အပိုင်း(၄၆)
လင်ရှန်းက ဆိတ်ဆိတ်ငြိမ်လျက်နဲ့ပင် စိတ်ထဲတွင်တော့ တစ်တွတ်တွတ် အော်ဟစ်လို့နေပေမယ့် သူမက လိန်ဖန်ကို အသံထွက်ပြီးတော့ အော်မပြောရဲပေ. လိန်ဖန်နှင့်တုဟောင်က မတူညီတဲ့ပင်ကိုယ်စရိုက်လက္ခဏာတွေရှိသော်ငြား သူတို့နှစ်ယောက်က အမွှာညီအကိုတွေပင်. သူတို့ ဒေါသထွက်နေသည့်အချိန်တောင်မှ သူတို့နှစ်ယောက်လုံးက လူတစ်ယောက်မှ အနားမကပ်ရဲလောက်တဲ့အထိတောင် ဖိန့်ဖိန့်တောက်အရှိန်အဝါတွေပိုင်ဆိုင်ထားကြပါတယ်။
ဒီနေရာမှာ ဘာတွေဖြစ်ပျက်သွားခဲ့ကြတာများလဲ? သိရသလောက်တော့ ယောက်ျားတစ်ယောက်၏ ကိုယ်ပိုင်ထောင်မတ်မှုက ကြားဖြတ်နှောင့်ယှက်ခြင်းခံလိုက်ရတဲ့အခါ သူ့ကိုယ်ခန္တာက ပရမ်းပတာအခြေအနေတစ်ခုထဲကိုရောက်နေရပါတယ်....တကယ်လို့ လိန်ဖန်သာ သတိမရှိခဲ့ရင်တော့ ဖြစ်နိုင်တာက သူတော့ သင်းကွပ်စရာမလိုဘဲနဲ့ 'နေကြာပန်းကျင့်စဉ်' ကို ကျင့်ကြံနေရပါလိမ့်မယ်!
ဒီအကြောင်းတွေကို တွေးတောမိလိုက်ရင်း လင်ရှန်းတစ်ယောက် ပိုပိုလို့ပင် လိန်ဖန်နှင့် စကားပြောဆိုရမှာကိုပင် စိုးထိတ်နေရသည်. သူမလုပ်နိုင်တာအကုန်လုံးကတော့ သူမခြေလှမ်းကို ခပ်သုတ်သုတ်လှမ်းပြီးတော့ သူ့နောက်ကနေ အမှီလိုက်နေဖို့သာပဲ တတ်နိုင်ပါတယ်။
လိန်ဖန်အတွက်ကတော့ ကိုယ်လက်နှီးနှောချင်စိတ်တွေက ကြားဖြတ်နှောက်ယှက်ခံရမှုကြောင့် သူ တကယ့်ကိုပင် အလိုဆန္ဒမပြည့်ဝဖြစ်သွားခဲ့သည်. ကျမ်းမာတဲ့ဘယ်ယောက်ျားမဆို သူ့ကိုယ်ပိုင်နေရာထဲတွင် တစ်ဝက်တစ်ပျက်ကြီးရပ်တန့်လိုက်တာက ကမောက်ကမတွေ ဖြစ်ပေါ်စေနိုင်သည်. တကယ်လို့ သူကသာ သူမအနားကို နောက်ထပ်ကပ်မိသွားခဲ့ရင်တော့ သူကိုယ်သူ မထိန်းချုပ်နိုင်မှာကိုလည်း စိုးရိမ်နေမိသည်. ထို့ကြောင့် လင်ရှန်းနှင့် ဘာတစ်ခုမှမထိတွေ့ဖို့ကို ရှောင်ရှားဖို့ရာပဲ ရှေ့ကိုပဲ အသည်းအသန်လျှောက်လှမ်းနေလိုက်တော့သည်။
ခဏကြာပြီးနောက်တွင် လိန်ဖန်တစ်ယောက် သူ့ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းတွေက တဖြည်းဖြည်းချင်းစီဖြင့် သူ့ကိုယ်ခန္တာဆီ ပြန်ရောက်ရှိလာတော့သည်. ဒါ့ကြောင့် သူ လင်ရှန်းကိုစောင့်ပြီးတော့ ဖြည်းဖြည်းလေးပဲ ပြန်လျှောက်လိုက်တော့ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း လိန်ဖန်က လင်ရှန်းထက်ကိုအရပ်ပိုရှည်ပြီး လူကောင်ပိုကြီးမားတော့လည်း သူမက အတော်လေးပင်အမှီလိုက်လာခဲ့ရပြီး သူ့ကိုလိုက်မှီဖို့ရန်အလိုငှာ သူမမှာ ခုန်ပြန်ကျော်လွှားပြီး အပြေးလိုက်နေခဲ့ရသည်. လိန်ဖန်က ရုတ်တရက်ကြီး အရေးပေါ်ဘရိတ်အုပ်လိုက်မယ်လို့ လင်ရှန်း မထင်ထားခဲ့တော့ သူမက သူနှင့်တည့်တည့်ကြီး ဝင်တိုက်မိသွားတော့သည်။
သေးသွယ်တဲ့မိန်းကလေးတစ်ယောက်က နှစ်နှစ်ဆယ်ကျော်လောက် ကိုယ်ခံပညာလေ့ကျင့်ထားသော သန်မာတဲ့ယောက်ျားတစ်ယောက်နဲ့ ဝင်တိုက်မိတာက ကောင်းတဲ့အရာ ဘာတစ်ခုမှရလဒ်ထွက်မလာနိုင်ပေ. လင်ရှန်းတစ်ယောက် သူမကိုယ်သူမ နံရံတစ်ခုထဲသို့ ပစ်ပေါက်ခံလိုက်ရသလို သူမ ကမ္ဘာကြီးထဲတွင် ချာချာလည်သွားပြီး ကြယ်တွေလတွေကို မြင်လိုက်ရတော့သည်။
သူမလှုပ်ရှားမှုတွေကို ပြန်တည်ငြိမ်လိုက်ရဖို့ စက္ကန့်အနည်းငယ်လောက်ကြာတဲ့အထိပင် အချိန်ယူလိုက်ရပြီးနောက် သူမခြေကျင်းဝတ်လည်သွားကြောင်းကို သူမသိလိုက်တော့သည်။
လိန်ဖန်တစ်ယောက် ပြောစရာစကားပင်မရှိဖြစ်သွားခဲ့သည်. ဒီကောင်မလေးက ဂြိုလ်မွေတဲ့ဝိညာဉ်တစ်ခုမှ ပြန်ဝင်စားလာတာပဲဖြစ်ရမယ်. သူ့မျက်လုံးတွေကို သူမအတွက် ခဏလောက်တောင် မှိတ်ထားမိလိုက်သွားပြီး သူမကတော့ ကမောက်ကမအခြေအနေထဲမှာ အဆုံးသတ်ခဲ့တော့သည်။
သို့သော်လည်း သူမကြောင့် သူ့မှာ မချင့်မရဲဖြစ်သွားခဲ့သော်လည်း မြေကြီးပေါ်မှာ ဒဏ်ရာအနာတရနဲ့လဲကျနေသည့် သူမကို သူမြင်လိုက်ရတော့ သူ့နှလုံးသားက အလိုအလျောက်ပင် ပျော့ပြောင်းလို့သွားသည်။ လိန်ဖန်က သူမကိုထူမပေးဖို့ရာ သူ့ကိုယ်ကို ကိုင်းညွတ်လိုက်ခဲ့သည်။
လင်ရှန်း၏ခြေကျင်းဝတ်က အဆစ်လွဲသွားခဲ့သည်. သူမပါးစပ်ထဲက သွားတွေအက်သွားအောင်ကြိတ်လိုက်မိသည်အထိပင် အလွန်နာကျင်သွားရသည်.ယ လိန်ဖန်က သူမကို ဘယ်လိုတောင်အရင်လျစ်လျူရှုလိုက်တာကို တွေးမိလိုက်တော့ သူမက 'ဟွန့်' ဆိုသောအသံတစ်ခုထုတ်လိုက်ပြီး သူမခေါင်းကိုလွှဲလိုက်သည်. သူမကို ထူပေးဖို့ လိန်ဖန်လက်ကမ်းပေးလိုက်တာကို သူမကလည်း လျစ်လျူရှုလိုက်တော့သည်။
လိန်ဖန်က အရင်က ဒီလိုမျိုး အခြေအနေတစ်ခုနဲ့ တစ်ခါမှ မတွေ့ကြုံဖူးခြင်းမရှိခဲ့ပေ. သူ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ချေ. ထို့ကြောင့် သူက ဆက်လက်၍ပင် သူ့လက်တွေကို ကမ်းပေးထားပြီး သူမကို အာရုံစူးစိုက်စွာဖြင့် စိုက်ကြည့်လိုက်ခဲ့သည်။
လင်ရှန်းက စိတ်ဆိုးနေသလိုမျိုးမျက်နှာလွှဲပစ်ပြီး 'မျက်နှာ'သာပေးအလိုလိုက်မှုလေးတစ်ချို့ကို ပြန်ရယူဖို့ စီစဉ်ထားခဲ့ပေမယ့် အဲဒီအစား လိန်ဖန်ထံက သူမကို မမှိတ်မသုန်စိုက်ကြည့်ပြီး အရင်တောင်းပန်ခယလာခြင်းကို ရရှိခဲ့သည်။
အချိန်ခဏလေးအတွင်းမှာပဲ လင်ရှန်းတစ်ယောက် သူမရဲ့စိတ်မလုံမလဲဖြစ်နေမှုက အသိစိတ်ကို လှုံ့ဆော်လိုက်ခြင်းခံလိုက်ရသည်။
သူတို့ထဲကတစ်ယောက်ကတော့ ခါးကုန်းကာ လက်ကမ်းပေးနေပြီးတော့ နောက်တစ်ယောက်ကတော့ ဖင်ထိုင်ချနေသည်. အကြိတ်အနယ်ပင် ယှဉ်ပြိုင်နေကြသလိုပါပဲ။
အဆုံးတွင်တော့ လင်ရှန်းက အရှုံးကို ဝန်ခံလိုက်ပြီးတော့ သူမလက်ကို ကိုးရိုးကားရားစွာဖြင့်ပင် ကမ်းပေးလိုက်သည်။
သူမလက်ဆန့်ထုတ်လိုက်တဲ့အခိုက်မှာပဲ လိန်ဖန်ကသူမလက်ကို ဖမ်းဆုပ်ကိုင်လိုက်တော့ မြေကြီးပေါ်ကနေပြီး တရှိန်ထိုးအားအင်တစ်ခုဖြင့် သူမကိုဆွဲထူလိုက်သလို ခံစားလိုက်ရသည်။
လင်ရှန်းရဲ့ခြေထောက်တွေက မတ်မတ်ပင်မရပ်နိုင်ဘဲ သူမက လိန်ဖန်အပေါ်သို့ မှီချလိုက်ရသည်. သူတို့နှစ်ယောက်လုံးပင် သူတို့တွေ ရေပူစမ်းထဲမှ အဖြစ်အပျက်ကို ပြန်စဉ်းစားမိလိုက်ကြပြီး တောင့်တောင့်ကြီးဖြစ်ကာ အေးခဲသွားကြတော့သည်။
"မင်း လမ်းလျှောက်နိုင်ရဲ့လား" လိန်ဖန်က တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်သည်။
လင်ရှန်းက ခေါင်းညိတ်ပြလိုက်သည်. သို့သော်လည်း သူမခြေကျင်းဝတ်က မြေကြီးပေါ်ကိုထောက်လိုက်တဲ့အခါမှာတော့ သူမနဖူးပြင်ကြီးက တွန့်လိမ်လို့သွားတော့သည်. သူမအော်ဟစ်လိုက်တော့သည်.- "နာတယ်. နာတယ်. နာလိုက်တာ......!!!!"
"ငါတစ်ချက်ကြည့်လိုက်အုံးမယ်" လိန်ဖန်က ကုန်းလိုက်ခဲ့ပြီး လင်ရှန်းရဲ့ရှူးဖိနပ်ကို ချွတ်လိုက်ကာ သူ့လက်ဖြင့် သူမချေကျင်းဝတ်ကို တင်းမာစွာဖိချလိုက်တယ်။
"အားရား!" ဝက်လေးတစ်ကောင် အမဲဖျတ်ခံလိုက်ရသည့်အတိုင်း လင်ရှန်းကြောက်လန့်တကြား စူးရှစွာအော်ဟစ်လိုက်ခဲ့တော့သည်. 'ဒါလက်စားချေလိုက်တာ! လုံးဝကို လက်စားပြန်ချေလိုက်တာပဲ!' သူမ အလွန်နာသွားတာကြောင့် မျက်ရည်တွေသွန်စီးကျလာတော့သည်။
"ကျိုးသွားတာတော့ မဟုတ်ဘူး အဆစ်လည်သွားရုံပါပဲ" လိန်ဖန်က သူမဖိနပ်ကို ပြန်စီးပေးလိုက်ပြီး အဆိုပြုလိုက်သည်. တောင်ပေါ်လမ်းတွေကြေင့် ရှုးဖိနပ်က ရွှံ့တွေလူးပလူးနေခဲ့သည်. သို့သော်လည်း လိန်ဖန်က စိတ်ထဲတွင်ထည့်မထားခဲ့ပေ။
လိန်ဖန်က လင်ရှန်းရဲ့ဖိနပ်နှင့်ခြေအိတ်ကို စိတ်ရှည်လက်ရှည်ဖြင့် ပြန်စွတ်ပေးခဲ့သည်.
သူမခြေကျင်းဝတ်ပေါ်ကို သူ့လက်တွေရောက်သွားချိန်တွင် လင်ရှန်းတစ်ယောက် သူမနှလုံးသားထဲထိရောက်အောင်ပင် နွေးထွေးတဲ့ခံစားချက်က စီးဆင်းနေသလို ခံစားလိုက်ရသည်. မသိစိတ်၏လှုံ့ဆော်မှုအရပင် လင်ရှန်း အလိုလိုပင်တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
လင်ရှန်းရဲ့အတွင်းစိတ်ထဲတွင်တော့ သူမလုပ်ရပ်က ကျိုးကြောင်းဆီလျော်မှုမရှိမှန်း သူမကိုယ်သူမ လဲ သိပါတယ်. သို့သော်လည်း သူမ အမှားလုပ်မိသွားသလို ခံစားမိပြီးတော့ ပြန်ပြီးတော့ အဖက်ဆယ်ချင်နေမိသည်. ဒါပေမယ့် ဒီလိုအပြုအမူမျိုးက လိန်ဖန်အပေါ်တွင် အလုပ်မလုပ်တာတော့ အရှင်းကြီးပါပဲ. အဲဒီအစား အဲဒါက သူမကို အလိုလိုက်ခံထားရပြီးဆိုးသွမ်းနေတဲ့ပုံ ပေါက်သွားစေလိုက်သည်. သူမက စိတ်မသိုးသန့်စွာနဲ့ နောင်တရမိသွားပြီး နောက်ဆုံးတော့ ပြဿနာရှာနေတာကို ရပ်လိုက်တော့သည်။
လင်ရှန်း ငြိမ်သက်သွားတာကို တွေ့လိုက်ရတော့ လိန်ဖန်တစ်ယောက် သူ့ရင်ထဲတွင် ပြန်စိတ်အေးသွားရတော့သည်. သူက နောက်ပြန်လှည့်လိုက်ပြီးတော့ သူ့ကျောကို သူမနှင့်မျက်နှာမူလိုက်ကာ ညင်သာစွာပြောလိုက်တယ်. "တက်လိုက်.. ငါ မင်းကို သယ်သွားပေးမယ်"
လင်ရှန်းက အခုတော့လိမ္မာရေးခြားရှိနေပြပြီ. သူမက ဘာတုံ့ဆိုင်းခြင်းမှမရှိဘဲ သွက်လက်စွာဖြင့်ပင် လိန်ဖန်ကျောကုန်းပေါ်သို့ တက်လိုက်သည်. သူမလက်မောင်းတွေက သူ့လည်ပင်းပေါ်တွင် အမှီပြုဖို့အတွက် တွဲခိုလိုက်ပြီး သူမတစ်ကိုယ်လုံးက ချက်ချင်းပင် အေးစက်နေရာမှ နွေးထွေးလာတော့သည်. သူမ အနာတောင်မှသက်သာသွားသလို ခံစားလိုက်ရတယ်. သူမ ပိုပြီးတော့တောင် တိုးကပ်ချင်နေမိသွားသည်။
လိန်ဖန်က လင်ရှန်း သူ့ကျောပေါ်ကို ဒီလောက်မြန်မြန်ဆန်ဆန်ကြီး တက်လိုက်မယ်လို့ မထင်ထားခဲ့ပါဘူး. ထိုအချိန်အခိုက်အတန့်တွင် သူက ယုံကြည်အားကိုးခြင်းခံလိုက်ရသလို ခံစားလိုက်ရသည်. ထိုအရာက မေ့ဖျောက်လို့မရမည့် ခံစားချက်တစ်ခုလိုပင်. မိန်းကလေးတစ်ယောက်က သူ့ကိုသာ ချစ်မြတ်နိုးပြီး သူ့ကို အားကိုးခြင်းခံလိုက်ရတဲ့အချိန်တွင်တော့ သူမကို သယ်ဆောင်ထားရတာက သူမဘဝတစ်ခုလုံးအတွက်ပါ တာဝန်ရှိသွားသလိုမျိုးပင်. သူ လုံးဝကို ထွက်သွားခွင့်မပေးချင်တော့ဘူးပဲ.....
လေထုကပြောင်းလဲသွားသလို လင်ရှန်းက ရုတ်တရက်ထင်လိုက်မိသည်. သူတို့နှစ်ယောက်လုံးဘာစကားတစ်ခွန်းမျှ မပြောဖြစ်ကြပေမယ့်လည်း အဲဒါကတစ်ယောက်ယောက်ကအရင်စပြောဖို့ကို အကြာကြီးစောင့်နေရသလိုမျိုးထင်ရသည်. ဘာတစ်ခုမှ သူတို့ပါးစပ်တွေ ဖွင့်လိုက်တဲ့အချိန်ရောက်တဲ့တိုင် ဘာအကြောင်းမှ ထွက်မလာခဲ့ချေ။
ထို့ကြောင့် လင်ရှန်းက ဆိတ်ဆိတ်နေဖို့ပဲ ဆုံးဖြတ်လိုက်ပြီး ပိုပြီးတင်းအောင်သာ တွဲခိုထားလိုက်သည်. လိန်ဖန်၏ကိုယ်အပူငွေ့တွေက အလွန်သက်တောင့်သက်သာရှိလွန်းလှသည်။
သူတို့ဒီအတိုင်း ဆက်ပြီးတော့လမ်းလျှောက်မယ်ဆိုရင်တော့.....မကောင်းတဲ့အချိန်တစ်ခုလို့ ထင်ရမှာမဟုတ်ပါဘူး။
လင်ရှန်းစိတ်ထဲကို ဒီအတွေးတွေက ရုတ်ခနဲဆိုသလိုဝင်ရောက်သွားပြီး သူမ ရုတ်တရက် နန်းတော်အကြောင်းကို သတိရသွားတော့သည်. သူမရဲ့ပုံရိပ်အစစ်အမှန်..လိန်ဖန်၏အတိတ် နှင့် အရာအားလုံးကိုပင်.... သူမ တစ်စုံတစ်ခုကိုအလွန်အမင်း စိတ်လိုက်မာန်ပါလုပ်လိုက်ချင်သွားတော့သည်။
"လိန်ဖန်" သူမအသံကပေါ့ပါးပြီးပျော့ပြောင်းနေသည်. သူမရဲ့ပုံမှန်ပြောနေကျအသံကနေ အလွန်ကွာခြားနေသည်။
"ဘာပြောမလို့လဲ" လိန်ဖန်က မေးလိုက်တယ်။
"တကယ်လို့ ....ကျွန်မ..ပြောချင်တာက..တကယ်လို့....." သူမ ရပ်သွားသည်. "တကယ်လို့ နန်းတော်ထဲကို ကျွန်မတို့ ပြန်မသွားခဲ့ရင်.....ရှင်ဘယ်လိုထင်လဲဟင်"
သူမအသံက တိုးတိမ်နေပေမယ့် အဲဒါက လိန်ဖန်ကို အေးခဲသွားစေဖို့တော့ လုံလောက်နေသည်။
ညက မှောင်မိုက်လို့နေပြီး လမင်းကြီးက ကောင်းကင်တွင် တွဲလွဲချိတ်နေပါပြီ. တောင်တန်းလေတွေက တောနက်ကြီးထဲကို ဖြတ်ကာတိုက်နေပြီး သစ်ရွက်တို့ တရွှမ်းရွှမ်းမြည်သံကို ကြားနေရသည်။
အရာခပ်သိမ်းဆိတ်ငြိမ်လျက်ရှိနေသောညတစ်ညက အလွန်ပင်ပေါ်လွင်ထင်ရှားနေပေမယ့် လင်ရှန်းရဲ့နှလုံးသားထဲတွင်တော့ မငြိမ်သက်နိုင်ရှာချေ. အလွန်ကျယ်လောင်စွာပင် မြည်ဟည်းနေသည်. သူမက လိန်ဖန်ထံမှ သင့်တော်တဲ့အဖြေတစ်ခု ပြန်ကြားရဖို့ကို ရှည်ကြာစွာစောင့်နေရသည်။
ဒါပေမယ့် သူမ ဘာအဖြေတစ်ခုမှ ပြန်မရခဲ့ပါဘူး။
ထိုအချိန်အခိုက်အတန့်တွင် လင်ရှန်းက ဘာကိုခံစားရတာမှန်းကို မသိတော့ပေ. တစ်ချိန်တည်းမှာပင် သူမ စိတ်လဲစိတ်ပျက်၊ ဒေါသလဲထွက်လို့သွားသည်. သူမ လက်ချောင်းတွေက လိန်ဖန်ကို အလွန်တင်းကျပ်စွာဆုပ်ထားနေမိပြီး သူမရဲ့ လက်သည်းခွံတွေတောင် ဖြူဆွတ်လာတော့သည်. ငြိမ်သက်စွာဖြင့် ဘာစကားတစ်ခွန်းမှလဲ မပြောမိတော့ပေ။
တိတ်ဆိတ်ငြိမ်သက်မှုက စိတ်မရှည်စွာပင် ရှည်လျားသွားနေသည်. လိန်ဖန်က နောက်ဆုံးတွင် အလွန်ရှည်ကြာသော အချိန်တစ်ခုကြာပြီးနောက် စကားစပြောလာသည်. – "မင်းက စုန့်လောင်မဟုတ်ဘူး. ငါ ပြောတာ မှန်ရဲ့လား
ဒီလိုလျှပ်တစ်ပျက်မေးခွန်းက လင်ရှန်းကို အငိုက်မိသွားပြီး အံအားသင့်ကာ ဆွံ့အသွားခဲ့သည်. သူမက ဒီအကြောင်းကို ခံငြင်းချင်ပေမယ့် သူမ မငြင်းလိုက်ခဲ့ပေ။
"မင်းရဲ့နာမည်အစစ်က ဘာလဲ" လိန်ဖန်က မေးလိုက်တယ်။
"လင်ရှန်း......" လင်ရှန်းက အသံတိုးတိမ်စွာဖြင့် တီးတိုးလေးရေရွတ်ပြောလိုက်တယ်။
"လင်ရှန်း......" လိန်ဖန်က သူမနာမည်ကို ထပ်ခါတလဲလဲရေရွတ်လိုက်သည်. ပြီးနောက် သူက သူကိုယ်သူပြောလိုက်သလိုပင် -
" အသံထွက်က စုန့်လောင်ထက်တော့ ပိုကောင်းတယ်...."
လင်ရှန်းက ပထမဆုံးအကြိမ်အဖြစ် အားအင်ကုန်ခမ်းသွားသလို ခံစားရသည်. ပထမတုန်းကတော့ သူမက လိန်ဖန်ကို စိတ်ဆိုးနေခဲ့သည်. သူမကို အဖြေတစ်ခု ပြန်မပေးတဲ့အတွက် ဒါပေမယ့် အခုတော့ သူမက သူ သူမကို အဖြေတစ်ခုမှ ပြန်မပေးခဲ့တာက သူမက သူ့ကို ညာထားတယ်ဆိုတာ သူသိထားခဲ့လို့ဆိုတာ နားလည်လို့သွားတော့သည်. သူက သူမရဲ့အတိတ်ကို မသိခဲ့ပါဘူး. သူက သူမ ဘဝကို မသိခဲ့ပါဘူး. သူက သူမ နာမည်အစစ်မှန်ကိုတောင် မသိထားခဲ့ပါဘူး။
ရင်းနှီးကျွမ်းဝင်မှုတစ်ခုက ယုံကြည်မှုအပေါ်မှာ အခြေခံထား မသင့်ဘူးလား? သူမက သူ့ကို အများကြီး ဖုန်းကွယ်မထားသင့်ပေ။
"တကယ်တော့. ကျွန်မ......" လင်ရှန်းက ရုတ်တရက် အရာအားလုံးကို ရှင်းပြချင်သွားသည်။
"နန်းတော်က မင်းကိုရှာဖို့ လျို့ဝှက်အထောက်တော်တွေအများကြီး လွှတ်ထားတယ်" လိန်ဖန်က သူမကို ဖြတ်ကာပြောလိုက်သည်။
ဟင်? လင်ရှန်း အလွန်အံ့အားသင့်သွားခဲ့သည်. စကားလုံးတွေက သူမပြောထွက်ချင်ပေမယ့် လည်ချောင်းထဲတွင် တစ်ဆို့နေခဲ့တော့သည်။
"သူတို့ မင်းကိုရှာတွေ့သွားရင် ဘာဖြစ်မလဲဆိုတာ မင်းတွေးထားသေးလား? ရှာတွေ့ပြီးသွားရင်ရော မင်းက စုန့်လောင်အစစ်မဟုတ်တာကို ရှာတွေ့သွားခဲ့ရင်ရော? တကယ်တော့ ယောက်ျားလေးတစ်ယောက်တောင် မဟုတ်ခဲ့ဘူး မဟုတ်လား? ဒီအကျိုးဆက်တွေကိုရော မင်းတွေးထားခဲ့သေးလား?"
"ကျွန်မ....." လင်ရှန်း ဘာပြောရမှန်း မသိတော့ချေ. ဟုတ်သားပဲ သူမ ဒီအကြောင်းကို အရင်က စဉ်းစားထားခဲ့သေးတာပဲလေ.. "ကျွန်မ စဉ်းစားထားခဲ့တာက ကျွန်မ ထွက်သွားတာကြာသွားခဲ့ရင်. အဲဒါက ဖြစ်နိုင်....."
"အဲဒါက အဆင်ပြေနိုင်ပါ့မလား? မင်းက အရမ်းနုံအလွန်းတာပဲ. မင်းက အင်ပါယာကို အရှုးတစ်ယောက်လို့ ရိုးရိုးလေးတွေးထားတာလား? ဒီနေ့လို သူ့ရဲ့နေရာကိုရယူဖို့ သူ့အတွက် လွယ်လွယ်လေးမဟုတ်ခဲ့ဘူး. ဒါ့အပြင့် လျို့ဝှက်
အထောက်တော်တွေက လေ့ကျင့်မှုတွေအများကြီးကို အထူးလေ့ကျင့်ဖြတ်ကျော်ထားခဲ့ရတာ၊ တကယ်လို့ သူတို့က လူတစ်ယောက်ကို ရှာချင်တယ်ဆိုရင် သူတို့က အဲဒီလူကို ရအောင်ကို ရှာနိုင်တယ်"
လင်ရှန်းက အံ့အားသင့်ကာ တုန်လှုပ်သွားတော့သည်။
'ဘာကိစ္စကြီးပဲ ဖြစ်နေနေ သူတို့က ငါ့ကိုရှာနိုင်ကြမှာလား? အဲဒါဆို အဓိပ္ပာယ်က ငါ နန်းတော်ထဲကနေ လုံးဝ ထွက်သွားလို့မရတော့ဘူးပေါ့။ ဒီအဓိပ္ပာယ်က ငါရဲ့ သရုပ်မှန်ကို တစ်သက်လုံးဖုန်းကွယ်ထားရမှာလား? ဒီအဓိပ္ပာယ်က ကျန်ရှိတဲ့ငါ့တစ်ဘဝလုံးကို အခြားလူတစ်ယောက်အဖြစ်နဲ့ ဟန်ဆောင်ပြီးတော့ပဲ နေရမှာလား'
"မဟုတ်ဘူး....." လင်ရှန်းက သူမခေါင်းကိုခါရမ်းလိုက်ပြီး သူမတစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်. _ " ဒါ က အဲလိုမျိုး မဖြစ်သင့်ဘူး၊ ငါဒီလိုမျိုးကြီးကို မလိုချင်ဘူး.... ငါ ငါ့ကိုယ်ငါပဲ လိုချင်တယ်...ငါ....."
"ဟုတ်တာပေါ့ မင်းက မင်းကိုမင်း လိုချင်လို့ရတာပေါ့!" လိန်ဖန်က ရုတ်တရက် သူမကို အောက်ကိုချလိုက်တယ်. လျင်မြန်စွာဖြင့်နောက်ကိုပြန်လှည့်လိုက်ပြီးတော့ တည်ငြိမ်စွာဖြင့်လင်ရှန်းကို စိုက်ကြည့်လိုက်သည်။
လင်ရှန်း၏မျက်လုံးတွေက ငေးငိုင်တွေဝေနေပြီးတော့ ကြည့်ရတာ စိတ်လွတ်နေသည့်ပုံပေါက်နေသည်။
"စုန့်လောင် သေသွားရခြင်းကသာ လင်ရှန်းဘဝနဲ့ နေသွားနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ" လိန်ဖန်က ပြောလိုက်သည်။
*********
End.....