Chapter 97
ပင်လယ်ဓါးပြများနှင့်တွေ့ဆုံခြင်း
ကျန်းကျန့် ဖဲရိုက်ရသည်ကို ငြီးငွေ့နေ၍ သူ့ကို ထိုအကြောင်းတွေ ပြောပြနေမှန်း သူသိပေမဲ့ သူတကယ်သိချင်နေသောကြောင့် သူ့ကိုယ်သူ ဖျော်ဖြေရန်တကယ်သင်ယူခဲ့သည်။
ကျန့်ရီက ဖဲလိမ်ပုံနှင့် မွှေနှောက်ပုံကို သင်ယူရန် ကြိုးစားနေချိန်တွင် ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့က စုတ်တံနှင့် စာရွက်ကို ငှားရမ်းကာ ၎င်းတို့၏ လက်ရေးလှရေးနည်းကို ဖြည်းညှင်းစွာ လေ့ကျင့်ခဲ့သည်။
မှန်ပေသည်၊ ကျန်းကျန့်က သခင်လေးကျန့်၏မေးခွန်းအချို့ကိုလည်း ခဏပြီးခဏဖြေကြားရပြီး သခင်လေးကျန့် ငြီးငွေ့လာသောအခါ သူ့နှင့်လိုက်ဖဲရိုက်ပေးရန်လည်းလိုသေးသည်။
မသိလိုက်ပါဘဲ ရေယာဉ်စုသည် တစ်လခွဲကြာအောင် ရွက်လွှင့်နေခဲ့ပြီး ယန့်ကျီမြစ်၏တောင်ပိုင်းနှင့် ပိုပိုဝေးကွာလာပြီး မြို့တော်နှင့် ပိုပိုနီးကပ်လာခဲ့သည်။
ဤကာလအတွင်း ရေယာဉ်စုသည် ရိက္ခာအချို့ကို ဖြည့်ဆည်းရန် အကြိမ်ပေါင်းများစွာ ဆိုက်ကပ်ခဲ့ပြီး ကမ်းကပ်တိုင်းတွင် သင်္ဘောပေါ်ရှိလူများသည် အသားစားနိုင်ခဲ့ကြသည်။
သို့သော် ဤရက်ပိုက်တွင် ကမ်းကပ်နိုင်ခြင်း မရှိခဲ့ပေ။ဤဒေသသည် မနှစ်က မိုးခေါင်ရေရှားမှုနှင့် ကြုံခဲ့ရပြီး အေးချမ်းမှု မရှိဘူးဟု ဆိုသည်။
“ဒီဒေသမှာ ပင်လယ်ဓားပြတွေ တော်တော်များတယ်...မနှစ်က မိုးခေါင်ပြီးကတည်းက ပိုများလာတယ်...ဒါပေမဲ့ ကျွန်တော်တို့လို သင်္ဘောကြီးတစ်စင်းပေါ်ကနေ ရေလမ်းသွားအတွက် အခြေခံအားဖြင့် ဘေးကင်းပါတယ်”
ကျန့်ရီက ပြောသည်။
ထိုပင်လယ်ဓားပြများကလည်း လွယ်ကူသောပစ်မှတ်များကို ရွေးချယ်ကြပြီး ယေဘုယျအားဖြင့် ကြီးမားသော ခရီးသွားယာဥ်များနှင့် တိုက်ခိုက်ခြင်းမပြုပါချေ။
ကျန့်ရီက အလွန်ယုံကြည်မှုရှိခဲ့သည်။သို့သော်. . . ထိုညတွင် ၎င်းတို့၏ ရေယာဉ်စုသည် ပင်လယ်ဓားပြအဖွဲ့များ၏ ဝိုင်းရံထားခြင်းခံလိုက်သည်။
ရေယာဥ်စု၏ လက်ရှိတည်နေရာသည် ကွမ်းဖျင်စီရင်စုနယ်အနီးဖြစ်သည်။
ကွမ်းဖျင်မှာ မြစ်အနည်းငယ်သာရှိသောကြောင့် မိုးခေါင်သည့်အခါ အလွန်ကို အခြေအနေဆိုးရွား၏။ထို့အတွက်ကြောင့် ဤနေရာမှလူများသည် ဓါးပြဘဝခံယူရလျှင်ပင် ယေဘုယျအားဖြင့် သူတို့သည် ပင်လယ်ဓားပြများထက် ကုန်းဓားပြများဖြစ်လာကြသည်။မည်သို့ပင်ဖြစ်စေ. . . ဤလူတွေထဲက တစ်ယောက်မှ ရေမကူးတတ်ကြပေ။ ထို့ကြောင့် ကျန့်ရီ သူ့ဘေးကင်းမည်ဟု ခံစားရသည်။ သို့သော် သူတို့သည် အန္တရာယ်ရှိနေဆဲဖြစ်သည်။
အစောင့်များ ပထမဆုံးတွေ့လိုက်ရသည်က ရှေ့က ပင်လယ်ဓားပြတွေ၏ လှေတွေဖြစ်ပြီး ၎င်းတို့ကို တွေ့ပြီးသည့်နောက်မှာ သူတို့ထဲကတစ်ယောက်က အချက်ပေးသံဝီစီကို မှုတ်လိုက်၏။
စူးရှပြီး စိတ်မချမ်းမြေ့စရာကောင်းသည့်အသံက ညကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ပြီး တူးမြောင်းတစ်လျှောက် ပဲ့တင်ထပ်နေသောကြောင့် သင်္ဘောပေါ်မှာ အိပ်ပျော်နေသည့် လူတွေအားလုံးကို နှိုးလိုက်၏. . .
ကျန်းကျန့် လှိမ့်လျက် ကုတင်ပေါ်မှ တွားဆင်းလိုက်သည်။ထိုစူးရှသော ဝစီသံကို သူအရင်က ကြားခဲ့ဖူးသည့်အတွက်အဓိပ္ပါယ်ကို သူသိသည်။ သူတို့ အန္တရာယ်ရှိနေကြလေပြီ။
"ကျင်းကော...အဝတ်အစား မြန်မြန်ဝတ်ပြီး ကုန်းပတ်ပေါ်တက်..."
ကျန်းကျန့်က ကျောက်ကျင်းကောကို ပြောလိုက်သည်။
ထို့နောက် အတတ်နိုင်ဆုံး အချိန်တိုလေးအတွင်း သူအဝတ်အစားဝတ်ပြီး ကျန့်ရီ၏အခန်းရှိရာသို့ အမြန်သွားလိုက်သည်။
"သခင်လေးကျန့်"
ကျန်းကျန့်က အော်လိုက်သည်။
သူခေါ်ပြီးသည်နှင့် အခန်းတံခါးပွင့်လာ၏။
တံခါးဖွင့်ပေးသူမှာ ကျန့်ရီ၏အစေခံ ကောင်လေးဖြစ်သည်။ကျန့်ရီက သူ့အဝတ်အစားများနှင့် ယောင်တောင်တောင်ဖြစ်နေဆဲဖြစ်သည်။ကျန်းကျန့်ကိုတွေ့သောအခါ သူကချက်ချင်းမေး၏။
"အပြင်မှာ ဘာဖြစ်နေတာလဲ"
“အသေးစိတ် အခြေအနေက မရှင်းလင်းဘူး...ဦးဆုံးသင်္ဘောက ပင်လယ်ဓားပြတွေကို တွေ့ခဲ့တယ် ထင်တယ်”
ကျန်းကျန့်က ကျန့်ရီ၏အခန်းပြတင်းပေါက်ကိုဖွင့်လိုက်သောကြောင့် အပြင်ဘက်တွင်ဖြစ်ပျက်နေသည့်အရာများကို ရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။
တောက်ပသောလရောင်အောက်တွင် ရျန်းကျန့် ၎င်းတို့ဆီသို့ ရွေ့လျားနေသော မီးရှူးမီးတိုင်များမှ အစက်များစွာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
“ပင်လယ်ဓားပြတွေ အရမ်းများတယ်...ကျူပ်တို့ကိုဝိုင်းထားတယ်”
ကျန်းကျန့်က ထပ်မံပြောလိုက်သည်။
အခြားသင်္ဘောအများအပြားမှ အော်သံအချို့ထွက်ပေါ်လာပြီး သင်္ဘောခန်းထဲသို့ လွင့်မျောလာသော်လည်း လေပြင်းများတိုက်ခတ်မှုကြောင့် သဲသဲကွဲကွဲ မကြားရပေ။
ရှေးခေတ်တွင် ဆက်သွယ်ရေးက နှောင်နှေးပြီး အဆင်မပြေဖြစ်သည်။ ညအချိန်ရောက်နေသည့်အခါ တခြားသင်္ဘောတွေဆီက သတင်းတွေပင် လွယ်လွယ်နှင့်မပို့နိုင်ပေ။
ကျန့်ရီ ခဏလောက် စိတ်ပူသွားသော်လည်း ကျန်းကျန့်က အလွန်တည်ငြိမ်နေသည်။
"သခင်လေးကျန့်...ကျုပ်က အကူအညီတောင်းဖို့ လာခဲ့တာပါ...ပြီးရင် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရမလား"
"လွတ်လွတ်လပ်လပ် လှုပ်ရှားမှာလား..." ကျန့်ရီက အံ့ဩစွာ မေးလိုက်သည်။
“ကျုပ် သင်္ဘောပေါ်က ထွက်သွားမယ်"
သူက ရေထဲတွင် တိုက်ပွဲများကို ညွှန်ကြားရာတွင် အတွေ့အကြုံမရှိသော်လည်း လူအများအပြားနှင့် ခိုးဝင်တိုက်ခိုက်ဖူးရှိသည်။
ထိုညက လက အတော်လေးသာနေသည်။ကျန်းကျန့်၏အမူအရာကို လရောင်အောက်တွင် သူမြင်လိုက်ရပြီး မသိစိတ်က ကောင်းပြီဟု ပြောလိုက်မိသည်။
“ကျုပ် ချက်ချင်း စီစဉ်လိုက်မယ်”
ကျန်းကျန့် ပြတင်းပေါက်မှ ထွက်သွားသည်။
ကျန့်ရီ ပြတင်းပေါက်ဆီသို့ အမြန်သွားလိုက်ရာ ကျန်းကျန့်က ကုန်းပတ်ပေါ်သို့ ဆင်းနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။
ထိုကုန်းပတ်ပေါ်တွင် ကျန်းကျန့်က သူ့လူသုံးဆယ်ကျော်ကို စုရုံးပြီး သပ်သပ်ရပ်ရပ်စီစဉ်ထားကာ သူဆင်းသွားသည်နှင့် နောက်ကျမှလာသူအချို့ကို ကန်ထုတ်လိုက်သည်။
နောက်ဆုံးမှာ ကျန့်ရီသူ့အဝတ်အစားတွေကို စနစ်တကျ ဝတ်ဆင်လိုက်သည်။ သူနောက်ဆုံးတစ်ခေါက်စစ်ဆေးနေတုန်း လုတက အလျင်အမြန်ရောက်လာ၏။ဝင်လာသည်နှင့် သူမကျေမနပ်ဖြစ်သွားသည်။
"အဲဒီကျန်းကျန့်အခန်းက အများကြီး ပိုနီးတယ်လေ... သခင်လေးကို ကာကွယ်ဖို့ သူဘာလို့ မလာတာလဲ"
ကျန့်ရီအနားရှိ အစေခံကောင်လေးက လုတကို ရှုပ်ထွေးသောအကြည့်တစ်ခု ပေးလိုက်သည်။
"သခင်လု...ဘော့စ်ကျန်းက ဒီကိုလာပြီး ထွက်သွားပြီးပြီ"
လုတ၏ အမူအရာအေးခဲသွားသည်။ကျန့်ရီကလည်း ပြတင်းပေါက်ကို ပြန်ကြည့်လိုက်သည်။
"ကျန်းကျန့်နဲ့ သူ့လူတွေအားလုံး ကုန်းပတ်ပေါ်မှာ စုပြီးနေကြပြီ"
လုတ ရုတ်တရက် ရှက်သွားသည်။ သူက ပြတင်းပေါက်ကို အမြန်သွားလိုက်ပြီး ကျန်းကျန့်၏လူတွေ ကုန်းပတ်ပေါ်မှာ စုဝေးနေကြသည်ကို သူမြင်လိုက်ရ၏။
ဒါပေမဲ့ သူ့လူတွေက. . . အဝတ်အစားတွေ ၀တ်ရင်းအပြေးအလွှားထွက်လာတဲ့သူတွေတဲ့လား...
အမှန်တွင် လုတလက်အောက်ကလူတွေက အတွေ့အကြုံရှိပြီး အလွန်တော်ကြသည်။များမကြာမီ သူတို့သည် သက်ဆိုင်ရာနေရာများဆို ရောက်လာကြသော်လည်း သူတို့သည် မလွှဲမသွေ ရှုတ်ထွေးနေပြီး ကျန်းကျန့် လက်အောက်ရှိ လူများကဲ့သို့ သပ်ရပ်ပုံမပေါ်ပေ။
သို့သော် ကျန်းကျန်းကမူ ယခုအချိန်တွင် လုတ၏လူများကို သူ့လူများထက် ပို၍လိုချင်နေသည်။မည်သို့ပင်ဖြစ်စေ သူ့လူတွေက ရေတိုက်ပွဲကို မကြုံဖူးကြပေ။
သို့ပေမဲ့ အခုဖြစ်ပြီးသွားပြီဖြစ်ရာ ကြိုးစားရန် အချိန်တန်လေပြီ။
ကံကောင်းထောက်မစွာဖြင့်. . . သူစုဆောင်းထားသည့် လူအများစုက ဘာပဲဖြစ်ဖြစ် လုပ်ရဲသော လူမိုက်တွေပါပင်။
ကျန်းကျန့်က နာမည်များစွာကို ခေါ်ဆိုခဲ့ပြီး ထိုခုနစ်ယောက် ရှစ်ယောက်ခန့်က ရေကူးကောင်းသူများဖြစ်သည်။
"မင်းတို့က ငါနဲ့အတူ ရေထဲကို ဆင်းရမယ်... တခြားလူတွေက ကျောက်ကျင်းကောရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေလိမ့်မယ်"
“ဟုတ်...”
လူတွေအားလုံးက သံပြိုင် ပြန်ဖြေကြသည်။ကျန်းကျန့်စကားကို နားမထောင်ပါက ထိုမနာခံမှုအတွက် ဆိုးရွားသောအကျိုးဆက်များကို ကြုံတွေ့ရမည်ဖြစ်သည်။သူတို့အနေဖြင့် ကျန်းကျန့်၏စကားကို နားထောင်ရသည်အားကျင့်သားရနေကြသည်။
"ကျောက်ကျင်းကော...သခင်လေးကျန့်
ကိုကာကွယ်ပါ..."
ကျန်းကျန့်က ကျောက်ကျင်းကောကိုကြည့်ကာ သခင်လေးကျန့်ကို ကာကွယ်ခိုင်းခဲ့သည်။ပြောရမည်ဆိုလျှင် ကျောက်ကျင်းကောအတွက် ကျန့်ရီနှင့်ပိုနီးနီးကပ်ကပ်ရှိနေသည်က အလုံခြုံဆုံးပါပင်။
“ဟုတ်ကဲ့...”
ကျောက်ကျင်းကောက ဖြေလိုက်သည်။
သူက ကျန်းကျန့်၏နောက်ကို အမှန်တကယ်လိုက်ချင်ပေမဲ့ ယခုလိုအချိန်မျိုးမှာ ကျန်းကျန့်၏စကားကိုနားမထောင်ပါက ကျန်းကျန့်ကို အနှောင့်အယှက်ဖြစ်ပေးရာကျပြီး ဒုက္ခဖြစ်စေရုံရှိမှာဖြစ်၏။
ကျန်းကျန့် ကျောက်ကျင်းကောနှင့်ဟယ်ညီအစ်ကိုကို တစ်ချက်ကြည့်လိုက်သည်။ လူအများက မတုံ့ပြန်နိုင်ခင်၊ ပင်လယ်ဓားပြတွေ မချဉ်းကပ်နိုင်ခင်မှာပဲသူ့လူတွေနှင့် အတူ ရေထဲ တိတ်တဆိတ် ဆင်းသွားခဲ့သည်။
ပင်လယ်ဓားပြတွေက သူတို့နှင့်နီးလာပြီဖြစ်သည်။
ထိုသင်္ဘောအများစုသည် သေးငယ်သောကြောင့် ၎င်းတို့သည် အလွန်လျင်မြန်စွာ ချဉ်းကပ်လာကာ ကျန့်မိသားစု ရေယာဉ်စုကိုသာမက ကျန့်မိသားစု၏ သင်္ဘောကြီးငါးစီးကိုလည်း ခွဲထုတ်ကာ ချဉ်းကပ်ခဲ့ကြသည်။
"ဘယ်ကနောင်ကြီး လာနေတာပါလဲ..."
လုတက ရှေ့ကို တိုးသွားပြီး ကျယ်လောင်စွာ အော်လိုက်သည်။
ပင်လယ်ဓားပြအများစုက သင်္ဘောတစ်စီးအတွင်းရှိ လူအားလုံးကို သတ်ပစ်မည်မဟုတ်ပေ။ဤသင်္ဘောတွေက သူတို့ကို နှုတ်ဆက်ပြီး အခကြေးငွေပေးလျှင် လူတွေကို လွှတ်ပေးမှာဖြစ်သည်။စင်စစ်အားဖြင့် ခရီးသွားကုန်သည်အားလုံးကို အမှန်တကယ်သတ်ချင်ခဲ့ပါက သူတို့က အနာဂတ်တွင် အလုပ်ရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် လုတနှင့် ကျန့်ရီသည် ဤအခြေအနေနှင့် ကြုံတွေ့ပြီးနောက် သူတို့နှင့် ညှိနှိုင်းရန် ပထမဆုံး စီစဉ်ခဲ့သည်။
သိပ်မကြာခင်မှာပဲ လုတနှင့်မဝေးလှသည့် သင်္ဘောကြီးတစ်စင်းက လူတစ်ယောက်ကလှမ်းအော်လာသည်။
“မင်းတို့ ငါတို့နဲ့ မိတ်ဖွဲ့စရာ မလိုဘူး... ငါတို့ကို သင်္ဘောနဲ့ ကုန်တွေကို ထိန်းချုပ်ခွင့်ပေးရင် မင်းတို့ကို အသက်ရှင်ခွင့်ပေးမယ်လို့ ငါတို့ခေါင်းဆောင်က ပြောတယ် ... မဟုတ်ရင် ...ဈာပနမရှိဘဲ ဒီနေရာမှာ သေတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့”
လုတ စိတ်ထဲမှာ ထိတ်လန့်သွားသည်။
ထို့နောက် ပင်လယ်ဓားပြကဆို၏။
“ငါ တစ်ဆယ်မထိ ရေမယ်...ပြီးရင် ငါတို့ စမယ်”
တစ်ဆယ်ထိရေတွက်ပြီး စလုပ်မယ်. . . တစ်ဖက်က သူတို့နှင့် ဆွေးနွေးရန် လုံးဝ ရည်ရွယ်ချက်မရှိပေ။ အတင်းအဓမ္မ လုယက်ရန် ဆုံးဖြတ်ထားကြသည်။
ကျန့်ရီက အရောင်းအ၀ယ်လုပ်ရန် ထွက်ခဲ့ဖူးပြီး အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရဖူးခဲ့သော်လည်း ယခုအခါတွင်. . . သူ့ပတ်ဝန်းကျင်မှာ လှေငယ်လေးတွေ ပိုများလာသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာက မလွှဲမသွေ မဲမှောင်သွား၏။
"သခင်လေး"
လုတက ကျန့်ရီကို ကြည့်လိုက်သည်။
"သတိထား...တိုက်ပွဲအတွက် ပြင်ဆင်ပါ”
ကျန့်ရီက ပြောလိုက်သည်။
သူ၏ ရေယာဥ်စုနှင့် အခြားသင်္ဘောများက စပါးနှင့် အထည်များကို အဓိက တင်ဆောင်ကြသည်။ သူ ၎င်းတို့ကိုဆုံးရှုံးလျှင် ဆုံးရှုံးသွားသည်ပဲထား၍ရသည်။သို့သော် ပင်မသင်္ဘောပေါ်ရှိ ကတ်များနှင့် သူ ကံကြမ္မာကောင်းဖန်တီးရန်ရည်ရွယ်ထားသော ရတနာများကို ဆုံးရှုံး၍မဖြစ်ပါချေ။ထို့အပြင် လက်ရှိအခြေအနေအရ သူ မတိုက်ခိုက်ချင်လျှင်ပင် ထိုဓါးပြများက သူတို့ကို လွှတ်ပေးမည်မဟုတ်ပေ။
ဒီအချိန်မှာ ဒီဓါးပြတွေက ဘာကြောင့် ဒီလိုပြုမူလာသလဲ ဆိုတာ သူမသိ. . .
ကျန့်ရီ ဤပင်လယ်ဓားပြများက ငြိမ်းချမ်းရေးယူရန် အဘယ်ကြောင့် မလိုလားသည်ကို နားမလည်နိုင်သော်လည်း ကျန်းကျန့်က ထိုအချိန်တွင် အကြောင်းပြချက်ကို သိသည်။
သူ့လူတွေကို ရေထဲခေါ်သွားသည့်အချိန်က ပင်လယ်ဓားပြတွေက နီးမလာသေးသောကြောင့် သူဆင်းသွားသည်ကို ဘယ်သူမှ သတိမထားမိပေ။ထို့အတွက်ကြောင့် သူ့လူတွေကို ခေါ်ထုတ်ပြီး ပင်လယ်ဓားပြတွေ၏ လှေတွေဆီကို တိတ်တဆိတ် ချဉ်းကပ်နိုင်ခဲ့သည်။
မှန်ပေသည်၊ဤသည်က သူတို့ပတ်ဝန်းကျင်ရှိ အမှောင်ထုနှင့် သူကောင်းကောင်းပြင်ဆင်ထားသည့်အချက်ကြောင့်လည်း ဖြစ်၏။
ကျန်းကျန့် ဟယ်ချောင်စီရင်စုကို လှည့်ပတ်မသွားခင် ရက်ပေါင်း နှစ်ဆယ်ကျော်အတွင်းမှာ လူအများအပြားကို ရေထဲကို ခေါ်ဆောင်သွားခဲ့ပြီး ဤတစ်ကြိမ် အပြင်မထွက်ခင် ကြိုတင်ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်ခဲ့သည်။
ထိုအချိန်တွင် ရေထဲတွင်မြုပ်နေသောလူများသည် ရေအောက်၌ အသက်ရှုနိုင်စေမည့် ဝါးလုံးပါးပါးလေးများ ကိုင်ဆောင်ထားပြီး ၎င်းတို့ အသီးသီး၏ လက်တွင် ချည်ကြိုးပါးပါးလေးများ ပါရှိကြောင်းနှင့် သူ့လူများကို သေချာစေရန်အတွက် သူကိုယ်တိုင် ဦးဆောင် ခဲ့သည်ကိုကား ထည့်ပြောစရာမလိုပေ. . .
ကျန်းကျန့် လှေနံဘေးရှိ ရေထဲမှ ထွက်လာပြီး ထိုပင်လယ်ဓားပြများ၏ လုပ်ငန်းဆောင်ရွက်မှုဆွေးနွေးပုံကို ကြားလိုက်ရသည်။
"ဒီလှေငါးစီးက တကယ်ကို ကြည့်လို့ကောင်းတယ်"
“အဲဒါကြောင့် သူဌေးက စိတ်ဝင်စားတာ"
“အဲဒီလို လှေငါးစင်းနဲ့ဆိုရင် အနာဂတ်မှာ ဒီထက်ပိုကြီးတဲ့ လုပ်ငန်းကို လုပ်နိုင်မှာ”
"ဒီသင်္ဘောတွေက စားစရာတွေပြည့်နေတော့ ငါတို့ဗိုက်ဆာနေစရာမလိုဘူး"
. . .
အဆိုပါ ပင်လယ်ဓားပြများသည် ရေထဲတွင် အချိန်အတော်ကြာ နေထိုင်လာခဲ့ကြပြီး ၎င်းတို့၏ အရေအတွက်များ ပိုမိုကြီးမားလာသည်နှင့်အမျှ ၎င်းတို့သည် ကြီးမားသော သင်္ဘောများစွာကို ရယူရန် ကြံရွယ်လာခဲ့သည်။
ထို့ကြောင့် ၎င်းတို့သည် ကျန့်ရီ၏ သင်္ဘောများကို လုံးလုံးလျားလျား အကုန်သုတ်ရန် ရည်ရွယ်ချက်ဖြင့် ကျန့်ရီ၏ဖြတ်သန်းခ အနည်းငယ်ပေးရန် တောင်းဆိုချက်ကို သဘောမတူခဲ့ကြခြင်းဖြစ်၏။
ထိုသို့သော ခရီးသွားယာဥ်စုက လူများ ထွက်ခွာသွားနိုင်အောင် သင်္ဘောနှင့် ကုန်တင် သင်္ဘောများ အားလုံးကို ၎င်းတို့အား ပေးရန် သဘောတူလိမ့်မည်မဟုတ်ကြောင်းကိုလည်း ၎င်းတို့က ရှင်းရှင်းလင်းလင်း သိထားသည်။ထို့အတွက် ၎င်းတို့မှာ အစကတည်းက စေ့စပ်ညှိနှိုင်းရန် ရည်ရွယ်ချက် လုံးဝမရှိပါဘဲ စိတ်ပိုင်းဖြတ်ထားပြီးဖြစလေသည်။
"တစ် နှစ် သုံး ... ရှစ် ကိုး တစ်ဆယ်" ပင်လယ်ဓားပြက တစ်ဆယ်ထိကို လျင်မြန်စွာ ရေတွက်ခဲ့သော်လည်း မပြီးဆုံးမီတွင် သူ၏အဖော်အပေါင်း များက အမှန်တကယ် စတင်ခဲ့ကြသည်။
ပင်လယ်ဓားပြများသည် ဒေသိယစကားဖြင့် ပြောဆိုနေကြပြီး ကျန့်မိသားစု ရေယာဉ်စုမှ လူများ နားမလည်နိုင်သော စကားလုံးများကို အော်ဟစ်နေရင်း ၎င်းတို့သည် သင်္ဘောကြီးအား မြှားများဖြင့် စတင်ပစ်ခတ်ကြသည်။ ထို့နောက် သင်္ဘောဆီသို့ တက်လာကြသည်။
သူတို့၏လေးများနှင့်မြှားများသည် အမှန်တကယ် အရည်အသွေးညံ့ဖျင်းပြီး ၎င်းတို့၏မြားပစ်စွမ်းရည်မှာ ညံ့ဖျင်းသော်လည်း သင်္ဘောပေါ်ရှိလူများအနေဖြင့် ၎င်းတို့ကို ရှောင်ရှားရန် လိုအပ်နေဆဲဖြစ်သည်။
"ရွက်ဆက်လွှင့်ပြီး ထိုးဖောက်ထွက်ဖို့ကြိုးစား..."
ကျန့်ရီက အော်လိုက်၏။
“သခင်လေး... သူတို့ ထိုးဖောက်ထွက်လို့မရဘူး... သူတို့က မြစ်ရေလက်ကြား ထဲကို ရွှေ့သွားပြီ”
လုတက ပြောလိုက်သည်။
အရှေ့ဘက်မှာ မြစ်ရေ ပိတ်ဆို့နေပြီး အနောက်ဘက်အတွက်မူ. . . သူတို့နောက်မှာ လှေတွေ အများကြီးရှိနေ၏။
ကျန့်ရီ ဒေါသအပြင်းအထန် ထွက်သွားသည်။
လရောင်အောက်တွင် ကျန့်ရီလှေကြီးများ အနီးရှိ လှေငယ်များတွင် လူများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူများက သူတို့ကို လောဘကြီးစွာ ကြည့်နေကြသည်။သူတို့၏ မျက်လုံးများသည် အမှောင်ထဲတွင် တောက်ပနေခဲ့သည်။
"ငါတို့ လွတ်မြောက်နိုင်ပါ့မလား..."
ကျန့်ရီက မေးလိုက်သည်။
လုတက ခတ္တရပ်တန့်နေပြီးမှဆိုလာ၏။
"သခင်လေး စိတ်မပူပါနဲ့...သခင်လေးထွက်ပြေးသရွေ့ ကျွန်တော်တို့ သခင်လေးကို ကာကွယ်နိုင်မှာပါ"
ဒါက လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲလား...ကျန့်ရီ၏ မျက်နှာသည် အနည်းငယ် အရုပ်ဆိုးသွားသော်လည်း အပြင်ဘက်ရှိ များပြားလှသောပင်လယ်ဓားပြများကို ကြည့်လိုက်ပါက သူ၏သင်္ဘောနှင့် ကုန်များသည် ဤနေရာတွင် အမှန်တကယ် ပျောက်ဆုံးသွားနိုင်ကြောင်း ဝန်ခံလိုက်ရသည်။
"စားစရာသွားလု"
"အဲဒီ သစ္စာဖောက်တွေကို သတ်ပစ်"
“လူတစ်ယောက်သတ်ရင် ငွေဆယ်စ... ချကြ"
. . .