အခန်း၄
Viewers 14k

အခန်း(၄)

 

လူအိုကြီးသည် ထိုစာရွက်ကို နောက်တဖန် ပြန်ဖတ်ကြည့်လိုက်ပြီးတော့ မာန်ပါသည့် အသံကျယ်ကျယ်ဖြင့် သူမကို သွားရှာခဲ့ ဟု ပြောလိုက်သည်။

 

ထိုလူသည် မသေချာမရေရာသလိုမျိုး ခံစားလိုက်ရသည်။ အရှင်သခင်ဝမ်ရဲ့စကားတွေက မှန်တယ်လို့ ခင်ဗျား ဘယ်လိုသေချာနေရတာလဲ

 

လူအိုကြီးသည် သူ့မျက်လုံးများကို မှိတ်လိုက်သည်။ သူ့လက်မှာ ကိုင်ထားသော စိတ်ပုတီးမှ ပုတီးစေ့များကို တစ်လုံးချင်းစီ စိတ်နေခဲ့လေသည်။ သူက သဘာဝလွန်အကြောင်းအရာများကို ယုံကြည်သူတစ်ဦးမဟုတ်သော်လည်း လူကြီးများအိုမင်းလာသည့်အခါ သုတို့၏စိတ်နှလုံးကို အေးချမ်းတည်ငြိမ်စေသည့် နည်းလမ်းများကို ရှာဖွေ့လေ့ရှိကြသည်။

 

အရှင်သခင်ဝမ်ရဲ့အကြံပေးချက်က လုပေချွမ်ကို တစ်နှစ်ကြာ ကိုမာဝင်နေရာကနေ နိုးထလာစေခဲ့တယ်။ သူက လုမိသားစုကို ရီအိမ်တော်ရဲ့သမီးနဲ့ လုပေချွမ်ကို လက်ထပ်ပေးဖို့ အကြံပေးခဲ့တယ်။ သူတို့နှစ်ဦးကို လက်ထပ်ပေးပြီး တစ်လအကြာမှာ လုပေချွမ် ကိုမာဝင်ရာကနေ ပြန်နိုးလာခဲ့တယ်။ ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေ တည်ရှိနေတယ်လို့ ယုံကြည်တာက ကောင်းပါတယ်။

 

ထိုလူဟာ ခေါင်းညိမ့်အရိုအသေပေးပြီး ထွက်ခွာသွားခဲ့သည်။

 

လုခေါင်းဆောင်ဟောင်းသည် ပုတီးကို အကြိမ်ပေါင်းများစွာ စိတ်ပြီးချိန်တွင် စင်္ကြံတွင် စနစ်တကျလျှောက်လာသော ခြေသံများကို ကြားလိုက်ရသည်။ လူအိုကြီးသည် ပုတီးစိတ်နေတာကို ရပ်တန့်လိုက်ပြီးနောက် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။သူ့မျက်စိရှေ့တွင် ရပ်တန့်နေသော မိန်းမငယ်ကို တွေ့လိုက်ရသည်။

 

မင်းက ကျီချင်းချင်းလား လူအိုကြီး၏မျက်လုံးများသည် မီးရှူးတိုင်ကဲ့သို့ စူးရှနေပြီး သူမကို စိုက်ကြည့်နေခဲ့သည်။ သူ့မှာ အတွေ့အကြုံများစွာရှိပြီး အခက်အခဲများအားလုံးကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။

 

ဟုတ်တယ် ကျွန်မပါ

 

လုခေါင်းဆောင်ဟောင်းသည် အထူးလူနာကြပ်မတ်ကုသဆောင်ကို လက်ညှိုးညွှန်ပြလိုက်သည်။ ငါ့မြေးက အဲ့အခန်းထဲမှာ လဲနေတယ်။ သူ့နာမည်က လုလီရှင်းလို့ ခေါ်တယ်။ လွန်ခဲ့တဲ့တစ်လလောက်က သူ ယာဉ်မတော်တဆမှုတစ်ခုကြောင့် ဒဏ်ရာအကြီးအကျယ် ရခဲ့တယ်။ အဲဒီအချိန်ကနေစပြီး သူ ကိုမာဝင်သွားခဲ့တယ်။ အရှင်သခင်ဝမ်က သူ မင်းကို လက်ထပ်လိုက်တာနဲ့ သူ အန္တရာယ်ရှိနေတဲ့ အခြေအနကနေ ပြန်လည်ကောင်းမွန်နိုးထလာလိမ့်မယ်လို့ ပြောခဲ့တယ်။ မစ်ကျီ ငါဆိုလိုချင်တဲ့အဓိပ္ပာယ်ကို မင်း ရှင်းရှင်းလင်းလင်းနားလည်မယ်လို့ ငါ ထင်ပါတယ်။

 

ကျီချင်းချင်းသည် နားလည်ကြောင်း ခေါင်းညိမ့်ပြလိုက်သည်။ လုခေါင်းဆောင်ဟောင်းသည် သူ့မြေးဆီသို့ ဒီလက်ထပ်ထိမ်းမြားခြင်းကနေ ကံကောင်းမှုများ ယူဆောင်လာလိမ့်မယ်လို့ ဆိုလိုတာ ဖြစ်သည်။

 

ထိုလူအိုကြီးသည် ကြိုးအဆုံးသို့ရောက်ရှိနေခဲ့ပြီး သူ့စိတ်ထဲမှာ ကောင်းတာမှန်သမျှကို လုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့သည်။

 

ကျွန်မ နားလည်ပါတယ်

 

မင်းရဲ့အချက်အလက်တွေနဲ့ နောက်ခံအကြောင်းအရာတွေ အကုန်လုံးကို ငါ သိထားပြီးပြီ။ ငါ မင်းကို ငါ့မြေးနဲ့လက်ထပ်ဖို့ ဆန္ဒရှိမရှိ မေးချင်တဲ့အတွက်ကြောင့် ဒီနေ့ မင်းကို ငါ့ဆီ ခေါ်လာဖို့ စေခိုင်းခဲ့တာပဲ။

 

သဘောတူလိုက်… မြန်မြန် သဘောတူလိုက် မင်း အချိန်ဖြုန်းမနေနဲ့။ လုလီရှင်းက သေတော့မှာ။ မင်းရဲ့အကြွေး ယွမ်သန်းနှစ်ဆယ်အကြောင်းကို တွေးကြည့်လိုက်။ အကယ်၍ မင်း ယွမ်ဘီလီယံတစ်ရာ ပိုင်ဆိုင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ကို လက်ထပ်လိုက်မယ်ဆိုရင် မင်း ပိုက်ဆံအတွက်နဲ့ စိုးရိမ်ပူပန်နေစရာ မလိုတော့ဘူး။ ဒါ့အပြင် သူက မကြာခင်မှာ သေတော့မှာပဲလေ။ ဒါက မင်း သူနဲ့အတူ အိပ်ရာဝင်ဖို့လည်း မလိုအပ်နိုင်ဘူး။ မင်းအနေနှင့် မစ်လုအဖြစ်သို့ ပြောင်းလဲရသည့်အတွက် ယွမ်ဘီလီယံတစ်ရာကို ပြန်ရပြီးတော့ မင်းမှာ အရှုံးမရှိနိုင်ဘူး။ သူ့ကို လက်ထပ်လိုက်ပြီး ကဏန်းတစ်ကောင်လို ဘေးတိုက်ပဲ သွားဖို့ လိုလိမ့်မယ်။ မင်း ရှေ့တိုးရန် ဒါမှမဟုတ် နောက်ဆုတ်ရန် မလိုအပ်တော့ဘူး။ ဒီအရာက အလွန်ကောင်းမွန်တဲ့ အခွင့်အလမ်းဖြစ်တယ်။ ဒါက မင်းအတွက် ဆုံးရှုံးမှု မရှိနိုင်ဘူး။”

 

“အကယ်၍ မင်း ငါ့မြေးကို လက်ထပ်မယ်ဆိုရင် ငါ မင်းရဲ့တရားစွဲဆိုမှု ဖြေရှင်းပေးမယ်။”

 

လုခေါင်‌းဆောင်ဟောင်းသည် သူ ယခုလက်ရှိအချိန်ထိ မရေတွက်နိုင်သော လူများစွာကို တွေ့မြင်ခဲ့ရသည်။ သူတို့၏မျက်လုံးများက သူ့တို့၏စရိုက်နှင့်ပတ်သက်၍ အမှန်တရားများကို အမြဲပြောခဲ့သည်။ ဤ ကျီချင်းချင်းရဲ့မျက်လုံးတွေက တောက်ပကြည်လင်ပြတ်သားနေပြီးတော့ သူမ၏သဘောထားဟာ ကျိုနွံမှုရှိသည်။ သူမအကြောင်း အွန်လိုင်းသတင်းများက မမှန်ကန်ပုံရသည်။

 

ကျီချင်းချင်း၏နှလုံးသားဟာ တုန်လှုပ်နေခဲ့သည်။

 

သူမ ဘာကို အမြဲ စိုးရိမ်နေရတာလဲ။

 

ဒါ တရားစွဲဆိုခံရမှုပဲ။

 

အကယ်၍ သူမ ယွမ်သန်းနှစ်ဆယ် မပေးနိုင်လျှင် သူမ ထောင်ထဲသို့ သွားရပေမည်။ မူလကျီချင်းချင်းသည် ချမ်းသာကြွယ်ဝသောလူတစ်ဦး၏ အပျော်ကစားစရာလေးဖြစ်လာခဲ့ပြီး ယွမ်သန်းနှစ်ဆယ်ရခဲ့သည်။

 

လူအိုကြီး၏စကားများက လှုံဆော်နိုင်လွန်းလှသည်။ ယခု သူမက မူလကျီချင်းချင်း၏အကြွေး ယွမ်သန်းနှစ်ဆယ်ကို သယ်ဆောင်နေလျှက်ရှိပြီး အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ကို ဆန့်ကျင်နေသူလည်း ဖြစ်သည်။ အကယ်၍ သူမသည် သူမ၏ကံကြမ္မာကို ပြောင်းလဲလိုပါက အလွန်ခက်ခဲပေလိမ့်မည်။

ထို့အပြင် ဖျော်ဖြေရေးလုပ်ငန်းသည် ခိုင်မာသောနောက်ခံမရှိသူတစ်ယောက် သို့မဟုတ် ကျောထောက်နောက်ခံမရှိသောသူတစ်ယောက် နေထိုင်နိုင်မည့် နေရာတစ်ခုလား။

 

မူလကျီချင်းချင်း၏စိတ်ဆင်းရဲဖွယ်နိဂုံးကို စဥ်းစားမိသောအခါ ကျီချင်းချင်းသည် မျက်လုံးမှိတ်ပြီး အတွေးများနေခဲ့သည်။ အခြေအနေက ဒီအထိ ရောက်နေပြီပဲ။ သူမ နောက်ထပ် ဘာများ လုပ်နိုင်မှာလဲ။ အကယ်၍ သူမသည် ချစ်ခြင်းမေတ္တာကြောင့် လက်ထပ်ခြင်းမပြုနိုင်ပါက ငွေရေးကြေးရေးအရ လက်ထပ်ထိမ်းမြားခြင်းအားဖြင့် သူမအခြေအနေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ပေမည်။

 

ထို့အပြင် Little Aပြောခဲ့သည့်အတိုင်းပင် သူမသည် မုဆိုးမဖြစ်သွားသည့်အခါ ရရှိနိုင်မည့် ယွမ်ဘီလီယံတစ်ရာကို အမွေဆက်ခံရန် အရှုံးမပေးနိုင်ပေ။

 

“လက်ထပ်ထိမ်းမြားက အရေးကြီးတဲ့ကိစ္စဖြစ်ပြီး ပေါ့ပေါ့တန်တန်သဘောမထားသင့်မှန်း ငါ နားလည်တယ်။ ဒါ့ကြောင့် မင်း စဥ်းစားဖို့ အချိန်ယူပါ။”

 

စင်္ကြံလမ်းက တိတ်ဆိတ်နေခဲ့သည်။ ကျီချင်းချင်းသည် သူမနှလုံးခုန်သံကို သူမကိုယ်တိုင် ပြန်ကြားနေရပြီးတော့ သူမကို ဆုံးဖြတ်ချရန် တိုက်တွန်းသည့်ပုံပင်။

 

“တစ်ခါက ချမ်းသာကြွယ်ဝမယ့်အိမ်ထောင်ရေးကို ငါ့ရှေ့မှောက်မှာ ရရှိခဲ့ပေမယ့် ငါ တန်ဖိုးမထားခဲ့ဘူး။ အဲဒီအခွင့်အလမ်းကို ဆုံးရှုံးလိုက်ရ‌တော့မှသာ ငါ အရမ်းနောင်တရမိလိမ့်မယ်။ အဲဒီအခွင့်အလမ်းကို ဆုံးရှုံးလိုက်ရတာက အနာကျင်ဆုံးပဲ။ ယွမ်ဘီလီယံတစ်ရာကို ရရှိမယ့် နတ်ဘုရားအခွင့်အလမ်းကို နောက်တစ်ကြိမ်ရရှိနိုင်မယ်လို့ ငါ ပြောနိုင်ပါ့မလား။ ငါ ပြောနိုင်ပါ့မလား…”

 

ကျွန်မ ဆန္ဒရှိပါတယ်။

 

တစ်ယောက်ယောက်က သူမကို ဘောပင်တစ်ချောင်း ကမ်းပေးလိုက်သည်။ စာရွက်အောက်ခြေမှာ လက်မှတ်ထိုးဖို့ မျဉ်းကြောင်းတစ်ခု ရှိလေသည်။

 

ကျီချင်းချင်းသည် အသက်ကို ပုံမှန်ရှုကာ သူမလက်တွေ မတုန်စေရန် သူမကိုယ်သူမ ဖိအားပေးခဲ့သည်။

 

မင်း ဒီနေရာမှာ လက်မှတ်ထိုးပြီးတာနဲ့ မင်းက ငါ့မြေးချွေးမ ဖြစ်လာလိမ့်မယ်။

 

ကျီချင်းချင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဘောပင်ကို ကောက်ကိုင်ကာ သူမနာမည်ကို ချရေးလိုက်ပြီး လက်မှတ်ရေးထိုးခဲ့သည်။

 

“Bingo! မစ်ရှင်ပြီးပြီ။ မကြာခင် မင်းမှာ သားတစ်ယောက်ရလာမယ်လို့ မျှော်လင့်မိပါတယ်။

 

Eng Translator Ramblings: Lol, လှည့်စားတတ်တဲ့ systemပဲ။