Chapter-5
Viewers 831

ချင်လွေ့  Laptopကို စာကြည့်ခန်းထဲ ယူလာပြီး ထမင်းစားခန်းမှ ထိုင်ခုံကို ယူလာကာ ဝမ်းကွဲအကို ဂိမ်းထိုင်ခုံဘေးတွင် ဝင်ထိုင်လိုက်သည်။ ဂိမ်းထဲသို့ ပြန်ဝင်လိုက်ပြီး ယဲ့ရှောင်ယန်နှင့်အတူ တွဲဆော့ရင် ဖိတ်ခေါ်လိုက်သည်။


ညနေ၈နာရီခွဲသည် လူအများဂိမ်းဆော့ချိန်ဖြစ်၍ ၅စက္ကန့်အတွင်း ဂိမ်းပွဲကို ရှာတွေ့သွားသည်။ စိန်အဆင့်အောက်နိမ့်သော ဂိမ်းများဖြစ်သည့်အလျောက် B & Pဟုသော Ban And Pickပွဲမဟုတ်ပါ။ဂိမ်းစတော့မှသာ ပြိုင်ဘက်အသင်းကို မြင်နိုင်မည်ဖြစ်သည်။


(Ban And Pick : Rankအမြင့်ပိုင်းတွင် ဂိမ်းမဆော့ခင် အသင်းတစ်သင်းဆီမှ ကြိုက်ရာ ဟီးရိုး (၃)ကောင် banခွင့်ရှိသည်။ နောက်ကျ ပြိုင်ပွဲအတွက် ထပ်ရှင်းပြပေးပါမယ်။)


သူတို့အသင်းတွင် ယဲ့ရှောင်ယန်[ရှောင်ပိုင်] ကြေးအဆင့်တွင် ရှိပြီး ၊ချင်လွေ့[ရှောင်လွေ့]သည် ရွှေအဆင့်ဖြစ်သည်။ နောက်ထပ် ကစားသမား(၃)ယောက်သည် ငွေအဆင့်မှ [ဒဏ္ဍာရီလာ ကော],[မင်းအပြုံးလေး],[ငါ့ရင်ခုန်သံ]တို့ ဖြစ်သည်။နောက်ကသူတို့နာမည်ကို ကြည့်ချင်းအားဖြင့် စုံတွဲများဖြစ်ပုံရသည်။


အဆင့်စနစ်အရ ဒီပွဲသည် ငွေအဆင့်ဂိမ်းပွဲဖြစ်သည်။


ယဲ့ရှောင်ယန်တွင် ဟီးရိုး (၅)ကောင်သာ ရှိသေးရာ သူသည် အလယ်လမ်းဟီးရိုးဖြစ်သော 'Frost Godness-ရွှယ်လီ' mageကို ရွေးချယ်လိုက်သည်။ရွှေရောင်ဆံပင်ရှည် အကောက်ဖြင့် လှပပြီး အဖြူရောင်နှင်းဝတ်ရုံအား ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် screenပေါ်တွင် ပေါ်လာသည်။


ချင်လွေ့သည် သူ့ကောကော mage ရွေးလိုက်သည်ကိုမြင်သောအခါ ချက်ခြင်း 'Forest Envoy-ယာအန်'supportကို ရွေးချယ်လိုက်သည်။ထိုဇာတ်ကောင်သည် ပိုနီတေးစည်းထားပြီး ချွန်သော နားရွက်တစ်စုံရှိသည့် မိန်းမငယ်လေးတစ်ယောက်ဖြစ်သည်။သူမ၏စကေးအားလုံးသည် Healingပေးတာဖြစ်သည်။


မကြာခင်ပဲ သူတို့အသင်းသား [မင်းအပြုံးလေး]သည်လည်း mageကို ရွေးချယ်လိုက်သည်။[ငါ့ရင်ခုန်သံ]သည် Marksmanကို ရွေးလိုက်ပြီး [ဒဏ္ဍာရီလာ ကော]သည် Assassinကိုရွေးချယ်လိုက်သည်။ အခု သူတို့၏ Lineupသည် Assassin (1), Mage (2), Marksman (1), Support (1) ဖြစ်သည်။


[မင်းအပြုံးလေး] : ငါmageကစားမယ်၊ရှောင်ပိုင် နင်ဟီးရိုး ပြောင်းလိုက်နော် အိုကေ?


[ငါ့ရင်ခုန်သံ] : Support ပိုမာတဲ့ ဟီးရိုးပြောင်းကိုင်လိုက်၊Forest Envoyက ပျော့လွန်းတယ်။


[မင်းအပြုံးလေး] : ငါ့ကိုကိုပြောတာ နားထောင်ပြီး ပြောင်းလိုက်တော့၊မြန်မြန် မြန်မြန်


[ရှောင်လွေ့ ] : တောင်းပန်ပါတယ်၊ငါတစ်ခြား supportတွေမှာ မတော်ဘူး


[ရှောင်ပိုင်] : ငွေအဆင့် ကစားပွဲကို အဲ့လောက် အလေးအနက် လုပ်နေစရာမလိုဘူး။ကိုယ်သာရာ ကိုယ့်ဘာသာ ကစားကြ


[မင်းအပြုံးလေး] : ......


[မင်းအပြုံးလေး] : Mage (2)ကောင်နဲ့ ဘယ်လိုကစားကြမှာလဲ။


[ရှောင်ပိုင်] : ငါတို့ ကိုင်တွယ်လိုက်မယ်။


[ရှောင်ပိုင်] : ငါအပေါ်လမ်းသွားမယ်၊မင်း အလယ်လမ်းသွား၊ စကြရအောင်။


စုံတွဲက သူနဲ့ ထပ်ညှိလို့ မရတော့သည်ကိုမြင်သောအခါ မတတ်နိုင်တော့ပဲ 'အဆင့်သင့်ဖြစ်ပြီ'ဆိုသော ခလုတ်ကို နှိပ်လိုက်ကြသည်။


ဂိမ်းစတင်ပြီ ဖြစ်သည်။


ယဲ့ရှောင်ယန် ပြောခဲ့သည်မှာ မမှားပေ၊ ငွေအဆင့် ဂိမ်းသည် အလေးအနက် ထားစရာမလိုပေ။သူတို့အသင်း၏ စည်းလုံးမှု ဗျူဟာတွေကို အလေးအနက်ထားစရာ မလိုဘူး။ ဝါရင့်ကစားသမား တစ်ယောက်ရှိနေယုံဖြင့် အကုန်လုံးကို ဖျက်စီးနိုင်ပြီး အနိုင်ယူပေးနိုင်သည်။


အဓိကအားဖြင့် ဒါသည် Gods Warပွဲတွင် ယဲ့ရှောင်ယန်၏ ပထမဆုံးအကြိမ် ကစားခြင်းဖြစ်သည်။ အရင်တစ်ခါ သူဒီကမ္ဘာကိုရောက်စဉ်က ဆော့သော ပွဲကို ထည့်မတွက်ပေ။ ထိုအချိန်က သူ့ခေါင်းသည် သေချာ အလုပ်မလုပ်သေးပဲ မသိလိုက်ခင်မှာပဲ ခဏခဏ အသတ်ခံလိုက်ရသည်။ သူ သေချာကစားခဲ့တာ မဟုတ်ပေ။


သို့ပေမယ့် အခုတစ်ကြိမ် သူသေချာကစားတော့မည် ဖြစ်သည်။


Frost Goddnessကို သုံးပြီး A.Iအသင်းနဲ့ ကစားခဲ့ရာ ပွဲအနည်းငယ်ကို နိုင်ခဲ့ပြီးပြီ ၊Frost Goddnessနှင့် ကစားရသည်မှာ ရင်းနှီးနေပြီ။


ဂိမ်းစသောအခါ ယဲ့ရှောင်ယန် တောအုပ်ကိုဖြတ်၍ အပေါ်လမ်းသို့ ဦးတည်သွားသည်။အချိန်မှတ်စက်သည်လည်း သူ့ခေါင်းထဲတွင် စတင်နေပြီ။တစ်ဖက်အသင်း Fighter သူ့မြင်ကွင်းတွင် ပေါ်လာမည်ကို စောင့်နေပြီး Qစကေးကို ချက်ခြင်း သုံးလိုက်ခြင်းဖြင့် ပြိုင်ဘက်၏HP (၁၀)ရာခိုင်နှုန်း ကျဆင်းသွားသည်။ရန်သူFighterအတွက် ထိုအရာက အသေးအဖွဲ့ ဖြစ်ပေမယ့် အခွင့်ရသလို ပြိုင်ဘက်အသင်းကို Damageပေးနိုင်ဖို့က အရမ်းအရေးကြီးသည်။တစ်ခါတစ်ရံ HPကွာခြားချက် နည်းနည်းလေးကအစ တိုက်ပွဲ၏အဟုန်ကို ပြောင်းလဲနိုင်စွမ်းရှိသည်။


တစ်ဖက်ကစားသမားသည် HPအနည်းငယ် ဆုံးရှုံးသွားသည်ကို ဂရုမစိုက်ပေ။ယဲ့ရှောင်ယန် minionအုပ်စုကို စတင် သတ်ဖြတ်နေလိုက်သည်။


မျက်တောင်တစ်ခတ်အတွင်းမှာပဲ ယဲ့ရှောင်ယန် Level 2ရောက်သွားပြီး 'နက်ရှိုင်းသောရေခဲ' Wစကေး ပွင့်သွားသည်။ပြိုင်ဘက်လှုပ်ရှားမှုကို တွက်ချက်ပြီး ပြိုင်ဘက်ကိုခဲသွားစေရန် စကေးကို အသုံးပြုလိုက်သည်။ထို့နောက် Qစကေးကို သုံးကာ ပြိုင်ဘက်HPကို ထပ်ရိတ်သိမ်းလိုက်သည်။


ဒီတစ်ခါတွင် ပြိုင်ဘက်HPသည် (၃၀)ရာခိုင်နှုန်း ကျဆင်းသွားသည်။


Fighterသည် သူ့ရန်သူက ပိုတော်ကြောင်း သိသွားသောအခါ တာဝါအောက်မှာနေပြီး အပြင်ကို မထွက်ရဲတော့ပေ။


သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မတိုက်ခိုက်တော့ဘဲ minionများကို စားရင်း levelတက်ဖို့ ကစားနေကြသည်။


ထိုငြိမ်သက်မှုသည် ၃မိနစ်မျှ ခံခဲ့ပြီး ယဲ့ရှောင်ယန်၏ဟီးရိုးသည် ကစားပွဲတွင် ပထမဆုံး တောက်ပလာခဲ့သည်။


Frost Goddnessသည် level 6သို့ ရောက်သွားပြီ။


League Of Legendsလို Gods Warတွင်လည်း level 6ရောက်သွားခြင်းက အရေးကြီးသော အချိူးအကွေ့တစ်ခုဖြစ်သည်။Gods Warရှိ ဟီးရိုးတိုင်းတွင် အခြေခံစကေး (၄)မျိူးရှိပြီး level 6 သို့ ရောက်ချိန်တွင် သူတို့၏ အကောင်းဆုံးတိုက်ကွက်- သူတို့ ult ရသည်။

(ult-အတိုကောက်ခေါ်ခြင်း၊နောက်ကျအဲ့လိုပဲ သုံးသွားပါမည်)


Frost Goddness၏ ultကို 'နှင်းမုန်တိုင်း'လို့ အမည်ပေးထားသည်။ထိုအရာသည် နှင်းမုန်တိုင်းကို ဆင့်ခေါ်လိုက်ပြီး အားကောင်းသော AOE magic damageဖြစ်သည်။ ပြစ်မှတ်သည် နှင်းမုန်တိုင်းထဲတွင် ခဲနေပါက damage (၂)ဆ ထိခိုက်မည် ဖြစ်သည်။Frost Goddness Wစကေးဖြစ်သော နက်ရှိုင်းသောရေခဲ နှင့် သူမ၏Qစကေး စူးရှသောအအေးတွေသည် သူမultနှင့် ပြီးပြည့်စုံသော တွဲဖက်ဖြစ်သည်။စကေးများကို သေချာအသုံးပြုပါက အကြီးအကျယ် ဖျက်စီးနိုင်စွမ်းရှိသည်။


ထိုအရာသည် mageများအတွက် အခြေခံကျသော comboအကွက် ဖြစ်သည်။ယဲ့ရှောက်ယန်က ထိုအရာများနှင့် ရင်းနှီးနေပြီ ဖြစ်သည်။


ရန်သူfighterသည် တာဝါထဲတွင်ပဲ ရှိသေးသည်။ သူ့လမ်း၏ဘေးတွင် ရှိသော ချူံပုတ်ထဲတွင် ပုန်းနေရင်း ချောင်းတိုက်နိုင်မယ့် အခွင့်ရေးကိုစောင့်နေလိုက်သည်။


ထိုအချိန်တွင် စနစ်မှ ပြောသော သတိပေးသံကိုကြားလိုက်ရသည်။


First Blood!

ပထမဆုံးအကြိမ် သတ်ဖြတ်ခြင်း!


Double Kill!

နှစ်ကြိမ်ဆက်တိုက် သတ်ဖြတ်ခြင်း!


အောက်လမ်းရှိ အုပ်စုလိုက် တိုက်ပွဲသည် ရှုံးနိမ့်သွားသည်။အချစ်ဌက်စုံတွဲသည် ရန်သူassassin သတ်ဖြတ်တာကို ခံလိုက်ရသည်။


ချင်လွေ့ အမြန် နောက်ဆုတ်သွားပြီး သွေးပြန်ဖြည့်ရန်အတွက် အခြေစိုက်စခန်းကို ပြန်သွားလိုက်သည်။


အသင်းစကားပြောခန်းတွင် စာအများအပြားပေါ်လာသည်။


[မင်းအပြုံးလေး] : နင့်လိုnoobတွေက rankမဆော့ပဲ နေလို့ မရဘူးလား? @[ချင်လွေ့]


[ငါ့ရင်ခုန်သံ] : မင်းစောက်ရမ်းညံ့တာ မင်းသိသင့်တယ်၊ rankဆော့ပြီး ငါတို့ကိုပါ ဆွဲမချပါနဲ့လား?A.Iတွေနဲ့ ဆော့တာ မင်းအတွက်ပိုကောင်းတယ်


[မင်းအပြုံးလေး] : ဟိုဘက်က Supportက ဘယ်လို အသင်းလိုက် ဆော့ရမလဲဆိုတာသိတယ်၊ငါတို့ supportက ထွက်ပြေးဖို့ပဲ သိတာလား ဟမ်?


[ငါ့ရင်ခုန်သံ] : အရူး Support! ၆မိနစ်ပြည့်ရင် အရှုံးပေးပြီး နောက်တစ်ပွဲပဲ သွားဆော့တော့မယ်


ချင်လွေ့ သူ့ကိုပြောသော စကားများကိုတွေ့သည့်အခါ သူ့အမူအရာသည် အဆင်မပြေတော့ပေ။


စခန်းပြန်ပြီး သွေးဖြည့်နေစဉ် အောက်နှုတ်ခမ်းကို ကိုက်ပြီး အောက်လမ်းသို့ ပြန်သွားရန် ဦးတည်လိုက်သည်။


စုံတွဲကတော့ သူ့ကိုဆက်ပြီး စော်ကားနေဆဲ။


[မင်းအပြုံးလေး] : ငါတို့ တသင်းလုံးနဲ့ ချတော့မှာကို နင်ကဒီတိုင်းရပ်ကြည့်မလို့လား? နင့်အသင်းဖော်တွေကို ဒီလိုရောင်းစားလိုက်တာ မရှက်ဘူးလား?


[ငါ့ရင်ခုန်သံ]: အမြီးကုပ်ပြီး ထွက်ပြေးတာအပြင် မင်းဘာများလုပ်တတ်သေးလဲ?


[မင်းအပြုံးလေး] : နင်က သူရဲဘောကြောင်တဲ့ အိုမီဂါ ဟုတ်တယ်မလား?ဘယ်လိုထွက်ပြေးရမလဲပဲ သိတာမလား?


[ငါ့ရင်ခုန်သံ] : တကယ်ပါပဲ၊ငါတို့ကိုသာ နည်းနည်းလောက် healပေးလိုက်ရင် သေမှာမဟုတ်ဘူး၊မင်းကိုယ်မင်းပြန်ကြည့်လိုက်အုန်း ငကြောက်ကောင်!


[မင်းအပြုံးလေး] : ဂိမ်းပဲ ဖျက်ပြစ်လိုက်တော့ အရူး***


သူတို့နှစ်ယောက် ပြောတဲ့စကားတွေက ပိုပိုပြီး ဆိုးရွားလာသည်။


ယဲ့ရှောင်ယန်၏ အကြီးဆုံးချို့ယွင်းချက်က အားနည်းတဲ့လူတွေကို ကာကွယ်ပေးခြင်းပဲဖြစ်သည်။ထိုနှစ်ယောက်သည် သူ့ကို စော်ကားနေပါက ဂရုစိုက်နေမည်မဟုတ်ပါ။အခု သူတို့က သူ့ညီလေးကို မျက်ရည်ဝဲအောင် လုပ်နေပြီ။သူ သည်းခံလို့ရသည့် အရာတစ်ခုမဟုတ်ပေ။


ယဲ့ရှောင်ယန် ချင်လွေ့ကို ကြည့်လိုက်သည်။

"ပြန်မပြောဘူးလား"


ချင်လွေ့  ခေါင်းညိတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"အိုမီဂါတွေက မဆဲသင့်ဘူးလို့ အဖေကပြောတယ်၊အဲ့တာကအရမ်းဆိုးတယ်တဲ့"


ယဲ့ရှောင်ယန် မျက်ခုံးမြင့်တက်သွားပြီး

"...အဲ့လိုလား"


ခဏအတွင်းမှာပဲ သူ့လက်တွေသည် ကီးဘုတ်ပေါ်ကို ဖြတ်သန်းသွားသည်။သူတို့နှစ်ယောက်ကို..


[ရှောင်ပိုင်] : မင်းတို့က သေပြီးတာနဲ့ supportကိုပဲ အပြစ်တင်တတ်တာလား?ကိုယ့်စကေးကို ဘယ်လိုသုံးရမလဲဆိုတာ မသိဘူးလား?


[ရှောင်ပိုင်] : ဘာလဲ?ငါ့supportကို မင်းတို့နဲ့ပါ အတူသေစေချင်တာလား?


[ရှောင်ပိုင်] : ရန်သူထက် Goldကလည်း နည်းနေသေးတာတောင် အုပ်စုလိုက်တိုက်ဖို့ ခေါင်းမာနေသေးတာ၊မင်းစကေးတွေကလည်း cooldownဖြစ်နေတာ မင်းလုပ်နိုင်တာဘာမှမရှိဘူး။ကြည့်ဖို့ အရမ်းခက်ခဲတာပဲ။


[ရှောင်ပိုင်] : ပါးစပ်သာပိတ်ထား၊AFKလုပ်ပြီး စခန်းမှာပဲ ထိုင်ကြည့်နေ၊supportကို ငါဂရုစိုက်ပေးလိုက်မယ်


ဒီရှောင်ပိုင်လေး စာရိုက်နှုန်းက အရမ်းကို မြန်ဆန်နေခဲ့တယ်။


စာ(၄)စောင်သည် မျက်စိတစ်မှိတ်အတွင်းမှာပဲ ပေါ်လာပြီး စုံတွဲနှစ်ယောက်လုံး ဆွံ့အသွားသည်။ သူတို့ဦးနှောက်တွေက ယဲ့ရှောင်ယန်ရဲ့ လက်အမြန်နှုန်းကို လိုက်မမှီဘူး။


ယဲ့ရှောင်ယန် ပြောလိုက်သည်။

"ရှောင်လွေ့ အပေါ်လမ်းမှာ ငါ့ကိုလာရှာ"


ချင်လွေ့ ခဏတာ ကြက်သေနေပြီးနောက် နှစ်ခါမတွေးပဲ jungleကို ဖြတ်ကာ အပေါ်လမ်းကို တက်လာနေသည်။


ထိုအချိန်မှာပဲ အပေါ်လမ်းminionတွေက ချီတက်လာပြီး ရန်သူfighterသည် minionအချို့ကို စားရန် မစောင့်နိုင်ပဲ ထွက်လာလိုက်သည်။တစ်ကောင်ပင်မစားရသေးခင် သူ့အောက်တွင် ခရစ်စတယ်ရေခဲကြာပန်းက ပွင့်လာသည် ခဏအတွင်းမှာပဲ နှင်းမုန်တိုင်းက ဆင်းသက်လာသည်။


Fighter HPသည် သုညထိကို အလျင်အမြန် ကျဆင်းသွားသည်။


Screenတွင် စာတစ်စောင်ပေါ်လာသည်။


[ရှောင်ပိုင်]သည် [မင်းသားဟွာဟွာ]ကို သတ်ဖြတ်လိုက်သည်!


ချင်လွေ့ ရောက်သည့်အခါ သွေးအိုင်ထဲတွင် လဲကျနေသော fighterကိုတွေ့လိုက်ရသည်။


မယုံကြည်နိုင်သော မျက်နှာဖြင့် သူ့ကောကောကို ကြည့်လိုက်ရာ ယဲ့ရှောင်ယန်၏ ပုံစံသည် လုံးဝ တည်ငြိမ်နေတာ တွေ့လိုက်ရသည်။


ရန်သူကို သတ်ပြီးနောက် ယဲ့ရှောင်ယန် jungleထဲသို့ တစ်ချို့သောအရင်းမြစ်တွေ ရိတ်သိမ်းရန် ဝင်သွားလိုက်သည်။ထို့နောက် စခန်းကိုပြန်ပြီး ပစ္စည်းကိရိယာအသစ်ကို ဝယ်လိုက်သည်။အပေါ်လမ်းသို့ ပြန်သွားရာ ရန်သူfighterက ထပ်မံပြီးminionကို သတ်နေပြီ ဖြစ်သည်။ ယဲ့ရှောင်ယန် ထပ်ပြီး WQR comboစကေးကို သုံးပြီး fighterကို သတ်လိုက်သည်။


[ရှောင်ပိုင်]သည် [မင်းသားဟွာဟွာ]ကို သတ်ဖြတ်လိုက်သည်!


စုံတွဲသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး Globalစကားပြောခန်းတွင် စတင်ပြီး အဆုံးမရှိသော ဆင်ဆာစကားတွေနဲ့ စော်ကားတော့သည်။သူတို့နောက်ထပ် အသင်းဖော် [ဒဏ္ဍာရီလာ ကော]သည် ဘာမှမသိသလို ပြုမူနေသည်။အေးဆေးနေပြီး ရန်ပွဲတွင် ဝင်မပါကာ မည်သည့်ဘက်ကို ထောက်ခံခြင်းမရှိပေ။ကစားပွဲ စတင်ကတည်းက jungleထဲတွင် သူ့အလုပ်သာသူဆက်လုပ်နေသည်။


ယဲ့ရှောင်ယန်သည်လည်း စုံတွဲနှစ်ယောက်ဖြင့် ဆက်အချိန်မဖြုန်းတော့ပဲ ဂိမ်းကိုပဲ အာရုံစိုက်နေလိုက်သည်။


တူညီသော စာတွေက ခဏခဏ ပေါ်လာနေသည်။


[ရှောင်ပိုင်]သည် [မင်းသားဟွာဟွာ]ကို သတ်ဖြတ်လိုက်သည်!


[ရှောင်ပိုင်]သည် [မင်းသားဟွာဟွာ]ကို သတ်ဖြတ်လိုက်သည်!


ငါးမိနစ်အတွင်းတွင် အပေါ်လမ်းတစ်ခုလုံးကို ရှင်းလင်းပြီးပြီဖြစ်သည်။


တစ်ဖက်အသင်းက အကာအကွယ်မရှိတော့သည်ကို တွေ့သောအခါ အုပ်စုလိုက် အပေါ်လမ်းကို တက်လာကြသည်။ယဲ့ရှောင်ယန်သည် အပေါ်လမ်းရှိ တာဝါအနားတွင် ပုန်းနေပြီး ချင်လွေ့လည်း ယဲ့ရှောင်ယန်နှင့်အတူ ပုန်းနေကာ အဆက်မပြတ် ယဲ့ရှောင်ယန်HPကို ဖြည့်ပေးနေသည်။


ပြိုင်ဘက် ၅ယောက်လုံး သူ့ရှေ့မှ ဖြတ်သွားကြသည်။


အသစ်လေးတွေသည် တစ်ယောက်နှင့်တစ်ယောက် နေရာဘယ်လိုခြားရမည်ဆိုတာကို မသိကြပေ၊စကေးဖြင့် အနီးရှိ တောအုပ်ကိုလည်း စစ်သင့်ကြောင်းမသိကြဘူး။သူတို့ ဒီတိုင်း တည့်တည့် ချီတက်သွားသည်။


ယဲ့ရှောင်ယန် ချက်ချင်း ကီးတစ်ချို့ကို နှိပ်လိုက်သည်။


နက်ရှိုက်းသော ရေခဲ၊ စူးရှသော အအေး၊နှင်းမုန်တိုင်း!


စကေး (၃)မျိူးလုံးအား တစ်စက္ကန့်ထဲတွင် အသုံးပြုလိုက်သည်။ သူ၏ ရန်သူတည်နေရာကို ခန့်မှန်းနိုင်ချက်များက ရန်သူတစ်သင်းလုံးကို အေးခဲသွားစေသည်။


ယဲ့ရှောင်ယန်သည် Goldအများကြီး ရထားသည့် အားသာချက်ဖြင့် အဆင်မြင့်ပစ္စည်းကိရိယာများကို ဝယ်ထားပြီးပြီဖြစ်သည်။လုပ်ကြံခံရပြီးနောက် တစ်သင်းလုံး wiped outဖြစ်သွားခဲ့သည်။


စနစ်၏သတိပေးချက်တွေက တရဟော ထွက်ပေါ်လာသည်။


[ရှောင်ပိုင်]သည် [မင်းသားဟွာဟွာ]ကို သတ်ဖြတ်လိုက်သည်!


[ရှောင်ပိုင်]သည် [လီမွန်ပူတင်း]ကို သတ်ဖြတ်လိုက်သည်! ဒုတိယကြိမ် ဆက်တိုက် သတ်ဖြတ်ခြင်း!


[ရှောင်ပိုင်]သည် [နှင်းအပျိုစင်]ကို သတ်ဖြတ်လိုက်သည်! သုံးကြိမ်ဆက်တိုက် သတ်ဖြတ်ခြင်း!


[ရှောင်ပိုင်]သည် [ကြွေကျနေသော ပန်း]ကို သတ်ဖြတ်လိုက်သည်! လေးကြိမ်ဆက်တိုက် သတ်ဖြတ်ခြင်း!


[ရှောင်ပိုင်]သည် [ရေလှိုင်း]ကို သတ်ဖြတ်လိုက်သည်! ငါးကြိမ်ဆက်တိုက် သတ်ဖြတ်ခြင်း!


[ရှောင်ပိုင်] is on fire!


[ရှောင်ပိုင်] ဂိမ်းကို ထိန်းချူပ်နေပြီ!


စုံတွဲနှစ်ယောက် ဆွံအသွားသည်။


သောက်ကျိူးနည်း??


၆မိနစ်ပြည့်ရင် သူတို့က အရှုံးပေးဖို့ ပြင်ထားတာလေ၊ဒါပေမယ့် ၆မိနစ် မတိုင်ခင်...


သူတို့နိုင်နေတယ်!


သူတို့ နိုင်နေတယ်?


စုံတွဲနှစ်ယောက်သည် စကားပြောခန်းတွင် စာပို့နေဖို့ပဲ အာရုံစိုက်နေသည့်အတွက် အပေါ်လမ်းတွင် ဘာတွေဖြစ်သွားမှန်း မသိလိုက်ပေ။


ယဲ့ရှောင်ယန် ပစ္စည်းကိရိယာအကုန်လုံးကို ရောင်းလိုက်ပြီး attack ပိုများသော physical damge ကိရိယာများကို ဝယ်လိုက်သည်။minionများကို ဦးဆောင်ပြီးနောက် ရန်သူစခန်းရှိ ခရစ်စတယ် စတင်ဖျက်ဆီးတော့သည်။


ခရစ်စတယ်အား အော်တို တိုက်ခိုက်ခြင်း လုပ်ပြီးနောက် စာရိုက်နေလိုက်သည်။

[ငါတို့နိုင်တော့မယ် ပျော်လား?]


စုံတွဲ နှစ်ယောက် လုံးဝ တိတ်ဆိတ်နေသည်။


ပျော်လား???


သူတို့က အဆဲတစ်လိုင်းလုပ်နေတဲ့အချိန် ၊သူတို့အသင်းဖော်က နိုင်အောင်လုပ်ပေးသွားတယ်။လုံးဝ ပျော်မနေပါဘူးနော်!


[ရှောင်ပိုင်] : ငါ့supportကို နိုင်အောင်ကစားပေးတာ၊မင်းတို့နဲ့ ဆိုင်လား?


[ရှောင်ပိုင်] : တစ်ခါလောက်လေး သေပြီး နောက်၅မိနစ်လုံး စကားပြောနေကြတာ၊ မင်းတို့ပါးစပ်တွေနဲ့ ဂိမ်းဆော့နေကြတာလား?


[ရှောင်ပိုင်] : ဘာပဲဖြစ်ဖြစ်၊ Bye နောက်ထပ်မတွေ့ပဲ နေကြရအောင်။


အလင်းလို အလျင်ဖြင့် စာ(၃)စောင်ရိုက်လိုက်သည်။ 'နောက်ထပ် မတွေ့ပဲ နေကြရအောင်'ဆိုသော စာပေါ်လာသည်နှင့် ရန်သူ ခရစ်စတယ်သည် လုံးဝပျက်စီးသွားပြီ ဖြစ်သည်။


ကစားပွဲ ပြီးသွားပြီ။Screenအလယ်တွင် ရွှေရောင်စာသားဖြင့် 'VICTORY'ဟုပေါ်လာသည်။


စကားပြောခန်းသည်လည်း မရှိတော့ပေ။


အကယ်၍ ထိုစုံတွဲသည် ပြန်ပြောချင်သည် ဆိုရင်တောင်မှ မဖြစ်နိုင်တော့ပေ။


ဒါက ယဲ့ရှောင်ယန်၏ "ငါကမင်းမျက်နှာကို ဖြတ်ရိုက်နိုင်ပေမယ့် မင်းကငါ့ကို ရိုက်နိုင်မှာမဟုတ်ဘူး"ဆိုသာ ဗျူဟာ ဖြစ်သည်။


ချင်လွေ့ ပြောစရာစကား ပျောက်ဆုံးနေသည်။


သူ ခေါင်းကိုလှည့်လိုက်ပြီး သူ့ကောကောကို ကြည့်လိုက်သည် သူ့မျက်နှာတွင် မယုံကြည်နိုင်မှုတွေဖြင့် ပြည့်နှက်နေသည်။

"ကော ဘယ်တုန်းက အဲ့လောက်ကြမ်းသွားတာလဲ? မနေ့တစ်နေ့ကမှ စဆော့တာမဟုတ်ဘူးလား"


ယဲ့ရှောင်ယန်သည် အရေထူစွာ မျက်နှာသေဖြင့်

"ငါကစားတာ ၂ရက်ပဲရှိသေးပေမယ့် ငါ့မှာ ဂိမ်းကစားဖို့ ပါရမီပါလာတာ သိလိုက်ရတယ်၊ငါ့ကို ဂိမ်းကစားဖို့ ဆွဲခေါ်ခဲ့လို့ ကျေးဇူးပဲ"


သူက နောက်ကမ္ဘာကလာခဲ့ပြီး ပြည်တွင်းချန်ပီယံဆိုပြီး ပြောပြလို့မရပေ။ဒီတိုင်း 'ပါရမီ'လို့ အကြောင်းပြလိုက်တာက အဆင်ပြေသည်။ ပါရမီဆိုတာက ဆန်းကြယ်ပြီး သံသယဖြစ်စရာလည်း မလိုပေ။


ဒီဘဝမှာ ၂၁နှစ် မတိုင်ခင် သူသည် ဂိမ်းမဆော့ဖူးဘူး၊အဲ့နောက် သူ့ဝမ်းကွဲက Gods Warဂိမ်းကို မိတ်ဆက်ပေးပြီး သဘာဝကပေးတဲ့ သူ့ပါရမီကိုရှာတွေ့သွားသည်။အဲ့တာကြောင့် သူ ပရော်ဖက်ရှင်နယ် esportsကစားသမားလုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။


အဲ့ပုံပြင်က အဓိပ္ပာယ်ရှိတယ်မလား?


အကယ်လို့ တစ်ယောက်ယောက်သာ သံသယရှိရင်တောင်မှ သူတို့တွေ မှန်လားမှားလားဆိုတာ သက်သေပြနိုင်မှာ မဟုတ်ပေ။ထို့အပြင် ဂိမ်းဆော့ရန်လည်း ဆွဲခေါ်လာသူမှာ သူ့ဝမ်းကွဲဖြစ်နေသည်။


အဆင့်နိမ့်ငွေအဆင့် ကစားပွဲကို ကစားခဲ့သော်လည်း ထိုအရာက ယဲ့ရှောင်ယန် ဂိမ်းကို ပိုပြီးနားလည်လာကြောင်းပြသနေသည်။ ဒီခန္ဓာကိုယ်ဖြင့် သူ့လက်တွေကလည်း သူနဲ့အတူ လိုက်မှီနိုင်သေးကြောင်း တွေ့လိုက်ရတဲ့အခါ ပိုပြီး ကျေနပ်သွားသည်။ ဒီအလျင်နှုန်းနှင့် သူ ပရော်ဖက်ရှင်နယ် esportsကို ပြိုင်လို့ရသေးသည်။


၂၁နှစ်ဖြင့် ပွဲဦးထွက်ဖို့ရာ အနည်းငယ် ကြီးနေပေမယ့် ယဲ့ရှောင်ယန်သည် အရင်ဘဝတွင် ဂိမ်းများမရေတွက်နိုင်အောင် ကစားခဲ့သည်။တကယ့်ပွဲကြီးတွေနဲ့ ကစားရတာကို နေသားကျနေပြီဖြစ်သည်။အသင်းသစ်ကို အလွယ်တကူဝင်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာအတွက် စိုးရိမ်စရာမလိုပေ။


ဂိမ်းထဲတွင် သူနာမည်ရလာသရွေ့ သူနှင့်အတူ စာချူပ်ချုပ်ဆိုချင်မည့် အသင်းရှိလာလိမ့်မည်လို့ ယုံကြည်သည်။