Chapter-4
Viewers 825

ယဲ့ရှောင်ယန် ညစာအတွက် အွန်လိုင်းမှ မှာစားလိုက်ပြီး စားသောက်နေစဉ်အတွင်း Starမြို့တက္ကသိုလ်အကြောင်း ရှာဖွေလိုက်သည်။ထိုတက္ကသိုလ်သည် တရုတ်နိုင်ငံတွင် ထိပ်ဆုံးတက္ကသိုလ် (၁၀)ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ချင်လွေ့သည် ထိုကျောင်း၏ဝင်ခွင့် အောင်သွားသောကြောင့် သူသည် တော်တဲ့ကျောင်းသား ဖြစ်ပုံရသည်။


ယဲ့ရှောင်ယန် စားပြီးသွားချိန်တွင် တံခါးဘဲလ်မြည်သံ ကြားလိုက်ရသည်။တံခါးကိုဖွင့်လိုက်သည့်အခါ အလွန်ကြီးသော ခရီးဆောင်အိတ်နှင့် ချင်ယွဲ့ကို တွေ့လိုက်သည်။၁.၇မီတာမြင့်သော ကောင်လေးတစ်ယောက်သည် သူ့ဘေးမှာရပ်နေသည်။


ကလေးမျက်နှာနှင့် ခန္ဓာကိုယ်က ပိန်ပါးသည်။အဖြူရောင် အင်္ကျီနှင့် ဂျင်းဘောင်းဘီတိုကို ဝတ်ဆင်ထားသည်။ အနက်ရောင်ရှိသော ဆံပင်နှင့် ထိုကောင်လေးသည် လိမ္မာပြီး အကျင့်ကောင်းမည့်ပုံရှိသည်။ ယဲ့ရှောင်ယန်နှင့် အကြည့်ဆုံပြီးနောက် ကောင်လေးသည် ပြုံးပြလာပြီး

"ယန်ကော အနှောင့်ယှက်ပေးမိပါပြီ၊ကျွန်တော့်ကျောင်းက ဒီကနေ  ၂မှတ်တိုင်ပဲဝေးတာ၊ သွားရတာ ပိုအဆင်ပြေတယ်"


ကောလိပ်ကျောင်းသားတွေက အဆောင်မှာ နေရမှာ မဟုတ်ဘူးလား? ဖြစ်နိုင်တာက ဒီကမ္ဘာမှာ အိုမီဂါတွေကို သက်ညှာပေးထားတယ် ထင်တယ်။ ယဲ့ရှောင်ယန် ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

"ကြိုဆိုပါတယ် ကြိုဆိုပါတယ်၊တစ်ယောက်တည်း နေရတာလည်း ပျင်းနေတာ၊ မင်းလာနေမယ်ဆိုတော့ ပိုကောင်းတာပေါ့"


"ရှောင်ယန်" ချင်ယွဲ့ စကားပြောလိုက်သည်။ "လွေ့လွေ့ကို ဂရုစိုက်ပေးဖို့ အကူညီတောင်းရတော့မှာပဲ၊သူက ဘယ်လိုချက်ကမလဲ သိတယ်၊သူ့အတန်းချိန်တွေက သိပ်မများဘူး အတန်းပြီးရင် ညစာချက်ပေးနိုင်လိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကချက်တဲ့ဟင်းပဲ စားတာက မင်းတို့၂ယောက်ကို ပိုကျန်းမာလာစေတယ်"


"သေချာတာပေါ့"

ယဲ့ရှောင်ယန် နေ့တိုင်း အော်ဒါမှာစားရမလားလို့ ခေါင်းခဲနေတာဖြစ်သည်။ သူ့ဝမ်းကွဲက ဘယ်လိုချက်ရမလဲ သိတော့ ကောင်းတယ်။


ချင်ယွဲ့ သူ့ညီလေးဆီ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ရှောင်ယန်က အခုထိ မကွဲပြားသေးဘူး၊သူ့ဆီက ဖယ်ရိုမုန်းတစ်ခုခု အနံ့ရရင် ငါ့ဆီ ချက်ချင်းဆက်သွယ်၊မင်းရဲ့ ထိန်းချုပ်ဆေးတွေလည်း သူ့ကိုပေးထား၊နားလည်လား?"


ချင်လွေ့  နာခံစွာ ခေါင်းညိမ့်လိုက်သည်။

"နားလည်ပါပြီ ကော"


ချင်ယွဲ့ ယဲ့ရှောင်ယန်ကို ကြည့်ပြီး စကားပြောလိုက်သည်။

"ငါ ညဆိုင်းရှိလို့ အခု ဆေးရုံကို ပြန်တော့မယ်၊လွေ့လွေ့က အဝတ်တွေကို ခရီးဆောင်အိတ်တွေနဲ့ ယူလာတယ်၊မင်းတို့ နေရာချပြီးရင် ငါ့ကိုစာပို့လိုက်နော်"


"ပြသနာမရှိပါဘူး"ယဲ့ရှောင်ယန် ဖြေလိုက်သည်။ "ကောင်းသောညပါ ဝမ်းကွဲ"


ဝမ်းကွဲအကို ထွက်သွားသည်နှင့် ယဲ့ရှောင်ယန် ချင်လွေ့ရဲ့ ခရီးဆောင်အိတ်ကို ကူသယ်ပေးပြီး ချင်လွေ့အတွက် အိမ်တွင်းစီး ဖိနပ်ကို ထုတ်ပေးလိုက်သည်။ချင်လွေ့ဖိနပ်စီးဖို့ အောက်ငုံနေစဉ် သူ့နောက်တွင် ယဲ့ရှောင်ယန် ရပ်နေပြီး ကောင်လေးရဲ့ လည်ပင်းကို စိုက်ကြည့်နေသည်။


ချင်လွေ့ ဖိနပ်လဲပြီးသည့်အခါ ခေါင်းမော့ပြီး မေးလာခဲ့သည်။

"ယန်ကော ဘယ်အခန်းက ကျွန်တော့်အခန်းလဲ"


အိုမီဂါ တိတိလေးက ပြုံးလိုက်သည့်အခါ အရမ်းနူးညံ့ပုံရသည်။ သွေးချင်းတော်စပ်ပုံ ရသည့်အတွက်ကြောင့် ယဲ့ရှောင်ယန် ကောင်လေးအပေါ် အမြင်ကောင်းရှိသည်၊ခရီးဆောင်အိတ်အား ဧည့်သည်အခန်းကို ကူသယ်ပေးခဲ့သည်။

"ဒီအခန်းကို ယူလို့ရတယ်၊အပြင်ညာဘက်ကနေ ဘယ်ကိုချိူးရင် ရေချိူးခန်းရှိတယ်"


ချင်လွေ့ ယဲ့ရှောင်ယန်နှင့်အတူ အခန်းထဲကို လိုက်လာသည်။အိတ်ထဲမှ အဝတ်စားမှာကို ထုတ်လိုက်ပြီး ဗီဒိုထဲတွင် စီရီနေသည်။


ယဲ့ရှောင်ယန် မေးလိုက်သည်။

"ကောက မင်း အိုမီဂါအဖြစ် ကွဲပြားသွားတယ်ဆို?အိုမီဂါအဖြစ် ကွဲပြားသွားတုန်းက မသက်မသာ ခံစားရသေးလား?"


"ကျွန်တော့်ခန္ဓာကိုယ် တစ်ခုလုံးပူပြီး ချွေးတွေထွက်နေတာ၊အရမ်းကြီး နေရမခက်ပါဘူး အဲ့အပြင်"

ချင်လွေ့ စကားပြောတာ ခဏရပ်သွားပြီး

"မမျှော်လင့်ထားပဲ အဲ့နေ့က ကျွန်တော် စျေးဝယ်ထွက်နေရင်း အဖျားတက်လာပြီး မေ့လဲသွားတာ၊အဲ့တုန်းက ဘေးမှာ အယ်လ်ဖာတွေ မရှိတာကံကောင်းတယ်၊ရှိခဲ့ရင် သူတို့တွေ ခံနိုင်မှာမဟုတ်ဘူး၊သူတို့ ကျွန်တော့်ကိုအမှတ်သားပေးပြီး ပြသနာတက်နိုင်တယ်"


ယဲ့ရှောင် ဆေးရုံမှာ ရှာကြည့်စဉ်က အမှတ်သားအကြောင်း အများကြီးတွေ့ခဲ့တယ်။သူ ခပ်မြန်မြန်ပဲဖတ်ခဲ့လိုက်လို့ အမှတ်သားအကြောင်း သေချာမသိဘူး။သူ မတတ်နိုင်ပဲ အရမ်းစပ်စုချင်လာတယ်

"အမှတ်သား?ဘယ်လိုမျိုးလဲ?"


ချင်လွေ့  မျက်လုံးအနည်းငယ် ပြူးလာပြီး

"ကော အလယ်တန်းတုန်းက ရုပ်ပိုင်းဆိုင်ရာအတန်း မတက်ခဲ့ဘူးလား?"


ယဲ့ရှောင်ယန် ပြန်ဖြေရှင်းလိုက်သည်

"ဆရာ့ဆီက သင်ခဲ့တာတွေက အရမ်းကြာနေပြီ"


သူ့ခေါင်းသူ ထိုးပြပြီးရယ်လိုက်ကာ

"အခုတလော ဦးနှောက်ကမကောင်းတော့သလိုပဲ၊ငါ ရှင်းရှင်းလင်းလင်း မမှတ်မိတော့တာတွေ အများကြီးပဲ"


ချင်လွေ့ ခဏတာ ဆွံအသွားပြီး ယဲ့ရှောင်ယန်၏ အပြစ်ကင်းသော မျက်နှာကိုကြည့်ရင်း ခေါင်းကုတ်မိသွားသည်။ယဲ့ရှောင်ယန်က ဒီလိုအရေးကြီးတဲ့ အချက်တွေတောင် မေ့သွားတယ်ဆိုတော့ သူ့အကိုကြီးပြောတာ မှန်လောက်တယ်။ရှောင်ယန်နှင့် ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာက တစ်ခုခု ဖြစ်နေလောက်သည်။


"ယာယီအမှတ်သားနှင့် ပြီးပြည့်စုံတဲ့ အမှတ်သားဆိုပြီး နှစ်မျိူးရှိတယ်"

ချင်လွေ့  စိတ်အားထက်သန်စွာ ရှင်းပြလိုက်သည်။

"ယာယီအမှတ်သားက အယ်လ်ဖာတွေက အိုမီဂါ လည်ပင်းနောက်ကို သူတို့သွားတွေနဲ့ ဖောက်ရတယ်။သူတို့သရေတွေနဲ့ အိုမီဂါ ဂလင်းထဲကို သူတို့ဖယ်ရိုမုန်းထည့်ပြီး အိုမီဂါတွေရဲ့ ဖယ်ရိုမုန်းကို တည်ငြိမ်စေတာ"


ယဲ့ရှောင်ယန် သူနားလည်ကြောင်း ခေါင်းငြိမ့်ပြပြီး

"ဒါဆို အယ်လ်ဖာတွေက အိုမီဂါလည်ပင်းနောက်ကို ကိုက်လိုက်တာမျိူးပေါ့"


ယဲ့ရှောင်ယန် လည်ပင်းနောက်ကို စမ်းကိုင်ကြည့်လိုက်သည့်အခါ အရိုးဖုကိုသာ စမ်းမိသည်။သူသာ အိုမီဂါဖြစ်ရင် အဲ့နားမှာ ဂလင်းရှိလာမှာ ဟုတ်တယ်မလား?


ယဲ့ရှောင်ယန် လက်ကိုချပြီးမေးလိုက်သည်။

"ပြီးပြည့်စုံတဲ့အမှတ်အသားကျတော့ရော"


ချင်လွေ့ နားရွက်များ နီရဲလာပြီး အသံတိုးတိုးဖြင့်

"ပြီးပြည့်စုံတဲ့အမှတ်သားအတွက် အယ်လ်ဖာက အိုမီဂါခန္ဓာကိုယ်ထဲဝင်ပြီး ချည်နှောင်ဖို့လိုတယ်၊ အိုမီဂါကို ပိုင်ဆိုင်ဖို့အတွက် သူတို့ရဲ့..ကောသိပါတယ် အဲ့တာကို အိုမီဂါရဲ့သားအိမ်မှာထားခဲ့ရတယ်"


ယဲ့ရှောင်ယန် ခဏတွေးပြီးနောက် နားလည်သွားသည်။

"Sexလုပ်တာကိုပြောတာမလား၊ဟုတ်လား"


ချင်လွေ့ မျက်နှာနီရဲသွားပြီး

"....ဟုတ်တယ်"


ယဲ့ရှောင်ယန် နောက်ဆုံးတွင်နားလည်ပြီ ဖြစ်သည်။


အိုမီဂါတွေက သူတို့လည်ပင်းနောက်မှာ ဂလင်းရှိပြီး ခန္ဓာကိုယ်ထဲမှာ သားအိမ်ရှိတယ်။ယာယီအမှတ်သားဆိုတာက အယ်လ်ဖာတွေက အိုမီဂါတွေရဲ့ ဂလင်းကို ကိုက်တာဖြစ်ပြီး ပြီးပြည့်စုံတဲ့အမှတ်သားက အိပ်တာဖြစ်သည်။


သူဖုန်းကိုထုတ်လိုက်ပြီး အချက်အလက်အသစ်တွေကို ထည့်မှတ်ထားလိုက်သည်။


ချင်လွေ့  ယဲ့ရှောင်ယန်အမှတ်သားနှင့် ပတ်သက်ပြီး မှတ်နေသည်ကို မြင်လိုက်ရသောအခါ မနေနိုင်စွာ မေးလိုက်သည်။

"ဒါတွေက အခြေခံသိရမယ့် အချက်တွေပဲလေ၊ ဖုန်းထဲထိ ထည့်မှတ်ထားဖို့လိုလို့လား"


"အရေးကြီးတဲ့ ဘယ်ဟာမဆို ထည့်မှတ်ထားသင့်တယ်" ယဲ့ရှောင်ယန် ပြန်ဖြေလိုက်သည်။ "မတော်လို့ မေ့သွားရင် ဘယ်လိုလုပ်မလဲ"


ဒီလိုအရာတွေက မေ့သွားနိုင်လို့လား?ချင်လွေ့ သူ့ကို စိုက်ကြည့်ရင်း ပြောစရာစကားမရှိဖြစ်သွားသည်။


ယဲ့ရှောင်ယန် မှတ်ထားပြီးနောက် ထပ်မေးလိုက်သည်။

"ထိန်းချူပ်ပစ္စည်း ဆိုတာကရော ဘာလဲ"


"ထိန်းချူပ်ပစ္စည်းက ဖယ်ရိုမုန်းတွေ ထွက်လာတာကနေ တားဆီးပေးတဲ့ ဆေးတစ်မျိူးပဲ၊ ဆေးသောက်လို့ရတာရှိပြီး ဆေးအပ်နဲ့ ခန္ဓာကိုယ်ထဲ ထိုးသွင်းလို့ရတာရှိတယ်၊ဘယ်ဆေးဆိုင်မှာမဆို ဝယ်လို့ရတယ်"

ချင်လွေ့ ယဲ့ရှောင်ယန်တစ်ယောက် မှတ်စုထပ်မှတ်နေသည်ကို မြင်သောအခါ ငိုရမလား ရယ်ရမလား မသဲကွဲတော့ပေ။

"ကော ဘာလို့ ရုပ်ပိုင်းဆိုင်ရာအတန်းကို အာရုံမစိုက်ခဲ့တာလဲ"


ယဲ့ရှောင်ယန် ပြန်ဖြေလိုက်သည်။

"ငါဘယ်အတန်းကိုမှ အာရုံမစိုက်ခဲ့ရင် ဘက်လိုက်တယ်လို့ မဆိုလိုဘူးလေ"


ချင်လွေ့ နောက်ထပ်တစ်ကြိမ် ဆွံအသွားသည်။


မှတ်စုများ မှတ်ပြီးနောက် ယဲ့ရှောင်ယန် သူသည် ဒီကမ္ဘာစည်းမျဉ်းတွေကို ရင်းနှီးလာဖို့ ခြေတစ်လှမ်းလှမ်းလာနိုင်သလို ခံစားလိုက်ရသည်။


ပထမဆုံးတွင် ကလေးမွေးနိုင်သော ယောကျာ်းလေး အိုမီဂါများသည် ထူးဆန်းသော ပုံသဏ္ဍာန်ရှိလိမ့်မည်ဟု တွေးခဲ့သည်။ ချင်ညီအစ်ကိုကို ဒီနေ့တွေ့လိုက်ရသောအခါ အိုမီဂါများသည် ဘာမှမထူးဆန်းပါ။သူတို့ အပြင်ပန်းပုံသဏ္ဍာန်သည် သာမာန်ယောကျာ်းတစ်ယောက်လိုပဲဖြစ်သည်။


ယဲ့ရှောင်ယန် စိတ်သက်သာရာ ရသွားသည်။အယ်လ်ဖာနှင့် အိုမီဂါအတွဲ မိဘရှိသည့်အတွက် ၅၀ရာခိုင်နှုန်း အိုမီဂါ ဖြစ်နိုင်ခြေရှိသည်ဟု ဆရာဝန်က ပြောခဲ့သည်။ သူ့၏ ယောကျာ်းပီသမှု အစိတ်အပိုင်းတွေ မဆုံးရှုံးမှတော့ သူနေနိုင်ပါတယ်လေ။


သူ အိုမီဂါအဖြစ် ကွဲပြားသွားရင်တောင် သူ့ဖယ်ရိုမုန်းကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းများစွာရှိသည်။ဥပမာအနေဖြင့် သူ ထိန်းချုပ်ပစ္စည်းများကို အသုံးပြုနိုင်သည်။ဒါမှမဟုတ် အယ်လ်ဖာတစ်ယောက်ကို ကိုက်ခိုင်းလိုက်လို့ ရသည်။ဘယ်လိုပဲဖြစ်ဖြစ် esportsကစားမယ့် သူ့အရည်အချင်းကို သက်ရောက်မည်မဟုတ်ပေ။


ယဲ့ရှောင်ယန် အတွေးလွန်နေချိန်တွင် ချင်လွေ့သည် အဝတ်များကို စီရီပြီးပြီဖြစ်သည်။ခရီးဆောင်အိတ်အောက်မှ Laptopကို ဆွဲထုတ်လိုက်သည်။


"အိုမီဂါတွေက ကောလိပ်ကလုပ်တဲ့ စစ်ရေးလေ့ကျင့်ရေးကို ပါဝင်စရာမလိုဘူး"

Laptopကို ဖွင့်ပြီး ဂိမ်းထဲဝင်ရင်းသူပြောလိုက်သည်။

"အဲ့တာကြောင့် ကျောင်းမတက်ခင် ၁၀ရက် အချိန်ရတယ်၊ကောနဲ့အတူ ကစားလို့ရတယ်"


ယဲ့ရှောင်ယန် ရင်းနှီးသော ပုံရိပ်ကိုမြင်လိုက်ရသည်။

"Gods War?"


"ဟုတ်တယ်လေ၊ကောကို ဒီဂိမ်းဆော့ဖို့ ညွှန်းခဲ့တာ ကျွန်တော်ပဲလေ"ချင်လွေ့ laptopကို နေရာချပြီးနောက် လှည့်ပြီးမေးလိုက်သည်။

"ဒါနဲ့ ယန်ကော placement သုံးပွဲလုံး ရှုံးသွားတာလား၊သူငယ်ချင်းစာရင်းမှာ ကြည့်လိုက်တာ ကောက ကြေးအဆင့်IIIပဲရှိသေးတယ်"


"ဟုတ်တယ်...ငါအခုမှ ကြေးအဆင့်မှာပဲ ရှိသေးတယ်"

ပရော်ဖက်ရှင်နယ် ကစားသမားအနေနဲ့ ယဲ့ရှောင်ယန်သည် အနိမ့်ဆုံးအဆင့်တွင် မရှိတာ ကြာလှပြီဖြစ်သည်။ တစ်နေ့ခင်းလုံး mageအမျိူးအစားဟီးရိုးများနှင့် လေ့လာ လေ့ကျင့်နေပြီး အတွေ့အကြုံရဖို့အတွက် အရမ်းစိတ်အားထက်သန်နေခဲ့တာဖြစ်သည်။

"မင်း laptopကို စာကြည့်ခန်းထဲယူခဲ့၊ နှစ်ယောက်အတူသွားဆော့ကြမယ်"


ထိုအချိန် ထျန်ဟွမ်အသင်းHQတွင်


'[အဆုံးစွန်ဘုရင်]အဆင့်ကို ရောက်သွားသည့်အတွက် ဂုဏ်ပြုပါသည်'ဟူသော screenတွင်ပြထားသော စာကြောင်းကို ချန်ရှင်းကြည့်နေလိုက်သည်။ဘေးရှိအသင်းဖော်တွေကို ပြုံးပြလိုက်ပြီး

"နေ့လည်ခင်းတစ်ခုလုံး နိုင်ပြီးပြီ၊ဘုရင်အဆင့်ကို ရောက်သွားပြီဆိုတော့ အနားယူလို့ရပြီထင်တယ်"


အခြားကစားသမားတွေက သူ့ကို ချီးကျူးလာကြသည်။


"ရှင်းကော မိုက်တယ်ဗျာ!တစ်နေ့တည်းနဲ့ ဘုရင်အဆင့်ကိုရောက်သွားတာ တစ်ပွဲတောင် မရှုံးသွားဘူး"


"ရှင်းကော အတွက် ဘုရင်အဆင့်က မုန့်စားသလောက်ပဲ ဖြစ်မှာ၊ဒီနှစ် အတော်ဆုံး ကစားသမားအသစ်ဆုကို ရှင်းကောရမှာ သေချာတယ်"


"အတော်ဆုံး ကစားသမားအသစ်ဆုက မင်းတို့ပါးစပ်နဲ့ ပြောနေယုံတင် ရနိုင်တဲ့အရာလား" သူတို့အနောက်မှ နက်ရှိုင်းသောအသံ တစ်ခုကပေါ်လာသည်။


အကုန်လုံး တိတ်ဆိတ်သွားသည်။


ချန်ရှင်း ခေါင်းကို ရိုက်ခံလိုက်ရသလိုမျိူး တုန်လှုပ်သွားသည်။ ချက်ချင်းပင် မတ်မတ်ထိုင်လိုက်ကာ တောင့်တင်းနေသည်မှာ ရုပ်ထုတစ်ခုလားပင်။


"ခေါင်းဆောင် ချီ"


"မင်္ဂလာပါ ခေါင်းဆောင် ချီ"


ချီရှို့ အမူအရာမှာ နားလည်ရခက်နေသည်။

"နောက်(၁၀)ရက်ဆို Playoffsပွဲတွေ စတော့မယ်၊ မင်းတို့ကောင်တွေ အရေးမပါတာတွေ ပြောနေမယ့်အစား ဂိမ်းပွဲတွေ ကြည့်ပြီး သူများအသင်းရဲ့ ကစားပုံတွေကို လေ့လာနေသင့်တယ်"


အသစ်လေးတွေရဲ့ ခေါင်းတွေကငုံ့ထားပြီး လေ့ကျင့်ရေးခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။


အယ်လ်ဖာခေါင်းဆောင်၏ အေးစက်စက်အကြည့်တွေက အသစ်လေးတွေရဲ့ အုပ်စုဆီတွင် ဖြတ်သွားသည်၊အထူးသဖြင့် အုပ်စုအလယ်ရှိ ကောင်လေးကို စိုက်ကြည့်နေရာ ကောင်လေး၏ငုံ့ထားသော ခေါင်းသည် ပိုပြီးငုံ့သွားရာ မေးစေ့နှင့် ရင်ဘက်ထိနေပြီဖြစ်သည်။


"ချန်ရှင်း"


ချန်ရှင်း ချက်ချင်းထပြီး အသံကျယ်ကျယ်ပြောလိုက်သည်။

"ရှိ!"


ကောင်လေးရဲ့ ပုံစံမှာ စစ်တပ်လေ့ကျင့်ရေးတွင် နည်းပြဆီမှ အခေါ်ခံလိုက်ရသလိုမျိူးဖြစ်နေသည်။ခြေထောက်များကို ကပ်နေပြီး သူ့ကိုယ်နေကိုယ်ဟန် အနေအထားက တောင့်တင်းနေပြီး နောက်ကျောများသည် ဖြောင့်စင်းနေသည်။သူ့အမူအရာသည် တပ်မှူးအား အလေးပြုတော့မလိုပင်။


ချီရှို့ အေးစက်စွာ အမိန့်ပေးလိုက်သည်။

"ငါနဲ့ အစည်းဝေးခန်းကို လိုက်ခဲ့"


ချန်ရှင်းသည် အသစ်လေးများရှေ့တွင် ယုံကြည်ချက်ရှိပြီး ဘဝင်မြင့်နေသလိုဖြစ်နေပေမယ့် သူ့ဆရာရှေ့တွင် ကျိူးနွံသော ယုန်ဖြူလေးတစ်ကောင်သာ ဖြစ်သည်။ချီရှို့နဲ့ သွားရာလမ်းတစ်လျှောက် ခေါင်းကိုငုံ့ကာ လိုက်သွားသည်။


ထျန်ဟွမ်းအသင်း၏ အဓိကကစားသမားများ အားလုံး ရောက်နေပြီဖြစ်သည်။ နည်းပြတွေလည်း အပါအဝင်ပင်။အဲ့တာက ကြောက်စရာကောင်းတဲ့ အုပ်စုပဲ။


ချီရှို့ ထိုင်လိုက်ပြီး နည်းပြလင်းဆီ မှီ၍ နည်းပြလင်းနားကပ်ပြီး တိုးတိုးလေးလှမ်းပြောလိုက်သည်။ ထို့နောက် နည်းပြလင်းက ချန်ရှင်းအားကြည့်ပြီး ပြုံးပြလာသည်။


"ရှင်းလေး ထိုင်လေ"


ချန်ရှင်း တုန်လှုပ်သွားသည်။သူ နာခံစွာဖြင့် နည်းပြဘေးတွင် ထိုင်လိုက်ပြီး လက်ချာများကို နားထောင်ရန် အသင့်ပြင်ထားလိုက်သည်။


"နည်းပြတွေနဲ့ စကားပြောပြီးသွားပြီ"

နည်းပြလင်းက စကားပြောလာသည်။

"နောက်ရာသီ တရားဝင်ပွဲတွေမှာ မင်းကို ကစားခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ ဒါပေမယ့် မင်းက ခေါင်းဆောင်ချီနဲ့ assassinဟီးရိုးတွေပဲ လေ့ကျင့်ထားတယ်၊ငါတို့အသင်းမှာ Junglerမရှိတာ မဟုတ်တဲ့အတွက် Marksmanပြောင်းကိုင်ချင်လား"


ချန်ရှင်း နည်းပြအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး

"Marksman?ဒါပေမယ့် ချန်ကော..."


အနားတွင် ထိုင်နေသော နျဲ့ချန်က စကားဖြတ်ပြောလာသည်။

"ငါက အသက်ကြီးလာပြီ၊ အမြန်ကစားရမယ့် ပွဲတွေမှာ ငါ့လက်တွေက လိုက်မမှီနိုင်တော့ဘူး၊ဒီရာသီပြီးရင် အနားယူဖို့ ဆုံးဖြတ်ထားတယ်၊စာရွက်စာတမ်းတွေတောင် ပြင်ဆင်ပြီးပြီ"

သူသည် ကောင်လေးပုခုံးကို ပုတ်ပြီးနောက်

"ရှင်းလေး မင်းမှာ အရည်အချင်းရှိတယ်၊အကုန်လုံးက မင်းကို မြင့်မြင့်မှန်းထားတယ်၊မင်းသာငါ့နေရာဝင်ပေးရင် ငါစိတ်အေးသွားမှာပဲ"


နည်းပြလင်းလည်း ဆက်ပြောလာသည်။

"ချီရှို့လည်း မင်းကို Marksmanလိုင်းပြောင်းဖို့ ထောက်ခံတယ်၊မင်းက တုံ့ပြန်နိုင်စွမ်းကောင်းတယ်၊ပြိုင်ပွဲကိုလည်း ကောင်းကောင်း သတိထားနိုင်တယ်၊အခက်အခဲကြားက ရုန်းထွက်နိုင်တဲ့ စွမ်းရည်ကလည်း ထိပ်တန်းပဲ၊Junglerထက် Marksmanက မင်းအတွက် ပိုသင့်တော်တယ်"


နျဲ့ချန်လည်း ပြုံးပြီးတော့ အားပေးလာသည်။

"နည်းပြပြောတာ မှန်တယ်၊ဒီနေ့ကစပြီး သေချာကြိုးစားနော် ဟုတ်ပြီလား၊အရင်တုန်းကလည်း ငါနဲ့ Marksmanကစားဖူးတာပဲ၊ဘာပဲဖြစ်ဖြစ် မင်းမြန်မြန်ဆန်ဆန် ကျွမ်းကျင်လာမှာ ငါယုံတယ်"


ထျန်ဟွမ်အတွက် ၅နှစ်တာ ကစားလာသော နျဲ့ချန်လို ဝါရင့်ကစားသမားသည် အနားယူတော့မည်ကို တွေးမိသည့်အခါ ချန်ရှင်း မတတ်နိုင်ပဲ သူ့မျက်လုံးထောင့်မှ နီရဲလာသည်။esportsလောကတွင် အဟောင်းနေရာမှာ အသစ်အစားထိုးသည်မှာ သာမာန်မျှသာဖြစ်ပေမယ့် သူ့အပေါ် အမြဲကောင်းလာသော စီနီယာနေရာတွင် အစားမထိုးချင်ပေ။


နျဲ့ချန်၏ နွေးထွေး ညင်သာသော အကြည့်နှင့် တွေ့ပြီးနောက် ဆို့နင့်သွားရသည်။

"နားလည်ပါပြီ ချန်ကော ကျွန်တော် ကြိုးစားပါ့မယ်"


ချီရှို့ သူ့ကိုကြည့်ပြီးပြောလာသည်

"အချိန်သိပ်မရှိဘူး၊နောက်လမှာ Marksmanဟီးရိုးအကုန်လုံးနဲ့ လေ့ကျင့်ပြီး ဟီးရိုး၅ကောင်ကိုရွေး၊အဲ့ဟီးရိုး၅ကောင်ကို နိုင်ငံအဆင့်ထဲရောက်အောင် တင်ထား၊အဲ့လိုလုပ်ပြီးတာနဲ့ အဓိကအသင်းနဲ့ ပြိုင်ပွဲအတွက် လေ့ကျင့်ဖို့ပြင်တော့"


ပြည်တွင်းအသင်းများတွင် ကျွမ်းကျင်သော ကစားသမားများနှင့် ပြည့်နှက်နေပြီး ချီရှို့၏ တောင်းဆိုချက်သည် ပြင်းထန်သည်။ချန်ရှင်းသည် ထိုသို့တောင်းဆိုချက်မျိူးနဲ့ ကျင့်သားရနေပြီ ဖြစ်သည်။သူမတုံ့ဆိုင်းပဲပြန်ဖြေလိုက်သည်

"နားလည်ပါပြီ ဆရာ၊ကျွန်တော်ရအောင်လုပ်ပါ့မယ်"


ချီရှို့ ခေါင်းငြိမ့်ပြလိုက်ပြီး နည်းပြများကို ဆက်လုပ်ရန် အချက်ပြလိုက်သည်။


နည်းပြလင်းသည် Slideshowတင်ပြချက်ကို ဖွင့်လိုက်ပြီး လေးနက်သောအသံဖြင့်

"နောက်တစ်ခုက playoffs ပထမပွဲအတွက် ငါတို့အစီအစဉ်အကြောင်း ပြောကြရအောင်၊ဗျူဟာတစ်ချို့ကို ငါလုပ်လာတယ်၊အတူစစ်ကြည့်ကြရအောင်"


အစည်းဝေးခန်းရှိ လေထုက ပြင်းထန်သွားပြီး ဆွေးနွေးပွဲမှာ တစ်နာရီကျော်မျှ ကြာမြင့်ခဲ့သည်။


အခြားကစားသမားတွေ ထွက်သွားပြီးနောက် နည်းပြလင်းသည် ချီရှို့အား စကားပြောရန် ခေါ်ထားခဲ့သည်။

"ရှင်းလေးကို Marksmanပြောင်းခိုင်းတာက မင်းအကြံပေးတာပဲ၊မင်းပြောတာကို လက်ခံဖို့ ငါကြိုးစားခဲ့တယ်၊ဒါပေမယ့် သူက ကစားရင် စိတ်မြန်လက်မြန်ရှိတယ်၊စိတ်ကမတည်ငြိမ်ဘူး၊နောက်ရာသီ ထျန်ဟွမ်က Marksmanရော Supportရော အနားယူရမှာ၊သူ့ကိုသာ နောက်ရာသီမှာကစားခိုင်းရင် ပွဲတွေက ပိုခက်လာမှာ"


ချီရှို့ အမူအရာမှာ တည်ငြိမ်နေဆဲ

"အဆင်ပြေသွားမှာပါ၊အရင် ခက်ခဲတဲ့အခြေအနေတုန်းကတောင် ရှင်သန်ခဲ့တာပဲ၊နောက်ပြီး ဗျူဟာ ပြောင်းသင့်နေပြီ၊ ချန်ရှင်းက အရည်အချင်းရှိတယ်၊ သူလုပ်နိုင်တုန်း သူ့အရည်အချင်းကို မြှင့်ထားသင့်တယ်"


နည်းပြလင်း ရယ်ပြီးပြောလိုက်သည်

"ပုံမှန်ဆို မင်းသူ့ကို အေးစက်ပြီး စည်းကမ်းတင်းကြပ်နေတာ၊ဒါပေမယ့် မင်းတပည့်ကို တကယ်ဂရုစိုက်တာပဲ၊ရှင်းလေး ကောင်းကောင်းလုပ်နိုင်မယ်လို့ မျှော်လင့်တယ်၊ဒါပေမယ့် အဲ့လိုသာမဟုတ်ခဲ့ရင် မင်းတောင်းဆိုရင်တောင် ငါသူ့ကို ပြိုင်ခွင့်ပေးမှာ မဟုတ်ဘူး"


ချီရှို့ ခေါင်းညိမ့်လိုက်သည်။

"သေချာတာပေါ့၊ အရင်ဆုံး playoffsပွဲကိုပဲ ဂရုစိုက်ကြရအောင်၊ဒါက လူအိုကြီးနျဲ့ နဲ့ အားနင်အတွက် နောက်ဆုံးပွဲပဲ၊ ကောင်းကောင်း ကစားကြရအောင်"


Author Note:


ယဲ့ရှောင်ယန်က အရမ်းမိုက်တာပဲ၊ အိုမီဂါကို အမှတ်သားလုပ်တဲ့ဟာတောင် ထည့်မှတ်ထားတယ်၊


ချီရှို့: ??? ဒီအိုမီဂါက တစ်ခုခုတော့ မဟုတ်သေးဘူး