အခန်း(၆)
လုမိသားစုသည် သဘာဝလွန်ကိစ္စများကို ယုံကြည်သည့် အလေ့အထ မရှိခဲ့ပါ။
လုလီရှင်းသည် မဟာဘွဲ့ရပညာတတ်တစ်ဦးဖြစ်ပြီး ဤအသံက ကားမတော်တဆမှုကြောင့်
သွေးလေခြောက်ခြားပြီး ထင်ယောင်ထင်မှားကြားနေရသည်ဟု ယုံကြည်မိလေသည်။
“မင်းခန္ဓာကိုယ်အဓိကအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေ တစ်ခုပြီးတစ်ခု
ရပ်တန့်နေပြီ။ မင်းဇနီးကျီချင်းချင်းနဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမရှိရင်
နောက်ဆယ်မိနစ်အတွင်းမှာ မင်းကိုယ်တွင်းအင်္ဂါတွေ ချို့ယွင်းလာတာကို တွေ့ရလိမ့်မယ်။
မင်းအတွက် သေခြင်းတရားက စောင့်ကြိုနေလိမ့်မယ်”
လုလီရှင်းက သူ့အခြေအနေကို သူကောင်းကောင်းနားလည်တယ်။ အခုတောင် သူ
အသက်ရှုရခက်ခဲနေတယ်။ လုလီရှင်းသည် အန္တရာယ်များသောအခြေအနေတွင် ပိတ်မိနေပြီးတော့
၎င်းအခြေအနေမှ ခြေတစ်လှမ်းတောင် မကျော်ဖြတ်နိုင်ခဲ့ဘူး။
သူ့မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သောအခါ စူးရှအလင်းရောင်ကြောင့်
သူ မျက်လုံးကိုမှေးပြီးသာ ကြည့်နိုင်သည်။ သူ့အိပ်ရာဘေးမှာ ထိုင်နေသော
အမျိုးသမီးးတစ်ယောက်ကို သူတွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် မည်သည့်မာယာမှမပါပဲ ဒီအတိုင်းလေးသာ ရှိနေသည်။
သူမ၏နက်မှောင်နေသော မျက်ဝန်းများသည် သူမ၏စိတ်လှုပ်ရှားနေသောစိတ်အခြေအနေကို
ဖော်ပြနေသည်။
အမျိုးသမီး၏လက်က သူ့အိပ်ရာဘေးဖက်ကို ဆုပ်ကိုင်ထားသည်။ သူမ၏လက်သည်
သူလက်ဆန့်ထုတ်နိုင်သည့် လက်တစ်ကမ်းအကွာတွင် ရှိသည်။
“သေဆုံးခါနီး သတိပေးချက်။ နောက်မိနစ်အတွင်းမှာ ကျေးဇူးပြုပြီး
မင်းဇနီးကျီချင်းချင်းနဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု တစ်ခုခုလုပ်ပါ။ မဟုတ်ရင်
ခင်ဗျားရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းလုပ်ဆောင်ချက်တွေ ကျဆင်းလာတာကို
တွေ့ရပါလိမ့်မယ်”
“ရှင်… သတိရလာပြီလား”
“စိတ်မပူနဲ့နော်။ ကျွန်မ ရှင့်အဖိုးကို ခေါ်လိုက်မယ်”
“နောက်ဆုံးစက္ကန့်သုံးဆယ်”
“အမ်…” လုလီရှင်းသည် ညည်းညူလိုက်သည်။ တစ်ခဏလေးမှာပင် သူ့အသားအရေနှင့်အရိုးများ
တစ်လက်မတိုင်းကနေ နာကျင်မှုများ စိမ့်ထွက်လာခဲ့သည်။ သူမသည် ဒီနာကျင်မှုမျိုးကို
မခံနိုင်ပါ။ သူသည် အကူအညီမဲ့စွာ တုန်လှုပ်နေရုံသာ တတ်နိုင်သည်။
ချက်ချင်းပင် ကြီးမားသောဆွဲငင်အားတစ်ခုသည် ပင်ပန်းနွမ်းနယ်နေသော သူ့ဝိညာဥ်ကို
အမှောင်ထုထဲသို့ ဆွဲယူနေသကဲ့သသို့ ခံစားရသည်။
သူ့မျက်လုံးတွေကို မှိတ်ထားလိုက်သည်။
သူ အရမ်းပင်ပန်းနေပြီ။
အရာအားလုံးကို အာရုံစိုက်ဖို့ မတတ်နိုင်တော့ပါ။ ကျီချင်းချင်း၏ထိတ်လန့်တကြား
“ဆရာဝန်”ကို အော်ခေါ်သံကိုသာ ကြားရတော့သည်။
ပြေလွှားလာသော ခြေသံသဲ့သဲ့များ ထွက်ပေါ်လာခဲ့သည်။.
“မြန်မြန် သူ အခုချက်ချင်း ကုသမှုခံယူဖို့ လိုနေပြီ”
“နှလုံးခုန်သံ မကြားရတော့ဘူး”
“နှလုံးခုန်စက်ကို အသင့်ပြင်ထားပေးပါ”
Bzzz.
လုလီရှင်းသည် သူ့ခန္ဓာကိုယ်က ငှက်မွှေးလေးကဲ့သို့ ပေါ့ပါးသွားသလို
ခံစားလိုက်ရသည်။ သူသည် ဤဆူညံပွက်လောရိုက်နေသောကမ္ဘာမှ ထွက်ခွာသွားပုံရသည်။
ထိုနောက်ဆုံးစက္ကန့်ပိုင်း၌ သူ့အာရုံများ ဆုံးရှုံးလုနီးပါးဖြစ်သွားချိန်တွင်
တစ်စုံတစ်ယောက်က သူ့ကိုပွေ့ဖက်လိုက်ပြီး သူ့ဝိညာဥ်ကို သူ့ခန္ဓာကိုယ်နှင့်
ချည်နှောင်လိုက်ပုံရလေသည်။
“ကျီမိန်းကလေး… ကျေးဇူးပြုပြီး ထွက်သွားပေးပါ…”
“ကျီချင်းချင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုရှိရန် လုပ်ငန်းစဥ်
ပြီးမြောက်ပါပြီ။ ၀.၅မှတ် သင့်အသက်ထဲသို့ ပေါင်းထည့်ပေးပြီးပါပြီ။ သင် အမှတ်
၁မှတ်ရတိုင်း သင် နောက်ထပ်တစ်နာရီ အသက်ရှင်နိုင်သည်”
ဆေးရုံအခန်းတွင်း၌ အချိန်အတော်ကြာ ပရမ်းပတာ ဖြစ်နေခဲ့သည်။
အီးစီဂျီမော်နီတာပေါ်၌ နှလုံးခုန်သံဟာ တည်ငြိမ်သွားခဲ့ပြီ။ လုလီရှင်းသည်
သူ့မျက်လုံးများကို ထပ်မံဖွင့်ကြည့်လိုက်ပြန်သည်။
အကြီးအကဲလုဟာ အခန်းတွင်းသို့ ဝင်လာခဲ့သည်။ သူ့မြေးလေး သတိရလာတာကို
တွေ့လိုက်ရတာနဲ့ သူ အရမ်းဝမ်းသာသွားခဲ့သည်။ သူ့မျက်လုံးများ၌ မျက်ရည်များ
ရှိနေသည်။ “မင်း သတိရလာပြီလား… နောက်ဆုံးတော့ မင်း သတိရလာခဲ့ပြီလား”
လွန်ခဲ့သောလအတွင်း အကြီးအကဲလုသည် အလွန်ထိတ်လန့်နေခဲ့ပြီး ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ပါ။
သူ့ဆုတောင်း အလကားမဖြစ်သွားခဲ့ဘူး။ သေခါနီးဖြစ်သော သူ့မြေးဖြစ်သူသည် နောက်ဆုံးတွင်
သတိရလာခဲ့ပြီ။
လုလီရှင်းသည် အခန်းထဲမှလူများကို အပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။ သူက
သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် သူ့မျက်လုံးကို ခဏမှိတ်ပြီးတော့
ပြန်ဖွင့်ကြည့်လိုက်သည်။
“အဖိုး ကျွန်တော် အဖိုးကို စိတ်ပူစေမိခဲ့လို့ တောင်းပန်ပါတယ်” လုလီရှင်းသည်
သတိရလာလာချင်း ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ဟာ အားနည်းနေပြီဂ သူ့အသံဟာလည်း
အက်ကွဲနေသေးပေမယ့် သူ့အကြည့်တွေကတော့ ဓားများကဲ့သို့ စူးရဲနေခဲ့သည်။
သူ့မျက်လုံးတွေက အဝေးတစ်နေရာကိုကြည့်လိုက်မိတော့ သူ့မျက်လုံးများထဲမှ
ပင်ပန်းနွမ်းနယ်နေပြီး အားနည်းနေသည့် အရိပ်အယောင်တွေအားလုံး ပျောက်ကွယ်သွားသည်။
သူက ကျီချင်းချင်းကို တည့်တည့်မတ်မတ်ကြည့်ရှုလိုက်ပြီးတော့ “သူမက ဘယ်သူလဲ”လို့
မေးလိုက်သည်။
အကြီးအကဲလုသည် ကျီချင်းချင်းကို ကုတင်ရှေ့သို့ ဆွဲခေါ်လာခဲ့သည်။ “မင်းအတွက်
စဥ်းစားပြီး ဆုံးဖြတ်ထားတဲ့ ဒီဆုံးဖြတ်ချက်အတွက် ဒီအဖိုးကြီးကို အပြစ်မတင်ပါနဲ့။
အဖိုးက ဒီအမျိုးသမီးကို မင်းဇနီးအဖြစ် ရွေးချယ်ထားတယ်။ သူ့မနာမည်က
ကျီချင်းချင်းလို့ခေါ်တယ်”
လုလီရှင်း၏မျက်လုံးများသည် နက်မှောင်ပြီး နက်ရှိုင်းနေခဲ့သည်။ သူက ဘာမှပြန်မပြောပဲ
သူ့ဇနီးကိုသာ ကြည့်နေသည်။ သူက သူမကို စိစစ်ကြည့်ရှုနေတယ်ဆိုတာ သိသာပါတယ်။
ကျီချင်းချင်းသည် သူမခေါင်းကို ငုံ့ထားလိုက်သည်။ သူမသည်
လုလီရှင်း၏မျက်လုံးများနှင့် အကြည့်ချင်း မဆုံဝံ့ပေ။ သူမက ရှင်းမပြနိုင်လောက်တဲ့
ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားနေရသည်။
ဆရာဝန်က လုလီရှင်းအား ဆက်လက်စစ်ဆေးနေခဲ့သည်။ စုဆောင်းထားသော အချက်အလက်များက
အရည်အချင်းပြည့်ဝသော ဆရာဝန်ကို ခေါင်းစားစေပြီး သူ့မျက်ခုံးတွေက ခဏခဏ
တွန့်ကွေးသွားစေခဲ့သည်။
လုလီရှင်းသည် အထူးကြပ်မတ်ကုသဆောင်တွင် တစ်လကြာ မေ့မြောနေခဲ့သည်။ သူ့ကို
သေဆုံးခြင်းကနေ မကယ်တင်နိုင်တော့ဘူးလို့ထင်ရတဲ့ အချိန်တွေ အများကြီးရှိခဲ့တယ်။
သူ့အင်္ဂါအစိတ်အပိုင်းများဟာ ယိုယွင်းပျက်စီးနေသည့်အခြေအနေသို့ ဦးတည်နေခဲ့သည်။
ခေတ်မီဆေးဝါးတွေ အဆင့်မြင်လာရင်တောင်မှ သူ့အသက်ကို ကယ်တင်နိုင်ဖို့ရာ
မဖြစ်နိုင်ဘူး။
“အကြီးအကဲလု ကျွန်တော်တို့ အပြင်ဖက်မှာဆွေးနွေးကြမယ်ဆိုရင် ဘယ်လိုလဲ”
ခေါင်းဆောင်ဟောင်းလုသည် လုလီရှင်းကိုကြည့်လိုက်ပြီးတော့ ခေါင်းညိမ့်လိုက်သည်။
သူနာပြုတစ်ဦး၏အကူအညီဖြင့် သူသည် ဆရာဝန်နှင့်အတူ အခန်းထဲမှ ထွက်လာခဲ့သည်။
စင်္ကြံအပြင်ဖက်တွင် ဆရာဝန်က အကြီးအကဲလုအား လေးနက်သောအကြည့်ဖြင့်
သေချာရှင်းပြလိုက်သည်။ “လွန်ခဲ့တဲ့တစ်လက မစ်စတာလု ကားမတော်တဆမှုတစ်ခုကြောင့်
ဆေးရုံကို ရောက်လာတဲ့အခါမှာ သူ ဒဏ်ရာအပြင်းအထန်ရလာခဲ့တယ်။ သူ့နှလုံး၊ အဆုတ်နဲ့
ကျောက်ကပ်က အလုပ်မလုပ်တော့ဘူး။ တစ်လကြာကုသမှုပြီးတော့ သူ့ခန္ဓာကိုယ်ထဲက
အဲ့ဒီအင်္ဂါအစိတ်အပိုင်းတွေရဲ့ ခွန်အားကို ကုန်ဆုံးသွားစေခဲ့တယ်။ ဒီနေ့ သူ
သတိရလာတာက… ကျွန်တော် တောင်းပန်ပါတယ် အကြီးအကဲလု ခေတ်မီဆေးဝါးတွေကတော့
မစ်စတာလုရဲ့အသက်ကို မကယ်တင်နိုင်ပါဘူး”
အကြီးအကဲလုသည် သူ့ရဲ့စိတ်ပုတီးကိုသာ စိတ်နေရင်း ဘာစကားတစ်ခွန်းကို
ပြန်မပြောချေ။