Chapter 44**
Viewers 9k

 


အပိုင်း(၄၄)** A Little Bit


တွေ​ဝေမိန်းမောလို့နေသော သူမ၏စိတ်ထဲတွင် လင်ရှန်းက 'စုန့်လောင်'လို့ခေါ်နေတဲ့အသံကိုဆက်တိုက် ကြားလိုက်ရသည်. အသံက လိန်ဖန်အသံနဲ့ တူနေပြီး သူမစိတ်ထဲတွင် သိပ်မဝမ်းသာမနေခဲ့ပေ. သူမမျက်လုံးတွေက တင်းကျပ်စွာပိတ်ထားလျက်နဲ့ပင် သူမ ကယောင်ကတမ်းတေွပြောလိုက်ခဲ့သည်.-


"ဘာစုန့်လောင်လဲ..... ကျွန်မမျိုးနွယ်အမည်က လင်း.. ကျွန်မနာမည်က လင်ရှန်း. လင်းမိသားစုကလာတဲ့ လင်ရှန်း.....လင်ရှန်းကလာတဲ့ရှန်း......."


လင်ရှန်းတွင် ဘာအသိစိတ်မှ နိုးကြားမလာတော့ပေ. လိန်ဖန်တစ်ယောက် အလွန်ထိတ်လန့်ခြောက်ခြားသွားတော့သည်. သူက ဆက်၍ အော်ခေါ်လိုက်တယ်. _ "စုန့်လောင်! ထတော့၊ မအိပ်နဲ့တော့!! စုန့်လောင်!!"


"ကျွန်မပြောပြီးပြီလေ. ..ကျွန်မက စုန့်လောင်မဟုတ်ဘူးလို့၊ ကျွန်မက လင်ရှန်း၊ လင်း...ကျွန်မ..အရမ်းပင်ပန်းနေပြီ.၊ ကျွန်မ နည်းနည်းလေးထပ်အိပ်လိုက်ဦးမယ်....."


စုန့်လောင် သတိပြန်မလည်လာတော့ကတည်းက လိန်ဖန်တစ်ယောက် ဆောက်တည်ရာမရဖြစ်သွားသည်. ထိုအချိန်အခိုက်အတန့်တွင် သူက တစ်ခုခုကိုသဘောပေါက်သွားသလို ထင်လိုက်ရပြီးတော့ ဆုံးဖြတ်ချက်ချလိုက်၍ သူမအား ကြိုးစားပြီးခေါ်လိုက်သည်.- '' လင်ရှန်း..."


သူ့၏အသံက အကျယ်ကြီးမဟုတ်ပေမယ့် လင်ရှန်းတစ်ယောက်ကိုတော့ ကြောင်အမ်းသွားစေသည်. သူမက ကယောင်ကတမ်းပြောနေတာကို ရပ်တန့်လိုက်သည်။


"ရှန်းရှန်း" လိန်ဖန်က ထပ်ခါပြောလိုက်သည်။


'ဘယ်သူလဲ။ ဘယ်သူ ငါ့နာမည်ကို ခေါ်နေတာလဲ။ သူမ ဒီနေရာကို ရောက်လာကတည်းက သူမနာမည်ခေါ်တာကို လုံးဝမကြားဖူးခဲ့ရပါဘူး. အဲဒီအသံက အနည်းငယ်ထူးဆန်းသလိုရှိပေမယ့် မိသားစုဝင်တွေတော့ မဟုတ်ပါဘူး. ရှန်းရှန်းဆိုတာက သူမ မိဘတွေ သူမငယ်ငယ်တုန်းက သူမကို ခေါ်တဲ့နာမည်ပဲ. လင်ရှန်း ထပ်ခါတစ်လဲလဲစဉ်းစားနေလိုက်တယ်။


"အဖေ.....အမေ....." လင်ရှန်း အော်ငိုလိုက်တယ်. သူမ နောက်ဆုံးတော့ သူမမျက်လုံးတွေကို ဖွင့်လိုက်ပြီးတော့. "အဖေ့! အမေ့!!! အဖေ....." လင်ရှန်းက သူမ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ သူမ အဖေနှင့်အမေ ရှိမနေတာသိလိုက်တယ်. သူမ အိပ်မက် မက်နေခဲ့တာလား.။


ထိုအချိန်အခိုက်အတန့်တွင်


လင်ရှန်းတစ်ယောက် အလွန်စိတ်မကောင်းဖြစ်လို့သွားသည်. သူမ က လိန်ဖန်ကို စိုက်ကြည့်လိုက်ပြီးတော့ သူမမျက်စိကွင်းပတ်လည်တွင်ပါ နီရဲလို့လာတော့သည်။


လိန်ဖန်က လင်ရှန်းနိုးလာတာကြောင့် စိတ်​အေးသွားခဲ့သည်.


ဒါပေမယ့် မျက်ရည်တွေရွှဲစိုစွာ သူမငိုကြွေးနေတာကို မြင်လိုက်ရတာက သူ့ကို တုန်လှုပ်သွားစေသည်. မိန်းကလေးတစ်ယောက် ငိုကြွေးနေတာကို သူ တစ်ခါမှ မမြင်ဖူးခဲ့တာပဲ။


"ရှန်းရှန်း. ဘာဖြစ်လို့လဲ" လိန်ဖန် မေးလိုက်တယ်။


လင်ရှန်းက ဘာမှပြန်မဖြေခဲ့ဘဲ ပို၍ပင် ရှိုက်ကြီးတငင်ငိုကြွေးနေတော့သည်. အခုတော့ သူမက ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့အထိပင် မျက်ရည်တွေနှင့် နှာရည်တွေကပါ အတူတူရောကျနေတော့သည်။


"မငိုပါနဲ့တော့....." လိန်ဖန်က အရင်တုန်းကတည်းက မိန်းခလေးတစ်ယောက်က တစ်ခါမှ မနှစ်သိမ့်မချော့မြူဖူးခဲ့ပါဘူး. လင်ရှန်းတစ်ယောက် ဘယ်လောက်တောင် ပူဆွေးသောကရောက်နေတဲ့ပုံဖြင့် ရှိုက်ငိုနေတာကို မြင်နေရတော့ သူထံမှာလည်း စိတ်မကောင်းတွေ ဖြစ်နေရသည်. ဘာမှမတွေးတော့ဘဲ သူက သူမကို တင်းကျပ်ကျပ်ပွေ့ဖက်ထားလိုက်တော့သည်။


နွေးထွေးသော ကိုယ်ခန္တာ၏အပူငွေ့တွေက လင်ရှန်းကို ပိုလို့ပင် အရှက်မဲ့လို့သွားစေသည်. သူမက လိန်ဖန်၏အင်္ကျီအဝတ်အစားတွေကို တင်းကျပ်စွာဆုပ်ကိုင်လိုက်၍ အဆက်မပြတ်ပင် အော်ဟစ်ငိုကြွေးနေလိုက်တော့သည်. မသိရင်တော့ သူမက အနွေးဓာတ်ကို ဆုံးရှုံးမှာ စိုးရိမ်ကြောက်ရွံ့နေတဲ့အတိုင်းပါပဲ။


ဒီလိုနဲ့ပဲ လင်ရှန်းတစ်ယောက် ဆက်လက်၍ပင် ငိုကြွေးနေသည်. ငိုရလွန်း၍ သူမ မောသွားတဲ့အခါမှာတော့ သူမက လိန်ဖန်၏ လက်မောင်းထဲတွင် မှီလိုက်၍ ညင်သာစွာနဲ့ တသိမ့်သိမ့်တုန်ကာရှိုက်နေတော့သည်။


လင်ရှန်းတစ်ယောက် ငိုတာကို ရပ်သွားတော့မှပဲ လိန်ဖန်စိတ်ထဲတွင် နေလို့ကောင်းသွားတော့သည်. သူက အနည်းငယ် တွန့်ဆုတ်နေပေမယ့် ပြီးနောက်မှာတော့ သူ့လက်များဖြင့် သူမဆံပင်တွေကို ပွတ်သပ်ပေးလိုက်တယ်. လိန်ဖန် သူမဆံပင်တွေကို ပွတ်သပ်ပေးနေစဉ်တွင်တော့....လင်ရှန်းက ရုတ်တရက် သူမ ခေါင်းကိုမော့ကြည့်လိုက်၍ သူမ၏မျက်ရည်တွေပြည့်လျှံနေသော မျက်လုံးရွှဲကြီးများဖြင့် စိုက်ကြည့်လိုက်သည်. သူမ နှာခေါင်းကလည်း ငိုထားတာကြောင့် နီရဲတွတ်လို့နေခဲ့ကာ သူမ မျက်နှာပေါ်တွင်လဲ မျက်ရည်တွေနှင့်နှာရည်တွေ ရွှဲရွှဲစိုနေတော့သည်။


လင်ရှန်းက တိုးတိုးလေးပြောလိုက်သည်. –"ကျွန်မ ဘာအဝတ်မှလည်း ဝတ်မထားရဘူး....."


လိန်ဖန်မျက်နှာက အနီရောင်တောက်တောက်သို့ပြောင်းသွားတော့သည်. သူက လျင်မြန်စွာဖြင့် သူမအဝတ်အစားတွေကို ဆွဲယူလိုက်ကာ သူမကိုယ်ပေါ်တွင် လွှမ်းခြုံပေးလိုက်ပြီး သူက ထစ်ငေါ့စွာဖြင့်-


" ငါ..ငါ ဒီလိုမျိုး တမင်ရည်ရွယ်ပြီးတော့ လုပ်တာမဟုတ်ပါဘူး....."


"ရှုး..! လင်ရှန်းက သူ့နှုတ်ခမ်းပေါ်သို့ သူမလက်ချောင်းဖြင့် ပိတ်လိုက်သည်. လက်ချောင်းများက သူ့နှုတ်ခမ်းပေါ်သို့ရောက်သွားတဲ့အခါမှာတော့ လိန်ဖန်ရဲ့ကိုယ်တွင်းဟော်မုန်းတွေက နောက်ထပ်တစ်ဖန် ထကြွလာတော့သည်. သူ ဘာမှမတုံ့ပြန်လိုက်နိုင်ခင်မှာပဲ


လင်ရှန်း၏ နောက်ထပ်လက်တစ်ဖက်က သူ့မျက်နှာဖုံးကို ခွာလိုက်သည်။


"မလုပ်နဲ့!" အတွင်းစိတ်၏ အလိုအလျောက်တုံပြန်မှုလိုပဲ


လိန်ဖန်က သူ့အပေါ်မှ လင်ရှန်း၏လက်တွေကို အားပါစွာဖြင့်ဖမ်းဆုပ်ကိုင်လိုက်သည်. လင်ရှန်း နာကျင်သွားရပေမယ့် သူမက ​လက်လွှတ်မပေးခဲ့ပေ. အဲဒီအစား. သူမက လိန်ဖန်ကို သူမ၏


ချစ်စဖွယ်ပါပီမျက်လုံးလေးများဖြင့် ပြန်စိုက်ကြည့်လိုက်တော့


လိန်ဖန်တစ်ယောက် အရည်ပျော်ကျသွားတော့သည်။


မသိစိတ်၏လှုံဆော်မှုအရပင် လိန်ဖန်တစ်ယောက် သူမ လက်တွေကိုလွှတ်ချလိုက်ပြီး လင်ရှန်းက သူ၏မျက်နှာဖုံးကို ချွတ်လိုက်လေတယ်။


မျက်စိမမြင်ရတဲ့လူတစ်ယောက် အလင်းရောင်ကို ပထမဆုံးအကြိမ်မြင်ရလိုက်သလိုမျိုးပါပဲ. သူသတိမေ့လျောခဲ့စဉ်တောင် ဘယ်သူကမှ သူ့မျက်နှာကို မြင်ဖူးခဲ့တဲ့သူမရှိခဲ့ပါဘူး. လိန်ဖန် သူ့မှာ ဘယ်လိုမျက်နှာအမူအရာမျိုး ထားရှိနေလဲဆိုတာတောင် သူမသိတော့ပါဘူး. သူက သူ့ရဲ့အကြည့်တွေအားလုံးကို လင်ရှန်းရဲ့မျက်လုံးထဲကိုပဲ စူးစိုက်ကြည့်နေတော့သည်။


ရေပူစမ်းထဲမှ အခိုးအငွေ့​ြမူတွေက မြင်ကွင်းတွေကိုဝေ့ဝါးသွားအောင်လုပ်လိုက်သည်. လင်ရှန်းက တုဟောင်နှင့်တစ်မျက်နှာတည်းတူညီနေသော လိန်ဖန်ကို အမြင်အာရုံထဲတွင် ဝေ့ဝါးစွာဖြင့်ပင် ကြည့်ရှုနေခဲ့သည်. ထိုအရာက လုံးဝကို ကွဲပြားခြားနားတဲ့ စိတ်ခံစားချက်တစ်ခုပဲဖြစ်သည်။


အမှန်ကတော့ သူတို့မျက်နှာတွေက ကြည့်လိုက်ရင် ချွတ်စွတ်ကြီးကို တူနေခဲ့တာပါ. မျက်လုံးထောင့် တစ်ဝိုက်နားကအရစ်​လေး


တွေနှင့် မျက်ခုံးထိပ်ဖျားကတောင်မှ တစ်ထေရာတည်းဖြစ်နေခဲ့သည်. သို့သော်လည်း လိန်ဖန်က


မတူညီတဲ့ကွဲပြားခြားနားတဲ့ ခံစားချက်ကို ပေးနေပါတယ်. သူ့မျက်လုံးတွေက ပိုမိုကာသနားကြင်နာယုယတတ်ပြီးတော့ အဲဒါက သူမစိတ်နှလုံးကို ငြိမ်းအေးစေသည်. လင်ရှန်းက ဒီမျက်လုံးတွေကိုပဲ အမြဲတမ်း...ထာဝရ...


တစ်သက်လုံး.. စူးစိုက်ပြီးတော့ဘဲ ကြည့်နေချင်ပြီး....လင်ရှန်းလက်တွေက သူ့မျက်နှာကို ထိတွေ့နေလိုက်ခဲ့သည်။


လိန်ဖန်၏မျက်နှာက အမြဲတမ်းမျက်နှာဖုံးအောက်တွင် ဖုန်းကွယ်ထားခဲ့ရသည်...ဒါပေမယ့်အခုကျတော့..သူ ချစ်​မြတ်နိုးရတဲ့မိန်းကလေးက ဖြည်းဖြည်းချင်း သူ့မျက်နှာကို ကိုင်တွယ်ထိတွေ့လို့နေခဲ့သည်။


သူမလက်ချောင်းတွေက နူးညံ့ပြီးတော့ ညင်သာပျော့ပြောင်းစွာဖြင့် သူ့မျက်နှာပုံပန်းသွင်ပြင်တစ်ခုလုံးကို စူးစမ်းရှာဖွေလို့နေသည်. အဲဒါက သာမာန်ထက်သာလွန်


ထူး​မြတ်သောခံစားချက်တစ်ခု ဖြစ်လို့နေသည်။


လိန်ဖန် သူ့ရင်ထဲတွင် ပြောမပြနိုင်လောက်အောင်ပင်ထူးကဲသောခံစားချက်တစ်ခုကို ခံစားလိုက်ရကာ သူမကို နမ်းရှိုက်ချင်စိတ်တွေက ပြင်းပြင်းပြပြဖြစ်လို့နေမိသည်. သူ့အတွေးအမျှင်တွေက ကြီးထွားလာပြီး သူနောက်ထပ်ထပ်၍ မျိုသိပ်မထားနိုင်တော့ပါဘူး. သူ့ကိုယ်ကိုကိုင်းညွတ်လိုက်၍ ညင်သာစွာဖြင့် သူမနှုတ်ခမ်းသားတွေပေါ်သို့ နမ်းရှိုက်လိုက်တော့သည်။


ဒီအနမ်းကတော့ သူတို့ရဲ့ဒုတိယအကြိမ်မြောက် အတူတူအနမ်းချင်းဖလှယ်ခဲ့ကြတာပဲ ဖြစ်သည်. အရင်တစ်ခါက သူနမ်းတုန်းက သူ့မှာအတွေ့အကြုံလုံးဝမရှိခဲ့ပါဘူး။


လင်ရှန်းက ရုတ်တရက် ကြောင်အသွားပေမယ့် သူမ လျင်မြန်စွာပင် သူနှင့်အတူလိုက်လျောညီထွေဖြစ်သွားခဲ့သည်. ကြောင်ပေါက်စလေးတစ်ကောင်လိုပဲ သူမက စတင်၍လျက်လိုက်ခဲ့သည်. ဒီတုန့်ပြန်လိုက်မှုက လိန်ဖန်အားထိန်းချုပ်မှုလွတ်ကင်းသွားစေတော့သည်. သူက သူ့လက်မောင်းထဲသို့ တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်ကာ သူ့လက်တွေက သူမလည်တိုင်ကို ကိုင်လိုက်၍ ညင်သာစွာဖြင့်အနမ်းတွေကို နက်ရှိုင်းလိုက်စေတော့သည်။


ဒီအနမ်းက အလွန်ပင်ရှည်ကြာသော အနမ်းတစ်ခု ဖြစ်ခဲ့ပါတယ်. သူတို့ရဲ့ပထမဆုံးအနမ်းလိုတော့ အလွန်မပြင်းထန်ခဲ့သော်လည်း လင်ရှန်းစိတ်ထဲတွင်တော့ သူမက ဒီအနမ်းထဲမှာ နစ်မြုတ်ဝင်နေသလို ရှည်ကြာလွန်းနေတယ်လို့ခံစားရနေသည်. ဖုန်စုပ်စက်တစ်ခုလိုမျိုး သူမကိုယ်တိုင်ကိုက စုပ်ထုတ်ခြင်းခံနေရသလိုပါပဲ. သူမက ရေပူစမ်းနဲ့ အရမ်းကြီးမဝေးပေမယ့် အပူငွေ့တွေက ပိုလို့တောင်ပူပြင်းတောက်လောက်နေသလို ခံစားနေရသည်။


အနမ်းက အဆုံးသတ်သွားတဲ့အခိုက်တွင် သူမက ခွေယိုင်သွားလုနီးနီးပင် ဖြစ်လို့သွားသည်. သူမက လိန်ဖန်၏အင်္ကျီကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၍ အသက်ကို ပြင်းစွာရှုရှိုက်နေတော့သည်။


"ဒီဇာတ်လမ်းရဲ့နောက်ကွယ်က အကြောင်းကို မင်းသိချင်လား?" လိန်ဖန်က သူ့လက်မောင်းထဲမှ လင်ရှန်း ဆီကနေ မျက်နှာဖုံးကို ကောက်ယူလိုက်ပြီး မေးလိုက်တယ်. သူက ငွေမျက်နှာဖုံးရဲ့မျက်နှာပြင်ကို ပွတ်သပ်လိုက်ပြီး အတွေးနက်နဲစွာဖြင့်စိုက်ကြည့်လိုက်သည်။


"အင်း..." လင်ရှန်းက ခေါင်းညိတ်လိုက်ပြီး အလိုလောဘကြီးစွာဖြင့် လိန်ဖန်နှင့်အပြိုင် ပွတ်သပ်လိုက်သည်။


°°°°°°°°°


အကယ်စင်စစ် ဇာတ်လမ်းလေးက တကယ်တမ်းကျတော့ အဓိပ္ပာယ်မရှိပြီး ရင်နင့်ဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေသည်။


လက်ရှိအင်ပါယာဘုရင်မင်းမြတ်က လက်ထပ်တာနောက်ကျခဲ့သည်. သူ့အသက် နှစ်ဆယ့်သုံးနှစ်အရွယ်တွင် ထီးနန်းပလ္လင်ကို အရိုက်ရာဆက်ခံ၍ နန်းမတက် မချင်း သူက ဘုရင်မယောင်ကို လက်ထပ်ထိမ်းမြှားခြင်းမပြုခဲ့ပါဘူး. သူတို့ရဲ့လက်ထပ်ထိမ်းမြှားပြီးနောက်တွင် မကြာခင်မှာပဲ မိဘုရားကြီးယောင်က သားတော်တစ်ပါးကို မွေးဖွားပေးခဲ့တယ်. အင်ပါယာဘုရင်က ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် သူ့သားတော်နာမည်ကို 'ဟောင်' ဟု အမည်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။


"ဟောင်" ဆိုသော စကားလုံး၏


အဓိပ္ပယ်က ကျယ်ပြန့်သော သို့မဟုတ် ပြန့်ပြူးသော လို့ အဓိပ္ပာယ်ရှိပြီး အင်ပါယာဘုရင်က သူ့သားတော်ကို သန်စွမ်းကြံ့ခိုင်စေချင်တာပဲဖြစ်သည်။


ချက်ချင်းပင် အင်ပါယာဘုရင်ကြီးက တော်ဝင်အမိန့်တော်တစ်ခုကို ထုတ်ပြန်လိုက်ပြီး တုဟောင်က အိမ်ရှေ့စံမင်းသားဖြစ်ကြောင်း တစ်တိုင်းပြည်လုံးကို ကြေငြာလိုက်ခဲ့ပါတယ်. ရာဇဝတ်သားတွေကို အပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး တစ်တိုင်းပြည်လုံးပင် အောင်ပွဲခံကာ ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်လာတော့သည်။


ပွဲတော်အခမ်းအနားကျင်းပတော့မလို့လုပ်နေစဉ် ဝမ်းဆွဲသည်မှ မမျှော်လင့်ဘဲနဲ့ မိဘုရားကြီး၏ ဝမ်းဗိုက်ထဲတွင် နောက်ထပ်ကလေးတစ်ယောက်ကို ရှာဖွေတွေ့ရှိလိုက်ခဲ့သည်။


တော်ဝင်မိသားစု၏ထုံးစံအရဆိုရင်တော့ အမွှာကလေးနှစ်ယောက်ရှိခြင်းဟာ အလွန်ကံဆိုးစေသော အတိတ်နိမိတ်တစ်ခုဖြစ်ပေသည်. သမာရိုးကျအရဆိုရင်တော့ တော်ဝင်ကိုယ်လုပ်တော်တစ်ဦးက အမွှာကလေးမွေးဖွားခဲ့မယ်ဆိုရင် သူတို့ထဲက တစ်ယောက်က နောက်ထပ်ကလေးတစ်ယောက်၏ အသက်ရှည်စွာနေရခြင်းကို သေချာစေရန် ရေနစ်သတ်စေလိုက်ခြင်းဖြင့် အဆုံးသတ်စေရပါလိမ့်မည်။


ဘုရင်မက အမွှာကလေးနှစ်ယောက်ဖွားမြင်လိုက်ကတည်းက ဝမ်းဆွဲသည်က စိတ်ဖိစီးသွားခဲ့သည်. သူမက အမွှာ​ေတွအကြောင်းကိုတွေးလိုက်၍ သူမက ဒီအကြောင်းကို ရာထူးမြင့်မားသော လုပ်ပိုင်ခွင့်ရှိသူတစ်ယောက်ကို သတင်းပို့ရန် ဆုံးဖြတ်လိုက်ခဲ့သည်။


ထိုအချိန်အခိုက်အတန့်တွင် အားနည်းနေသော မိဘုရားကြီးက ဝမ်းဆွဲသည်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်၍ သူမရဲ့ခေါင်းကိုခါရမ်းပြလိုက်ခဲ့သည်။


ဘုရင်မယောင်က ပြည်နယ်အကြီးအကဲတည်ထောင်သူ၏သမီးဖြစ်သူ ယောင်ဂျင်ဖြစ်ပေသည်. သူမ၏နောက်ခံကြောင့် သူမက နန်းတော်ထဲတွင် အမွှာမွေးဖွားခြင်းကဲ့သို့သော အရာမျိုးတွေကို အလွန်ပင်သတိရှိစွာနေထိုင်ရပါတယ်. ဒီကလေးက လုံးဝမမွေးဖွားသင့်ပါဘူး. ပြီးတော့လဲ သူ့ရဲ့မွေးဖွားခြင်းက ကျိန်းသေပေါက်ပင် သူ့အကိုတော်၏ အနာဂတ်တွင် အ​တောမသတ်နိုင်သော ပြဿာနာပေါင်းများစွာကို ဖြစ်လာစေနိုင်ပေသည်။


သေချာတာကတော့ ဘုရင်မကြီးက သူမကလေးနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ရမှာကို မမြင်ချင်ခဲ့ပါဘူး. သူမက သူတို့နှစ်ယောက်ထဲက တစ်ယောက်ကိုလဲ ကိုယ်တိုင်ကိုယ်ကျ သတ်ရမှာကို မလုပ်ချင်ခဲ့တာပဲဖြစ်သည်.


ဒီအကြောင်းတွေကို တွေးတောခဲ့ပြီးနောက် အားနည်းနေသော ဘုရင်မကြီးက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ခဲ့သည်. ဘယ်သူတစ်ဦးတစ်ယောက်မှ အမှန်တရားကို မသိလိုက်ခင်တွင် ကလေးကို နန်းတော်အပြင်ဘက်ကိုပို့၍ ပေးပို့လိုက်ဖို့ သူမ ကြံစည်ခဲ့သည်။


ဘုရင်မကြီးက သတင်းအားလုံးကိုပိတ်ချလိုက်ပြီးတော့ သူမအဘိုး​ဖြစ်သူ၏ ရန်ဘက်ဖြစ်သူနှင့် တိတ်တဆိတ်ဆက်သွယ်လိုက်ခဲ့သည်. သူ့နာမည်ကတော့ လိန်ခွမ်ဖြစ်ပြီး သူက ဓားလေ့ကျင်ရေးအဖွဲ့တစ်ခု၏ဦးစီးသူတစ်ယောက်ဖြစ်သည်. သို့သော်လည်း သူက သိုင်းပညာအရေးအရာထဲတွင် ပါဝင်လှုပ်ရှားခြင်းမရှိတော့ပါဘူး။


ဘုရင်မက သူမသားတော်ကို လိန်ခွမ်ထံသို့ အပ်နှံလိုက်၍ သူ့သားတော်ကို ဝေးနိုင်သမျှဝေးတဲ့ ဟိုးအဝေးတစ်နေရာသို့ ခေါ်ဆောင်စေလိုက်ဖို့ အသနားခံခဲ့သည်. အကောင်းဆုံးကတော့ နန်းတော်ထဲသို့ လုံးဝခြေတစ်လှမ်းတောင် မလှမ်းနိုင်ရန်ပင်ဖြစ်သည်. ထပ်ပြီးတော့လည်း သူမက လိန်ဖန်အသက်အရွယ် ဆယ့်ခြောက်နှစ်အရောက်တွင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ့မျက်နှာကို မမြင်ရစေရန် မျက်နှာဖုံးတစ်ခုပေးပို့ခဲ့လိုက်ပါတယ်။


လိန်ခွမ်က သူ့ဘဝတစ်ခုလုံးကို လူသူကင်းဝေးသောနေရာတွင် နေထိုင်ခဲ့သည်. သူရဲ့မိသားစုတွင် သူ့​နေရာကိုဆက်ခံမည့် ကိုယ်ပိုင်ကလေးမရှိခဲ့ပါဘူး. ဘုရင်မထံမှ တောင်းဆိုချက်ကို လက်ခံရရှိချိန်တွင်တော့ လူသူကင်းဝေး၍ ချောင်ကျသောတောင်ပေါ်ဒေသတွင် နို့စို့ကလေးငယ်နှင့်အတူနေထိုင်ရန် ထွက်ပြေးတိမ်းရှောင်လို့​သွားခဲ့သည်။


လိန်ခွမ်က ကလေးငယ်၏အမည်ကို လိန်ဖန်ဟု အမည်ပေးလိုက်ရန် ဆုံးဖြတ်ခဲ့သည်. "ဖန်"ဆိုတဲ့နာမည်ရဲ့ အဓိပ္ပာယ်ကတော့ လေ ဖြစ်ပြီးတော့ လိန်ခွမ်က လိန်ဖန်ကို လေကဲ့သို့ လွတ်လပ်ပေါ့ပါးစွာ နေထိုင်စေချင်ခဲ့ပါတယ်။


အချိန်​တွေကုန်လွန်သွားခဲ့ပြီး လိန်ခွမ်က လိန်ဖန်အား ဘဝတွင် ဘယ်လိုမျိုးဂုဏ်သမာဓိရှိစွာဖြင့်နေထိုင်ရန် သင်ကြားပြသပေးခဲ့ပါတယ်. တကယ်တမ်းကတော့ လိန်ခွမ်က သူ့ပိုင်ဆိုင်သမျှ အသိဉာဏ်ဗဟုသုတများစွာနှင့် ကျွမ်းကျင်မှုအားလုံးကို လွှဲပြောင်းပေးခဲ့သည်။


ဒီအစီအစဉ်ကတော့ တုဟောင်တောင်မှ သူ့ဆီမှာ သူ့နဲ့ချွတ်စွတ်တူညီသော ညီငယ်တစ်ယောက်ရှိတယ်ဆိုတာကို မသိနိုင်ခဲ့တဲ့အထိပင် ရေတစ်ပေါက်မှ စိမ့်မထွက်နိုင်လောက်အောင်ကို ပြီးပြည့်စုံခဲ့ပါတယ်။


သို့သော်လည်း လိန်ဖန် အသက်ဆယ့်ခြောက်နှစ်အရွယ်ရောက်ချိန်တွင်တော့ လိန်ခွမ်က အသက်တစ်ရာနီးပါးရှိသွားပါပြီ. သူကိုယ်တိုင်ကိုယ်ကျ လိန်ဖန်၏ မျက်နှာပေါ်တွင် မျက်နှာဖုံးကိုတပ်ဆင်ပေးပြီးချိန်တွင်တော့ သူ သေတော့မယ်ဆိုတာ သူသိလိုက်ခဲ့ပါတယ်။


မျက်နှာဖုံးတပ်ပြီးချင်းတွင် လိန်ခွမ်က လိန်ဖန်အား မျက်နှာဖုံးကို လုံးဝမချွတ်လိုက်ရန် သတိပေးပြောကြားခဲ့ပြီးနောက် သေဆုံးသွားတော့သည်. သနားစရာကောင်းတဲ့ လိန်ဖန်ကတော့ သူ့ဆရာသခင်၏သေဆုံးမှုကြောင့် ဝမ်းနည်းပူဆွေးလို့နေခဲ့ပြီးတော့ သူ့၏စကားတွေကို မသွေမတိမ်းလိုက်နာခဲ့တယ်. အဲဒီအချိန်နောက်ပိုင်းမှစတင်ပြီးတော့ အခုအချိန်ထိပင် လိန်ဖန်က မျက်နှာဖုံးကို လုံးဝမချွတ်တော့ခဲ့တာပဲဖြစ်​လေသည်။


********


End....