Chapter 19
ဆက်လက်တိုက်ပွဲဝင်
"အစ်ကိုကြီး..."
ကျန်းကျန့် ငါးတစ်ကောင်သယ်လာသည်ကိုမြင်သောအခါ ကျန်းချောင်ရှန့် သူ့မျက်နှာမှာ အံ့သြမှုတစ်ခု ပေါ်လာပြီး
မသေချာမရေရာ အော်ခေါ်လိုက်သည်။
သူ့လက်ထပ်ပွဲပြီး ဒုတိယနေ့မှာ ကျန်းကျန့် စိတ်လွတ်ထွက်သွားသည်ကို တွေ့ခဲ့ရပေမဲ့ သူသိပ်အလေးအနက်မထားခဲ့ပါခေ ယခုမူကား...သူ့အစ်ကိုအကြီးဆုံးက တခြားလူတစ်ယောက်လိုမျိုးဖြစ်နေသည်။
ကျန်းချောင်ရှန့်တစ်ယောက် ကျန်းကျန့်ကို မြင်မြင်ချင်း အံ့အားသင့်သွားပြီး ဒုတိယတစ်ခါအကြည့်တွင် သူ့အစ်ကိုအကြီးဆုံးက သူ့အဝတ်အစားဝတ်ထားသည်ကို မြင်လိုက်ရသောအခါ ရွံရှာသွားသည်။
သူ့အစ်ကိုအကြီးဆုံးက သူ့အိမ်ကိုပြောင်းသွားပြီဟု သားသတ်သမားကျန်းဆီက ကြားသိခဲ့ရပေမဲ့ ထိုလူက သူ့အဝတ်အစားဝတ်လိမ့်မည်ဟု မထင်ထားခဲ့ပါချေ။ကျန်းချောင်ရှန့်က သူ့ပစ္စည်းများကို အခြားသူများ ထိတွေ့ကိုင်တွယ်သည်ကို မကြိုက်ပေ။ခဏတာမျှအတွင်းမှာ သူ ကျန်းကျန့်နှင့်ပတ်သက်ပြီး မနှစ်မြို့ဖြစ်သွားသည်။
"ချောင်ရှန့်... ဒါက မင်းအစ်ကိုကြီးလား"
ကျန်းချောင်ရှန့် ခေါ်ဆောင်လာသည့်လူက ကျန်းကျန့်ကို ပြုံးပြီး ကြည့်နေတသည်။
အနှီလူ၏အမည်မှာ ယန်ကျင်းဖြစ်ပြီး၊ သူသည် အမှန်တကယ်ပင် ရုံးတော် အရာရှိတစ်ဦးဖြစ်သည်။
ဟယ့်ချန်စီရင်စုရှိ ရုံးတော်အရာရှိ၏ရာထူးကို အခြေခံအားဖြင့် မျိုးဆက်တစ်ခုမှတစ်ခုသို့ အဖေဖြစ်သူကနေ သားဖြစ်သူဆီ လွှဲပြောင်းပေးလေ့ရှိသည်။ဤအလုပ်ကြောင့် ဆီဖြစ်စေ ရေဖြစ်စေ အလွယ်တကူ ရနိုင်လေသည်။ ထို့ကြောင့် ရုံးတော် အရာရှိများသည် ယေဘုယျအားဖြင့် ကောင်းမွန်သောဘဝရှိကြပြီး ၎င်းတို့သည် မျိုးဆက်ပေါင်းများစွာ ဆက်လက်၍ ချမ်းသာကြွယ်ဝလာကြသည်။
သို့ပေမဲ့ အနှီယန်ကျင်းက မတူပေ သူက လောင်းကစားကို ကြိုက်နှစ်သက်သည်။သူက အမြဲ သူ့ပိုက်ဆံတွေ အကုန်ရှုံးတတ်ပြီး ဆိုးရွားသည့်ဘဝမှာနေနေရသည်။ထို့အတွက်ကြောင့် ကျန်းချောင်ရှန့်က လူအချို့ကို ခြောက်လှန့်ကူညီရန် တောင်းသောအခါတွင် သူသည် အပိုငွေအနည်းငယ်ရှာရန် ဆန္ဒရှိခဲ့သည်။
"ဟုတ်တယ် ...ဒါ ကျွန်တော့် အစ်ကိုအကြီးဆုံးပါ"
ကျန်းချောင်ရှန့်က ကျန်းကျန့်ကို ထပ်မံ ကြည့်လိုက်သည်။
“အစ်ကိုကြီး...ကျွန်တော်တို့နဲ့ အိမ်ပြန်လိုက်ခဲ့ပါ”
ကျန်းကျန့်ဆီက အနိုင်ကျင့်ခံရပြီးနောက် အဘွားကြီးကျန်းက ပြဇာတ်ခင်းပွဲရှာလိမ့်ဦးမည်ဖြစ်သော်လည်း ကျန်းချောင်ရှန့်က ထိုသို့လုပ်ရန် ဝန်လေးနေခဲ့သည်။သူ ၎င်းကို ရွာသူရွာသားတွေ မမြင်စေချင်ပေ။
ကျန်းကျန့်က ကျန်းချောင်ရှန့်ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ထပ် သူ့ဘေးနားက အရာရှိကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
တစ်ခုခုမှားနေပြီဟု သူခပ်ရေးရေး ခံစားရသည်။
သူက ဤရက်ပိုင်းမှာ ရမ်းရမ်းကားကား ပြုမူခဲ့ပေမဲ့ သိပ်မလွန်သေးပါချေ။ အမှန်တကယ်တွင် ကျေးလက်မှာ သူ့ထက် ပိုမိုတရားလွန်အောင်ပြုမူသောလူများစွာရှသည်။ အရက်သေစာ သောက်စား၊ လောင်းကစားလုပ်၊ မိသားစုပိုင်ပစ္စည်း ပျက်စီးအောင်လုပ်၊ ဇနီးမယားကို ရိုက်နှက်၊ သက်ကြီးရွယ်အိုတွေကို နေအိမ်ကနေ နှင်ထုတ်ပြီး ကိုယ့်ဘာသာကိုယ် သေစေသောမိသားစုများ၊ အိမ်နီးနားချင်းကို အန္တရာယ်ပြု၊ကြက် ခိုး . . .စသဖြင့်
ဟယ့်ရှီရွာနှင့်ဟယ့်ရှီရွာအနီးရှိ ရွာများတွင် သူ့ထက်ဆိုးသော လူများစွာရှိခဲ့သည်။
ထိုကဲ့သို့သောလူများအတွက်ဆိုလျှင် ဤလူအများစုသည် ရက်စက်ကြမ်းကြုတ်ပြီး မည်သူမှ မစော်ကားဝံ့သောကြောင့် လူတွေကအများဆုံး စကားအနည်းငယ်ပြောကြလိမ့်မည်။ ထို့ကြောင့် ကျန်းကျန့် ဘယ်တုန်းကမှ သူ့အတွက်သူ မရပ်တည်ခဲ့ပေမဲ့ ယခု . . .ကျန်းချောင်ရှန့်က ရုံးတော်အရာရှိတစ်ယောက်နဲ့ ဒီကိုလာပြီး ဘာလုပ်ချင်တာလဲ...
ကျန်းကျန့် ကျန်းချောင်ရှန့်ကို ခုခံကာကွယ်လိုမှုအပြည့်ရှိသည့်အကြည့်နှင့် ကြည့်ပြီးနောက် ဖြည်းညှင်းစွာ စိတ်ဖြေလျှော့လိုက်သည်။ စစ်သားများသည် အမြဲတမ်း ဘယ်အခြေအနေကိုမဆို ထိန်းချုပ်နိုင်ရမည်။ထို့ကြောင့် သူ့အတွက် ပုန်းရှောင်စရာ မလိုအပ်ပေ။
လက်တစ်ဖက်တွင် ငါးတစ်ကောင်နှင့် အခြားတစ်ဖက်တွင် ဝါးလုံးရှည်တစ်ခုနှင့်အတူ ကျန်းမိသားစုအိမ်ဆီသို့ လျှောက်သွားချိန်မှာ ကျန်းကျန့် က ကျန်းချောင်ရှန့် နှင့် အတော်ဝေးဝေးမှာ ကျန်နေခဲ့သည်။
"မင်းရဲ့ အစ်ကိုကြီးက သွားရှုပ်ဖို့ လွယ်ပုံမရဘူး"
ကျန်းချောင်ရှန့် အနားကို တိုးကပ်ပြီး ယန်ကျင်းက ပြောလိုက်၏။
“ဒါက ဟန်ပြသက်သက်ပါ အစ်ကိုကြီးယန်...အစ်ကိုကြီးယန်သာ ဦးဆောင်ရင် သူ့ကို အလွယ်တကူ ဖြုတ်ချနိုင်လိမ့်မယ်"
ကျန်းချောင်ရှန့်က ယန်ကျင်းကို မြှောက်လိုက်သည်။
"ဒါပေါ့"
ယန်ကျန်း၏ မျက်နှာပေါ်တွင် ဝင့်ကြွားနေသောအမူအရာတစ်ခု ပေါ်လာသည်။
“မနေ့က ကြက်ကင်က အရသာရှိတယ်” ဟု သူက ဆက်ပြောသည်။
"အစ်ကိုကြီးယန် ဒီည ထပ်စားရအောင်ဗျာ"
ကျန်းချောင်ရှန့်က ဟယ်ချောင်စီရင်စုတွင် ကြက်ကင်ကို ဆီနှင့်ကြော်ပြီး အထူးပြုလုပ်ထားသော ဆားရည်ဖြင့်စိမ်ကာ မီးမြိုက်ထားသော ကောင်းမွန်သည့် မိသားစုကြက်ကင်ဆိုင်တစ်ဆိုင်ရှိကြောင်းချက်ချင်းပြောခဲ့သည်။ အရသာက ထူးထူးခြားခြား အရသာရှိပြီး ဈေးနှုန်းလည်း မသက်သာပါချေ။ သို့သော် သူသည် အခြားသူများနှင့် ကောင်းမွန်သောဆက်ဆံရေးရှိရန်အတွက် ငွေကို အမြဲသုံးစွဲလိုစိတ်ရှိပြီး ၎င်းနှင့် ပတ်သက်၍ ဆိုးရွားသည်ဟုလည်း ခံစားရခြင်းမရှိပေ။
သူတို့ သုံးယောက် ရွာထဲကို ဝင်လိုက်သည်နှင့် ရုံးတော်အရာရှိ ၀တ်စုံကို ၀တ်ဆင်ထားသော ယန်ကျင်းက လူတော်တော်များများ၏ မျက်လုံးတွေကို စွဲဆောင်သွားခဲ့ပြီး ဘယ်သူမှ လာမနှုတ်ဆက်ရဲကြပါချေ။
ခဏအကြာတွင် သူတို့ ကျန်းမိသားစုအိမ်သို့ ရောက်ရှိလာကြသည်။
"တတိယသား မင်းပြန်လာပြီ...အရာရှိမင်း ကျေးဇူးပြုပြီး ကြွပါရှင်"
အဘွားကြီးကျန်းက ကျန်းချောင်ရှန််နှင့်ယန်ကျင်း တို့နှင့်အတူ သူလိုက်ပါလာသည်ကို မြင်သောအခါ သူမ၏မျက်နှာ တောက်ပသွားသည်။ထို့နောက် သူမ ကျန်းကျန့်အား မာန်တက်ပြီး စက်ဆုပ်ရွံရှာသည့်အကြည့်ကို ပေးလိုက်သည်။
သည်လူတွေ သည်နေ့ တစ်ခုခုလုပ်
တော့မည်မှန်း သိသာလေသည်။ကျန်းကျန့် ထိုသို့တွေးမိလိုက်သည့်အချိန်မှာပဲ ကျန်းချောင်ရှန့်ကသူ့ကိုပြောလာသည်ကို ကြားလိုက်ရသည်။
"ကျန်းကျန့်ဝေ... မင်းမိဘတွေရှေ့မှာ ဒူးထောက်စမ်း"
ငါထင်တာမှန်တယ် . . .
ကျန်းကျန့်က ကျန်းချောင်ရှန့်ကို ကြည့်လိုက်ပေမဲ့ ဒူးမထောက်ပေ။
ကျန်းကျန့်က ဒူးမထောက်။ဤအရှိန်နှင့် သူ့ကို ဖိနှိပ်ချင်သည့် ကျန်းချောင်ရှန့် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခုမှားနေပြီဟုလည်း ယောင်ဝါးဝါးခံစားမိသည်။ သို့သော် ကျန်းကျန့် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသည်ကို မြင်လိုက်ရသောအခါတွင် သူ အထင်မှားသည်ဟု ထင်လိုက်မိသည်။ သူက ကျန်းကျန့်ကို အလေးအနက်ဆုံးအမူအရာဖြင့် ကြည့်ကာပြောလိုက် "အစ်ကိုကြီး...မင်းအမှားလုပ်ထားတာ မင်းသိလား"
"ငါဘာအမှားလုပ်မိလို့လဲ"
ကျန်းကျန့်က ကျန်းချောင်ရှန့်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“အစ်ကိုကြီး...မင်းက အဖေနဲ့အမေရဲ့သား...မင်းမိဘတွေကို ဓားနဲ့မရွယ်သင့်ဘူး... ဒါဟာ မနာခံမှု နဲ့ သားသမီးဝတ္တရားမကျေပွန်ခြင်းပဲ"
ကျန်းချောင်ရှန့်က ပြောသည်။
“မနာခံမှုနဲ့ သားသမီးဝတ္တရားမကျေပွန်မှုအတွက် ပြစ်ဒဏ်က ခေါင်းဖြတ်ကွပ်မျက်ခြင်းပဲ”
ရုံးတော်အရာရှိက သူ့ရှေက ပြဇာတ်ကို စောင့်ကြည့်နေခြင်းဖြစ်ပေမဲ့ ဤအချိန်တွင် သူက ကျန်းကျန့်ကိုကြည့်ကာ ထိတ်လန့်စဖွယ် ပြောလိုက်သည်။
"နင့်မှာ အခုငါ့ကို ဓားနဲ့ထိုးဖို့ သတ္တိရှိသေးသလား ...အကြွေးကောက်တဲ့အကောင်ရဲ့"
အဘွားကြီးကျန်းက ကျန်းကျန့်ကို အော်ပြောလိုက်သည်။
“မနက်ဖြန် ငါက တရားရုံးတော်ဆီသွားပြီး နင်က နာခံမှုမရှိဘူး၊ သားသမီးဝတ္တရားလည်းပျက်ကွက်တယ်လို့ သူတို့ကို ပြောမယ်...အရာရှိတွေကို မင်းကိုဖမ်းခိုင်းပြီး နင့်ခေါင်းကို ဖြတ်ခိုင်းမယ်"
"အကြီးဆုံး...ဒီနေ့ မင်းအမှားတွေကို ဝန်ခံရင် ပိုကောင်းမယ်... မဟုတ်ရင် ငါတို့ ရိုင်းရလိမ့်မယ်"
သားသတ်သမားကျန်းက ဆက်ပြောသည်။ မနေ့က သူ့သားအငယ်ဆုံးနှင့် စကားစမြည်ပြောပြီးနောက် သားသမီးတွေက ဝတ္တရားမကျေပွန်သည့်အခါ မိဘတွေက သားသမီးတွေကို တရားရုံးတော်မှာ တရားစွဲနိုင်ကြောင်း သိလိုက်ရသည်။ သူ့သားအကြီးဆုံးကို မသေစေချင်ပေမဲ့ သူ့သားကို သင်ခန်းစာကောင်းကောင်း သင်ပေးပြီး အရင်လိုပြန်နာခံအောင် ဤနည်းလမ်းကို သုံးရန် ဆုံးဖြတ်လိုက်၏။
ကျန်းကျန့် ဤလူတွေက သူ့ကို ခြိမ်းခြောက်နေခြင်းဖြစ်လောက်မည်မှန်း သူသိသည်။ကျန်းမိသားစုတစ်ခုတည်းကပဲ သူ့ကို ခြိမ်းခြောက်မယ်ဆိုလျှင် သေချာပေါက် ပွဲကြီးပွဲကောင်း တစ်ခု ဖန်တီးနိုင်ပေမဲ့ ယခုအချိန်မှာတော့ ရုံးတော်အရာရှိတစ်ယောက်ပါ ရှိနေသည်။
ကျန်းချောင်ရှန့်၏ ရုံးတော်
အရာရှိကို ရှာတွေ့နိုင်မှုသည် သူ့မှာ စီရင်စုမြို့၌ အဆက်အသွယ်အချို့ရှိကြောင်း ပြသခဲ့သည်။ ဤအချိန်တွင် သူသည် ပွဲကြီးပွဲကောင်းတစ်ခုကို ဖန်တီးပြီး သူ့အမှားကို ပြတ်ပြတ်သားသား ငြင်းဆိုပါက ကျန်းမိသားစုက သူ့ကို ရှေးခေတ်က အမှန်စင်စစ် ရာဇ၀တ်မှုတစ်ခုဖြစ်သည့် မနာခံမှုနှင့်သားသမီးဝတ္တရားမဲ့မှုတို့အတွက် အမှန်တကယ် တရားစွဲနိုင်သည်။
ဒါပေမဲ့ သူပြဿနာမရှာဘဲနေရင်ရော... ကျန်းမိသားစုက သူ့ကို ဖိနှိပ်မှာကို အမှန်တကယ် ခွင့်ပြုလိုက်ရမှာလား...
အခုအချိန်မှာ သူက ရုံးတော်အရာရှိ ဒါမှမဟုတ် မနာခံမှု နှင့် သားသမီးဝတ္တရားမကျေပွန်ခြင်းတို့ကို ကြောက်ရွံ့နေခြင်းမရှိ... ကျန်းချောင်ရှန့်မှာ သူ့ကို ဖမ်းဆုပ်ဖို့ နည်းလမ်းတစ်ခုခုရှိနေပြီလား...
ကျန်းကျန့်၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် အကြီးဆုံးကျန်း၏ခံစားချက်များ ပြန် ပေါ်လာသည်။
ထိုစိတ်တွင် ကြောက်ရွံ့မှုနှင့် ဒေါသများ ရှိသည်။ အနှစ်နှစ်ဆယ်ကျော်ကြာ မိဘတွေ၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရသည့် အမျိုးသားက သူ့ကိုယ်၌၏သေဆုံးခြင်းအပြီးမှာ ဇွဲကောင်းအလျော့မပေးတတ်မှုက ဆက်လက်တည်ရှိနေဆဲပါပင်။
သေလုမျောပါးဖြစ်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုအထိ အလုပ်မလုပ်ခဲ့ပေ။သူ အိမ်မှာ ကြက်တစ်ကောင် နှင့် ကြက်ဥအချို့စားခဲ့သည်။ ယခု ဤလူတွေက သူတို့၏ သွေးသားတော်စပ်မှုများ၏ကို လျစ်လျူရှုကာ သူ့အသက်ကိုပင်လိုချင်နေကြသည် . . အကြီးဆုံးကျန်း မည်မျှ နာကျင်ခဲ့ရသည်ကို သင်တွေးကြည့်နိုင်သည်။
"မင်းတို့က ငါ့ကို နာခံမှုကင်းမဲ့ပြီး သားသမီးဝတ္တရားကင်းမဲ့တယ်လို့ စွပ်စွဲမယ်ပေါ့"
ကျန်းကျန့်က သူ့ခေါင်းကို မော့ပြီး သူ့ရှေ့က လူတွေ၏ မျက်နှာကို မော့ကြည့်လိုက်ကာ သူတို့၏ အမူအရာအားလုံးကို သူ့နှလုံးသားထဲမှာ မှတ်သားထားခဲ့သည်။
“အစ်ကိုကြီး...မင်းဆက်ပြီး ပြဿနာရှာနေရင် အဖေနဲ့အမေက မင်းကို မနာခံမှုနဲ့ သားသမီးဝတ္တရားမကျေပွန်မှုအတွက် တရားစွဲလိမ့်မယ်”
ကျန်းချောင်ရှန့်က ပြောလိုက်သည်။ဤရွာက တရားရုံးတော်ကို လူတိုင်းကြောက်ကြသည်။ ယခု တရားရုံးတော်ကသာ ဖမ်းပါက လူတိုင်းမည်မျှကြောက်ကြမည်ကို သူရှင်းရှင်းလင်းလင်းသိသည်။ သူ့အစ်ကိုကြီး စိတ်ပျော့လာသည်ကို စောင့်ဖို့ပဲလို၏။
ယင်းက ကိစ္စများက သူထင်သည့်အတိုင်း သွားမနေရုံသာဖြစ်လေသည်။ကျန်းချောင်ရှန့်တစ်ယောက် ကျန်းကျန့် အား မာန်တက်စွာဖြင့် ကြည့်လိုက်သော်လည်း သူ့မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်မရှိသေးဘဲ အေးစက်နေဆဲဲဖြစ်သည်ကို တွေ့လိုက်ရသည်။ အကြောင်းတစ်ခုခုကြောင့် ကျန်းချောင်ရှန့် ၏နှလုံးသည် တုန်ခါသွားကာ သူ့တစ်ကိုယ်လုံး အနည်းငယ် အေးခဲသွားသည်။
"နင့်လိုမျိုး ဂြိုလ်ဆိုးကောင်ကို ဖမ်းပြီး ခေါင်းဖြတ်သင့်တယ်"
အဘွားကြီးကျန်းက ပြောသည်။ရုံးတော်အရာရှိ ရှိနေခြင်းကြောင့် သူမကျန်းကျန့်ကို မကြောက်တော့ပါချေ။ရုံးတော်အရာရှိက အကြီးဆုံးကျန်းကို တကယ်ခေါ်သွားရန်ပင် သူမ မျှော်လင့်နေခဲ့သည်။ဤဂြိလ်ဆိုးကောင်မရှိလျှင် သူမက အနာဂတ်မှာ ပိုမိုကောင်းမွန်သည့်ဘဝတစ်ခုကို ရရှိမှာ သေချာလေသည်။
အဘွားကြီးကျန်းက သူ့ကို တကယ်သတ်ချင်နေခြင်းဖြစ်သည် . . .
ကျန်းကျန့် ယင်းကိုမြင်လိုက်သည့်အခါ သူ့ရင်ထဲမှာ ဝမ်းနည်းပူဆွေးမှုတွေနှင့် ပြည့်နေ၏။ဤသည်က သူ့စိတ်ခံစားချက်မဟုတ်ပါချေ။ သူလုပ်ချင်သည်က သူ၏ဒေါသအဖြစ်နေသောစိတ်ကို ပေါက်ကွဲပစ်လိုက်ချင်နေသည်။
"ကောင်းပြီ...နာခံမှုမရှိတာက သားသမီးဝတ္တရားမကျေပွန်တာပေါ့ ဟုတ်လား...ဒါဆို ကျုပ် ခင်ဗျားကို အခုချက်ချင်းပြပေးမယ်"
ကျန်းကျန့်၏အသံ ရုတ်တရက် ထွက်ကျသွားသည်နှင့် သူ့လက်ထဲမှ ငါးကို အဘွားကြီးကျန်း၏ မျက်နှာဆီသို့ လွှင့်ပစ်လိုက်သည်။
ငါးက အဘွားကြီးကျန်း၏မျက်နှာပေါ် ပြုတ်ကျသွားချိန်မှာ သူမမအော်ဟစ်ဘဲ မနေနိုင်ပေ။ထိုအချိန်တွင် ကျန်းကျန့်က သူနှင့်အတူ နေ့တိုင်းဆောင်ထားသော ဝါးလုံးချွန်ချွန်ကို ကိုင်ကာရိုက်တော့သည်။
ဝါးလုံးက အဘွားကြီးကျန်းကို ထိလိုက်သည့်အခါ သူမမြေကြီးပေါ်သို့ တိုက်ရိုက် ပစ်လဲသွားသည်။ကျန်းကျန့်က သားသတ်သမားကျန်း၏ ခြေထောက်ကို ချွန်ထက်သော ဝါးလုံးဖျားဖြင့် ထိုးလိုက်သည်။
ဝါးလုံးချွန်ချွန်က သားသတ်သမားကျန်း၏ခြေထောက်ကို ထိုးဖောက်သွားသည်။ သွေးထွက်လာခြင်းက သူ့ကို ထိတ်လန့်တကြားအော်လိုက်မိစေသည်။
သို့သော် ကျန်းကျန့်က ကရုဏာမပြခဲ့ပေ။ သူ့ပုခုံးကိုရိုက်ပြီး မြေကြီးပေါ်ကနေပြန်မထနိုင်အောင် အမှောက်သိပ်လိုက်သည်။
ကျန်းကျန့်၏ ရုတ်တရက် ဒေါသပေါက်ကွဲမှုက ကျန်းချောင်ရှန့် နှင့် အရာရှိတို့ကို တုန်လှုပ်သွားစေခဲ့ပြီး သူတို့ ကြောင်တောင်တောင်ကြီး မတ်တပ်ရပ်ကာ လုံးဝမတုံ့ပြန်နိုင်ခဲ့ပေ။ကျန်းကျန့်က ယခု သူတို့ကို ကြည့်နေလေပြီ။
ကျန်းကျန့်၏ မျက်လုံးများသည် အလွန်အေးစက်နေခဲ့သည်။ ကျန်းချောင်ရှန့် သူ့မျက်လုံးများနှင့် ဆုံတွေ့ပြီးနောက် မသိစိတ် တုန်လှုပ်သွားသည်။
"မင်းဘာလိုချင်လို့လဲ"
“ငါ့ကို မနာခံဘူး၊သားသမီးဝတ္တရားမကျေပွန်ဘူးလို့ မင်းစွပ်စွဲမှာ မဟုတ်ဘူးလား...ငါ မင်းကို အရင်သတ်လိုက်ရုံပေါ့"
ကျန်းကျန့်က သရော်ပြုံးပြုံးလိုက်ပြီး ကျန်းချောင်ရှန့်၏ ပေါင်ကို တိုက်ရိုက် ထိုးလိုက်သည်။
“အား...”
ကျန်းချောင်ရှန့်၏ ပေါင် အထိုးခံလိုက်ရပြီး သွေးကွက်များ ထင်းခနဲ ပေါ်လာသည်။ သူက ကျန်းကျန့်ကို ထိတ်လန့်စွာ ကြည့်နေသည်။ကျန်းကျန့်က ယင်းကို တကယ်လုပ်မည်ဟု သူမမျှော်လင့်ထားပါချေ။
“ရပ်လိုက်စမ်း...”
ယန်ကျင်း ခါးမှ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ကျန်းကျန့်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။ သာမန်လူတွေက ရုံးတော်အရာရှိတစ်ယောက်ကို မြင်တဲ့အခါ ငုံးများလိုဖြစ်သွားပေမဲ့ ဒီလူက ဒီလိုမျိုး လုပ်ရဲတယ်...
"သေချင်နေတာလား... ငါ မင်းကို ထောင်ထဲထည့်လိုက်မယ်“
"မင်းက ငါ့ကို ဖမ်းချင်နေတာလား...ဒါဆိုငါ ငါ့ကိုယ်ငါ အရင်သတ်သေလိုက်မယ်"
ကျန်းကျန်းက ယန်ကျင်းကို ဝါးလုံးနှင့် ရိုက်လိုက်သည်။
နှစ်ပေနီးပါးရှည်သော ခါးလွယ်ဓားတစ်ချောင်းကို ကိုင်ထားသော ယန်ကျင်းက ကျန်းကျန့်ကို ခုတ်ချင်သော်လည်း ကျန်းကျန့်က သူ့ထံမှ ဝေးကွာသွားခဲ့ပြီဖြစ်သည်။ အခု သူ့ကို ဘယ်လိုလုပ် ခုတ်နိုင်မှာလဲ...
လက်နက်တစ်ခုအနေဖြင့် ဝါးလုံးသည် အချို့နေရာများတွင် ဓားနှင့်မယှဉ်နိုင်သော်လည်း အချို့သောနည်းလမ်းများတွင် ဓားထက်သာလွန်သည်။ အနည်းဆုံး ယင်းက လုံလုံလောက်လောက်ရှည်သည်။
သူတို့ကြားမှာ အကွာအဝေးတစ်ခုရှိ၏။ယန်ကျင်းက သူ့ကို ဓားနှင့် မခုတ်နိုင်ပေမဲ့ သူက ယန်ကျင်းကို ဝါးလုံးနှင့်ရိုက်နိုင်သည်။
ကျန်းကျန့်၏ ဝါးလုံးက ယန်ကျင်း၏လက်ထဲက ဓားကို ရိုက်လိုက်သည်နှင့် ယင်းက တိုက်ရိုက်ပျံထွက်သွားပြီး ယန်ကျင်းတစ်ယောက် ဝါးလုံးနှင့်ထပ်ပြီး အရိုက်ခံထိပြန်သည်။
အကယ်၍သာ မော်ဒန်ခေတ်တွင်ဆိုလျှင် ကျန်းကျန့် ရှေးခတ်က တရားရုံးတော် အရာရှိနှင့် ဆင်တူသော ရဲအရာရှိကို မည်သည့်အခါမျှ တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။အကြောင်းမှာ ယင်းက အသတ်ခံရရန် လွယ်ကူသောကြောင့်ဖြစ်သည်။
မော်ဒန်ခေတ်မှာ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ပါက နှစ်ရက်အတွင်း ဖမ်းမိနိုင်မည်ဖြစ်ပြီး ခေတ်မီလက်နက်များကို ရုပ်ပိုင်းဆိုင်ရာ အင်အားတစ်ခုတည်းဖြင့် မတိုက်နိုင်ပါချေ။ ဤကိစ္စတွင် သူအနေဖြင့် ရဲများကို မိုက်မဲစွာ ရင်ဆိုင်နိုင်မည်မဟုတ်သည်က အသေအချာပင်။
သို့ပေမဲ့ ယခုက ရှေးခေတ်ဖြစ်လေသည်။
အမြောက်များကို ယနေ့ခေတ်တွင် အသုံးပြုနေပြီဖြစ်သော်လည်း စစ်တပ်တွင်သာ အသုံးပြုမည်ဖြစ်သည်။ နေရာအများစုတွင် စစ်တပ်ရှိစစ်သားများတွင် ဓားကိုင်ခြင်းသည် မဆိုးပေ၊သူ့ကို တခြားသူများက ဓားကိုင်ပြီးတိုက်ခိုက်မည်ကို လုံးဝ မကြောက်ပါချေ။
ဤနေရာတွင် ကင်မရာတစ်လုံးပင်မရှိ၊ ဆိုလိုသည်မှာ သူက ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့လျှင်ပင်၊ အဝေးသို့ထွက်ပြေးပြီး ဘယ်သူမှ သူ့ကိုမမှတ်မိသရွေ့ အခြားတစ်နေရာမှာ အစကနေပြန် စတင်နိုင်သည်ဟု ဆိုလိုသည်။
တကယ်တမ်းတွင် ပြေးရသည်ကလည်း အလွန်ရိုးရှင်းပါ၏။ရှေးခေတ်က လမ်းပန်းဆက်သွယ်ရေး အဆင်မပြေပေမဲ့ ထိုအရာရှိတွေအတွက်လည်း အဆင်ပြေမှာမဟုတ်ပေ။
ကျန်းကျန့်မှာ ပြစ်မှုကျူးလွန်ရန် သို့မဟုတ် ထွက်ပြေးရန် ရည်ရွယ်ချက်မရှိပေ။သူက ကျောက်ကျင်းကောကို လက်ထပ်ရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။
သူက ယခု . . .သည်အတိုင်း အမြင်ကောင်းကောင်းမရှိသော ဤလူများကို ရိုက်နှက်ချင်ရုံသာဖြစ်ပါ၏။