အခန်း၅
Viewers 16k

အခန်း(၅)

 

အခန်းက တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲပင်။ တိတ်ဆိတ်လွန်းသောကြောင့် အီးစီဂျီစက်မှ ဘိ ဘိ ဟုမြည်နေသောအသံများကိုပင် အလွယ်တကူ ကြားနိုင်သည်။ ပြတင်းပေါက်‌ရှေ့တွင် အပင်အနည်းငယ် ရှိလေသည်။ နေရောင်ခြည်အောက်၌ ထိုအပင်များသည် စွဲမက်ကောင်းလောက်အောင် စိမ်းစိုနေကြသည်။

 

ကျီချင်းချင်းသည် လူနာကုတင်အနားသို့ ချည်းကပ်သွားပြီး ကုတင်ပေါ်မှ စိုးရိမ်ရသည့်အခြေအနေရှိပြီး သေလုနီးပါးဖြစ်နေသော အမျိုးသားကို ကြည့်လိုက်သည်။ သူမသည် သူ့အပေါ် မယှဉ်သာစွာစာနာမှုရှိသလို ခံစားခဲ့ရသည်။

 

ဝတ္ထုထဲ၌ ထိုလူသည် နောက်ရက်အနည်းငယ်အတွင်းမှာပင် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် အမျိုးသားဇာတ်လိုက်သည် ဆင်းရဲနွမ်းပါးသူအဖြစ် ရုပ်ဖျက်နေထိုင်ခြင်းကို စွန့်လွှတ်ပြီး လုမိသားစုသို့ ပြန်လာခဲ့ရသည်။

 

သူမရှေ့မှာ လဲလျောင်းနေသော အမျိုးသားသည် ထူးချွန်သော်လည်း သူက မည်မျှပင် ထူးချွန်စေကာမူ အရေးမကြီးသကဲ့သို့ပင် သူသည် သေဆုံးခြင်းကိုတော့ မလွန်ဆန်နိုင်သေးပါ။

 

လွန်ခဲ့သောသုံးရက်က သူ့လိုတူညီသောအခြေအနေမျိုးနှင့် လူအများစုသည် ဤကဲ့သို့သော အခြေအနေမျိုး၌ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပါ။ သို့သော်လည်း သူကတော့ ခေါင်းမာစွာ တစ်လပင် ကြာခဲ့လေပြီ။

 

ဒီအမျိုးသားမှာ ယွမ်တစ်ရာဘီလီယံ ရှိတယ်။ ငွေကြေးက အသက်ကို မကယ်နိုင်ပေမယ့် သူ့ကို သေခြင်းကနေ ကယ်တင်ပေးနိုင်ဖို့ သူတို့တတ်နိုင်သမျှ ကုသပေးနိုင်မယ့် မရေမတွက်နိုင်တဲ့ အထူးကုတွေကို ငှားရမ်းနိုင်တယ်။ ဒီငွေကပဲ သူ့ကို အထူးကြပ်မတ်ဆောင်မှာ တစ်လကြာအောင် ရှင်သန်ခွင့်ပေးခဲ့တယ်။

 

ဒီနေ့ မင်းသေသွားမယ်ဆိုရင်တောင် မင်းနဲ့အတူ ပိုက်ဆံတွေကို မယူသွားနိုင်ပေမယ့် အဲ့တာက အရေးကြီးတုန်းပဲဆိုတာကို မင်း တွေ့နိုင်ပါတယ်။

 

ကျီချင်းချင်းသည် သူ့ကုတင်ဘေးမှာ ထိုင်နေခဲ့သည်။ ခိုင်မာသောအသွင်အပြင်နှင့် သူ့ရဲ့လက်ရာမြောက်သောမျက်နှာလေးကို ကြည့်မိသောအခါတွင် ဖန်ဆင်းရှင်က အံ့သြဖွယ်ရာလိုပင် သူမသည် တစ်ဖန် သက်ပြင်းချလိုက်မိပြန်သည်။

 

ဒီလောက်ခန့်ညားပြီး‌ချောမောသည့် အမျိုးသားတစ်ယောက်က မည်သည့်အမျိုးသမီးကိုမဆို သူက လှုံ့ဆော်ပေးနိုင်လိမ့်မည်နည်း။ ဟုတ်တယ်မလား”

 

ထူးဆန်းသောအခြေအနေများ၏ ပေါင်းစပ်မှုကြောင့် ဒီအမျိုးသားဟာ သူမခင်ပွန်း ဖြစ်လာခဲ့သည်။ ကျီချင်းချင်းသည် သူမအတွက် အံ့သြဖွယ်ကောင်းတဲ့အိမ်မက်တစ်ခု မက်နေရသလိုမျိုး ခံစားနေရသည်။

 

“ရှင် စိတ်ပူပန်စရာမလိုပဲ သေသွားနိုင်တယ်။ ကျွန်မ ရှင့်အစား ရှင့်အဖိုးကို ပြုစုဖို့အတွက် နေရာယူပေးပါ့မယ်။ ကျွန်မ သူ အသက်အရွယ်ကြီးရင့်လာတဲ့အခါကျရင် ဂရုစိုက်ပေးပါ့မယ်”

 

မှိတ်ထားသော သူ့မျက်ခွံအောက်မှ သူ့မျက်လုံးများဟာ ရွေ့လျားသွားသလို သူ့မျက်ခုံးများဟာလည်း တွန့်သွားခဲ့သည်။ ခဏအကြာမှာပင် သူ့မျက်လုံးများဟာ ပွင့်ဟလာခဲ့သည်။ အလင်းရောင်၏တောက်ပမှုကြောင့် သူ့မျက်လုံးများဟာ အပြည့်အဝ မဖွင့်နိုင်ခဲ့ပေ။ မျက်လုံးတစ်ခြမ်း ပွင့်လာခဲ့ပြီး ကျီချင်းချင်းကို မသိမသာ ကြည့်လိုက်သည်။

 

ထိုပင်ပန်းနွမ်းနယ်နေသောမျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်သောအခါ ကျီချင်းချင်းသည် ရုတ်တရတ် မှင်သက်သွားခဲ့သည်။

 

သူ နိုးလာပြီလား။

 

“ရှင်… ရှင် နိုးလာပြီလား”

 

ကျီချင်းချင်းသည် သူ့ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ သူမဟာ ထိတ်လန့်တုန်လှုပ်စွာဖြင့် မတ်တပ်ရပ်ရင်း ပြောလိုက်သည်။ “စိတ်မပူနဲ့။ ကျွန်မ ရှင့်အဖိုးကို အခုချက်ချင်း ခေါ်ပေးမယ်”

 

ဒီအမျိုးသားဟာ အပြင်းအထန် ဒဏ်ရာရထားသည်။ ဆရာဝန်က သူ့ရဲ့အဓိကအင်္ဂါအစိတ်အပိုင်းတွေ ချို့ယွင်းနေခဲ့ပြီလို့ ပြောခဲ့သည်။ ဖြစ်ကောင်းဖြစ်နိုင်တာက သူက နောက်ရက်အနည်းငယ်အတွင်းမှာပင် သေဆုံးသွားနိုင်လိမ့်မည်။

 

သူ ကိုမာဝင်နေခဲ့တာ တစ်လခန့်ရှိပြီ။ ကျီချင်းချင်းက ယခုအချိန်မှာ သူက မသေမီ နောက်ဆုံးမီးတောက်လှုပ်ရှားမှုအဖြစ် နိုးထလာခဲ့သည်ဟု ယူဆထားလေသည်။

 

ကျီချင်းချင်း တံခါးမဖွင့်ခင်မှာ ထိုအမျိုသား၏နာကျင်နေတဲ့ ညည်းသံကို ထွက်ပေါ်လာခဲ့သည်။ ခဏအကြာမှာပင် အီးစီဂျီစက်မှ ရှည်လျားသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် သူမနားအား ဖြတ်တောက်သွားသလို ခံစားလိုက်ရသည်။

 

အီးစီဂျီမော်နီတာပေါ်မှာ တည်ငြိမ်နေသောမျဥ်းဟာ ရှေ့သို့ ဆက်သွားနေသည်။

 

ထိုလူသည် သတိလစ်သွားပြန်သည်။

 

“ဆရာဝန်” ကျီချင်းချင်းသည် အပြင်ဖက်စင်္ကြံသို့ ဦးတည်ခေါ်လိုက်သည်။

 

ဆရာဝန်နှင့် သူနာပြုများသည် အခန်းထဲသို့ အမြန်ပြေးဝင်လာကြသည်။ “မြန်မြန် သူ အခုချက်ချင်း ကုသမှုခံယူဖို့လိုနေပြီ”

 

“နှလုံးခုန်သံ မကြားရတော့ဘူး”

 

“နှလုံးခုန်စက် ပြင်ဆင်ထားပေးပါ”

 

ကျီချင်းချင်းသည် မော်နီတာပေါ်ရှိ မျဥ်းဖြောင့်ကို ငေးကြည့်နေသည်။ ခဏလေးအတွင်းမှာပင် သူမစိတ်ဟာ ဗလာဖြစ်သွားခဲ့သည်။

 

ဒီလူက သူမရှေ့မှာ သေဆုံးသွားခဲ့ပြီလား။

 

လွန်ခဲ့သောအခိုက်အတန့်မှာပင် ဒီအမျိုးသားဟာ အသက်ရှုနေခဲ့ပြီး နှလုံးခုန်နေသေးသည်။ တစ်မိနစ်အတွင်းမှာပင် သူ သေဆုံးသွားခဲ့ပြီလား။

 

ကျီချင်းချင်း၏ဦးနှောက်ဟာ လုံးဝဗလာဖြစ်သွားခဲ့သည်။ သူမစိတ်အတွေးတွေသည် အီးစီဂျီမှအစောပိုင်းက စူးရှသောအသံနှင့် ပြည့်နှက်နေခဲ့သည်။ စူးရှသောအသံများကို ကြားနေရသော လူတစ်ဦးသည် မထိတ်လန့်ပဲမနေနိုင်ပါ။

 

နောက်ထပ်သူနာပြုသုံးဦးလည်း အခန်းထဲသို့ ဝင်လာခဲ့ပြန်သည်။ ဒီလိုဗျာများနေသော အခိုက်အတန့်တွင် သူနာပြုတစ်ဦးသည် ကျီချင်းချင်းကို တိုက်မိသွားပြီး သူမကို ကုတင်ပေါ်မှလူဆီသို့ လဲကျသွားစေခဲ့သည်။

 

လူတိုင်းဟာ ဖျော့တော့သွားကုန်သည်။

 

“ကျီမိန်းကလေး ကျေးဇူးပြုပြီး ထွက်သွားပေးပါ…”

 

Beep, beep, beep.

 

ကျီချင်းချင်းသည် ထိုအမျိုးသားပေါ်သို့ လဲကျနေဆဲမှာပင် အီးစီဂျီမော်နီတာပေါ်ရှိ မျဥ်းဖြောင့်ဟာ ထူးဆန်းစွာ ပြန်ခုန်လာခဲ့သည်။ တဖြည်းဖြည်းနဲ့ မော်နီတာက ပုံမှန်နှလုံးခုန်သည့်လုပ်ရှားမှုကို ပြသလာသည်။ သေခြင်းတံခါးဝမှာ တစ်လလောက် ရုန်းကန်ခဲ့ရတဲ့အမျိုးသားက သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ထပ်ဖွင့်လာခဲ့ပြန်တယ်။ သူဟာ ထပ်မံ၍ အသက်ရှင်လာခဲ့သည်။

 

“ငါ မင်းကို ပြောခဲ့တယိလေ။ မင်းနဲ့ ကျီချင်းချင်းကြား ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုရှိနေသရွေ့ မင်း အသက်ဆက်ရှင်နိုင်လိမ့်မယ်”

 

ကျီချင်းချင်း၏စိတ်ထဲတွင် ပေါ်လာခဲ့သော အသံသွင်းထားသည့်စက်သံလိုမျိုး အသံက ယခု သေရာမှ ပြန်လည်အသက်ရှင်လာသော လုလီရှင်း၏စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။

 

ယခင်ဆယ်မိနစ်ကို ပြန်သွားကြည့်မယ်ဆိုရင်...

 

အခန်းအပြင်ဖက်မှာ ကျီချင်းချင်းသည် သူမနာမည်အောက်၌ လက်မှတ်ထိုးနေစဥ်တွင် လုလီရှင်း၏လက်ချောင်းများဟာ အနည်းငယ် လှုပ်သွားခဲ့သည်။

 

ထိုအမျိုးသားသည် သတ်မှတ်ထားသော လူ့သက်တမ်းကုန်ဆုံးရန် နီးကပ်လာချိန်တွင် သူ့ဦးနှောက်အတွင်း၌ အသံသွင်းထားသည့်စက်သံလိုမျိုး အသံတစ်ခု ပေါ်ထွက်လာခဲ့သည်။

 

“... ကျီချင်းချင်းက ငယ်ရွယ်ပြီးလှပတယ်။ သူမက ဖြတ်လတ်တက်ကြွတယ်။ အကယ်၍ မင်းသာ သူမနဲ့ လက်ထပ်လိုက်မယ်ဆိုရင် မင်း အသက်ဆက်ရှင်နိုင်လိမ့်မယ်”