လာလိုက်သည်။
“အဲ့တစ်ယောက်က ဘယ်သူလဲ..”
ကောင်မလေးတစ်ယောက်က သူတို့ဘက်ညွှန်ပြလိုက်ကာ အသံတိုးတိုးဖြင့် အော်လိုက်သည်။
”အား..ဘယ်ဘက်က ကောင်လေးကအရမ်းချောတာပဲ..”
နောက်ကောင်မလေးတစ်ယောက်က သူ့မအကြည့်နောက်လိုက်ကြည့်လိုက်သည့်အခါ သူမမျက်လုံးများ ရုတ်တရက်တောက်ပလာသည်။
”တကယ်ချောတာပဲ...ငါဘာလို့သူ့ကို အရင်ကမမြင်ဘူးရတာလဲ...သူက ကျောင်းပြောင်းလား...”
ပထမဆုံးစပြောခဲ့သည့် ကောင်မလေးက ကျင်းစစ်အား စိုက်ကြည့်နေသည်။
”မြန်မြန်..သူ့တို့ ဘယ်နှစ်ပတ်ပြေးနိုင်မလဲ စောင့်ကြည့်ရအောင်..”
“ကောင်းတယ်ကောင်းတယ်..”
ထိုအချိန်မှာပဲ ကောင်လေးတစ်ယောက်က ဘေးမှပေါ်လာသည်။
သူက ဖြူစွတ်နူးညံ့ကာ လှပပြီးသေးသွယ်လှသည်။ ကောင်မလေးနှစ်ယောက်စကားကို ကြားသော် သူက ဝင်ပြောလိုက်သည်။
”အဲ့တစ်ယောက်က ကျင်းစစ်လို့ခေါ်တယ်..”
ပထမဆုံးစပြောသည့် ကောင်မလေးက အံ့ဩသွားသည်။
”ကျင်းစစ်..နင့်ကို တွန်းလိုက်တဲ့ တစ်ယောက်လား”
ချောင်အန်ယန်းက ခေါင်းငြိမ့်လိုက်ကာ ကျင်းစစ်၏သမတ်တည်းကျကာဖြောင့်မတ်တည်ကြည်နေသည့်ကိုယ်ဟန်ကို ကြည့်ကာတွေးတောနေမိ၏။
”အဲ့ဒါသူပဲ..”
ပြန်လည်မွေးဖွားခဲ့ပြီးနောက် ဤသည်မှာ ချောင်အန်ယန်းက ကျင်းစစ်အားတွေ့သည့် ပထမဆုံးအကြိမ်ပင်။
သူ့အရင်ဘဝ၌ သူကအထက်တန်းဒုတိယနှစ်မရောက်ခင်အထိ ကျောင်းကိုမရောက်ခဲ့သေးတာကြောင့် ကျင်းစစ်ထံ ဘာတွေဖြစ်ခဲ့သလဲဆိုတာသူမသိခဲ့ချေ။ သို့သော်သူနှင့်ရန်ဖြစ်ပြီးနောက် ကျင်းစစ်ကတော်တော်လေးပြောင်းလဲသွား၏။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။
ဤသည်ကသူ့ကိုယ်ပိုင်ပြန်လည်မွေးဖွားခြင်းကြောင့် လိပ်ပြာသက်ရောက်မှုဖြစ်ပြီး ကျင်းစစ်ကို နောင်တရပြောင်းလဲသွားစေသည်လား သို့မဟုတ် ကျင်းစစ်ကလည်း သူ့လိုပြောင်းလဲမှုမျိုး ကြုံလိုက်ရသည်လား။
ချောင်အန်ယန်းက မသေချာချေ။
ကျင်းစစ်က သူ့ထံကျရောက်လာသည့် အရိပ်လိုအကြည့်မျိုးကို ခံစားရလိုက်ရသည်။ သူရှာကြည့်လိုက်သည့်အခါ ချောင်အန်ယန်းနှင့် အကြည့်ချင်းဆုံသွား၏။
“ဘယ်လိုလဲ..မင်းရန်သူကိုတွေ့တော့ မနာလိုနေသေးလား”
လီကျိုးက စပ်ဖြီးဖြီးလုပ်ကာ ပြောလိုက်သည်။
“ငါ့ရန်သူ..”
“ဟုတ်တယ်လေ..မင်းတို့နှစ်ယောက်က အခုတစ်ယောက်နဲ့ တစ်ယောက်ရန်လိုကြဆဲ ဖြစ်နိုင်တယ်လေ..”
ရန်ပွဲ…ချောင်အန်ယန်း..
မူရင်းစာအုပ်ထဲက ဇာတ်လိုက်ပဲ။
ကျင်းစစ်၏ သူငယ်အိမ်များ ရုတ်တရက်ကျဉ်းသွားသည်။
သူစိတ်ထင်နေသည်လားတော့ သူမသိချေ။ သူကချောင်အန်ရန်းကို မြင်လိုက်သည့် အချိန်တိုင်းသူ့ခေါင်းက ကိုက်လာပေသည်။
“ကျင်းစစ် ဘာဖြစ်နေတာလဲ.”
သူ့အမူအရာက တစ်ခုခုမှားနေသောကြောင့် လီကျိုးက လျင်မြန်စွာမေးလိုက်သည်။
”မင်းနေမကောင်ဘူးလား.. ဒါမှမဟုတ် မင်းချောင်အန်းယန်းကို မြင်လို့ နေထိုင်မကောင်းဖြစ်နေတာလား..”
“အဆင်ပြေပါတယ်..”
ကျင်းစစ်က သူ့နားထင်အား နိုပ်လိုက်ကာ ဝတ်ကျေတမ်းကျေပြန်ဖြေလိုက်သည်။ သူအဝေးသို့ကြည့်တော့မည့်ဆဲဆဲ၌ ချောင်အန်ယန်းက ရုတ်တရက်သူ့ထံလျှောက်လာသည်။
“မင်းဘာလိုချင်လို့လဲ..”
လီကျိုးက ရှေ့တိုးကာ ကျင်းစစ်ကိုကွယ်လိုက်ပြီး ချောင်အန်ယန်းအား ရန်လိုသော မျက်လုံးများဖြင့်စိုက်ကြည့်လိုက်၏။
အတိတ်တုန်းက ကျင်းစစ်ရန်ဖြစ်တိုင်း လီကျိုးကကူညီမည်မဟုတ်သည့်အပြင် ဘေးမှ စိတ်လှုပ်ရှားစွာသာ ရပ်ကြည့်နေပေမည်။
သို့သော်ယခု ကွဲပြားသွားချေပြီ။
ကျင်းစစ်က သူ့အတွက်လဝက်လောက် မနက်စာယူလာပေးပြီး သူတို့နှစ်ယောက်ကြားဆက်ဆံရေးကလည်း ရင်းနှီးနေပြီဖြစ်သည်။
မင်းကတစ်နှပ်လောက်ယူလာပေးသည်ဆိုလျှင် ကိစ္စမရှိ၊ နှစ်နပ်ဆိုလျှင်ကိစ္စရှိလာချေပြီ။
ချောင်အန်ယန်းက ပြုံးလိုက်ကာ သူကမကောင်းသည့်ရည်ရွယ်ချက်မရှိကြောင်းပြောလိုက်၏။
သူကကျင်းစစ်ကို ကြည့်လိုက်ကာ ရုတ်တရက်ပြောလိုက်သည်။
”ယန်ချန်းအိုလံပစ်ပြိုင်ပွဲ...“
ယန်ချန်းက နောက်နှစ်အစလောက်မှာ အိုလံပစ်ပြိုင်ပွဲ၏အောင်မြင်ဆုံး အားထုတ်အောင်မြင်မှုတစ်ရပ်ပင်။
ထိုအချိန်၌ တစ်နိုင်ငံလုံးအောင်ပွဲဆင်နွဲကြပြီး ရုပ်မြင်သံကြားတိုင်းမှလည်း ဤအကြောင်းကို အလှည့်ကျ ထုတ်လွှင့် ကြသည်။
ကျင်းစစ်က သူလိုပြန်မွေးလာသည်ဆိုလျှင် သူလည်းဒီအကြောင်းသိပေလိမ့်မည်။
ဤအကြောင်းပြောပြီးနောက်သူ့မျက်လုံးများက ကျင်းစစ်ထံကျရောက်နေပြီး ကျင်းစစ်ထံမှ တုံ့ပြန်မှုတိုင်းကို မလွတ်တမ်းစောင့်ကြည့်နေ၏။
ကျင်းစစ်ခေါင်းက ကိုက်ခဲနေပြီး ဤကဲ့သို့အတွေးခေါ်မဲ့စကားအား ကြားရချိန်တွင် သူမျက်မှောင်ကျုံ့မိလိုက်သည်။
”ဘာကိုလဲ.”
လီကျိုးလဲ နားမလည်ချေ။
”ယန်ချန်းအိုလံပစ်က ဘာလဲ... မင်းနေမကောင်းဘူးလား.. ငါတို့ကို ပေါက်ကရ လာပြောနေတာ..”
ချောင်အန်ယန်းက ကျင်းစစ်အား မိနစ်ဝက်လောက် မလွတ်တမ်းစောင့်ကြည့်နေပြီး သူကပြန်မွေးလာခြင်းမဟုတ်ကြောင်းသိရစဉ် သူ့စိတ်ထဲပေါ့သွားသည်။
ကျင်းစစ်၏ အိုင်ကျူဖြင့်ဆိုလျှင် သူကပြန်မွေးလာသည်ဆိုလျှင်ပင် မိမိအားနှောင့်နှေးစေမည် မဟုတ်သော်လည်း လူတစ်ယောက်၏အားသာချက်ယုံကြည်မှုကို သိထားမှသာ တိုက်ပွဲတိုင်း၌ ရှင်သန်နိုင်မည်ဖြစ်ကာ ထိုတစ်ယောက်က သူ့၏အချစ်ပြိုင်ဘက်ဆိုလျှင် ပြောစရာပင်မလိုချေ။
“ဘာမှမဟုတ်ပါဘူး..”
ချောင်အန်ယန်းက ပြုံးလိုက်ကာ လှည့်ထွက်သွားသည်။
သူက ကောင်းကင်ဘုံမှ နှစ်သက်ခြင်းခံရသည့် တစ်ယောက်တည်းသောလူဖြစ်ကာ ထို့အတွက်ကြောင့်ဤဘဝ၌ဆက်ပြီးကျရှုံး၍မရချေ။
သူစာကောင်းကောင်းလိုက်နိုင်ပြီး သူ့ကိုယ်ပိုင်အနာဂတ်ကောင်းကောင်းကိုပိုင်ဆိုင်ရပေမည်။
နောက်ပြီး ယင်းကျောင်းအတွက်ကတော့..
ချောင်အန်ယန်းသူ့လက်သီးအား တင်းကျပ်စွာဆုပ်လိုက်မိ၏။ သူ့အရင်ဘဝက သူ့ကိုမပိုင်ဆိုင်နိုင်ခဲ့သဖြင့် ယခုဘဝ၌ အရာအားလုံးကို သူပြင်ဆင်နိုင်ရပေမည်။
“မဟုတ်သေးဘူး”
လီကျိုးက သူ့အကိုနောက်မှနေ ရှုပ်ထွေးနေသောအမူအရာဖြင့် ကြည့်လိုက်သည်။
”သူဒီကိုဘာလာလုပ်တာလဲ..စိတ်လှုပ်ရှားနေလို့လား...”
ကျင်းစစ်က အောက်ငုံ့လိုက်ကာ ချောင်အန်ယန်း၏ရည်ရွယ်ချက်အား သူသိပေသည်။ သူက သူ့(ကျင်းစစ်)ကို သူ့လိုမျိုးပြန်လည်မွေးဖွားလာသည်လား ဆိုသည်ကို စမ်းသပ်ခြင်းပင်။
ယန်ချန်းအိုလံပစ်ပြိုင်ပွဲက အနာဂတ်မှာဖြစ်လာမည့် အရာတစ်ခုခုဖြစ်မည်ထင်သည်။
သို့ပေမဲ့စိတ်မကောင်းစရာက သူ့၏မူရင်းကမ္ဘာက ဤကမ္ဘာနှင့်မတူညီပေ။
“သူ့အတွက် စိတ်မပူပါနဲ့..”
ကျင်းစစ်က လီကျိုးကိုဆွဲလိုက်သည်။
”မြန်မြန်သွားကြစို့ မဟုတ်ရင် ငါတို့နားချိန်မမှီဘဲနေလိမ့်မယ်...”
သူနှင့် မူရင်းခန္ဓာပိုင်ရှင်က ရုပ်လည်းတူ နာမည်လည်းတူနေသည်ကို တွေးမိပြီးနောက် ကျင်းစစ်တစ်ယောက် သူ့စိတ်ထဲ၌ သံသယအနည်းငယ်ရှိနေပေသည်။
မင်း၏ပုံစံတူလူတစ်ယောက်ထဲသို့ စာအုပ်ကူးပြောင်းခြင်းက မတော်တဆမဖြစ်နိုင်လောက်ပေ။
ထို့နောက် မည်သည့်ထူးဆန်းမှုမျိုးမျှမဖြစ်ခဲ့၍ ကျင်းစစ်ကသူ့သံသယများကို ပယ်ထုတ်ပစ်လိုက်သည်။ ပြီးတော့ ယခုချောင်အန်ယန်းပေါ်ထွက်လာပြီးနောက် သူ၏ခေါင်းကိုက်မှုကပေါ်လာသည့်အတွက် ကျင်းစစ်အား သူ့၏အရင်ကခန့်မှန်းချက်ကိုသေချာသွားစေသည်။
ချောင်အန်ယန်း၏ အရှိန်အဝါက သူ့ကိုဆန့်ကျင်နေပေသည်။
ဇာတ်လမ်းကြောင်းမှဝေးဝေးနေစေချင်၍ ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ့၏ကိုယ်ပိုင်ဘဝအဖြစ် ထူထောင်မည့်ရည်မှန်းချက်က မသေချာတော့ချေ…။
သို့သော်ကျင်းစစ်က ထိတ်လန့်မနေချေ။ သူတို့အားလုံးဤနေရာ၌ ရှိနေကြပြီးဖြစ်၍ 'လူကရေကိုကာထား၍မရသကဲ့သို့ပင်' ။
အတန်း(၇)ခုက အသင်းအသီးသီးခွဲခြားခံလိုက်ရကာ ကောင်လေးနှင့်ကောင်မလေးများကလည်း ခွဲခြားခံလိုက်ရသည်။
ကောင်မလေးတွေက သူတို့၏အရွယ်အစားအရ အရှေ့ဆုံးအဖြစ်သတ်မှတ်လိုက်ကာ ကောင်လေးများက တူညီသောစည်းမျဉ်းဖြင့်ကောင်မလေးများနောက်၌နေရသည်။
ကျင်းစစ်၏အရပ်က ၁၇၈ဖြစ်ကာအသင်းအားလုံးထဲ၌ တော်တော်လေးပုပြီး ၁၈၈ရှိတဲ့ယင်းကျောင်းက အသင်းထဲ၌ အကြိမ်ထောင်ပေါင်းများစွာမပြောင်းလဲသည့် အသင်း၏နောက်ဆုံး၌သာနေရ၏။
သို့သော်လည်း သူဒီနေ့ပြေးနေစဉ် ကျင်းစစ်၏ဘေးမှ လူများကရုတ်တရက်ပြောင်းသွားကာ သူ့ဘေးသို့ မသိစိတ်အရကြည့်လိုက်မိသည်။
“အတန်းဖော်လေး..မင်းက အရမ်းလေးလေးနက်နက်ပြေးနေတာပဲ..”
ယင်းကျောင်းက ကျင်းစစ်ကိုကြည့်ရင်း စနောက်သည့် လေသံဖြင့်ပြောလိုက်သည်။
ကျင်းစစ်၏မျက်လုံးက သူ့၏ကောင်းမွန်တဲ့ပုံသဏ္ဍန်ရှိသည့်နှုတ်ခမ်းထံ ကျရောက်သွားပြီးနောက် သူ့ပါးပြင်က ရုတ်တရက်ပူလောင်လာသည်။ သူကသူ့ခေါင်းကို မြန်မြန်လှည့်လိုက်ပြီး မကြားလိုက်သကဲ့သို့ ဟန်ဆောင်လိုက်သည်။
ထို့နောက်ပျင်းရိနေသောလေသံက အနောက်မှထွက်ပေါ်လာသည်။
”ဟေး...အခုလူကိုလျစ်လျူရှုတတ်နေပြီလား..”
“အရမ်းမာနကြီးတာပဲ..”
“ဟေးအတန်းဖော်လေး....မင်းအခုဝလာသလားလို့...”
အတန်း(၇)မှ အတန်းသားများက သူ့တို့နှစ်ယောက်အား အတင်းပြောချင်နေသည့် မျက်လုံးများဖြင့် ဘလင်းဘလငးထလျက် တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်နေကြသည်။
ယင်းကျောင်းက မျက်နှာအရေထူလှပြီး ၎င်းကိုလုံးဝဂရုမစိုက်သော်လည်း ကျင်းစစ်က ဤကဲ့သို့စူးစမ်းမှုမျိုးကိုမခံနိုင်ချေ။
ဟယ့်ကျိုးနှင့် ကျန့်ချွယ်က မနေနိုင်ဘဲ ယခုလိုစိတ်လှုပ်ရှားစရာမြင်ကွင်းအား တက်ကြွစွာစိုက်ကြည့်နေကြသဖြင့် သူကသွားကို တရှပ်ရှပ်ကြိတ်လိုက်ကာ ခေါင်းကိုလှည့်လိုက်သည်။
”ငါတို့ထဲကဘယ်သူက အဖွဲ့လိုက်ပြေးနေရင်း ဖောင်းကားပြီးဝလာလို့လဲ..”
ယင်းကျောင်းက နှုတ်ခမ်းများအား ကွေးကာပြုံးလိုက်ပြီး ကျင်းစစ်ကို အဓိပ္ပာယ်ရှိစွာကြည့်လိုက်၏။
”ငါကဖောင်းလာတာ...ငါ့ဘယ်နေရာမှာ ဖောင်းရမလဲ..”
_ _ __
Translated By IQ-Team.