အခန်း၂
Viewers 15k

အခန်း(၂)

 

တကယ်‌တော့ သူဟာ ဆင်းရဲသောကောင်လေးတစ်ယောက်မဟုတ်ပေ။ သူသည် ချမ်းသာကြွယ်ဝသောမိသားစုမှ သခင်လေးတစ်ယောက်ဖြစ်သည်။ ကိုယ့်အားကိုယ်နေထိုင်ရန် အိမ်မှမထွက်ခွာခင် သူသည် နေ့စဥ်ဘဝလိုအပ်ချက်များအတွက် မည်သည့်အခါကမှ ပူပန်စရာမလိုခဲ့ပါ။ ကျီချင်းချင်းရဲ့စွန့်ပစ်မှုကိုခံလိုက်ရပြီး ဆင်းရဲသူတွေကိုအထင်တသေးကြည့်ရှုကာ ချမ်းသာသူများကို မျက်နှာချိုသွေးသည့်သဘာဝအား သဘောပေါက်နားလည်သွားခဲ့သည်။ ထိုအတွေ့အကြုံကိုရရှိပြီးနောက် သူ့စိတ်သဘောထားသည် ကြီးမားသောပြောင်းလဲမှုဖြစ်ခဲ့ပြီး သူသည် အကြင်နာမဲ့ပြီးပြောင်းလဲလွယ်သောလူတစ်ယောက်ဖြစ်လာခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကြင်နာလှပတဲ့အမျိုးသမီးဇာတ်လိုက်နှင့် တွေ့ဆုံခဲ့သည်။

 

အမျိုးသမီးဇာတ်လိုက်သည် ဆင်းရဲဟန်ဆောင်နေသည့် အမျိုးသားဇာတ်လိုက်ကို အထင်အမြင် မသေးခဲ့ပေ ။ သူမသည် သူ့ဘေးမှာ တိတ်တဆိတ် နေထိုင်ခဲ့သည်။ ဝတ္ထုထဲတွင်  အမျိုးသမီးဇာတ်လိုက်ကို ခက်ခဲစေလိုသည့်လူများဖန်တီးသောပြဿနာများ၊ စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့ရသည့်အခါ အမျိုးသားဇာတ်လိုက်သည် ပေါ်ပေါ်ထင်ထင်တစ်မျိုး၊ ခိုးကြောင်ခိုးဝှက်တစ်သွယ် သူမအတွက် ပြဿနာများကို ဖြေရှင်းပေးခဲ့သည်။ နောက်ဆုံးတွင် အမျိုးသားဇာတ်လိုက်သည် အမျိုးသမီးဇာတ်လိုက်ကို သူ၏ဘဝအစစ်အမှန်ကို ဆက်လက်မဖုံးကွယ်ထားရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူသည် သူမကို အမှန်တရားအားပြောပြဝန်ခံခဲ့သည်။

 

အမျိုးသမီးဇာတ်လိုက်သည် အမျိုးသားဇာတ်လိုက်က မည်သူမည်ဝါဖြစ်ကြောင်းသိရှိပြီးနောက်တွင် အမျိုးသမီးဇာတ်လိုက်သည် ခံစားချက်များရှုပ်ထွေးခဲ့ပြီးတော့ အမျိုးသားဇာတ်လိုက်အား အချိန်ကာလတစ်ခုကြာသည်အထိ အေးစက်စွာဆက်ဆံခဲ့သည်။ နောက်ဆုံးတွင် သူမသည် အမှန်တရားကို ဖုံးကွယ်ထားခဲ့သည့် သူ့ကို ခွင့်လွှတ်ပေးခဲ့သည်။

 

အရံအမျိုးသမီးဇာတ်ကောင်ဖြစ်သည့် ကျီချင်းချင်းအတွက်မူ အမျိုးသားဇာတ်လိုက်သည် လုပ်ငန်းစုတစ်ခု၏အမွေဆက်ခံသူတစ်ဦးဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်တွင် အလွန်အမင်းနောင်တရခဲ့သည်။

 

ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်မှာ သူမသည် အမျိုးသမီးဇာတ်လိုက်ကို ကန်ထုတ်ဖို့ကြိုးစားခဲ့သည်။ သူမသည် အမျိုးသမီးဇာတ်လိုက်ကို ပစ်မှတ်ထားကြံစည်ခဲ့သည်။ မည်သည်ကိုမျှကန့်သတ်ထားခြင်းမရှိပဲ သူမသည် အတိတ်က အမျိုးသားဇာတ်လိုက်၏ သူမအပေါ် လူပျိုလှည့်ကာ အဖြေရရန်ကြိုးစားခဲ့ပုံကို ကြွားဝါပြောဆိုခဲ့လေသည်။ သူမသည် အမျိုးသားဇာတ်လိုက်နှင့် ပြန်လည်နီးကပ်ရန်နှင့် သူတို့၏အတိတ်ကဆက်ဆံရေးလိုမျိုး ပြန်လည်ရရှိရန် ပရိယာယ်အမျိုးမျိုးဖြင့် ကြိုးစားခဲ့သည်။ သို့သော် ထိုကဲ့သို့လုပ်ခြင်းသည် အမျိုးသားဇာတ်လိုက်အား သူမကို ပိုမိုမုန်းတီးစေပြီး ဖျော်ဖြေရေးလုပ်ငန်းတွင် နာမည်ပျက်စာရင်းသွင်းစေခဲ့သည်။ ကျန်တဲ့ဘဝတစ်လျှောက်လုံး ဘာမှမဖြစ်မြောက်ပဲ ဒေါသနှင့်ခါးသီးခြင်းများသာ ရရှိခဲ့လေသည်။ သူမ အိမ်ငှားခမပေးနိုင်သည့် လများပင် ရှိခဲ့သည်။

 

ကျီချင်းချင်း၏ အရံဇာတ်ကောင် ဖြစ်တည်ခြင်းအရ သူမသည် အမျိုးသမီးဇာတ်လိုက်၏ နှလုံးသားလှခြင်းကို ပိုလွင်စေရန် ဖန်တီးထားပုံရသည်။ အမျိုးသမီးဇာတ်လိုက်၏ဘဝကို စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ရန် ရည်ရွယ်ထားသည်။

 

ကျွန်ုပ်တို့၏ အဓိကဇာတ်ကောင်လက်ရှိ ဘေးကျပ်နံကျပ်အခြေအနေကို ပြန်သွားကြပါစို့။ ယခင်မူလကျီချင်းချင်းသည် အပျော်အပါးဝါသနာထုံပုံရသည်။ သူမသည် နာမည်ကြီးအိတ်များ၊ အဝတ်အစားများနှင့် skincareပစ္စည်းများအပေါ် ငွေကြေးများစွာ သုံးစွဲခဲ့သည်။ ထိုအရာအားလုံးသည် အသုံးဝင်သောပစ္စည်းများဖြစ်သော်လည်း သူတို့ကို ပြန်လည်ရောင်းချရန် မင်းကြိုးစားမယ်ဆိုလျှင် မတန်ပေ။ သူမ ပိုင်ဆိုင်သည့်တစ်ခုတည်းသောအရာမှာ မြို့လယ်ခေါင်တွင်တည်ရှိသော အိမ်ပင်ဖြစ်သည်။ ၎င်းအိမ်သည် ယွမ်သန်းအနည်းငယ်ခန့် တန်ကြေးရှိသည်။

 

ယွမ်သန်းနှစ်ဆယ်လျော်ကြေးတောင်းခံခြင်းဖြင့် အမျိုးသမီးဇာတ်လိုက်သည် သူမအလုပ်အား မပြီးမြောက်အောင်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

သူမ(အမျိုးသမီးဇာတ်လိုက်)သည် သူမ(ကျီချင်းချင်း)ကို သေလောက်အောင်ပင် ညှင်းဆဲရန် ကြိုးစားနေခြင်းသာဖြစ်သည်။

 

ဒီခန္ဓာကိုယ်၏မူလပိုင်ရှင်က ဒီပြဿနာကို ဘယ်လိုဖြေရှင်းခဲ့လဲ။

 

Oh.

 

သူမကို မကြာခင်ကမှ ချမ်းသာလာတဲ့ ဒုတိယမျိုးဆက်သခင်လေးက မကြာသေးမီက စွန့်ခွာသွားသောကြောင့် ဖျော်ဖြေရေးလုပ်ငန်းအသိုင်းအဝန်းတွင် ကျင်လည်နေသူအားလုံးက ကျီချင်းချင်း၏ အန္တရာယ်ဖြစ်အံ့ဆဲဆဲ အခြေအနေကို မြင်တွေ့ကြရန် စိတ်အားထက်သန်နေကြသည်။ ကျီချင်းချင်းသည် သူမ၏အားကိုးအားထားရာကို ဆုံးရှုံးခဲ့ပြီး သူတို့အပေါ်တွင် သူမကိုယ်သူမ အရှင်သခင်တစ်ပါးလို ဖိအားပေးနိုင်တော့မည် မဟုတ်ပေ။ သူမ၏ဇာတ်လမ်းထောက်ခံချက်များကို သူမထံမှ လုယူခဲ့ကြပြီး သူမသရုပ်‌ဆောင်သည့် အခန်းကဏ္ဍများကို အခြားသူများအား ပေးခဲ့ကြသည်။ အခု ဘယ်သူမဆို သူမအပေါ် ခြေနင်းနိုင်ခဲ့လေသည်။

 

ဝတ္ထုထဲတွင် ကျီချင်းချင်းသည် ရွေးချယ်စရာမရှိတဲ့လမ်းဆုံးကို ရောက်စဥ်အချိန်က လူလတ်ပိုင်း အဆီများပြီး အဝလွန်သောအမျိုးသားတစ်ဦးသည် သူမ၏ပြဿနာများကို ကူညီဖြေရှင်းပေးခဲ့သည်။

 

ကျီချင်းချင်းသည် ဒီဝတ္ထုထဲသို့ ကူးပြောင်းခံရရုံသာရှိသေး သူမဟာ အကြွေးများလို့ သူမခန္ဓာကိုယ်ကို ရောင်းချရလုနီးပါးဖြစ်နေခဲ့ပြီ။ သူမ၏မိဘများ၊ အဘိုးသာမက သူမ၏ပျက်စီးနေသော အစ်ကိုကြီးသည်လည်း သူတို့ကို ထောက်ပံ့ပေးရန် သူမအပေါ် မှီခိုနေရတာဖြစ်လေသည်။

 

မျက်လုံးကိုမှိတ်ကြည့်လိုက်ရင်း သူမသည် နိုးထလာချိန်တွင် အိမ်ကြီးအိမ်ကောင်းတစ်လုံးနှင့် ဇိမ်ခံကားတစ်စီးကို ပိုင်ဆိုင်ထားတာကို မြင်ယောင်ကြည့်မိသည်။ သူမ၏ကံကြမ္မာကို ချီးကျုးဂုဏ်ပြုရန် ဧည့်ခံပွဲတစ်ခုမပြုလုပ်မီ သူမသည် ယွမ်သန်းနှစ်ဆယ် အကြွေးပေးရန်ရှိကြောင်း အသိပေးခံရသည်။ ဒါ့အပြင် သူမ၏ခန္ဓာကိုယ်ကို ရောင်းချခြင်း (သို့မဟုတ်) လူလတ်ပိုင်း အဆီများပြီး အဝလွန်သောအမျိုးသားတစ်ဦး၏ ကစားစရာအဖြစ်သို့ရောက်ခြင်းတို့ရဲ့ အဆုံးသတ်ရွေးချယ်မှုကိုသာ သူမသည် ရွေးချယ်ခဲ့ရလေသည်။

 

ကျီချင်းချင်းသည် သူမမျက်လုံးများကိုမှိတ်ကျသွားပြီး သတိလစ်လုနီးပါးဖြစ်သွားခဲ့သည်။

 

ယွမ်သန်းနှစ်ဆယ်! သူမ ဘယ်လိုပိုက်ဆံအများကြီးကို ရှာနိုင်မှာလဲ။!

 

သူမသည် ဤမူလခန္ဓာကိုယ်ပိုင်ရှင်ပိုင်ပစ္စည်းများ၏တန်ဖိုးကို အကြမ်းဖျင်းတွက်ချက်ကြည့်လိုက်သည်။ သူမပိုင်ဆိုင်သည့် နာမည်ကြီးတစ်ကိုယ်‌ရေသုံးပစ္စည်းများနှင့် အိမ်ခြံမြေများကို ရောင်းချခဲ့လျှင်ပင် ယွမ်ဆယ်သန်းအထိသာ တိုးပွားရရှိလာလိမ့်မည်။ ဒါဟာ ယွမ်သန်းနှစ်ဆယ်ပြည့်မှီလုံလောက်ဖို့ရာ အဝေးကြီးဖြစ်သည်။

 

ကျီချင်းချင်းသည် မှန်ရှေ့တွင်ရပ်၍ မှန်ထဲက အမျိုးသမီးအား ကြည့်လိုက်သည်။ မိတ်ကပ်မပါပဲနှင့်ပင် ထိုမျက်နှာသည် TVထဲမှမင်းသမီးများထက်ပင် အဆတစ်ရာပိုလှလေသည်။ ထို့ကြောင့် သူမသည် သေရမည့်အစား ‌သူမ ခန္ဓာကိုယ်ကို ရောင်းချလိုက်တာဖြစ်လိမ့်မယ်။

 

ဒီလိုမှမဟုတ်ရင် သူမက ဒီလိုပုတ်ပွနေတဲ့နေရာမျိုးကို ရောက်လိမ့်မည် မဟုတ်ပေ။

 

“မင်း ပိုက်ဆံအတွက် အရေးတကြီးလိုအပ်နေလား။“

 

TVကနေ ငွေချေးလုပ်ငန်းစီးပွားရေးကြော်ငြာသည့်အသံဟာ ထွက်ပေါ်လာခဲ့တယ်။

 

“ငါပြောသမျှကို မင်းလုပ်နေသရွေ့ မင်းဘဝတစ်သက်တာလုံး သုံးစွဲနိုင်တာထက် ပိုများတဲ့ငွေပမာဏကို ရရှိလိမ့်မယ်။”

 

“ပထမဦးစွာ Financially Ruined Appကို downloadဆွဲပါ။ အဆင့်တစ်ဆင့်သာ လိုအပ်ပါတယ်။ မင်း ချေးယူလိုသည့်ငွေပမာဏကိုသာ ရိုက်ထည့်လိုက်ပါ။ ပြီးရင် မင်းဘဝတစ်သက်တာလုံး သုံးစွဲနိုင်မယ့်ငွေပမာဏကို ရရှိပါလိမ့်မယ်။”

ကျီချင်းချင်း : ...

 

ဘယ်လိုမှော်ကမ္ဘာမျိုးလဲ။

 

“မင်း ပိုက်ဆံအတွက် အရေးတကြီးလိုအပ်နေလား။”

 

“လုလီရှင်းသည် ငွေကြေးများစွာချမ်းသာသည့်မိသားစုမှဖြစ်တယ်။ ဒါပေမယ့် သူ့ကိုသတ်မှတ်ပေးထားတဲ့လူ့ဘဝသက်တမ်းဟာ ကုန်ဆုံးတော့မယ်။ မင်းသာ သူ့ကိုလက်ထပ်လိုက်မယ်ဆိုရင် သူ့ရဲ့အလွန်များစွာသောအမွေပစ္စည်းကို မင်း ရရှိလိမ့်မယ်။”

 

...? စီးပွားရေးကြော်ငြာထဲလိုအသံရဲ့ စကားများဟာ ဆန်းကြယ်လွန်းတယ်။

 

ကျီချင်းချင်းသည် လှည့်ပတ်ကြည့်လိုက်သည်။ TV screenဟာ မည်းမှောင်နေဆဲပင်။

 

“မကြာခင်မှာ လုလီရှင်းက သေဆုံးတော့မယ်။ မင်း သူ့ကို လက်ထပ်လိုက်မယ်ဆိုရင် မင်း သူ့ရဲ့များပြားလှတဲ့စည်းစိမ်တွေကို အမွေရရှိလိမ့်မယ်။”

 

ဘယ်သူလဲ။ ကျီချင်းချင်း၏အသံသည် အခန်းလွတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

 

“ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ။ ငါက မင်းရဲ့စနစ်ပါ။ ငါ မင်းရဲ့လက်ရှိတွေ့ကြုံနေရတဲ့ပြဿနာကနေ စတင်ပြီး မင်းကို ကူညီလမ်းပြပေးမှာပါ။ မင်း ငါ့ကို Little Aလို့ခေါ်နိုင်ပါတယ်။”

 

“Little A? အဲ့တာက ဘာတွေကိုလုပ်ရမှာလဲ

 

“တိတိကျကျပြောရမယ်ဆိုရင် မင်းး ဒီကမ္ဘာကိုရောက်လာရတဲ့အကြောင်းအရင်းက ငါ မင်းကို ဒီကမ္ဘာကိုခေါ်လာခဲ့လို့ပဲ။”

 

ကျီချင်းချင်း၏သွားဖုံးများတောင် စိတ်တိုလွန်းလို့ တုန်ယင်သွားခဲ့သည်။ “ငါ့ရဲ့ ဒီပြဿနာကို ကူညီလမ်းပြပေးဖို့ မင်းရဲ့အကူအညီမလိုဘူး။ ငါ့ပြဿနာကို ငါ လွယ်လွယ်ကူကူဖြေရှင်းနိုင်တယ်။ မင်း ငါ့ကို အိမ်ကိုသာ ပြန်ပို့ပေး”