Chapter-2
Viewers 828

ယဲ့ရှောင်ယန် တံခါးကိုဖွင့်လိုက်သည်။ အဖြူရောင်ကြောင်လေးက သူ့ဆီပြေးလာပြီး ခေါင်းဖြင့် သူ့ဘောင်းဘီကိုပွတ်တိုက်နေခဲ့သည်။

ငါ ကြောင်တွေကိုချစ်တယ်။ဒီတစ်ကောင်က Ragdollကြောင်အမျိူးအစားပဲ။ကြောင်လေးရဲ့ လည်ပင်းတစ်ဝိုက်တွင် အမွေးထူထူလေး၊ ရှဉ့်လေးတွေလို အညိုရောင်အမြီးရယ် ခရစ်စတယ်လို ကြည်လင်နေတဲ့ အပြာရောင်မျက်လုံးတွေနဲ့ ကြည့်ရတာ အရမ်း ချိုမြိန်ပြီး ချစ်စရာကောင်းတယ်။

ယဲ့ရှောင်ယန် ကြောင်လေးကို ချီလိုက်ကာ လမ်းလျှောက်နေရင်း အော်ပြောလိုက်သည်။
"တစ်ယောက်ယောက် ရှိနေလား?"

လက်ထဲမှ ကြောင်လေးက "မြှောင်"လို့ အော်သံကလွဲရင် ဘယ်သူမှ ပြန်မဖြေခဲ့။

ယဲ့ရှောင်ယန် ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်နေလိုက်သည်။

သူသည် အိပ်ခန်း၄ခန်း၊ ဧည့်ခန်း၂ခန်းပါသော နေရာတွေ ရောက်နေကြောင်းတွေ့ရှိလိုက်သည်။ဝံရံတာအပြင်ဘက်ကို ထွက်ပြီး အပြင်ကိုတစ်ချက်ကြည့်လိုက်ကာ ဒီနေရာပတ်ဝန်းကျင်က အတော်လေးကောင်းကြောင်းတွေ့လိုက်ရသည်။ သူရောက်နေသည့် တိုက်ခန်းသည် ၁၀ထပ် သို့မဟုတ် ၁၀ထပ်မကပိုမြင့်နိုင်သည်။တစ်ချက်ကြည့်ယုံဖြင့် ၁၅၀စတုရန်းမီတာကျော်မှန်း သိနိုင်သည်။

လက်ရှိတွေ ၁.၇မီတာမြင့်သော A.Iစက်ရုပ်က တံမြက်စည်းလှည်းနေခဲ့သည်။

ယဲ့ရှောင်ယန်ရဲ့ တည်ရှိမှုကို ခံစားရသောအခါ စက်ရုပ်ခေါင်းသည် အပြာရောင်အလင်းတန်းဖြင့် မော့လာပြီး ပါးစပ်မှ ကြည်လင်ပြတ်သားသော ကလေးအသံထွက်ပေါ်လာသည်။
"သခင် ဒီနေ့ကဗုဒ္ဓဟူးနေ့ပါ။ဆေးရုံမှာ သွားရောက်စစ်ဆေးဖို့ သတိပေးရမယ့် နေ့ဖြစ်ပါတယ်"

ယဲ့ရှောင်ယန် ခဏတာ ရပ်တန့်သွားတယ်။
"ဆေးရုံ?"

"ဒီနေ့ချိန်းဆိုထားတဲ့အချိန်က ညနေ ၂:၃၀ပါ"
စက်ရုပ်ကပြောလာသည်။
"ပြည်သူ့ဆေးရုံ ဖယ်ရိုမုန်းအထူးကု ဒေါက်တာ ချင်ယွဲ့နဲ့ ချိန်းဆိုထားတာပါ။ဒါရိုက်ဘာက သခင်ကို ၁၀မိနစ်အတွင်းလာခေါ်ပါတော့မယ်။ကျေးဇူးပြုပြီး အဆင်သင့်ပြင်ပေးထားပါ"

ယဲ့ရှောင်ယန် စက်ရုပ်ရင်ဘက်ပေါ်ရှိ screenတွင်ပြထားသော အချိန်ကိုတစ်ချက် ကြည့်လိုက်သည်။

ကြယ်ပြက္ခဒိန်၊၂၀၂၁
ဩဂုတ်၊၂၀ရက်
နေ့လည် ၁၃:၅၀မိနစ်

အဲ့တာက သူကားတိုက်မိတဲ့ အချိန်မဟုတ်ဘူး။အရေးကြီးဆုံးက အဲ့ကြယ်ပြက္ခဒိန်ဆိုတာပဲ၊ယဲ့ရှောင်ယန် Gregorianပြက္ခဒိန်နဲ့ Lunarပြက္ခဒိန်တွေကိုပဲ သိတယ်၊ဒါပထမဆုံးသော ကြယ်ပြက္ခဒိန်ကို မြင်ဖူးခြင်းပဲ။

သူသေပြီးနောက် နောက်ကမ္ဘာကို ကူးပြောင်းလာတာလား?

ယဲ့ရှောင်ယန် အနည်းငယ် ဗြောင်းဆန်သွားသည်။

သူ့လက်မောင်းထဲရှိ ကြောင်လေးက သူစိတ်မသက်မသာ ဖြစ်နေသည်ခံစားမိဟန်နဲ့ သူ့လက်ကို ညင်သာစွာ ပွတ်သပ်ပေးလာသည်။ ယဲ့ရှောင်ယန် ကြောင်လေးကို ဂရုတစိုက်ဖြင့် ပွတ်သပ်ပေးပြီး ဝံရံတာတွေ အချိန်အနည်းငယ် ဖြုန်းနေလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးက သူနဲ့ ရင်းနှီးမနေဘူး။ အချိန်တစ်ခုလောက် သူတုံ့ဆိုင်းနေပြီးနောက် အပြင်သွားဖို့အတွက် ဖိနပ်လဲရန် ဖိနပ်ဗီဒိုဆီသို့ ဦးတည်လိုက်သည်။

ဆရာဝန်နဲ့ ချိန်းဆိုချက်ရှိမှတော့ ဘာအရာမှ မစိုးရိမ်ခင် ဆရာဝန်နဲ့ သွားတွေ့နိုင်မယ် ထင်ရတယ်။

ထို့နောက် သူ့အိတ်ကပ်ထဲမှ ဖုန်းမြည်လာပြီး ယဲ့ရှောင်ယန် 'ဖြေဆိုမည်'ခလုတ်ကို နှိပ်လိုက်ရာ မိန်းကလေးအသံကို ကြားလိုက်ရသည်။

"ဟယ်လို ယဲ့လူကြီးမင်း၊ ကျွန်မက အွန်လိုင်း Taxiဝန်ဆောင်မှုကနေ သင်တောင်းဆိုထားတဲ့ ဒါရိုက်ဘာပါ၊အခု အပြင်သွားဖို့အတွက် အဆင်သင့်ဖြစ်ပြီလားရှင့်"

"ခဏလေးပါ ရှီဖူ"ယဲ့ရှောင်ရန်ပြောလိုက်သည်။
"ကျွန်တော် အခုပဲထွက်လာခဲ့မယ်။"

ကြောင်လေးကို ကြောင်အိပ်ယာပေါ်တွင်ချထားပြီး ခေါင်းကိုပွတ်ပေးကာ
"ဆေးရုံသွားလိုက်အုန်းမယ်၊ပြန်လာခဲ့မယ်"

ကြောင်လေးက နာခံစွာနဲ့ လှဲနေပြီး သူထွက်သွားသည်ကို ကြည့်နေသည်။

အဆောက်အဦးမှ ထွက်လာသောအခါ အပြင်ဘက်တွင် သူ့ကိုစောင့်နေသော ကားတစ်စီးရပ်ထားမှန်း တွေ့လိုက်ရသည်။သူတံခါးကိုဖွင့်လိုက်သောအခါ ဒါရိုက်ဘာက နောက်သို့လှည့်လာပြီး
"အတည်ပြုနံပါတ်နောက်ဆုံးက ၆၆၇၆၊ ယဲ့လူကြီးမင်း ပြည်သူ့ဆေးရုံကိုပို့ပေးရပါမယ်၊မှန်ပါသလား"

"ဟုတ်ပါတယ်" ယဲ့ရှောင်ယန် နောက်ခုံကိုမှီရင်း ပြန်ဖြေလိုက်သည်။

စည်ကားလှသော မြို့ကြီးက မိုးမျှော်တိုက်များဖြင့် အရမ်းကို ခေတ်မှီနေသည်။မရေတွက်နိုင်အောင် ဖြတ်ကျော်ခဲ့ပြီးနောက် ရှုပ်ထွေးသောလမ်းကြောင်း ဖြစ်လာခဲ့သည်။ယဲ့ရှောင်ယန် ပြတင်းပေါက်မှဖြတ်၍ အပြင်သို့ လှမ်းကြည့်လိုက်ရာ ဖြတ်သွားသမျှကားများ၏ လိုင်စင်နံပါတ်ပြားတွေက '☆A'နဲ့ စကြောင်း တွေ့လိုက်ရသည်။ သူ့မျက်လုံးများက စိတ်ရှုပ်ထွေးမှုနဲ့  ပြည့်နှက်သွားသည်။

ဆေးရုံသို့ လာသည့် လမ်းတစ်လျှောက် စိတ်ရှုပ်ထွေးလျက် နောက်ဆုံးတွင် 'ဖယ်ရိုမုန်းအထူးကု'ဆီသို့ ခြေချနိုင်ခဲ့ပြီ။ ငွေရောင်ကိုင်းမျက်မှန်ကို တပ်ဆင်ထားသော လူငယ်ဆရာဝန်သည် သူ့ကိုရင်းနှီးသော အပြုံးဖြင့် လက်ပြလျက် နှုတ်ဆက်လာသည်။

"ရှောင်ယန် ဒီကိုလာ၊ ဒီနေ့  ဘာလို့ မင်းဖြူဖတ်ဖြူလျော်ဖြစ်နေတာလဲ?"

ယဲ့ရှောင်ယန် ဆရာဝန်နဲ့ တစ်ဖက်တွင် ထိုင်လိုက်ကာ စိတ်အားထက်သန်စွာ မေးလိုက်သည်။
"ဒေါက်တာ ကျွန်တော့်ခေါင်းကို CT ရိုက်ပေးပြီး စစ်ပေးလို့ရလား?ကားတိုက်ပြီးတဲ့နောက် ခေါင်းထဲမှာ အကြိတ်ရှိတယ်လို့ သံသယဝင်မိလို့ပါ၊အဲ့တာကြောင့် အခု ထင်ယောင်ထင်မှားဖြစ်နေတာထင်တယ်"

ဆရာဝန်က အေးခဲသွားပြီး တစ်ခဏကြာမှ ရယ်ရင်းပြောလာသည်။
"လျှောက်တွေးနေတာတွေ ရပ်တော့၊အရင်အပတ်ကပဲ မင်းကို စစ်ဆေးပြီးပြီ မင်းခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဘာမှမှားနေတာ မရှိဘူး၊ဒီတိုင်း မင်းက ကွဲပြားဖို့ နောက်ကျနေတာ၊ပြည်ပမှာဆိုရင် တစ်ချို့ဆိုအသက်၂၄နှစ် ရှိနေတာတောင် မကွဲပြားကြသေးဘူး၊မင်းကအခုမှ ၂၁နှစ်ပဲရှိသေးတယ် စိတ်မပူနဲ့"

ယဲ့ရှောင်ယန် စိတ်ရှုပ်ထွေးနေဆဲ
"ကွဲ...ပြားတာ?"

ဆရာဝန်သည် စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။
"အခုထိ ငါတို့က မင်းရဲ့ ဖယ်ရိုမုန်းကို မသတ်မှတ်ရသေးဘူး၊ဒါပေမယ့် မင်းမိဘတွေက AOအတွဲ၊ ပြီးတော့ မင်းအဘိုးအတွဲကလည်း ဘီတာတွေရဲ့ဗီဇကို မသယ်ဆောင်ထားဘူးဆိုတော့ သေချာပေါက် ဘီတာဖြစ်မှာမဟုတ်ဘူး။အခု မင်းက အယ်လ်ဖာလား အိုမီဂါလားပဲ မကွဲပြားသေးတာ၊ဘာဖြစ်မလဲဆိုတာ ၅၀ရာခိုင်နှုန်းစီရှိတယ်"

ယဲ့ရှောင်ယန် ပိုပြီးနားထောင်လေ ပိုပြီးနားမလည်နိုင်ပေ။သူ ဒေါက်တာကို သံသယအကြည့်ဖြင့် ကြည့်လိုက်ပြီး မေးလိုက်သည်။
"ကျွန်တော့်မိဘတွေကရော ဘယ်မှာလဲ"

ဆရာဝန်က ခဏလောက် တောင့်တင်းသွားပြီး ယဲ့ရှောင်ယန်ရဲ့ နဖူးကို လက်တစ်ဖက် ဆန့်ထုတ်ပြီး စမ်းလိုက်ကာ
"အဖျားလည်းမရှိပါဘူး၊ ကောင်းပြီ နောက်တစ်ကြိမ် စစ်ဆေးကြည့်ရအောင်"

သူသည် ယဲ့ရှောင်ယန်ကို စစ်ဆေးအခန်းထဲ ခေါ်ဆောင်သွားသည်။စစ်ဆေးပြီးတဲ့နောက် ရလဒ်ကို ကွန်ပြူတာဖြင့် လေ့လာပြီးတဲ့နောက်
"ဦးနှောက်နဲ့ ပတ်သက်ပြီး ပြသနာတော့မရှိပါဘူး၊ဒါပေမယ့် ဘာလို့ အတိတ်မေ့နေသလို ဖြစ်နေတာလဲ"

ယဲ့ရှောင်ယန်ရဲ့ စိုးရိမ်မှုတွေက မြင့်တက်လာပြီး သူတိုးတိုးလေးပြောလိုက်သည်
"ကျွန်တော် မမှတ်မိတာတွေ အများကြီးပဲ"

"မင်းမိဘတွေက လွန်ခဲ့တဲ့၁ပတ် ကားမတော်တဆအမှုမှာ သေဆုံးသွားတယ်၊မင်းမိဘတွေကို ဆုံးရှုံးလိုက်ရတာကို စိတ်က လက်မခံနိုင်တဲ့အတွက် ထောင်ယောင်ထင်မှားတွေကို ဖြစ်စေတာ"
ဆရာဝန်က ယဲ့ရှောင်ယန် ပုခုံးကိုပုတ်ပေးလိုက်သည်။နွေးထွေးနူးညံ့သော အသံဖြင့်

"ငါက မင်းအကိုတစ်ဝမ်းကွဲ ချင်ယွဲ့၊ ဦးလေးနဲ့အန်တီကို ဆုံးရှုံးလိုက်ရတဲ့အတွက် ငါလည်း စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ဖြစ်လာတာတွေကို ပြင်လို့မရဘူး၊ တစ်ဖြည်းဖြည်းနဲ့ လက်ခံနိုင်ဖို့ ကြိုးစားရမယ်၊မင်းက ငယ်သေးတယ်၊ ထိုင်ပြီး စိတ်ဓာတ်ကျနေလို့ပဲ မဖြစ်ဘူး"

ယဲ့ရှောင်ယန် တိတ်ဆိတ်သွားသည်။

သူ့မှာ ချင်ယွဲ့လို့ခေါ်တဲ့ တစ်ဝမ်းကွဲမရှိဘူး။

ဒေါက်တာချင်ယွဲ့က ထပြီး သူ့ကိုရေတစ်ခွက် ခပ်လာပေးသည်။
"ဒီလိုလုပ်ရအောင်၊ ငါမင်းကို တိုင်ပင်ဆွေးနွေးလို့ရအောင် စိတ်ရောဂါကုဆရာဝန် ခေါ်ပေးမယ် ၊ငါ့ကိုဒီမှာ စောင့်နေ"

ဆရာဝန် ထွက်သွားပြီးနောက် ယဲ့ရှောင်ယန် တစ်ဖြည်းဖြည်း သတိပြန်ဝင်လာသည်။သူ သန့်စင်ခန်းကို သွားပြီး ရေအေးဖြင့် မျက်နှာသစ်ကိုလိုက်သည်။

ခေါင်းမော့လိုက်သည်အခါ မှန်ထဲတွင် ဖြူသောအသားရေနဲ့ အလွန် တောက်ပပြီးချောမောသော ရုပ်ရည်ကို တွေ့လိုက်ရသည်။ယဲ့ရှောင်ယန် ရွှေရောင်ဆံပင်ကို ဆွဲဖွလိုက်သည်။ဆံပင်ဆေးဆိုးထားတာမရှိဘူး။ခြုံငုံကြည့်ရရင် သူက ကပြားလား။

မျက်နှာသစ်ပြီးနောက် ယဲ့ရှောင်ယန် စားပွဲခုံကို ရုပ်သေးရုပ်တစ်ရုပ်လို ဖြည်းညှင်းစွာ လျှောက်လာသည်။သူထိုင်ခုံပေါ်ထိုင်လိုက်ပြီး နံရံကို စိုက်ကြည့်ကာ အတွေးထဲမြောသွားတော့သည်။

ဒါဆို သူကားတိုက်ခံရပြီး သေသွားပြီ၊ သူ့ဝိညာဉ်က နောက်ကမ္ဘာကို ကူးပြောင်းလာတယ်?

ဒါက ဒီအခြေအနေအတွက် အဖြစ်နိုင်ဆုံး ဖြေရှင်းချက်တစ်ခုပဲ။

စိတ်တည်ငြိမ်သွားစေရန် အသက်ပြင်းပြင်းရှူလိုက်သည်။ဖုန်းကိုထုတ်လိုက်ကာ websiteသို့သွားပြီး စကားလုံးတစ်ချိူ့ကို ရှာကြည့်လိုက်သည်။
League of Legends, Team GD, ခေါင်းဆောင်Sunshine နောက်ထပ် နောက်ထပ်တွေ။

သို့ပေမယ့် ပြန်ရရှိသည့် ရလဒ်က တစ်ခုတည်းပေ။

မည်သည့်ရလဒ်မှ မတွေ့ရှိပါ

......ဒါကတကယ်ကြီး နောက်ကမ္ဘာပဲ!

သူ ပြန်စဉ်းစားကြည့်ရာ ဆရာဝန်ပြောသွားသော 'ကွဲပြားခြင်း'ကိုရှာကြည့်လိုက်သည်။အဲ့တာက သူ့ခန္ဓာကိုယ် တိုးတက်မှုနဲ့ ပတ်သက်တဲ့ တစ်ခုခုမလား။

ယဲ့ရှောင်ယန် 'ကွဲပြားခြင်း'ကို ရှာဖွေသည့်နေရာတွင် ရိုက်ထည့်လိုက်သည်၊ ဒီတစ်ခါတွင် ၃သန်းကျော်ရှိသော ရလဒ်များ ပေါ်လာသည်။ထိပ်ဆုံးလင်ခ့်တွေက တရားဝင်Baiduပေ့ချ်နဲ့ ဆင်တူသည်။

[ကွဲပြားခြင်း : အပျိူ/လူပျိူဖော် စဝင်ချိန်တွင် ဟော်မုန်းများ အမြင့်ဆုံးရောက်သော အချိန်တွေ ဖြစ်ပေါ်လာသော ဖြစ်စဉ်ဖြစ်ပြီး ဖယ်ရိုမုန်း၏ လျှို့ဝှက်ဂလင်းများ ဖွံ့ဖြိုးလာကာ ဒုတိယလိင်ဖြစ်သော အယ်လ်ဖာ၊ဘီတာ၊အိုမီဂါများ ဖြစ်လာကြသည်။အများအားဖြင့် ဆယ်ကျော်သက်အရွယ် အသက် ၁၆မှ ၁၈နှစ်ကြားတွင် ကွဲပြားခြင်း ဖြစ်လေ့ရှိသော်လည်း နောက်ကျမှ ဖြစ်သော ကွဲပြားခြင်းများလည်း ရှိကြောင်း မှတ်တမ်းတင်ထားသော လက်တွေ့ဖြစ်ရပ်တွေ ရှိပါသည်]

ယဲ့ရှောင်ယန် မျက်တောင်ခတ်လိုက်မိသည်။

စကားလုံးတစ်လုံးချင်းစီကို သူနားလည်နိုင်ပေမယ့် အကုန်လုံးပေါင်းလိုက်ချိန်မှာတော့ သူလိုက်မမှီနိုင်တော့ပေ။

ဒုတိယလိင် သုံးမျိူး?သောက်ကျိူးနည်း အဲ့တာက ဘာကိုဆိုလိုတာလဲ?

'ဆက်စပ်သော သတင်းအချက်အလက်များ'လင့်ခ်ကို ထပ်မံနှိပ်လိုက်ရင်း မရင်းနှီးသော စကားလုံးများနဲ့ စာပိုဒ်များကို တွေ့ရှိလိုက်ရသည်။

ဖယ်ရိုမုန်း၊အိုမီဂါ ဂလင်း၊heat period၊အမှတ်အသား၊မျိူးပွါးပေးတဲ့အင်္ဂါ....

ယဲ့ရှောင်ယန် ပိုဖတ်လေ ပိုပြီးတုန်လှုပ်ရလေပဲ။ နောက်ဆုံးမှာတော့ အံဩလွန်းလို့ ပါးစပ်ဟနေသည်မှာ ကြက်ဥတစ်လုံးလောက် ပြစ်သွင်းလို့ရပြီဖြစ်သည်။

ဒီကမ္ဘာက လုံးဝကြီး  ရှုပ်ထွေးနေတာပဲ!

ယောကျာ်း၊မိန်းမအပြင် အယ်လ်ဖာ၊ဘီတာ၊အိုမီဂါဟုသော ဒုတိယလိင်ရှိသေးသည်။တစ်နည်းအားဖြင့် လူတစ်ယောက်၏ဖြစ်နိုင်ခြေသည် လိင်သည်စုစုပေါင်း ၆မျိူးရှိသည်။

ထိုထဲမှာ အိုမီဂါနှင့် ဘီတာများသည် ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ ကိုယ်ဝန်ဆောင်နိုင်ပြီး အိုမီဂါများ သည် ဘီတာများထက် ကိုယ်ဝန်ဆောင်နိုင်ခြေ ပိုများသည်။ အယ်လ်ဖာများသည် သူတို့ကိုယ်တိုင် ကိုယ်ဝန်မဆောင်ကြပေမယ့် ကိုယ်ဝန်ရအောင် လုပ်ပေးနိုင်သည်။ထို့အပြင် အယ်လ်ဖာနှင့် အိုမီဂါများသည် မတူညီတဲ့ ဖရိုမုန်းတွေကို ထုတ်လွှတ်နိုင်သည်။နောက်ပြီး အိုမီဂါများ heat ဖြစ်ချိန်ကာလတွင် စိတ်ထိန်းချူပ်များ လွတ်သွားပြီး အယ်လ်ဖာများကို အမှတ်သားပေးဖို့ တောင်းဆိုလေ့ရှိသည်။

အမှတ်သား?ကြည့်ရတာ တံဆိပ်ခေါင်းလိုပဲ။

'A/B/Oသိပ္ပံ'ကို စိတ်ကျေနပ်စွာ ဖတ်ပြီးနောက် ယဲ့ရှောင်ယန်သည် သူ၏အမြင်အားလုံး ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရသည်။

ယောကျာ်းရော မိန်းမရောက ကိုယ်ဝန်ဆောင်နိုင်တယ်?

ဒါက မျိူးပွါးနှုန်း အရမ်းမြင့်စေမှာပဲ။အာ...ဒါပေမယ့် ဒီကမ္ဘာက ယောကျာ်းလေးတွေ...ယဲ့ရှောင်ယန် သူတို့ကို လေးစားသွားပြီ။

ယဲ့ရှောင်ယန် ထိုင်ပြီးမှိုင်တွေနေစဉ် ဒေါက်တာချင်သည် တံခါးဖွင့်ပြီး ပြန်ရောက်လာသည်။

"ရှောင်ယန် ဆရာဝန်က ဒီနေ့တနေကုန် ချိန်းထားတာတွေရှိတယ်၊မနက်ဖြန်မနက်မှ ထပ်လာရင်ရော ဘယ်လိုလဲ?သူက မနက်ဖြန်မနက်အားတယ်"

ယဲ့ရှောင်ယန် သူ့လက်ချောင်းများ အနည်းငယ် လှုပ်သွားသည်။ဖုန်းကိုပိတ်လိုက်ပြီး လျင်မြန်စွာပြုံးပြလိုက်သည်။
"ဝမ်းကွဲ ငါတိုင်ပင်ဆွေးနွေးတာ မလုပ်ချင်ဘူး၊ငါဒီတိုင်း နောက်နေတာပါ"

ဒါကစိတ်ပိုင်းဆိုင်ရာ ပြသနာမဟုတ်ဘူး။ခန္ဓာကိုယ်မှာ ဝိညာဉ်အသစ်ဖြစ်သွားတာ အဲ့တာကြောင့် သူဘာမှမှတ်မိမှာ မဟုတ်ဘူး။သူ့မိဘတွေ သေဆုံးတာတောင် မှတ်မိမှာ မဟုတ်ဘူး။

ချင်ယွဲ့ သူ့ကို သေချာကြည့်လာပြီး
"တကယ် အဆင်ပြေလို့လား"

"အင်း"

"ဒါဆိုလည်း နောက်ကျဘာလုပ်မယ် တွေးထားလဲ"

ယဲ့ရှောင်ယန် ငြိမ်သက်သွားသည်။
"အနာဂတ်?"

"ဦးလေးနဲ့ အန်တီက မရှိတော့ဘူး"ချင်ယွဲ့ပြောသည်။
"မင်းကို ဂရုစိုက်ပေးဖို့ ဘယ်သူမှမရှိတော့ဘူး၊ မင်း ၃နှစ်လောက် မုန့်ဖုတ်သင်တန်းတက်နေတာ ငါမှတ်မိပါတယ်၊ မုန့်ဖုတ်တဲ့ဆိုင် ဖွင့်ရင်ရော ဘယ်လိုလဲ?ပိုက်ဆံလိုရင် ငါချေးပေးနိုင်တယ်"

ယဲ့ရှောက်ယန်က အခု မိဘမဲ့ ဖြစ်သွားပြီ၊ သူ့ကိုယ်သူ ထောက်ပံ့ဖို့အတွက် တွေးရတော့မှာဖြစ်သည်။မုန့်ဆိုင်ဖွင့်ဖို့?အချိုတွေလုပ်ဖို့ သူလုံးဝ စိတ်မဝင်စားဘူး!

သူ ချောင်းဟန့်လိုက်ရင်း
"ပြန်ရောက်တဲ့အခါ ကျွန်တော်သေချာ ပြန်စဉ်းစားလိုက်ပါမယ်၊ကျေးဇူးပါ ဝမ်းကွဲ"

ချင်ယွဲ့ ခေါင်းညိမ့်လိုက်သည်။
"ကောင်းပြီ၊မှတ်ထားပါ တစ်ခုခုလိုရင် မင်းငါ့ဆီလာလို့ရတယ်"

ယဲ့ရှောင်ယန် ထလိုက်သည်။သူတို့နှစ်ယောက် နှုတ်ဆက်လိုက်ပြီး ချင်ယွဲ့ကသူအိမ်ပြန်ဖို့အတွက် ကားစီစဉ်ပေးခဲ့သည်။

အိမ်ပြန်လမ်းတွင် ယဲ့ရှောင်ယန် အတွေးများနဲ့ ပြည့်နှက်နေသည်။သူတကယ့်ကမ္ဘာတွင် သူက ကားတိုက်မှုဖြင့် သေဆုံးသွားပြီး သူ့သူငယ်ချင်းနှင့်မိသားစုတွေက အဲ့သတင်းကိုကြားလျှင် ဝမ်းနည်းကြလိမ့်မည်။

သူ့မိဘတွေ၊အသင်းဖော်၊နည်းပြနဲ့သူ့ကို ထောက်ပံ့ပေးတဲ့ ပရိတ်သတ်တွေအတွက် စိတ်မကောင်းပေ။

အခုကမ္ဘာအသစ်မှာ သူတစ်ယောက်တည်း ဘာလုပ်ရမလဲ?

ယဲ့ရှောင်ယန် အိမ်ပြန်ရောက်သည့်အခါ လက်ဗွေရာဖြင့် တံခါးကိုဖွင့်လိုက်သည်။သူအထဲဝင်သည်နှင့် ကြောင်လေးအော်သံကို ကြားလိုက်ရသည်။ကြောင်လေးရဲ့ အိပ်ယာဆီကို အမြန်သွားရင်း အမွေးထူသောကြောင်လေးကို ပွေ့ချီလိုက်သည်။

"ဗိုက်ဆာနေပြီလား"

GDအသင်းသည်လည်း ကြောင်တစ်ကောင်ကို မွေးဖူးသည်။ယဲ့ရှောင်ယန်က ကြောင်တွေနဲ့ အလွန်တည့်သည်။ပန်းကန်လုံးထဲတွင် ကြောင်လေးစားရန်အတွက် အစာကို အပြည့်ဖြည့်ပေးလိုက်သည်။

အဖြူရောင်ကြောင်လေးက အစာလာစားတာကို ကြည့်နေရသည်မှာ မထိန်းနိုင်ပဲ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
"အခုကစပြီး ငါတို့နှစ်ယောက် အတူတူနေရတော့မယ်၊စိတ်မပူပါနဲ့ ငါမင်းကို ဂရုစိုက်ပေးမှာပါ"

ကြောင်လေးက အစာကိုပဲ ဂရုစိုက်နေပြီး ပြန်မဖြေပေ။

ကြောင်လေးလည်ပင်းမှာ ချိတ်ဆွဲထားတဲ့ သေးပြီးချစ်စရာကောင်းတဲ့ နာမည်တံဆိပ်ကိုတွေ့လိုက်ရသည် 'ရှောင်ပိုင်'

ယဲ့ရှောင်ယန် အရမ်းသိချင်သွားသည်
"မင်းတို့ကြောင်တွေမှာရော အယ်လ်ဖာကြောင်နဲ့ အိုမီဂါကြောင်ဆိုပြီး ရှိသေးလား?ကြောင်ထီးတွေက ကြောင်လေးတွေမွေးလို့ရလား?"

ကြောင်လေးကပြန်ဖြေတယ်။
"မြှောင် မြှောင် မြှောင်?"

ယဲ့ရှောင်ယန် ရှောင်ပိုင်ရဲ့ ခေါင်းလေးကို ထပ်ပြီး ပွတ်သပ်ပေးလိုက်တယ်။အရူးက ကြောင်နဲ့စကားပြောနေသလို ခံစားရသည်။

သူလှည့်ပြီးတော့ အနာဂတ်ပလန်အတွက် ထိုင်ပြီး စဉ်းစားရန်ဆိုဖာဆီသို့ သွားသည်။

စီးပွါးရေးလုပ်ရမယ်?မေ့လိုက်တော့၊စီးပွါးရေး အမြင်မရှိတာနဲ့ လုပ်ငန်းတစ်ခုလုံး တစ်လလောက်နဲ့ ပိတ်သိမ်းနေရအုန်းမယ်။

သူ့ကိုယ်သူ ထောက်ပံ့နိုင်ဖို့ ဘာလုပ်ရမလဲ?

အရင်ဘဝတွင် သူသည် စာနဲ့ပတ်သတ်ပြီးတော်တဲ့ ကျောင်းသားမဟုတ်ပေမယ့် ဗီဒီယိုဂိမ်းကစားရာတွင် ထူးချွန်တဲ့ပါရမီရှင် တစ်ယောက်ဖြစ်ခဲ့သည်။၁၆နှစ်ဖြင့် လူငယ်လေ့ကျင့်ရေးစခန်းကို ဝင်ခဲ့ပြီး အဲ့နှစ်တွင် စခန်းရဲ့ချန်ပီယံဆုကို ရခဲ့သည်။၁၇နှစ်တွင် နိုင်ငံအတွင်းရှိ ထိပ်ဆုံးအသင်း GDအသင်းနဲ့ စာချူပ်ချုပ်ဆိုနိုင်ခဲ့ပြီး တစ်နှစ်တည်းမှာပဲ အတော်ဆုံးလူသစ်ကစားသမားဆုကို ရခဲ့သည်။

သို့ပေမယ့် သူအသင်းထဲဝင်ပြီးတဲ့နောက် GDအသင်းသည် တစ်ခုပြီးတစ်ခု ပြောင်းလဲလာသည်၊ကစားသမားအဟောင်းတွေက အနားယူလာပြီး ကစားသမားအသစ်များနဲ့ စည်းလုံးသောအသင်းဖြစ်ရန် ကြိုးစားလာရသည်။ နှစ်အနည်းငယ်ကြာ ပြိုင်ဆိုင်လာပြီးနောက် ယဲ့ရှောင်ယန်သည် သူ့အသင်းကို ပြည်တွင်းပြိုင်ပွဲအနည်းငယ်တွင် အနိုင်ရအောင်လုပ်ပေးနိုင်ခဲ့သည်။သို့ပေမယ့် သူတို့သည် ကမ္ဘာချန်ပီယံဆုကို အနိုင်မရခဲ့ပါ။

ထိုအရာက esports ပရိတ်သတ်တွေ သူ့ကို အပြစ်တင်ရတဲ့ အဓိကအကြောင်းရင်းဖြစ်သည်၊ဒါကလည်း ယဲ့ရှောင်ယန်ရဲ့ အကြီးဆုံးနောင်တလည်းဖြစ်သည်။

သူ esportsကို ဆက်ကစားသင့်လား?

သူ့ကွန်ပြူတာမှာပေါ်လာတဲ့ ဂိမ်း၊ Gods Warသည်လည်း 5vs5ဖြစ်ပြီး တာဝါကိုအခြေခံထားသည့် MOBAဂိမ်းဖြစ်သည်။ ယဲ့ရှောင်ယန် ဒီလိုဂိမ်းမျိူးကို နှစ်အတော်ကြာ ကစားခဲ့ပြီးပြီ၊ သူရဲ့ ခိုင်မာသောအခြေခံများ၊အတွေ့အကြုံများဖြင့်  လွယ်လွယ်ကူကူနဲ့ သင်ယူနိုင်သည်။

သူသည် 'မသေခင်အချိန်ထိ ဘယ်တော့မှ အရှုံးမပေး'ဟုသော စိတ်ဓာတ်ဖြင့် အမြဲ နေထိုင်လာခဲ့သည်။

အရင်ဘဝမှာ မနိုင်ခဲ့တဲ့ ကမ္ဘာ့ချန်ပီယံဆုက ဒီဘဝမှာလည်း မနိုင်နိုင်ဘူးလို့ မဆိုလိုဘူးမလား?

ယဲ့ရှောင်ယန် စိတ်ပိုင်းဖြတ်လိုက်သည်။ဗိုက်ပြည့်အောင် စားပြီးတဲ့ ကြောင်လေးကို ကောက်ချီလျက် စာကြည့်ခန်းထဲသို့ သွားခဲ့သည်။

ဆရာဝန် ဝမ်းကွဲက သူ့ကို ပြောတဲ့ စကားတွေထဲက မှန်တာတစ်ခုတော့ရှိသည်။ဘယ်သူမှ ဖြစ်လာတာတွေကို ပြင်လို့မရဘူး၊ယဲ့ရှောင်ယန် တစ်ဖြည်းဖြည်း လက်တွေ့ကို လက်ခံနိုင်ခဲ့သည်။

ကောင်းကင်ဘုံက သူ့ကိုအသက်ရှင်ခွင့် ထပ်ပေးမှတော့ သေချာပေါက် အခွင့်အရေးယူရမှာပေါ့