Chapter 45
Viewers 9k

အပိုင်း(၄၅)


အချိန်ကအလွန်လျင်မြန်စွာဖြင့်ပင် လိန်ဖန်က အခုဆိုအသက်ဆယ့်ကိုးနှစ်ထဲသို့ ရောက်ရှိနေပါပြီ..သူက တောတောင်ထဲတွင် သူ့၏ဓားရေးကို လေ့ကျင့်လို့နေချိန်တွင် ရုတ်တရက် ရုန့်ရင်းကြမ်းတမ်းသော ဆူညံသံတွေကို အနီးအနားကနေပြီး ကြားလိုက်ရသည်. ဓားရှည်ကို ဆွဲကိုင်၍ သူတစ်ချက်သွားကြည့်လိုက်သည့်အခါတွင်တော့ လူအုပ်စုတစ်စုက အသက်လတ်ပိုင်းအရွယ်လူကြီးနှစ်ယောက်ကို ဝိုင်းရံထားကြတာကို မြင်လိုက်ရသည်. ယောက်ျားနှစ်ယောက်ကိုကြည့်ရတာတော့ ရှုံးနိမ်နေတဲ့ပုံပေါက်နေ၍ သမာသမတ်ကျသော လိန်ဖန်က ရှေ့သို့တိုးသွားခဲ့ကာ သူ့၏အားကောင်းသောဓားရှည်ကို အသုံးပြုပြီးတော့ ကယ်တင်ပေးလိုက်ခဲ့သည်။


ထိုအချိန်တုန်းကတော့ ယောက်ျားနှစ်ယောက်ထဲမှ တစ်ယောက်သောယောကျ်ားက ရုပ်ဖျက်ထားခဲ့သော လက်ရှိအင်ပါယာဘုရင်ဖြစ်တဲ့ တုရင် ဖြစ်တယ်ဆိုတာ သူ မသိထားခဲ့ပါဘူး. တုရင်ဆိုတာက သူတစ်ခါမှကို မြင်ဖူးခဲ့ခြင်းမရှိခဲ့သော သူ့ရဲ့အဖေပင်ဖြစ်သည်။


တုရင်က လိန်ဖန်ကယ်ဆယ်တာကို ခံလိုက်ရကတည်းက သူက လိန်ဖန်ကို အလွန်ပင်ကျေးဇူးတင်ရှိခဲ့သည်. သူ နန်းမြို့တော်ကို ပြန်ရောက်တဲ့အခါတွင်တော့ သူက


လိန်ဖန်ကို နန်းတော်ထဲသို့ဝင်ရောက်ခစားရန် အမိန့်ပေးလိုက်ခဲ့ပြီး လိန်ဖန်အား တော်ဝင်ကိုယ်ရံတော်ချုပ်ရာထူးကို ပေးအပ်နှင်းခဲ့သည်။


လိန်ဖန်က ရွှေဓားစလွယ်ကို ချီးမြှောက်ခြင်းခံလိုက်ရပြီး နန်းတော်ကို သူဆန္ဒရှိသလို အချိန်မရွေး သွားလာဝင်ထွက်ခွင့်ကိုလည်းရရှိခဲ့သည်. မည်သည့်ကိစ္စမဆို မိမိသဘောအတိုင်း အရင်လုပ်ဆောင်နိုင်၍ သတင်းနောက်မှပို့လို့ရသော အခွင့်ထူးအာဏာကိုလည်း ရရှိခဲ့သည်။


ဒီလိုမျိုး ရာထူးအရှိန်အဝါမျိုးကတော့ သာမာန်လူတစ်ယောက်အနေဖြင့် အိမ်မက်အနေနဲ့သာလျင် မက်လို့ရနိုင်တဲ့ ဩဇာအာဏာပင်ဖြစ်သည်. မကြာမီမှာပင် လိန်ဖန်၏နာမည်က နန်းတော်တစ်ခုလုံးသို့ ပျံ့နှံ့လို့သွားတော့သည်။


"မင်းတို့ကြားလိုက်ကြသေးလား။ ဒီတော်ဝင်ကိုယ်ရံတော်က သူ့မျက်နှာပေါ်မှာ မျက်နှာဖုံးတစ်ခုတပ်ထားပြီးတော့ ဘယ်သူကမှ သူရဲ့နောက်ကြောင်းကို မြင်လဲ မမြင်ဖူးကြဘူးတဲ့!"


ဘုရင်မကြီးက သူမရဲ့အမျိုးသမီးအစေခံတစ်ယောက်ထံမှ ဒီအကြောင်းကို ကြားခဲ့တော့ သူမ သိသွားခဲ့ပါပြီ..ဒါဟာ နတ်ဘုရားတွေကလုပ်ဆောင်လိုက်တယ်ဆိုတာပါပဲ။


ဘုရင်မကြီးက ချက်ချင်းပင် လိန်ဖန်ကို သွားရှာချင်နေခဲ့သည်. ဘာ့ကြောင်လဲဆိုတော့ လိန်ဖန်က သူနဲ့ရုပ်ချင်းတစ်ထရာတည်းတူညီတဲ့ အိမ်ရှေ့စံမင်းသားကို တွေ့လိုက်ရင် လိန်ဖန် ထိတ်လန့်တုန်လှုပ်သွားမှာကို သူမအနေနဲ့မလိုလားခဲ့လို့ပါပဲ. သူမက လိန်ဖန်ကို အရာအားလုံးကိုပြောပြ၍ တစ်ကိုယ်ကောင်းဆန်ရမှုအတွက် တောင်းပန်ခဲ့သည်. သူမက တုဟောင်ကိုယ်စားပါ တောင်းပန်လိုက်ခဲ့ပြီး ထီးနန်းကို သူသိမ်းယူချင်မယ်ဆိုရင်လည်း သူမက သူ့ကို ဟန့်တားမည်မဟုတ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။


သို့သော်လည်း လိန်ဖန်က နောက်တက်မည့်အင်ပါယာဘုရင်ဖြစ်ဖို့ရန် စိတ်မကူးထားခဲ့ပါဘူး. သူက တောတောင်ထဲတွင် နှစ်လရှည်ကြာစွာကြီးပြင်းလာခဲ့ရသူဖြစ်ပြီး လိန်ခွမ်ကလည်း သူ့ကို သူ့ရဲ့ရှေ့ရေးကံတံရား သို့မဟုတ် ဂုဏ်သတင်းကျော်ဇောမှုကို စိုးရိမ်သောကမရောက်စေရန် သင်ကြားပြသထားခဲ့သည်. သူ့ဆရာသခင် သေဆုံးပြီးနောက်တွင် လိန်ဖန်က ထီးနန်းကို မလိုချင်တော့ဘဲ သူ့မိသားစုဝင်များ၏ ကောင်းမွန်စွာအသက်ရှင်နေထိုင်ရေးကို တွေ့မြင်ရဖို့ပဲ သူ အလိုရှိခဲ့တာဖြစ်သည်။


ဘုရင်မ မမျှော်လင့်ထားခဲ့တာကတော့ လိန်ဖန်က ဆိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်ခဲ့တာဖြစ်သည်. ထို့ကြောင့် သူမက လိန်ဖန်၏တည်ရှိမှုဟာ တုဟောင်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တာကို သိခဲ့သော်လည်းပဲ သူမလုပ်နိုင်တာက ဘာမှမရှိခဲ့တော့ပေ. သူမက လိန်ဖန်၏နည်းလမ်းကြောင့် ကျေးဇူးကြွေးများစွာပင် တင်ရှိသွားခဲ့သည်။


လွန်ခဲ့သောဆယ့်ကိုးနှစ်လုံးလုံးတွင် ဘုရင်မကြီးက အိမ်မက်ဆိုးများကြောင့် ပင်ပန်းဆင်းရဲကြီးစွာနေထိုင်ရခဲ့သည်. သူမ၏ အပြစ်ရှိသောနောင်တတရားက သူမကို အရွယ်မတိုင်မီ အိုမင်းရင့်ရော်သွားစေလိုက်ပြီး သူမက တစ်နေ့လုံးလိုလိုပင် ဘုရာဝတ်ပြုခန်းတွင်သာ အချိန်ကုန်ဆုံးနေခဲ့သည်။


'အခုတော့ ဒီကလေးက ပြန်လည်ရောက်ရှိလာခဲ့သည်လေ. သူမ ဘယ်လိုလုပ်ပြီးတော့ မိသားစုနှင့်အတူနေထိုင်နေတာကို ဟန့်တားနိုင်မှာတဲ့လဲ'


ထို့ကြောင့်ပင် ဘုရင်မကြီးက လိန်ဖန်၏တည်ရှိမှုကို ဆိတ်ဆိတ်ငြိမ်သက်စွာဖြင့်သာ ခွင့်ပြုထားလိုက်ခဲ့တော့သည်။


°°°°°°°°°


အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ လင်ရှန်းဟာ လိန်ဖန်နှင့်တုဟောင်ကြားထဲတွင် ရှုတ်ထွေးဖွယ်ရာ ပတ်သတ်ဆက်နွယ်မှုတစ်ချို့တော့ ရှိနေတာကို လင်ရှန်းသိခဲ့သည်. ဒါပေမယ့် သူမ မမျှော်လင့်ထားခဲ့တာက ဒီဆက်နွယ်မှုက ဒီလောက်တောင် မတရားသဖြင့် ဖြစ်နေလိမ့်မယ်ဆိုတာကိုတော့ မထင်ထားမိခဲ့ပေ. သူမမှာလည်း စိတ်ရှုပ်ထွေးဖွယ်ရာ ဇာတ်လမ်းကိုလက်ခံနေရသည်။


'ရှင် ကျွန်မကို လာနောက်နေတာလား? ရှင်တို့နှစ်ယောက်လုံးက တစ်ဗိုက်ထဲကနေထွက်လာတာပေါ့၊ ဘာလို့ တစ်ယောက်က မိဘတွေရဲ့ချစ်မြတ်နိုးခံရပြီးတော့ အဆင့်တန်းမြင့်မြင့်နဲ့ ဘဝကိုနေလာပြီး အထက်တန်းကျကျဖြစ်လာပြီးတော့ အခြားတစ်ယောက်ကတော့ ဝေးလံခေါင်ဖျားတဲ့တောတောင်တွေထဲမှာ သူ့ဆရာသခင်နဲ့အတူတူ တစ်သက်လုံးတစ်ကိုယ်တည်း နေနေရတာလဲ? အမွှာတွေက ကံဆိုးစေတယ်လို့ ဘယ်သူကပြောလိုက်တာလဲ? ဘယ်လောက်တောင်


အရေးမပါလိုက်လဲ! ဒီလိုဉာဏ်နည်းတဲ့ အယူသီးမှုက ဘဝတွေကို ဖျက်စီးပစ်လိုက်တာပဲ!


ထိုအချိန်အခိုက်အတန့်တွင် လင်ရှန်းက သူမကိုယ်တွင်းရှိသွေးတွေက ရုတ်တရက်ဆောင့်တက်လာတော့သည်. သူမ၏မိခင်စိတ်ဓာတ်က ပြင်းပြင်းပြပြထွက်ပေါ်လာခဲ့ပြီး သူမက အလေးနက်ထားပြောကြားလိုက်တယ်.- "ဘာမှ မစိုးရိမ်နဲ့! ကျွန်မ ဒီမှာရှိနေပြီပဲ၊ ရှင့်အပေါ်ကို အနိုင်ကျင့်တဲ့သူမှန်သမျှ သူတို့ကို သေသွားအောင်ကို ကျွန်မကိုက်ထုတ်ပစ်လိုက်မယ်!" လင်ရှန်းက သူမ ရင်သားတွေပေါ်ကို လက်ဖြင့်ပုတ်ရိုက်လိုက်ကာ ပြောလိုက်သည်။


လိန်ဖန်မှာ ပြောစရာစကားမရှိတော့ပါဘူး. လင်ရှန်းရဲ့လက်ဖြူဖြူလေးတွေက ရိုက်ပုတ်လိုက်တဲ့နေရာကို သူမြင်လိုက်ချိန်မှာတော့ အပူတွေက ထိုးတက်လိုက်ရုံနဲ့ ချက်ချင်းပင် သူ့ဒုံးပျံကထောင်မတ်သွားတော့သည်. လိန်ဖန်မျက်နှာလဲ နီမြန်းသွားတော့သည်။


လင်ရှန်းက လိန်ဖန်ကို မျက်နှာဖုံးတပ်လျက်ပင် မြင်နေရတာက အရမ်းကိုကျင့်သားရနေတော့ သူ့ရဲ့ပုံမှန်မဟုတ်တဲ့ မျက်နှာအမူအရာကို သဘောမပေါက်ခဲ့ပါဘူး. သူမ က စိတ်ရှုပ်သွားကာ 'သူဘာလို့ ဘာမှပြန်မပြောတော့တာလဲ သူ့မျက်နှာတွေလဲ လွှဲထားနေသေးတယ်. ဘာဖြစ်သွားတာလဲ' ထို့ကြောင့် သူမက သဘောရိုးဖြင့် လိန်ဖန်၏ရင်ဘတ်ကို ထိုးလိုက်ကာ- "ဟေး.. ကျွန်မ ရှင့်ကို ပြောနေတယ်လေ. ဘာလို့ ဘာမှပြန်မပြောတာလဲ"


ဒီလူက သူမကို ကိုင်ထားပြီး တဆတ်ဆတ်တုန်ရီနေခဲ့ကာ ပိုလို့တောင် တောင့်တောင့်ကြီးဖြစ်လာခဲ့သည်။


"ဟေး..ရှင် တစ်ခုခုဖြစ်နေတာလား။ ဒီမှာ...." သူမလက်ချောင်းတွေက အလုပ်မဖြစ်တာကို တွေ့လိုက်ရတော့ သူမက လက်နှစ်ဘက်လုံးကို လိန်ဖန်ပခုံးတွေပေါ်သို့ တင်လိုက်ကာ လှုပ်ရမ်းပြောလိုက်တယ်။


သူမ တစ်ကြိမ်လှုပ်ရမ်းလိုက်ပါတယ်. ဘာ တုန့်ပြန်မှုမှ မရှိပါဘူး။


သူမ နောက်တစ်ကြိမ်လှုပ်ရမ်းလိုက်တယ်. ဘာတုံ့ပြန်မှုမှလဲ မရှိသေးပါဘူး။


တတိယအကြိမ်မြောက်တွင်တော့ လိန်ဖန်က စကားပြောမလို့ လုပ်လိုက်ပေမယ့် လင်ရှန်းရဲ့မျက်နှာက အေးခဲရိုက်သွားတော့သည်. 'အမ်း....သူမရဲ့အောက်က အရာကြီးက .......အဲဒါကြီးဖြစ်နေမလား.....'


နှေးကွေးပြီး ဘာမှမသိနားမလည်ရှာတဲ့လင်ရှန်းက နောက်ဆုံးတော့ လိန်ဖန်ရဲ့ဒုံးပျံက ထောင်မတ်နေတဲ့အခြေအနေတစ်ခုရှိနေတယ်ဆိုတာကို နားလည်သွားတော့သည်. သူမမျက်နှာက ပြုတ်ထားတဲ့ ပုစွန်တုပ်ကွေးနီနီလေးလိုပင် အနီရောင်သို့ပြောင်းသွားတော့သည်။


"အမ်...ကျွန်...ကျွန်မ အဝတ်အစားတစ်ချို့အရင်ဝတ်လိုက်အုံးမယ်....." သူမက လိန်ဖန်၏ရင်ခွင်ထဲမှရုန်းထွက်လိုက်ရန် အနေခက်စွာဖြင့် ကြိုးပမ်းလိုက်သည်. သို့သော်လည်း သူမ အရမ်းစိတ်လှုပ်ရှားသွားပြီးတော့ သူမက ပိုလိုတောင် ကသိကအောင့်ဖြစ်လာခဲ့သည်။


အခုတော့ အလွန်သေးငယ်တဲ့ကြောင်ပေါက်လေးတစ်ကောင်လို ထွက်ပြေးဖို့လမ်းပေါက်ရှာနေရတဲ့ ပုံပေါက်နေတော့တယ်. သူမ မတ်တပ်ထမရပ်လိုက်ခင်မှာပဲ ကျောပေါ်ကို ဖုံးလွှမ်းပေးထားတဲ့အဝတ်အစားတွေက ပိုလို့ပင်အောက်သို့ လျှောကျသွားတော့သည်. အခုတော့ သူမ လည်တိုင်နှင့်ကျောဘက်နှစ်နေရာလုံးက မြူမှုန်ဝေ့ဝါးနေသော လရောင်ဖျာဖျာ၏အောက်တွင် ထွက်ပေါ်လို့လာတော့သည်။


လိန်ဖန်က အစကတော့ သူ့ကိုယ်သူထိန်းချုပ်နိုင်ဖို့အတွက် ကြီးမားများပြားစွာသော စိတ်စွမ်းအင်တွေကို အသုံးပြနေရတာဖြစ်သည်. သို့သော်လည်း ဒီမိန်းခလေးက ဘုမသိဘမသိနဲ့ သူ့ကိုလာပြီး ထိတွေ့လိုက်ပြီးတော့ ရှက်ကိုးရှက်ကန်းဖြင့် ဟိုဟိုသည်သည်ကို လူးလွန့်နေလိုက်ခဲ့သည်. ထပ်ပြီးတော့လည်း အခြားဘက်မှနေပြီး သူ့ကိုဖိနှိပ်ကာ ဒီလိုမျိုးနူးညံ့ချိုသာတဲ့ ကိုယ်သင်းရနံ့တွေဖြင့် ပိုနီးကပ်စွာလာလေလေ သူပိုပြီးတော့တောင် မထိန်းချုပ်နိုင်လေလေဖြစ်နေသည်။


လက်ရှိလောလောဆယ်မှာတော့ သူက သူ့ရဲ့ခံနိုင်ရည်စွမ်း၏ထိပ်ဖျားကို ရောက်နေပါပြီ. သူက အသံနက်နက်ရှိုင်းအောရှစွာဖြင့် - "မလှုပ်နဲ့!"


သူ့ရဲ့အသံတိုးတိုးက လင်ရှန်းကို အံအားသင့်သွားခဲ့ပြီး ခြုံလွှမ်းထားတဲ့ အဝတ်အစားတွေအကုန်လုံးပင် အောက်သို့လျှောကျသွားတော့သည်။


လွန်ခဲတဲ့အချိန်အနည်းငယ်တုန်းကတွင်ပင် အလွန်ပင်ဆူညံဆူညံဖြစ်လို့နေခဲ့သည်. ဒါပေမယ့်အခုတော့ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားတော့သည်. သူတို့နှစ်ဦးသား မျက်လုံးချင်းဖလှယ်နေပြီးတော့ လင်ရှန်းတစ်ယောက် စိတ်ထဲတွင် တစ်ခုခုကစိတ်မအေးရသလို ခံစားလိုက်ရသည်. အလွန်ပင် စိုးရိမ်ဖွယ်ရာပဲ. အလွန်တရာစိုးရိမ်ဖွယ်ရာပဲ! သူမက အလျင်အမြန်ပင် သူမရဲ့ရင်သားတွေကို ဖုံးကွယ်လိုက်ဖို့ ကြိုးစားလိုက်ပေမယ့် နောက်ကျသွားခဲ့ပါပြီ။


ကြီးမားတဲ့အားကြီးတစ်ခုက သူမအပေါ်ကို ခုန်အုပ်လိုက်ခဲ့ပြီး သူမ လှုပ်လို့မရတော့ပါဘူး. သူမလစ်ဟာနေတဲ့ကျောဘက်က သူမအဝတ်အစားတွေအပေါ်တွင် ပနံသင့်စွာဖြင့်လဲလျောင်းလိုက်မိသည်. ယောက်ျားဆန်သော ကိုယ်သင်းရနံ့က သူမအား ဝန်းရံလွှမ်းခြုံလို့နေတော့သည်။


အားအင်တွေအပြည့်ဖြည့်လိုက်ပြီးနောက်တွင် လိန်ဖန်က ကြမ်းကြုတ်ရက်စက်သော တောကောင်ကြီးတစ်ကောင်လိုမျိုး အမှောင်ထုထဲတွင် စောင့်ဆိုင်းလို့နေသည်. သူက ရုတ်တရက်ကြီး


သူမကို ခုန်အုပ်လိုက်ခဲ့ပြီး အဲဒီအချိန်တွင်တော့ လင်ရှန်းက ဘာလုပ်ရမှန်းမသိ ဘာကိုခံစားရမယ်မှန်းမသိတော့ချေ. သူမတွင် အရာအားလုံးပင် ရောထွေးနေခဲ့သည်....သူမက ကြောက်ရွံ့တုန်လှုပ်ခြင်း.. မျှော်လင့်စောင့်ဆိုင်းခြင်းနဲ့ စိတ်နှလုံး


မအေးချမ်းမတည်ငြိမ်ခြင်းများနဲ့ အရာအားလုံးရောထွေးနေခဲ့သည်. သူမကိုယ်ခန္တာကတော့ စွမ်းအားအမျှင်တွေ စုရုံးလာတယ်လို့ထင်လိုက်ရသည်. သူမ ဦးနှောက်ကနေပြီး သူမရင်သားတွေဆီ သူမရင်သားတွေဆီမှ သူမဝမ်းဗိုက်ဆီ..နောက်ဆုံး.....


'ဂလူး..လူး..လူး.....'


ဒီလိုမျိုး ပြီးပြည့်စုံနေသောအချိန်ကိုက်မှု၊ လေထု နှင့် နောက်ခံဝန်းကျင်က အသံတစ်ခုဖြင့် လုံးဝကိုဖျက်စီးလိုက်ခဲ့သည်. အဲဒီအသံကတော့ မိုးချိန်းသံလိုမျိုးပင်။


"အမ်...." လင်ရှန်းက ရှက်သွေးဖြာသွားပြီးတော့ ညွှန်ပြလိုက်တယ်.- "ကျွန်မအထင် ကျွန်မ ဗိုက်ဆာနေတယ်လို့ထင်....."


လိန်ဖန်. ".............."


လင်ရှန်းက ဆက်လက်၍သူမလက်ချောင်းဖြင့် ညွှန်ပြလိုက်ကာ- "မိုးလင်းကတည်းက ကျွန်မ ဘာမှမစားရသေးဘူး......ကျွန်မမှာ အားလုံလုံလောက်လောက်မရှိမှာ ကျွန်မစိုးရိမ်....."


လိန်ဖန်. ".............."


"တကယ်လို့ အဲဒါက အရေးပေါ်ဖြစ်နေရင်တော့ ငါ မင်းကို အဲဒါကို အချေကျဖို့ အရင်ကူညီပေးမယ်...."


သနားစရာလိန်ဖန်ကတော့ တစ်စစီပြိုလဲပျက်စီးသွားတော့သည်. သူက ဘာအမူအရာတစ်ခုမှ မပြဘဲ မတ်တပ်ထရပ်လိုက်သည်. သူက နောက်လှည့်လိုက်ပြီးတော့ ပြောလိုက်တယ်.-


"မင်း အဝတ်အစားတွေကို အရင်ဝတ်လိုက်ပါ၊ ငါ မင်းကို တောင်ပေါ်ကို ခေါ်သွားပေးမယ်"


လင်ရှန်းက သူမ မှားယွင်းသွားသလိုခံစားလိုက်ရသည်. သူမ အရမ်း အရမ်းကို မှားယွင်းသွားသလို ခံစားလိုက်ရတော့သည်။


'ကျွန်မရဲ့ပြောင်တလင်းခါနေတဲ့ဗိုက်လေးက သဘာဝကျကျကို တုံ့ပြန်လိုက်တာပါနော်. ရှင် ကျွန်မကို အပြစ်လာတင်လို့ မရဘူးနော် ဟုတ်ပြီလား? အရေးကြီးလှတဲ့အချိန်ကျမှ ကျွန်မဗိုက်ထဲကနေ မာန်ဖီလိုက်တာကို ကျွန်မလိုချင်ခဲ့တာမဟုတ်ဘူးနော်၊ တကယ်လို့ ရှင်တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင်တော့ စစ်သားတွေဖို့ ဟင်းချက်ပေးတဲ့ခေါင်းဆောင်ကိုပဲ အပြစ်တင်ရလိမ့်မယ်၊ သူ့ရဲ့ ဒီလိုမျိုးဆိုးရွားလွန်းတဲ့ဟင်းတစ်ခွက်က ကျွန်မရဲ့အစာစားချင်စိတ်ကို ပျောက်ဆုံးအောင်လုပ်လိုက်တာလေ!'


လင်ရှန်းက သူမစိတ်ထဲတွင်တော့ တစ်တွတ်တွတ်ရေရွတ်လို့နေလိုက်၍ လိန်ဖန်ရဲ့နောက်ကနေ ခပ်သုတ်သုတ်လိုက်ပါနေခဲ့သည်. လိန်ဖန်က စကားတစ်ခွန်းမှမပြောဘဲ အလွန်မြန်ဆန်သောအရှိန်တစ်ခုဖြင့် ခြေလှမ်းကျဲကျဲလျောက်လှမ်းနေခဲ့သည်. သူက အလွန်စိတ်မအီမသာဖြစ်နေရတဲ့ အခြေအနေထဲကို ရောက်နေတာကတော့ အရှင်းကြီးပါပဲ။


'ဟေး! ရှင် ဗိုက်ဆာနေတာလား ကျွန်မလည်း ဗိုက်ဆာနေတာနော်! ရှင့်ခန္တာကိုယ်တစ်ခုလုံးရဲ့လိုအပ်ချက်ကို ကျွန်မရဲ့စာရိတ်နဲ့ ဖြည့်ဆည်းဖို့ ကျွန်မအနေနဲ့ ကူညီပေးလိမ့်မယ်လို့ ​


တော့ ရှင်ကျွန်မကို မျှော်တွေးထားလို့မရပါဘူးနော်! "ဘာမှမရှိတဲ့အစာအိမ်တစ်ခုအပေါ်မှာ လုပ်ဆောင်ချက်တစ်ခုတောင် မှန်မှန်ကန်ကန်မလုပ်နိုင်ဘူး မဟုတ်လား" ဒီလိုပြောတာကို ရှင်မကြားဖူးဘူးလား. လူတွေက တစ်နပ်ပြီးတဲ့နောက်မှာ ကြောက်စိတ်ဝင်သွားတတ်ကြတယ်. ကျွန်မကတော့ နှစ်နပ်စာ မစားနိုင်ဘူး. ရှင်ကကျွန်မကို ကိုယ်ကာယလေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်ကြီး လုပ်စေချင်နေတာလား။ ကျွန်မ သေသွားလိမ့်မယ်။


********


End....