Chapter 43
Viewers 9k

အပိုင်း(၄၃)


နဂါးနက်တောင်က မီးတောင်ရပ်ဝန်းဒေသတစ်ခုလို့ မှတ်ယူလို့ရသည်. တောတောင်ထဲတွင် မြောက်များစွာသောရေပူစမ်းတွေ ရှိနေသည်. သို့သော်လည်း နေရာအကျယ်အဝန်းက အရမ်းကြီးတော့ ကြီးကြီးမားမားတွေမဟုတ်ပေ. လင်ရှန်းလိုလူမျိုးအတွက်ကတော့ ဒီရေပူစမ်းလေးက သူမရဲ့ စိတ်ဝိညာဥ်လေးအတွက် ဆွဲတင်ပေးတဲ့နေရာတစ်ခုလိုဖြစ်တော့သည်. သူမလို ခေါတ်သစ်ကကမ္ဘာမှာ နေထိုင်လာခဲ့တဲ့သူအတွက်ကတော့ နေ့စဉ်ပုံမှန်အတိုင်း ရေမချိုးလိုက်ရရင်ကို ခြောက်လှန့်ဖွယ်ရာအိမ်မက်ဆိုးတစ်ခုဖြစ်တော့သည်။


အမှန်တကယ်တော့ လိန်ဖန်က သူ့ရဲ့လက်အောက်ငယ်သားတွေထံက​နေ လွန်ခဲ့တဲ့ရက်တွေကတည်းက လင်ရှန်းဟာ ရေချိုးလို့ရတဲ့နေရာတစ်ခုကို ရှာဖွေနေကြောင်းကို ကြားသိထားခဲ့သည်.... သို့သော်လည်း သူကလည်း သူ့အလုပ်နှင့်သူ အလုပ်ရှုပ်နေခဲ့တာကြောင့် သူတောင်အောက်ကို လမ်းလျှောက်ဆင်းသွားတဲ့ အခါတိုင်းမှာပဲ နေရာတစ်ခုကို ရှာ​ပေးဖို့သာအချိန်တစ်ခုရှိခဲ့တာပဲဖြစ်သည်။


ကံကောင်းတာကတော့ သူ နေရာတစ်ခုကို ရှာတွေ့ခဲ့သည်. လင်ရှန်းတစ်ယောက်ဒီလောက်ထိတောင် ရေလေးချိုးရဖို့အ​ရေးအား စိတ်အားထက်သန်နေလိမ့်မယ်လို့ သူသဘောပေါက်နားလည်မနိုင်ခဲ့တော့ပေ. ဘာကြောင့်လဲဆိုတော့ သူတို့ရောက်လျင်ချင်းချင်းတွင် သူမက သူ့မျက်စိရှေ့မှောက်မှာပဲ အဝတ်တွေ တစ်ခုမှမကျန်အောင်ကို ချွတ်ပစ်ချလိုက်လို့ပါပဲ။


ရေပူစမ်းထဲမှ မြူခိုးငွေ့အားက အလွန်ပင် အင်အားကြီးမားလွန်းလှပေသည်. လိန်ဖန်တစ်ယောက် သူ့ရဲ့ပါးပြင်ပင် ပူနွေးတက်လာတော့သည်. သူ့သဘာဝကိုလွန်ဆန်၍ အဝေးကို ပြန်လှည့်လိုက်ဖို့ ကြိုးပမ်းလိုက်တော့သည်။


လင်ရှန်းက အလွန့်အလွန်ကိုလျင်မြန်သောအရှိန်နှုန်းဖြင့် အင်္ကျီတွေကိုချွတ်ချလိုက်ခဲ့တယ်.


သူမက သူမ၏အပြင်ဝတ်ရုံနှင့် အတွင်းအဝတ်ကိုပါ ချွတ်ချလိုက်သည်. သူမ ခပ်ဝေးဝေးကို သွားတော့မလို့လုပ်လိုက်ကာမှ ရုတ်ခြည်းပင် လိန်ဖန်က သူမဘေးနားတွင်ရှိနေတုန်းပဲဆိုတာကို သဘောပေါက်လိုက်သည်.


လင်ရှန်း ရှက်ရွံ့စွာအသံပျော့ပျော့လေးဖြင့်- "အမ်....ရှင်ရော...."


"ငါ အပြင်ဘက်ကနေပဲ မင်းကို စောင့်ကြပ်ပေးနေလိုက်တော့မယ်." လိန်ဖန်က တုံးတိကြီးပြန်ကာပြောလိုက်တယ်. သူက သူမစကားကိုဆုံးအောင် မပြောစေတော့ဘဲ နောက်ကို တစ်ချက်လေးပင်ပြန်လှည့်မကြည့်ဘဲ ကတိုက်ကရိုက်ပြေးထွက်သွားတော့သည်။


သနားစရာလင်ရှန်းလေးကတော့ ငေးကြောင်ကြောင်ဖြင့်သာ စိုက်ကြည့်လိုက်၍ တစ်ဦးတည်းကျန်နေခဲ့ရှာတော့သည်. အချိန်ခဏကြာပြီးနောက်တွင်မှ သူမ လိန်ဖန်ဘက်ကို ကြည့်၍ တီးတိုးလေးရေရွတ်လိုက်သည်.- "ကျွန်မ ရှင့်ကို မေးမလို့ပါနော်. တကယ်လို့ ရှင်များ ကျွန်မနဲ့ အတူတူရေချိုးချင်မလားလို့ပါ! ရှင်ဘာလို့ ဒီလောက်တောင် အလောသုံးဆယ်နဲ့ပျာယာခတ်သွားရတာလဲ။ ကျွန်မ အဝတ်မဲ့နေတာကို ရှင်အရင်က မမြင်ဘူးထားတဲ့အတိုင်း......." သူမ သတိလစ်နေတုန်းက သူမကိုလိန်ဖန်က အင်္ကျီဝတ်စားတွေ လဲပေးခဲ့တာကို သူမ သိထားခဲ့တာပဲကို။


ရေပူစမ်းထဲက အပူချိန်က အလွန်အားပြင်းလွန်း၍ ခဏလေးအတွင်းတွင် လင်ရှန်းမျက်နှာတစ်ခုလုံးနီရဲလာတော့သည်. သူမရဲ့ကြွက်သားမျှင်တွေအကုန်လုံးပင် သက်တောင့်သက်သာရှိသွားပြီးတော့ သူမရဲ့သွေးကြောတွေတောင် အလွန်ချောမွေ့စွာ စီးဆင်းသွားတော့သည်. လင်ရှန်းတစ်ယောက် အလွန်ထူးကဲကောင်းမွန်စွာ ခံစားနေရပါတယ်။


ထိုအချိန်အခိုက်အတန့်တွင်​တော့ အနာဂတ်မှလာတဲ့လူဖြစ်သော လင်ရှန်းတစ်ယောက် သူမရဲ့ရေချိုးတိုင်းတွင် ဆိုလေ့ရှိသော သီချင်းကို တေးသီဆိုနေလိုက်ပါတယ်-"ငါ ရေချိုးရတာ အရမ်းကြိုက်! ငါ့စိတ်ထဲ နေလို့ကောင်း! လာ. လာ.လာ...!!!!!"


သူမစိတ်ကူးထဲတွင်တော့ အနာဂတ်၏သိပ္ပံဥပဒေက- 'အဓိကဇာတ်လိုက်က အနာဂတ်က သီချင်းကို သီဆိုလိုက်တာကို အမျိုးသားဇာတ်လိုက်က ကြားသွားပြီ. အဲဒါက အမျိုးသားဇာတ်လိုက်ကို တုန်လှုပ်ခြောက်ခြားသွားပြီးတော့ အဲဒီကနေစပြီးတော့ အမျိုးသားဇာတ်လိုက်က ငါတို့ကို သေလောက်အောင်ကို ပိုင်းပိုင်းဖြစ်သွားအောင်လုပ်တဲ့အထိ..... အဓိကအမျိုးသမီးဇာတ်လိုက်ကို ပိုပြီးတော့ပိုပြီးတော့ချစ်တော့မယ်!'


သူမက ဒီလိုမျိုးစိတ်ကူးယဉ်လိုက်တဲ့အချိန်မှာတော့ လင်ရှန်းက သီချင်းကို ပို၍ပင် စိတ်တက်တက်ကြွကြွဖြင့် အကျယ်ကြီးအော်ဆိုနေလိုက်လေသည်. မရေမတွက်နိုင်သော ငှက်များစွာပင် အလန့်တကြား ဖြစ်သွားကြတော့သည်။


လိန်ဖန်ဘက်တွင်​တော့ သူက ကျောက်တုံးတစ်တုံး၏နောက်တွင် ကွယ်၍ မတ်တပ်ရပ်လျက်ရှိနေပါတယ်. သူ စဉ်းစားနေတာအားလုံးကတော့ လင်ရှန်းတစ်ယောက် သူမရဲ့အဝတ်တွေကို ချွတ်လိုက်တဲ့အကြောင်းပါပဲ. သူက ရေပူစမ်းထဲမှ ရေနွေးငွေ့ဖြူဖြူတွေ ကန့်သတ်ပိုင်းခြားထားသော သူမ၏ချောမွေ့သောလည်တိုင်ဖြူဖြူလေးကို မြင်ယောင်ပြီး စဉ်းစားကြည့်နေသည်။


သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘဲ အဝတ်အစားတွေကိုကျော်လွန်၍ အဆုံးအစမရှိသော မြင်ကွင်းလေးကို.....စိတ်ကူးပုံဖော်နေသွားမိပြီး အဲဒီအချိန်အခိုက်အတန့်မှာပင် သူ့တစ်ကိုယ်လုံး ပူပြင်းတောက်လောင်လာတော့သည်. အဲဒီအပူမီးတောက်တွေက


သူ့ကိုယ်ခန္တာရဲ့အထူးနေရာတစ်ခုဆီသို့ ဦးတည်သွားနေတော့သည်. လိန်ဖန်တစ်ယောက် သူ၏လက်သီးကို တင်းတင်းဆုပ်လိုက်ပြီးတော့ သူ့ကိုယ်သူထိန်းချုပ်ရန် အားထုတ်လိုက်သည်။


ရုတ်တရက်လေးအတွင်းတွင်ပဲ သူက လင်ရှန်း၏တေးသံသာပေါ်ထွက်လာသည်ကို ကြားလိုက်ရတော့သည်. အသံကတော့ သူရဲတစ္ဆေတွေတောင် ငိုကြွေးသွားရပြီး ဝံပုလွေတွေတောင်မှ အူခနဲဟစ်ကြွေးသွားရလောက်ပေသည်. ရုတ်ခြည်းပင် အဲဒီအသံက လိန်ဖန်ကို စိတ်ငြိမ်ဆေးသောက်လိုက်ရသကဲ့သို့ပင် ဖြစ်သွားစေခဲ့ပြီး သူကိုယ်ခန္တာတွင်ဖြစ်ပေါ်နေသော တဏှာစိတ်ကို ကွယ်ပျောက်သွားစေတော့သည်။


'ဝိုး. ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်တဲ့ အသံမျိုးလဲ. သူမရဲ့အသံက ငါ့ရဲ့စိတ်ကူးယဉ်ရှုခင်းလေးကို ပျက်စီးသွားစေလိုက်တာပဲကိုး!'


လင်ရှန်းတစ်ယောက်ကတော့ သီချင်းဆိုနေတုန်းပါပဲ. အလွန်ကျယ်လောင်ကျယ်လောင်စွာဖြင့် သီဆိုနေလိုက်တာက သူမအသံဝင်သွားတော့မယ့်အထိပါပဲ. သို့သော်လည်း သူမစိတ်ထဲတွင်တော့ 'ဒီအဖြစ်ပျက်လေးက ဝတ္ထုတွေထဲက ဂန္တဝင်မြောက်တဲ့ဖြစ်ရပ်လေးတစ်ခုလေးပင်!


'ဖြစ်နိုင်တာက ငါ့သီချင်းကများ သိပ်စိတ်အားမထက်သန်သေးလို့များလား? ပြဿနာမရှိဘူး. ငါ့မှာ နောက်ထပ်သီချင်းတစ်ပုဒ်ရှိသေးတာပဲ!'


"အို အို အို..အိုး........ အို အို အို..အိုး........!" ဒီသီချင်းက ကမာကမ္ဘာ့ဖလားသီချင်းပဲ! ဒီသီချင်းဆို အားမာန်အပြည့်ပဲမဟုတ်လား!? 


အပြင်ဘက်မှာတော့ စိတ်ကို တည်ငြိမ်အောင်လုပ်​ဆောင်နေရသော လိန်ဖန်ရဲ့ပါးစပ်က တွန့်ကွေးသွားတော့သည်။


ရုတ်တရက် သူ့တွင် ဘုန်းတော်ကြီးတစ်ပါးဖြစ်ချင်တဲ့ ပြင်းပြတဲ့ဆန္ဒတစ်ခုရှိသွားတော့သည်။


သမိုင်းကြောင်းတစ်လျှောက်မှ ယခုအချိန်ထိ လင်ရှန်းက အသံကြောင့် လူတစ်ယောက်၏ စိတ်နှလုံးကိုရှင်းလင်းစေပြီးတော့ သူ့ရဲ့စိတ်ဆန္ဒတွေကို ပျောက်ဆုံးအောင်လုပ်ဆောင်နိုင်တဲ့ တစ်ဦးတည်းသော လူတစ်ယောက်ဖြစ်လာနိုင်ပေသည်. သူမက တကယ့်ကို ကြင်နာတတ်သော လူတစ်ယောက်ပါပဲ။


လင်ရှန်း၏အသံက ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းပြီးတော့ သူမက လိန်ဖန်ကို စိတ်ဓာတ်တွေထိုးကျသွားအောင်လုပ်လိုက်သည်. သို့သော်လည်း လိန်ဖန်မမျှော်လင့်ထားခဲ့တာကတော့ သူမက ရုတ်တရက်ကြီးရပ်တန့်ပစ်လိုက်တာပါပဲ. သူစိတ်ထဲတွင် ထူးဆန်းသလိုဖြစ်သွားပြီး ပိုကြားရအောင် နားထောင်ဖို့ ကြိုးပမ်းလိုက်ပေမယ့်လဲ သူ ဘာလှုပ်ရှားမှုမှ မကြားရ​တော့ပါဘူး။


လိန်ဖန် စိုးရိမ်သွားတော့သည်. 'လင်ရှန်းက ဒီလိုမျိုးတိတ်ဆိတ်နေမယ့်သူလဲ မဟုတ်ပါဘူး. သူမ ရုတ်တရက်ကြီး ဒီလိုတိတ်ဆိတ်သွား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူမ တစ်ခုခုများဖြစ်သွားတာလား?' သူ စိတ်ထဲတွင် ပူပန်သွားပြီး သူမ နာမည်ကို အော်ခေါ်လိုက်တော့သည်။


ဘာမှ ပြန်ဖြေသံမကြားရပါဘူး။


ထိုအချိန်အခိုက်အတန့်တွင် သူ့နှလုံးသားထဲတွင်တော့ အလွန်မတည်မငြိမ်ဖြစ်လို့လာပြိးတော့ သူ နောက်ထပ်ကြာကြာမစောင့်နိုင်တော့ဘဲ သူ ရေပူစမ်းထဲသို့ အပြေးအလွှားပြန်သွားလိုက်သည်။


ညို့ယူဖမ်းစားနိုင်သော ရှုမြင်ကွင်းလေးတစ်ခုပါပဲ. ရေပူစမ်းထဲမှ ရေနွေးငွေ့မြူတွေက တရိပ်ရိပ်မြင့်တက်လို့နေပြီး ရေနွေးငွေ့တွေက ကျောက်တုံးတစ်တုံးပေါ်တွင် လဲလျောင်းနေသော လှပတဲ့ပုံရိပ်လေးကို ပတ်ပတ်လည်၍ ခြံရံကာအုံ့ဆိုင်းပေးလို့နေသည်. လင်ရှန်းက အဝတ်ဗလာ​ဖြစ်


လျက်ပင် အနက်ရောင်မှင်ရည်တွေနှင့်တူသော သူမ၏နက်မှောင်တဲ့ဆံကေသာကို သူမ၏နူးညံ့ဖြူဖွေးသော ပခုံးသားတွေပေါ်တွင် ဖျန့်ချထားသည်။


လင်ရှန်းရဲ့လက်မောင်းတွေက လှုပ်ရှားမှုကင်းမဲ့စွာဖြင့် သူမက သူမကိုယ်အပေါ်ပိုင်းတစ်ခုလုံးက ကျောက်တုံးပေါ်တွေင် လဲလျောင်းနေသည်. အဲဒါကိုကြည့်ရတာတော့ သူမက အိပ်မောကျနေတဲ့ပုံစံပေါက်သည်။


လိန်ဖန်တစ်ယောက် သူ့၏ကိုယ်ခန္တာတွင်းက အပူရှိန်တွေကဆောင့်ထိုးတက်သွား၍ သူ့ဦးနှောက်ထဲသို့ တန်းခနဲဝင်ရောက်လိုက်သလို ခံစားသွားရတာကတော့ သူ့ရဲ့အေးစက်စက်မျက်နှာဖုံးကိုတောင် ပူနွေးသွားသလိုခံစားရတဲ့အထိအောင်ကို ဖြစ်သွားစေတော့သည်။


'သူမက ရေပူစမ်းတစ်ခုထဲမှာ အချိန်အကြာကြီးနေလိုက်ရရင် သူမ ကို မူးမေ့သွားနိုင်တာကိုရော သူမ သိရောသိရဲ့လား? သူ ဘယ်လိုလုပ်ပြီးတော့ အိပ်ပျော်နိုင်ရတာလဲ' လိန်ဖန်က အနည်းငယ်ပင် မျှော်လင့်ချက်မဲ့သွားသလို ဖြစ်သွားသည်. သူရဲ့သွားတွေကို တင်းတင်းကြိတ်လိုက်ပြီးတော့ သူ့ကိုယ်ခန္တာကိုယ်ကနေ ထွက်ပေါ်လာတဲ့ အပူလှိုင်းတွေကို အောင့်အည်းမျိုသိပ်ကာ ဖိနှိပ်ထားဖို့ ကြိုးပမ်းလိုက်တယ်. လိန်ဖန်က သူမဆီကနေ ပြန်ထွက်သွားလိုက်တော့သည်။


လက်ရှိလောလောဆယ်မှာတော့ လင်ရှန်းက ကောင်းကင်ကြီး ပြိုလဲသွားရင်တောင်မှ ဘာမှသိမှာမဟုတ်တဲ့ပုံစံမျိုးဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါတယ်.


လင်ရှန်းကို အပြစ်တင်လို့တော့မရနိုင်ပါဘူး. အကြောင်းကတော့ သူမ ဒီလိုမျိုးဖြစ်နေရတာကတော့ လနက်ဂိုဏ်းရဲ့အဆိပ်ပန်းပွင့်တွေကြောင့်ပါပဲ။


လင်ရှန်းက သိုင်းပညာမတတ်မြောက်ပေမယ့်လည်း သူမက ပမာဏအတော်လေးကို ရှုရှိုက်မိထားခဲ့ပါတယ်. အဲဒီအချိန်တုန်းကတော့ အဆိပ်အာနိသင်က ဘာမှမပြခဲ့ပါဘူး. ဒါပေမယ့် ရေပူစမ်းရဲ့အပူချိန်မြင့်မားမှုက အဆိပ်ကိုပြန်ပြီးတော့ ထကြွလာစေလိုက်ပါတယ်။


ထို့ကြောင့် လင်ရှန်းက နှစ်နှစ်ခြိုက်ခြိုက်ကို လဲကျပြီးအိပ်မောကျနေတယ်. သူမက သူမပတ်ဝန်းကျင်ကိုတောင် လုံးလုံးလျားလျားသတိမမူနိုင်တော့တဲ့အထိပါပဲ။


ပြောကြတဲ့စကားတစ်ခုရှိပါတယ်. 'အရာဝတ္ထုတွေက ပိုဝေးလေလေ ပိုပြီးလှပလေလေပဲတဲ့" အဲဒါက တကယ်အမှန်တရားပါပဲ. ကျောက်တုံးနောက်ကွယ်တွင်တော့ လိန်ဖန်စိတ်ထဲမှာတော့


လင်ရှန်းက နတ်ဘုရားတစ်ပါးလိုမျိုး ညို့ယူနိုင်လွန်းနေပါတယ်. သူ့အသိစိတ်တွေ ပျောက်ဆုံးလုနီးနီးကိုပါပဲ။


သို့သော်လည်း သူ ပိုပြီးနီးကပ်သွားလေတိုင်း သူနတ်ဘုရားက သူမပါးစပ်တစ်ဝက်ပွင့်ဟ၍ ဟိန်းဟောက်လျက်ရှိနေပြီး တစ်ချိန်တည်းမှာပဲ သားရေတွေပါစီးကျနေတာကို သူ သတိထားလိုက်မိသည်. လိန်ဖန်တစ်ယောက် သူရယ်ချင်သလို ငိုချင်သလိုတောင် ဖြစ်သွားတော့သည်။


ဘယ်လိုလုပ်ပြီးတော့ မိန်းခလေးတစ်ယောက်က သူ့ပုံရိပ်နဲ့ပတ်သတ်ပြီးတော့တောင် ဂရုမစိုက်နိုင်ဘဲ ဖြစ်နေရတာလဲ။ ဟုတ်ပါတယ်လေ. လင်ရှန်းက သူမရှိရင်းစွဲပုံစံအတိုင်းလေးပဲ နေနေခဲ့တာကိုက သူမကို ချစ်ချင်စရာကောင်းစေလိုက်တာပဲ. သူမမှာ အံအားသင့်စရာတွေ အားအင်အပြည့်နဲ့ပဲလေ။


ဘာမှ မသိနားမလည်တဲ့ သူမရဲ့ဖြစ်တည်မှုက လိန်ဖန်ရဲ့နှလုံးသားကို ကယက်ရိုက်စေလိုက်ပါတယ်။


"စုန့်လောင်!" လိန်ဖန်က ကိုယ်ကိုကိုင်းညွတ်လိုက်၍ သူမ နာမည်ကိုလှမ်းခေါ်လိုက်တယ်။


လင်ရှန်းက လှုပ်တောင်မလှုပ်လာခဲ့ပါဘူး. သူမက ဘာမှမဖြစ်တဲ့အတိုင်းပင် ဆက်လက်၍ အိပ်ပျော်နေပါတယ်။


"နေဝင်တော့မယ်၊ တကယ်လို့ မင်း အခုမထဘူးဆိုရင်တော့ ငါတို့တွေ တောင်ပေါ်ကို ပြန်နိုင်မှာ မဟုတ်တော့ဘူး" လိန်ဖန်က ထပ်ပြီးတော့ကြိုးစားလိုက်သည်။


လင်ရှန်းက တစ်ချက်မှတောင် လှုပ်မလာခဲ့ပါဘူး။


နောက်ဆုံးတွင် လိန်ဖန်တစ်ယောက် သူ့၏ဝှက်ဖဲကိုထုတ်လိုက်တော့သည်.- "ငါတို့တောင်ပေါ်ကို ပြန်မသွားရင် ညစာဆိုတာ မရှိတော့ဘူးနော်"


ပုံမှန်အတိုင်းဆိုရင်တော့ ဒီစကားက လင်ရှန်းကို သူမ ဘယ်လောက် အိပ်မောကျနေပါစေ နိုးသင့်နေပြီ. ဒါပေမယ့် အခုတော့ ထူးဆန်းလာပါတယ်. ဘာကြောင့်ဆိုတော့ အဲဒါက အလုပ်မဖြစ်လို့ပါပဲ. လင်ရှန်းက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေပါတယ်. သူမက လုံးဝ မနိုးထလာတော့မယ့်အတိုင်း.....


လိန်ဖန်၏စိတ်ထဲတွင် ဒီအတွေးက ဖျတ်ခနဲဝင်ရောက်လာပြီး သူ ရုတ်ခြည်းပင် တစ်ခုခုမှားနေပြီဆိုတာ သဘောပေါက်လိုက်သည်. သူက သူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်၍ လင်ရှန်းကို အသာတို့ကြည့်လိုက်သည်. သူက သူမနာမည်ကို ဆက်တိုက်ခေါ်နေခဲ့တာတောင် ဘာတုံ့ပြန်မှုမှ မရရှိခဲ့ပါဘူး။


ပြီးနောက်တွင် သူ က သူမ၏သွေးခုန်နှုန်းကို စမ်းကြည့်လိုက်တယ်။


အိုး .ဗုဒ္ဓမြတ်ဘုရား! လိန်ဖန်တစ်ယောက် ကြောက်ရွံ့သွားတော့သည်. သူက လင်ရှန်းမိန်းမောနေတာ ရိုးရိုးသားသားမဟုတ်ဘူးဆိုတာကို သူအခုမှပင် သတိပြုမိသွားတော့သည်။


ဒီအခြေအနေက ဆန်းစစ်ဝေဖန်နိုင်သော အခိုက်တန့်မဟုတ်ခဲ့ကတည်းက လိန်ဖန်လည်း အရာတွေအများကြီးကို ထည့်တွက်စဉ်းစားမနေနိုင်တော့ပါဘူး. သူ့၏လက်နှစ်ဖက်လုံးဖြင့် လင်ရှန်းကို ရေပူစမ်းထဲမှ ဆွဲပွေ့ယူလိုက်တော့သည်။


ဒီလောက်ကြီးမားစွာ ရုတ်ရုတ်သဲသဲဖြစ်နေတာတောင်မှ လင်ရှန်းက မနိုးလာခဲ့သေးပါဘူး. သူမ၏စိုစွတ်သော ကိုယ်ခန္တာက ပျော့ပြောင်းပြီး အားနည်းလို့နေပါတယ်. သူမ ကမ်းပါးပေါ်သို့ရောက်သည့်အခိုက်တွင် သူမကိုယ်ခန္တာက လိန်ဖန်၏ လက်မောင်းအတွင်းသို့ ပြိုကျလာတော့သည်။


လင်ရှန်း၏ ပျော့ပြောင်းနူးညံ့သောကိုယ်ခန္တာက ရေနွေးငွေ့တွေကြောင့် နီမြန်းလို့နေပါတယ်. သူမကို ကြည့်ရတာ အလွန်ကို အရသာရှိမည့်အစားအစာတစ်ခုလိုပါပင်. သို့သော်လည်း အခုလောလောဆယ်တွင်တော့ သူ့မှာဒီလိုမျိုး​တွေွ တွေးခေါ်နေရမည့်စိတ်အခြေအနေမဟုတ်ခဲ့ပါဘူး. သူက လင်ရှန်း၏အဝတ်အစားတွေကို သူမကျောပြင်သို့ လွှမ်းခြုံလိုက်ပြီး သူ၏အတွင်းအားအကုန်လုံးကို သူ့၏လက်ဖဝါးနှစ်ဖက်သို့ စုစည်းလိုက်သည်. သူ့လက်ဖဝါးက သူမကျောပြင်ပေါ်တွင် တင်ထားလိုက်၍ သူက သူ့အတွင်းအားတွေကို သူမဆီသို့ လွှဲပြောင်းပေးလိုက်တော့သည်။


ဒီဖြစ်စဉ်က အရမ်းအရမ်းကိုပင် စိတ်တည်စွာဖြင့် စိန်ခေါ်မှုရှိစွာ လုပ်ဆောင်ရသော ကျင့်စဉ်တစ်ခုပင်ဖြစ်သည်. အချိန်အနည်းငယ်အတွင်းတွင် သူချစ်ရသော မိန်းကလေးကို သတိလစ်နေသောအနေအထားဖြင့် စောင့်ကြည့်နေရတာကိုက သူ့အတွက်တော့ ထာဝရပင်ကြာရှည်သွားသလို ခံစားလိုက်ရသည်။


သူ့အတွင်းအားတွေအား လင်ရှန်းကိုယ်ခန္တာပေါ်တွင် တစ်ကြိမ်လည်ပတ်လိုက်ပြီးနောက် နောက်ဆုံးတွင်တော့ လှုပ်ရှားမှုလေးတစ်ချို့ဖြစ်လာတော့သည်. လင်ရှန်း၏သွယ်လျတဲ့လက်ချောင်း​လေးတွေက စတင်လှုပ်ရှားလာပြီး သူမက တစ်စုံတစ်ခုကို စတင်ပြီးတော့ ကယောင်ကတမ်းဖြင့်ရေရွတ်ပြောနေပါတယ်။


လိန်ဖန်က သူလွှဲပြောင်းနေတာကို ချက်ချင်းရပ်တန့်လိုက်ပြီး လင်ရှန်းကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်လိုက်ခဲ့သည်. သူမနာမည်ကို ကျယ်လောင်စွာဖြင့် အော်ခေါ်နေတော့သည်.-" စုန့်လောင်! စုန့်လောင်!"


******


End....