Chapter-6
Viewers 827

ချင်လွေ့သည် အစောပိုင်းက စော်ကားခံရသောကြောင့် မကျေနပ်မှုများ ပျောက်ကွယ်သွားပြီဖြစ်သည်။ကြည်ညိုသော မျက်လုံးများနှင့် သူ့ကောကောကို ကြည့်လိုက်ပြီး


"ကော ကောကအရမ်းကြမ်းတာပဲ၊ စိန်အဆင့်ထိ ကျွန်တော်ကို ကူတင်ပေးပါလား၊ရွှေအဆင့်မှာပဲ ပိတ်မိနေတာ တစ်လလောက်ရှိတော့မယ်"


"တင်ပေးမှာပေါ့" ယဲ့ရှောင်ယန် ချက်ချင်း သဘောတူလိုက်သည်။


သူ့အတွေ့အကြုံများဖြင့် အသစ်လေးကို စိန်အဆင့်ထိ တွဲခေါ်ပေးဖို့က ပြသနာတစ်ခုမဟုတ်ပေ။ထို့အပြင် ထောက်ပံ့သူနှင့် နှစ်ယောက်တွဲ ဆော့ခြင်းက သူ့အတွက် အကျိူးရှိသည်။ တောအုပ်များထဲတွင် ချင်လွေ့ကို ထောက်လှမ်းရေး လုပ်ခိုင်းပြီး ရန်သူများ၏ လှုပ်ရှားမှုကို စောင့်ကြည့်ခိုင်းလို့ရသည်။ထိုသို့ဖြင့် အလွယ်တကူ အနိုင်ယူလို့ရသည်။


တစ်ခုတည်းသော ပြသနာသည် သူ့တွင် ဟီးရိုး(၅)ကောင်သာ ရှိနေခြင်းဖြစ်သည်။ထို(၅)ကောင်မှာ အလိုအလျောက်ရထားသော fighter, assassin,  mage, marksman, supportတို့ဖြစ်သည်။Mageဟီးရိုးသည် Frost Goddnessတစ်ခုတည်းသာ ရှိသေးသည်။ထိုဟီးရိုးသည် ဂိမ်း၏နောက်ဆုံးပိုင်းမှ အကောင်းစားကိရိယာများနှင့် အဆင့်မြှင့်ပြီး ကြမ်းသော ဟီးရိုးအမျိူးစားဖြစ်၍ တစ်ယောက်ယောက်ကို rankကူတင်လို့ ကောင်းသည်အရာမဟုတ်ပေ။ထို့အပြင် ကစားသမားအသစ်များသည်လည်း အလိုအလျောက်ရသော ဟီးရိုးများနှင့် ကျွမ်းဝင်နေပြီး တစ်ယောက်ယောက်သာ Frost Goddnessကို ရွေးချယ်သွားပါက ယဲ့ရှောင်ယန်သည် ရွေးချယ်စရာမရှိတော့ပေ။


လူကိုင်နည်းသည့် ဟီးရိုးကို ရွေးဖို့က ပိုအဆင်ပြေသည်။


"ခဏစောင့်အုန်း၊ ဟီးရိုးအသစ်ဝယ်မလို့"

ယဲ့ရှောင်ယန် စတိုးထဲကိုဝင်လိုက်သည်။


"ကော ကျွန်တော် ဝယ်ပေးမယ်"

ချင်လွေ့ ပျော်ရွှင်စွာပြောလိုက်သည်။

"ကျွန်တော့်အကောင့်ထဲမှာ creditအများကြီးရှိတယ်၊အဲ့တာတွေ မဖြုန်းရသေးဘူး"


ယဲ့ရှောင်ယန် အားမနာတော့ပဲ

"ကောင်းပြီ ဒါဆိုလည်း Abyssal Lordကို ဝယ်ပေး"


"Abyssal Lord?"

ချင်လွေ့ ဇဝေဇဝါဖြစ်သွားသည်။

"အဲ့နာမည်နဲ့ ဟီးရိုးရှိလို့လား"


ယဲ့ရှောင်ယန် ဂိမ်း၏ဗာရှင်း နံပါတ်ကို ဖော်ပြလိုက်ပြီး

"ဒီဗားရှင်းမှာ ထွက်တဲ့ဟီးရိုးလေ၊အဖွင့်ကာတွန်းမှာ ပါတဲ့ကောင်"


"အာ ကျွန်တော်က ကျော်ပစ်လိုက်တာ၊သတိမထားမိလိုက်ဘူး"

ချင်လွေ့ဂိမ်းစတိုးကိုဖွင့်လိုက်ကာ ဟီးရိုးအမျိူးအစားတွင် 'အသစ်'ဟုသော သင်္ကေတကို နှိပ်လိုက်သည်။ရာသီ9-3တွင် အသစ်ထွက်လာသော ဟီးရိုး Abyssal Lord-လော့ခ်ခီ


အသူရာချောက်ထဲမှ လာသော နတ်ဆိုး၊အနက်ရောက်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ကြီးမားသော ခေါင်းစောင်းက မျက်နှာကို ကာထားပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင်မြူခိုးများဖြင့် လွှမ်းခြုံထားသည်။လက်တွင် ကိုင်ထားသော လက်နက်သည် ဦးခေါင်းခွံပါသော တောင်ဝှေးတစ်ခုဖြစ်ပြီး ဦးခေါင်းခွံ၏မျက်လုံးများတွင် သွေးများ အဆက်မပြတ် စီးဆင်းနေသေးသည်။


ဟီးရိုးအသစ်က အမှန်တကယ်ကို မိုက်ပြီး အလွန်ရှည်လျားသော စာပိုဒ်များဖြင့် သူ့စကေးကို ဖော်ပြထားသည်။ချင်လွေ့ နားမလည်သော်လည်း ဖတ်ကြည့်လိုက်သည်။သူလှည့်ပြီးတိုးတိုးပြောလိုက်သည်။

"ကော အဲ့တာလိုချင်တာ သေချာလား?ခက်ခဲမှုအဆင့်က ကြယ်၅လုံးတောင်၊အရမ်းခက်မယ့်ပုံပဲ"


"ဒီတိုင်းဝယ်လိုက်ပါ"ယဲ့ရှောင်ယန်ပြောလိုက်သည်။

"အကုန်လုံးက ဒီဟီးရိုးအသစ်ကို စကိုင်ကြမှာပဲ၊ဒီနည်းလမ်းကပဲ ငါသူတို့နဲ့အတူ စထွက်လို့ရတာ"


Gods Warသည် ဟီးရိုး၁၀၀ကျော် ထုတ်ပြီးပြီဖြစ်သည်။ပရော်ဖက်ရှင်နယ် ကစားသမားများသည် ဟီးရိုးအဟောင်းများကို မျိူးစုံသော ကစားနည်းဖြင့် ကစားဖူးလောက်ပြီ။ယဲ့ရှောင်ယန် သူတို့နဲ့အတူ တီထွင်နိုင်စွမ်း ရှိတော့မည်မဟုတ်။


သို့ပေမယ့် ဟီးရိုးအသစ် မည်သူနှင့်မျှ မရင်းနှီးသေးပေ။ယဲ့ရှောင်ယန်က ဟီးရိုးအသစ်ဖြင့် အမြန်ဆုံးလူ ဖြစ်နိုင်သည်။


ချင်လွေ့ Abyssal Lordကိုဝယ်ပေးပြီးနောက် မေးလိုက်သည်။

"နောက်ထပ်လိုချင်တဲ့ ဟီးရိုးရှိသေးလား?ထပ်ပြီးဝယ်ပေးလို့ရသေးတယ်၊ဒီထဲမှာ credit (၁)သန်းလောက်ရှိသေးတယ်"


ယဲ့ရှောင်ယန် ဟီးရိုးအကုန်လုံးကို မှတ်ထားပြီးပြီ။သူ့မှတ်စုတွင် အလယ်လမ်းဟီးရိုးများကို ခေါင်းစဉ်(၃)ခု ခွဲခြားထားသည်။


artillery mage, assassin mage, untility mage


artillery mageများသည် magic damge အများဆုံးပေးနိုင်သော mageများဖြစ်သည်။ထိုဟီးရိုးများသည် ပုံမှန်အခြေအနေများတွင် comboစကေးများဖြင့် ကောင်းကင်နှင့် မြေကြီးကို ကိုင်လှုပ်နိုင်စွမ်းရှိသည်။အသင်းလိုက်တိုက်ပွဲများတွင် အဓိကDPSဖြစ်ပေမယ့် သူတို့၏ ချို့ယွင်းချက်များသည်လည်း ထင်ရှားသည်။နှေးကွေးပြီး အုပ်စုကိုထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် အလွယ်တကူသေနိုင်ကြသည်။ထို့ကြောင့် ရပ်ပြီး ကြီးမားသော damageပေးနိုင်ရန် အကောင်းဆုံးပတ်ဝန်းကျင်အနေအထားကို ဖန်တီးပေးနိုင်သော အသင်းဖော်များကို လိုအပ်သည်။


assassin mageများသည် အသင်းလိုက် တိုက်ပွဲကို စတင်ရန်အတွက် အခွင့်ရေးကို ရှာဖွေရန် သင့်လျော်ကြသည်။သူတို့သည် ပြိုင်ဘက်အသင်း၏carryကို ချောင်းတိုက်နိုင်ရန် သို့မဟုတ် အသင်းသားများက ပြိုင်ဘက်ကို သွေးလျှော့ပေးပြီးနောက် သူသည်  ပြိုင်ဘက်ခေါင်းများကို အလွယ်တကူ သိမ်းနိုင်သည်။assassin mageများသည် လှုပ်ရှားမှုမြန်ဆန်ပြီး ကိုင်တွယ်ဖို့ ခက်ခဲသည်။သေချာအသုံးပြုပါက သူတို့သည် လုံးဝကြမ်းသည်။သူတို့သည် အသင်းလိုက်တိုက်ပွဲကို ထိန်းချုပ်နိုင်သော်လည်း သူတို့၏ လုပ်ဆောင်ချက်များက ကစားသူ၏ တိုက်ပွဲဗျူဟာနှင့် လက်အမြန်နှုန်းပေါ် မူတည်သည်။


utility mageများသည် ရှင်သန်နိုင်ပြီး များစွာသော လူအုပ်ကို ထိန်းချုပ်နိုင်မှုရှိသော mageဖြစ်ပြီး အသင်းလိုရာကို ဖြည့်ကစားပေးရသည်။အသင်းလိုက်တိုက်ပွဲတွင် သူတို့သည် တိုက်ပွဲအဟုန်ကို ထိန်းချုပ်ရာတွင် တာဝန်ယူထားရပြီး အများအားဖြင့် ဒုတိယsupportလိုမျိူး ဖြစ်နေတတ်သည်။ အသင်းတစ်ခုက utility mageကို ကိုင်သောအခါ junglerနှင့် marksmanသည် အများဆုံး DPSဖြစ်ကြသည်။


ယဲ့ရှောင်ယန်သည် (၃)မျိူးလုံးကို ကစားနိုင်သော်လည်း assassin mageကို ပိုသဘောကျသည်။အဘယ်ကြောင့်ဆိုသော် တိုက်ပွဲအဟုန်ကို ပြောင်းလဲဖို့အတွက် အခွင့်ရေးဦးစွာ ယူနိုင်သူများဖြစ်တယ်။သူ့မှတ်စုကို ထုတ်ကြည့်ပြီးနောက် ပြောလိုက်သည်။

"Moon mage, Destiny Goddness, Illusionst အခုအဲ့(၃)ကောင်ယူမယ်၊အများကြီးယူရင်လည်း ကစားဖြစ်အုန်းမှာ မဟုတ်သေးဘူး"


"အိုကေ" ယဲ့ရှောင်ယန်ပြောသော ဟီးရိုးများကို ချင်လွေ့ ကြည့်လိုက်ရာ magicအခြေခံသော ကြယ်(၅)လုံးအဆင့် assassinများ ဖြစ်ကြသည်။သူမတတ်နိုင်ပဲ မေးလိုက်မိသည်။

"ကော ဘာလို့အခက်ဆုံးတွေပဲ ဝယ်နေတာလဲ"


"ကစားဖို့ ခက်တဲ့ဟီးရိုးတွေက ပိုကောင်းလေပဲ၊သူတို့တွေက ကစားပွဲစည်းချက်ကို ထိန်းချူပ်ဖို့ သင့်တော်ဆုံးပဲ"

ယဲ့ရှောင်ယန် ပြန်ဖြေနေစဉ်မှာပဲ သူ့ညီလေး၏ မှတ်တမ်းကို ကြည့်နေလိုက်သည်။ရှောင်လွေ့ က ရွှေအဆင့်ကနေ မတက်တာ အံ့ဩစရာမရှိပါဘူး၊ပွဲတိုင်း supportကိုင်ပြီး တစ်ခါတစ်ရံ အဖွဲ့သားတွေဆီကနေ လက်ချာရိုက်ခံနေရတာ။rankအမြင့်ပိုင်းကို တက်နိုင်နေရင် ပိုတောင် ထူးဆန်းသွားအုန်းမယ်။


ဒီညီလေးက rankအမြင့်မှာ support ဆိုတာဘာမှန်း သေချာနားမလည်သေးဘူး၊သူနဲ့အတူဆော့ခဲ့တဲ့ ကစားပွဲကို ပြန်တွေးကြည့်ရင် သူ့ညီလေးက ကစားနေစဉ် အရမ်းသတိထားလွန်းနေသည်။

ထိုဟာက အိုမီဂါတွေရဲ့ အကျင့်နဲ့သက်ဆိုင်ပုံရသည်။သို့သော် ယဲ့ရှောင်ယန်သာ သူ့ညီလေးကို supportကစားနည်း သင်ပေးလိုက်ပါက သူ့ညီလေးက ဘုရင်အဆင့်ကို တက်ဖို့ပြသနာမရှိတော့ပေ။အနည်းဆုံးတော့ အနာဂတ်မှာ သူ့အသင်းဖော်တွေဆီက အဆူခံရတော့မှာ မဟုတ်ပေ။


"မင်းမှာ supportဘယ်နှစ်ကောင် ရှိလဲ"ယဲ့ရှောင်ယန် မေးလိုက်သည်။


"အကုန်လုံးပဲ"ချင်လွေ့ သူ့၏ဟီးရိုးစာရင်းကို ဖွင့်ပြလိုက်သည်။

"ဘယ်ဟာ ပိုကောင်းတာလဲ"


ယဲ့ရှောင်ယန် ချင်လွေ့ screenကို ကြည့်လိုက်သည်-ကျစ်!သူ့အိုမီဂါဝမ်းကွဲက တကယ့်ကို ဘောစိပဲ!ချင်လွေ့ တွင် ဟီးရိုးအကုန် ရှိနေပြီး skinတွေလည်းအများကြီးရှိသည်။သူ့တွင် 'Elite VIP'ဟုသော အမှတ်သားလည်းရှိသေးသည်။ထိုအရာက ပိုက်ဆံအစွမ်း၏ သင်္ကေတဖြစ်သည်။


ယဲ့ရှောင်ယန် ကျီစယ်လိုက်သည်။

"ဟီးရိုး(၁၀၀)ကျော်တောင် ဝယ်ထားတာ တော်တော်ကုန်မှာပဲမလား"


"ကျွန်တော့်မှာ ဝင်ငွေတော့မရှိဘူး"ချင်လွေ့ ရှင်းပြနေသည်။

"ပါးပါးက အကောင့်ထဲကို ပိုက်ဆံတွေထည့်ပေးတော့ အကုန်လုံးဝယ်လို့ရနေတာ၊အဖေက ဂိမ်းကစားတာမကြိုက်ပေမယ့် ပါးပါးကတော့ ကျွန်တော်ကြိုက်တာကို လုပ်ဖို့ ထောက်ခံပေးတယ် ဒီlaptopကလည်း ပါးပါးကပဲ လက်ဆောင်ပေးထားတာ"


ရှင်းပြတာကို နားထောင်ရင်း ယဲ့ရှောင်ယန် ခေါင်းမူးသွားသည်။ '?'က သူ့ခေါင်းပေါ်တွင် တဖြည်းဖြည်းပေါ်လာသည်။


ပါးပါး?အဖေ?


အကုန်လုံးက အတူတူပဲမဟုတ်ဘူးလား?


ယဲ့ရှောင်ယန် သေချာ စဉ်းစားကြည့်​သောအခါ နားလည်လာသည်။ချင်လွေ့ မှာ အဖေ(၂)ယောက်ရှိတာ ဖြစ်ရမယ်။အယ်လ်ဖာအဖေနှင့် အိုမီဂါအဖေ၊ အိုမီဂါအဖေက သူ့ကိုမွေးခဲ့ပြီး ချင်လွေ့ ကအိုမီဂါဖြစ်လာခဲ့တယ်။


သူပြောတာ မှန်တယ်မလား?


ယဲ့ရှောင်ယန် နှာခေါင်းကို ပွတ်လိုက်ပြီး A/B/Oလောကကြီးရဲ့ ဆန်းကြယ်မှုအတွက် သက်ပြင်းခိုးချလိုက်မိတယ်။သူဂိမ်းကို အာရုံပြန်စိုက်လိုက်ပြီး

"မင်း Blessed Priest(ဘုန်းတော်ကြီး)ကို သုံးပြီး ငါ့နောက်ကိုပဲ လိုက်ခဲ့"


"အိုကေ"ချင်လွေ့ Blessed Priestရဲ့ အချက်အလက်ကိုဖွင့်ပြီး ဟီးရိုးစကေးရဲ့ ဖော်ပြချက်ကို ဖတ်လိုက်သည်။Blessed Priestသည် ခက်ခဲမှုအဆင့် ကြယ်၂လုံးသာရှိပြီး အသစ်လေးတွေအတွက် ကစားဖို့ သင့်တော်သည်။သူ၏Q,W,Eစကေးတွေသည် အသင်းဖော်များ၏တိုက်ခိုက်စွမ်းရည်ကို မြင့်တင့်ပေးခြင်း၊Manaအား ပြန်ဖြည့်ပေးခြင်း၊ လှုပ်ရှားမှုမြန်စေသည့် AOEစကေးတို့ဖြစ်သည်။အကောင်းဆုံးတိုက်ကွက် Rစကေးသည် အသင်းအတွက် ဒိုင်းကာဖြစ်သည်။


"အဲ့supportက အကောင်းဆုံး ဒိုင်းကာတွေထဲက တစ်ခုပဲ"ယဲ့ရှောင်ယန် ပြောပြလိုက်သည်။

"ငါ့ကို တောက်လျှောက် တိုက်ခိုက်စွမ်းရည် မြှင့်ပေးထား၊Manaကုန်တော့မှာ မြင်ရင် Wကိုသုံးပြီး ပြန်ဖြည့်ပေး၊တခြားစကေးအတွက်က ပြောတဲ့အတိုင်းသာ လိုက်သုံးပေး"


"နားလည်ပါပြီ" ချင်လွေ့  ခဏတာ ရပ်တန့်သွားပြီး ဟီးရိုးပုံ၏ အပေါ်ဘယ်ဘက်ထောင့်တွင်ရှိသော အဖြူရောင်အမှတ်ကို ကြည့်လိုက်သည်။

"ကော ကျွန်တော်အရင်က ဒီဟီးရိုးကို မကစားဖူးဘူး၊ကျွမ်းကျင်အဆင့်က သုညဖြစ်နေတယ် rankကစားလို့ မရသေးဘူး"


"ငါလည်း ကျွမ်းကျင်အမှတ်က သုညဖြစ်နေတုန်းပဲ၊အရင်ဆုံး A.Iအသင်းနဲ့ သွားကစားရအောင်"ယဲ့ရှောင်ယန်သည် အသင်းဖွဲ့ရန် စာမျက်နှာကို ဖွင့်လိုက်သည်။သူ့ညီလေးကို အသင်းထဲဆွဲခေါ်ပြီးနောက် လေ့ကျင့်ရေးမုဒ်ဖြင့် ကွန်ပြူတာနဲ့ ကစားပွဲအနည်းငယ် ကစားနေလိုက်သည်။


A.Iဖြင့် ကစားခြင်းသည် Rankအမှတ်ကို ပေါင်းခြင်းနှုတ်ခြင်း မလုပ်သော်လည်း ကစားသမား၏ ဟီးရိုးကျွမ်းကျင်အမှတ်ကို ပေါင်းထည့်ပေးသည်။ထိုကြောင့် ဒါက ကစားသမားများအတွက် ဟီးရိုးအသစ် လေ့ကျင့်ရန် အကောင်းဆုံးဖြစ်သည်။A.Iဖြင့် အနည်းငယ်ကစားပြီးနောက် ကျွမ်းကျင်အမှတ်၁၀၀ရကာ rankသွားဆော့နိုင်သည်။


ယဲ့ရှောင်ယန်က ထိုအရာကို အခွင့်ရေးယူပြီး ဟီးရိုး၏စကေးနှင့် ရင်းနှီးသွားအောင် လုပ်ယူနေသည်။


Abyssal Lordဖြင့် အကြိမ်အနည်းငယ် ဆော့ပြီးနောက် ဒီဟီးရိုးက သူနဲ့လုံးဝ သင့်တော်ကြောင်း တွေ့လိုက်ရသည်။


ဒီဟီးရိုး၏ Qစကေး 'အမှောင်တမန်တော်'သည် အနက်ရောက်အရိပ်ကို ထုတ်လွှတ်ကာ ဒိုင်းကာထွက်လာပြီး ရန်သူ့ကို magic damageအနည်းငယ်ပေးနိုင်သည်။ထိုအရိပ်က ရန်သူအား 'abyssal အမှတ်သား' တံဆိပ်ကို တက်လိုက်လေသည်။ အများဆုံး အရိပ်(၃)ခု ထုတ်နိုင်ပြီး တစ်ခုချင်းဆီက လွတ်လပ်စွာ ရွေ့လျားနိုင်သည်။ အရိပ်တစ်ခုစီတွင် ဟီးရိုး၏ (၃၀)ရာခိုင်နှုန်း HP ဖြန့်ဝေထားသည်။


Wစကေး 'abyssalအကြည့်'သည် abyssalအမှတ်သား မှတ်ခံရသော ပြစ်မှတ်ကို ချူပ်ပြီး magic damageပေးသည်။


Eစကေး 'အရိပ်ပြောင်းလဲခြင်း' ကြိုက်နှစ်သက်ရာ အရိပ်များ၏ နေရာကို ဟီးရိုးနှင့် နေရာပြောင်းလဲနိုင်သည်။


နောက်ထပ် Rစကေး 'သွေးကလဲ့စား' abyssalအမှတ်သားများ ပေါက်ကွဲပြီး ကျယ်ဝန်းသော အနက်ရောင်magic damageကို ပေးစွမ်းနိုင်သည်။ 'သွေးကလဲ့စား'မုဒ်ဝင်နေချိန်တွင် ဟီးရိုး၏ Q, W, Eစကေးများသည် ချက်ချင်းပင် cooldownပြည့်သွားပြီး သူ၏တိုက်ခိုက်နိုင်စွမ်းသည် အမြင့်ဆုံးဖြစ်နေချိန် ခုခံနိုင်စွမ်းသည် လျော့ကျသွားမည် ဖြစ်သည်။


ဒီဟီးရိုးက မျိူးစုံသုံးလို့ရတဲ့ assassin mageဖြစ်မနေဘူးလား?


Qစကေးဖြင့် အရိပ်များကိုထုတ်တာက ဒိုင်းကာဖြစ်စေပြီး Eစကေးက အရိပ်တွေနှင့် နေရာချင်းလဲနိုင်သည်။ QE comboသုံးခြင်းက ပုံစံသုံးခုတောင်လုပ်လို့ရတယ်။အဲ့တာက ရန်သူကိုလည်း လိုက်သတ်လို့ရသလို၊ ထွက်ပြေးလို့လည်းရတယ်။ဘက်စုံ သုံးလို့ရနေတာပဲ။


Qနှင့်Wစကေးက abyssalအမှတ်သားကို ထိခိုက်နိုင်ပြီး တိုက်ပွဲမှာ ရှင်းရှင်းလင်း  ဖယ်ရှားနိုင်မည့် အခြေအနေကို ကောင်းကောင်းဖန်တီးနိုင်သည်။cooldownလျှော့ပေးသော ကိရိယာများဖြင့် ပေါင်းစပ်လိုက်ပါက အလွန်လက်မြန်သော ကစားသမားသည် တစ်ကြိမ်ထဲဖြင့် ၈မှတ်လောက် ပေးနိုင်သည်။


နောက်ဆုံး Rစကေးဖြင့် ထိုအမှတ်များကို ပေါက်ကွဲလိုက်ပါက ရန်သူသည် သေချာပေါက် သေဆုံးသွားမှာ အမှန်ပင်။


ဒီဟီးရိုးနှင့် ပတ်သက်ပြီး ကြောက်ဖို့အကောင်းဆုံးက Rစကေးဖြင့် ရန်သူကို သတ်လိုက်သည်နှင့် စကေး(၃)ခုလုံး ပြန်ရစေသည်။ Abyssal Lordသည် 'သွေးကလဲ့စား'မုဒ်ကို ဝင်သွားကာ တိုက်ခိုင်နိုင်စွမ်းရည်သည်လည်း တိုးလာမည်ဖြစ်သည်။ ဆက်လက်၍ သတ်ဖြတ်လို့ရနေမည် ဖြစ်သည်။


သီအိုရီအရ Abyssal Lordသည် ကစားပွဲတွင် ကြာကြာရှိနေသရွေ့ ပိုကြမ်းလာသော အမျိူးအစားဖြစ်သည်။ 'သွေးကလဲ့စား'မုဒ် ဝင်နေသရွေ့ သူ့ကို ရပ်တန့်ရန် မဖြစ်နိုင်တော့ပေ။


သို့သော် 'သွေးကလဲ့စား'မုဒ်တွင် အားနည်းချက်ရှိသည်။တိုက်ခိုက်နိုင်နှုန်း မြင့်တက်လာစဉ် ခုံခံနိုင်နှုန်းသည် ကျဆင်းသွားသည်။Abyssal Lordသည် လုံးဝ အားပျော့သွားသည်။နေရာယူဖို့အတွက် လုံးဝဂရုစိုက်ရမည် ဖြစ်သည်။ရန်သူကြောင့် အခဲခံလိုက်ရပါက အလွယ်တကူ အသတ်ခံရနိုင်သည်။


ကွန်ပြူတာဖြင့် အကြိမ်အနည်းရေ ကစားပြီးနောက် ဟီးရိုး၏စကေးများကို နားလည်လာသည်။


ဒီလိုစိန်ခေါ်မှုနဲ့ ပြည့်နှက်နေသော ဟီးရိုးအမျိူးအစားက သူ့အကြိုက်ပေ။


ဆော့ဖို့ခက်သော ဟီးရိုးများက ကစားသမားကို အမှန်တကယ် တောက်ပစေနိုင်သည်။


ယဲ့ရှောင်ယန် အကြောဆန့်ပြီးနောက် ပြောလိုက်သည်။

"လာ တကယ့်ဂိမ်း စဆော့ရအောင်"


ချင်လွေ့ သူနှင့်အတူ ဂိမ်းစဆော့လိုက်သည်။


ဟီးရိုးရွေးချယ်သည့်အဆင့်တွင် ယဲ့ရှောင်ယန်သည် ချက်ချင်း [abyssal lord]ကို ရွေးချယ်ပြီး ချင်လွေ့ က ညွှန်ကြားချက်အတိုင်း [Blessed Priest]ကို ရွေးချယ်လိုက်သည်။မကြာခင် ဂိမ်းစတင်သွားသည်။


ချင်လွေ့ သည် သူ့ကောကော စကားနားထောင်ပြီး အလယ်လမ်းကို လိုက်လာသည်။


(၂)မိနစ်အတွင်းမှာပဲ အလယ်လမ်းတွင် ယဲ့ရှောင်ယန်၏ Abyssal Lordသည် ရန်သူmageကို Solo(တစ်ယောက်တည်း) သတ်လိုက်သည်။


ထို့နောက် လမ်းများကို စတင်ပတ်တော့သည်။


(၄)မိနစ်ကြာတွင် အောက်လမ်းကို သွား၍ အောက်လမ်းရှိ ၂ယောက်ကို သတ်ခဲ့သည်။ထိုနောက် အောက်လမ်းရှိ အပြင်တာဝါကို ဖျက်စီးခဲ့သည်။


(၅)မိနစ်ကြာတွင် အပေါ်လမ်းကိုသွားကာ အပေါ်လမ်းကစားသမားကို သတ်ခဲ့သည်။အပေါ်လမ်း အပြင်တာဝါကို ချိူးခဲ့ပြီး ရန်သူjungleထဲရှိ အရင်းအမြစ်အားလုံးကို သိမ်းယူခဲ့သည်။


(၁၀)မိနစ်အကြာ အလယ်လမ်းတွင် အုပ်စုလိုက် တိုက်ပွဲဖြစ်ရာ Abyssal Lordသည် သုံးကောင်သတ်ခဲ့သည်။


အခြားကစားသမားများသည် ဝေခွဲမရဖြစ်နေပြီး Abyssal Lordက အရမ်းကြမ်းတာပဲလို့ တွေးကြသည်။


ဘယ်နေရာသွားသွား သူကKillရနေတယ်။သူက လမ်းလျှောက်နေတဲ့ လူသတ်စက်ကြီးကျနေတာပဲ!


ယဲ့ရှောင်ယန် အသင်းသားတွေက စကားပြောခန်းတွင် စာရိုက်လာကြသည်။


[ဟီးရိုးအသစ်က အဲ့လောက်ကြမ်းတာလား?ငါလည်း ဝယ်ချင်တယ်!]


[ဂိမ်းနတ်ဘုရားရဲ့ အကောင့်သစ်များလား? ကျေးဇူးပြုပြီး Carryပေးပါအုန်း]

(Carry-rankကူတင်ပေးတာကိုပြောတာပါ)


[ဟီးရိုးအသစ်ကို ဘယ်လိုကိုင်တာလဲ သင်ပေးပါလား]


ယဲ့ရှောင်ယန်သည် မြေပုံတစ်ခုလုံးကို ပတ်ကာ Goldအရေအတွက်သည် ပြိုင်ဘက်တွေထက် အသာစီးရနေသည်။မျက်စိတစ်မှိတ်အတွင်းမှာပဲ သူသည်အကောင်းဆုံး ကိရိယာများကို ပိုင်ဆိုင်ထားသော လူတစ်ယောက်ဖြစ်လာသည်။ရန်သူကိုသတ်နိုင်အောင် အကောင်းဆုံးအခွင့်ရေးကို ဆုတ်ကိုင်နိုင်သည်။


ချင်လွေ့  လှမ်းကြည့်လိုက်သည်။


သူ့ကောကောပြောတဲ့ ပါရမီဆိုတာ...တကယ် အမှန်ထင်တယ်။


ယဲ့ရှောင်ယန်က ဟီးရိုးအသစ်ဖြင့် (၁)နာရီသာ လေ့ကျင့်ရသေးသည်။ပြီးတော့ မြေပုံတစ်ခုလုံးကို ပတ်မွှေပြီး ရန်သူတွေကို ဟင်းသီးဟင်းရွက်လှီးသလို အလွယ်တကူ သတ်နိုင်နေတယ်?


ချင်လွေ့သည် အံ့သြမှုနှင့် လေးစားမှုများ ပြည့်နှက်နေသော်လည်း ယဲ့ရှောင်ယန်သည် အနိုင်ရမှုနှင့် ပတ်သက်ပြီး မပျော်ရွှင်ပေ။သူနှင့် အခြားကစားသမားများ၏ စကေးသည် အလွန်ကွာခြားနေခြင်းကြောင့်ဖြစ်သည်။အဲ့တာက NBAပရော်ဖက်ရှင်နယ်သမားက မူလတန်းကလေးတွေနဲ့ ဘတ်စကတ်ဘော ကစားနေသလိုပင်။အနိုင်ရခြင်းက အဓိပ္ပာယ်မရှိဘူး။


Gods Warသည် သူ့အတွင် ဂိမ်းအသစ်ဖြစ်ပေမယ့် MOBAဂိမ်းများသည် အခြေခံအားဖြင့် တူညီကြသည်။ထို့အပြင် တစ်နေ့ခင်းလုံး ဂိမ်းအကြောင်း ဖတ်ခြင်းဖြင့် အချိန်ကုန်ခဲ့တာဖြစ်သည်။ငွေအဆင့်ပွဲ နိုင်ခြင်းက သူ့အတွက် စိန်ခေါ်မှုတစ်ခု မဟုတ်သလို အသစ်ကလေးတွေကို နိုင်ရတဲ့အတွက် ဂုဏ်ယူစရာလည်း မဟုတ်ဘူး။


တိုးတက်လာဖို့အတွက် အကောင်းဆုံးတွေနဲ့ ပြိုင်ဆော့ရမည်။


ယဲ့ရှောင်ယန် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။


သူ အမြန်ဆုံး ဘုရင်အဆင့်ကို တက်ဖို့လိုပြီး အမြန်ဆုံး Abyssal Lordကို နိုင်ငံအဆင့်ထဲ ဝင်ဖို့လိုအပ်သည်။


ထိုမှသာ သူ့ကမ္ဘာ့အဆင့် ကစားသမားများနှင့် ဆော့နိုင်ပြီး esportsအသင်းကြီးတွေရဲ့ အာရုံစိုက်မှုကို ရမှာဖြစ်သည်။


ပြန်လည်မွေးဖွားလာသော သူနှင့် ဒီကမ္ဘာရှိ အတော်ဆုံးကစားသမားကြား ဘယ်လောက် ကွာခြားလဲဆိုတာ သိချင်သည်။