Chapter-1
Viewers 830

ယဲ့ရှောင်ယန် သတိပြန်ရလာသည့်အချိန်တွင် သူသည် ကျယ်ဝန်းသောစာကြည့်ခန်းတွေ ထိုင်နေကြောင်း တွေ့ရှိိလိုက်သည်။စားပွဲခုံတွင် တင်ထားသော အလန်းစားကွန်ပြူတာ၊ ကီးဘုတ်၊မောက်စ့်တစ်ခုနဲ့ ထွက်ပေါ်နေသော အပြာရောင်အလင်းရောင်သည် နည်းပညာမြင့်မားပုံရသည်။

LCDမော်နီတာတွင် ဂိမ်းတစ်ခုကိုဖွင့်ထားပြီး Screen၏အောက်ခြေတွင် စာကြောင်းတစ်ခုပေါ်နေသည်။
Now Loading....

ယဲ့ရှောင်ယန် သံသယများနှင့်စိတ်ရှုပ်ထွေးသွားရသည်။ဒါသူ့ကွန်ပြူတာမဟုတ်ဘူးမလား?

သူ့ကီးဘုတ်နဲ့မောက်စ့်က သူ့အသင်းရဲ့စပွန်ဆာတစ်ယောက်က ထောက်ပံ့ပေးထားပြီး အကုန်လုံးက Team GDရဲ့တံဆိပ်နဲ့ သူ့ရဲ့in-game IDကို ပုံနှိပ်ထားသည်။

ဘာတွေဖြစ်နေတာလဲ?
သူအိမ်မက်မက်နေတာလား?

ထိုအချိန်မှာပဲ loadingအတန်းသည် ၁၀၀%သို့ရောက်ရှိသွားပြီး ကွန်ပြူတာမော်နီတာပွင့်လာသည်။ ရွှင်လန်းသော မိန်းကလေးအသံသည် ယဲ့ရှောင်ယန်ရဲ့နားကြပ်မှ ထွက်ပေါ်လာသည်။

"Welcome to Gods War!"
"Gods Warမှာကြိုဆိုပါတယ်!"

ယဲ့ရှောက်ယန် မျက်တောင်ခတ်လိုက်သည်။

League of Legends မှ.....ကြိုဆိုပါတယ် ဖြစ်ရမှာမဟုတ်ဘူးလား?

သောက်ကျိူးနည်း Gods Warဆိုတာ ဘာကြီးလဲ?

ယဲ့ရှောင်ယန် screenရဲ့ ညာဘက်အောက်ကို အံဩစွာဖြင့် လှမ်းကြည့်လိုက်သည်။ screenရဲ့ ညာဘက်တွင်ရှိသော တိုက်ရိုက်ထုတ်လွှင့်ထားသော စကားပြောအခန်းမှ အဖြူရောင်ကျည်ဆန်မှတ်ချက်တွေ အလုံးအရင်းတက်နေတာကို ကြည့်ခဲ့သည်။

[ငါဒီမှာ အရမ်းnoobတဲ့ကောင်လေး အသက်တွေလှူနေတယ် ဆိုလို့လာကြည့်တာ]

[ဒီstreamerက အရင်ပွဲတုန်းက ၆ခါ ဆက်တိုက် သေထားတာ Kill/Death အချိူးက 0/6! တကယ်ကြီး၆ခါတောင်!]
{Kill-ကိုယ်ကသတ်သောအရေအတွက်
Death-ကိုယ်ကသေသောအရေအတွက်}

[အသစ်တွေကို ထောက်ခံပေးတဲ့ ပေ့ချ်ကနေရောက်လာတာပါ၊ဒီstreamerက ဘယ်လိုမျိူးလဲဆိုတာ တစ်ယောက်ယောက် ပြောပေးလို့ရလား? သူက skillကောင်းတာလား ရုပ်ချောတာလား? ဒါမှမဟုတ် ရယ်ရတာလား?]

[သူက skillမရှိကြောင်း ပြနေတာလေ hahaha သူကstreamerအသစ်တွေထဲမှာ တကယ်အဆိုးဆုံးကစားသမားပဲ streamerလောကကို ပျက်စီးစေနိုင်တဲ့ကပ်ဘေးပဲ~]

အဲ့ကွန်မန့်တွေပေါ်ပြီး ချက်ချင်းမှာပဲ streamရဲ့အဆင့်မြင့်မန်ဘာတစ်ယောက်က တောက်ပသောရွှေရောင်ကျည်ဆန်ကွန်မန့်တစ်ခု ပို့လိုက်သည်။
[တစ်ဖက်ရန်သူJunglerက ဖန်ရှင်းရဲ့နောက်အကောင့်တစ်ခုပဲ၊ ပွဲက ပြီးသွားပြီ ပြီးသွားပြီ ငါတို့hostလေးက ဒီတစ်ပွဲပြီးရင် သေချာပေါက် ဂိမ်းကို uninstall လုပ်တော့မယ်]

[နတ်ဘုရားရှင်းနဲ့ သွားကျတယ်ပေါ့? စပြီးဆုတောင်းနေလိုက်တော့ hostရေ!]

[ဒီတစ်ပွဲလည်း သူ၆ခါသေမယ်လို့လောင်းရဲတယ်]

[၈ခါ သေမယ်လို့ လောင်းမယ်!]

ထိုကွန်မန့်တွေကိုဖတ်ပြီး ယဲ့ရှောင်ယန် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။

သူ့စိတ်ထဲတွင် သူကစားခဲ့သည့်ဂိမ်းနဲ့ပဲ ပြည့်နှက်နေခဲ့သည်။

GDအသင်းရဲ့ခေါင်းဆောင်အနေနဲ့ ပရော်ဖက်ရှင်နယ်လိဂ်ပွဲစဉ်တွင် ၃နှစ်တိုင် သူ့အသင်းကို ဦးဆောင်ခဲ့သည်။

အဲ့နှစ် သူတို့ရှေ့မှာရှိတဲ့ ဆူးပင်များကို ဖြတ်ကျော်ခဲ့ပြီး နောက်ဆုံးတွင် ကမ္ဘာချန်ပီယံဖိုင်နယ်ပွဲကို တက်ရောက်နိုင်ခဲ့သည်။ အမှန်တကယ်ကိုပဲ အနိုင်ကသူတို့နဲ့ လက်တစ်ကမ်းမှာရှိသည်ဟု ယုံကြည်ခဲ့ပြီး အဲ့season ချန်ပီယံရနိုင်သည် လို့ခန့်မှန်းထားသော TIPအသင်းနဲ့ ရင်ဆိုင်ခဲ့ရသည်။

အသင်းနှစ်ခုလုံးက နောက်ဆုံး ဆုံးဖြတ်ပွဲထိသရေကျခဲ့ပြီး အဓိကbattleတွင် GDအသင်း supporterမှ နေရာယူရာတွင် အနည်းငယ်မှားသွားပြီး ထိုအမှားက သူတို့အသင်းကို ရန်သူအသင်းမှ ချေမှုန်းသွားစေခဲ့သည်။GDအသင်းwiped outသွားတာနဲ့ သူတို့ရဲ့Nexusကို ဖျက်စီးရန်ချီတက်သွားခဲ့သည်။
{wiped out-တစ်သင်းလုံးသေဆုံးသွားခြင်း}

တစ်နှစ်ပတ်လုံး ပြင်းထန်စွာ ရုန်းကန်ပြီးနောက် GDအသင်းသည် ကမ္ဘာချန်ပီယံများနှင့်အတူ အောင်မြင်မှုအတွက် ပုခုံးချင်းတိုက် ပြိုင်ခဲ့ရသော်လည်း ဖြတ်လျှောက်သွားခဲ့သလို ဘာမှမရပဲ ထွက်ခွါသွားခဲ့ရသည်။

အဲ့မှတ်ဉာဏ်တွေက အရမ်းဝမ်းနည်းဖို့ကောင်းတယ်!

GDအသင်းသည် စတင်ပြီး ကြမ်းတမ်းတဲ့trollers၊hatersတွေရဲ့ တံတွေးခွက်ထဲ မျောခဲ့ရသည်။ယဲ့ရှောင်ယန် ပြန်လည်ပြောဆိုချင်ခဲ့သည်။ အချိန်တိုင်း အရေးကြီးတဲ့အခြေအနေမှာ လွဲချော်သွားခဲ့ရသည်။ဆံပင်တစ်ချောင်းစာမျှ ချန်ပီယံဆုနဲ့ လွဲချော်နေရတာက သူ့ကံကြမ္မာများလား?

ယဲ့ရှောင်ယန် အတွေးထဲနှစ်မြှပ်နေဆဲမှာပဲ နားကြပ်မှ အသက်လတ်ပိုင်း ယောကျာ်းတစ်ယောက်အသံကို ကြားလိုက်ရသည်။

"အောက်လမ်းက Marksmanက ဘာလုပ်နေတာလဲ? ကြောင်နေတာလား? အပြင်မထွက်ခင်မိတ်ကပ်ကြိုလိမ်းနေတာလား ဟမ်?"

ယဲ့ရှောင်ယန် အာရုံပြန်ရလာပြီး ကွန်ပြူတာရဲ့ မော်နီတာကို ကြည့်လိုက်သည်။

ဒီအသင်းဖော်က သူ့အကြောင်းပြောနေတာမလား? လှပသောမိန်းကလေးက အပြာရောင်ရေခဲဖြင့် ပြုလုပ်ထားသောလေးကို ကိုင်လျက် Crystalမှာ အနည်းငယ်တောင် မလှုပ်ပဲရပ်နေသည်။ ထိုအရာက သူမရဲ့ ကစားသမားသည် မကစားပဲ AFKလုပ်တော့မည့်ပုံရှိသည်။ ယဲ့ရှောင်ယန် မောက်စ့်ကို မြန်မြန်ကိုင်လိုက်ပြီး နှိပ်လိုက်သည်။ နောက်ဆုံးတွင် မိန်းကလေး လေးသမားက အောက်လမ်းသို့ စတင်ထွက်ခွါသွားသည်။
{T/N: AFK-away from keyboard မကစားတော့ပဲ ပွဲမှထွက်သွားခြင်း}

သူ့ဇာတ်ကောင်ကို လှုပ်ရှားနေချိန်မှာပဲ ယဲ့ရှောင်ယန် သူ့စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်လာသည်။ဒါဘယ်လို ဂိမ်းမျိူးလဲ?အပေါ်ဘယ်ဘက်ထောင့်က မြေပုံက အရမ်းထူးဆန်းတယ်။မြေပုံပေါ်က တောအုပ်နေရာ၊ဂိမ်းပုံစံ၊skill iconတွေ အကုန်လုံးကသူနဲ့ မရင်းနှီးဘူး။

အရင်ကစားဖူးတဲ့ဂိမ်းနဲ့ တူညီတာ အပေါ်လမ်း၊အလယ်လမ်းနဲ့အောက်လမ်းဆိုပြီး ရှိနေတာတစ်ခုပဲ။

အခုလက်ရှိ သူက အောက်လမ်းမှာ။

မြေပုံအသေးစားလေးကနေ သူ့အသင်းဖော်က အောက်လမ်းမှာ သူ့ကိုစောင့်နေကြောင်း တွေ့ရသည်။ အဲ့တာက သူ့supportလား? Jungleအနေနဲ့ ဒါကသူကစားဖူးတဲ့ jungleနဲ့ လုံးဝကွာခြားနေတယ်။အဲ့မှာဘာတွေရှိလဲဆိုတာကို စစ်ဆေးကြည့်ဖို့တောင် အချိန်မရှိပေ။

အောက်လမ်းမှ အဖွဲ့နှစ်ခု ထိပ်တိုက်ဆုံနေသောနေရာသို့ ဦးတည်လိုက်သည်။

တာဝါအောက်တွင် ချစ်ဖို့ကောင်းတဲ့ မှင်စာသည် သူ့တောင်ပံ့ကိုခတ်နေရင်း အနီးနားက minionsတွေအပေါ် skillသုံးနေသည်။ဂိမ်းရဲ့စကားပြောခန်းတွင် စာတစ်စောင်ပေါ်လာသည်။
[ငါ့နောက်လိုက်ခဲ့ Marksman!ငါကာကွယ်ပေးမယ်]

အဲ့တာက မှင်စာပို့တာဖြစ်သည်။

ယဲ့ရှောင်ယန် တစ်ချက်ကြည့်လိုက်သည်။

အကုန်လုံးကို နားလည်ဖို့က အရမ်းခက်တာပဲ။

သူသေချာ မှတ်မိနေသေးတာက ချန်ပီယံကစားပွဲ ရှုံးသွားပြီးနောက် မန်နေဂျာက သူ့အသင်းဖော်တွေနဲ့  အပြင်ထွက် ညစာစားဖို့ ခေါ်သွားတယ်။အဲ့ဒီနောက် ယဲ့ရှောင်ယန် စိတ်တည်ငြိမ်ရန်အတွက် မြစ်ကမ်းဘေး လမ်းလျှောက်နေရင်း အရှိန်ပြင်းပြင်းမောင်းလာသော ပြိုင်ကားနဲ့ တိုက်မိသွားခဲ့သည်။

အဲ့ကားက အထိန်းအချူပ်မရှိဘူး၊သူ့ကို တည့်တိုက်သွားတာ။

ရှောင်ဖို့ပင် အချိန်မရလိုက်ပဲ ကားတိုက်သွားသောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး လေပေါ်လွင့်သွားရသည်။သေမတက်နာကျင်ရတာကိုတောင် အသေအချာကြီးမှတ်မိနေသေးသည်။ဒါဆို ကွန်ပြူတာရှေ့ နိုးလာပြီး သူမသိတဲ့ ဂိမ်းကစားနေတာက ဘယ်လိုဖြစ်သွားတာလဲ?

ပိုပြီးထူးဆန်းတာက သူ့ကိုယ်သူ စမ်းကြည့်ရာ ဘာဒဏ်ရာမှ ရှာမတွေ့ပေ။ကားနဲ့တိုက်ခံရသည်မှာ အိမ်မက်တစ်ခုလိုပဲ။

ယဲ့ရှောင်ယန်ခေါင်းသည် ပွင့်ထွက်မတက်ထိုးကိုက်လာပြီး လက်ကိုမြှောက်လျက် အကြောများကို နှိပ်နယ်နေလိုက်သည်။

တစ်ချိန်တည်းမှာပဲ မိန်းကလေး လေးသမားခေါင်းပေါ်တွင် အနီရောင်အမှတ်သား ပေါ်လာသည်။တစ်စက္ကန့်အကြာမှာပဲ အနက်ရောင်ဝတ်စုံဝတ်ထားသော မျက်နှာဖုံးAssassinသည် လေးသမားနောက်တွင် ချက်ချင်းပေါ်လာခဲ့သည်။ ချွန်ထက်သော ဓားတစ်ချောင်းသည် အေးစက်စက် အလင်းရောင်ဖြစ်စေပြီးနောက်

First Blood!

{T/N: Assassin-လုပ်ကြံသတ်ဖြတ်တဲ့ဇာတ်ကောင်ပါJunglerအများစုကိုင်ရပါတယ်}

Assassinသည် ၂စက္ကန့်အတွင်းမှာပဲ တစ်ကောင်သတ်သွားခဲ့သည်။

ယဲ့ရှောင်ယန် အာရုံပြန်ရချိန်မှာပဲ systemမှ ကြေညာသံကိုကြားလိုက်ရသည်။

Double Kill!
အနီးနားရှိ မှင်စာsupportကိုပါ သတ်သွားခဲ့သည်။

နှစ်ကြိမ်ဆက်တိုက် killယူပြီးနောက် မျက်နှာဖုံးassassinသည် အနီးတွင်ရှိသော တောအုပ်ထဲသို့ အလျင်အမြန်ပျောက်ကွယ်သွားသည်။

အသင်းအသံစကားပြောခန်းတွင် အသက်လတ်ပိုင်းယောကျာ်းသည် စတင်ပြီးညည်းညူ အော်ဟစ်လာသည်။
"သောက်ကျိူးနည်း!ငါတို့အောက်လမ်းကစားသမားတွေက ဘာဖြစ်နေတာလဲ?စထွက်တာနဲ့ kill၂ခါပေးလိုက်တယ်။သူlevel4ရရင် သေချာပေါက် လာgankမှာလေ နောက်ပြန်ဆုတ်ရမယ်ဆိုတာ မသိဘူးလား?ကန်းနေတာလား?"

စိတ်ဆိုးနေသော ဦးလေးကြီး အော်ဟစ်သံက ယဲ့ရှောင်ယန်ကို နားကန်းသွားတော့မလိုပဲ။

အလယ်လမ်းတွေကစားနေသော မိန်းကလေးmageမှ စကားပြောလာခဲ့သည်။
"ဆဲမနေနဲ့တော့၊ငါအခု တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေတာ ရန်သူjunglerက ဖန်ရှင်းရဲ့နောက်တစ်ကောင့်။အသစ်လေးတွေအသတ်ခံရတာက ပုံမှန်ပဲ"

Support ကစားနေတဲ့မိန်းကလေးမှ  မေးလိုက်သည်။
"ဖန်ရှင်းက ဘယ်သူလဲဟင်"

"ဒီနှစ် လေ့ကျင့်ရေးစခန်းမှာ အတော်ဆုံးအသစ်လေးလေ။" အလယ်လမ်းကစားသမားက ပြောပြလိုက်သည်။
"ခေါင်းဆောင်ချီက သူကိုယ်တိုင် သင်ပြပေးထားတာ၊ထျန်ဟွမ်အသင်းနဲ့ စာချုပ်တောင်ချုပ်ပြီးပြီ၊နောက်seasonရဲ့ တကယ့်ပြိုင်ပွဲတွေမှာ သူဝင်ကစားရတော့မှာ"

Supportကစားသူဆီမှ စိတ်လှုပ်ရှားနေသောအသံဖြင့်
"ခေါင်းဆောင်ချီ?အားးးးး ခေါင်းဆောင်ချီက ငါ့ခေါင်းထဲမှာ အချိန်ပြည့်ရှိနေတာ"

ဒေါသထွက်နေသော ဦးလေးကြီးမှလွဲ၍ ယဲ့ရှောင်ယန် အဖွဲ့သား၃ယောက်သည် ချက်ချင်းပင် ၁၈၀ဒီဂီရီပြောင်းလဲသွားပြီး Globalစကားပြောချန်နယ်တွင် စကားတွေပြောတော့သည်။

[တစ်ဖက်က ရှင်းလေးလား? မင်းရဲ့ Live Streamကို အမြဲကြည့်တယ်နော်]

[ရှင်းလေးနဲ့အတူ placementပွဲမှာ ဆော့ရတယ်၊တိုက်ဆိုင်လိုက်တာ]

[ရှင်းလေး အလယ်လမ်းမှာ အုပ်စုလိုက်ပုံ ရိုက်လို့ရမလား]

'ကြယ်အလင်းရောင်'IDဖြင့် တစ်ဖက်ရန်သူက စာပြန်လာသည်။
[နောက်တစ်ကောင့်နဲ့ placementပွဲဆော့နေတာပါဗျ၊အားလုံးပဲ မင်္ဂလာပါ ^_^]

ဒီနှစ်လေ့ကျင့်ရေးစခန်းရဲ့အတော်ဆုံးကစားသမားအသစ်လေး?ဖန်ရှင်း?

ယဲ့ရှောင်ယန် ထိုနာမည်နဲ့ ပြည်တွင်း Esportလောကတွင် အထင်ကြီးစရာအမြင်မရှိပေ။

စိတ်ထဲတွင် ဖြစ်နေသော စိတ်ရှုပ်ထွေးနေတာကို ထိန်းချူပ်ထားရင်း အောက်လမ်းသို့ minionတွေ စားရန်ပြန်သွားခဲ့သည်။
{T/N:junglerကjungleထဲကအကောင်တွေကိုစား(သတ်)ရတယ်ဆိုရင်top lanerဖြစ်တဲ့fighter ၊mage၊marksmanတို့က minionကိုစားရပါတယ်}

Minionအုပ်စု တာဝါကိုရောက်တဲ့အခါ ရင်းနှီးသောပုံစံက သူမြင်ရတဲ့နေရာကနေပေါ်လာခဲ့သည်။ မျက်နှာဖုံး Assassinက ယဲ့ရှောင်ယန်၏လေးသမားနောက်တွင် ထပ်ပေါ်လာခဲ့သည်။
ဓားမြှောင်ကို မြှောက်လျက် လျှင်မြန်စွာပဲ ယဲ့ရှောင်ယန်ခေါင်းကို သိမ်းသွားခဲ့ပြီး supportကို သတ်သွားရာ နောက်တစ်ကြိမ် အဝေးကိုထွက်ပြေးသွားခဲ့သည်။

Double Kill!

နောက်ထပ် နှစ်ကြိမ်ဆက်တိုက် သတ်ဖြတ်မှု!

ယဲ့ရှောင်ယန် တိုက်ရိုက်ထုတ်လွှင့်သောစကားပြောခန်းမှ ကျည်ဆန်ကွန်မန့်များသည် အရူးအမူးတက်လာနေသည်။

[ဒီhostက ချာတူးလန်နေတာပဲ၊ ဒီတိုင်း ကြုံရာကြောင်နဲ့ခွေးကို streamခွင့်ပေးထားတာလား?]

[Host လက်နဲ့မကစားပဲခြေထောက်နဲ့ကစားနေတာလား?ဒါမှမဟုတ် ကီးဘုတ်ပေါ် ကြောင်ကဖြတ်သွားတာလား?]

[အရမ်းတော်မယ့် လူလို့ထင်ခဲ့တာ ဒီတိုင်း noobလေးဖြစ်နေတာကို Hostမင်းအနိုင်ရပါတယ် Subscribe လုပ်လိုက်ပြီ~]

[ဒီHostက လိမ်ပြီးကစားနေတာပဲ၊အခုတလော အရမ်းတော်တဲ့ ကစားသမားတွေအများကြီးပဲ၊သူက တမင်noobအောင်ကစားရင်း နာမည်ကြီးချင်နေတာ၊အဲ့တာကို "ဆန်းသစ်တီထွင်မှု"လို့ခေါ်တယ်မလား]

[သူ့skillက ကြေးအဆင့်တောင်မဟုတ်ဘူးမလား?minionတွေကို ဘယ်လိုသတ်ရမလဲတောင်မသိဘူး]

တစ်ချိန်တည်းမှာပဲ ဖန်ရှင်း တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်

[ငါတို့ရှင်းရှင်းက ပေါက်ကွဲနိုင်စွမ်းရှိတဲ့အယ်လ်ဖာအစွမ်းတွေ ပြတော့မယ်]

[ဖန်ရှင်း ဖိုက်တင်း သူတို့နဲ့တိုက်ရတာက အသီးအရွက်လှီးနေရသလိုပဲ လွယ်တယ်]

[အဲ့ပြိုင်ဘက်တွေက Game Senseလုံးဝ မရှိဘူး၊သူတို့တွေ စိတ်ဆိုးပြီးဂိမ်းပါ ဖျက်ပြစ်တော့မှာလား?]

တိုက်ရိုက်ထုတ်လွှင့်နေတဲ့ လူငယ်လေးက ကင်မရာကိုကြည့်ပြီး ပြုံးပြလိုက်သည်။
"ငါးအချို့ပို့ပေးလို့ 'ဖန်ရှင်းကိုချစ်တယ်'ကို ကျေးဇူးတင်ပါတယ်ဗျ၊ 'လိုင်းပေါ်ကအချောဆုံးအယ်လ်ဖာ'ကိုလည်း ဒုံးပျံပေးလို့ ကျေးဇူးတင်ပါတယ်၊ဒီနေ့ ကျွန်တော်က အကောင့်သစ်ဖွင့်ထားတဲ့အတွက် placementပွဲကိုဆော့နေတာပါ။ဒီဟာဆော့ပြီးရင် ဆရာနဲ့အတူ rankဆော့တော့မှာပါ။တစ်ယောက်ယောက် ကိုင်စေချင်တဲ့heroရှိရင် ကျည်ဆန်ကွန်မန့်မှာ ချန်ထားခဲ့လို့ရပါတယ်"

ကျည်ဆန်ကွန်မန့်တွေ အများကြီး screenကိုဖြတ်ပြီး တက်လာနေသည်။လူ၃သန်းကျော် ဒီတိုက်ရိုက်ထုတ်လွှင့်နေတာကို ကြည့်ရှုနေတာဖြစ်သည်။

ကြည့်ရှုသူ၃၀၀ကျော်သာ ရှိသော ယဲ့ရှောင်ယန်သည် အတွေးထဲတွင် နစ်မြှပ်နေသည်။

သူ့ကွန်ပြူတာမှာ ကစားနေတဲ့ ဂိမ်းသည် MOBAsလို Honor of Kings နဲ့ League of Legendsနဲ့ ဆင်တူသည်။ 5vs5ကိုအခြေခံထားတဲ့ ဂိမ်းတစ်ခုပဲ။ဒါပေမယ့် မြေပုံ၊ဇာတ်ကောင်၊skillတွေက ကွာခြားသည်။

ဒီဂိမ်းကို Gods Warလို့ခေါ်ပုံရသည်။ ဘယ်ကုမ္ပဏီကထုတ်တာလဲ?ယဲ့ရှောင်ယန် တစ်ခါမှ မကြားဖူးပေ။

သူအဖွဲ့သားတွေက ဆော့ချင်စိတ်မရှိတော့ပဲ စခန်းမှာပဲစကားပြောနေကြတယ်။ယဲ့ရှောင်ယန် တစ်ယောက်တည်းအနေနဲ့ အနိုင်ယူဖို့မဖြစ်နိုင်ပေ။ဂိမ်းရဲ့မြေပုံကို နားလည်ဖို့ရန်အတွက် jungleထဲကို ဝင်စူးစမ်းဖို့ဆုံးဖြတ်လိုက်သည်။

Jungleထဲသို့ လေ့လာနေချိန်မှာပဲ အေးစက်စင်အလင်းရောင် ပေါ်ထွက်လာပြီး assassinရဲ့ ဓားသည် တစ်ချက်တည်းဖြင့် သူ့ကိုသတ်သွားခဲ့သည်။

ပြန်အသက်ရှင်လာဖို့ ယဲ့ရှောင်ယန်စောင့်နေပြီ နောက်ထပ်တစ်ကြိမ် jungleထဲကို ချီတက်ပြန်သည်။

ရလဒ်အနေဖြင့် တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်ရှိသေးတဲ့ ကြည့်ရှုသူတွေက 'လှပတဲ့ ထုတ်လွှင့်သူက တစ်ဖက်ရန်သူဆီ သူ့ခေါင်းကို ဆက်သတော်မူခန်း'ဖြစ်စဉ်ကို မြင်တွေ့နေရသည်။

သူ့ခေါင်းကို အောက်လမ်းနဲ့အလယ်လမ်းမှာလှူပြီး အဲ့နောက် အလယ်လမ်းနဲ့အပေါ်လမ်းမှာ...

[ငါတို့Hostက ဧည့်လမ်းညွှန်လုပ်နေတာလား?ခရီးတစ်ပတ် ထွက်နေတာလား?]

[Host မင်းကတကယ့်ကို666ပဲ! ၆ခါတောင်သေပြီးပြီ]

[Hostရဲ့ လက်မလျှော့တဲ့စိတ်အတွက် လက်ခုပ်တီးပေးကြပါ]

[Marksmanက အောက်လမ်းကနေ အပေါ်လမ်းကိုသွားတယ်..အဲ့တာက စိတ်ပျက်စရာပဲ မြင်ဖူးသမျှ စိတ်ပျက်စရာအကောင်းဆုံး Marksmanပဲ]

Globalစကားပြောခန်းတွင် ID'ကြယ်အလင်းရောင်'မှ စာတစ်စောင်ပို့လာသည်။
[ကျွန်တော် ဘယ်သွားသွား လိုက်လာပြီး killအလကားပေးနေတာ၊ ကျွန်တော့်ကိုကြိုက်နေလို့လား?]

ယဲ့ရှောင်ယန် အလင်းလိုအလျှင်ဖြင့် စာပြန်လိုက်သည်။
[မဟုတ်ဘူး ဖေဖေက နောက်တစ်ကြိမ် မင်းကိုဘယ်လိုသတ်ရမလဲ စဉ်းစားနေတာ]

ကြယ်အလင်းရောင် ဆွံ့အသွားသည်။

ဖန်ရှင်း သူ့တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ကော်ဖီအန်ထွက်တော့မလိုပင်
"ဖေဖေ?ဟားးး ဒီ 'ဖေဖေ'ကငါ့ကို နောက်တစ်ကြိမ်ကျ သတ်မယ်ပေါ့၊အရမ်းကြောက်တာပဲ"

တိုက်ရိုက်ထုတ်လွှင့်အခန်းတွင်ရှိသော Netizenများက အရယ်မရပ်နိုင်တော့ပေ။

[၈ခါတောင် သေပြီးပြီ၊အဲ့လိုပြောဖို့ သတ္တိရှိသေးတယ်ပေါ့?]

[ဒီဘဲက အရည်အချင်းကျမရှိပဲ ဖေဖေလို့ သူ့ကိုယ်သူခေါ်ရဲသေးတယ်]

[အရမ်းကြမ်းတာပဲ၊ အနံ့ပြင်းတဲ့အသက်ကြီးအယ်လ်ဖာပဲ ဖြစ်ရမယ်၊ဖန်ရှင်း မြန်မြန် သူ့ကို ထပ်ပြီးသတ်~]

[မြေပုံတစ်ခုလုံးကိုပတ်ပြီး သူ့ခေါင်းကို ဖန်ရှင်းဆီပို့ပေးနေတာတော်တော်များနေပြီ....အဲ့anti-fanလေးက ဖန်ရှင်းကိုများ ကြိတ်ကြွေနေတာလား]

ချန်ရှင်း တစ်ဖက်ရန်သူက ဘာတွေတွေးနေလဲဆိုတာ မစဉ်းစားတတ်တော့ဘူး။သူရယ်ပြီးပြောလိုက်သည်။
"ကြည့်ရတာ ဒီအသစ်လေးက ဘယ်လိုကစားရမလဲဆိုတာ မသိသေးဘူးထင်တယ်"

ထို့နောက် ပြိုင်ဘက်ကို အာရုံမစိုက်တော့ပဲ minionတွေကို ရန်သူ့စခန်းဆီ သွားစေခဲ့သည်။

Defeat!

Screenပေါ်တွင် defeatလို့ပေါ်လာသည်နဲ့ ယဲ့ရှောင်ယန် အသက်ရှူထုတ်လိုက်ပြီး နားကြပ်ကိုဖြုတ်လိုက်သည်။

သူ မြေပုံတစ်ခုလုံးကို ပတ်ကြည့်ပြီးတဲ့နောက် ဂိမ်းထဲကမြေပုံသည် သူအရင်ဆော့ဖူးတဲ့မြေပုံထပ် ပိုရှုပ်ထွေးကြောင်း တွေ့ရှိလိုက်သည်။သို့ပေမယ့် အပြောင်းအလဲများပေမယ့် တူညီသည့်အရာတွေကတော့ တူညီနေဆဲ။ဒါက တာဝါကိုအခြေခံတဲ့ MOBAဖြစ်နေတုန်းပဲ။ကစားသမားတွေက ပစ္စည်းကိရိယာဝယ်ဖို့ Goldတွေစုရန် minionနဲ့ jungleထဲရှိ မွန်းစတားတွေကို သတ်ရသည်။ပိုကောင်းတဲ့ ပစ္စည်းတွေဝယ်ခြင်းဖြင့် တစ်ဖက်ရန်သူအသင်းနဲ့ ရင်ဆိုင်နိုင်တယ်။ရန်သူတာဝါကိုတိုက်ခိုက်ပြီးနောက် ရန်သူ့စခန်းထဲရှိ Crystalကို လုံးဝဖျက်စီးခြင်းဖြင့် အနိုင်ကိုရရှိနိုင်သည်။

Screenရဲ့  အောက်ခြေညာဘက်မှာရှိတဲ့ တိုက်ရိုက်ထုတ်လွှင့်အခန်းရဲ့  ကျည်ဆန်ကွန်မန့်တွေ တက်လာတာက မရပ်သေးပေ။သူတို့က သူ့ကိုလှောင်ပြောင်ကြတယ်၊ နှိမ်တယ်၊ဂိမ်းကို ဖျက်ပြစ်လိုက်ဖို့ ပြောနေကြတယ်။

ယဲ့ရှောင်ယန် သူတို့ကို လျစ်လျူရှုလိုက်သည်။

ကွန်ပြူတာကိုပိတ်ပြီး ထွက်သွားလိုက်သည်။

ကားတိုက်ခံရပြီးတဲ့နောက် ဒီစာကြည့်ခန်းထဲကိုရောက်နေကြောင်း သူတွေ့ရှိလိုက်ရတယ်။ပြီးတော့ ထူးဆန်းတဲ့ ဂိမ်းကို သူဆော့နေလိုက်သေးတယ်။

ဖြစ်နိုင် အမြန်ဆုံး သူဘာတွေဖြစ်နေလဲဆိုတာ ဖော်ထုတ်ရတော့မယ်။

Author Notes:

A/B/O esports, strong x strong, ချိူချိူလေးနဲ့ဆန်းသစ်သောဇာတ်လမ်းတစ်ပုဒ်မှာ gong/shouကချစ်မိသွားကြတယ်။

ဒီဂိမ်းရဲ့ စည်းမျဉ်းတွေက Honor of Kings, league of Legendsတွေနဲ့ ဆင်တူပါတယ်။heroတွေနဲ့လိဂ်တည်ဆောက်ပုံတွေက မူရင်းဖြစ်ပြီးဂိမ်းမကစားရင်တောင် ဖတ်နိုင်ပါတယ်။နဂိုsettingကတော့ A/B/Oအတွက်လုပ်ထားပြီး အိုမီဂါ ဂိမ်းကစားက တကယ် ထူးဆန်းနေပါလိမ့်မယ်။
(အကုန်လုံးကအယ်လ်ဖာနဲ့ဘီတာတွေပဲဂိမ်းပြိုင်ပွဲမှာဝင်ပြိုင်ကြလို့ပါ)

Eng Translator Notes:

666(liùliùliù):တစ်ယောက်ယောက်က အရမ်းမိုက်တာလုပ်တဲ့အခါ သုံးပါတယ်။ဒီအခန်းမှာ ကြည့်ရှုသူတွေက ယဲ့ရှောင်ယန် killအများကြီးပေးနေလို့
ပြောကြတာပါ

ဇာတ်ကောင်ရဲ့နာမည်အရင်းက ချန်ရှင်းပါ ချန်ကမျိူးရိုးနာမည်ဖြစ်ပြီး ရှင်း(ကြယ်လို့အဓိပ္ပာယ်ရ)ကနာမည်ဖြစ်ပါတယ်။ဖန်ရှင်းအနေနဲ့ ပရော်ဖက်ရှင်နယ်esportလောကမှာ နာမည်ရထားတာပါ။သူရဲ့နောက်တစ်ကောင့်နာမည်မှာလဲ ကြယ်ဆိုတာပါပါတယ်