အခန်း၁
Viewers 14k

အခန်း(၁)

 

“နာမည်ကြီးမင်းသမီး ကျီချင်းချင်းဟာ တစ်စုံတစ်ဦးကို ဒဏ်ရာရစေရန်ကြံစည်ခြင်းဖြင့် သူမကို ရဲက ဖမ်းဆီးခဲ့သည်။ ဒီနေ့ သူမ အာမခံဖြင့် လွတ်လာပြီ။ ကျီချင်းချင်းသည် သေချာတရားစွဲဆိုခံလိုက်ရမယ်ဆိုရင် အနည်းဆုံးထောင်ဒဏ်ငါးနှစ်ကျနိုင်လိမ့်မည်။”

 

ကျီချင်းချင်းသည် ခေါင်းစီးသတင်းအနေဖြင့်ပါလာသောသတင်းကို ဖုန်းမျက်နှာပြင်ကနေ ကြည့်နေခဲ့သည်။ သူမသည် မျက်လုံးမှိတ်လိုက်ပြီးနောက် သူမရှေ့တွင် ထိုင်နေတဲ့အမျိုးသမီးကို ကြည့်လိုက်သည်။ “ ငါက ဒီသတင်းခေါင်းစဥ်မှာပါတဲ့ ကျီချင်းချင်းလို့‌ မင်းပြောနေတာလား။”

 

ထိုအမျိုးသမီးသည် ပရော်ဖက်ရှင်နယ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူမသည် ကျီချင်းချင်းကို မပြုံးရွှင်သည့်မျက်နှာဖြင့် ကြည့်လိုက်သည်။ “ငါ ဒီနေ့ မင်းဆီကိုလာရတဲ့ကိစ္စက မစ်ရှန်းက မင်းနဲ့တရားရုံးအပြင်ဖက်မှာဆွေးနွေးညှိနှိုင်းဖို့ ဆုံးဖြတ်လိုက်တာကြောင့် လာရတာပဲ။ မင်း သူမကို ယွမ်သန်းနှစ်ဆယ်လျော်ကြေးပေးမယ်ဆိုရင် တရားမစွဲပဲ ကျေအေးပေးလိမ့်မယ်။ တစ်လအတွင်း ငွေအပြည့်ပေးချေရမယ်။”

သူမရှေ့တွင် ထိုင်နေတဲ့ပုဂ္ဂိုလ်ကတော့ မုန့်ရွှင်းဖြစ်သည်။ မုန့်ရွှင်းသည် သူမ၏ကိုယ်စားလှယ်ဖြစ်သည်။ မစ်ရှန်း၏နာမည်အပြည့်အစုံသည် ရှန်းဝေဝေဖြစ်ပြီး မုန့်ရွှင်းလက်အောက်က သရုပ်ဆောင်တစ်ယောက်ပင်။

 

လွန်ခဲ့သည့်တစ်ပတ်က ရှန်းဝေဝေနှင့် ကျီချင်းချင်းသည် ရုပ်ရှင်တစ်ခုတွင် အတူတူ သရုပ်ဆောင်ခဲ့ကြသည်။ သူတို့နှစ်ဦးအကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ကျီချင်းချင်းသည် ရှန်းဝေဝေကို တောင်ပေါ်မှ တွန်းချခဲ့သည်။

ရှန်းဝေဝေသည် အရိုးများစွာကျိုးပြီး သူမ၏မျက်နှာတွင်လည်း သူမအလှကိုပျက်စီးလုနီးပါး ဒဏ်ရာရခဲ့သည်။ မင်းသမီးတစ်ဦးအတွက် ထိုဒဏ်ရာသည် ကြီးမားသောထိုးနှက်ချက်တစ်ခုဖြစ်မည်မှာသေချာသည်။

 

ထို့နောက်တွင် ရှန်းဝေဝေသည် ကျီချင်းချင်းအား ရဲတိုင်ခဲ့ပြီး ကျီချင်းချင်းသည် ရဲစခန်းမှာ ရက်အနည်းငယ်နေခဲ့ရသည်။ ရှန်းဝေဝေသည် တရားစွဲဆိုမှုလုပ်လိုက်တာနဲ့ ချက်ချင်း ကျီချင်းချင်းသည် ထောင်ဒဏ်ငါးနှစ်ကျခံရမည်ဖြစ်သည်။

 

သို့သော် ရှန်းဝေဝေသည် ကျီချင်းချင်းကို တရားခွင်ပြင်ပတွင် လျော်ကြေး ယွမ်သန်းနှစ်ဆယ်ပေးလျှင် ကျေအေးပေးဖို့ ဆန္ဒရှိကြောင်း ပြောခဲ့သည်။

 

“ချင်းချင်း မင်းကို ငါ တာဝန်ယူခဲ့တာကြာပြီ။ ဒါကြောင့် ငါ မင်းနဲ့ဒီအကြောင်းကို ပြောမှာမဟုတ်ဘူး။ ကုမ္ပဏီရဲ့အကြီးအကဲတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်မကျေနပ်ကြဘူး။ ကုမ္ပဏီက မင်းကိုထောက်ခံပေးထားတဲ့နေရာတွေကို တခြား မင်းသားတွေနဲ့ မင်းသမီးတွေကိုပေးဖို့ ဆုံးဖြတ်လိုက်ကြပြီ။ ဒီအချိန်ကာလအတွင်းမှာ ငါတို့ဘာမှမဆွေးနွေးနိုင်ခင် မင်းပြဿနာတွေကို အရင်ဖြေရှင်းသင့်တယ်။”

 

ကျီချင်းချင်းသည် သူမ၏အံ့သြစရာကောင်းတဲ့အခြေအနေကနေ ဆတ်ကနဲ သတိပြန်ဝင်လာခဲ့သည်။

 

“ဒီနေ့အတွက်ပြောစရာက ဒါအကုန်ပဲ။ တခြားဘာကိစ္စမှမရှိဘူးဆိုရင် ငါသွားတော့မယ်။”

 

ကျီချင်းချင်းသည် မုန့်ရွှင်းထွက်ခွာသွားတာကို ကြည့်နေခဲ့သည်။

 

မုန့်ရွှင်းမှထွက်ခွာသွားပြီးနောက် ကျီချင်းချင်းသည် ဝတ္ထဇာတ်ကြောင်းကို သူမစိတ်ထဲပြန်တွေးကြည့်မိလိုက်သည်။

 

ကျီချင်းချင်းသည် သူမမွေးဖွားရာဂြိုလ်ကိုသိပြီး သူမသည် ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရခြင်းကိုသိသော်လည်း ၎င်းသည် ဤမျှလောက် အလွန်ဆိုးရွားလိမ့်မည်ဟုမမျှော်လင့်ခဲ့ပါ။ သူမနိုးထလာပြီးသည့်နောက် ဝတ္ထုတစ်ပုဒ်ထဲသို့ကူးပြောင်းခဲ့ပြီး အမျိုးသမီးဇာတ်လိုက်ကိုထောက်ပံ့ပေးနိုင်သော ဆိုးရွားသည့်ကိစ္စများကို ပြုလုပ်ထားလေသည်။

 

အဆိုပါဝတ္ထုသည် ဖျော်ဖြေရေးလုပ်ငန်းအတွင်းက ချိုမြိန်ပြီးအလိုလိုက်ခံရသူတစ်ဦး၏အကြောင်းကို မှီငြမ်းရေးသားထားတာဖြစ်သည်။

 

ဒီဝတ္ထုထဲက အမျိုးသမီးဇာတ်လိုက်သည် ရှန်းဝေဝေဖြစ်သည်။  သူမသည် ဆင်းရဲသောမိသားစုမှမွေးဖွားခဲ့သော်လည်း သူမ၏သဘောသဘာဝမှာ အကောင်းမြင်၊ စိတ်ထားကောင်းပြီး အလုပ်ကြိုးစားကာ သူမကိုယ်တိုင် သူမဘဝကိုတိုးတက်အောင် ပြုလုပ်ခဲ့တာဖြစ်သည်။  သူမသည် သရုပ်ဆောင်ရတာကို နှစ်သက်ပြီး လှပသောကြောင့် ဖျော်ဖြေရေးလုပ်ငန်းထဲသို့ ဝင်ရောက်ခဲ့သည်။  သို့သော် အမျိုးသမီးဇာတ်လိုက်တွင် ခိုင်မာသောမိသားစုနောက်ခံ သို့မဟုတ် အခြားသောထောက်ပံ့သူများမရှိသဖြင့် သူမ၏အနုပညာသက်တမ်းတစ်လျှောက် အခက်အခဲများစွာကို တွေ့ကြုံခဲ့ရသည်။ နောက်ဆုံးတွင် သူမသည် ကျော်ကြားမှုနှင့် ကံကြမ္မာကောင်းများရရှိခဲ့ပြီး သူမဘဝနှင့် အသက်မွေးမှုလမ်းကြောင်းပါ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

 

အမျိုးသမီးဇာတ်လိုက်အား ဖျက်လိုဖျက်ဆီးလုပ်ကာ ကူညီထောက်ပံ့ပေးရသည့် ကျီချင်းချင်းသည်လည်း သူမ၏ချိုသာသောအသွင်အပြင်ကြောင့် ဖျော်ဖြေရေးလုပ်ငန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ တီဗွီဇာတ်လမ်းတွဲတစ်ခုတွင် အမျိုးသမီးဇာတ်လိုက်ကို ကူညီထောက်ပံ့ပေးရသည့် အမြောက်စာနေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူကြိုက်များကာ အဆုံးမဲ့ဖိတ်ခေါ်မှုများ လက်ခံရရှိခဲ့သည်။  ကျီချင်းချင်းသည် လေးနက်သောအလုပ်ကျင့်ဝတ်နှင့် နှိမ့်ချသောသဘောထားမျိုးရှိပါက သူမသည် ဖျော်ဖြေရေးလုပ်ငန်းတွင် အချိန်ကြာမြင့်စွာ ရပ်တည်နိုင်မည်ဖြစ်သည်။

 

ပြီးနောက် ဖျော်ဖြေရေးလုပ်ငန်းစု၏ငွေကြယ်ပွင့်တိုင်းသည် စမ်းသပ်သည့်အချိန်များကို ဖြတ်ကျော်ခဲ့ရသည်။ ငွေကြယ်ပွင့်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြသည်။ စစ်မှန်တဲ့အရည်အချင်းရှိသူများကသာလျှင် မလွှမ်းမိုးနိုင်တဲ့နေရာကို လက်ကိုင်ထားနိုင်မှာဖြစ်သည်။

 

သို့သော် ဒီဝတ္ထုထဲက ကျီချင်းချင်းသည် လူချမ်းသာများကိုသာ အရေးပေးပြီး ဆင်းရဲသားများကို အထင်အမြင်သေးသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူမသည် မတရားပြီး စိတ်လိုက်မာန်ပါပြုလုပ်တတ်သည်။ သူမမှာ ချောမောလှပသောရုပ်ရည်ရှိသော်လည်း သူမ၏အပြုအမူတွေကို ချေဖျက်ရန် မလုံလောက်ပါ။

 

ဖျော်ဖြေရေးလုပ်ငန်းသို့ဝင်ရောက်ပြီးနောက် သူမသည် သရုပ်ဆောင်စွမ်းရည်ကို တိုးတက်အောင်မလုပ်ခဲ့ပါ။ ထိုအစား သူမသည် လူအများ၏အာရုံစိုက်ခြင်းကို ဆွဲ‌ဆောင်ရန် ကြော်ငြာခြင်းအပေါ် မှီခိုခဲ့သည်။ သူမသည် သူမ၏ကျော်ကြားမှုကိုတိုးမြှင့်ရန် လူကြိုက်များတဲ့သရုပ်ဆောင်နဲ့ပတ်သက်တဲ့ထင်ကြေးကို အသုံးပြုခဲ့သည်။ ကျီချင်းချင်းဆိုရင် ကျော်ကြားတဲ့သူများက ရှောင်လွဲသွားတဲ့အဆင့်သို့ပင် ရောက်ရှိခဲ့သည်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူမနှင့် မပတ်သက်ချင်ကြပေ။

 

နောက်ပိုင်းတွင် ကျီချင်းချင်းသည် ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက်တစ်ယောက်နှင့် ဆက်သွယ်နိုင်ခဲ့သည်။ သူ့မကိုယ်သူမ ဒုတိယမျိုးဆက်သခင်လေး၏ရည်းစားအဖြစ် ယုံကြည်ကာ ဖျော်ဖြေရေးလုပ်ငန်းတွင် အာဏာရှင်ဆန်ဆန်ပြုမူခဲ့ပြီး လူများစွာကိုစိတ်ဆိုးစေခဲ့သည်။ ဒုတိယမျိုးဆက်သခင်လေးသည် သူမကိုကစားသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ ကြင်နာတတ်ပြီး အလုပ်ကြိုးစားသော အမျိုးသမီးဇာတ်လိုက်သည် ဒုတိယမျိုးဆက်သခင်လေး၏အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်။ ကျီချင်းချင်းသည် အမျိုးသမီးဇာတ်လိုက်အား ဖိအားများပေးတာကို မျက်မြင်တွေ့ရှိပြီး‌နောက် သူသည် ကျီချင်းချင်းက သူ့ဘေးနားမှာရှိတဲ့ကစားစရာတစ်ခုသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒီအဖြစ်အပျက်ပြီးသွားသည့်နောက် သူသည် ဘုရင်မတစ်ဦးကဲ့သို့ အမျိုးသမီးဇာတ်လိုက်ကို လိုက်ပါစောင့်ရှောက်ခဲ့သည်။ ကျီချင်းချင်းကတော့ ကစားစရာအရုပ်အဖြစ် နာမည်တွင်ခဲ့သည်။

 

ဒီဝတ္ထုရှည်ရဲ့အမျိုးသားဇာတ်လိုက်ဖြစ်သည့်အားလျော်စွာ အမျိုးသမီးဇာတ်လိုက်၏ချစ်သူဖြစ်ပြီး သူမအား တစ်လျှောက်လုံး အကုန်ကူညီပေးခဲ့သည်။ ပိုပြီးစိတ်ဝင်စားကောင်းတာက အမျိုးသားဇာတ်လိုက်ဟာ တစ်ချိန်က ကျီချင်းချင်းရဲ့ ငယ်ရည်းစားဖြစ်ခဲ့ပေမယ့် သူမက ဒီသနားစရာကောင်းတဲ့ကောင်လေးကို ကစားပြီးစွန့်ပစ်ခဲ့တယ်။