အပိုင်း၉၈
Viewers 31k

Chapter 98

Chapter 98

နောက်လိုက်များအားလုံးကို ဖမ်းမိရန်အတွက် ဦးစွာခေါင်းဆောင်ကို ဖမ်းပါ




ပင်လယ်ဓားပြတွေက အော်ဟစ်နေချိန်မှာ တစ်ယောက်ယောက်က လှေပေါ်ကို တက်နေပြီဖြစ်သည်။


ကွမ်းဖျင်ဘက်ခြမ်းက လူအများစုက ရေမကူးတတ်ကြပေမဲ့ ရေကူးသည်က လေ့ကျင့်၍ရ၏။


ကွမ်းဖျင်စီရင်စုနယ်တွင် မိုးခေါင်ရေရှားပြီးနောက်၊ အချို့သောသူတို့သည် ဓားပြဖြစ်လာရန် ဤနေရာသို့ ရောက်လာကြသည်။ အစပိုင်းတွင် လှေအချို့ကိုသာ လုယက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် အလွန်အရည်အချင်းရှိသူ တစ်ဦး ထွက်လာခဲ့သည်။ သူသည် ဤဒေသရှိ ရေဓားပြများအားလုံးကို စုစည်းခဲ့သောကြောင့် လှေကြီးများကို လုယက်နိုင်ကာ မကြာမီပင် ၎င်းတို့၏ ရွက်လွှင့်ခြင်းနှင့် ရေကူးခြင်းတို့မှာ ပိုပိုကောင်းလာခဲသည်။


“သခင်လေး အနောက်မှာ ပုန်းနေလိုက်ပါ”

လုတက ပြောလိုက်၏။


ကျန့်ရီကို ထွက်ပြေးခိုင်းပြီးနောက် သူတိုက်ပွဲကို အမိန့်ပေးမှာဖြစ်သည်။ ထို့နောက်တွင် တစ်စုံတစ်ယောက်က ထိုပင်လယ်ဓားပြများနှင့် တိုက်ခိုက်နေနှင့်ပြီဖြစ်ကြောင်း သူသိလိုက်ရသည်။


ကျောက်ကျင်းကော နှင့် ကျန်းကျန့်၏လူများသည် ဝါးလုံးတစ်ခုစီကိုင်ဆောင်ကာ လှေနံဘေးတွင်ရပ်နေခဲ့သည်။ ဓားပြတွေ တက်လာသည်နှင့်တပြိုင်နက် ဝါးလုံးနှင့် ထိုးချကြသည်။


ချွန်ထက်သော ဝါးလုံး၏ အစွန်းသည် ဓားကြီးကြီးထက်ပင် ပိုကောင်းသည်။

ရေဓားပြများ ပစ်ခတ်သော လေးနှင့် မြှားများအတွက်မူ... . . တစ်ချို့လူတွေက ဘယ်မှာမှန်းမသိသည့် စားပွဲ၊ ကုလားထိုင်တွေ သစ်သားပြား တွေရလာသည့်အတွက် ခေါင်း၊ မျက်နှာနှင့် ရင်ဘတ်တွေကို ပိတ်ဆို့ကာကွယ်ထားနိုင်လေသည်။


၎င်းတို့သည် အုပ်စု သုံးအုပ်စုဖွဲ့ကာ ဝါးလုံးက နှစ်ဖွဲ့၊ ဒိုင်းတစ်ဖွဲ့ဖြင့် ဓားပြအများအပြားကို ဖြိုခွင်းခဲ့သည်။


လဲကျသွားသည့် ဓားပြတွေက အော်ဟစ်ကာ ပြုတ်ကျသွားကြပြီး ကိုယ့်လူတွေကိုယ် ပိတ်ဆို့မိကုန်ကြသည်။အတန်ကြာအောင် ဘယ်သူမှ တက်မလာရဲကြပေ။


"လုတ သူတို့ဆီကနေ သင်ယူပါ..."

ကျန့်ရီက လှမ်းအော်​လိုက်သည်။


လုတ အသက်ရှူကြပ်နေသလို ခံစားရပြီး တစ်ချက်ကြည့်ရင်း တုံ့ပြန်လိုက်သည်။ ခုခံသူများကို ကွပ်ကဲနေသူမှာ အမှန်တကယ်ပင် ကျောက်ကျင်းကော ဖြစ်သည်ကို သူ ရုတ်တရက် သိလိုက်ရသည်။ကျန်းကျန့်ကို ဘယ်မှာမှ မတွေ့ရတော့ပါချေ။


သူ အနည်းငယ် စိတ်ရှုပ်ထွေး သွားသော်လည်း ယခုအချိန်တွင် ကျန်းကျန့်အကြောင်း စဉ်းစားရန် အချိန်မရှိတော့ပေ။ နှစ်ဘက်စလုံးက တရားဝင်တိုက်ပွဲစလိုက်ကြသည်။


ခေတ်သစ်တိုက်ပွဲများကို မြင်ဖူးသူများအတွက် ဤရှေးခေတ်တိုက်ပွဲများ၏ အချို့သောရှုထောင့်များက ရယ်စရာဖြစ်သည်. . . တစ်ခါတရံ သတိလက်လွတ်ဖြစ်သည့်အခါ ကိုယ့်လူကိုယ် မမှတ်မိအတွက် အပေါင်းအဖော်တွေကိုလည်း ခုတ်ထစ်မိနိုင်သည်။


သို့ပေမဲ့ လက်ရှိအချိန်မှာ တိုက်ပွဲကလည်း ရက်စက်နေသည်။


နှစ်ဖက်လုံး တိုက်ပွဲစပြီး အချိန်သိပ်မကြာပါဘဲ နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှုတွေ ရှိနေကြလေပြီ။ကျန့်ရီ လိုက်ပါသော ပင်မသင်္ဘောတွင် ပင်လယ်ဓားပြများတက်မလာနိုင်သေးသော်လည်း အခြားသင်္ဘောများမှာ တက်ပြီးနေကြပြီးဖြစ်သည်။


နောက်သင်္ဘောပေါ်ရှိ သင်္ဘောသား နှစ်ဦးသည် ပြေးရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် ခုတ်ချခံခဲ့ရသည်။


ခေတ်မမီ ဆေးကုသရေးခေတ်မှာ လက်မောင်းကို လှီးလိုက်ရုံနှင့်ပင် အသက်ဆုံးရှုံးနိုင်သည်။


အော်ဟစ်သံများ ဆက်လက် ထွက်ပေါ်လာသည်နှင့်အမျှ ကျန်းကျန့်၏ မျက်ခုံးသည် ပိုပို၍ ရှုံ့သွားခဲ့သည်။ သူသည် သူ့လက်ပေါ်မှ ကြိုးကိုဆွဲကာ သူ့နောက်လိုက်နေသောသူများကို ရှေ့သို့ခေါ်ဆောင်သွားသည်။


အခြားတစ်ဖက်တွင်မူ သင်္ဘောကြီးအများအပြားတွင် တိုက်ပွဲအခြေအနေသည် ပိုမိုပြင်းထန်လာသည်။


သေကုန်သော ပင်လယ်ဓားပြတွေ အများကြီးရှိခဲ့သည်။သူတို့က သူတို့အသက်ကို အလေးအနက်မထားဘဲ လူ့အသက်ပေါင်းများစွာကိုယူပြီးခဲ့ကြလေပြီ။


ပင်မသင်္ဘောပေါ်တွင် အစောင့်အကြပ်များစွာရှိသော်လည်း ဂရုမဲ့သူတစ်ယောက် ပင်လယ်ဓားပြများကို အပေါ်တက်ခွင့်ပြုထားမိဆဲဖြစ်သည်။


ကျောက်ကျင်းကော ၎င်းကိုမြင်သောအခါ ဝါးလုံးကို ကိုင်ပြီး ဟယ်ညီအကိုနှင့် ပြေးသွားခဲ့သည်။


ဝါးလုံးကို အသုံးပြု၍ သင်္ဘောပေါ်မှ ဓားပြများကို တွန်းချသောအခါတွင် ၎င်းသည် လွန်စွာ မခံစားခဲ့ရပေ။ယခုမူ . . .


ကျောက်ကျင်းကော သူ့လက်ထဲက ဝါးလုံးနှင့် ပင်လယ်ဓားပြတစ်ယောက်ကို ထိုးစိုက်လိုက်ပြီး သွေးနံ့ပြင်းပြင်းရလိုက်သည်။ သူ အန်ချင်သလို ခံစားရ၏။


သူ တစ်စုံတစ်ယောက်ကို သတ်လိုက်သည်. . .


ကျောက်ကျင်းကော ယခင်က လူသတ်ရလိမ့်​မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးသည့်အတွက် ခဏတာကြက်သေသေ သွားခဲ့သော်လည်း မကြာမီပင် သူ့အသိစိတ်ဝင်လာသည်။


ကျန်းကျန့် ဘယ်ရောက်သွားမှန်း သူမသိ၊ကျန်းကျန့် ပြန်အလာကို သူစောင့်နေရမည်. . . ဤအချိန်မှာ သူဖြစ်ဖြစ် သူတို့ပဲဖြစ်ဖြစ် အတူတူဖြစ်၏။


သူ့ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သောအခါ သူကဲ့သို့ပင် လူအများ ကြက်သေသေသွားသည်ကို တွေ့လိုက်ရသည်။သူက ပြောလိုက်

“အကုန်လုံး တက်တက်ကြွကြွရှိကြပါ...ဒီလူတွေကို သတ်ပစ်ကြ"


“သတ်”


အားလုံးက အတူတူ သံယောင်လိုက်ကြသည်။


ထိုအချိန်တွင် သူတို့သည် သူတို့ရှေ့မှ ရန်သူအားလုံးကို သတ်ပစ်ရုံမှတပါး အခြားအရာများကို စဉ်းစားရန် အချိန်မရှိပေ။


သို့ပေမဲ့ ပင်လယ်ဓားပြတွေက အလွန်များပြီး ပင်မသင်္ဘောပေါ်တက်သည့် လူက ဒါဇင်ပေါင်းများစွာ ရှိခဲ့သည်။


ကျန့်ရီ ထိုရေဓားပြများကို ကြည့်ပြီး နောက်ဆုံးတွင် ခိုင်မာသော ဆုံးဖြတ်ချက်ချရန် ဆုံးဖြတ်လိုက်သည်။


"လုတ...လှေကိုလွှတ်ပြီး ငါ့ကိုအဝေးပို့ပေး"


"ဟုတ်​ကဲ့ပါ သခင်​လေး"


လုတက တုံ့ပြန်ပြီး စီစဉ်ရန်သွားလိုက်သည်။


ကျန့်ရီက အစောင့်အကြပ်များဝန်းရံလျက် မကြာမီ ကုန်းပတ်ပေါ်သို့ ရောက်လာသည်။ ထို့နောက် ကျောက်ကျင်းကောကိုမြင်ပြီး သူပြောလိုက်၏။


"ကျောက်ကျင်းကော ပြန်ဆုတ်ကြရအောင်"


ကျန့်ရီ ကျန်းကျန့် ဘယ်ရောက်သွားမှန်း မသိပေမဲ့ ကျောက်ကျင်းကောနှင့် သူနှင့်အတူရှိသည့်လူတွေ၏၏ ရဲစွမ်းသတ္တိကို မြင်ခဲ့ရ၏။ ထို့အပြင် ကျောက်ကျင်းကောက ကောတစ်ယောက်ဖြစ်သောကြောင့် သူနှင့်အတူ ဆုတ်ခွာသွားစေလိုခဲ့သည်။


ကျောက်ကျင်းကော အံ့အားသင့်သွားပြီးပြောလိုက်၏။


"သခင်လေးကျန့်... မင်းရဲ့ဆုတ်ခွာမှုကို ကျွန်တော် ကာကွယ်ပေးမယ်"


"သွားကြရအောင်"

ကျန့်ရီက မျက်မှောင်ကြုတ်လိုက်သည်။


"သခင်လေးကျန့်...ကျွန်တော် ကျန်းကျန့်ကိုစောင့်နေမယ်"


ကျောက်ကျင်းကောကပြောလိုက်သည်။


ကျန်းကျန့် ဘယ်ရောက်သွားမှန်း မသိပေမဲ့ ကျန်းကျန့်က ဘယ်တော့မှ ထွက်ပြေးမှာ မဟုတ်ပါချေ။ထိုအခြေအနေမျိုးတွင် သူအနေဖြင့် ဤနေရာတွင် ကျန်းကျန့်ကိုစောင့်ဆိုင်းနေမှာဖြစ်သည်။


ဝါးလုံးတစ်ခုက ပင်လယ်ဓားပြတစ်ဦးကို မှောက်ချလိုက်ပြီး ကျောက်ကျင်းကော၏ မျက်နှာသည် ဇွဲကောင်းမှုတို့နှင့်ပြည့်နေသည်။


ကျန့်ရီ ထိတ်လန့်အံ့အားသင့်သွားပြီး ကျန်းကျန့်အပေါ် မနာလိုစိတ် အနည်းငယ် ခံစားလိုက်ရသည်။ သူ့မိန်းမက ကျောက်ကျင်းကောလုပ်သလိုမျိူး ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်​ပေ။


ယခုအချိန်တွင် နှောင့်နှေးရန် အချိန်သိပ်မရှိ။ကျန့်ရီ ကျောက်ကျင်းကောကို လျစ်လျူရှုပြီး သူ့လူများနှင့်အတူ ဆုတ်ခွာရန် တွေးနေချိန်တွင် ရုတ်တရက် ပင်လယ်ဓားပြများ၏ အော်သံများက အဝေးမှ ထွက်ပေါ်လာသည်။


တစ်ချိန်တည်းမှာပင် အကြီးဆုံး ပင်လယ်ဓားပြသင်္ဘောကြီး ရုတ်တရက် မီးလောင်သွားခဲ့ပြီး ပင်လယ်ဓားပြများ ဝမ်းနည်းစွာ ငိုကြွေးခဲ့ကြသည်။


ထိုသင်္ဘောသည် ပင်လယ်ဓားပြခေါင်းဆောင် လိုက်ပါသော သင်္ဘောဖြစ်ပြီး ထိုသင်္ဘောပေါ်တွင် တစ်စုံတစ်ဦးက ပင်လယ်ဓားပြများသင်္ဘောသားများကို လာရောက်တိုက်ခိုက်ရန် ကျန့်မိသားစု၏ ရေယာဉ်စုဆီကို မောင်းနှင်လာခဲ့သော်လည်း ယခုအချိန်တွင် . . . ပင်မပင်လယ်ဓားပြသင်္ဘောသည် ပရမ်းပတာဖြစ်နေပြီး သူတို့ဘော့စ်အတွက် အော်ဟစ်နေသူများလည်း ရှိခဲ့သည်။


ဘာလဲ ...ဘာတွေဖြစ်နေတာလဲ...


ကျန့်ရီ ထွက်ပြေးရန် အစီအစဉ်ကို ရပ်တန့်လိုက်ပြီး တစ်ချိန်တည်းမှာပင် ကျန်းကျန့်က ဓားပြခေါင်းဆောင်ကို ကြိုးတုပ်လိုက်သည်။


မြင်းမတိုင်ခင် လူကိုအရင်ပစ်ပြီး ပင်လယ်ဓားပြတွေရှေ့မှာ ခေါင်းဆောင်ကို ဖမ်းလိုက်ပါ...


ကျန်းကျန့် ရှေးခေတ်ရုပ်ရှင်နှင့် ရုပ်မြင်သံကြား လက်ရာများကို ကြည့်ရှုသောအခါတွင်၊း ရှေးခေတ်ရေတိုက်ပွဲများကို တိုက်ခိုက်နည်းမျိုးစုံဖြင့် တွေ့ခဲ့ရသည်။ စာရင်းသည် အဆုံးမရှိပေ။


သူလုပ်ခဲ့သလိုပဲ ရန်သူရေယာဥ်ထဲကို ခိုးဝင်ပြီး သင်္ဘောနစ်မြုပ်အောင်လုပ်သည်မျိူးလည်း ရှိပေမည်။ဤသည် အတော်လေး အဖြစ်များသည့် အဖြစ်အပျက်တစ်ခုဟု ထင်ရ၏။


ထို့အပြင် ဤပင်လယ်ဓားပြများက အသုံးမကျပေ။


စင်စစ်အားဖြင့် ၎င်းတို့သည် ဆူပူသောင်းကျန်းနေသောလူတစ်စု၊စုဝေးနေသောဒုက္ခသည်များမှလွဲ၍ ဘာမှမဟုတ်ပေ။ အများစုက ပင်လယ်ဓားပြတွေမဖြစ်ခင် လှေပေါ်ပင်မတက်ဖူးကြပေ။ဤအခြေအနေမှာ လှိုင်းမမူးဘဲ တိုက်ပွဲတွင် ပါဝင်နိုင်ခဲ့သည်ကကို ထူးထူးခြားခြား ဖြစ်နေပြီဖြစ်ပြီး ၎င်းတို့တွင် အခြားကျွမ်းကျင်မှု လုံးဝမရှိပေ။


ထို့ပြင် ၎င်းတို့သည် ကုန်ပစ္စည်းများအတွက် ကုန်သည်သင်္ဘောကို လုယက်ရန် လာခဲ့ကြသည်။ဤတစ်ကြိမ်တွင် ၎င်းတို့သည် ကျန့်မိသားစု၏ သင်္ဘောများစွာကိုမျက်စိကျသွားခဲ့သည်။ထိုသို့သောအခြေအနေမျိုးတွင် သင်္ဘောနစ်မြုပ်ခြင်းကဲ့သို့သော အရာများကို မည်သို့လုပ်ဆောင်နိုင်မည်နည်း။


ထို့အတွက်ကြောင့် ဤဓားပြများထဲမှ တစ်ဦးတစ်ယောက်ကမျှ အစမှ အဆုံးအထိ ရေထဲသို့ မဆင်းခဲ့သဖြင့် ကျန်းကျန့်၏အဖွဲ့ကို ဘယ်သောအခါမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါချေ။


ထို့နောက် ကျန်းကျန့်က ပင်လယ်ဓားပြသင်္ဘောအုပ်စုအတွင်းရှိ အကြီးဆုံးပင်လယ်ဓားပြသင်္ဘောဆီသို့ ဖြည်းညှင်းစွာချဉ်းကပ်လာသည်။

အဆိုပါ ပင်လယ်ဓားပြများ၏ စကားပြောဆိုမှုနှင့် သဘောထားကို အကဲဖြတ်မှုအရ ဤသင်္ဘောသည် ၎င်းတို့၏ ခေါင်းဆောင် တည်းခိုရာနေရာ ဖြစ်သင့်သည်။ သူသည် ပင်လယ်ဓားပြများကြားတွင် ဂုဏ်သိက္ခာအချို့ရှိသည်။


ဤသင်္ဘောက ကျန့်မိသားစုသင်္ဘောလောက် မကြီးပေမဲ့ သေးငယ်သည်က မဟုတ်ပါချေ။ကျန်းကျန့် ချဉ်းကပ်လာသောအခါ သူ ထိုသင်္ဘောကို နစ်မြုပ်ရန် ကြိုးစားချင်သော်လည်း မကြာမီမှာပင် ယင်းက စိတ်ကူးယဉ်ဆန်သော အကြံတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။


သူက ရေအောက်မှာရောက်နေပြီး သူ့မှာ ခွန်အားကို အသုံးချရန် နေရာပင် မရှိသလို သူ့ခွန်အားကိုလည်း လုံးဝ အသုံးမချနိုင်ခဲ့ပါချေ။ရေထဲမှာ သံတူကို လွှဲယမ်းရသည်က အလွန်ခက်သည်။ဒီတော့ သူဘယ်လိုလုပ်မလဲ... အောက်ခြေမှာ အပေါက်တစ်ခု ဖွင့်မလား...


သူတို့ကိုယ်သူတို့ သင်္ဘောကိုကျောက်ချနိုင်သည်ကကောင်းသည်၊သို့ပေမဲ့ သင်္ဘောနစ်မြုပ်အောင် ကြိုးစားပြီး သူတို့ဘာသူ မျောလိုက်လျှင်မူ. . . သေချာပေါက်ပင်၊သူက သင်္ဘောနံဘေးမှာ အပေါက်ဖောက်နိုင်ပေမဲ့ ၎င်းက သေခြင်းတရားကိုဖိတ်ခေါ်နေခြင်းပဲ မဟုတ်ပါလော။


ကျန်းကျန့် အနည်းငယ် စိတ်လှုပ်ရှားနေပြီး ဘာလုပ်ရမည်ကို တွေးတောနေသည်. . . ဒီပင်လယ်ဓားပြတွေရဲ့ သတိက အတော်လေး ညံ့ဖျင်းနေသလား...


ဤသင်္ဘောက အနောက်ဘက်တွင်တည်ရှိသောကြောင့်ဖြစ်နိုင်သည်၊ ကျန့်မိသားစု၏ကုန်သည်သင်္ဘောအများအပြားက ဝိုင်းရံခံထားရပြီးဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့သည် လုံခြုံသည်ဟု ထင်သောကြောင့် ဖြစ်နိုင်သည်၊ ဤသင်္ဘောပေါ်ရှိလူများအားလုံးသည် ပွဲကြည့်ရန် လှေဦးကိုသွားခဲ့ကြပြီး ပဲ့က ဗလာဖြစ်နေသည်။


သူ့ကို ပို၍ပင် ဆွံ့အသွားစေသည်က ဤသင်္ဘောကြီးပေါ်က လူတစ်ယောက်က ထိုလှေငယ်တွေကို ရှေ့ကသွားခိုင်းပြီး ပင်မကျန့်သင်္ဘောကို တိုက်ခိုက်ရန် အော်ဟစ်နေသောကြောင် ပင်မပင်လယ်ဓားပြသင်္ဘော၏နောက်မှာ တခြားလှေတွေ မရှိတော့ပေ။


ကျန်းကျန့်:"... ”


ကျန်းကျန့် သူ၏လူများနှင့်အတူ သင်္ဘောကြီးပေါ်သို့ အလွယ်တကူတက်ကာ လူပေါင်းအချို့ကို တိုက်ခိုက်ခဲ့သည်။ထို့နောက် အသီးသီး အဝတ်အစားများ ပြောင်းကြသည်။


သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး ပင်လယ်ဓားပြခေါင်းဆောင်အနီးသို့ ချဉ်းကပ်လာခဲ့ကြပြီး အစပိုင်းမှာ ဘယ်သူက ပုံမှန်မဟုတ်သည်ကို မတွေ့ခဲ့ကြပေ။ကျန်းကျန့်ဝတ်ထားသည့်အဝတ်အစားကို တစ်စုံတစ်ယောက်က မှတ်မိပြီး နောက်မှသာဖြစ်၏။


"ဘာလို့... မင်းရဲ့အဝတ်အစားက ရှောင်လျှိုဇီဟာ မဟုတ်ဘူးလား"


ထိုလူက သံသယဖြင့် မေးလိုက်ရာ ကျန်းကျန့်က စတင်တိုက်ခိုက်ခဲ့သည်။


ကျန်းကျန့် မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာပြီးဆုံးခဲ့သည်။ဝမ်ဟိုင်ရှန်းနှင့် အခြားနှစ်ဦးတို့သည် မီးဖိုချောင်သို့ပြေးသွားပြီး မီးတင်ရှို့နေစဉ် ပင်လယ်ဓားပြခေါင်းဆောင်ကို ဖမ်းရန် သူ့အတွက် အချိန်အများကြီးမယူခဲ့ရပါချေ။


ဤခေတ်တွင် သင်္ဘောအားလုံးသည် သစ်သားဖြင့် ပြုလုပ်ထားသောကြောင့် ဆီရှိသရွေ့ သင်္ဘောအားလုံး လျင်မြန်စွာ လောင်ကျွမ်းသွားမည်ဖြစ်သည်။


ပင်လယ်ဓားပြများသည် ပရမ်းပတာအခြေအနေတွင် ရှိနေခဲ့သည်။


တိုက်ပွဲက ထိုအတိုင်း ပြီးသွားခဲ့သည်။


ညဘက်တွင် အရာများစွာကို မမြင်နိုင်သော်လည်း မီးသည် အထူးထင်ရှားနေ၏။ထို့အပြင် ကျန်းကျန့်က ပင်လယ်ဓားပြခေါင်းဆောင်ကို ဖမ်းလိုက်ပြီဟု သူ့လူများက အော်ပြောခဲ့သည်။ ထိတ်လန့်တကြားနှင့်ကျန်သည့် ပင်လယ်ဓားပြတွေက ချက်ချင်း ထွက်ပြေးသွားကြ


သူတို့က အသက်ရှင်သန်ရေးအတွက် အတူတကွစုရုံးခဲ့ကြသည်။ ပင်လယ်ဓားပြခေါင်းဆောင်က အမြတ်အစွန်းကြီးကြီးမားမားဖန်တီးပေးထားသောကြောင့် သူတို့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး နောက်တန်းက သူတို့ကို တစ်ချိန်လုံးတိုက်တွန်းမည့်သူရှိခဲ့သည်။ယခုမူကား . . .


ခေါင်းဆောင်တစ်ခုခုဖြစ်နေသည်မှာ သိသာထင်ရှားပြီး သူတို့ရှေ့က ကုန်သည်သင်္ဘောပေါ်က လူတွေက အတော်လေး ရက်စက်ကြမ်းကြုတ်ကြသည်။သူတို့ လူတော်တော်များများ ဆုံးရှုံးနေပြီဖြစ်သည်. . .


၎င်းတို့၏ ကွဲပြားသော ဒေသိယစကားကြောင့် ပင်လယ်ဓားပြအများစုသည် ကျန်းကျန့်​​၏လူများ အော်သံကို နားမလည်နိုင်ကြသော်လည်း ယင်းက ၎င်းတို့ကို ပို၍ပင် ကြောက်ရွံ့စေသည်။ကျန့်မိသားစုသင်္ဘောများနှင့်ဝေးသော ပင်လယ်ဓားပြအချို့မှာ ပြန်လှည့်ပြေးသွားကြသည်။


ဤပင်လယ်ဓားပြများသည် တရားဝင်လေ့ကျင့်မှု တစ်ကြိမ်မျှ မရရှိခဲ့ဘဲ ရှေ့သို့ တွန်းပို့ခံရသူများမှာ အခြေခံအားဖြင့် အမြောက်စာအသစ်များဖြစ်သည်။


သူတို့အပေါင်းအဖော်များ လှေကြီးပေါ်ကနေ ပြုတ်ကျသည်ကို မြင်သည့် လူတွေက အတော်လေး ကြောက်နေကြပြီဖြစ်ပြီး အပေါ်မတက်ချင်ကြပေမဲ့ ထိုအချိန်မှာ သူတို့နောက်က လူတွေ သုတ်သုတ်ပျာပျာပြေးနေသည်ကို တွေ့လိုက်ရ၏. . .


လှေကို လှော်ခတ်ပြီး သူတို့လည်း သူတို့နောက်ကို လိုက်ပြေးကြသည်။


သင်္ဘောပေါ်တက်ခဲ့သော ပင်လယ်ဓားပြများသည် သင်္ဘောပေါ်ရှိလူများနှင့်တိုက်ခိုက်နေကြဆဲဖြစ်သော်လည်း တက်မည့်သူများမှာ အများစုမှာ ထွက်ပြေးသွားကြပြီဖြစ်သည်။၎င်းကိုမြင်သောအခါ ကျန့်ရီ နောက်ဆုံးမှာ စိတ်အေးလက်အေးဖြစ်သွား၏။


သူ့သင်္ဘောကို စွန့်ပစ်ပြီး ထွက်ပြေးရန် မလိုတော့ပေ။


"ဒီမှာဘာတွေဖြစ်နေတာလဲ"

လုတ စိတ်ရှုပ်ထွေး သွားသည်။


ကျန့်ရီက ကုန်းပတ်ပေါ်တက်ပြီးကတည်းက ကျောက်ကျင်းကောက သူ့ကိုကာကွယ်ပေးခဲ့သည်။ထိုအချိန်မှာ သူက ဂုဏ်ယူစွာပြောလိုက်၏။


"ကျန်းကျန့်ပဲ ဖြစ်ရမယ်"


ကျန်းကျန့်တစ်ခုခုလုပ်လိုက်သည်ပဲ ဖြစ်ရမည်။ကျန်းကျန့်က အလွန် စွမ်းအားကြီးသည်။


ကျောက်ကျင်းကော တောက်ပသော မျက်လုံးအစုံဖြင့် မီး၏ ဦးတည်ရာကို ကြည့်ကာ သူ့လက်အောက်ရှ် လူများကို အမိန့်ပေးလိုက်သည်။


“လူတိုင်းက စက်ဝိုင်းပုံ ရပ်ပြီး နောက်ပြန်ဆုတ်... မထိခိုက်အောင်ကြိုးစားကြ...”


ကျန်းကျန့်နှင့် ရင်ဆိုင်ရသည့်အခါ ကျောက်ကျင်းကောက အမြဲတမ်း ကိုယ့်ကိုကိုယ် လေးစားမှု အားနည်းနေပေမဲ့ သူ့လက်အောက်က ဤလူတွေကို ရင်ဆိုင်ရသည့်အခါမှာ သူ့မှာ ထိုသို့သော ခံစားချက်မျိုး လုံးဝမရှိပါချေ။


ကျန်းကျန့်၏လူများသည် တိုက်ပွဲကို ပထမဦးဆုံးအကြိမ် ဖြတ်သန်းခဲ့ရပြီး ကျန်းကျန့်က အနားတွင်မရှိသည့်အခါ သူတို့ အားမာန်များကိုပျောက်ဆုံးသွားခဲ့ကြသည်။ကျန်းကျန့်က ကျောက်ကျင်းကော၏ စကားကို နားထောင်ခိုင်းသည့်အတွက် ကျောက်ကျင်းကော၏ စကားကို မသိစိတ်ဖြင့် နားထောင်ခဲ့သည်။ တိုက်ပွဲက အရင်ကလို မပြင်းထန်တော့မှပဲ ကောတစ်ယောက်က တိုက်ပွဲကို အမိန့်ပေးနေသည်ကို သတိထားမိလိုက်ကြသည်။


"ငလူး...ကောတစ်ယောက်ဆီက အမိန့်ပေးခံနေရတာကို ငါမယုံနိုင်ဘူး...”


လျူဟိုင်ထုန် မနေနိုင်ဘဲ ဆဲရေးမိခဲ့သော်လည်း နာခံမှုရှိရှိဖြင့် သူ့ပတ်ဝန်းကျင်ရှိ လူများနှင့် စက်ဝိုင်းဖွဲ့ခဲ့သည်။ သူတစ်ယောက်တည်း ထွက်ပြေးပြီး ပင်လယ်ဓားပြတွေ၏ သတ်ဖြတ်ခြင်းကို မခံလိုပေ။


သို့တိုင် သူ့ခေါင်းကို ဝါးလုံးနှင့် အရိုက်ခံနေရတုန်းပင်။ သူ့ကို ရိုက်သည့်သူက ဟယ်ချွန်းရှန့်ဖြစ်လေသည်။


"လျူဟိုင်ထုန်... မင်းသေချင်ရင် ပြောသာပြောလိုက်... မင်းအတွက် မြစ်ထဲမှာ နောက်ထပ် အလောင်းတစ်လောင်း ထားစရာနေရာ ရှိသေးတယ်”


ကျန်းကျန်းသည် ဟယ်ချွန်းရှန့် နှင့် ဟယ်ရှားရှန့်တို့ထံသို့ ချဉ်းကပ်ပြီး ကျောက်ကျင်းကောကို မည်သို့ပင်ဖြစ်စေ ကာကွယ်ရန် ပြောခဲ့သည်။ကျောက်ကျင်းကောသာ အဆင်ပြေနေပါက သူတို့သည် သဘာဝအတိုင်း တောက်ပသော အနာဂတ်ကို ရရှိလိမ့်မည်ဖြစ်သော်လည်း ကျောက်ကျင်းကောသာ တစ်ခုခုဖြစ်ခဲ့ပါက . . .ဘယ်လိုအသက်ရှင်ရမည်ဆိုသည်ကို သူတို့မသိ။


ထို့အတွက်ကြောင့် ဟယ်ချွန်းရှန့်သည် သူ့ညီဖြစ်သူနှင့်အတူ ကျောက်ကျင်းကောနောက်ကလိုက်လာခဲ့ပြီး လျူဟိုင်ထုန် ဆဲသည်ကို မြင်လိုက်ရသည့်အခါဝယ် သူ့ဝါးလုံးကို အသုံးပြုရန် ပို၍ပင် သေချာသွားခဲ့သည်။


ကျောက်ကျင်းကောကလည်း အေးစက်စွာ ကြည့်နေသည်။


အဝေးရှိ မီးလောင်နေသော သင်္ဘောမှ မီးရောင်နှင့် လရောင်တို့သည် ကျောက်ကျင်းကော၏ မျက်နှာပေါ်တွင် ထင်ဟပ်နေပြီး သူ့မျက်နှာ၏ တင်းမာသော ကောက်ကြောင်းကို ပေါ်လွင်စေကာ မျက်ခုံးကြားရှိ အမာရွတ်ပေါ်တွင် အရိပ်တစ်ခု ထွက်ပေါ်လာသည်။


သူ၏မျက်မှောင်ကြုတ်နေသော မျက်နှာသည် အေးစက်နေပြီး သွေးများစွာ စွန်းထင်းနေသည်။ယခုအချိန်တွင် သူသည် အမှန်တကယ်ကို အတော်လေး ရက်စက်သည့်ပုံပင် ပေါက်နေပေသည်။


ဤသည်က ဆယ်ကျော်သက်ကတည်းက အလုပ်ထွက်လုပ်ခဲ့ပြီး အလွန်ကောင်းမွန်စွာလုပ်ဆောင်ခဲ့သော ကောတစ်ဦးဖြစ်သည်။ သူ့ကိုယ်ပိုင် ဟင်္သါပြဒါးမှဲ့ကိုပင် ရက်စက်စွာ ဖြတ်ထုတ်ခဲ့သည်။


ယောက်ျားတော်တော်များများက သူတို့ကိုယ်သူတို့ ထိုကဲ့သို့မျိုး လုပ်ရန်ခက်ခဲကြောင်း တွေ့ကြလိမ့်မည်။မျက်နှာပေါ်ရှိ အသားတစ်ပိုင်းကို ဖြတ်ထုတ်ခြင်းသည် ရိုးရှင်းလွယ်ကူသော အရာမဟုတ်ပေ။


ကျန်းကျန့်က ကျောက်ကျင်းကောကို ဤလူများနှင့် လေ့ကျင့်ခိုင်ခဲ့ပြီး ကျောက်ကျင်းကောင အလွန်တော်ကာ ထိုလူများကို သူ့ကို အထင်ကြီးစေခဲ့သည်။ အရင်က ကျောက်ကျင်းကောကို နှိမ့်ချ ရှုံ့ချခဲ့ကြပေမဲ့ အမှန်တွင် သူတို့က ကောတစ်ယောက်လောက်မတော်ဘူးဆိုသည်ကို အဓိကအားဖြင့် ဝန်ခံလိုစိတ်မရှိခဲ့ခြင်းဖြစ်သည်။


ယခုမူကား . . .


ကျောက်ကျင်းကော၏လက်ထဲက သွေးတွေတစ်စက်စက်ကျနေဆဲဖြစ်သည့် ဝါးလုံးကို ကြည့်ပြီး သူတို့ ကျောက်ကျင်းကောကို အမှန်တကယ်လေးစားမိသွားကြသည်။


"ကျောက်ကျင်းကောာ... မင်းက အံ့သြစရာပဲ..."


ဟယ့်ရှီရွာသားဖြစ်သည့် ကျန့်မင်က မနေနိုင်ဘဲပြောလိုက်သည်။


"အော်နေတာရပ်... သင်္ဘောပေါ်က ဓားပြတွေကို အရင်ရှင်းလိုက်”


ကျောက်ကျင်းကောက ပြောလိုက်သည်။


“ဟုတ်ကဲ့...”


ကျန်းမင် ကျယ်လောင်စွာ တုံ့ပြန်လိုက်သည် အခြားသူများကလည်း ကျောက်ကျင်းကောကို စိတ်ရင်းကောင်းဖြင့် လေးလေးစားစား ကြည့်နေကြသည်။


အတူတူတိုက်ခိုက်ခြင်းသည် တစ်ယောက်နှင့်တစ်ယောက် ခံစားချက်ကောင်းများစုစည်းရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ယခုအခိုက်အတန့်တွင် ဤလူများသည် ကျောက်ကျင်းကောကို ကောတစ်ဦးအဖြစ် သို့မဟုတ် ကျန်းကျန့်ကိုတွယ်ကပ်နေသူတစ်ဦးအဖြစ်ပဲ ဆက်ဆံတော့မည်မဟုတ်ပေ။