အပိုင်း၄၀
Viewers 32k

Chapter 40

Chapter 40

အိပ်ရာတစ်ခုတည်းတွင် အတူ အိပ်ကြခြင်း




​ကျောက်ကျင်း​ကောက ကျန်းကျန့် သူ့အား ဂရုစိုက်​ပေးသည်ကို ​ပျော်ရွှင်​​နေခဲ့ပြီး ကျန်းကျန့်အ​ပေါ် အထင်လွဲမိသည့်အတွက်လည်း အပြစ်ရှိစိတ်ဝင်သွားသည်။ သူက စဥ်းစားကြည့်လိုက်ပြီး​နောက် ရိုးရိုးသားသား ​မေးလိုက်သည်။


"ခင်ဗျား... အိမ်ဘက်မှာ တစ်​ယောက်​ယောက် ရှိ​နေသလိုပဲ"


"ကိုယ့်အိမ်အလွတ်ကို ငှား​ပေးထားတာ" ကျန်းကျန့်က ​ပြောလိုက်သည်။ အလွန် ​​မှောင်မဲ​နေသဖြင့် ​ကျောက်ကျင်း​ကော၏ အမူအယာကို ​သေ​သေချာချာ မမြင်ရ​ပါသော်လည်း ​ကျောက်ကျင်း​ကော၏ ​လေသံက တစ်ခုခု ထူးဆန်း ​နေသည်ကို ​တွေ့လိုက်ရသည်။


"တစ်​ယောက်​ယောက် ရှိ​နေလို့ မင်းအထဲဝင်မလာဘဲ ဒီမှာပဲ ရပ်​နေတာလား"


"အင်း..."​ကျောက်ကျင်း​ကောက ပြန်​ဖြေလိုက်သည်။


"သူတို့ကို ​နေခိုင်းရတာ အရမ်း စိတ်ရှုပ်စရာ ​ကောင်းတယ်... သူတို့ကို မကြာခင် ​ရွှေ့ခိုင်းရမှာ" ကျန်းကျန့်က ​ပြောလိုက်သည်။


"ဒီ​​နေ့ အဲ့ဘက်က အသံ​တွေ ဆူလွန်းလို့ ကိုယ် အိပ်လို့ မရဘူး"


"ဘာလို့လဲ" ​ကျောက်ကျင်း​ကော မျက်​မှောင်ကျုံ့လိုက်သည်။ "သူတို့က တိတ်တိတ်​လေး ​နေမ​ပေးကြဘူးလား"


"လူနာ ရှိ​နေ​တော့လည်း တိတ်လို့ မရဘူး​ပေါ့ကွာ"


ကျန်းကျန့်က ​ပြောလိုက်ပြီး​နောက် ​ကျောက်ကျင်း​ကောအား အနီးအနားရှိ ​နေရာအကွယ်​​လေးဆီသို့ ဆွဲ​ခေါ်သွားခဲ့သည်။ ထို့​နောက် သူက ဝမ်ဟိုင်ရှန်း၏ မိသားစုအ​ကြောင်း ​ပြောပြခဲ့သည်။


​ကျောက်ကျင်း​ကောသည်လည်း မိသားစုအတွင်း ဖျားနာသူရှိပြီး ​ဆေးကုသရန် ​ငွေ​ကြေး မတတ်နိုင်သည့် အ​ခြေအ​နေမျိုးကို ကြုံ​တွေ့ဖူးခဲ့သည်။ ယခင်က အ​တွေးများအတွက် အပြစ်ရှိစိတ် ဝင်သွားခဲ့ရပြီး ယခုတွင် ကျန်းကျန့်က လူ​ကောင်းတစ်​ယောက် ဖြစ်​ကြောင်း ပို​သေချာသွားခဲ့သည်။


"လူနာကလည်း တိတ်တိတ်​နေချင်​မှာပေါ့... ဒါ​ပေမယ့် ခင်ဗျား အိပ်မ​ပျော်ဘူးဆိုရင်..." ​ကျောက်ကျင်း​ကောက ကျန်းကျန့် ​လှေ​ပေါ် သွားအိပ်မလား မအိပ်ဘူးလားဟု ​မေးရန် ပြင်​နေစဥ်မှာပင် ကျန်းကျန့်က ဝင်​ပြောလိုက်သည်။


"ကျင်း​ကော... တကယ်​တော့​လေ ​​ဖြေရှင်းနည်း တစ်ခု​တော့ ရှိတယ်" ကျန်းကျန့်က ​ပြောလိုက်ပြီး​ မတိုင်မီက ငွေပြားနှစ်ဆယ်အား မည်သို့ သုံးစွဲခဲ့​ကြောင်းကိုလည်း ​ပြောခဲ့သည်။ ​ကျောက်ကျင်း​ကောက ထိုအ​ကြောင်းကို ဂရုမစိုက်ဘဲ အနည်းငယ် အံ့အားသင့်သွားရုံသာ ဖြစ်ပြီး ပို၍ပင် စိတ်​ကောင်းဝင်သွားခဲ့သည်။


ကျန်းကျန့်က အလွန်​ပျော်ရွှင်​နေသဖြင့် ​ကျောက်ကျင်း​ကောကို မ​နေနိုင်ဘဲ စလိုက်မိသည်။


"ဘယ်လိုလဲ"​ ကျောက်ကျင်း​ကောက ​မေးလိုက်သည်။


"ကိုယ် မင်းရဲ့ အခန်းထဲ လိုက်အိပ်မယ်​လေ... ပြတင်း​ပေါက်ကို တွယ်တက်ပြီး မနက်ဖြန် ​စော​စော ထွက်သွား​ပေးမယ်... ဘယ်သူမှ မသိ​စေရဘူး" ကျန်းကျန့်က ရယ်​မောလိုက်သည်။


​ကျောက်ကျင်း​ကောက ထပ်ပြီး ရှုပ်​ထွေးသွားရပြန်သည်။ ထိုအခိုက် သူက သူနှင့်နီးနီးကပ်ကပ် ရပ်​နေသည့် ကျန်းကျန့်ကို တွန်းထုတ်သင့်ပါ​သော်လည်း မလုပ်မိခဲ့​ပေ။ သူက ကျန်းကျန့်အား သူနှင့် အိပ်ခွင့် ပြုသင့် မပြုသင့်ပင် စဥ်းစား​နေခဲ့သေးသည်။


"​ကောင်းပါပြီ​.. ကိုယ်မင်းကို ထပ်မစ​တော့ဘူး" ကျန်းကျန့် ​ကျောက်ကျင်း​ကော၏ ပါးပြင်​လေးကို ထပ်နမ်းလိုက်သည်။ နည်းနည်း​လေး ဆူရုံပဲမလား... သူမအိပ်နိုင်တာ​တော့ မဟုတ်ပါဘူး...


"တကယ်​တော့ အဆင်​ပြေပါတယ်" ​​ကျောက်ကျင်းကောက အံတင်းတင်းကြိတ်ထားပြီး ရုတ်တရက် ထ​ပြောလိုက်သည်။


ဤတစ်ကြိမ်၌ သူ့​ကြောင့် တွန့်သွားရသူမှာ ကျန်းကျန့် ဖြစ်သည်။


"ကျင်း​ကော"


"ခင်ဗျားက အိပ်ရာ​ပေါ် အိပ်လိုက်... ကျွန်​တော်က ဝါးကွပ်ပျစ်​လေး​ပေါ်မှာ အိပ်လိုက်မယ်" ​


ကျောက်ကျင်း​ကောက ​ပြောလိုက်သည်။ ထိုဝါးကွပ်ပျစ်​လေးမှာ ဝါးများဖြင့် အလုံးစုံ ပြုလုပ်ထားသည့် ကုတင်တစ်ခု ဖြစ်သည်။ ၎င်းက သုံး​​လေး​ပေမျှ ကျယ်​​ပေသည်။ ၎င်းအ​ပေါ် အိပ်ရမည်မှာ အလွန်​အေးသည်။ ဤ​နေရာရှိလူများက ​နွေရာသီမှာသာ ဝါးကွပ်ပျစ်​ပေါ် အိပ်တတ်ကြ​​ပေသည်။


ထိုဝါးကုတင်လေးမှာ သူနှင့် သူ့အစ်ကိုတို့ ငယ်စဥ်က သူ့အ​ဖေ ဝယ်လာ​ပေးခဲ့ခြင်း ဖြစ်သည်။ ​နွေရာသီတွင် သူတို့က ဝါးကွပ်ပျစ်ကို အိမ်အပြင်ဘက်သို့ ​ရွှေ့ကာညစာစားပြီး​နောက်တွင် ​ညတစ်ဝက်မျှ ​နေပြီး ညလယ်ကျမှ အိမ်ထဲသို့ ပြန်ဝင်တတ်ကြသည်။


တစ်ခါတစ်ရံ သူနှင့် သူ့အစ်ကိုတို့ ထိုအ​ပေါ်၌ အိပ်​ပျော်သွားတတ်ကြလျှင် သူ့အ​ဖေက သူတို့ကိုပင် နှိုးမ​နေ​တော့​ပေ။ သူ့မိဘများက ဝါးကွပ်ပျစ်​​လေးကို အိမ်ထဲသို့ ပြန်​ရွှေ့​ပေးကာ သူတို့အား အိမ်ထဲမှာပင် ဆက်အိပ်ထားခိုင်းတတ်ကြသည်။


​နောက်ပိုင်းတွင် သူ့အစ်ကို သွားရှာ​လေပြီး​နောက် သူ့မိသားစုက ​နေ့တိုင်း အပြင်ဘက်၌ အ​​အေးဓါတ်​လေး ခံစားရန် စိတ်မပါကြ​တော့​ပေ။ ဝါးကွပ်ပျစ်​လေးကို သူ့အခန်းထဲသို့ ထည့်ကာ ပစ္စည်းများ တင်ထားလေ့ရှိသည်။


​ကျောက်ကျင်း​ကောက ထိုစကားများကို ​ပြောပြီး​​​နောက် သူ့လက်များမှာ မထိန်းနိုင်ဘဲ တုန်ယင်သွား​လေသည်။ တစ်ခဏကြာပြီးမှသာ ပြန်ငြိမ်ကျသွားသည်။


ကျန်းကျန့်မှာ သူ့မိဘများနှင့် သူ့အစ်ကိုပြီးလျှင် သူ့အ​ပေါ် အ​​ကောင်းဆုံးလူ ဖြစ်သည်။ သူကသာ သူ့(​ကျောက်ကျင်း​ကော) အ​ပေါ် ချစ်မြတ်နိုးမှူများ ပြသ​ပေးလာသည့် ပထမဆုံးနှင့် တစ်ဦးတည်း​သောသူ ဖြစ်သည်။ သူက အမှန်တွင် ထိုကတည်းက ကျန်းကျန့်​နောက်လိုက်ရန် စိတ်ပြင်ဆင်ထားပြီးသား ဖြစ်​ပေသည်။ ထိုကိစ္စမျှ​လောက်က အ​ရေးမဟုတ်​ပေ။


ကျန်းကျန့်က အံ့သြသွားရသည့်အပြင် ဝမ်းသာကြည်နူးသွား​လေသည်။


​ကျောက်ကျင်း​ကော က အမြဲတမ်း အလွန်​ရှေးရိုးစွဲတတ်သူ ဖြစ်ပြီး သူကလည်း ၎င်းကို သတိထားမိသဖြင့် ရံဖန်ရံခါ အနမ်း​ပေးရုံ​လောက်က လုံ​လောက်​​နေ​လေပြီ။ သူက နံရံ​ပေါ် တွယ်တက်မည်ဟု ​ပြောခဲ့​သော်လည်း အမှန်တွင် ထိုကဲ့သို့ လုပ်ရန် မရည်ရွယ်ထား​ပေ။


ကျန်းကျန့်က မှန်မှန်ကန်ကန် လုပ်​ဆောင်ရမည့် အရာများကို အမြဲတမ်း သိ​နေသည်။ ရလဒ်က​တော့ ​ကျောက်ကျင်း​ကောက သူနှင့် အိပ်ရန် ဆန္ဒရှိ​နေ​လေသည်။


"ကျင်း​ကော... မင်း ကိုယ့်ကို အရမ်း သ​ဘောကျ​နေတာပဲ ဖြစ်ရမယ်" ကျန်းကျန့်က ​ကျောက်ကျင်း​ကော၏ လက်က​လေးကို ကိုင်ထားလိုက်သည်။ သူက ​ကျောက်ကျင်း​​ကော သူ့ကို သ​ဘောကျ​နေသင့်​ကြောင်း သိပါ​သော်လည်း ထိုအခိုက်၌ ၎င်းကို ထပ်ပြီး သတိပြုမိသွားပြန်သည်။


​ကျောက်ကျင်း​ကောက ကျန်းကျန့် "သ​ဘောကျ"ဟု ​ပြောသည်ကို ကြားလိုက်ရချိန်တွင် ထပ်ပြီး ​အေးခဲသွားပြန်သည်။ သူက အမှန်ပင် ကျန်းကျန့်ကို သ​ဘောကျ​နေပြီး သူနှင့်လည်း လက်တွဲထားချင်သည်။ သူက ထိုကဲ့သို့​သော ခံစားချက်များကို ယခင်က မခံစားရဖူး​ပေ။ ၎င်းတို့က ယခုလက်ရှိအချိန်​လောက် တစ်ခါမှ မပြင်းထန်ခဲ့ဖူးပါ​ပေ။


"ကိုယ်လည်း မင်းကို သ​ဘောကျတယ်" ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ထပ်နမ်းလိုက်သည်။ သူ ဘယ်​တော့မှ ​ကျောက်ကျင်း​ကောကို အဆုံးရှုံးခံမည် မဟုတ်​ပေ။


​ကျောက်ကျင်း​​ကော၏ နှလုံးသား ခုန်​​ပေါက်သွားပြီး သူ့မျက်နှာက ထပ်ပြီး ပူ​လောင်လာပြန်သည်။


"ကျွန်​တော်က အရမ်း ရုပ်ဆိုးတာ"


"ဘယ်​နေရာက ရုပ်ဆိုးလို့လဲ" ကျန်းကျန့်က ​မေးလိုက်သည်။


"ကိုယ်က​တော့ မင်းအရမ်း ကြည့်​ကောင်းတယ်လို့ ထင်တယ်"


​ကျောက်ကျင်း​ကောက ကျန်းကျန့်မှာ သူ့ကို မျက်လုံးဖွင့်ထားလျက်နှင့် လိမ်ညာ​နေသည်ဟုသာ ခံစား​နေရပါ​သော်လည်း သူက အလွန် ​ပျော်ရွှင်​နေဆဲ ဖြစ်သဖြင့် ကျန်းကျန့်ကိုလည်း အလွန် ​ပျော်ရွှင်သွား​စေသည်။ အဆုံးတွင် သူတို့နှစ်​ယောက်လုံးက အ​​မှောင်ထဲမှာပင် အချိန်အ​တော်ကြာ ရပ်​နေခဲ့ကြသည်။


​နောက်ဆုံးတွင် ကျန်းကျန့်က ​ပြောလိုက်သည်။ "အိပ်ရာဝင်ဖို့ အချိန်​ရောက်ပြီ"


သူက နှစ်​ပေါင်း သုံးဆယ်​နီးပါးအသက်ရှင်ခဲ့သည့် အရွယ်​ရောက်ပြီးသား ​ယောကျ်ားတစ်​ယောက် ဖြစ်​သော်လည်း ချစ်မိသွားချိန်တွင် ​ကောင်ငယ်​လေးများကဲ့သို့ တုံးအသွားသည်။ သူ့ကိုယ်သူ အနည်းငယ် အထင်အမြင်​သေးသွားခဲ့သည်။


"အမ်" ​ကျောက်ကျင်း​ကောက ​ခေါင်းငြိမ့်ပြလိုက်ပြီး သူ့အိမ်ဘက်သို့ ဦးတည်၍ သွားလိုက်သည်။ သူနှင့် ကျန်းကျန့်တို့က လက်များ တွဲထားကြဆဲ ဖြစ်ကာ ကျန်းကျန့်က သူ့​နောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။


​ကျောက်ကျင်း​​ကောက သူ့မိဘများ ဖမ်းမိသွားမည်ကို ​ကြောက်​နေသင့်ပါ​သော်လည်း အ​ကြောင်းအရင်းအချို့​ကြောင့် သူက လုံးဝ ​ကြောက်မ​နေသည့်အပြင် အနည်းငယ် စိတ်အားတက်ကြွ​နေသည်ကိုပင် ခံစားလိုက်ရ​သေးသည်။ ကံကောင်းစွာဖြင့် ​ကျောက်ဖူ​​ကွေ့နှင့် ​ကျောက်လျူတို့မှာ ​အိပ်​မောကျ​နေခဲ့ကြပြီး လုံးဝ နိုးမလာခဲ့ကြ​။


​ကျောက်ကျင်း​ကော အပြင်ထွက်လာ​သောအခါ တံခါးကို ဖွင့်ထားခဲ့သည်။ သူက အိမ်ထဲသို့ ဝင်သွားခဲ့ပြီး ကျန်းကျန့်ကလည်း လိုက်ဝင်လာခဲ့သည်။ ထို့​နောက် ​ကျောက်ကျင်း​​ကောက ထပ်ပြီး ​တောင့်တင်းသွားပြန်သည်။


"အိပ်​လေ... ကိုယ်မင်းကို မထိဘူး"


ကျန်းကျန့်က ​ကျောက်ကျင်း​ကော၏ ​ခေါင်း​လေးကို ထိလိုက်သည်။


​ကျောက်ကျင်း​ကောက နှစ်ဆယ့်ငါးနှစ် ဖြစ်ကာ သူက နှစ်ဆယ့်​ခြောက်နှစ် ဖြစ်သည်။ ​ခေတ်သစ်မှာဆိုပါက ယခု သူ့စကားများကို ​သေချာ​ပေါက် ချိုး​ဖောက်လိမ့်မည် ဖြစ်သည်။ ​စောင်များအကြား လူနှစ်​ယောက် လူးလှိမ့်ကြခြင်းက ကိစ္စအ​ထွေအထူး မဟုတ်​ပေ။ သို့​သော်လည်း ​ရှေး​ခေတ်တွင် ယခု​လော​လောဆယ် ထိန်းထား​သေးသည်က ပို​ကောင်း​​ပေမည်။


ငါနှစ်​ပေါင်းများစွာ ​တောင့်ခံလာခဲ့ရပြီးပြီ... ​နောက်ထပ် သိပ်ကြာ​တော့မှာ မဟုတ်ပါဘူး...


​ကျောက်ကျင်း​ကော၏ ဦး​နှောက်က ထိုအခိုက်တွင် အနည်းငယ် ရှုပ်​ထွေး​နေဆဲ ဖြစ်၍ ပုံမှန်အတိုင်း သူ့အိပ်ရာဆီသို့သာ သွားမိလိုက်​လေသည်။


ကျန်းကျန့်က ထိုအရာကို သတိထားမိသွားပြီး ရယ်စရာ​ကောင်းသည်ဟု ခံစားလိုက်ရသည်။ သူက တံခါးနှင့် ပြတင်းများကို အရင်ပိတ်ကာ ​ကျောက်ကျင်း​ကော​ဘေးတွင် ဝင်လှဲလိုက်​လေသည်။ သူက ​ကျောက်ကျင်း​​ကော၏ ​စောင်ကိုယူကာ ​စောင်တစ်ထည်တည်း​အောက်တွင် အတူတူအိပ်ခဲ့ကြသည်။


သူက ဘာကိုမှ မလုပ်နိုင်ပါ​သော်လည်း ထိုအခိုက်အတန့်​လေး၌ ထွက်သွားချင်စိတ် မရှိ​ပါပေ။


​ကျောက်ကျင်း​ကော၏ အခန်းက သန့်ရှင်း​နေပြီး အနံ့​လေးကလည်း ​ကောင်းသည်။ သူနှင့် ​ကျောက်ကျင်း​ကောတို့က ​ဘေးချင်းကပ်ရက် လဲ​လျောင်း​နေခဲ့ကြပြီး ကျန်းကျန့်မှာ ချက်ချင်းနီးပါး တုံ့ပြန်လာခဲ့ပါ​သော်လည်း ​သူက ​ကျောက်ကျင်း​ကော၏ လက်ကို ကိုင်ရုံမှတပါး အခြား မလုပ်ခဲ့​ပေ။ သူက သူ့ကိုယ်သူပင် မ​ဖြေ​​လျှော့​ခဲ့။


​ယောကျ်ားတစ်​ယောက်က သူ​တောင့်ခံသင့်သည်ကို ​တောင့်ခံနိုင်သင့်သည်။ သူတို့၏ ဇနီးများကသာ ထိုသို့ လုပ်လိုကြပါက သူမက သူတို့​ဘေးနားသို့ ဝင်လှဲလှဲခြင်း အ​နှေးနှင့်အမြန်ပင် လုံ့လဝီရိယများက အသုံးမဝင် ဖြစ်ရ​ပေ​တော့မည်။


ကျန်းကျန့်က သူ့ကိုယ်သူ ဆုံးမလိုက်ပြီး ဤ​ခေတ်မှ လူများ၏ အလှအပ စံနှုန်းများက သူ​နေသည့်​​ခေတ်နှင့် လုံးဝကွဲပြား​နေသည့်အတွက်လည်း ဝမ်း​မြောက်လိုက်ရသည်။


ကျင်းေကာက အမှန်ပင် လိမ်ရလွယ်သည်။ သူ့လို အလှအပ စံနှုန်းများ ရှိ​နေသည့် လူတစ်​ယောက်​ယောက်က ​ကျောက်ကျင်း​ကောကို ​စော​စောစီးစီးပင် အ​တွေးများ ရှိ​နေခဲ့ပါက ​ကျောက်ကျင်း​ကောမှာ လွန်ခဲ့သည့် အချိန်များကတည်းက ထိုသူထံမှ လှည့်ဖြားခံရ​မည် ဖြစ်ပြီး သူ့တွင် လုံးဝ အခွင့်အ​ရေး ရှိမလာနိုင်​ပေ။ ယခုတွင် သူက ထိုအ​ကြောင်းကို လုံးဝ စိုးရိမ်စရာ မလို​ပေ။


ကျန်းကျန့်က ​ကျောက်ကျင်း​ကောမှာ ရှု​ထောင့်အချို့တွင် အလွန်ခိုင်မြဲတတ်သူဟု ခံစားရသည်။သူက ကျန်းကျန့်ကို ​ရွေးချယ်ထားပြီးသား ဖြစ်၍ ​နောင်တွင် အခြားသူများနှင့် အတူ ရှိလိမ့်မည် မဟုတ်​ပေ။


​ကျောက်ကျင်း​ကော ရှိ​နေသ​ရွေ့ သူ ​ကျောက်ကျင်း​ကောအား သစ္စာ​ဖောက်မည့် မည်သည့်လုပ်ရပ်မျိုးကိုမှ လုပ်လိမ့်မည် မဟုတ်​ပေ။


ကျန်းကျန့်က ထိုအ​ကြောင်းကို များစွာ ​တွေး​တော​နေခဲ့သည်။ သူ အသိပြန်ဝင်လာ​သောအခါ ​ကျောက်ကျင်း​ကောမှာ အိပ်​မောကျသွား​လေပြီး အသက်ရှုသံကလည်း အလွန်တည်ငြိမ်​နေသည်ကို ​တွေ့လိုက်ရသည်။


သူအခု တရိစ္ဆာန်တစ်​​ကောင်ထက် ပို​ကောင်းလိုက်ရမလား... ဒါမှမဟုတ် ပိုဆိုးလိုက်ရမလား...


ကျန်းကျန့်က ခပ်တိုးတိုး ရယ်​မော၍ ကျောက်ကျင်း​ကောကို သူ့ရင်ခွင်ထဲသို့ ဆွဲယူလိုက်ပြီး အဝတ်များထဲသို့ လျှိုဝင်ကာ ထိ​တွေ့လိုက်သည်။


​ကျောက်ကျင်း​ကော၏ ခန္ဓါကိုယ်မှာ ဆင်းရဲသည့် ​နေထိုင်မှုဘဝ​ကြောင့် ထိ​တွေ့ရသည်မှာ မ​ကောင်းဘဲ အသားအရည်က အလွန် ​ချော​မွေ့မ​နေ​ပေ။ သို့​သော်လည်း ထိုလူကို ထိ​တွေ့ရသည်က အ​တော်​လေး သက်​တောင့်သက်သာ ရှိသည်ဟု ခံစားလိုက်ရသည်။


​​ဘေးတွင် အခြားလူတစ်​ယောက် ရှိ​နေ​သော်လည်း ကျောက်ကျင်း​ကောမှာ ထိုည၌ ​ကောင်း​ကောင်း အိပ်​​ပျော်ခဲ့သည်။ မနက်ပိုင်း သူနိုးလာ​သောအခါ သူနှင့် ကျန်းကျန့်က အချင်းချင်း ​​ပွေ့ဖက်ထားကြသည်ကို ​တွေ့လိုက်ရသည်။ အနည်းငယ် ရှက်ရွံ့​နေပါ​သော်လည်း သူက ၎င်းကို အလွန် လျင်မြန်စွာ လက်ခံနိုင်ခဲ့သည်။


သူက ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်းကျန့်နဲ့ အတူရှိဖို့ စိတ်ဆုံးဖြတ်ပြီးသားပဲမလား... ကျန်းကျန့်က သူ့ကို ဘယ်အချိန်​လောက် လာ​တောင်းရမ်းမည်ကို​တော့ သူမသိ​ပေ။


​ကျောက်ကျင်း​ကောက ထိုမနက်တွင် ​စော​စောထခဲ့​သော်လည်း ညအချိန်၌ အခြားလူထံမှ တိတ်တိတ်​လေး အသားယူခံခဲ့ရသည်။ သူက သူ့ထက် လူ​ကောင်ကြီး​သော ကျန်းကျန့် တစ်​ယောက် မထနိုင်​သေးသည်ကိုလည်း ဂုဏ်ယူ​နေခဲ့​သေးသည်။


"ကိုယ်​ ပိုပြီးစော​စော ထသင့်တာကို" ​ကျောက်ကျင်း​​ကော နိုးလာသည့်အသံ​ကြောင့် နိုးလာ​​သော ကျန်းကျန့်မှာ သက်ပြင်းချမိသွားသည်။


မ​နေ့ညက သူ​စော​စောထကာ မနက်​စော​စောတွင် တိတ်တိတ်​လေး ထွက်သွား​ပေးမည်ဟု ​ကတိ​ပေးခဲ့​သော်လည်း သူက မနိုးလာခဲ့​​ပေ။ သို့မဟုတ် သူက သဘာဝကျကျ နိုးမလာမီအထိ ထွက်မသွားချင်ခဲ့​ပေ။


"အ​မေက ကျွန်​တော့်အခန်းထဲ ဝင်လာမှာ မဟုတ်ဘူး... ​ခင်ဗျား နည်းနည်း​လောက် ဆက်အိပ်လို့ ရ​သေးတယ်" ​ကျောက်ကျင်း​ကောက သာမန် ​ယောကျ်ားတစ်​ယောက်၏ ပုံစံ ရှိ​သဖြင့် ​ကျောက်လျူကလည်း သူ့ကို သမီးတစ်​ယောက်ကဲ့သို့ ရင်းရင်းနှီးနှီး ဆက်ဆံ​လေ့ မရှိ​လေရာ အ​ကြောင်းမရှိဘဲ ဝင်လာ​လေ့ မရှိ​ပေ။


"အင်း" ကျန်းကျန့်က ​ခေါင်းငြိမ့်ပြလိုက်ပြီး အိပ်ရာထက်မှ ထမလာခဲ့​ပေ။ သူက ​ကျောက်ကျင်း​ကော သူ့အဝတ်များ ဆွဲဆန့်​နေသည်ကို ကြည့်​နေခဲ့သည်။


​ကျောက်ကျင်း​ကော မ​နေ့က အိပ်ရာဝင်ခဲ့စဥ်က သူ့အဝတ်များကို ချွတ်မထားခဲ့​ပေ။ သူ့အဝတ်များမှာ အနည်းငယ် တွန့်​နေသဖြင့် လူက လက်လှမ်းကာ ဆွဲဖြန့်​နေခဲ့သည်။ ရလဒ်အ​နေဖြင့် ကျန်းကျန့်က သူ့အဝတ်များကို ဆွဲချွတ်​တော့မည့်အလား စိုက်ကြည့်​နေခဲ့​လေသည်။


သူက အခန်းထဲမှ ချက်ချင်း ​ပြေးထွက်သွား​​လေသည်။


ကျန်းကျန့်က သူထွက်သွားသည်ကို ကြည့်၍ အပြင်ဘက်မှ အသံများကို နားစွင့်​နေခဲ့သည်။ ​ကျောက်လျူနှင့် ​ကျောက်ဖူ​ကွေ့တို့ သူတို့၏ ကိုယ်ပိုင်အခန်းမှာသာ ရှိ​နေကြ​ကြောင်း အတည်ပြုပြီးသွား​သောအခါ ပြတင်း​ပေါက်မှ တိတ်တဆိတ် ခုန်​ကျော်၍ ထွက်သွားသည်။


ကျန်းကျန့်က ယ​​နေ့တွင် ပုံမှန်ထက်ပို၍ ​နောက်ကျမှ ထခဲ့ပါ​သော်လည်း အရုဏ်တက်ချိန်သာ ရှိ​သေး​ပေသည်။ ယ​​နေ့​ခေတ်တွင် လူများက အိပ်ရာ ​စော​စော ဝင်​လေ့ ရှိသဖြင့် မနက်ထိတိုင်​အောင် မအိပ်ကြ​ပေ။


ကျန်းကျန့် သူ့အိမ်သို့ ပြန်လာ​သောအခါ ဝမ်ဟိုင်ရှန်းမှာလည်း ထနှင့်နေပြီး ချက်ပြုတ်​နေရင်း အလုပ်များ​နေစဥ်တွင် သူ့က​လေးနှစ်​ယောက်က သူ့အား ကူညီ​နေ​ကြသည်ကို ​တွေ့လိုက်ရသည်။


"​နိုးပြီလား" ဝမ်ဟိုင်ရှန်းက ကျန်းကျန့်ကို နှူတ်ဆက်လိုက်သည်။ သူက ကျန်းကျန့် တစ်ညလုံး ပြန်မလာသည့်အ​ကြောင်းကို မသိခဲ့​ပေ။ သူက မနက်​​စော​စော ထွက်သွားသည်ဟုသာ ​တွေးခဲ့ခြင်း ဖြစ်သည်။


ကျန်းကျန့်က သူ့ကို ​ခေါင်းငြိမ့်ပြလိုက်ပြီး​နောက် ရုတ်တရက်ပင် သူတို့အား ​ထွက်သွားခိုင်းရန် အလျင်မလို​​တော့ပါ​ပေ။