Chapter-3
Viewers 829

ယဲ့ရှောင်ယန်သည် ကွန်ပြူတာကို ဖွင့်လိုက်ပြီး အင်တာနက် browserထဲတွင် Gods Warအကြောင်း ရှာဖွေလိုက်သည်။


များပြားလှသော သတင်းအချက်အလက်တွေကြောင့် သူအံဩသွားသည်။


အခုချိန်က Esportsခေတ်ဖြစ်၍ ဂိမ်းကစားခြင်းက လူအများကြီးအတွက် စိတ်အပန်းဖြေစေပြီး ၆၀ရာခိုင်နှုန်းထပ်ကျော်သော လူငယ်တွေက ဝါသနာအနေနဲ့ ဂိမ်းကစားကြသည်။တရုတ်နိုင်ငံ တစ်ခုထဲမှာတင် ကစားသူအရေအတွက် သန်း၂၀၀ကျော်ပြီဖြစ်သည်။


လိဂ်ပွဲစဉ်သည် ကမ္ဘာအနှံ့တွင်စုစုပေါင်း နိုင်ငံ၈ခုပိုင်းခြားထားပြီး ကိုယ်စားပြုနိုင်ငံများမှာ မြောက်အမေရိက၊ ဥရောပ၊ ကိုရီးယား၊ တရုတ်၊ အာဖရိက၊ လက်တင်အမေရိက၊ အရှေ့တောင်အာရှဖြစ်သည်။ ထိုနိုင်ငံများသည် ဝင်ပြိုင်ရန် အရည်အချင်းပြည့်မှီသော နိုင်ငံများဖြစ်သည်။


လိဂ်ပွဲစဉ်၏ အကြီးဆုံးနိုင်ငံတစ်ခု အပါအဝင်ဖြစ်သည့် တရုတ်နိုင်ငံတွင် ရာသီတစ်ခု၏ နောက်ဆုံးတွင် ရှုံးထွက်ပွဲစဉ်ကို ဝင်ပြိုင်ရသည့် အဓိကအသင်းကြီး ၁၈သင်းရှိသည်။မရေတွက်နိုင်သော အသင်းငယ်တွေနဲ့ ထောင်ပေါင်းများစွသော  တရားဝင်  ပရောဖက်ရှင်နယ် ကစားသမားများလည်းရှိသည်။


ထိုထဲမှ လက်ရှိ အကျော်ကြားဆုံး ကစားသမားမှာ ထျန်ဟွမ်အသင်းခေါင်းဆောင် ချီရှို့ ဖြစ်သည်။ သူသည် နေ့စဉ်ဘဝနဲ့ ပတ်သက်သော အကြောင်းအရာတစ်ခုကို လိုင်းပေါ် တင်လိုက်သည်နဲ့  shareနှင့် မှတ်ချက် အရေအတွက်များသည် ဂဏန်း၆လုံးကို အလွယ်တကူကျော်သွားသည်။


ဒီကမ္ဘာတွင် နာမည်ကြီးကစားသမားများသည် စူပါစတားများကဲ့သို့ ဆက်ဆံခံရသည်။သူတို့ကို လူအများက အသိမှတ်ပြုကြသည်။ အကယ်လို့ ကမ္ဘာ့ချန်ပီယံဆုဖလားကို အိမ်ပြန်ယူလာနိုင်ခဲ့ပါက သူတို့ကျော်ကြားမှုတွေက ထိုးတက်သွားပြီး ပရိတ်သတ်တွေက ပိုပြီး အားပေးလာကြလိမ့်မယ်။


Gods Warသည် အခု (၉)ကြိမ်မြောက် ရာသီ ရောက်နေပြီဖြစ်သည်။


ယဲ့ရှောင်ယန် အရင်ကစားဖူးတဲ့ ရာသီပွဲစဉ်တွေက နွေဦးနှင့် နွေရာသီပြိုင်ပွဲအဖြစ် ပိုင်းခြားထားပေမယ့် Gods Warဂိမ်း၏ ရာသီပွဲစဉ်တွေနဲ့  ကွာခြားသည်။ Gods Warလိဂ်ပွဲစဉ်တွင် နှစ်တစ်နှစ်ရဲ့ပထမနှစ်ဝက်သည် အကြိုအရာသီပြိုင်ပွဲနဲ့ ပုံမှန်ရာသီပြိုင်ပွဲများ ဖြစ်သည်။နှစ်လယ်လောက်တွင် အဖွဲ့လိုက်ပြိုင်ပွဲ၊တစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲများ ကျင်းပသည်။ထို့နောက် ရာသီနောက်ဆုံးတွင် playoffs ပွဲစဉ်များနှင့် ကမ္ဘာ့ချန်ပီယံပွဲစဉ်များ ကျင်းပသည်။


(၉)ကြိမ်မြောက် ရာသီplayoffပွဲစဉ်သည် စက်တင်ဘာ(၁)ရက်နေ့တွင် တရားဝင်စတင်မည်ဖြစ်သည်။ အခုချိန်သည် ဩဂုတ်(၂၀)ရက် ဖြစ်၍ ဆိုလိုသည်မှာ လက်ရှိရာသီပွဲတွင် ယဲ့ရှောင်ယန် ဝင်ကစားလို့ရမည် မဟုတ်ပေ။အကယ်၍ အချိန်ကို အကျိူးရှိစွာ အသုံးချပြီး ကြိုးစားပါက (၁၀)ကြိမ်မြောက် ရာသီပွဲစဉ်တွင် ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် ကစားနိုင်လိမ့်မည်။


Esportsကို နှစ်အများကြီး ကစားခဲ့ပေမယ့် ဂိမ်းအသစ်ဆော့သည့်အခါ နေသားကျဖို့ လိုအပ်သေးသည်။ ဂိမ်းစည်းမျဉ်းတွေ လေ့လာဖို့၊ heroတွေကို လေ့ကျင့်ဖို့၊ ပရော်ဖက်ရှင်နယ်လိဂ်ဂိမ်းပြိုင်ပွဲတွေကိုကြည့်ဖို့ သူကြိုးစားမှဖြစ်ပြီး အနည်းငယ်တောင် လွဲချော်လို့မရပေ။


ယဲ့ရှောင်ယန်သည် ဂိမ်းထဲသို့ဝင်ရန် iconကို နှိပ်လိုက်သည်။


ဂိမ်းထဲသို့ ဝင်ရောက်နေသော screenမှ လှပသောဒီဇိုင်းကို ကြည့်ခြင်းဖြင့် Gods Warသည် စိတ်ကူးယဉ်ဂိမ်းဖြစ်ကြောင်း သိရသည်။အဖွင့်ကာတွန်းတွင် နက်နဲသော နတ်ဆိုးလောကမှ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခု ပြန်လည်မွေးဖွားနေစဉ် နတ်သမီးများက နတ်ဆိုးများကို တိုက်ခိုက်နေပုံကို ဖော်ပြထားသည်။ အခုလက်ရှိ ဂိမ်းဗားရှင်းသည် 'Abyssl နိုးထခြင်း' ဖြစ်ပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်သည် ဂိမ်းဟီးရိုးဇာတ်ကောင်အသစ် ထွက်လာခြင်းဖြစ်သည်။


အဖွင့်ကာတွန်းသည် စက္ကန့်၃၀ကြာမြင့်ပြီး ထို့နောက် ဂိမ်းထဲသို့ ရောက်သွားပြီ ဖြစ်သည်။


ဂိမ်း၏ အတွင်းမျက်နှာပြင်သည် ရိုးရှင်းပြီး ကစားသမားရဲ့ အချက်အလက်များသည် အပေါ်ဘယ်ဘက်ထောင့်တွင်ရှိသည်။ယဲ့ရှောင်ယန်၏ အကောင့် IDသည် 'ရှောင်ပိုင်'ဖြစ်ပြီး ရှောင်ပိုင်ပုံကို တင်ထားသည်။အောက်ဘက်တွင် စတိုးဆိုင်၊ ဟီးရိုးများ၊ သူငယ်ချင်းများ၊ အသင်းစသဖြင့် မျိူးစုံသော iconများနဲ့ ပြည့်နှက်နေသည်။screen၏ အလယ်တွင် Ranked, Casual, Arena နှင့် လေ့ကျင့်ရေး ဆိုပြီး ဂိမ်းအမျိူးအစား ၄မျိူးရှိသည်။


ယဲ့ရှောင်ယန် Rankedပွဲကို နှိပ်လိုက်သည့်အခါ စနစ်မှ စာတစ်စောင် ပို့ပေးလာသည်။

[ကစားသမား ရှောင်ပိုင်အား Ranked ပွဲမှ ကြိုဆိုပါတယ်၊Gods Warဂိမ်း၏ ရာသီ၉-၃ဖြစ်ပြီး သင့်၏လက်ရှိ မှတ်တမ်းမှာ 0အနိုင်-3အရှုံးဖြစ်ပါသည်။ သင့်လက်ရှိအဆင့်မှာ: ကြေးအဆင့် III]


ယဲ့ရှောင်ယန် rankဂိမ်းအကြောင်း ရှင်းပြထားသော ပေ့ချ်ကို ဝင်ရန် နှိပ်လိုက်သည်။


ကစားသမားများသည် အဆင့် (၇)ရှိသည်။အနိမ့်ဆုံးမှာ အမြင့်ဆုံးသည် ကြေးအဆင့်၊ ငွေအဆင့်၊ ရွှေအဆင့်၊ ပလက်တီနမ်အဆင့်၊ စိန်အဆင့်၊ မာစတာအဆင့်နှင့် ဘုရင်အဆင့်တို့ဖြစ်ကြပြီး ထိုအရာက ယဲ့ရှောင်ယန်ကစားခဲ့သော LoL Rankဂိမ်းတွေနဲ့ ဆင်တူသည်။


ကွာခြားချက်သည် ဘုရင်အဆင့်အထက်တွင် နောက်ထပ် အဆင့်နှစ်ခုရှိသည်။ ပြည်တွင်းပရော်ဖက်ရှင်နယ် ပြိုင်ပွဲချန်ပီယံများအတွက် Glory VII၊ ကမ္ဘာ့ချန်ပီယံများအတွက် Glory IX ဟုသော ဂုဏ်ပုဒ်များ အပ်နှင်းထားခြင်း ဖြစ်သည်။


တစ်နည်းအားဖြင့် ကစားသမားများသည် ကြေးအဆင့်မှ ဘုရင်အဆင့်ထိ rankတက်နိုင်သော်လည်း Glory VIIနှင့် Glory IXသည် လိဂ်ပွဲစဉ်မှ ပရော်ဖက်ရှင်နယ် ကစားသမားများကို တရားဝင် ချီးမြင့်သော ဂုဏ်ပုဒ်များဖြစ်သည်။ ရိုးရိုးကစားသမားများ ရနိုင်သော ဂုဏ်ပုဒ်မဟုတ်ပါ။


သေချာပေါက် ဒီဂုဏ်ပုဒ်တွေကလည်း သာမာန်ကစားသမားများ ရဖို့ မှန်းရဲမယ့် အရာမဟုတ်ပေ။Glory VIIသည် ပြည်တွင်း ချန်ပီယံအတွက် ဖြစ်ပြီး Glory IXသည် ကမ္ဘာ့ချန်ပီယံအတွက်ဖြစ်သည်။သူတို့နှစ်ခုသည် ပရော်ဖက်ရှင်နယ်လောကတွင် အမြင့်ဆုံး ဂုဏ်ပုဒ်များဖြစ်သည်။


ကစားသမား အသစ်များအတွက် 'အစမ်းပွဲ'ကို အရင်ကစားရသည်။ အစမ်းပွဲများမှ အနိုင်အရှုံးကို ကြည့်ပြီး ကစားသမားများကို rankအဆင့်သတ်မှတ်ပေးသည်။ဥပမာအနေဖြင့် ကျွမ်းကျင်ကစားသမားသည် အကောင့်အသစ် ထပ်ဖွင့်ခဲ့သည်ရှိသော် အစမ်း(၃)ပွဲလုံးနိုင်ခဲ့ပါက ဂိမ်းသည် အလိုအလျောက် ပလက်တီနမ်အဆင့် IVကို သတ်မှတ်ပေးမည်ဖြစ်ပြီး ထိုမှဆက်လက်၍ အဆင့်တက်နိုင်မည်ဖြစ်သည်။


ယဲ့ရှောင်ယန်လို (၃)ပွဲလုံး ရှုံးသူများအတွက် ရွေးချယ်စရာက ကြေးအဆင့်သာရှိသည်။


ယဲ့ရှောင်ယန် ဒီကမ္ဘာကို စစရောက်ချင်း ကစားနေသောပွဲသည် အစမ်းပွဲဖြစ်ပြီး သူသည် အကောင့်အသစ်ဖွင့်ထားသော ပရော်ဖက်ရှင်နယ် ကစားသမား ဖန်ရှင်းနဲ့ သွားတိုးသည်။


ယဲ့ရှောင်ယန် ဖန်ရှင်း၏ တိုက်ရိုက်ထုတ်လွှင့်ခန်းအား ကြည့်လိုက်ပြီး Follow လုပ်ခဲ့လိုက်သည်။


ယျေဘုရ သတင်းအချက်အလက်များကို ဖတ်ပြီးနောက် ယဲ့ရှောင်ယန် ထပြီး ရေသွားသောက်လိုက်သည်။ရှောင်ပိုင်ကို ဘေးရှိ အိပ်ယာခင်းပေါ်တွင် တွေ့လိုက်ရသည်။ခုံပေါ်တွင် ပြန်ထိုင်လိုက်ရင်း A.Iနှင့် ကစားရန် လေ့ကျင့်ရေးမုဒ်ထဲသို့ ဝင်လိုက်သည်။


ဂိမ်းထဲရောက်သည့်အခါ စနစ်မှ အချက်ပြသောအသံနှင့် စာတစ်စောင် မျက်စိရှေ့တွင်ပေါ်လာသည်။

[ကစားပွဲအတွက် ကစားမည့် ဟီးရိုးအား ရွေးချယ်ပေးပါ]


ယဲ့ရှောင်ယန် အကောင့်သည် လက်ရှိတွင် ဟီးရိုး၅ကောင်သာ ကစားလို့ရသေးသည်။


ဟီးရိုးတွေရဲ့ အကြောင်းကို အကြမ်းဖျင်း ဖတ်ပြီးတဲ့နောက် ကျပန်း မိန်းကလေးmageကို ရွေးလိုက်သည်။


5vs5 တာဝါအခြေခံသော MOBAဂိမ်းများသည် အနည်းနှင့်အများ ဆင်တူကြပြီး သူသည်လည်း ထိုဂိမ်းများနှင့် ရင်းနှီးသည်။သို့သော်လည်း ဂိမ်းအသစ်တွင် မြေပုံ၊ဟီးရိုးစကေး(skill)များနှင့် ကိန်းဂဏန်းများသည် ကွာခြားသွားလိမ့်မည်။အရာအားလုံးကို သင်ယူဖို့ လိုအပ်နေဆဲပဲ။


ဥပမာအနေဖြင့်


Jungleတွင် ပေါ်လာမည့် မွန်းစတားများ၏ Hp(သွေး)နှင့် တည်နေရာများ၊ minionအုပ်စု ပေါ်လာမည့် အချိန်နဲ့ တစ်ကောင်ချင်းဆီသတ်ရင် ရမည့်  Goldပမာဏ၊ အနီနဲ့အပြာ buffတွေရဲ့ တည်နေရာနှင့် ပြန်ပေါ်လာမည့်အချိန်၊ ပစ္စည်းကိရိယာတစ်ခုချင်းဆီရဲ့ အကျိူးသက်ရောက်မှုနှင့် ကုန်ကျငွေတို့ပဲ ဖြစ်သည်။


ဒါတွေ အကုန်လုံးက ယဲ့ရှောင်ယန် ကစားဖူးခဲ့သော ဂိမ်းနဲ့ ကွာခြားသောကြောင့် အစကနေ ပြန်သင်ယူရမည် ဖြစ်သည်။


ပရော်ဖက်ရှင်နယ် ကစားသမားအနေဖြင့် တန်ဖိုးရှိသော ဒေတာအားလုံးကို မှတ်မိနေဖို့ လိုအပ်သည်။


ယဲ့ရှောင်ယန်သည် စာရင်းဇယားတစ်ခု ဖန်တီးလိုက်ပြီး တစ်ချိန်တည်းမှာပဲ သူ ကစားနေစဉ် တွေ့ရှိသော အရာများကို မှတ်စုထုတ်ထားလိုက်သည်။ကစားသမားနှင့် A.Iဆော့သောပွဲတွင် ကစားသမားတစ်ဦးနှင့် ကျန်လူ၉ဦးတို့သည် A.Iများဖြစ်ကြသည်။ တစ်ဦးတည်းနဲ့ ကစားပွဲကို မထိန်းချူပ်နိုင်ပါ။ရန်သူဖက်မှ Botsငါးယောက်သည် ယဲ့ရှောင်ယန်အသင်းမှ Botsလေးယောက်ကို လျင်မြန်စွာ ရှင်းလင်းနိုင်သောကြောင့် ကစားပွဲသည် မြန်မြန်အဆုံးသတ်ခဲ့သည်။


ယဲ့ရှောင်ယန် နောက်ထပ်တစ်ပွဲကို အလျင်အမြန် စတင်လိုက်ပြီး မှတ်စုများကို စတင်ရေးသားလိုက်သည်။


အချိန် ၁နာရီကြာသွားပြီ ဖြစ်သည်။


မှောင်ရိပ်သန်းနေပြီဖြစ်ရာ ယဲ့ရှောင်ယန် လည်ပင်းကို ပွတ်သပ်ရင်း မှတ်စုကို သိမ်းထားလိုက်သည်။ဂိမ်း၏တရားဝင်ဝက်ဘ်ဆိုဒ်ကို ဖွင့်၍ ဂိမ်းဟီးရိုးဇာတ်ကောင်စာရင်းများကို ကြည့်နေလိုက်သည်။


Gods Warတွင် ကစားနိုင်သော ဟီးရိုးပေါင်း ၁၀၀ကျော်ရှိပြီး များစွာသော ဟီးရိုးရုပ်ပုံတွေက သူ့ကို ခေါင်းမူးသွားစေနိုင်သည်။ ယဲ့ရှောင်ယန် အကြိုက်ဆုံးသည် အလယ်လမ်းကစားသမားဖြစ်ရာ အလယ်လမ်းMage ခေါင်းစဉ်နှင့် စတင်လိုက်သည်။


ဟီးရိုး ၁၂ကောင် ရုပ်ပုံများ screenပေါ်တွင် ပေါ်လာသည်။


Destruction Mage, Holy Mage, Sun Mage, Moon Mage, Sky Mage, နှင့် Earth Mage ဟူသော အမျိူးသားဇာတ်ကောင်တွေဖြစ်ပြီး အမျိူးသမီးဇာတ်ကောင်များသည် Frost Goddess, Flame Goddess, Storm Goddess, Thunder Goddess, Tidal Goddess နှင့် Destiny Goddess တို့ဖြစ်သည်။


ဟီးရိုး ၁၀၀ကျော်ရှိသော ဂိမ်းတွင် အလယ်လမ်းအတွက် ကိုင်နိုင်သော ဟီးရိုးများသည် ယခုဟီးရိုးဇာတ်ကောင်၁၂ခုထက်ပိုပြီး ရှိနိုင်သည်။


ယဲ့ရှောင်ယန်သည် 'Magic Damage'ပါသော ဟီးရိုးများကိုကြည့်ရန်အတွက် ရွေးချယ်လိုက်သည်။ နတ်ဆိုး၊နတ်သူငယ်၊ဆင့်ခေါ်သူ၊စက်ဆရာ၊မှော်ဆရာ၊ဘုန်းတော်ကြီး၊အကြားအမြင်ဆရာ စသည့် ဟီးရိုးများ ပေါ်လာသည်။ Magic Damageကိုအခြေခံထားသော ဟီးရိုးဇာတ်ကောင် အားလုံးပေါင်း (၂၅)ကောင်ရှိသည်။အသစ်ထွက်သော ဟီးရိုး Abyssal Lordသည်လည်း ထို့အတူပင်။


ဒါကလက်ခံနိုင်တဲ့ ပမာဏပဲ။


အလယ်လမ်း ကစားသမားကောင်း တစ်ယောက်ဖြစ်ရန် ယဲ့ရှောင်ယန်သည် ဒီဟီးရိုး (၂၅)ကောင်ကို လေ့ကျင့်ထားရမည်ဖြစ်သည်။ပရော်ဖက်ရှင်နယ် နယ်ပယ်တွင် ကစားနိုင်ရန် အနည်းဆုံး ဟီးရိုး(၈)ကောင်ကို လုံးဝကျွမ်းကျင်ဖို့လိုအပ်သည်။ ကျွမ်းကျင်တဲ့ ဟီးရိုးများလေ ပိုကောင်းလေဖြစ်သည်။


ဒါက တစ်ညတည်း လုပ်နိုင်တဲ့အရာမဟုတ်ဘူး။


အရင် ကမ္ဘာချန်ပီယံပွဲများတွင် သူသည် "အတော်ဆုံးအလယ်လမ်းကစားသမား"လို့ နာမည်တပ်ခံရသော်လည်း ဟီးရိုးအသစ်ကို ပြိုင်ပွဲမှာ မကစားခင် အရင်လေ့ကျင့်ဖို့ လိုအပ်နေသေးသည်။ထို့အပြင် အခုက ဂိမ်းအသစ်ဖြစ်နေသေးသည်။


ယဲ့ရှောင်ယန်သည် ကွန်ပြူတာတွင် စာရင်းဇယားအသစ်ကို ထပ်ဖွင့်လိုက်သည်။ဟီးရိုးတိုင်း၏ အချက်အလက်ကို မှတ်စုမှတ်တတ်ခြင်းသည် သူ့အကျင့်ဖြစ်ပြီး ထိုသို့လုပ်ခြင်းဖြင့် သူ့အတွက် အချက်အလက်တွေကို ပိုမှတ်မိစေနိုင်သည်။


တစ်နေ့လည်ခင်းလုံး အချက်အလက်များ စုဆောင်းရင်း အချိန်ဖြုန်းခဲ့သည်။


ပထမ စာမျက်နှာတွင် သက်ဆိုင်ရာ ကိန်းဂဏန်းနှင့် ပစ္စည်းကိရိယာများ၏ အချက်အလက်များကို ထည့်မှတ်ထားသည်။ဒုတိယ စာမျက်နှာတွင် ဟီးရိုး(၁၀၀)ကျော်၏ စကေးများကို ချမှတ်ထားသည်။နောက်ဆုံးတွင် ကော်ပီကူးပြီး သူ့ဖုန်းထဲသို့ ထည့်လိုက်သည်။ဒီလိုနည်းဖြင့် ဂိမ်းဆော့နေချိန် သူမရင်းနှီးသည်နဲ့ ကြုံသည့်အခါ ဖုန်းဖြင့် ပြန်ကြည့်ရင်း ပြသနာကိုဖြေရှင်းနိုင်သည်။


စာမေးပွဲမဖြေခင် ကျောင်းသားတွေသည်လည်း မှတ်စုမှတ်ထားဖို့ လိုအပ်သည်။ ယဲ့ရှောင်ယန်သာ Esportsလောကကို ပြန်သွားချင်ရင် သူကြိုးစားမှဖြစ်မည်။


အချက်အလက်များကို သိမ်းဆည်းပြီးချိန်တွင် ညနေ၇ခွဲကျော်နေပြီဖြစ်သည်။ အော်ဒါမှာစားရင် ပြင်ဆင်နေချိန်တွင် ဖုန်းတစ်ကောလ်ဝင်လာသည်။ ဖုန်းခေါ်ဆိုသူ၏ IDသည် ချင်ယွဲ့ဖြစ်သည့်အတွက် ယဲ့ရှောင်ယန်သည် 'ဖြေဆိုမည်'ဆိုသော ခလုတ်ကို နှိပ်လိုက်သည်။


"ဝမ်းကွဲ တစ်ခုခုလိုလို့လား?"


ချင်ယွဲ့အသံသည် နွေးထွေးပြီး ညင်သာနေသည်။

"အခု အိမ်မှာမလား၊ကော တိုင်ပင်စရာတစ်ခုရှိလို့"


"ပြောပါ ကော"


"မင်းမှာ အခန်းပို ရှိတယ်မလား?"


"အမ်...ဟုတ်တယ်"


"ငါ့ညီလေး ချင်လွေ့ က ဒီနှစ်ကို STARမြို့မှာ တက္ကသိုလ်တက်တော့မှာ၊နောက်ရင်အနည်းငယ်အတွင်း သူစတက်ရတော့မှာ၊သူတက်ရမယ့် နေရာက မင်းနေရာနဲ့ နီးတယ်၊အဆင်ပြေမယ်ဆိုရင် သူ့ကို ခဏတဖြုတ် နေခွင့်ပေးလို့ရလား?အဆောင်မှာ နေခိုင်းဖို့ကလည်း အမေတို့က စိတ်ပူနေကြလို့"


ယဲ့ရှောင်ယန် တောင့်တင်းသွားသည်။


ချင်ယွဲ့ ဘာကို ဆိုလိုချင်လဲဆိုတာ အချိန်ခဏယူပြီး စဉ်းစားလိုက်ရသည်။ချင်ယွဲ့သည် အခုထိ သူ့တွင် စိတ်ပိုင်းဆိုင်ရာ ပြသနာရှိသေးသည်ဟု ထင်နေပုံရသည်။ ယဲ့ရှောင်ယန် တစ်ယောက်တည်း နေနေသည်ကို စိုးရိမ်သည့်အတွက် ယဲ့ရှောင်ယန်ကို စောင့်ကြည့်ရန် သူ့ညီလေးကို ပို့ပေးချင်တာဖြစ်သည်။ထို့အပြင် ယဲ့ရှောင်ယန်သည် မကွဲပြားသေးသည့်အတွက် တစ်ယောက်တည်းနေဖို့ရာ မလုံခြုံပေ။


တက္ကသိုလ်က အနီးမှာရှိတာ?ခဏနေမှာ?ဒါတွေအကုန်လုံးက အကြောင်းပြချက်တွေပဲ။


သို့ပေမယ့် ယဲ့ရှောင်ယန်သည် ဒီကမ္ဘာအကြောင်း လေ့လာဖို့ လိုအပ်သေးသည်။သူ့ဝမ်းကွဲသာ ဒီကိုပြောင်းလာရင် သူ့တိတိလေးကို သူကြိုက်ရာမေးလို့ရသည်။သူ့တိတိလေးသည် နေ့လည်ဆို ကျောင်းသွားမှာဆိုတော့ သူ့ဂိမ်းဆော့ချိန်ကို သက်ရောက်မှာ မဟုတ်ပေ။


ဒါက ခဲတစ်လုံးနှင့် ဌက်နှစ်ကောင်ပြစ်တာပဲ။ငြင်းနေစရာ မလိုဘူး။


"ရပါတယ် နေခိုင်းလိုက်ပါ" ယဲ့ရှောင်ယန် ရိုးရိုးလေးပြန်ဖြေလိုက်သည်။


"ကောင်းတယ်၊ ခဏနေရင် အဲ့ကလေးကို လာပို့ပေးမယ်၊ နောက်ကျရင် သူ့ကိုစောင့်ရှောက်ပေးဖို့ အကူညီတောင်းရတော့မှာပဲ"


"ပြသနာမရှိပါဘူး၊ဒါက ကျွန်တော်လုပ်နိုင်တာပါ"ယဉ်ကျေးစွာနဲ့ ပြန်ဖြေလိုက်သည်။


ချင်ယွဲ့ ခဏတာ တိတ်ဆိတ်သွားပြီး ဆက်ပြောလာသည်။

"လွေ့လွေ့ က ဟိုတလောလေးတင်မှ အိုမီဂါအနေနဲ့ ကွဲပြားသွားတာ၊သူ့ကို ကောင်းတဲ့ ထိန်းချုပ်ပစ္စည်း ပေးထားတယ် အဲ့တာကြောင့်အခု သူ့ဖယ်ရိုမုန်းတွေက တည်ငြိမ်သွားပြီ၊နောက်ပြီး မင်းတို့ကသွေးသားတော်စပ်တော့ သူ့ဖယ်ရိုမုန်းတွေက မင်းအပေါ်သက်ရောက်မှာမဟုတ်ဘူး၊စိုးရိမ်စရာမရှိဘူး"


"...အို"ယဲ့ရှောင်ယန် အနေခက်စွာ ခေါင်းကုပ်ရင်း ပြန်ဖြေလိုက်သည်။


ကွဲပြားခြင်း၊ဖယ်ရိုမုန်း ဒီလိုစကားလုံးတွေက သူနဲ့ မရင်းနှီးသေးပေ။


အိုမီဂါ တိတိ?


လည်ပင်းနောက်မှာ ဂလင်းပါတဲ့ ကောင်လေးလား?ကိုယ်ဝန်ဆောင်နိုင်တဲ့ ကောင်လေး?ယဲ့ရှောင်ယန် သိချင်စိတ် ပြင်းပြလာသည်။


သူ့တိတိလေးဆီကနေ အိုမီဂါအကြောင်းတွေ ပိုနားလည်နိုင်တယ်။သူသိထားသမျှသည် Baiduကလာသော အချက်အလက်များဖြစ်ပြီး ဖတ်ဖူးသမျှ စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို နားမလည်နိုင်သေးပေ။


သူ့ရဲ့ အကျင့်စရိုက်အရ သူကွဲပြားသွားရင် အားကောင်းသော Dominantအယ်လ်ဖာ ဖြစ်လာနိုင်သည်။


ဒါပေမယ့် အကယ်လို့?


အိုမီဂါဖြစ်လာနိုင်ခြေ ၅၀ရာခိုင်နှုန်းရှိသည့်အတွက် အနည်းဆုံးတော့ သိထားသင့်သည်။


Author's Note:


MCက esportsလောကရဲ့ ပြည်တွင်းချန်ပီယံတစ်ယောက်ဖြစ်ဖူးပါတယ်၊ဂိမ်းပေါ်နားလည်မှုကို သူ့ဘာသာချမှတ်နိုင်ပြီး တော်တဲ့နည်းပြတစ်ယောက်-esportsနတ်ဘုရား


ဒါက အလွန်ထူးချွန်ပြီး တည့်တိုးဆန်သော အိုမီဂါဖြစ်သည်။အကုန်လုံး ယန်ယန်ကို ကြိုက်မယ်လို့ မျှော်လင့်ပါသည်။