အပိုင်း၉၅
Viewers 31k

Chapter 95

Chapter 95

:ကျောက်ကျင်းကောက မြှူဆွယ်လို့နေ




ကျောက်ကျင်းကော၏ခန္ဓာကိုယ်တွင် ဒဏ်ရာများရှိနေသော်လည်း ၎င်းမှာ ပြင်းထန်မှုမရှိပေ။ထိုဒဏ်ရာများကိုကြည့်ရင်း ကျန်းကျန့် ဒေါသထွက်လာကာ မျက်ခုံးများက ပိုပို၍ကြုတ်လာခဲ့သည်။


ကျောက်ကျင်းကော ကျန်းကျန့်ကို ဤပုံစံဖြင့်မြင်ရသောအခါ သူ့နှလုံးသား နစ်မြုပ်သွားသည်။ အရင်တုန်းက ကျန်းကျန့် သူ့ကို အမြဲပြုံးပြပြီး ရံဖန်ရံခါ ပရောပရည်လုပ်တတ်သည်။ ထိုအချိန်တွင် ကျောက်ကျင်းကော ထူးဆန်းသလို ခံစားရပြီး ကျန်းကျန့်ကို မည်သို့ ရင်ဆိုင်ရမည်ကို မသိပေ။ ယခုမူကား . . . ကျန်းကျန့် အေးစက်သောမျက်နှာဖြင့်ရှိနေသည်ကမှ သူ မည်သို့ရင်ဆိုင်ရမည်ကို မသိသည့်အချိန်ဖြစ်သည်ကို ရုတ်တရက်တွေ့လိုက်ရသည်။


"တောင်းပန်ပါတယ် ကျန်းကျန့်"

ကျောက်ကျင်းကော မသိစိတ်ကနေ တောင်းပန်လိုက်၏။


"ဒါ မင်းအပြစ်မဟုတ်ပါဘူး..."

ကျန်းကျန့်က ပြောလိုက်သည်။


ကျောက်ကျင်းကော ထိခိုက်သွားသည်ကို မြင်ပြီးကတည်းက သူ့ရင်ထဲမှာ ဒေါသတွေကို ထိန်းခဲ့ထားရသည်။လုတကို ရိုက်နှက်ခဲ့သော်ငြား ဤဒေါသကို မငြိမ်းသတ်နိုင်ခဲ့ပေ။ကျောက်ကျင်းကောက သူနှင့်အတူ ကောင်းမွန်သော ဘဝနေထိုင်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။ကျောက်ကျင်းကော ထိခိုက်နာကျင်သည်ကို လုံးဝမမြင်ချင်သော်လည်း ကျောက်ကျင်းကောက သူ့မျက်စိအောက်မှာတင် ထိခိုက်သွားဆဲဖြစ်လေသည်။ဤသည်က ကျန်းကျန့်ကို စိတ်ပျက်စေ၏၊အဆုံးမှာ သူက အသုံးမကျဆဲပင်။


အစပိုင်းမှာ ကျောက်ကျင်းကောကို သူ့ကိုယ်သူ မကာကွယ်သည့်အတွက် အနည်းငယ်ဒေါသထွက်ခဲ့၏။ ထိုလူများက သူ့ကို ရန်စရန် လာခဲ့ကြပြီး အစပထမတွင် လာမတိုက်ခိုက်ခဲ့ပေ။ ထိုအချိန်တွင် ကျောက်ကျင်းကောက သူ၏ အားနည်းချက်ကို ဦးစွာပြသခဲ့သဖြင့် အနိုင်ယူမခံရစေရန် သူ့ကိုသွားရှာခဲ့သည်။ ယခုမူ ကျောက်ကျင်းကော၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို မြင်လိုက်ရသောအခါ ကျန်းကျန့်သူ့ကိုယ်သူ ဒေါသပိုထွက်နေလေသည်။ သူသာ သန်မာခဲ့မည်ဆိုပါက ကျင်းကောကို ဘယ်သူမှ ထိမည်မဟုတ်ပါချေ။


ကျန်းကျန့်က သူ့ကိုယ်သူ အပြစ်တင်နေသော်လည်း ကျောက်ကျင်းကောက ကျန်းကျန့်၏စကားကိုကြားသောအခါတွင် အတော်လေး စိတ်မသက်မသာဖြစ်ခဲ့ရသည်။ကျန်းကျန့်က ဘာလို့ ဒီလောက်တောင် မပျော်မရွှင်ဖြစ်နေရတာလဲ...


ကျောက်ကျင်းကော ကျန်းကျန့်ကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ရာ ကျန်းကျန့်၏ မျက်နှာသည် အလွန်အရုပ်ဆိုးနေသည်ကို တွေ့လိုက်ရသည်။ သူမေးချင်သည်ကို ရုတ်တရက် မမေးနိုင်ဖြစ်သွားပြီး မလှုပ်ဝံ့ဘဲ ကုတင်ပေါ်မှာ လှဲနေလိုက်၏။


ကျန်းကျန့်က ကျောက်ကျင်းကော ၏ဒဏ်ရာများကို ပွတ်သပ်ဆေးလူးပေးသော်လည်း သူ့စိတ်အဆင်မပြေ ဖြစ်နေသောကြောင့် ဤအခွင့်အရေးကို အသုံးချရန်ပင် မကြိုးစားခဲ့ပေ။


ကျောက်ကျင်းကောကလည်း ဤအရာကို သဘာဝအတိုင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရင်တုန်းက ကျန်းကျန့်က သူ့ကို အမြဲတမ်း အခွင့်ကောင်းယူနေသည်ကိုထူးဆန်းသည်ဟု ခံစားရပေမဲ့ အခု ကျန်းကျန့်က ထိုသို့ မလုပ်တော့သည့်အခါ သူစိုးထိတ်သွားရသည်။


သူ တစ်ခုခုအမှားလုပ်မိလို့လား...ကျန်းကျန့်က သူ့ကို သဘောကျပုံမပေါ်တော့ဘူး...


"အခန်းထဲမှာ အနားယူနေ...ကိုယ်သွားလေ့ကျင့်လိုက်ဦးမယ်..."


ကျန်းကျန့်က ကျောက်ကျင်းကောကို ဆေးလိမ်းပေးရင်း ပြောလိုက်သည်။


အကယ်၍ အခြားသူတစ်ဦးသာ ထိုကဲ့သို့ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါက ထိုလူအား သေချာပေါက် လေ့ကျင့်မှုဆက်လက်ပြုလုပ်ခိုင်းမည့်ဖြစ်သော်လည်း ကျောက်ကျင်းကောက သူ၏ကော ဖြစ်သည်။ကျန်းကျန့် ကျောက်ကျင်းကော၏ ခန္ဓာကိုယ်ပေါ်ရှ် ဒဏ်ရာများကို တွေ့လိုက်ရသောအခါ မလွှဲဧကန် စိတ်ဆင်းရဲသွားခဲ့သည်။ အခု အပြင်မှာ နေက အလွန်ပြင်းပြီး အရေခွံပင်ကွာကျနိုင်လောက်သည့်အတွက် ကျောက်ကျင်းကောကို အပြင်ထွက်ခိုင်းရန် ပို၍ပင် ဝန်လေးသွားရ၏။


"မင်းကိုယ်ပြန်လာမှာကို ဒီမှာစောင့်နေ..."


ကျန်းကျန့် ခန့်မှန်းချက်အရ အချိန်ပြည့်လုနီးပါးဖြစ်နေပြီဖြစ်သဖြင့် ထွက်သွားခဲ့သည်။


ကျန်းကျန့် ထွက်သွားသည်ကို ကြည့်ပြီး ကျောက်ကျင်းကော ခဏတာ အတွေးထဲမှာ နှစ်မြုပ်သွား၏။


ကျန်းကျန့်က ...သူ့ကို မကြိုက်တော့ဘူးလား...သူ့ကို လေ့ကျင့်ခွင့်တောင် မပေးတော့ဘူး...သူ သူ့ကို အရှက်ရစေမိခဲ့တာလား...


ကျန်းကျန့်က ကျောက်ကျင်းကော၏ ခံစားချက်ကို မသိခဲ့ပါချေ။ကုန်းပတ်ပေါ် လျှောက်လာရင်း သူ့လူများ တန်းစီပြီး သပ်သပ်ရပ်ရပ် ရပ်နေသည်ကို တွေ့လိုက်ရသည်။


အဖွဲ့က တကွဲတပြားဖြစ်နေချိန်မှာ အဖွဲ့ဝင်တစ်ဦးစီသည် သာမန်ပုံပေါက်ပြီး တစ်ဦးချင်းတိုက်ခိုက်ရေး ထိရောက်မှုအရ၊ ၎င်းတို့သည် လုတ၏လူများလောက် မကောင်းနိုင်ပေ။သို့ပေမဲ့ သူတို့အတူတူရပ်လိုက်သည့်အခါ လုံးဝကွဲပြားသွားပုံရသည်။


ယူနီဖောင်းဝတ်ထားပြီး သပ်သပ်ရပ်ရပ် လှုပ်ရှားမှုတွေက အရှိန်အဟုန်ပြင်းပြင်းကို ထုတ်ပေးနိုင်သည်။ အတူတူရပ်နေသည့် ဤလူတွေမှာ အလွန့်အလွန်ပြင်းလှသည့် အရှိန်အဟုန်ရှိ၏။


"သတိ"


ကျန်းကျန့်က အော်ဟစ်ပြီး ဤလူတွေကို ဒိုက်ထိုး၊ ထိုင်ထ၊ ဖားခုန်၊ မြင်းခြေလှမ်း၊ လက်ဝှေ့စသဖြင့် လေ့ကျင့်ခိုင်းသည်။


လေ့ကျင့်ရေးအစီအစဉ်၏ ကဏ္ဍအားလုံးကို လုံးဝလိုက်နာပြီး ပုံမှန်ထက်ပင် ကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်။ သူ့ကိုယ်စိတ်ကို တည်ငြိမ်အောင်လုပ်ရန် သူ့စွမ်းအင်တွေကို ထုတ်ပစ်ရန် လိုအပ်၏။


ကျန့်ရီက သင်္ဘောပေါ်တွင် ဘာမှလုပ်စရာမရှိပေ။ကျန်းကျန့် သူ့လူများနှင့် လေ့ကျင့်နေသည်ကို ကြားပြီးနောက် သူ ထွက်လာပြီး အံ့သြစွာ မျက်ခုံးပင့်လိုက်သည်။


ကျန်းကျန့်၏လူများကို ယခင်ကမြင်ဖူးသော်လည်း ကျန်းကျန့် သူ့လူများနှင့်လေ့ကျင့်သည်ကို မမြင်ဖူးပေ။ သူ ၎င်းကိုမြင်သောအခါ ကျန်းကျန့် လူတွေကို လေ့ကျင့်ပေးသည့်နည်းက သူအရင်ကထင်ထားသည်နှင့် လုံးဝကို ကွဲပြားနေသည်ကို တွေ့လိုက်ရ၏။သို့ပေမဲ့. . . ဤသည်က သံသယဖြစ်ဖွယ်ကောင်းသော နည်းလမ်းတစ်ခုဖြစ်သည်။


ကျန့်ရီက ကမ္ဘာကြီးကိုမြင်ဖူးပြီး စစ်ဘက်အရာရှိများနှင့် စစ်သားများ လူများနှင့်တိုက်ခိုက်နေသည့် တိုက်ပွဲမျိုးကိုလည်း မြင်ဖူးသည်. . . စည်းမဲ့ကမ်းမဲ့ လူအုပ်စုနှစ်စုက တညီတညွတ်တည်း ပြေးလာကြပြီး များသောအုပ်စုက အရေအတွက်နည်းသော အုပ်စုကို ဖြိုခွဲပြီး အနိုင်ရသူက ကွဲပြားသွားသည်ဟု ဆိုနိုင်၏။


သို့သော်လည်း ထိုအရာရှိများသည် အိမ်ထောင်စုဝင်အချို့ကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီး ၎င်းတို့၏စစ်သားများသည် ရံဖန်ရံခါ လူရမ်းကားအုပ်စုများဖြစ်သည်။ သူတို့ကို မှီခိုနေရသည့် ထိုမိသားစုဝင်တွေက ရံဖန်ရံခါ အလွန် သတ္တိရှိပြီး ကြောက်စရာကောင်းလေ့ရှိကြသည်။သူတို့က အတူတူ စားသောက်နေထိုင်ကြသည့်အတွက် ဖွင့်ဟပြောစရာမလိုသော နားလည်မှု ရှိကြသည်။ကျန်းကျန့်၏လူများသည် ထိုအိမ်ထောင်စုဝင်များနှင့် ခပ်ဆင်ဆင်တူသည်။


ဤတစ်ကြိမ်မှာ ကျန်းကျန့်က ရင်ပြင်မှာ လမ်းလျှောက်လေ့ကျင့်ခြင်းမပြုဘဲ သူ့လူတွေကို ကိုယ်ကာယလေ့ကျင့်ခန်း အမျိုးမျိုးလုပ်ခိုင်းခဲ့​သည့်။ ဝါးလုံးကို မသုံးသော်လည်း လေ့ကျင့်ရေး ပြင်းထန်မှုမှာ မနည်းလှပေ။ လေ့ကျင့်မှုအပြီးတွင် အတွဲလိုက် တိုက်ခိုက်စေခဲ့သည်။


ကျန်းကျန့်၏လူများအတွက်၊ ဤလေ့ကျင့်ရေး၏ လက်ရှိပြင်းထန်မှုမှာ ပုံမှန်ထက် ပိုမိုများပြားနေသော်လည်း ဤသင်္ဘောပေါ်တွင် လူများစွာကို စောင့်ကြည့်နေမည်ဟု တွေးမိသောအခါတွင် နှုတ်ဆိတ်နေခဲ့က သည်။၎င်းတို့၏ ယခင်အတွေ့အကြုံများဖြင့် သင်္ဘောပေါ်ရှိလူများအား ၎င်းတို့ဘာလုပ်နိုင်သည်ကို မသိစိတ်က ပြသလိုကြသည်။


လူလေးဆယ်ကျော်က ကျယ်လောင်စွာ အော်ဟစ်ပြီး နေပူထဲမှာ ဆက်လက် လေ့ကျင့်နေခဲ့သည်. . .


ကျန့်ရီ သူ့နောက်မှလိုက်လာသော လုတ၏ ညိုမဲရောင်ကားနေသည့်မျက်နှာကိုကြည့်ကာ ပြောလိုက်၏။


"လုတ ...မင်းသူတို့ကို ဘယ်လိုထင်လဲ"


လုတ ကျန်းကျန့်ကိုကြည့်ကာ သူ့ခန္ဓာကိုယ် နာကျင်သွားသလို ခံစားလိုက်ရသည်။ သူ အံကြိတ်ကာ နောက်ဆုံးတွင်ပြောလိုက်၏။

“ကျွန်တော် မတရားရှုံးနိမ့်ခဲ့တယ်”


"မင်းရဲ့လူတွေကိုလည်း ဂရုစိုက်ရမဲ့အချိန်ရောက်ပြီ"


ကျန့်ရီက ပြောလိုက်သည်။


လုတ သူ့စိတ်ထဲတွင် ဒေါသများစွာ စွဲကိုင်ထားပြီး ကျန့်ရီ သူ့ကို အထင်ကြီးအောင်လုပ်ရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် သူ့လူအားလုံးကို အော်ပြောလိုက်၏။


"ငါနဲ့ အတိုက်အခိုက်လေ့ကျင့်ဖို့ အသင့်ပြင်ထား"


“အစ်ကိုကြီး...အခု အရမ်းပူနေတယ်” လုတ အနားရှိ အမျိုးသားတစ်ဦးက ပြောသည်။


“ဟုတ်တယ် အစ်ကိုကြီး...ရာသီဥတုအေးတဲ့အခါမှ လေ့ကျင့်ကြရအောင်"


“နေလောင်လိမ့်မယ်”


. . .


"မင်းတို့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်ကွ"


လုတ ဒေါသထွက်သွားသည်။


လုတ၏ဒေါသကိုမြင်ပြီး သူ့လူတွေက နောက်ဆုံးမှာ ကုန်းပတ်ပေါ်တက်သွားပေမဲ့ တစ်ခါမှ တန်းမစီဖူးကြသည့်အခါ ဖရိုဖရဲနှင့်ပါပင်။


"တန်းစီ...တန်းစီ"

လုတက အော်လိုက်၏။


သူ့လူတွေက ကမောက်ကမဖြစ်နေတုန်းပင်။


“လေ့ကျင့်ရေးပြီးပြီ...သွားကြမယ်"


တစ်ဖက်တွင် ကျန်းကျန့်က အခန်းဆီသို့ ပြေးသွားကာ သူ့နောက်မှလူများ အားလုံးသည် ထိုလမ်းအတိုင်း ပြေးသွားကြသည်။ မထွက်ခွာမီ လုတကို အထင်အမြင်သေးစွာ စိုက်ကြည့်နေသည်။လုတ ပေါက်ကွဲလုမတတ်။


လေ့ကျင့်မှုအပြီးတွင် ကျန်းကျန့် သူ၏အခန်းသို့ ပြန်သွားခဲ့သည်။


သူ့စွမ်းအင်ကို အပြင်သို့ ထုတ်လွှတ်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး ပိုပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ သူအရင်က ကျောက်ကျင်းကော၏ ​သနားစရာကောင်းသည့်အကြည့်ကို တွေးပြီး သူ့နှလုံးသားတွေ ယားယံလာသည့်ခံစားချက်ကိုမရပ်တန့်နိုင်ဘဲ ကျောက်ကျင်းကောကို ဘယ်လို"ဆုံးမ"ရမလဲဆိုသည်ကို စပြီးစဉ်းစားခဲ့၏။


သူ ကျောက်ကျင်းကောနှင့် စကားပြောရန် လိုအပ်သည်. . . သူတို့က ကျိုးကြောင်းဆီလျော်သူတွေဖြစ်ပြီး မကြာခဏ အိပ်ယာထဲမှာ စကားပြောလေ့ရှိသည်။ဤတစ်ကြိမ်မှာလည်း သူကျောက်ကျင်းကောကို အိပ်ရာထဲမှာ ဆုံးမ၍ရ၏ . .


ကျန်းကျန့် အိမ်ထောင်ရေးသဟဇာတဖြစ်မှုအကြောင်းကို တွေးတောမိသည်နှင့် တပြိုင်နက် ကျောက်ကျင်းကော ထိခိုက်ထားသည်ကို သတိရလိုက်သည်။ဤရက်ပိုင်းမှာ သူ သူ့ကိုယ်သူ ထိန်းထားရပေမည်။


"ကျင်းကော"

ကျန်းကျန့် တံခါးဖွင့်​ပြီး အထဲကို ဝင်​သွားသည်​။ တံခါးကိုဖြတ်ပြီးသည်နှင့် အဖက်ခံလိုက်ရမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ဆက်တိုက်ဆိုသလို ခေါင်းတစ်လုံးက သူ့ကို ဝင်ဆောင့်မိပြီး ကျင်းကော၏နှုတ်ခမ်းက သူ့နှုတ်ခမ်းကို ဝင်တိုက်လာသည်။ယင်းက တကယ် နာ၏။ သွေးထွက်မှာကိုပင် သူကြောက်မိသည်။


ကျောက်ကျင်းကောက သူ့လျှာကို သူ့ပါးစပ်ထဲကို ထပ်ထည့်လိုက်သည့်အခါ ကျန်းကျန့် အနည်းငယ် တုံ့ပြန်မှုမရှိဖြစ်နေဆဲဖြစ်သည်။ကျောက်ကျင်းကော၏လက်က သူ့ဝမ်းဗိုက်မှတဆင့် အောက်သို့ပင် ရွေ့လျားသွားသည်။


ကျောက်ကျင်းကောက ၎င်းကို *မြစ်ကူးပြီးတံတားဖျက်သောအရှိန်ဖြင့် ပြုလုပ်သောအခါ သူ့လက်သည် အနည်းငယ်တုန်ယင်သွားသော်လည်း သူလိုချင်သည့်နေရာတွင် ထားလိုက်ဆဲဖြစ်သည်။ဤသည်က သူ့အတွက်

ကျန်းကျန့်၏တောင်းဆိုချက်မပါဘဲ ယခုလိုမျိုးလုပ်ရန် သူ့ဘက်ပထမဆုံးအစပျိုးခဲ့ခြင်းဖြစ်လေသည်။

(T/N–ယခင်အခြေအနေ/ဆက်ဆံရေးပြန်မရောက်နိုင်၊အပြန်လမ်းမရှိတော့ပေ)


ကျန်းကျန့် အစတွင် လန့်ဖျပ်သွားပြီး အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ ထို့နောက် သူ့တုံ့ပြန်မှုကို စောင့်မျှော်နေလိုက်သည် . . .ကျန်းကျန့်က ကျောက်ကျင်းကောကို တွန်းထုတ်လိုက်ပြီး တံခါးကို ကောင်းစွာ မင်းတုန်းချပြီးနောက် သူ၏ ဘောင်းဘီ ခါးပတ်ကို စတင် ဖြည်လိုက်သည်။


ကျောက်ကျင်းကော သူ့ကို ကျန်းကျန့်က တွန်းထုတ်လိုက်သောအခါတွင် အနည်းငယ် စိတ်ပျက်အားငယ်သွားသည်။ကျန်ကျန့် သူ့ကို အခုတကယ်မကြိုက်တော့မှာကို ကြောက်နေပေမဲ့ မော့ကြည့်လိုက်သည်နှင့် ကျန်းကျန့်က သူ့ဘောင်းဘီခါးပတ်ကို ဖြုတ်နေသည်ကို တွေ့လိုက်ရ၏။ကျန်းကျန့်က သူ့ခါးပတ်ကို ဖြုတ်ပြီးနောက် ဘောင်းဘီရှည်ကို ချွတ်လိုက်သည်။


ဒါ. . . ငြင်းပယ်ခံရရန် အဆင်သင့်ဖြစ်နေသော ကျောက်ကျင်းကောတစ်ယောက် အတော်လေး မှင်သက်သွား၏။


ထိုအချိန်တွင် ကျန်းကျန့်က အလွန်စိတ်လှုပ်ရှားနေသည်။ကျောက်ကျင်းကောက သူ့ကို နှိုးဆွရန်အစပြုလာကတည်းက သူ့စိတ်တို့ ထကြွလှုပ်ရှားနေခဲ့သည်။ ဒီလူကို မဆုံးမရင် သူက လူမဟုတ်တော့ဘူးးး...


ကျန်းကျန့် ထွက်သွားသော်လည်း လုတက သူ့လူများကို ကုန်းပတ်ပေါ်တွင် လေ့ကျင့်ပေးနေဆဲဖြစ်သည်။


လုတအတွက် သူ့လူတွေကို လေ့ကျင့်သင်ကြားပေးသည်က ပထမဆုံးအကြိမ်ဖြစ်သည်။သူကိုယ်တိုင်လည်း လေ့ကျင့်မှု တစ်စုံတစ်ရာ မရရှိခဲ့သောကြောင့် သဘာဝအတိုင်း၊ ဤအရာအားလုံးကို လုပ်ဆောင်ရသည့်အဓိကအချက်ကို လွတ်သွားခဲ့သည်။ သူ့လူတွေကလည်း အလွန် ဆူညံနေကြသည်။နောက်ဆုံးတွင် သူက ၎င်းတို့ကို တန်းစီကာ ဆံပင်ကိုဆွဲပြီး ဖင်ကို ပိတ်ကန်ပစ်လိုက်ရာ ယင်းက အလွန်အမြင်မတော်ပုံပေါ်သည်။ယင်းက လုတကို အတော်လေး စိတ်ပျက်လာစေသည်။


သူစိတ်ပျက်နေသောအခါ သူ့မျက်နှာပေါ်က ဒဏ်ရာက ပိုဆိုးလာသလို သူ့ပတ်ဝန်းကျင်က လူတွေကပင် ရယ်မောလိုက်ကြသည်။လုတ လူတိုင်းကို ပါးဆွဲရိုက်ချင်ပစ်ပေမဲ့ ကျန့်ရီကပင် မရယ်ဘဲမနေနိုင်ဖြစ်နေသည်။


"သခင်...ကျန်းကျန့်က အဲဒီလူတွေကို ဒီလိုဖြစ်အောင်လုပ်ဖို့ အချိန်အတော်ကြာအောင် လေ့ကျင့်ခဲ့ရမှာ...ဒီမှာက.....”


လုတက ကျန်းရီကို ရှင်းပြရန် ကြိုးစား၏။


"ကျန်းကျန့်က လွန်ခဲ့တဲ့ နှစ်လလောက်က လောင်းကစားအိမ်မန်နေဂျာဖြစ်လာခဲ့တာ...အဲဒီ့အချိန်ကျမှ သူ့အတွက် လက်အောက်ငယ်သားတချို့ကို ရှာခဲ့တာ..."


ကျန့်ရီက လုတကို ပြုံးပြီး ကြည့်လိုက်သည်။


လုတ ပို၍ပင် စိတ်ဆိုးသွား၏။ကျန်းကျန့် ရေသွားချိုးပြီဆိုသည်ကို သူကြားသောအခါ သင်္ဘော၏ ရေချိုးဧရိယာကို အမြန်သွားခဲ့သည်။ကျန်းကျန့်၏လူများကို သူမြင်သော်လည်း ကျန်းကျန့်ကို သူမတွေ့ပါချေ။


မှန်ပေသည်၊ကျန်းကျန့်ကို သူမတွေ့နိုင်ခဲ့ပေ။ကျန်းကျန့်က ယခုအချိန်တွင် . . . အပြီးသတ်ရန် "အလုပ်များ"နေသည်။


ကျန်းကျန့် ကျောက်ကျင်းကော၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ရှောင်ရှားရန် အကောင်းဆုံးကြိုးစားခဲ့သည်။သူ သူ့ကို အိပ်ရာထဲပင် မခေါ်ဘဲ ကျောက်ကျးင်ကောကို နံရံမှာ လက်ထောက်ပြီး တင်ပါးကိုကြုံ့၍ မတ်တပ်ရပ်ခိုင်းခဲ့၏။


ဤရလဒ်ကိုမြင်ပြီးနောက်မှာ သူပိုပြီးစိတ်လှုပ်ရှားလာပြီး မြန်မြန်ဆန်ဆန်နှင့်ပစ်လွှတ်နိုင်ခဲ့သည်။


အကယ်၍ သင် စိတ်လှုပ်ရှားလွန်းလျှင် ထိန်းမနိုင်သိမ်းမရဖြစ်သွားပေလိမ့်မည်. . . ကျန်းကျန့်လည်း စိတ်ပူမိသည်။ကျောက်ကျင်းကောက ခုထိ မပြီးမြောက်သေး. . .


ထိုအချိန်တွင် ကျန်းကျန့်​ ကျောက်ကျင်းကောက သူ့အောက်ပိုင်းကို ဆေးကြောထားလောက်သည်ကို သိထားသောကြောင့် သူ ယဉ်ကျေးမနေတော့ဘဲ သူ့ကို သူ့ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်လိုက်သည်။

(BJ)


ကျန်းကျန့်က အနည်းငယ် လျှင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး ကျောက်ကျင်းကောမှာလည်း သူ့စိတ်ထဲတွင် အရာများစွာ ရှိနေသောကြောင့် ကျန်းကျန့်က သူ့ကိုထားခဲ့သောအခါတွင် အနည်းငယ် ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။ထို့နောက်တွင်ကား . . . ကျန်းကျန့်က သူမျှော်လင့်ထားသည်ထက် ကျော်လွန်၍ တစ်စုံတစ်ခုကို ပြုလုပ်ခဲ့သည်။


ကျောက်ကျင်းကော ကျန်းကျန့်က သူ့ကို ဒေါသထွက်နေသည်ဟုထင်ထားခဲ့သည်။ကျန်းကျန့်က ယခု​လိုမျိုးအရာကို လုပ်ပေးရန် ဆန္ဒရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ. . . သူ ကျန်းကျန့်ကို အံ့သြစွာကြည့်ရင်း တစ်ကိုယ်လုံး တုန်ရီသွားပြီး သူလည်း အမြန်ပစ်လွှတ်သူတစ်ယောက်ဖြစ်လာခဲ့လေသည်။


"ကျင်းကော မင်းဒီနေ့ဘာလို့တအားစိတ်လှုပ်ရှားနေတာလဲ..."


ကျန်းကျန့်က သူ့ပါးစပ်ထဲက အရာတွေကို အိမ်သာထဲကို ထွေးထုတ်လိုက်ပြီး ကျောက်ကျင်းကောကို ကူသန့်ရှင်းပေးကာ သူ့ဘောင်းဘီကို ကူဝတ်ပေးပြီး ပြုံး၍ မေးလိုက်သည်။


အိပ်ရာထဲမှာ စတိုက်ခိုက်ပြီး အိပ်ရာထဲအဆုံးသတ်လိုက်သည်က အတော်ကို အဓိပ္ပါယ်ရှိ၏။


သူအရင်က စိတ်အခြေအနေမကောင်းပေမဲ့ အခုအချိန်မှာ သူစိတ်ကျေနပ်နေပြီး တစ်ကိုယ်လုံး သက်တောင့်သက်သာရှိသလို ခံစားရသည်။


“ကျွန်တော်... "


ကျောက်ကျင်းကော အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ကျန်းကျန့်က သူ့ကို ဒေါသထွက်ပြီး သူ့ကို မကြိုက်တော့မှာကို ကြောက်သည့်အတွက် ကျန်းကျန့်ကို စိတ်နှလုံးအကြွင်းမဲနှစ်မြုပ်ကာ သွေးဆောင်ခဲ့သည်။ ထိုအချိန်မှာ . . .အမှန်တွင် သူက အေးစက်စက် ဆက်ဆံခံရရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး သူ သူ့ကို အောင်အောင်မြင်မြင် သွေးဆောင်နိုင်ခဲ့လျှင်ပင် ကျန်းကျန့်စိတ်ပျော်လောက်မှာမဟုတ်ဟုထင်ခဲ့သည်။


တကယ်ဖြစ်လာသည့်အခါ ကျန်းကျန့်၏ တုံ့ပြန်မှုက သူ့ကို အံ့အားသင့်စေခဲ့သည်. . . မဟုတ်ဘူး၊တကယ်တော့ ကျန်းကျန့်ရဲ့ တုံ့ပြန်မှုက သိပ်ထူးဆန်းတာတော့ မဟုတ်ဘူး. . . ဤလူက သူ့အပေါ် အမြဲတမ်း ကြင်နာတတ်သည်။


"ဒါပေမဲ့ မင်းက ဒဏ်ရာရနေသေးတယ်လေ...ဒါကြောင့် ဂရုစိုက်ရမယ်... နောက်တစ်ခါ မဆတ်ဆော့ပါနဲ့တော့ဟုတ်ပြီလား"


"မင်းလေး ဆတ်ဆော့လက်ဆော့လုပ်ချင်ရင်တောင် ဒဏ်ရာသက်သာတဲ့အထိ စောင့်ရမယ်"


အမှန်တွင် သူသည် ကျောက်ကျင်းကော သူ့ကို အကြိမ်အနည်းငယ်လောက် ဆတ်ဆော့လက်ဆော့လုပ်မည်ကို စောင့်မျှော်နေခဲ့သည်။ထိုသို့တွေးပြီး ကျန်းကျန့် သူ့လက်ကို ကျောက်ကျင်းကော အဝတ်အစားထဲကို ထည့်ပြီး ရင်ဘတ်ကို ထိလိုက်သည်။


ယခုအချိန်တွင် ကျောက်ကျင်းကောက ဒဏ်ရာရထားသည့်အတွက် သာမန်ကာလျှံကာ မညှစ်နိုင်တော့သည်က စိတ်မကောင်းစရာပါပင်။မဟုတ်လျှင် . . .သူက ကျောက်ကျင်းကော၏ ကြွက်သားတွေကို အမြဲသဘောကျခဲ့သည်မဟုတ်ပါလော။

……